Atlantic Myanmar Media
Atlantic Myanmar Media နိုင္ငံနွင့္လူမ်ိဳးကိုသစၥာမေဖာက္မ?
အူရီဒူးမြန်မာမှ သုံးစွဲသူများအတွက် ရွှေ ၁၀ ကျပ်သား ဆုကြီးများ  အပါအဝင် ရွှေဒင်္ဂါးပေါင်းများစွာ ကံထူးနိုင်မည့် “ချွင်ချွင်ချ...
11/11/2022
အူရီဒူးမြန်မာမှ သုံးစွဲသူများအတွက် ရွှေ ၁၀ ကျပ်သား ဆုကြီးများ အပါအဝင် ရွှေဒင်္ဂါးပေါင်းများစွာ ကံထူးနိုင်မည့် “ချွင်ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်စတင်
ရန်ကုန်၊ မြန်မာ။
အူရီဒူးမြန်မာမှ ရွှေဆုကြီးများ ကံထူးနိုင်မည့် “ချွင်ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်အား နိုဝင်ဘာ(၁)ရက်နေ့မှ စတင်လိုက်ရာ အူရီဒူးသုံးစွဲသူများအနေဖြင့် ၉၉၉ကျပ်နှင့်အထက် အူရီဒူး ဒေတာနှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့ခ်ျများ ဝယ်ယူရုံဖြင့် (၁၀) ကျပ်သားအထိ ရွှေဆုကြီးများအား ကံစမ်းရယူနိုင်မည်ဖြစ်သည်။
“ချွင်ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်တစ်လျောက် အထက်ဖော်ပြပါ အူရီဒူးပက်ကေ့ခ်ျ ဝယ်ယူသူများထဲမှ နေ့စဉ် ရွှေဒင်္ဂါးတစ်မတ်သားဆုများ ကံစမ်းပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များအား အပတ်စဉ်ကြေညာသွားမည် ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် ပရိုမိုးရှင်းကာလ ပြီးဆုံးပြီးပါက အထူးဆုကြီး ရွှေ (၁၀) ကျပ်သား (၃) ဆုကို ‌ရွေးချယ်ကြေညာပေးသွားမည်ဖြစ်သည်။
၎င်းပရိုမိုးရှင်းအစီအစဉ်ကို အူရီဒူးသုံးစွဲသူတိုင်း အလွယ်တကူပါဝင်နိုင်ပြီး ရွှေဆုများစွာကို ကံစမ်းနိုင်မည်ဖြစ်သည်။ ၉၉၉ ကျပ်နှင့်အထက် အူရီဒူး ဒေတာနှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့ခ်ျများအား နှစ်သက်ရာနည်းလမ်းနဲ့ ၀ယ်ယူပြီး ကံထူးခွင့်ရရှိနိုင်ပါသည်။ ပက်ကေ့ခ်ျတစ်ခုပိုဝယ်ယူတိုင်း ကံထူးရန်အခွင့်အရေးတစ်ခါပိုရမည်ဖြစ်သည့်အတွက် ပက်ကေ့ခ်ျများများဝယ်လေ နေ့စဉ် ရွှေဒင်္ဂါးဆုများနှင့် အထူးရွှေဆုကြီးများကို ကံထူးနိုင်ရန် အခွင့်အရေးပိုများလေဖြစ်ပါသည်။
‘ချွင်ချွင်ချွင်’နှင့်အတူ ရွှေဆုကြီးများကံထူးဖို့ My Ooredoo SuperApp မှ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ခ်ျများ ရွေးချယ်ဝယ်ယူနိုင်သလို၊ ဒေတာအစီအစဉ်များအတွက် *140 # ကိုလည်းကောင်း၊ ဖုန်းခေါ်ဆိုခွင့် အစီအစဉ်များအတွက် *150 # ကိုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။
အူရီဒူးမှ ကံထူးရှင်များအား တိုက်ရိုက်ဆက်သွယ်ပေးသွားမည်ဖြစ်သလို အူရီဒူးမြန်မာ Website နှင့် page တွင်လည်း ကြေညာမည်ဖြစ်သည်။ အထက်ပါ ကံစမ်းမဲအစီအစဉ်နှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများနှင့် အသေးစိတ်အချက်အလက်များအား https://ooredoo.com.mm/portal/en/chwinchwinchwin တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Asias Excellence Awards ၂၀၂၂ ဆုပေးပွဲတွင် အူရီဒူးမြန်မာမှ ဆု နှစ်ခု လက်ခံရရှိ ရန်ကုန်၊ စက်တင်ဘာ ၁၈      အူရီဒူးမြန်မာသည်...
19/09/2022
Asias Excellence Awards ၂၀၂၂ ဆုပေးပွဲတွင် အူရီဒူးမြန်မာမှ ဆု နှစ်ခု လက်ခံရရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၈
အူရီဒူးမြန်မာသည် Asias Excellence Awards ၂၀၂၂ ဆုပေးပွဲတွင် ဂုဏ်သရေရှိ ဆုနှစ်ဆုဖြစ်သည့် (၁) အကောင်းဆုံး ဝန်ထမ်းများနှင့်ထိတွေ့ဆက်ဆံမှု ( Best Advance in Employee Engagement ) နှင့် (၂) အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်မှု (Women Empowerment) စသည့် အမျိုးအစားများအတွက် ဆုနှစ်ဆုကိုလက်ခံရရှိခဲ့ကြောင်း သိရသည်။
အူရီဒူးမြန်မာက ဝန်ထမ်းများ၏ ကိုယ်ခန္ဓာပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုများကို အထောက်အကူပြုရန် အရေးကြီးသော အစပျိုးမှုများမှာ- COVID-19 ၏ အစောပိုင်းအဆင့်မှစတင်၍ နေအိမ်မှနေ၍ အလုပ်လုပ်စေခြင်း ( Work from Home initiative) ၊ ISOS ဆေးခန်းမှ ဆရာဝန်များနှင့် မည်သည့်အချိန်တွင်မဆို ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား တယ်လီဖုန်းဖြင့်တိုင်ပင်ဆွေးနွေးစေနိုင်ရန် စီစဉ်ပေးထားခြင်း၊ COVID-19 လူနာဝန်ထမ်းများအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာအပြည့်အစုံ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ ယာယီ quarantine စင်တာ ဆောင်ရွက်ပေးခြင်း၊ Oxygen concentrators နှင့် Oxygen cylinders များကို ကူးစက်ခံထားရသော ဝန်ထမ်းများနှင့် မိသားစုဝင်များထံ ငှားရမ်းပေးခြင်း၊ quarantine package (ဆေးဝါးများ၊ အောက်ဆီဂျင်တိုင်း ကိရိယာ၊ အစားအစာများ၊ လက်သန့်ဆေးရည်များနှင့် မျက်နှာဖုံးများပါဝင်သည့်) များ ပံ့ပိုးေပးသည့်အပြင် ဝန်ထမ်းအားလုံးသာမက ၎င်းတို့၏ မိသားစုဝင်များပါ ကုမ္ပဏီ၏ပံ့ပိုးမှုဖြင့် COVID-19 ကာကွယ်ဆေးထိုးထားပြီးဖြစ်သည်။
ထိုအပြင် လုံခြုံရေးဆိုင်ရာပံ့ပိုးမှုများအနေဖြင့် ကုမ္ပဏီသည် လုံခြုံရေးနှင့်ဘေးကင်းရေးဆိုင်ရာ အရေးပေါ်ဖြစ်ရပ်များအတွက် ၂၄ နာရီလုံခြုံရေး hotline ၊ အိမ်သုံးအင်တာနက်ဝန်ဆောင်မှုနှင့် အဖွဲ့အစည်းတစ်ဝှမ်းလုံးတွင် လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုကဲ့သို့သော လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့သည်။
ဆုလက်ခံရရှိခြင်းနှင့်ပတ်သက်၍ အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က Asias Excellence Awards ဆုပေးပွဲမှာ (၁) အကောင်းဆုံး ဝန်ထမ်းများနှင့်ထိတွေ့ဆက်ဆံမှု (Best Advance in Employee Engagement) နှင့် (၂) အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်မှု ( Women Empowerment ) ဆုနှစ်ဆုဖြင့် အသိအမှတ်ပြုခံရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေဟာ အူရီဒူးမြန်မာရဲ့ အဓိကနေရာမှာရှိတာမို့ ကျွန်တော်တို့ဝန်ထမ်းတွေ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ဂရုစိုက်ပြီး ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုကိုဖန်တီးပေးနိုင်ဖို့ ၎င်းတို့၏အသံများကို အမြဲနားထောင်ရန်အဆင်သင့်ရှိနေပါသည်။ အူရီဒူးမြန်မာက ကတိကဝတ်ပြုထားတဲ့ လူတွေရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကိုမြှင့်တင်ပေးဖို့အတွက် ကျွန်တော်တို့ဝန်ထမ်းတွေဟာ အရေးအကြီးဆုံး စွမ်းအားအရင်းအမြစ်များ ဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေနဲ့ အဓိကတန်ဖိုးတွေဖြစ်တဲ့ အလေးထား ဂရုစိုက်ခြင်း၊ ဆက်သွယ်ချိတ်ဆက်ခြင်းနှင့် စိန်ခေါ်မှုများကိုအောင်မြင်အောင် ဆောင်ရွက်ခြင်း စတာတွေနဲ့အညီ နေ့စဉ်လုပ်ဆောင်မှုတွေကနေ သုံးစွဲသူများအားဝန်ဆောင်မှုပေးအပ်ရန်နဲ့ လုပ်ငန်းမိတ်ဖက်များနဲ့ ထိတွေ့ဆက်ဆံမှုအထိ လက်ခံယုံကြည်ကျင့်သုံးလျက်ရှိပါတယ်။ ယခုလို ဆုရရှိတာကလည်း မတူကွဲပြားပြီး အားလုံးပါဝင်နိုင်တဲ့ပတ်ဝန်းကျင်မှာ ပြည့်စုံကောင်းမွန်ေသာ အသက်မွေးဝမ်းကြောင်းအတွေ့အကြုံများကို ရရှိစေဖို့ ဝန်ထမ်းတွေအပေါ် ပံ့ပိုးအားပေးမှုများ ကို အသိအမှတ်ပြုခြင်းခံရတာပါ။ ဟု ပြောသည်။
ထိုအပြင် ဝန်ထမ်းများ၏ ထိတွေ့ဆက်ဆံမှုနှင့် အဖွဲ့အစည်း၏ ကျန်းမာရေးကို အကဲဖြတ်ရန် အူရီဒူးမြန်မာမှ အောက်ပါ ချန်နယ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ Ask Me Anything ချန်နယ်လ် - ဝန်ထမ်းများသည် နယ်ပယ်တစ်ခုစီမှ ကျွမ်းကျင်သူထံမှ သတင်းအချက်အလက်များကို တိုက်ရိုက်မေးမြန်းနိုင်ပြီး အပြန်အလှန် ဆက်သွယ်နိုင်သော ဒစ်ဂျစ်တယ်ချန်နယ်တစ်ခုဖြစ်သည်။ Coffee with CEO and CXO programs -ဝန်ထမ်းများနှင့် အကြီးတန်းစီမံခန့်ခွဲသူများကြား ဆက်သွယ်ရေးလမ်းကြောင်းများ တိုးမြှင့်ရန် အစီအစဉ် ၊ Online Suggestion Box - ဝန်ထမ်းများ၏ အကြံပြုချက်များအား အွန်လိုင်းမှတစ်ဆင့် စီမံခန့်ခွဲမှုအဖွဲ့ထံ ပေးပို့နိုင်ခြင်းနှင့် Team Barometer - အမျိုးမျိုးသော အခြေအနေများတွင် အသင်းအဖွဲ့အလိုက် အခြေအနေကောင်းမွန်မှုကို ပုံမှန်အကဲဖြတ်ရန် အသုံးပြုသည့် တိုတောင်းသော စစ်တမ်းတစ်ခု စသည်တို့ပါဝင်သည်။
အူရီဒူးမြန်မာမှ ပံ့ပိုးပေးနေသည့် Tech Age Girls (TAG) အစီအစဉ်အတွက် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်မှု (Women Empowerment) ကဏ္ဍတွင်လည်း ဆုရရှိခဲ့ပါသည်။ ကျား၊မ နှင့် ဒစ်ဂျစ်တယ်ကွာဟချက်ကို လျော့နည်းစေရန် အူရီဒူးမြန်မာသည် မရှိမဖြစ်လိုအပ်သော ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများ၏ ခေါင်ဆောင်နိုင်မှုအခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပါသည်။ Tech Age Girls (TAG) အစီအစဉ်၏ အဓိကရည်မှန်းချက်မှာ အသက် ၁၆ နှစ်မှ ၂၀ အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် အောင်မြင်ရန်၊ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွင်း စံနမူနာအမျိုးသမီးများဖြစ်လာရန်နှင့် လူမှုအဖွဲ့အစည်းအား ပြန်လည်အကျိုးပြု ကူညီပေးနိုင်ေစရန် ရည်ရွယ်ေကြာင်း သိရသည်။
TAG အစီအစဉ်စတင်ခဲ့စဉ် ၂၀၁၆ ခုနှစ်မှ စတင်၍ အင်တာနက်ချိတ်ဆက်မှုနှင့်အတူ စက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၉ခုနှစ်တွင် TAG အစီအစဉ်၏ အဓိကပံ့ပိုးကူညီသူဖြစ်လာခဲ့သည်။ အူရီဒူးမြန်မာမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် TAG အစီအစဉ်အတွက် ပံ့ပိုးကူညီမှုအား တိုးမြှင့်ခဲ့ပြီး ရွေးချယ်ခံရသူ ဦးရေကို နှစ်ဆတိုးကာ ၂၃၀ကျော်ဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂-၂၀၂၃တွင် ပါဝင်သူ ဦးရေ၂၂၀ကျော်ဖြင့် TAG မြန်မာ အစီအစဉ်ကို ဆက်လက်ပံ့ပိုးကူညီလျက်ရှိပါသည်။
အူရီဒူးမြန်မာမှ ၂၀၂၂ ခုနှစ် International Business Awards တွင် STEVIE ဆုတံဆိပ်များကို  အမျိုးအစားသုံးမျိုးဖြင့် ဆွတ်ခူးရ...
13/09/2022
အူရီဒူးမြန်မာမှ ၂၀၂၂ ခုနှစ် International Business Awards တွင် STEVIE ဆုတံဆိပ်များကို အမျိုးအစားသုံးမျိုးဖြင့် ဆွတ်ခူးရရှိ
ရန်ကုန် ဩဂုတ်လ ၃၀
လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ယူမှုရှိသော ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် အူရီဒူးမြန်မာသည် ၁၉ကြိမ်မြောက် International Business Awards ၂၀၂၂ တွင် သုံးစွဲသူအား စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်း ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အောင်မြင်မှုရလဒ်များနှင့်၊ COVID-19 အား အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ ကဏ္ဍများတွင် STEVIE ကြေးတံဆိပ်ဆုသုံးခုကို ဆွတ်ခူးရရှိပြီး ၎င်း၏ဝန်ထမ်းများ၊ သုံးစွဲသူများ များနှင့် မြန်မာလူမျိုးများ၏လူနေမှုဘဝများ ပိုမိုကောင်းမွန်လာစေရန် ချမှတ်ထားသောကတိကဝတ် များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အသိအမှတ်ပြုခံခဲ့ရေကြာင်း သိရသည်။
My Ooredoo App သည် သုံးစွဲသူအား စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်းဆိုင်ရာ ဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာ၌ ဂုဏ်သိက္ခာရှိသည့် အသိအမှတ်ပြုမှုကို ရရှိခဲ့သလို သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်ဆိုင်ရာလုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေရန် တစ်နေရာထဲတွင်လုပ်ဆောင်ချက်အားလုံး ပါဝင်သည့် ပလက်ဖောင်းအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
ယခုအခါ အဆင့်မြှင့်တင်ထားသော App အား M-ပိုက်ဆံ မိုဘိုင်း wallet နှင့် ပေါင်းစပ်လိုက်သည့်အတွက် သုံးစွဲသူများသည် ဒစ်ဂျစ်တယ် wallet တစ်ခု၏ လုပ်ဆောင်ချက်များအား ပြုလုပ်နိုင်မည်ဖြစ်သည် (ဥပမာ - ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပြုလုပ်ခြင်း)။ သုံးစွဲသူများသည် ၎င်းတို့၏ ဒေတာ၊ SMS နှင့် အသံအစီအစဉ် လက်ကျန်များကို App ၏ အသုံးပြုရလွယ်ပြီး ရိုးရှင်းသောမျက်နှာပြင်တွင် ကြည့်ရှုနိုင်ပြီး အူရီဒူးမြန်မာ၏ဝန်ဆောင်မှုများ (အသံနှင့် ဒေတာပက်ကေ့ခ်ျများ ဝယ်ယူခြင်း၊ ငွေဖြည့်သွင်းခြင်း) စသည်တို့နှင့် ၇၅ခုထက်ပိုသော ဖျော်ဖြေရေးအစီအစဉ်များကိုလည်း App တွင် ရယူခံစားနိုင်မည်ဖြစ်သည်။
အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုမှာ သုံးစွဲသူများအား ဆက်သွယ်ရန်စင်တာကို ဖုန်းခေါ်ဆိုစရာမလိုဘဲ Appပေါ်တွင် ဒစ်ဂျစ်တယ်ဖြင့်သတင်းပို့နိုင်သည့် ၎င်း၏ ဒစ်ဂျစ်တယ် သုံးစွဲသူဝန်ဆောင်မှုကဏ္ဍ ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်သည် ဆက်သွယ်ရေးလုပ်ငန်းစဉ်ကို မြန်ဆန်စွာခြေရာခံရန် ကူညီပေးနိုင်ပြီး အချိန်ကိုသက်သာစေကာ ပိုမိုမြန်ဆန်သောတုံ့ပြန်မှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
အူရီဒူးမြန်မာမှ မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုချီးမြှင့်ခံရသည့်အနေဖြင့် COVID-19 အား အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်မှုဆိုင်ရာ ဆုတံဆိပ်ကို ရရှိပါသည်။ ၂၀၂၀ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ ပထမဆုံး COVID-19 ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာပြီးချိန်မှ ယနေ့အထိ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီမှုအစီအစဉ်အမျိုးမျိုးဖြင့် ကျပ်သိန်းပေါင်းသုံးသောင်းကိုးထောင် ကျော် (၃.၉ ဘီလီယံကျော်) လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် မြန်မာနိုင်ငံ COVID-19 ကပ်ဘေး ဒုတိယလှိုင်းနှင့် တတိယလှိုင်းများအတွင်း ကပ်ရောဂါဘေးမှကင်းလွတ်ပြီး အခြေအနေပြန်လည်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံအား ပံ့ပိုးပေးရန်နှင့် COVID-19 လူနာများ၏အသက်ကို ကယ်ဆယ်ရန်အတွက် အူရီဒူးမြန်မာမှ ကျပ်သိန်းပေါင်း ၄၄၆၀ ကျော်တန်ဖိုးရှိ အဓိကလိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် အသက်ရှူစက်၊ နှလုံးခုန်စက်၊ oxygen concentrators နှင့် oxygen cylinders များကို လှူဒါန်းခဲ့ေကြာင်း သိရသည်။
ထို့အပြင် အူရီဒူးမြန်မာမှ ဝန်ထမ်းများမှလည်း မြန်မာနိုင်ငံ COVID-19 ဒုတိယလှိုင်းနှင့် တတိယလှိုင်းများအတွင်း ၎င်းတို့၏ ကိုယ်ပိုင်လစာများမှ ရန်ပုံငွေများကို နှစ်ကြိမ်စုပေါင်းပြီး စုစုပေါင်း ကျပ်ငွေ သိန်း၆၇၀ ကျော်တန်ဖိုးရှိ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းခဲ့သည်။
အူရီဒူးမြန်မာသည် အခမဲ့အင်တာနက်အစီအစဉ်များနှင့် ဖုန်းဘေလ်များပါဝင်သည့် ဆင်းမ်ကတ်ပေါင်း ၁၄,၀၀၀ ကျော်ကို quarantine center များနှင့် ပရဟိတ လူနာတင်ယာဉ်ကွန်ရက်များသို့ လှူဒါန်းခဲ့ပါသည်။ Covid-19 ပြန့်ပွားမှုများ နိုင်ငံတွင်းမစတင်မီကပင် အများပြည်သူ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အူရီဒူးမြန်မာမှ COVID-19 နောက်ဆုံးရအချက်အလက်များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို ၎င်း၏ ဆိုရှယ်မီဒီယာ ချန်နယ်လ်များမှ ဖြန့်၀ေခြင်း၊ သက်ဆိုင်ရာကျန်းမာရေးဌာနများမှ အခမဲ့ တိုင်ပင်ဆွေးနွေးမှုနှင့် ပြည်သူများသို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ရာတွင် ဆက်သွယ်ရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သလို COVID-19 ကပ်ရောဂါကာလအတွင်း “ပြည်သူမှပြည်သူသို့မျှဝေခြင်း” ပရဟိတအဖွဲ့နှင့်ပူးပေါင်းပြီး အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာထုပ်များကို အိမ်ခြေ ၁၅၀၀ ကျော်အား လှူဒါန်းခြင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကလေးကျောင်းများ စုစုပေါင်း ၃၃ ကျောင်းသို့ ခြေနင်းလက်ဆေးစင် ၉၅ ခု နှင့် လက်ဆေးဆပ်ပြာရည်များလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ေကြာင်း သိရသည်။
unicodeOoredoo Group ၏ ကုန်အမှတ်တံဆိပ်အသွင်သစ်ကို စတင်မိတ်ဆက် ရန်ကုန် သြဂုတ် ၂၂        အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့...
23/08/2022
unicode
Ooredoo Group ၏ ကုန်အမှတ်တံဆိပ်အသွင်သစ်ကို စတင်မိတ်ဆက်
ရန်ကုန် သြဂုတ် ၂၂
အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတစ်ဝှမ်းတွင် လုပ်ငန်းလည်ပတ် နေသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Ooredoo Group သည် Upgrade Your World ဟူသော ၎င်း၏အမှတ်တံဆိပ်နှင့် tagline အသစ္ကို ယခုလအတွင်း စတင်မိတ်ဆက်လိုက်ပါသည်။
ဆန်းသစ်တီထွင်မှု အရှိန်အဟုန်ဖြင့် တိုးတက်နေသော လုပ်ငန်းနယ်ပယ်တစ်ခုတွင် အူရီဒူး၏ အမှတ်တံဆိပ်နေရာချထားမှုပုံစံသစ်သည် ၎၏ ကော်ပိုရိတ် အသွင်ကူးပြောင်းမှုဆိုင်ရာ မဟာဗျူဟာ၏ အဓိကကျသော အနာဂတ်အတွက် တွေးမျှော် စွမ်းဆောင်နိုင်ခြင်း၊ သုံးစွဲသူနှင့် ဝန်ထမ်းဗဟိုပြု အာရုံစိုက်မှု အစရှိသည့် ခံစားမှုကို ဖောျပွထားသလို tagline အသစ်သည်လည်း ကုမ္ပဏီ၏ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် လုံးဝရပ်တန့်နေမှာမဟုတ်ကြောင်း ကတိကဝတ္ကို ရောငျပွနျဟပျစေကာ လူသားမ်ား၏ တိုးတက်မှုကို ဖောျဆောငျပေးမညျဖွဈကွောငျး သိရသည်။
Upgrade Your World သည် သုံးစွဲသူများနှင့်ဝန်ထမ်းများကို ရှေ့သို့ ဆက်လက်ရွေ့လျားစေမည်ဟု ကတိပြုခြင်းဖြစ်ပါသည် - သေးငယ်သော ခြေလှမ်းများဖြင့် ဖြစ်စေ၊ ကြီးမားသော အမြင့်သို့တက်လှမ်းခြင်းများကိုဖြစ်စေ - Ooredoo Group မွ ၎၏ ကမ်ဘာတစ်ဝှမ်းရှိ လုပ်ငန်းလုပ်ဆောင်ရာနေရာတိုင်းရှိ လူတိုင်း၊ လုပ်ငန်းတိုင်း၊ လူမှုအသိုင်းအဝိုင်းများနှင့် နိုင်ငံတိုင်းအတွက် ပံ့ပိုးပေးသော ချိတ်ဆက်မှု၊ ဆန်းသစ်မှုနှင့် ဝန်ဆောင်မှုများနှင့်အတူ ရှေ့သို့ဆက်လက်ရွေ့လျားနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။
ရဲရင့်မှု၊ တက်ကြွမှုတို့နှင့်အတူ ထူးခြားထင်ရှားပြီး အဆင့်မြှင့်ထားသည့် အူရီဒူး၏ အမြင်ပုံစံအသစ်သည် ကုမ္ပဏီ၏ တူညီသော စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုတို့ကို ပေါ်လွင်စေပြီး ၎၏ ရှေ့သို့ တွေးခေါ်နိုင်သော သေဘာထားကို ထင်ဟပ်စေသည်။
အူရီဒူး၏ MD နှင့် Group CEO ဖြစ်သူ Aziz Aluthman Fakhroo က ဒါဟာ အူရီဒူး အတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကဏ္႑သစ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အားလုံး အချိန်အတိုင်းအတာတစ်ခုအထိ စောင့်မျှော်နေခဲ့ရတဲ့ အရာတစ္ခုပါ။ ဝန်ထမ်းတွေနဲ့ သုံးစြဲသူ အတွေ့အကြုံတွေကို မြှင့်တင်ခြင်းမှ ကျွန်တော်တို့၏ အစုရှယ်ယာရှင်များအတွက် တန္ဖိုးကို အကောင်းဆုံးမြှင့်တင်ပေးသည့် ကြှနျုပျတို့လုပျငနျး၏ ကဏ္႑ပေါင်းစုံတွင် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလာမှုဓလေ့ထုံးတမ်းကိုထည့်သွင်းရန် ကြှနျုပျတို့၏ အောင်မြင်သော အသွင်ပြောင်းရေးအစီအစဉ်၏ အဆက်ဖြစ်ပါသည်။ သုံးစြဲသူမ်ား၏ ဒစ္ဂ်စ္တယ္ဘဝမ်ားကို ပိုမိုကောင်းမွန်ပြည့်စုံစေရန် ကြှနျုပျတို့ရဲ့ tagline အသစ် Upgrade Your World သည် ကျွန်တော်တို့လုပ်ဆောင်သမျှ အရာအားလုံး၏အဓိကေနရာမွာ ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ သုံးစြဲသူမ်ားကို ထားရွိလိုတဲ့ မူဝါဒလမ်းစဉ်ကို ဖော်ပြနေပါသည်။ ဒါဟာ သူတို့ကို မည်သည့်နေရာတွင်ပင်ရှိနေပစေ အမြဲတစ်သမတ်တည်း ရှေ့သို့ကြိုလှမ်းနိုင်စေဖို့ ရှေ့ဆက်လျှောက်လှမ်းနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးမည်ဆိုသည့် ကတိစကားတစ်ခုလည်း ဖြစ်ပါတယ်။ ဟုပြောကြားခဲ့သည်။
အူရီဒူး၏ Apps များသည် အလုံးစုံပြည့်စုံကောင်းမွန်သည့် ဒစ်ဂျစ်တယ်မိုဘိုင်း အတွေ့အကြုံကို ပေးအပ်လျက်ရှိနေပြီး အထူးသဖြင့် ဘဏ်အသုံးမပြုသည့် လူမှုအသိုင်းအဝန်းများအတွက် မိုဘိုင်း ပိုက္ဆံ အက်ပ်လီကေးရှင်းများနှင့်အတူ ဝန်ဆောင်မှုအသစ်များစွာကို ပေးအပ်လျက်ရှိသည်။
ထို့ပြင် အမှတ်တံဆိပ်နေရာချထားမှုအသစ်ကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆက်သွယ်ရေး အစီစဉ်တစ်ခုကို စတင်မည်ဖြစ်ပြီး ဈေးကွက်များအနှံ့ တဖြည်းဖြည်း ဖြန့်ကြက်သွားမည်ဖြစ်သည်။
--------------------------------------
zawgyi
ရန်ကုန် သြဂုတ် ၂၂
ဆန်းသစ်တီထွင်မှု အရှိန်အဟုန်ဖြင့် တိုးတက်နေသော လုပ်ငန်းနယ်ပယ်တစ်ခုတွင် အူရီဒူး၏ အမှတ်တံဆိပ်နေရာချထားမှုပုံစံသစ်သည် ၎င်း၏ ကော်ပိုရိတ် အသွင်ကူးပြောင်းမှုဆိုင်ရာ မဟာဗျူဟာ၏ အဓိကကျသော အနာဂတ်အတွက် တွေးမျှော် စွမ်းဆောင်နိုင်ခြင်း၊ သုံးစွဲသူနှင့် ဝန်ထမ်းဗဟိုပြု အာရုံစိုက်မှု အစရှိသည့် ခံစားမှုကို ဖျောပွထားသလို tagline အသစ်သည်လည်း ကုမ္ပဏီ၏ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် လုံးဝရပ်တန့်နေမှာမဟုတ်ကြောင်း ကတိကဝတ်ကို ရောင်ပြန်ဟပ်ေစကာ လူသားမ်ား၏ တိုးတက္မႈကို ဖော်ဆောင်ပေးမည်ဖြစ်ေကြာင်း သိရသည်။
Ooredoo Group ၏ ကုန်အမှတ်တံဆိပ်အသွင်သစ်ကို စတင်မိတ်ဆက် ရန်ကုန် သြဂုတ် ၁၄        အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့...
14/08/2022
Ooredoo Group ၏ ကုန်အမှတ်တံဆိပ်အသွင်သစ်ကို စတင်မိတ်ဆက်
ရန်ကုန် သြဂုတ် ၁၄
အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတစ်ဝှမ်းတွင် လုပ်ငန်းလည်ပတ် နေသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Ooredoo Group သည် “Upgrade Your World” ဟူသော ၎င်း၏အမှတ်တံဆိပ်နှင့် tagline အသစ်ကို ယခုလအတွင်း စတင်မိတ်ဆက်လိုက်ပါသည်။
ဆန်းသစ်တီထွင်မှု အရှိန်အဟုန်ဖြင့် တိုးတက်နေသော လုပ်ငန်းနယ်ပယ်တစ်ခုတွင် အူရီဒူး၏ အမှတ်တံဆိပ်နေရာချထားမှုပုံစံသစ်သည် ၎င်း၏ ကော်ပိုရိတ် အသွင်ကူးပြောင်းမှုဆိုင်ရာ မဟာဗျူဟာ၏ အဓိကကျသော အနာဂတ်အတွက် တွေးမျှော် စွမ်းဆောင်နိုင်ခြင်း၊ သုံးစွဲသူနှင့် ဝန်ထမ်းဗဟိုပြု အာရုံစိုက်မှု အစရှိသည့် ခံစားမှုကို ေဖာ်ပြထားသလို tagline အသစ်သည်လည်း ကုမ္ပဏီ၏ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် လုံးဝရပ်တန့်နေမှာမဟုတ်ကြောင်း ကတိကဝတ်ကို ရောင်ပြန်ဟပ်ေစကာ လူသားများ၏ တိုးတက်မှုကို ဖော်ဆောင်ပေးမည်ဖြစ်ေကြာင်း သိရသည်။
“Upgrade Your World” သည် သုံးစွဲသူများနှင့်ဝန်ထမ်းများကို ရှေ့သို့ ဆက်လက်ရွေ့လျားစေမည်ဟု ကတိပြုခြင်းဖြစ်ပါသည် - သေးငယ်သော ခြေလှမ်းများဖြင့် ဖြစ်စေ၊ ကြီးမားသော အမြင့်သို့တက်လှမ်းခြင်းများကိုဖြစ်စေ - Ooredoo Group မှ ၎င်း၏ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းလုပ်ဆောင်ရာနေရာတိုင်းရှိ လူတိုင်း၊ လုပ်ငန်းတိုင်း၊ လူမှုအသိုင်းအဝိုင်းများနှင့် နိုင်ငံတိုင်းအတွက် ပံ့ပိုးပေးသော ချိတ်ဆက်မှု၊ ဆန်းသစ်မှုနှင့် ဝန်ဆောင်မှုများနှင့်အတူ ရှေ့သို့ဆက်လက်ရွေ့လျားနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။
ရဲရင့်မှု၊ တက်ကြွမှုတို့နှင့်အတူ ထူးခြားထင်ရှားပြီး အဆင့်မြှင့်ထားသည့် အူရီဒူး၏ အမြင်ပုံစံအသစ်သည် ကုမ္ပဏီ၏ တူညီသော စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုတို့ကို ပေါ်လွင်စေပြီး ၎င်း၏ ရှေ့သို့ တွေးခေါ်နိုင်သော သဘောထားကို ထင်ဟပ်စေသည်။
အူရီဒူး၏ MD နှင့် Group CEO ဖြစ်သူ Aziz Aluthman Fakhroo က “ဒါဟာ အူရီဒူး အတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကဏ္ဍသစ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အားလုံး အချိန်အတိုင်းအတာတစ်ခုအထိ စောင့်မျှော်နေခဲ့ရတဲ့ အရာတစ်ခုပါ။ ဝန်ထမ်းတွေနဲ့ သုံးစွဲသူ အတွေ့အကြုံတွေကို မြှင့်တင်ခြင်းမှ ကျွန်တော်တို့၏ အစုရှယ်ယာရှင်များအတွက် တန်ဖိုးကို အကောင်းဆုံးမြှင့်တင်ပေးသည့် ကျွန်ုပ်တို့လုပ်ငန်း၏ ကဏ္ဍပေါင်းစုံတွင် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလာမှုဓလေ့ထုံးတမ်းကိုထည့်သွင်းရန် ကျွန်ုပ်တို့၏ အောင်မြင်သော အသွင်ပြောင်းရေးအစီအစဉ်၏ အဆက်ဖြစ်ပါသည်။ သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်ဘဝများကို ပိုမိုကောင်းမွန်ပြည့်စုံစေရန် ကျွန်ုပ်တို့ရဲ့ tagline အသစ် “Upgrade Your World” သည် ကျွန်တော်တို့လုပ်ဆောင်သမျှ အရာအားလုံး၏အဓိကနေရာမှာ ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ သုံးစွဲသူများကို ထားရှိလိုတဲ့ မူဝါဒလမ်းစဉ်ကို ဖော်ပြနေပါသည်။ ဒါဟာ သူတို့ကို မည်သည့်နေရာတွင်ပင်ရှိနေပစေ အမြဲတစ်သမတ်တည်း ရှေ့သို့ကြိုလှမ်းနိုင်စေဖို့ ရှေ့ဆက်လျှောက်လှမ်းနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးမည်ဆိုသည့် ကတိစကားတစ်ခုလည်း ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။
အူရီဒူး၏ Apps များသည် အလုံးစုံပြည့်စုံကောင်းမွန်သည့် ဒစ်ဂျစ်တယ်မိုဘိုင်း အတွေ့အကြုံကို ပေးအပ်လျက်ရှိနေပြီး အထူးသဖြင့် ဘဏ်အသုံးမပြုသည့် လူမှုအသိုင်းအဝန်းများအတွက် မိုဘိုင်း ပိုက်ဆံ အက်ပ်လီကေးရှင်းများနှင့်အတူ ဝန်ဆောင်မှုအသစ်များစွာကို ပေးအပ်လျက်ရှိသည်။
ထို့ြပင် အမှတ်တံဆိပ်နေရာချထားမှုအသစ်ကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆက်သွယ်ရေး အစီစဉ်တစ်ခုကို စတင်မည်ဖြစ်ပြီး စျေးကွက်များအနှံ့ တဖြည်းဖြည်း ဖြန့်ကြက်သွားမည်ဖြစ်သည်။
၂၀၂၂ MENA Stevie ဆုပေးပွဲ နှင့် ၂၀၂၂ APAC Stevie Awards ဆုပေးပွဲတို့တွင် ‌ရွှေတံဆိပ်ဆုလေးဆု အပါအဝင် ဆုပေါင်း ၁၅ ဆုကို အူ...
15/06/2022
၂၀၂၂ MENA Stevie ဆုပေးပွဲ နှင့် ၂၀၂၂ APAC Stevie Awards ဆုပေးပွဲတို့တွင် ‌ရွှေတံဆိပ်ဆုလေးဆု အပါအဝင် ဆုပေါင်း ၁၅ ဆုကို အူရီဒူးမှ ဆွတ်ခူးခဲ့
ရန်ကုန်၊ မြန်မာ။
နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် အူရီဒူးသည် ၎င်း၏ စျေးကွက်ထိပ်တန်း ထုတ်ကုန်များအား ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်တာများတွင် ဆန်းသစ်တီထွင်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်တွင် လူမှုရေးအရ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာစေရန် ပိုမိုကျယ်ပြန့်စွာ အားစိုက်ဆောင်ရွက်ချက်များကို အသိအမှတ်ပြုခံရသောအားဖြင့် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ ဆုပေးပွဲအခမ်းအနားများတွင် ဂုဏ်ပြုဆု (၁၇) ဆုရရှိခဲ့သည်။
Ooredoo Group ၏ Managing Director နှင့် CEO ဖြစ်သူ Aziz Aluthman Fakhroo က “ဒီထင်ရှားကျော်ြကားလှတဲ့ဆုတွေဟာ အူရီဒူးရဲ့ စျေးကွက်နှင့်ပတ်သတ်ပြီး ဆက်လက်ဖော်ဆောင်နေတဲ့ မဟာဗျူဟာနဲ့ ထုတ်ကုန်ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာများအပြင် ဒေသခံလူမှုအသိုင်းအဝိုင်းတွေကို ပံ့ပိုးပေးခြင်းအားဖြင့် လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကထားလုပ်ဆောင်ချက်တွေကို သက်သေပြသနေပါတယ်။ ကျွန်တော်တို့ရဲ့ အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတစ်ဝှမ်းရှိ သုံးစွဲသူများ (ဝန်ဆောင်မှုအသုံးပြုသူများ နှင့် စီးပွားရေးလုပ်ငန်များ) အတွက် ကျွန်တော်တို့ရဲ့ ကတိအတိုင်း ပိုမိုတိုးတက် ကောင်းမွန်အောင်လုပ်ဆောင်ပြီး ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ် အတွင်း အကောင်းဆုံး အဆင့်မြင့်မိုဘိုင်းဝန်ဆောင်မှုများကို ရေရှည်တည်တံ့စွာ ပေးအပ်နိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောြကားခဲ့ပါသည်။
၂၀၂၂ Asia Pacific Stevie ဆုများ
အူရီဒူးသည် ၂၀၂၂ ခုနှစ်တွင် အာရှပစိဖိတ်ဒေသ Stevie Awards (APAC) တွင် ၎င်း၏ အာရှရှိ ဈေးကွက်များတွင် ကုမ္ပဏီ၏ ဝန်ဆောင်မှုအရည်အသွေးကို အသိအမှတ်ပြုခြင်းခံရသည့်အနေဖြင့် ရွှေတံဆိပ် သုံးဆု၊ ငွေတံဆိပ် နှစ်ဆုနှင့် ကြေးတံဆိပ် သုံးဆု စသည်ဖြင့် သီးခြားဆု ရှစ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
အူရီဒူးမြန်မာသည် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ဆန်းသစ်တီထွင်အောင်မြင်မှု ‘Innovative Achievement in Human Resources’ အတွက် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အူရီဒူးမော်လ်ဒိုက်မှ လုပ်ငန်းပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးတွင် ဆန်းသစ်တီထွင် အောင်မြင်မှု ‘Innovative Achievement in Organization Recovery’ အတွက် လည်းကောင်း၊ Indosat Ooredoo Hutchison မှ နည်းပညာနယ်ပယ်တွင် တီထွင်ဆန်းသစ်နိုင်မှု အကောင်းဆုံးဆု ‘Excellence in Innovation in Technology Industries’ တွင် ရွှေတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။
သုံးစွဲသူထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် တီထွင်ဆန်းသစ်ရာ၌ အထူးကောင်းမွန်ခြင်း ‘Excellence in Innovation in Consumer Product & Service Industries’ အတွက် အူရီဒူး မော်လ်ဒိုက်မှ ငွေတံဆိပ်ဆုကိုရရှိခဲ့ပြီး အူရီဒူးမြန်မာမှလည်း COVID-19 ကပ်ရောဂါကာလအတွင်း ၎င်း၏လုပ်ဆောင်ချက် များကို အသိအမှတ်ပြုခြင်းခံရသည့်အနေဖြင့် တန်ဖိုးအရှိဆုံး ကော်ပိုရိတ်အလိုက် တုံ့ပြန်မှု - COVID-19 တုံ့ပြန်မှု ‘Most Valuable Corporate Response’ အတွက် ငွေတံဆိပ်ဆု ကိုလက်ခံရရှိခဲ့သည်။
သုံးစွဲသူဝန်ဆောင်မှုတွင် နည်းပညာကို ဆန်းသစ်တီထွင် အသုံးပြုခြင်း - ဆက်သွယ်ရေးလုပ်ငန်းများ ‘Award for the Innovative Use of Technology in Customer Service - Telecommunications Industries’ အတွက် အူရီဒူးမြန်မာမှ လည်းကောင်း၊ နည်းပညာလုပ်ငန်းများတွင် ဆန်းသစ်တီထွင်ရာ၌ အထူးကောင်းမွန်ခြင်း ‘Excellence in Innovation in Technology Industries’ အတွက် အူရီဒူးမော်လ်ဒိုက်မှလည်းကောင်း၊ နည်းပညာ စီမံခန့်ခွဲမှု၊ အစီအစဉ် နှင့်အကောင်အထည်ဖော်ရေး တို့အတွက် ဆန်းသစ်တီထွင်ဆောင်ရွက်ခြင်း - ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ် ‘Innovation in Technology Management, Planning & Implementation -Telecommunications Industries’ အတွက် Indosat Ooredoo Hutchison မှ လည်ကောင်း ကြေးတံဆိပ်ဆုများကို ရရှိခဲ့သည်။
၂၀၂၂ခုနှစ် အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိက Stevie ဆုများ
အူရီဒူးသည် အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိက Stevie ဆုပေးပွဲတွင် ဒေသတဝှမ်းလုံးတွင် စီးပွားရေးနှင့်သက်ဆိုင်သော အကောင်းဆုံးအလေ့အကျင့်များ ကျင့်သုံးခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် နှစ်ဆုနှင့် ကြေးတံဆိပ် လေးဆု စုစုပေါင်း သီးခြားဆု ၇ ဆုကို လက်ခံရရှိခဲ့ပါသည်။
အူရီဒူးကာတာ 5G သည် ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင် နည်းပညာ စီမံခန့်ခွဲမှု၊ အစီအစဉ်နှင့် အကောင်အထည်ဖော်ရေးတို့အတွက် ဆန်းသစ်တီထွင်ဆောင်ရွက်ခြင်း ‘Innovation in Technology Management, Planning and Implementation in the Telecommunications Industries’ အတွက် ရွှေတံဆိပ် ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။
Ooredoo Group သည် တန်ဖိုးအရှိဆုံး ကော်ပိုရိတ်အလိုက် တုံ့ပြန်မှု ‘Most Valuable Corporate Response’ အတွက် ငွေတံဆိပ်ရရှိခဲ့ပြီး အူရီဒူးအယ်လ်ဂျီးရီးယားသည် သုံးစွဲသူကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတွင် ဆန်းသစ်တီထွင်ခြင်း ‘Innovation in Consumer Products and Services’ အတွက် ငွေတံဆိပ်ဆုကို ရရှိခဲ့ပါသည်။
Ooredoo Group ၊ အူရီဒူးကာတာ နှင့် အူရီဒူးအယ်လ်ဂျီးရီးယားတို့သည် ၎င်းတို့၏ဈေးကွက်နယ်ပယ်များတွင် တိုးတက်ပြီး ထူးချွန်သော လုပ်ငန်းခွင်အလေ့အကျင့်များကို ပုံဖော်ဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို သက်သေပြသနိုင်ခဲ့၍ စံထားထိုက်သော အကောင်းဆုံး အလုပ်ရှင် ‘Most Exemplary Employer’ ကဏ္ဍတွင် ကြေးတံဆိပ်ဆုကို ရရှိခဲ့ပါသည်။ အူရီဒူးအိုမန်သည် နည်းပညာလုပ်ငန်းနယ်ပယ်၌ ဆန်းသစ်တီထွင်မှုတွင် အထူးကောင်းမွန်ခြင်း ‘Excellence in Innovation in Technology Industries’’ အတွက် ကြေးတံဆိပ်ဆုကို ရရှိခဲ့သည်။
၂၀၂၂ နိုင်ငံတကာ စီးပွားရေး မဂ္ဂဇင်းဆုများ
နိုင်ငံတကာစီးပွားရေးမဂ္ဂဇင်းဆုများမှ အူရီဒူးကာတာကို ' ၂၀၂၂ အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီ ကာတာ ‘Best Telecommunications Company Qatar 2022’ နှင့် ၂၀၂၂ ဆန်းသစ်တီထွင်နိုင်ဆုံး ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်သူ ကာတာ ‘ Most Innovative Digital Communication Service Provider Qatar 2022’ အဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ အဆိုပါဆုများသည် စီးပွားရေးဆောင်ရွက်မှု ကျင့်ထုံး၏ အမြင့်ဆုံးစံချိန်စံညွှန်းများဆီသို့ စဉ်ဆက်မပြတ် အလေးထားဖော်ဆောင်ရာတွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၏ အောင်မြင်ပြီးမြောက်မှုများကို အသိအမှတ်ပြုပါသည်။
ပြည်တွင်းမှ TikTok Creators များဖြင့် ပူးေပါင်း၍ TikTok App အတွင်း ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်ကို ...
09/03/2022
ပြည်တွင်းမှ TikTok Creators များဖြင့် ပူးေပါင်း၍ TikTok App အတွင်း ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်ကို စတင်မိတ်ဆက်
ရန်ကုန် မတ် ၉
လူမှုကွန်ရက်အတွင်း ေရပန်းစားေနသည့် TikTok သည် ဒစ်ဂျစ်တယ်ပိုင်းနှင့် သက်ဆိုင်သည့် ပညာပေးအကြောင်းအရာများကို လှုံ့ဆောင်ပေးပြီး အွန်လိုင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် မြန်မာနိုင်ငံမှ TikTok Creator ၃ ဦး နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ေကြာင်း သိရသည်။
App အတွင်းရှိ ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်သည် သုံးစွဲသူများကို ပိုမိုဘေးကင်းလုံခြုံသည့် အွန်လိုင်းအတွေ့အကြုံများကို ရရှိနိုင်ရန်အတွက် သိရှိရမည့် အရင်းအမြစ်များကို တစ်နေရာတည်းတွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး အဆိုပါ အသိပညာစင်တာကို မြန်မာနိုင်ငံရှိ TikTok Creators များဖြစ်သည့် နော်အေး၊ ဝေဖြိုးအောင် နှင့် T ဇော် တို့နှင့် ပူးပေါင်းကာ သုံးစွဲသူများကို ဒစ်ဂျစ်တယ်ကမ္ဘာ၏ အကျိုးကျေးဇူးများကို ခံစားစေရန်နှင့် အခြားအွန်လိုင်းအသုံးပြုသူများကိုလည်း ကာကွယ်နိုင်ရန်အတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ Features များကို အသုံးချမှု အားသန်စေရန် ကူညီလုပ်ဆောင် သွားမည်ဖြစ်ကြာင်း သိရသည်။
"TikTok ဟာ စစ်မှန်တဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ရဲ့ ဘေးကင်း လုံခြုံရေးဆိုင်ရာ အထောက်အကူအရင်းအမြစ်တွေကို အမြဲ အားဖြည့်လုပ်ဆောင်နေပါတယ်" ဟု TikTok ၏ Public Policy Manager, Myanmar ဖြစ်သူ မကြူကြူသိန်းက ပြောကြားခဲ့သည်။ “အခု မိတ်ဆက်လိုက်တဲ့ ဒစ်ဂျစ်တယ် အသိပညာစင်တာဟာ အမြဲပြောင်းလဲနေတဲ့ Digital Landscape၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် အရေးကြီးတဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်တွေကို Local Community နဲ့ ပိုမိုနီးစပ်သွားစေဖို့ Creators တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
TikTok သည် ဒစ်ဂျစ်တယ်ပိုင်းနှင့် သက်ဆိုင်သည့် ပညာပေးအရင်းအမြစ်များကို နားလည်မှု အားကောင်းလာစေရန် အန္တရာယ်ရှိနိုင်သော အွန်လိုင်းစိန်ခေါ်မှုများကို (Online Challenges) ဆန့်ကျင်သည့် လုပ်ဆောင်ချက်များ၊ Community Guidelines ချိုးဖောက်မှု ရှိနိုင်သည့် Hashtags များကို ချက်ချင်းထုတ်ဖော်အသိပေးနိုင်သည့် နည်းပညာများကို အားဖြည့် လုပ်ဆောင်ထားေကြာင်း၊ ထို့အပြင် TikTok သည် အသက်အရွယ်အလိုက် သင့်လျော်သော အတွေ့အကြုံများ ရရှိနိုင်ရန်နှင့် အသက် ၁၆ နှစ်အောက် အသုံးပြုသူများကို ကန့်သတ်ထားသည့် Privacy-by-design လုပ်ဆောင်ချက်များကိုလည်း တိုးမြှင့် လုပ်ဆောင်ထားေကြာင်း သိရသည်။
မြန်မာနိုင်ငံအတွက် TikTok ၏ လက်ရှိဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိရန်အတွက် ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) ကို ဤနေရာတွင် (https://vt.tiktok.com/ZSeT3eukg/) ဝင်ရောက်လေ့လာနိုင်မည် ြဖစ်သည်။
Address
Yangon
Telephone
+959975551740
Website
Alerts
Be the first to know and let us send you an email when Atlantic Myanmar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share