16/05/2024
အခုလို ပူပြင်းတဲ့ကာလမှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ မီးဘေးအန္တရာယ်မှာလဲ လူမှုစီးပွားအသိုင်အဝန်းအတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပါတယ်...
မီးဘေးအန္တရာယ်ဟာ ဆိုရင် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့အတွက် စိုးရိမ်နေစရာ မလိုအပ်တော့ပါ...
Fire Alarm System ဆိုတာ မီးလောင်ကျွမ်းခါစတွင် ကြိုတင် အသိပေးနိုင်သည့် စနစ်တစ်ခုဖြစ်ပါတယ်...
အဆောက်အအုံ၊ ဥစ္စာပစ္စည်းနှင့် လူများ ၏ အသက်ကို မီးဘေးမှ ကာကွယ်ရန်အတွက်တပ်ဆင်လေ့ရှိတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်....
Hotel, Bank, Shopping Mall, Airport, Hospital စသည့်နေရာများတွင် Fire Alarm System ကို မဖြစ်မနေ တပ်ဆင်လေ့ ရှိပါတယ်...
Fire Alarm Systemတွေမှာ
Conventional နဲ့ Addressable Fire Alarm System ဆိုပြီး ၂ မျိုးရှိပါတယ်...
၁ # Conventional Fire Alarm System ကတော့ မီးလောင်မှု့ ဖြစ်တဲ့နေရာကို Zone အနေနဲ့ Fire Alarm Panel မှာ မြင်တွေ့ရမှာ ဖြစ်တယ် Zone ၁ခုမှာ detector ၂၀ / ၂၅ လုံးလောက် တပ်ဆင်လို့ရကြပါတယ်
2 zone, 4 zone, 8 zone, 16 zone panel စသည့်အားဖြင့် အမျိုးမျိုး ရှိကြပါတယ်...
Zone အနေနဲ့ ဖော်ပြတာ ဖြစ်တဲ့ အတွက် ဘယ်အခန်း ဘယ်နေရာမှာ ဖြစ်တာဆိုပြီး location တိတိကျကျတော့ သိရမှာ မဟုတ်ပါဘူး...
၂ # Addressable Fire Alarm System ကတော့ device ၁ခုကို address ၁ခုနဲ့ သွားတာဖြစ်တဲ့ အတွက် မီလောင်မှု့ဖြစ်တဲ့နေရာ ဘယ်အခန်း ဘယ်နေရာဖြစ်တယ် ဆိုတာကို location တိတိကျကျ Fire Alarm Panel မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်...
Fire Alarm System တွင် အသုံးပြုရမည့် device များမှာ
1. Smoke / Heat detector
2. Beam detector
3. Gas detector
4 Manual Call Point
5. Alarm Bell / Sounder
6 Fire Alarm Control Panel
7 Backup Battery
8. Fire Alarm Cable စသည်တို့ ပါဝင်ကြပါတယ်
Fire Alarm System ကို Fire Fighting system, PA System, Access Control System တွေနဲ့လဲ ချိတ်ဆက်၍ အသုံးပြုလို့ ရပါတယ်...
ဥပမာ - မီးလောင်မှု ဖြစ်တာနဲ့ Fire Fighting က မီးငြိမ်းသတ်ပေး၊ PA System က အရေးပေါ် ထွက်ပေါက်တွေကို Announcement လုပ်ပေးပြီး Access Control System က Door lock တွေ Auto ပွင့်ပေးခြင်းဖြင့် ချိတ်ဆက် အသုံးပြုလို့ရပါတယ် ...
လူကြီးမင်းတို့ အနေနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ အတွက် Fire Alarm System များ တပ်ဆင်လိုပါက
Ph, 09 403870503
Email : [email protected]
ကို အခုပဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်