08/10/2026
#သိလိုရာမေးစတော့ရှယ်ယာအရေး
#သက်ထွန်းဦး
စတော့ဈေးကွက်ကို စတင်လေ့လာလိုသူများအတွက်သာမက မိမိ၏ ရင်းနှီးမြှုပ်နှံမှုအသိပညာ ကို ပိုမိုတိုးတက်လိုသူများအတွက်ပါ အထောက်အကူပြုမည့် စာအုပ်တစ်အုပ်။
-------------
◼️"သိလိုရာမေး စတော့ရှယ်ယာအရေး” သည် ကမ္ဘာ့စတော့ဈေးကွက်အကြောင်းကိုသာမက မြန်မာနိုင်ငံ၏ လက်ရှိစတော့ဈေးကွက် မည်သို့လည်ပတ်နေသည်၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မည်သည့်အချက်များကို လေ့လာစောင့်ကြည့်သင့်သည်ဆိုသည်တို့ကို နားလည်နိုင်ရန် ရည်ရွယ် ရေးသားထားခြင်း ဖြစ်ပါသည်။
🔹 စတော့ရှယ်ယာဆိုတာ ဘာလဲ၊
🔹 စတော့ဈေးကွက် ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ၊
🔹 ကုမ္မဏီတွေက ဘာကြောင့် အများပြည်သူထံ ရှယ်ယာတွေ ထုတ်ရောင်းကြသလဲ၊
🔹 ရှယ်ယာဈေးနှုန်းတွေကို ဘယ်လိုသတ်မှတ်ကြသလဲ၊
🔹 စတော့အိပ်ချိန်းမှာ ကုမ္ပဏီတစ်ခု ဘယ်လိုစာရင်းဝင်သလဲ၊
🔹 ရင်းနှီးမြှုပ်နှံသူတွေက ဘယ်လိုစဉ်းစားပြီး ရောင်းဝယ်သင့်သလဲ စသော စတော့ရှယ်ယာနှင့် ပတ်သက်သမျှ မိတ်ဆွေတို့ သိသင့်သောမေးခွန်းတို့၏ အဖြေများကို ဤစာအုပ်တွင် ဖတ်ရှု လေ့လာနိုင်ပါသည်။
◼️ စတော့ဈေးကွက်နှင့် ဆက်စပ်နေသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ စာရင်းဝင် အကြိုဈေးကွက်၊ Angel Investors ၊ Venture Capital၊ Private Equity Fund များ၊ ငွေချေး စာချုပ်ဈေးကွက်နှင့် ဈေးကွက်သုတေသနပြုလုပ်ခြင်းတို့ကိုပါ လေ့လာနိုင်မည်ဖြစ်သည်။ ထိုအကြောင်းအရာများကို သိရှိနားလည်ခြင်းအားဖြင့် စတော့ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို အပေါ်ယံကြည့်ရှုရုံမျှမဟုတ်ဘဲ မည်သည့်အကြောင်းအရင်းများ ကြောင့် ဖြစ်ပေါ်လာသည်ကို ပိုမိုနားလည်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီတစ်ခု၏ လုပ်ငန်း အခြေအနေ၊ စီးပွားရေးပတ်ဝန်းကျင်နှင့် ဈေးကွက်အခြေအနေတို့ကို ဆက်စပ်စဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုမည့် အခြေခံ အသိပညာများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဤစာအုပ်သည် စတော့ဈေးကွက်အကြောင်း သိရှိလိုသူများအတွက် အခြေခံမှစ၍ ပိုမိုကျယ်ပြန့်စွာ လေ့လာနားလည်နိုင်စေရန် စုစည်းတင်ပြထားသည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။
[ Wisdom House နှစ် ၂၀ ပြည့် အမှတ်တရ ထုတ်ဝေသည်။ ]
---
📍စာအုပ်တွေကို ကျွန်တော်တို့ Wisdom House page ရဲ့ message box ကနေလဲ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်သလို၊ ဖုန်းနံပါတ် ၀၉၂၅၄၁၄၈၅၆၈ သို့ တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။
🏠 Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် - 09254148568 (Viber, Telegram)