Juu - The Jeweler

Juu - The Jeweler ဂျူး - ကျောက်မျက်တို့၏ အလင်းသက်သက်မဟုတ်၊ မြန်မာ့မြေ၏ အနှစ်သာရကို ချစ်မြတ်နိုးသော စိတ်ဝိညာဉ်

မြန်မာကျပ်ငွေ သိန်းပေါင်း ၂ သိန်းခွဲခန့်နဲ့ လေလံတင်အရောင်းထွက်သွားတဲ့ မိုးကုတ်ပတ္တမြား 💍 မြန်မာနိုင်ငံရဲ့တွင်းထွက်ရတနာတွ...
04/05/2025

မြန်မာကျပ်ငွေ သိန်းပေါင်း ၂ သိန်းခွဲခန့်နဲ့ လေလံတင်အရောင်းထွက်သွားတဲ့ မိုးကုတ်ပတ္တမြား 💍

မြန်မာနိုင်ငံရဲ့တွင်းထွက်ရတနာတွေကတော့ အချိန်နဲ့အမျှတန်ဖိုးမြင့်နေတုန်းပါပဲ။ ပတ္တမြားဆို နိုင်ငံတကာဈေးကွက်မှာမျက်နှာငယ်ရတယ်ကိုမရှိဘူး။ ကမ္ဘာ့ နံပါတ်တစ်တောင်အမြဲဖြစ်နေသေးတယ်။

ဟောင်ကောင်မှာပြုလုပ်သွားတဲ့
Christie’s Auction House လေလံပွဲမှာဆို
၈ကလပ်ကျော်ရှိတဲ့ မိုးကုတ်သဘာဝ မြန်မာ့ပတ္တမြားကို ဟောင်ကောင်ဒေါ်လာ သိန်း ၅၀၀ နီးပါး (မြန်မာကျပ် သိန်းပေါင်း၂သိန်းခွဲ ) နဲ့ လေလံတင်ဝယ်ယူသွားတာ။ ပတ္တမြားရဲ့အရည်အသွေးကလည်း ခိုသွေးရောင်တဖိတ်ဖိတ်နဲ့ စိန်ဝန်းရံထားတဲ့အလယ်မှာ ထင်းနေအောင်ကိုလှနေတာ။ ခတ်ထားတဲ့လက်စွပ်ဒီဇိုင်းလေးကလည်း ပန်းကြွပုံလေးလို ထည်နေတာပဲ။

Christie’s Auction House ဟောင်ကောင်လေလံပွဲမှာရောင်းထွက်သွားတဲ့ ‘’Superb Ruby’’ အမည်ရ ပတ္တမြားလက်စွပ်ကို ဂုဏ်ယူဖွယ်ဖြစ်အောင် ဖော်ပြပေးလိုက်ရပါတယ် 🫶🏻

#ပတ္တမြား #လေလံ #တွင်းထွက်

အာရှရဲ့အချမ်းသာဆုံး အိန္ဒိယ သူဌေးလောင်းသတို့သားဝတ်တဲ့ ဒေါ်လာသန်းချီ ရင်ထိုး💰အာရှရဲ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး Muke...
03/05/2025

အာရှရဲ့အချမ်းသာဆုံး အိန္ဒိယ သူဌေးလောင်းသတို့သားဝတ်တဲ့ ဒေါ်လာသန်းချီ ရင်ထိုး💰

အာရှရဲ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး Mukesh Ambani ရဲ့ အသက် ၂၉ နှစ်အရွယ် အငယ်ဆုံးသား Anant Ambani ရဲ့ မင်္ဂလာပွဲဟာ အာရှတစ်ခွင်မှာတော့ အခုချိန်ထိ ဟိုးလေးတစ်ကျော်ဖြစ်နေဆဲပါပဲ။

သူရဲ့ မင်္ဂလာပွဲတွေမှာဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေထဲမှာ အထူးခြားဆုံးကတော့ရင်ထိုးတွေပါပဲ။ သူဟာ တိရိစ္ဆာန်ချစ်တတ်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဝတ်ဆင်ထားတဲ့ ရင်ထိုးအားလုံးကိုလည်း တိရိစ္ဆာန်အကောင်ပုံလေးတွေနဲ့ ရုပ်လုံးကြွအောင် ပုံဖော်ဝတ်ဆင်တတ်ပါတယ်။ သူဝတ်သမျှရင်ထိုး အားလုံးဟာ အရည်အသွေးအပြည့် စိန်၊ ပတ္တမြား၊ နီလာ၊ ရွှေတွင်းဝါ စတဲ့ ရတနာတွေကို ကိုယ်ပိုင် ဒီဇိုင်နာ နဲ့ ပုံဖော် ဖန်တီးထားတာဖြစ်ပါတယ်။

ရင်ထိုးတွေထဲကမှ July , 5 ရက်နေ့က Sangeet Ceremony မှာဝတ်ဆင်ထားတဲ့ ကျားပုံ ရင်ထိုးဟာဆိုရင် ဒေါ်လာ 1.9 သန်း တန်ဖိုးရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ကျားပုံကိုတော့ အဖြူ၊အဝါ စိန် တွေနဲ့ပုံဖော်ထားပြီး ကျားခြေ အောက်က ပတ္တမြားအလုံးကြီးကတော့ တန်ဖိုးအတော်ကြီးတဲ့ ရတနာလုံးကြီးဖြစ်ပါတယ်။ ဒီရင်ထိုးက အခြား ပွဲတက်ရင်ထိုးတွေထက် ထူးခြားတဲ့အချက်ကတော့ ပတ္တမြားလုံးကြီးကြောင့်ပါပဲ။ 🔺

ရွှေအစစ်နဲ့ချည်ထိုးထားတဲ့ အိန္ဒိယရိုးရာဝတ်စုံ အပြာရောင် အပေါ်မှာ ပတ္တမြားလုံးဟာ ထင်းနေရောင်ကို တဖိတ်ဖိတ်တောက်နေတာပါ။ ဒီကျားရင်ထိုးနဲ့ တွဲဖက်ဝတ်ထားတဲ့ ရိုးရာဝတ်စုံကလည်း အိန္ဒိယရဲ့ နာမည်ကြီး ဒီဇိုင်နာတွေဖြစ်တဲ့ Abujani နဲ့ Sandeep Khosla တို့ရဲ့ လက်ရာတွေဖြစ်ပါတယ်။ အပြာရောင် ရိုးရာဝတ်စုံအပေါ်က အနုစိတ်ပုံဖော်ထားတဲ့ ကနုတ်လက်ရာ ချည်ထိုးတွေက ရွှေအစစ်ဖြစ်ပြီးတော့ ကျားရင်ထိုးကလည်း ရွှေအင်္ကျီနဲ့အပြိုင် ဝင်းလက်တောက်ပနေတာပါ။

ဘယ်လိုကုသိုလ်ထူးတွေကြောင့် ဒီလောက်
ချမ်းသာကြွယ်ဝနေလည်း မသိနိုင်ပေမဲ့ ဒီလို သန်းချီတန်တဲ့ ရင်ထိုးမျိုးကတော့ Ambani ဆီမှာ လက်ချိုးမရေနိုင်အောင်ရှိမှာအသေအချာပါပဲ။

လူတိုင်းအားကျငေးမောရတဲ့ Anant Ambani နဲ့ Radhika Merchant တို့ရဲ့ မင်္ဂလာပွဲကတော့ အိန္ဒိယတစ်ခွင်တင်မကပဲ ကမ္ဘာ့တစ်လွှားကျော်ကြားနေဆဲပါပဲ။

ကမ္ဘာပေါ်မှ အထင်ရှားဆုံး နီလာများ 💙✨(1) Napoléon’s Engagement Ring for Joséphine ကမ္ဘာမှာထင်ရှားကျော်ကြားသော စစ်သူကြီး N...
02/05/2025

ကမ္ဘာပေါ်မှ အထင်ရှားဆုံး နီလာများ 💙✨

(1) Napoléon’s Engagement Ring for Joséphine
ကမ္ဘာမှာထင်ရှားကျော်ကြားသော စစ်သူကြီး Napoléon မှ ချစ်သူ Joséphine အတွက် ချစ်သက်လက်ဆောင်ပေးခဲ့တဲ့ နီလာလက်စွပ်ဟာလည်း သမိုင်း၀င် နီလာရတနာတစ်မျိုးဖြစ်ပါတယ်။ Teardrop-shaped sapphire ကို စိန်ပွင့်များနှင့်ဖန်တီးထားတဲ့ လက်စွပ်ဖြင့် နှစ်ကိုယ်တူ တစ်ဘ၀တည်ထောင်မယ်လို့ရည်ရွယ်ခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ မပေါင်းဖက်လိုက်ရပါဘူး။ ထိုနီလာလက်စွပ်ဟာ 2013 မှာကျင်းပခဲ့တဲ့ ပြင်သစ်လေလံပွဲတစ်ခုမှာ $1.17 million ဖြင့်လေလံအောင်သွားခဲ့ပါတယ်။

(2) Blue Giant of the Orient
ကမ္ဘာပေါ်မှာ အကြီးဆုံးအဖြစ်သတ်မှတ်ခြင်းခံရတဲ့ နီလာကတော့ 486 Carats အလေးချိန်ရှိပြီး 2 လက်မခွဲခန့် အရွယ်ရှိပါတယ်။ 1907 ခုနှစ်တွင် Sri Lanka နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး American Collector တစ်ယောက်မှ ထိုနီလာလက်စွပ်ကို ၀ယ်ယူသွားခဲ့ကာ အဲ့အချိန်တည်းက လူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့ပါတယ်။ ရာစုနှစ်တစ်ခုလောက်ကြာပြီးမှ 2004 ခုနှစ်တွင် Christie’s Magnificent Jewels auction မှာ ကမ္ဘာအကြီးဆုံး နီလာအဖြစ် လေလံအောင်သွားပြီး ထပ်မံပျောက်ကွယ်သွားပြန်ပါတယ်။

(3) Stuart Sapphire
တော်၀င်ဘုရင်တို့ရဲ့ Crown Jewels တို့အထဲမှ Stuart Sapphire ကလည်း ထင်ရှားသော Jewelry အဖြစ်ပါ၀င်ပါတယ်။ မူလက Charles II of England မှ ပိုင်ဆိုင်တယ်လို့ဆိုကြပြီး Europe ဘက်ကို James VII မှတစ်ဆင့် ရောက်ရှိလာတယ်လို့ ခန့်မှန်းကြပါတယ်။ 1807 မှာ King George III မှ ၀ယ်ယူခဲ့ပြီး ယနေ့ထိ Royal Collection အဖြစ်ထိန်းသိမ်းထားပါတယ်။

(4) The Blue Belle of Asia
$17 million ဖြင့် 2014 တုန်းက Christie’s auction တွင် လေလံအောင်ခဲ့သော နီလာကတော့ ကမ္ဘာ့သမိုင်းမှာ Public Auction တွင် ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ နီလာဖြစ်ပါတယ်။ Blue Belle လို့အမည်ပေးထားပြီး နှစ်ပေါင်းရာကျော်အတွင်း ပိုင်ဆိုင်သူများမှာလည်း အဆင့်ဆင့်ပါဘဲ။ မူလအစအနေနဲ့ 1937 မှာ Queen Elizabeth II အတွက် လက်ဆောင်ပေးဖို့အတွက် ၀ယ်ယူခဲ့တယ်ဆိုပေမယ့် Queen ရဲ့ ပိုင်ဆိုင်မှုထဲမှာတော့မပါ၀င်ခဲ့ပါဘူး။

(5) Kate Middleton’s Engagement Ring
Princess Diana ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ Duchess of Cambridge’s stylish engagement ring ဟာလည်း အများစုသိကြတဲ့ ထင်ရှားသော နီလာ Jewelry တစ်ခုပါဘဲ။ Princess Diana သေဆုံးသွားပြီးနောက် မင်းသားနှစ်ယောက်ဟာ မိခင်ကျန်ရစ်ခဲ့တဲ့ Personal Collection ထဲမှ အမှတ်တရအဖြစ် တစ်ယောက်တစ်ခုစီသိမ်းထားခဲ့ကြပါတယ်။ Rumour အရ အစမှာ Prince Harry sapphire engagement ring ကိုပိုင်ဆိုင်ခဲ့တာဖြစ်ပြီး William မှ Cartier Gold Watch ကိုရွေးချယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Prince William မှ Kate နဲ့လက်ဆက်မယ့်အခါမှာ ညီအကိုနှစ်ယောက် ပြန်လဲလိုက်တာလို့ ဆိုကြပါတယ်။ ယခုအခါမှာတော့ Princess Kate Middleton ရဲ့ Engagement Ring အဖြစ်သိကြပါတယ်။

နီလာ ကျောက်မျက်ဟာ တော်၀င်ရတနာတစ်ပါးအဖြစ် ခေတ်အဆက်ဆက်မှ တန်ဖိုးထား၀တ်ဆင်ခဲ့ကြတယ်ဆိုတာ ကမ္ဘာသမိုင်းတွင်ထင်ရှားခဲ့သော နီလာများက သက်သေပါဘဲ။ 💙


အရည်အသွေးမြင့် မြန်မာ့ပတ္တမြားနားကပ်လေး✨Juu - The Jeweler ရဲ့ ဖန်တီးမှုလေးတစ်ခုကို ဝေမျှခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ အရည...
02/05/2025

အရည်အသွေးမြင့် မြန်မာ့ပတ္တမြားနားကပ်လေး✨

Juu - The Jeweler ရဲ့ ဖန်တီးမှုလေးတစ်ခုကို ဝေမျှခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ အရည်အလွန်ကြည်လင်ပြီး အရောင်အသွေး တောက်ပတဲ့ ၂ ကိုက် ပတ္တမြားလေးတွေကို ကိုယ်တိုင်ရွေးချယ်ပြီး Customer အတွက်အကောင်းဆုံးဖြစ်အောင် စီမံဖန်တီးထားပါတယ်။✨

ဒီနားကပ်လေးတွေရဲ့ ထူးခြားချက်ကတော့ ပတ္တမြားရဲ့ သဘာဝအလှကို အဓိကထားပြီး ဖန်တီးထားတာပါ။ ရိုးရိုးရှင်းရှင်းနဲ့ ကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့အတူ D,E,F Color Range Quality ရှိတဲ့ စိန်ပတ်ပတ်လည်လေးတွေနဲ့ တန်ဆာဆင်ထားတာက ပတ္တမြားရဲ့ အရည်အသွေးနဲ့ အလှကို ပိုပြီးပေါ်လွင်စေပါတယ်။

ဒီနားကပ်လေးဟာ ဝယ်ယူသူအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလက်ဆောင်တစ်ခုဖြစ်သလို နှစ်တွေကြာရှည် သိမ်းဆည်းထားရင်လည်း တန်ဖိုးတက်နိုင်တဲ့ အရာလေးဖြစ်ပါတယ်။

ဒီရတနာလေးကို ရတနာထိုက်သူဆီ ရောက်သွားတာကိုမြင်တွေ့ရတာဟာ Juu - The Jeweler အတွက် အတိုင်းမသိတဲ့ ပီတိပါပဲရှင်။😇

#ပတ္တမြား #လက်ဝတ်ရတနာ

မြန်မာ့ပတ္တမြားတွေကို ဘာကြောင့်စုဆောင်းသင့်သလဲ✨မြန်မာ့ပတ္တမြားတွေဟာ ရိုးရိုးကျောက်မျက်ရတနာတွေထက် ပိုပါတယ်။ သူတို့မှာ သမိ...
01/05/2025

မြန်မာ့ပတ္တမြားတွေကို ဘာကြောင့်စုဆောင်းသင့်သလဲ✨

မြန်မာ့ပတ္တမြားတွေဟာ ရိုးရိုးကျောက်မျက်ရတနာတွေထက် ပိုပါတယ်။ သူတို့မှာ သမိုင်းအစဉ်အဆက် ညို့ယူဖမ်းစားနိုင်ခဲ့တဲ့ ဆွဲဆောင်မှုတွေ၊ တန်ဖိုးတွေနဲ့ အလားအလာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မြန်မာ့ပတ္တမြားတွေကို စုဆောင်းခြင်းဟာ အောက်ပါအကြောင်းရင်းတွေကြောင့် အလွန်စိတ်ဝင်စားဖို့ကောင်းပြီး တန်ဖိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်လာပါတယ်။

၁။ ရှားပါးမှုနဲ့ တန်ဖိုးမြင့်မားမှု✨

ကမ္ဘာ့အရှားပါးဆုံး ပတ္တမြားများ: မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံးနဲ့ အရှားပါးဆုံး ပတ္တမြားတွေကို ထုတ်လုပ်တဲ့နေရာတစ်ခုအဖြစ် ရာစုနှစ်ပေါင်းများစွာ ကျော်ကြားခဲ့ပါတယ်။ အထူးသဖြင့် "ခိုသွေးရောင်" (Pigeon's Blood) လို့ခေါ်တဲ့ နက်ရှိုင်းပြီး တောက်ပတဲ့ အနီရောင်ရှိတဲ့ ပတ္တမြားတွေဟာ အလွန်ရှားပါးပြီး စျေးအမြင့်ဆုံး ရတနာတွေထဲမှာ ပါဝင်ပါတယ်။
တန်ဖိုးတက်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ရှားပါးမှုနဲ့ အရည်အသွေးကောင်းမွန်မှုတို့ကြောင့် မြန်မာ့ပတ္တမြားကောင်းကောင်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးမြင့်တက်နိုင်တဲ့ အလားအလာရှိပါတယ်။ ဒါကြောင့် ရတနာစုဆောင်းသူတွေအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့လည်း စဉ်းစားစရာကောင်းပါတယ်။

၂။ အတုမရှိတဲ့ အလှတရားနဲ့ အရည်အသွေး:✨

ထူးခြားတဲ့ အရောင်အသွေး: မြန်မာ့ပတ္တမြားတွေရဲ့ အရောင်အသွေးဟာ တခြားဒေသက ပတ္တမြားတွေနဲ့ မတူဘဲ ပိုပြီးတောက်ပပြီး စွဲမက်ဖွယ်ကောင်းပါတယ်။ "ခိုသွေးရောင်" ဟာ အကောင်းဆုံးအရောင်အဖြစ် သတ်မှတ်ခံထားရပြီး ကြည့်ရှုသူတိုင်းကို ရင်သပ်ရှုမောစေပါတယ်။
သဘာဝအတိုင်း အရည်အသွေးကောင်းမွန်မှု: မြန်မာ့မြေအောက်က ထွက်ရှိလာတဲ့ ပတ္တမြားအများစုဟာ အပူပေးပြုပြင်ခြင်း (Heat Treatment) မပါဘဲ သဘာဝအတိုင်း အရည်အသွေးကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါဟာ မြန်မာ့ပတ္တမြားတွေကို ပိုပြီးတန်ဖိုးရှိစေတဲ့ အချက်တစ်ခုပါ။

၃။ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု ✨

ရှေးဟောင်းအမွေအနှစ်: မြန်မာ့ပတ္တမြားတွေဟာ ရာစုနှစ်ပေါင်းများစွာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ ဘုရင်တွေ၊ မှူးမတ်တွေနဲ့ ထင်ရှားတဲ့သူတွေဟာ ဒီကျောက်မျက်ရတနာတွေကို တန်ဖိုးထား ကိုးကွယ်ခဲ့ကြပြီး ဂုဏ်သရေနဲ့ ကြွယ်ဝမှုရဲ့ သင်္ကေတအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
မိုးကုတ်ရဲ့ ဂုဏ်သတင်း: မြန်မာနိုင်ငံရဲ့ မိုးကုတ်ဒေသဟာ ကမ္ဘာ့အကောင်းဆုံး ပတ္တမြားတွေရဲ့ မူရင်းဌာနေအဖြစ် ကျော်ကြားပါတယ်။ မိုးကုတ်ကထွက်တဲ့ ပတ္တမြားတွေဟာ ၎င်းတို့ရဲ့ အရည်အသွေးနဲ့ ရှားပါးမှုကြောင့် ကမ္ဘာ့စျေးကွက်မှာ နေရာတစ်ခုအခိုင်အမာ ရယူထားပါတယ်။

၄။ စုဆောင်းခြင်းရဲ့ ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှု:✨

ထူးခြားတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ခြင်း: ရှားပါးပြီး အလွန်လှပတဲ့ မြန်မာ့ပတ္တမြားတစ်လုံးကို ပိုင်ဆိုင်ရခြင်းဟာ စုဆောင်းသူအတွက် ထူးခြားတဲ့ ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုကို ခံစားရစေပါတယ်။
အနုပညာနဲ့ သဘာဝကို တန်ဖိုးထားခြင်း: မြန်မာ့ပတ္တမြားတွေဟာ သဘာဝရဲ့ အံ့ဖွယ်ဖန်တီးမှုနဲ့ လူသားတွေရဲ့ လက်ရာမြောက်တဲ့ ပုံဖော်မှုတွေကို ပေါင်းစပ်ထားတဲ့ အနုပညာလက်ရာတစ်ခုလိုပါပဲ။ ဒါတွေကို စုဆောင်းခြင်းဟာ အနုပညာနဲ့ သဘာဝကို တန်ဖိုးထားမြတ်နိုးခြင်းရဲ့ သက်သေတစ်ခုဖြစ်ပါတယ်။
အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းနိုင်ခြင်း: မြန်မာ့ပတ္တမြားကောင်းကောင်းတွေကို မိသားစုရဲ့ အမွေအနှစ်အဖြစ် နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဝမ်းမြောက်စရာနဲ့ ဂုဏ်ယူစရာတစ်ခု ဖြစ်စေပါတယ်။

ဒါကြောင့် မြန်မာ့ပတ္တမြားတွေကို စုဆောင်းခြင်းဟာ ရူပပိုင်းဆိုင်ရာ အလှတရားကို ခံစားရုံသာမက သမိုင်း၊ ယဉ်ကျေးမှု၊ ရှားပါးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တန်ဖိုးတွေကိုပါ ပိုင်ဆိုင်စေတဲ့ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

Juu - The Jeweler

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Juu - The Jeweler posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share