ကွန်းတန့်ဗေဒ

ကွန်းတန့်ဗေဒ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကွန်းတန့်ဗေဒ, Social Media Agency, Yangon.

၂၀၂၅ ကတော့ နှစ်တစ်ဝက်ကုန်သွားခဲ့ပါပြီဗျာ။ ဒီလအတွက် ကျွန်တော်တို့ရဲ့ hot package ကတော့ page admin တွေအတွက် အထူးစီစဉ်ထားတဲ...
01/07/2025

၂၀၂၅ ကတော့ နှစ်တစ်ဝက်ကုန်သွားခဲ့ပါပြီဗျာ။
ဒီလအတွက် ကျွန်တော်တို့ရဲ့ hot package ကတော့ page admin တွေအတွက် အထူးစီစဉ်ထားတဲ့ သတင်းဆောင်းပါး package လေးတွေပါပဲ😍
ပုံမှန်တင်ဆက်နေကျ video လေးတွေဆိုရင်လည်း ကိုရီးယားအနုပညာသတင်းတွေ၊ ဘောလုံးအားကစားသတင်းတွေကို အချိန်နဲ့တပြေးညီ ဖန်တီးပေးနေသလို ထူးဆန်းထွေလာ၊ သုတရသ video လေးတွေကိုလည်း မရိုးရအောင်ဖန်တီးပေးနေပါတယ်။
ကျွန်တော်တို့ကို ယုံယုံကြည်ကြည်လက်တွဲကြတဲ့ ချန်နယ်ပိုင်ရှင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ အားလုံး view များများတက်ပြီး ဝင်ငွေတိုးပွါးကြပါစေခင်ဗျ 🙏🏻
#ကွန်းတန့်ဗေဒ

ကြားထဲမှာ ကိစ္စလေးတွေပေါ်ပေါက်နေခဲ့လို့ ကျွန်တော်တို့ ပို့စ်တင်တာလေးတွေ ရပ်နားထားခဲ့ပေမဲ့ ဗီဒီယိုဖန်တီးမှုဆားဗစ်လေးတွေကိ...
29/05/2025

ကြားထဲမှာ ကိစ္စလေးတွေပေါ်ပေါက်နေခဲ့လို့ ကျွန်တော်တို့ ပို့စ်တင်တာလေးတွေ ရပ်နားထားခဲ့ပေမဲ့ ဗီဒီယိုဖန်တီးမှုဆားဗစ်လေးတွေကိုတော့ နေ့စဉ်ဝန်ဆောင်မှုပေးနေခဲ့ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ ကွန်းတန့်ဗေဒမှာ လူကြီးမင်းတို့ရဲ့ဗီဒီယိုချန်နယ်အတွက်
- ဘောလုံးအားကစား
- ကိုရီးယား၊ အာရှနဲ့ အနောက်တိုင်းအနုပညာသတင်းများ
- မူဗီရီကပ်များ
- သုတရသနဲ့ ထူးဆန်းထွေလာဗီဒီယိုများကို
ဗီဒီယိုအပြီးအစီးဖြစ်စေ၊ script only/edit only ဖြစ်စေ အင်္ဂလိပ်၊မြန်မာ နှစ်သက်ရာဘာသာစကားနဲ့ ဝန်ဆောင်မှုရယူနိုင်ပါတယ်ခင်ဗျာ။
Page admin လိုအပ်တဲ့လူကြီးမင်းတွေအတွက်လည်း page admin service လေးပါ စီစဉ်ထားတာကြောင့် တစ်နေရာတည်းမှာတင် အချိန်မှန်မြန်ဆန်တဲ့ဗီဒီယိုတွေ၊ ပို့စ်တွေ ဖန်တီးနိုင်ပါတယ်ခင်ဗျာ။

ပြီးခဲ့တဲ့လေးလအတွင်း ကျွန်တော်တို့နဲ့ ယုံယုံကြည်ကြည်လက်တွဲခဲ့ကြတဲ့လူကြီးမင်းတို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
အားလုံး ဝင်ငွေတိုးပွါးပြီး view များများရရှိနိုင်ကြပါစေဗျ 🙏🏻
#ကွန်းတန့်ဗေဒ

နှစ်သစ်မှာလည်း ကွန်းတန့်ဗေဒကတော့ အလုပ်တွေများရင်း ဖြတ်သန်းဖြစ်ခဲ့တယ်ဗျာ။ ဗီဒီယိုချန်နယ် ဖန်တီးချင်ကြတဲ့ creator တွေအတွက်...
03/02/2025

နှစ်သစ်မှာလည်း ကွန်းတန့်ဗေဒကတော့ အလုပ်တွေများရင်း ဖြတ်သန်းဖြစ်ခဲ့တယ်ဗျာ။

ဗီဒီယိုချန်နယ် ဖန်တီးချင်ကြတဲ့ creator တွေအတွက် ကျွန်တော်တို့ဆီမှာ သုတရသ၊ ထူးဆန်းဖွေလာ၊ တရားဓမ္မ၊ အားကစား၊ အနုပညာ၊ ဟင်းချက်၊ မူဗီရီကပ်နဲ့ အခြားသောဗီဒီယိုတွေကို မြန်မာ အင်္ဂလိပ် နှစ်သက်ရာဘာသာစကားနဲ့ ဖန်တီးပေးနေပါတယ်ဗျ။

လအသစ်မှာ ချန်နယ်အသစ်စချင်တယ်ဆိုရင် ကျွန်တော်တို့ကို သတိရလိုက်ပါနော်။ သိချင်တာရှိရင်လည်း chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့နဲ့အတူ လက်တွဲကြတဲ့ ချန်နယ်ပိုင်ရှင်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံး view တွေများများရပြီး ဝင်ငွေတိုးပွါးကြပါစေခင်ဗျ 🙏🏻
#ကွန်းတန့်ဗေဒ

နှစ်သစ်မှာ ချန်နယ်အသစ်တွေစတင်ဖို့ စဉ်းစားနေရင် အခုပဲစလုပ်လိုက်တာ အကောင်းဆုံးပဲဗျာ။ ဒီညီအစ်ကိုတွေကတော့ သုတရသ၊ ဘောလုံးနဲ့ ...
26/12/2024

နှစ်သစ်မှာ ချန်နယ်အသစ်တွေစတင်ဖို့ စဉ်းစားနေရင် အခုပဲစလုပ်လိုက်တာ အကောင်းဆုံးပဲဗျာ။ ဒီညီအစ်ကိုတွေကတော့ သုတရသ၊ ဘောလုံးနဲ့ နိုင်ငံခြားသတင်းတွေ ကြိတ်ကုန်ကြပြီ 💪🏻

ကျွန်တော်တို့ကို ယုံကြည်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သုတရသ၊ ထူးဆန်းထွေလာ၊ အားကစားသတင်း၊ အနုပညာသတင်းနဲ့ ကိုယ့်ရဲ့လုပ်ငန်းမိတ်ဆက်ဗီဒီယိုတွေကို ဖန်တီးချင်ရင် ကျွန်တော်တို့ကို သတိရလိုက်ပါ။
ဆိုရှယ်ပလက်ဖောင်းပေါ်မှာ video creator အဖြစ် ချန်နယ်လေးတွေ run ချင်တယ်ဆိုရင် ကျွန်တော်တို့က တတပ်တအား ပါဝင်ကူညီပေးနေပါတယ်။
အားလုံး view များများတက်ပြီး အောင်မြင်မှုရရှိကြပါစေ 🙏
#ကွန်းတန့်ဗေဒ

ကျွန်တော်တို့ရဲ့နိစ္စဓူဝလေးပေါ့ ✍️ချန်နယ်တိုင်းကို အချိန်မီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကွန်းတန့်တွေကို အချိန်နဲ့တပြေ...
17/12/2024

ကျွန်တော်တို့ရဲ့နိစ္စဓူဝလေးပေါ့ ✍️
ချန်နယ်တိုင်းကို အချိန်မီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကွန်းတန့်တွေကို အချိန်နဲ့တပြေးညီရေးရသလို ဆက်တိုက်ဆိုသလိုအသံသွင်းပြီး ဗီဒီယိုတွေ ဖန်တီးနေပါတယ်။

အသံနဲ့ရုပ် ထွက်လာနိုင်ဖို့ အဓိကက script အရင်ရှိရမှာဖြစ်တဲ့အတွက် writer တစ်ယောက်က time management ကောင်းကောင်းဆွဲနိုင်ဖို့ အရေးကြီးပါတယ်။

ဘယ်အပုဒ်ကို ဦးစား​ပေးရေးမလဲ၊ ဘယ်နှမိနစ်/နာရီ သုံးမလဲ၊ idea မထပ်အောင်၊ ကွာလတီမကျအောင် ဘယ်လိုရေးသားဖန်တီးမလဲဆိုတာ writer တစ်ယောက် စီစဉ်ဆုံးဖြတ်ရမဲ့ အချက်ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ cheat code ကိုပြောရရင်တော့ editor ကိုချိတ်ဆက်ပြီး ဘာအကြောင်းဆိုတာ ကြိုပြောပေးထားလိုက်ပါတယ်။ ဒါဆို ကျွန်တော်ရေးနေတုန်း resource ကြိုရှာထားလို့ရပြီး အချိန်ကုန်သက်သာတာပေါ့ဗျာ။

ကျွန်တော်တို့အခုလိုလုပ်ဆောင်နိုင်တာ teamwork က အရေးအကြီးဆုံးပါပဲ။ ချန်နယ်တစ်ခုအောင်မြင်ဖို့ ချန်နယ်ပိုင်ရှင်၊ writer၊ narrator နဲ့ editor တို့ ဟန်ချက်ညီနေမှ ရှေ့ကိုရောက်တာဆိုတာ မမေ့ကြနဲ့နော်။

ဒီအလုပ်က တစ်ဦးတစ်ယောက်တည်းလုပ်လို့မရနိုင်လို့ ပူးပေါင်းဆောင်ရွက်မှုကအရေးကြီးပါတယ်။ ကျွန်တော်တို့နဲ့လက်တွဲကြတဲ့ ချန်နယ်ပိုင်ရှင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

အားလုံး view များများရပြီး ဝင်ငွေတိုးပွါးကြပါစေ 🙏🏻
#ကွန်းတန့်ဗေဒ

ပြီးခဲ့တဲ့လက ကျွန်တော်တို့ ဖန်တီးပေးခဲ့သမျှပါဗျ။ ကျွန်တော်တို့နဲ့ လက်တွဲကြတဲ့ ချန်နယ်ပိုင်ရှင်တစ်ယောက်ချင်းစီတိုင်းကို က...
09/12/2024

ပြီးခဲ့တဲ့လက ကျွန်တော်တို့ ဖန်တီးပေးခဲ့သမျှပါဗျ။
ကျွန်တော်တို့နဲ့ လက်တွဲကြတဲ့ ချန်နယ်ပိုင်ရှင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
အားလုံး view များများရပြီး ဝင်ငွေတိုးပွါးကြပါစေ 🙏🏻
#ကွန်းတန့်ဗေဒ

ဒီနေ့ ကျွန်တော်တို့ ထိလွယ်ရှလွယ်ခေါင်းစဉ်လေးအကြောင်း ပြောကြပါမယ်။ ချန်နယ်တစ်ခု အောင်မြင်ကာစမှာ ဘာကြောင့် view တွေကျသွားတ...
24/11/2024

ဒီနေ့ ကျွန်တော်တို့ ထိလွယ်ရှလွယ်ခေါင်းစဉ်လေးအကြောင်း ပြောကြပါမယ်။

ချန်နယ်တစ်ခု အောင်မြင်ကာစမှာ ဘာကြောင့် view တွေကျသွားတာလဲဆိုတာ နားလည်ရခက်ပါတယ်။ တော်တော်များများကတော့ ဖေ့စ်ဘုတ်က reach ချတယ်လို့ ဖြေကြမှာပါပဲ။ ဒါလည်း မှန်သင့်သလောက်မှန်ပါတယ်။

ဒီကိစ္စကို ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးဆိုပေမဲ့ ကျွန်တော်တို့ တတ်နိုင်တာလေးတွေတော့ ရှိပါတယ်။ ဒါကတော့ ကွာလတီထိန်းဖို့ပဲဖြစ်ပါတယ်။

ချန်နယ်တစ်ခု run ကြပြီဆိုရင် အားလုံးက အကျိုးအမြတ်ရချင်တဲ့သူတွေချည်းပါပဲ။ အမြဲတမ်းပြောတတ်ကြတာက တစ်ပုဒ်တည်းနဲ့ပေါက်ချင်တာဆိုတဲ့ အကြောင်းအရာမျိုးဖြစ်ပြီး လက်တွေ့မှာတော့ ဒါက စိတ်ကူးယဉ်ဆန်လွန်းပါတယ်။

ချန်နယ်တစ်ခုထောင်တယ်ဆိုတာ တကယ်တော့ branding တစ်ခုတည်ဆောက်ရတာပါ။ ပုံမှန်စီးပွါးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြသလိုမျိုး ကိုယ့်ချန်နယ်ရဲ့ပုံရိပ်ကို ကိုယ်တိုင်တည်ဆောက်ဖို့ လိုပါတယ်။

အခုလက်ရှိအောင်မြင်နေကြတဲ့ချန်နယ်ကြီးတွေကိုကြည့်လိုက်ရင် မီလီယံချီတဲ့ view တွေ အပုဒ်တိုင်းနီးပါးရဖို့ အချိန်ယူပြီးတည်ဆောက်ခဲ့ရပါတယ်။ ချန်နယ်အသစ်တွေကတော့ ဒီလိုဖြစ်ဖို့ တည်ဆောက်နေရတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ မေ့လျော့နေတတ်ကြပါတယ်။

အတော်များများက ငါဒီတစ်ပတ်ဘယ်လောက်ထုတ်လိုက်တယ်ဆိုတဲ့ screenshot တွေတင်လာရင် ကိုယ်လည်း လိုက်ထုတ်ချင်စိတ်တော့ ဖြစ်ကြတဲ့သူချည်းပါပဲ။ ဒါပေမဲ့ သတိထားဖို့လိုတာက ဒီလိုအနေအထားကိုရောက်ဖို့ လူတိုင်း အုတ်မြစ်အဆင့်ကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးက အလုပ်လုပ်ရင် မြတ်ဖို့ပဲစဉ်းစားတတ်ကြပြီး အရင်းစိုက်ထုတ်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ ဗီဒီယိုတစ်ပုဒ်ကို ဖန်တီးကြတာချင်းတူပေမဲ့ စျေးမတူသလို ကွာလတီလည်း မတူကြပါဘူး။

ဗီဒီယိုဖန်တီးတဲ့အလုပ်ဟာ ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုဖြစ်တဲ့အတွက် ပရော်ဖက်ရှင်နယ်ကြေးနဲ့ ပရော်ဖက်ရှင်နယ်ကွာလတီတော့ ရှိဖို့လိုအပ်ပါတယ်။

ချန်နယ်အကြီးတွေက ဝင်ငွေကောင်းတဲ့အတွက် ကွာလတီထိန်းပြီး တင်နိုင်ကြပေမဲ့ ချန်နယ်အသေးတွေကတော့ အောင်မြင်ကာစပြုလာရင် ဝင်ငွေနဲ့ထွက်ငွေချိန်ထိုးပြီး ကွာလတီကို လျှော့ချချင်ကြပါတယ်။ ဝင်ငွေပမာဏက ကိုယ်စိုက်ထားရတဲ့အရင်းလောက် ပြန်မရဘူးလို့ထင်လာပြီး view ကောင်းလာရင် ကွာလတီလျှော့ချဖို့ စဉ်းစားတတ်ကြပါတယ်။

အဓိက view တွေကျသွားရတာ ဒီနေရာမှာပါ။ ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုရင်
နံပါတ် ၁ - အကြောင်းအရာကောင်းရမယ်
နံပါတ် ၂ - အသံဖတ်သူရဲ့အသံ ကောင်းမွန်ရမယ်
နံပါတ် ၃ - စိတ်ဝင်စားစရာတည်းဖြတ်မှုရှိရမယ်
ဒီအချက်တွေက အရေးအကြီးဆုံးပါပဲ။

ကိုယ့်ရဲ့ချန်နယ်မှာ မြင်နေကျ ကြားနေကျ ဗီဒီယိုမဟုတ်တော့ရင်၊ အကြောင်းအရာက ရိုးရှင်းလွန်းသွားရင် audience က ချက်ချင်းသိပါတယ်။ ဒါကြောင့် ဗီဒီယိုဖန်တီးတဲ့အခါမှာ ပရိသတ်ကို အပြည့်အဝပေးနိုင်ဖို့ အရေးကြီးပါတယ်။

တချို့ကျတော့လည်း ဖြတ်လမ်းလိုက်ပြီး မဟုတ်မမှန်ပွဲရှာခြင်းတွေ ဖန်တီးတတ်ပါတယ်။ ဒီနည်းလမ်းက အကြောင်းအရာမှန်ကန်ရင်ကောင်းပေမဲ့ မဟုတ်တဲ့ဂျင်းတွေဆိုရင်တော့ ရှောင်တာပိုကောင်းပါတယ်။ ကိုယ်ရလိုက်တဲ့ view ထက် bad review က branding ကို ထိခိုက်စေနိုင်တယ်ဆိုတာ သတိထားရပါမယ်။

ချန်နယ်တစ်ခုကို လူတိုင်းထောင်နိုင်ပေမဲ့ အောင်မြင်တဲ့ချန်နယ်အဖြစ် ရေရှည်ရပ်တည်ဖို့က မလွယ်ကူပါဘူး။ ချန်နယ်ပိုင်ရှင်တွေသိထားသင့်တဲ့အချက်ကတော့ ဗီဒီယိုချန်နယ်ထောင်တယ်ဆိုတာ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတစ်ခု စတင်နေတာပဲမို့ ကိုယ့်ရဲ့အမှတ်အသားကို ကိုယ်တိုင် တည်ဆောက်ယူဖို့ အရေးကြီးပါတယ်။

အားလုံး view များများရပြီး ဝင်ငွေတိုးပွါးကြပါစေဗျာ 🙏🏻
#ကွန်းတန့်ဗေဒ

ကျွန်တော်တို့ရဲ့ကလိုင်းယန့်တွေ မကြာခဏတောင်းဆိုတတ်တာလေးအတွက် ပက်ကေ့လေး လာပါပြီဗျာ။ ကျွန်တော်/ကျွန်မတို့က ချန်နယ်တော့ထောင်...
23/11/2024

ကျွန်တော်တို့ရဲ့ကလိုင်းယန့်တွေ မကြာခဏတောင်းဆိုတတ်တာလေးအတွက် ပက်ကေ့လေး လာပါပြီဗျာ။
ကျွန်တော်/ကျွန်မတို့က ချန်နယ်တော့ထောင်ချင်တယ်၊ ပို့စ်တင်ဖို့မအားဘူးဆိုတဲ့သူတွေအတွက် အချိန်မီ ပို့စ်တင်ပေးဖို့ page admin ငှါးရမ်းနိုင်ပါပြီ။

ဗီဒီယိုချန်နယ်တွေဆိုတာ သူ့အချိန်လေးနဲ့သူ ပုံမှန်လေးတင်နိုင်မှ audience နဲ့ မပြတ်ထိတွေ့နေတာပါ။ ကျွန်တော်တို့ ကွန်းတန့်ဗေဒရဲ့ Page Admin package မှာတော့ ချန်နယ်ကဗီဒီယိုလေးတွေ အချိန်မှန်မှန် ဆိုရှယ်ပလက်ဖောင်းတိုင်းမှာတက်နေစေဖို့ တာဝန်ယူပေးသွားမှာဖြစ်ပါတယ်။

ဒီအတွက် ပက်ကေ့လေး သုံးမျိုး စီစဉ်ပေးထားပါတယ်။
နော်မယ်ပက်ကေ့ကတော့ ချန်နယ်တစ်ခုအတွက် ဗီဒီယိုသီးသန့် နေ့တိုင်း အချိန်မှန် တင်ပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ ဗီဒီယိုသီးသန့်သွားတဲ့ သုတရသချန်နယ်သမားတွေနဲ့ သင့်လျော်ပါတယ်ဗျ။
စူပါပက်ကေ့မှာ ဗီဒီယိုအပြင် သတင်းအတိုလေးနှစ်ပုဒ်ကိုပါ နေ့စဉ်တင်ပေးသွားမှာပါ။ ဒီပက်ကေ့ကတော့ ကိုရီးယား၊ အနောက်တိုင်း အနုပညာသတင်းချန်နယ်တွေနဲ့ ကိုက်ညီပါတယ်။
အာထရာပက်ကေ့ကတော့ ဗီဒီယို၊ သတင်းအတိုလေးနှစ်ပုဒ်အပြင် ဆောင်းပါးတစ်ပုဒ်ကိုပါ နေ့စဉ်တင်ပေးသွားမှာပါ။ ဒီပက်ကေ့ကတော့ အားကစားသတင်းချန်နယ်လိုမျိုးတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

ပက်ကေ့တွေကို ဆိုရှယ်မီဒီယာတစ်ခုတည်းအတွက်ယူနိုင်သလို ဆိုရှယ်မီဒီယာအားလုံးအတွက်လည်း တစ်ခါတည်းယူလို့ရပါတယ်။ ဗီဒီယိုမပါဘဲ စာချည်းသီးသန့်လည်း ပက်ကေ့ယူနိုင်သေးတယ်ဆိုတော့ အဆင်ပြေပြီးရင်းပြေတယ်ပေါ့ဗျာ။

ပို့စ်မတင်အားလို့ စိတ်မညစ်ရအောင် အခုပဲ Admin ငှါးလိုက်တော့နော်။

(စီးပွါးရေးလုပ်ငန်းတွေအတွက် page ကိုင်ပေးဖို့၊ စာပြန်ဖို့တော့ ပက်ကေ့လေးမရှိသေးပါဘူးခင်ဗျာ။)
#ကွန်းတန့်ဗေဒ

သုတရသချန်နယ်ရဲ့ တစ်ပတ်ရလဒ် ဒီဇိုင်းကာလာဘာညာအနေအထားကတော့ ရှယ်ဖြစ်နေပြီဗျာ 🤩ဒီချန်နယ်ဆိုရင် ထူးခြားချက်က ည ၁၂ နာရီလောက်တင်...
15/11/2024

သုတရသချန်နယ်ရဲ့ တစ်ပတ်ရလဒ် ဒီဇိုင်းကာလာဘာညာအနေအထားကတော့ ရှယ်ဖြစ်နေပြီဗျာ 🤩
ဒီချန်နယ်ဆိုရင် ထူးခြားချက်က ည ၁၂ နာရီလောက်တင်တာ။ ဒါတောင် မနက်ရောက်ရင် view တက်ပြီးသားပဲ။ မိုက်တယ်ဗျာ။
ဒီလိုမျိုး ချန်နယ်လေးတွေ ဖန်တီးချင်တယ်ဆိုရင် ကျွန်တော်တို့ကွန်းတန့်ဗေဒကို သတိရလိုက်ပါဗျ။
အားလုံး view များများရပြီး ဝင်ငွေတိုးပွါးကြပါစေ 🙏🏻
#ကွန်းတန့်ဗေဒ

ပို့စ်ကို ဘယ်လိုတင်ကြမလဲဆိုတာ ချန်နယ်ပိုင်ရှင်တွေရဲ့ အမေးအများဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို အလုပ်လာအပ်က...
12/11/2024

ပို့စ်ကို ဘယ်လိုတင်ကြမလဲဆိုတာ ချန်နယ်ပိုင်ရှင်တွေရဲ့ အမေးအများဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ဆီကို အလုပ်လာအပ်ကြတဲ့ ကလိုင်းယန့်တွေမှာ နှစ်မျိုးရှိပါတယ်။ တချို့က viewer အခိုင်အမာရထားပြီးသားချန်နယ်တွေဖြစ်ပြီး အတော်များများကတော့ ချန်နယ်အသစ်လေးတွေပါ။

Viewer ရပြီးသားချန်နယ်တွေက ကိုယ်အဆင်ပြေတဲ့ပုံစံအတိုင်း ဆက်တင်သွားရုံပါပဲ။ audience နဲ့ထိတွေ့နေစေဖို့ နေ့တိုင်းလေးတင်သွားရင်ရပါပြီ။

တကယ်လို့ လူကိုယ်တိုင်ပါဝင်ထားတဲ့ knowledge sharing video တွေမျိုးဆိုရင် တစ်ပတ်တစ်ခါ နှစ်ခါလောက်ပဲ ဗီဒီယိုထွက်ကြတယ်။ သူတို့က audience ရှိပြီးသားဆိုတော့ ပြဿနာမရှိဘူး။

အသစ်လေးတွေက viewer စုတဲ့အချိန်ဆိုတော့ ပို့စ်တင်တာက အရေးကြီးပါတယ်။ ဒီတော့ ဗီဒီယိုကို ဘယ်လိုတင်ကြမလဲ။ ကျွန်တော် tip လေးတွေ ပြောပြပေးပါမယ်။

ဗီဒီယိုတစ်ပုဒ်ကို ကြည့်လိုက်ရင် အရင်ဆုံးမြင်မိတာကတော့ thumbnail နဲ့ caption ပါ။ Thumbnail မှာ ဗီဒီယိုထဲက အကြောင်းအရာကို ထင်ဟပ်နေပြီး လူလည်းစိတ်ဝင်စားမဲ့ ရုပ်ပုံ၊ စာလုံးတွေ ပါဝင်သင့်ပါတယ်။

ပြီးရင် video title လည်းပါမယ်ပေါ့။ ဒီနေရာမှာ title ပေးတာ အရေးကြီးပါတယ်။ လူစိတ်ဝင်စားလောက်မဲ့ title မျိုး ပေးတာ ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ video ထဲမှာပါတဲ့အကြောင်းအရာကို တိုက်ရိုက်ကြီးဖော်ပြတာထက် စကားလုံးလှည့်ထားတာ၊ မြှုပ်ကွက်ထည့်ပေးထားတာမျိုး ပေးတာ အကောင်းဆုံးပါပဲ။ ဒါမှ ကြည့်ရှုသူတွေက ဗီဒီယိုကို ဆက်ပြီးကြည့်ချင်မှာပါ။

နောက်တစ်ချက်က caption မှာကိုယ့်ရဲ့ title ကို သဲလွန်စနည်းနည်းချပြီး ကြည့်ရှုသူတွေ စိတ်ဝင်စားအောင် ဆွဲဆောင်ပေးရပါတယ်။ ဒါမှ နယူးဖိမှာ ကိုယ့်ဗီဒီယိုလေးပေါ်လာရင် ကြည့်ချင်သွားကြမှာပါ။

ဗီဒီယိုကိုဝင်ကြည့်ပြီး ကွန်းမန့်တွေရလာတဲ့အခါမှာလည်း တချို့က စိတ်ပူတတ်ကြပါတယ်။ သိကြတဲ့အတိုင်း သုတရသနဲ့သတင်းချန်နယ်တွေရဲ့အောက်မှာဆိုရင် အမြင်ကွဲပြားတဲ့အတွက် အငြင်းအခုန်စကားတွေတော့ ရှိတတ်ကြတာပါပဲ။

ဒီအတွက် ကောင်းတဲ့အချက်ဆိုရင် မန့်တာများလေ engagement တက်လေမို့ reach လည်းအများကြီးရောက်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ရိုင်းတဲ့စကားတွေပါဝင်လာရင် တစ်တော့လိုမျိုးနေရာမှာဆို warning ပေးနိုင်တဲ့အတွက် ကိုယ်မကြိုက်ရင် မန့်ပိတ်ထားလို့ရပါသေးတယ်။

ဒီတော့ မန့်တွေဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ကိုယ်တိုင်ကိုင်တွယ်နိုင်သလို အကျိုးလည်းရှိတဲ့အတွက် ကွန်းမန့်များများရစေနိုင်မဲ့ကွန်းတန့်တွေဖန်တီးတာ အကောင်းဆုံးပါပဲ။ ပြီးတော့ audience အကြိုက်ကိုလည်း မန့်တွေကနေ လေ့လာလို့ရပါသေးတယ်။

တချို့က video တင်ရင် အချိန်နဲ့တင်ရမယ်လို့ပြောတတ်ကြတယ်။ ဒါက တကယ်တော့ မှန်သင့်သလောက်ပဲမှန်တာလို့ပြောနိုင်ပါတယ်။ ဥပမာ အတော်များများက ည ၇ နာရီကို ဗီဒီယိုတင်သင့်တယ်လို့ သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်က လိုင်းသုံးများလို့ပါ။

ဒါပေမဲ့ ကျွန်တော်တို့က ကျွန်တော်တို့ချန်နယ်ရဲ့ audience ကို ကြည့်ပြီး ဒီအသက်အရွယ်အပိုင်းအခြားတွေ လိုင်းသုံးတဲ့အချိန်မျိုးကို ရွေးချယ်ပြီးတင်တာ ပိုပြီး ထိရောက်ပါတယ်။ ဒါက ချန်နယ်တစ်ခုနဲ့တစ်ခု တူမှာမဟုတ်တာကြောင့် ကိုယ်ပိုင်အချိန်လေးသတ်မှတ်ပြီး တင်တာတော့ အဆင်အပြေဆုံးပါပဲ။ ကိုယ်မအားရင်လည်း schedule post လေးတွေ စီစဉ်ထားလို့ရပါသေးတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဘယ်နှပုဒ်တင်ရမလဲဆိုတဲ့မေးခွန်းပါ။ တကယ်ကတော့ တင်လေကောင်းလေပါပဲ။ video content တွေရဲ့အားသာချက်က အကြောင်းအရာမတူတဲ့အတွက် ပရိသတ်ကို မငြီးငွေ့စေပါဘူး။ ဒီတော့ ကျွန်တော်တို့ တင်ရင် တင်သလောက် ပြန်ရပါတယ်။

ချန်နယ်ထောင်တယ်ဆိုတာကလည်း စီးပွါးရေးပဲမို့ ရင်းနှီးမြှုပ်နှံဖို့တော့ လိုအပ်ပါတယ်။ တစ်နေ့တစ်ပုဒ်ပဲတင်တဲ့ချန်နယ်နဲ့ တစ်နေ့သုံးပုဒ်တင်တဲ့ချန်နယ် ရလဒ်ကတော့ ကွာခြားတာပါပဲ။

ရောမကို တစ်ရက်တည်းတည်ဆောက်လို့မရသလို ချန်နယ်တစ်ခုကလည်း ဗီဒီယိုတစ်ပုဒ်တည်းနဲ့ မပေါက်နိုင်ပါဘူး။

ဒီအလုပ်က ရေရှည်တာဝေးပြေးရတဲ့အတွက် ချက်ချင်းအောင်မြင်ချင်လို့မရနိုင်သလို ပေါက်ပြီဆိုရင်လည်း မတင်ဘဲပစ်ထားလိုက်လို့ မရနိုင်ပါဘူး။ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုလုံးပေါင်းဆုံပြီး ဖြည်းဖြည်းမှန်မှန်ချီတက်မှ အခြေခိုင်တဲ့ချန်နယ်တစ်ခု ဖြစ်လာနိုင်မှာပါ။

အားလုံး view များများရပြီး ဝင်ငွေတိုးပွါးကြပါစေ။
#ကွန်းတန့်ဗေဒ

နည်းပညာပိုင်း၊ စားစရာထုတ်လုပ်ရေးပိုင်း၊ အားကစားပိုင်းလေး လုပ်ပါဦးဆိုတဲ့ ဘရိုတွေအတွက် view ရှယ်တက်တဲ့ content တွေ ဖန်တီးပ...
11/11/2024

နည်းပညာပိုင်း၊ စားစရာထုတ်လုပ်ရေးပိုင်း၊ အားကစားပိုင်းလေး လုပ်ပါဦးဆိုတဲ့ ဘရိုတွေအတွက် view ရှယ်တက်တဲ့ content တွေ ဖန်တီးပေးနေပြီဗျာ 💪🏻

ကျွန်တော်တို့ကို ယုံကြည်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သုတရသ၊ ထူးဆန်းထွေလာ၊ အားကစားသတင်း၊ အနုပညာသတင်းနဲ့ ကိုယ့်ရဲ့လုပ်ငန်းမိတ်ဆက်ဗီဒီယိုတွေကို ဖန်တီးချင်ရင် ကျွန်တော်တို့ကို သတိရလိုက်ပါ။
ဆိုရှယ်ပလက်ဖောင်းပေါ်မှာ video creator အဖြစ် ချန်နယ်လေးတွေ run ချင်တယ်ဆိုရင် ကျွန်တော်တို့က တတပ်တအား ပါဝင်ကူညီပေးနေပါတယ်။
အားလုံး view များများတက်ပြီး အောင်မြင်မှုရရှိကြပါစေ 🙏
#ကွန်းတန့်ဗေဒ

သုတရသ၊ ထူးဆန်းထွေလာမှဆိုတဲ့ bro တွေ အပြိုင်ကြမ်းကုန်ကြပြီဗျာ။ အဆင်ပြေကြတာတွေ့ရတာ ထပ်တူဝမ်းသာရပါတယ် ဘရိုတို့ရေ။ လက်တွဲတဲ့...
09/11/2024

သုတရသ၊ ထူးဆန်းထွေလာမှဆိုတဲ့ bro တွေ အပြိုင်ကြမ်းကုန်ကြပြီဗျာ။
အဆင်ပြေကြတာတွေ့ရတာ ထပ်တူဝမ်းသာရပါတယ် ဘရိုတို့ရေ။
လက်တွဲတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။
အားလုံး view များများရပြီး ဝင်ငွေတိုးပွါးနိုင်ကြပါစေ 🙏🏻
#ကွန်းတန့်ဗေဒ

Address

Yangon

Telephone

+979771008803

Website

Alerts

Be the first to know and let us send you an email when ကွန်းတန့်ဗေဒ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကွန်းတန့်ဗေဒ:

Share