
23/06/2024
ညနေဘက် လမ်းလျှောက်ထွက်ရင်း နန်းကြီးသုပ်စားချင်စိတ် ပေါ်လာလို့
city hall ကိုလဲ တကူးတကမသွားချင်တာနဲ့
အနီးအနားမှာရှိတဲ့ shopping mall ကနေ နန်းကြီးဖတ်နဲ့ဆင်တူတဲ့ Hosei Temputa Udon ဆိုတဲ့အထုပ်လေး၀ယ်လာပြီးလုပ်စားဖြစ်ပါတယ်
အထုပ်ကြီး တထုပ်မှာ အထုပ်သေးသုံးထုပ်ပါလို့ ကိုယ်ကုန်နိုင်သလောက်လုပ်စားလို့ရတယ် ဈေးကလဲ $5ပဲရှိလို့ မဆိုးဘူးလို့ပြောလို့ရတယ်
သူက soup အတွက်မို့လို့ အထဲမှာ seasoning အထုပ်လေးတွေလဲ ပါတယ်
နည်းနည်းလေး ပိုနူးညံ့တာကလွဲလို့ နန်းကြီးဖတ်နဲ့တော်တော်လေးတူပါတယ်
နန်းကြီးသုပ်လဲစားချင် city hall ကိုလဲ တကူးတကသွားမစားချင်တဲ့သူတွေဆို admin လိုအနီးအနားက mall မှာရှာ၀ယ်ပြီးလုပ်စားကြည့်ကြပါလို့♥️♥️♥️
အားလုံးပဲ စိတ်၏ချမ်းသာခြင်းဖြင့်ပြည့်စုံကြပါစေရှင်