28/11/2013
August Myanmar Media Group မှ ရုပ်ရည်ချောမော ပြေပြစ်ပြီး၊ အရည်အချင်း ပြည့်ဝက ကျန်းမာ သန်စွမ်းသော တက္ကသိုလ်အသီးသီး၏ စံပြ မောင်မယ်များ ထွက်ပေါ်လာစေရန် နိုင်ငံအ၀န်းမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ပေါင်းစုံကို ဖိတ်ခေါ်ကာ Mister and Miss University 2014 ပြိုင်ပွဲကြီးကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ကျင်းပသွားမည် ဖြစ်ပါသည်။
သာမာန် အလှပြိုင်ပွဲမျိုး မဟုတ်ဘဲ အရည်အချင်းစစ်းဆေးခြင်း Tests and Challenges ပေါင်းများစွာ ပါဝင်ကာ ရွေးချယ်ကျင်းပမည့် ပြိုင်ပွဲကြီး တစ်ခုလည်း ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်မည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး သိန်း (၁၅၀) ကျော် ပေးအပ်သွားမည့် ပြိုင်ပွဲကြီးလည်း ဖြစ်ပါသည်။
ပေးအပ်သွားမည့် ပညာသင်ထောက်ပံ့ကြေးဆု များ (Scholarship Prizes) ငွေသား (ကျပ်)
Mister and Miss University 2014 Winner ၆၀ သိန်း (တစ်ဦးလျှင် ၃၀ သိန်း)
Mister and Miss University 2014 1st Runner Up ၂၀ သိန်း (တစ်ဦးလျှင် ၁၀ သိန်း)
Mister and Miss University 2014 2nd Runner Up ၁၀ သိန်း (တစ်ဦးလျှင် ၅ သိန်း)
အထူးဆုများ (Scholarship for Special Awards) (၁၀) ဆု
Finalists တစ်ဦးလျှင် (၁) သိန်းစီ
Sponsors များမှ ချီးမြှင့်မည့် Scholarship for Title Holders (၁၀) ဆု ရရှိနိုင်မည် ဖြစ်ပါသည်။
လျှောက်လွှာများကို သက်ဆိုင်ရာ ကျောင်းများသို့ မကြာမီရက်ပိုင်းအတွင်း ပေးပို့သွားမည် ဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်လိုသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်တွင် အကြောင်းကြား စာရင်းပေးသွင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။
နယ်မှလာရောက် ယှဉ်ပြိုင်မည့် သူများအတွက် ပဏာမ ရွေးချယ်ခံရပါက သွားလာရန် ခရီးစရိတ် များကိုလည်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။
တက္ကသိုလ်များမှ King Queen များ၊ အရည်အချင်းပြည့်ဝသည့် ကျောင်းသားကျောင်းသူများ ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပေး အကြောင်းကြား အပ်ပါသည်။
မကြာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တရားဝင် အသိပေး ကြေညာသွားမည်ဖြစ်ပါသည်။