King Kris

King Kris I will try my best to make people happy and spread the LOVE..

လျှပ်စစ် အ၀င်အထွက် သွယ်တန်းပုံလေးတွေ အပြည့်အစုံပါခင်ဗျာ.. ဗဟုသုတ အနေနဲ့ပါ.
23/01/2025

လျှပ်စစ် အ၀င်အထွက် သွယ်တန်းပုံလေးတွေ အပြည့်အစုံပါခင်ဗျာ..
ဗဟုသုတ အနေနဲ့ပါ.

ကိုယ်တိုင် ၅သိန်းရင်းပြီးတစ်လ သိန်း ၁၀၀ အနည်းဆုံးဝင်မယ့်နည်း၁။ ဒေါ်စုကို ခွေးနဲ့နှိုင်းပါPage တခုထောင်ပြီး ဒေါ်စုကိုခွေး...
27/12/2024

ကိုယ်တိုင် ၅သိန်းရင်းပြီး
တစ်လ သိန်း ၁၀၀ အနည်းဆုံးဝင်မယ့်နည်း
၁။ ဒေါ်စုကို ခွေးနဲ့နှိုင်းပါ
Page တခုထောင်ပြီး ဒေါ်စုကိုခွေးနဲ့နှိုင်းတဲ့ ပိုစ့်တင်ပါ။။ပိုစ့်က ထင်သလောက်မပေါက်သေးပါက နောက် ၃/၄ ပိုစ့်လောက် ခွေးထက်အောက်တန်းကျတဲ့ဟာတွေနဲ့နှိုင်းပါ

ပိုစ့်ပေါက်သွားပြီး ကိုယ့်ကို ဆဲတဲ့သူများလာပြီဆိုရင် လက်အုပ်လေးချီပြီး တောင်းပန်ပိုစ့် စာရော Video ရောတင်ပါ။
ထိုအချိန်မှာ Attention နဲ့ Followers ရရှိသွားမှာဖြစ်ပါတယ်။

အသက် ၈၀ အရွယ်တွေ အမယ်အိုတွေ ဘယ်လောက်ပေးဆပ်ခဲ့တာတွေ မြင့်မြတ်တာတွေ ခေါင်းထဲထုတ်ပြီး ကိုယ်လုပ်စရာရှိတာလုပ်ပါ။ ကိုယ်ပိုက်ဆံရဖို့သာ အရေးကြီးပါတယ် ။

၂။ တောင်းပန်ပြီးပါက ရင်းရမည့် ဆိုသည့် ၅သိန်း ကို ဆန်ဆီဆား
ဝယ်ပြီး စုတ်စုတ်ပြတ်ပြတ် ဒုက္ခရောက်နေတဲ့ လူတွေကို လှူပါ ။ မျက်နှာ Expressions တွေကို ပြူးပြူးပြဲပြဲရိုက်တင်ပါ။ ဖြစ်နိုင်ရင် သူတို့နဲ့ရောပြီးမျက်ရည်ကျတာ ဖက်တာလုပ်ပါ။

၃။ ဒေါ်စုကို ဖြစ်ဖြစ် ဘာသာ ၄ မျိုး ရဲ့ဘုရားတွေကို ဖြစ်ဖြစ် နံပါတ် ၁ ကလို ပိုစ့်ပေါက်သည်အထိ ပြန်လုပ်ပါ။

Followers များလာတာနှင့်တကွ Facebook ကပေးတဲ့ သိန်းရာချီ ဝင်ငွေတွေရရှိလာမယ့်အပြင် Ethics မရှိတဲ့ စီးပွါးရေးသမားတွေက ငွေအပုံပေးပြီး ကြော်ငြာတွေလာအပ်ပါလိမ့်မယ်။

အသက်အန္တရယ်လဲ မရှိသလို တခြားဘာမှကိုမဖြစ်တာမို့ ဘာညာ စိတ်ပူမနေပါနဲ့ အခုလက်ရှိဝန်ကြီးတွေ မြန်မာပြည်သားတော်တော်များများက စေတနာရှင် စောက်ပျင်းတွေဖြစ်ပါတယ်။ဘယ်သူမှ ဘာမှ လုပ်မှာမဟုတ်သလို ပြီးသွားနားအေးတာပဲဆိုတဲ့ စိတ်နဲ့ ဝန်ကြီးတွေများပါတယ်။ အနည်းစုကတော့ အောက်ခြေထိ ဆင်းပြီး တကယ်ရိုးသားကြိုးစားကြတဲ့သူတွေကိုလဲ လေးစားပါတယ်။

အသက်အန္တရယ် ခြိမ်းခြောက်မှုကို ကန့်ကွက်တာကို လက်ခံပေမယ့် ထိုလူအတွက် နောင်အခါ ပြည်သူ့အစိုးရ တတ်လာရင် ပေးမယ့် ပြစ်ဒဏ် (ဥပမာ ထိုသူပိုင်ဆိုင်မှုရဲ့ ၃၀% ကို ဒဏ်ငွေတပ်မယ် ) ဘာညာ လုပ်မှာ မဟုတ်လို့ အေးအေးဆေးဆေး သာ လုပ်ပါ။

ကိုယ်ကျိုးရှာ အခွင့်အရေးသမား ဖြစ်မှ
ဒီနိုင်ငံမှာ အဆင်ပြေမှာပါ။ လုပ်ချင်တာလုပ် တောင်းပန်လိုက်အလှူလေးလုပ်လိုက်ရင် ပြီးသွားမှာပါ ။
လူတိုင်းပါးနပ်ကြပါစေ ။ စိတ်ကောင်းတွေ မထားဘဲ ယုတ်မာတတ်ကြပါစေ။။ ✅✅👌
အားလုံးဝင်ငွေတွေတိုးကြပါစေ။👏👏

04/12/2024

လမ်းပေါ်မှာသွားလာနေတဲ့လူငယ်တွေကိုအင်တာလိုက်ဗျူးတဲ့အစီအစဉ်လေးတစ်ခုကြည့်လိုက်ရတယ်

မေးတဲ့မေးခွန်းလေးက “ ဘဝမှာအဖြစ်ချင်ဆုံးအရာကဘာလဲ “ တဲ့

လူငယ်အများစုဖြေတဲ့အဖြေက

“ နိုင်ငံခြားကိုအမြန်ဆုံးထွက်ချင်တယ် “ တဲ့

ရင်ထဲမှာနင့်ကနဲ့ခံစားလိုက်ရတယ်

စဉ်းစားကြည့်

ကိုယ့်နိုင်ငံထဲမှာတင်တစ်မြို့ကနေတမြို့ကိုပြောင်းရွှေ့အခြေချတာတောင်လွယ်ရဲ့လား

ခုကကိုယ့်နိုင်ငံနဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေမတူညီတဲ့နိုင်ငံတွေကိုသွားချင်တယ်လို့လူငယ်တွေဘာ့ကြောင့်ပြောတာလဲ

ဒီလူငယ်တွေဒီနိုင်ငံကိုမချစ်လို့လား

မဟုတ်ဘူး ( လုံးဝမဟုတ်ဘူး )

ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကိုအသည်းနင့်အောင်ချစ်တဲ့သူတွေချည်းပဲ

သူတို့ရဲ့အနာဂတ်တွေမှောင်မည်းနေလို့ဗျ

ဘာကြောင့်သူတို့ရဲ့အနာဂတ်တွေမှောင်မည်းနေတာလဲ

အဖြေမှန်ကရှိပြီးသား

ဒါပေမယ့်တချို့အဖြေတွေကဘယ်လောက်ပဲမှန်မှန်ဖွင့်ပြောရင်ဘဝနဲ့ရင်းရမယ့်အဖြေတွေမို့ရေငုံနှုတ်ပိတ်နေနေကြရတာ

တွေးကြည့်ရင် ရင်လေးစရာတွေချည်းပဲမို့ကံကိုသာပုံချချင်

အဆိုတော်ကြီး ( ဒေါ် ) မာမာအေးရဲ့သီချင်းတစ်ပုဒ်ကိုကြားယောင်မိရင်း သက်ပြင်းမောတစ်ခုကိုသာချလိုက်ပါတော့တယ်

“ မချစ်လို့မှမဟုတ်ဘဲ …… အချစ်ကြီးသူတွေရဲ့အသည်း ….. ခွဲပြလို့ရရင် …… “

Cd

🥳🥳အောင်ပါပြီ ❤️❤️🤝👏✅တောင်ကိုရီးယားပါလီမန်ဥက္ကဋ္ဌကနေပြီးတော့နောက်ဆုံးပြောကြားချက်အရအမျိုးသားလွှတ်တော်အပြီးမှာ တရားလိုရှေ့...
03/12/2024

🥳🥳အောင်ပါပြီ ❤️❤️🤝👏✅

တောင်ကိုရီးယားပါလီမန်ဥက္ကဋ္ဌကနေပြီးတော့နောက်ဆုံးပြောကြားချက်အရ
အမျိုးသားလွှတ်တော်အပြီးမှာ တရားလိုရှေ့နေက ဥပဒေကို ဖျက်သိမ်းလိုက်ပါတယ်။
စစ်တပ်က လွှတ်တော် အဆောက်အအုံတွေကနေ စတင် ဆုတ်ခွါနေချိန်မှာလဲ အများစုက တညီတညွတ်တည်း ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။

03/12/2024

တောင်ကိုရီးယား နိုင်ငံ လွှတ်တော်ပြင်ပ ပြည်သူအများဆန္ဒပြမှု အခြေအနေ..

တောင်ကိုရီးယားဘာကြောင့်အာဏာသိမ်းရတာလဲ?အမျိုးသားလွှတ်တော်ကို ထိန်းချုပ်ထားတဲ့ အတိုက်အခံပါတီတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေ...
03/12/2024

တောင်ကိုရီးယားဘာကြောင့်အာဏာသိမ်းရတာလဲ?

အမျိုးသားလွှတ်တော်ကို ထိန်းချုပ်ထားတဲ့ အတိုက်အခံပါတီတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဆိုပြီး
တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းရဲ့ မူလဇစ်မြစ်က ဘာလဲဆိုရင် အတိုက်အခံများက ယွန်ဆွတ်ရွယ် အား အာဏာအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲထားပြီး သူနှင့်သူ၏ဇနီးတို့နှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် တွန်းအားပေးခဲ့ခြင်းတို့နဲ့ များစွာသက်ဆိုင်နေမှာ သေချာပါတယ်။ ထို့ကြောင့် အတိုက်အခံများအတွင်း မြောက်ကိုရီးယားလိုလားသော လှုပ်ရှားမှုများ အပါအဝင် ခြိမ်းခြောက်မှုများမှ တိုင်းပြည်ကို ကာကွယ်ရန်အတွက် စစ်အုပ်ချုပ်ရေး လိုအပ်သည်ဟု တောင်ကိုရီးယားသမ္မတက ခေါင်းစဉ်တပ်ကာ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်မှာ သံသယ ဖြစ်ဖွယ်ရာ လားလားမှမရှိပေ။ အဆိုပါ လှုပ်ရှားမှုသည် တောင်ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအားကောင်းနေခြင်းကို ရပ်တန့်စေနိုင်ပြီး ဒီမိုကရေစီ လဲပျက်သုံးသွားနိုင်သည်ဟု နိုင်ငံရေးကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားပါတယ် ။

လွန်ခဲ့သောနှစ် ၄၀ ကျော်ကလိုမျိုး အဆိုးသံသရာတစ်ပါတ်ပြန်မလည်ပါစေနဲ့ ကိုရီးယားရေ 🥹
ပြည်သူတွေအားလုံးဘေးကင်းရန်ကင်းကြပါစေ 🙏 ဆုတောင်းပေးယုံပဲ တတ်နိုင်တယ် 🥹


03/12/2024

တောင်ကိုရီးယား လွှတ်တော်အတွင်းအခြေအနေ
ပြည်သူအထက် ဥပဒေအထက် လွှတ်တော်အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ တောင်ကိုရီးယား ရဲ့စာမေးပွဲ

ပြည်သူတွေကိုပဲ စာနာတယ် ဘယ်လောက်တောင်ရင်တွေပူနေကြမလဲ? ကိုယ်ချင်းစာတယ် 😰😰

03/12/2024

တောင်ကိုရီးယား ဆန္ဒပြပွဲ အခြေအနေ
Update များကို တင်ပေးသွားမယ်နော် 🙏

တောင်ကိုရီးယား ဘာလဲ? ဘယ်လဲ?နောက်ဆုံးသတင်းအခြေအနေများ အရတော့ တောင်ကိုရီးယား လွှတ်တော်တွင်းတွင် အဆိုပါ မာရှယ်လော ကြေငြာချက...
03/12/2024

တောင်ကိုရီးယား ဘာလဲ? ဘယ်လဲ?

နောက်ဆုံးသတင်းအခြေအနေများ အရတော့ တောင်ကိုရီးယား လွှတ်တော်တွင်းတွင် အဆိုပါ မာရှယ်လော ကြေငြာချက်ကို လွှတ်တော် ဥက္ကဌနှင့်တကွလွှတ်တော်အမတ်များ အားလုံးက ဝိုင်းဝန်းကန့်ကွက်ထားကြပြီး ဤကဲ့သို့အမိန့်ထုတ်ပြခြင်းသည်တရားမဝင်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

ပြည်သူတွေကံကောင်း ဘေးကင်းကြပါစေ 🙏

ကြေငြာချက်၂နာရီ မပြည့်ခင် နွံနစ်တော့မယ့်တောင်ကိုရီးယား ။တောင်ကိုရီးယား သမ္မတ က စစ်အုပ်ချုပ်ရေး ကြေငြာပြီး နာရီပိုင်းအတွင...
03/12/2024

ကြေငြာချက်၂နာရီ မပြည့်ခင် နွံနစ်တော့မယ့်
တောင်ကိုရီးယား ။

တောင်ကိုရီးယား သမ္မတ က စစ်အုပ်ချုပ်ရေး ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ ဆိုလ်းမြို့
လွှတ်တော်အဆောက်အဦ အနီးကို တင့်ကားတွေတဲ့အတူ စစ်သားများဝင်ရောက်လာပြီး

အထဲက လွှတ်တော်အမတ်တွေလဲအပြင်မထွက်ခိုင်း
ပြည်သူတွေဝင်လာမှာစိုးလို့ လဲ အတင်းအကြပ် ပိတ်ပင်ထားပါတယ် ။

ကိုရီးယား စံတော်ချိန် ည ၁၂ နာရီတိတိမှာ ကြေငြာလိုက်တဲ့ အဆိုပါ စစ်အုပ်ချုပ်ရေးကြေငြာချက်
ကို မလိုလားတဲ့ ပြည်သူတွေကတော့ စတင်ပြီး ဆန္ဒပြဖို့ လူစုနေပါပြီ။

အဆိုပါကြေငြာချက်နဲ့ အတူ ကိုရီးယားငွေစျေး ၂နှစ်အတွင့် အနိမ့်ဆုံးအနေအထားကိုရောက်ရှိသွားပြီး လက်ရှိတစ်ဒေါ်လာ ကို ၁၄၄၀ ဝမ် ဖြစ်နေပါပြီ။

Christmas နဲ့ New Year ကာလအတွင်း ကျင်းပရန်
ပြင်ဆင်ထားတဲ့ ဖျော်ဖြေပွဲများကို ဖျက်သိမ်းကြောင်းလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော် Entertainment ကြီး ၅ခု က စုပေါင်းကြေငြာချက်ထုတ်ပါတယ်။

ကံကောင်းပါစေ ကိုရီးယားပြည်သူများ 🙏

04/07/2024

ဆရာတော်နောက်ဆုံးမှာပြောထားတာနဲ့ကွက်တိပဲ 🤬

ခနလေးပါ.. ရေခဲသွားဝယ်အုန်းမယ်🤭Crd
07/05/2024

ခနလေးပါ.. ရေခဲသွားဝယ်အုန်းမယ်🤭
Crd

တနားကြပါ ခညာ 😓🥹
02/05/2024

တနားကြပါ ခညာ 😓🥹

ငွေခင်းပြီး လျှောက်တဲ့လမ်းတွေလောက်တော့ ဘယ်သာယာပါ့မလဲ? 🥹
29/04/2024

ငွေခင်းပြီး လျှောက်တဲ့လမ်းတွေလောက်တော့ ဘယ်သာယာပါ့မလဲ? 🥹

ဖင်ပါ မီးခိုးထွက်အောင်ပူနေလို့ပါ..နော်နော်….လို့ 😁😁🤣
29/04/2024

ဖင်ပါ မီးခိုးထွက်အောင်ပူနေလို့ပါ..နော်

နော်….လို့ 😁😁🤣

သန်းကြွယ်သူဌေးမကြီးရဲ့ လင် မို့လို့ စကားကြည့်ပြောကြပါ 😁😁🤣
29/04/2024

သန်းကြွယ်သူဌေးမကြီးရဲ့ လင် မို့လို့ စကားကြည့်ပြောကြပါ 😁😁🤣

Address

Yangon
10100

Website

Alerts

Be the first to know and let us send you an email when King Kris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to King Kris:

Videos

Share