Green Way - အစိမ်းရောင်လမ်း

Green Way - အစိမ်းရောင်လမ်း An inclusive platform serving innovative & suitable services to stakeholder in agriculture eco-system
(512)

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ငါးလုပ်ငန်း နည်းပညာနှင့် သတင်းအချက်အလက်၊ မိုးလေဝသ သတင်း၊ သီးနှံဈေးနှုန်း၊ ပညာရှင်နှင့်တိုက်ရိုက်ဆွေးနွေးအဖြေရှာကဏ္ဍ၊ စိုက်ပျိုးမှတ်တမ်း၊ လယ်ယာသွင်းကုန်နှင့်ထွက်ကုန်များပါအရောင်းအဝယ် ပြုလုပ်နိုင်သော စိုက်ပျိုးရေးနဲ့ မကင်းနိုင်သူအားလုံးအတွက် အကောင်းဆုံး အခမဲ့စိုက်ပျိုးရေးအကျိုးပြုဖုန်းဆော့ဝဲ
http://www.greenwaymyanmar.com

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။       စပါးစိုက်ပျိုးသောတောင်သူဦးကြီးအများစုသည် စပါးရိတ်သိမ်းပြီးသောအခါ ကောက်ရိုးများကို အ...
21/11/2025

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

စပါးစိုက်ပျိုးသောတောင်သူဦးကြီးအများစုသည် စပါးရိတ်သိမ်းပြီးသောအခါ ကောက်ရိုးများကို အလွယ်တကူမီးရှို့ပစ်ကြပါသည်။ အချို့သောတောင်သူများသည်လည်း မီးမရှို့ဘဲ တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြပါသည်။ ထိုသို့မီးရှို့ခြင်းသည် မြေကြီး အတွက် အာဟာရဓာတ်များပြန်လည် ရရှိသော်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်သောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးမှုကိုပါဖြစ်စေပါသည်။ ထို့အပြင် မြေကြီးထဲရှိ အကျိုးပြုအဏုဇီဝပိုးများနှင့် သက်ရှိအများစု သေဆုံးသွားနိုင်ပါသည်။ ထိုကြောင့် ကောက်ရိုးများကို မီးမရှိ့ဘဲ မည်ကဲ့သို့အကျိုးရှိရှိအသုံးချမည်ကို ဆက်လက် လေ့လာကြရအောင်။

တိရစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း

စိုက်ပျိုးရေးဆိုသည်မှာ သီးနှံ၊သစ်ပင်များ စိုက်ပျိုးနေရုံ မဟုတ်ဘဲ မွေးမြူရေးနှင့် တွဲ၍လုပ်ကိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများအနေနှင့် ဝင်ငွေ ပိုရစေရန် မွေးမြူရေးပါ တွဲ၍လုပ်ကိုင်သင့်ပါသည်။ စပါးစိုက်ပျိုးသော တောင်သူများအနေနှင့် ကျွဲ၊ နွား မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ပါက တိရစ္ဆာန်အစာအတွက် ပူစရာမလိုတော့ပါ။ ကျွဲ၊ နွားများ မွေးမြူသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် ထိုကျွဲ၊ နွားများ အသုံးပြု၍ လုပ်ကိုင်နိုင်သောကြောင့် ကုန်ကျစရိတ်ပါသက်သာစေပါသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

မြေဆွေးပြုလုပ်ခြင်း

ကျွဲ၊ နွားများ မွေးမြူရန် မလွယ်ကူသော တောင်သူများသည် ကောက်ရိုးများကို မီးမရှို့ဘဲ မြေဆွေးပြုလုပ်နိုင်ပါသည်။ ထို့သို့မြေဆွေးပြုလုပ်ခြင်းသည်လည်း သြဂဲနစ်စိုက်ပျိုး ရေးလုပ်ကိုင်နေသူများအတွက် အလွန်အရေးပါပါသည်။ စပါးစိုက်တောင်သူများအတွက် လည်း ရရှိလာသော မြေဆွေးများကို မိမိတို့စိုက်ခင်းများတွင် ပြန်လည်ထည့်သွင်း ပေးသောကြောင့် မြေသြဇာကုန်ကျစရိတ်ကို များစွာသက်သာစေပါသည်။

ဥယျာဥ်ခြံသီးနှံများစိုက်ပျိုးခြင်းတွင် မြေများဖုံးအုပ်ပေးခြင်း

ဥယျာဥ်သီးနှံများဖြစ်ကြသော ငရုတ်၊ခရမ်းချဥ်၊ ခရမ်း၊ ပန်းမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ အစရှိသည့် သီးနှံမျိုးစုံများတွင် ကောက်ရိုးများကို ပလတ်စတစ်များအစား အပင်ခြေပတ်ပတ်လည်ရှိမြေကြီးအား ဖုံးအုပ်၍(Mulching) စိုက်ပျိုးနိုင်ပါသည်။ ထိုသို့ဖုံးအုပ်၍ စိုက်ပျိုးပေးခြင်းဖြင့် မြေကြီး၏ အစိုဓာတ်ကို ထိန်းချုပ်ထားသောကြောင့် ရေလိုအပ်မှုနည်းပါးစေခြင်း၊ ပေါင်းများပေါက်ရောက်မှုကို လျော့နည်းစေသောကြောင့် ပေါင်းသတ်ဆေးကုန်ကျစရိတ်၊ လုပ်အားကုန်ကျစရိတ်များကို သက်သာစေပါသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ကောက်ရိုးမှိုစိုက်ပျိုးခြင်း

ကောက်ရိုးမှိုစိုက်ပျိုးခြင်းတွင် အဓိကလိုအပ်သော ကုန်ကြမ်းမှာ ကောက်ရိုးဖြစ်ပါ သည်။ ကောက်ရိုးများကို မီးမရှို့ပစ်ဘဲ ကုန်ကျစရိတ်နည်းသော ကောက်ရိုးမှိုစိုက်ပျိုး၍ နောက်ထပ်ဝင်ငွေတစ်ခု ထပ်ရှာနိုင်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ကောက်ရိုး
#မီးမရှို့
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း

မကြာခဏ မနက်စောစော အပင်ရဲ့အရွက်ထိပ်‌လေးတွေ ပန်းပွင့်ပွင့်ဖတ်လေးတွေ ပင်စည်လေးတွေမှာ ဆောင်းရာသီမဟုတ်ဘဲ နှင်းစက်လေးတွေလို ရေ...
21/11/2025

မကြာခဏ မနက်စောစော အပင်ရဲ့အရွက်ထိပ်‌လေးတွေ ပန်းပွင့်ပွင့်ဖတ်လေးတွေ ပင်စည်လေးတွေမှာ ဆောင်းရာသီမဟုတ်ဘဲ နှင်းစက်လေးတွေလို ရေစက်လေးတွေကို အားလုံးတွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။

အဲ့တာဟာ Physiological term အရ Guttation လို့ခေါ်ပါတယ်။ တစ်ချို့က အပင်ငိုခြင်း Crying plant လို့လည်း ခေါ်ကြပါတယ်။

ကဲ ဒါဆို နှင်းစက်နဲ့ Guttation ဖြစ်တာကို ကွဲပြားသွားပါလိမ့်မယ်။ ဘာကြောင့်ဖြစ်လဲ၊ ဘယ်အပင်လေးတွေမှာ အဖြစ်များလဲ ဆက်လက်လေ့လာကြပါစို့နော်။

ဆိုတာ

အရွက်ထိပ်လေးတွေ ရေစက်လေးတွေထွက်ခြင်းဖြစ်ပါတယ်။ အပင်တစ်ပင်လုံးကို ရေပို့ဆောင်ပေးတဲ့ ရေကြောမှရေလေးတွေဟာ နေ့ဘက်မှာဆိုရင် အပင်ရေငွေ့ပျံခြင်းဆိုတဲ့ transpirationဖြစ်စဥ်အရ စတိုမာလေးတွေမှတစ်ဆင့် ရေလေးတွေ အငွေ့ပျံသော်လည်း ညဘက်မှာဆိုရင် တစ်ချို့အပင်များမှလွဲ၍ အပင်တော်တော်များများက စတိုမာလေးတွေ ပိတ်ကြပါတယ်။ ထိုသို့ပိတ်တဲ့အခါမှာလည်း အမြစ်ထဲမှ ရေတွေများလာတဲ့အခါ အပင်အထက်သို့ ရေနဲ့ သကြားအာဟာရတစ်ချို့ကို ပေးပို့စေပါတယ်။ ထိုအခါ မနက်ခင်းစောစောမှာ နှင်းမဟုတ်တဲ့ ရေစက်လေးတွေဖြစ်စေတာပဲဖြစ်ပါတယ်။ ဒါကို guttation လို့ ခေါ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ဘာကြောင့်ဖြစ်လဲဆိုရင်တော့

အမြစ်ရဲ့ ဖိအားများမယ်၊ ရေငွေ့ပျံနှုန်းနည်းပြီး လေထုစိုထိုင်းစမြင့်တဲ့အခါ ဖြစ်စေပါတယ်။ မနက်ခင်း နေထွက်လာတဲ့အခါ အပင်က active ဖြစ်ပြီး လေထုစိုထိုင်းဆမြင့်တဲ့အတွက် အဓိကတွေ့ရတာပဲဖြစ်ပါတယ်။

အပင်ဆဲလ်တွေထဲမှာ ရေတွေပြည့်နေတဲ့အခါမှာလည်း guttation ဖြစ်စေပါတယ်။ နောက်ထပ်က မြေထဲမှာ မိုးရွာတဲ့အခါ ရေများနေမယ်၊ လေထုစိုထိုင်းဆမြင့်မယ်၊ အပင်အမြစ်က လိုတာထက် ရေပိုစုပ်ယူလိုက်မယ်ဆိုရင် ရေရဲ့သဘောတရားအရ များတဲ့နေရာကနေ နည်းတဲ့နေရာသို့ သွားတာဖြစ်လို့ အပင်အပေါ်ပိုင်းသို့ ရေကြောမှတစ်ဆင့် ရေတွေကို စွန့်ထုတ်တာလည်းဖြစ်ပါတယ်။

အပင်‌ငယ်လေး (အပင်သက်တမ်း) တွေဟာ အပင်ကြီးတွေထက် ပိုပြီး guttation ဖြစ်တာကိုလည်း တွေရပါတယ်။ အပူပိုင်းဒေသတွေမှာလည်း လေထုစိုထိုင်ဆက အရမ်းမြင့်တဲ့အခါ ရေငွေ့ပျံဖို့ခက်တာဖြစ်လို့ guttation အဖြစ်များတာကိုလည်း တွေ့ရပါတယ် ။

ဘယ်လိုအပင်လေးတွေမှာ Guttation အဖြစ်များလဲ ????

မြက်မျိုးရင်းဝင်အပင်များ၊ ဝါးပင်၊ ငှက်ပျောပင်များလည်းပါပါတယ်။ မကြာခဏ နှင်းကျချိန်မဟုတ်ဘဲ မြက်ခင်းလေးတွေ မနက်‌စော‌စောမှာ စိုစွတ်နေတာဟာ Guttation ပဲဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်အပင်များ၊ သစ်သီးပင်များ၊ အလှစိုက်အပင်များ၊ ပန်းပင်များ၊ အိမ်အလှစိုက်ပင်များ၊ သစ်ခွပင်မှာလည်း hyathode cells တွေက အရွက်မျက်နှာပြင်မှာရှိလို့ အရွက်ထိပ်မဟုတ်ဘဲ အရွက်မျက်နှာပြင်လေးတွေမှာ ဖြစ်ပွားကြပါတယ်။

ရှောက် သံပုရာမျိုးနွယ်ဝင်အပင်နဲ့ ထင်းရှုးပင်တွေမှာတော့ Guttation မဖြစ်တာကို တွေ့ရပါတယ် ။ အအေးပိုင်းဒေသတွေမှာရှိတဲ့ အပင်မြင့်တွေမှာက ပိုအေးတာရော အပူပိုင်းထက် ပိုခြောက်သွေ့လွယ်တာရောကြောင့် guttation ဖြစ်ပွားမှုနည်းပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

Guttation ဖြစ်တာက အပင်တွေအပေါ် မကောင်းတဲ့အချက်ရှိလား ????

ပုံမှန်အားဖြင့်ကတော့ ဘာမှပြသနာမရှိပါဘူး။ အရွက်ထိပ်ကလေးကနေ ရေတွေက တော်တော်နဲ့အငွေ့မပျံ မခြောက်ဘူးဆိုရင်တော့ ပြသနာနည်းနည်းရှိပါတယ်။ ဘာလဲဆိုရင်တော့ ဒီရေစက်လေးတွေမှာပါတဲ့ သကြားနဲ့ ဆားတစ်ချို့က အရွက်ပေါ်မှာတင်ကျန်ပီး အဖြူရောင် အစက်အပြောက်လေးတွေ ဖြစ်တတ်ပါတယ်။ နောက်ပီး အချိန်ကြာမြင့်စွာစိုနေပါက မှိုတွေပေါက်ဖွားဖို့ လွယ်ကူစေပါတယ်။

စတော်ဘယ်ရီပင်လေးတွေမှာ Guttation ဖြစ်တာကတော့ ကောင်းကျိုးလေးတွေရှိပါတယ်။ ဘာလဲဆိုရင်တော့ အပင်က ကယ်ဆီယမ်ဓာတ်လုံလောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ကယ်ဆီယမ်ဓာတ်ဟာ အပင်ရဲ့ အတွင်းရေစီးကြောင်းမှတစ်ဆင့် အပင်ထိပ်တွေနဲ့ တစ်ပင်လုံးကို ပျံနှံတာကြောင့်ဖြစ်ပါတယ်။

နောက်ထပ်ကတော့ ဒီရေစက်လေးတွေထဲမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တစ်ချို့ပါတာဟာ အပင်အကျိုးပြု သားရဲအင်းဆက်နဲ့ ကပ်ပါးကောင်လေးများအတွက် အစာလည်းဖြစ်စေတဲ့အတွက် စိုက်ခင်းအတွင်းမှာရှိတဲ့ မိတ်ဆွေပိုးလေးများကို တိုးပွားစေပါတယ်။ organic farm များအတွက် အလွန်အကျိုးရှိစေပါတယ်။ ပျားလေးတွေလည်း သောက်သုံးကြပါတယ်။ ဒါပေမဲ့ ဒီရေစက်ထဲမှာ ဓာတုဆေးနဲ့ ဓာတ်မြေသြဇာဓာတ်ကြွင်းများစွာပါပါက ထိုသတ္တဝါလေးအတွက် ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။

ခရမ်းချဥ်မှာဖြစ်ပွားတဲ့ ဘတ်တီးရီးယား canker ရောဂါမှတစ်ဆင့် ပင်ညိုး‌ရောဂါသို့ ဒီလို guttation မှတစ်ဆင့် ပျံ့နှံ့စေပါတယ် ။

ဒီ Guttation ရေစက်လေးတွေထဲမှာ ကိုယ်သုံးလိုက်တဲ့ ဓာတုဓာတ်ကြွင်း၊ အပင်စိုက်တဲ့နေရာရဲ့ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုတွေပေါ်မူတည်ပြီး

- ရေ၊ အာဟာရဓာတ်တွေဖြစ်တဲ့ ပိုတတ်ဆီယမ်၊ ကယ်ဆီယမ်၊ အိုင်းရင်းနဲ့ ဆိုဒီယမ်ဓာတ်များ

- သကြားဓာတ်တွေဖြစ်တဲ့ ဂလူးကိုစ်၊ galactose

– အမိုင်နိုအက်စစ် (ပရိုတင်းဓာတ်)

- ဗိုင်းရပ်၊ ဘက်တီးရီးယား၊ မှို (အပင်ရောဂါဖြစ်နေပါက )

- အသုံးပြုထားသော အဆိပ်ဓာတ်ကြွင်းများပါဝင်ကြလေ့ရှိပါတယ် ။

ဒီလောက်ဆိုရင်တော့ Guttation အကြောင်းလေး တစ်စိတ်တစ်ပိုင်းသိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေးသားသူ - မြတ်စုဝေ
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#အပင်ငိုခြင်း
#ရေစိမ့်ထွက်ခြင်း

#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း

ပိုးသတ်ဆေး အနေဖြင့်  ဥယျာဉ်ခြံများတွင် ဆားခါး( Epsom Salt ) ကို  ဖျက်ပိုးများ ထိန်းချုပ်ရန် အတွက် သုံးစွဲနိုင်ပါသည်။ ===...
21/11/2025

ပိုးသတ်ဆေး အနေဖြင့် ဥယျာဉ်ခြံများတွင် ဆားခါး( Epsom Salt ) ကို ဖျက်ပိုးများ ထိန်းချုပ်ရန် အတွက် သုံးစွဲနိုင်ပါသည်။
================

Epsom Salt ( Hydrated magnesium sulfate crystal) ဆားခါး ကို အမျိုးမျိုး နည်းလမ်းပေါင်း များစွာဖြင့် အိမ်နှင့် ဥယျာဉ်များတွင် သုံးစွဲနေကြပါသည်။ စိုက်ပျိုးသူများသည် ဆားခါးအား အလွယ်တကူ သီးသန့် သို့မဟုတ် ရောနှော၍ စျေးသက်သာစွာဖြင့် ရရှိနိုင်ပါသည်။ ပိုးသတ်ဆေး အနေဖြင့် ဥယျာဉ်ခြံများတွင် ဆားခါး( Epsom Salt ) ကို ဖျက်ပိုးများ ထိန်းချုပ်ရန် အတွက် သုံးစွဲနိုင်ပါသည်။

ဖျော်စပ်သုံးစွဲခြင်း - ဆားခါး လ္ဘက်ရည်ပန်းကန်လုံး တစ်ခွက် နှင့် ရေ (၅) ဂါလံ ရောစပ် ပက်ဖျန်း ခြင်းဖြင့် ကျိုင်း ( Beetle) နှင့် အချို့သော ဥယျာဉ်ခြံ ဖျက်ပိုးများကို နှိမ်နင်း နိုင် ပါသည်။ ရေ နှင့် ဆားခါး အရောကို ပုံအကြီးကြီးထဲတွင် ထည့် ဆားခါးများ ကောင်းစွာ ပျော်ဝင်အောင် ဖျော်ပါ။ ဖျော်ထားသော ဖျော်ရည်ကို ဖျန်းစက်ခြင့် အရွက်များ အပေါ်သို့ ဖြန်းပါ။ ဉယျာဉ်ခြံ စိုက်ပျိုးသူ အများစုသည် ဆားခါးဖျော်ရည်ကို ပက်ဖျန်းခြင်းဖြင့် ဖျက်ပိုးများ မလာစေရန် တားဆီးပေးသည် သာမက ဆေးရည်နှင့် ထိတွေ့သော ဖျက်ပိုးများ ကိုလည်း သေစေနိုင်သည်ဟု ယုံကြည်ကြသည်။

အခဲများအဖြစ် သုံးစွဲခြင်း- အပင် ပတ်ဝန်းကျင် တအခဲများအဖြစ် သုံးစွဲခြင်းစ်ဝိုက် ဆားခါးအား ဖြူးချပေးခြင်းဖြင့် ပက်ကျိ ( slug) များကို ထိန်းချုပ်နိုင်သည်။ ဆားခါးသည် ပက်ကျိ၏ အရေပြားကို ခြစ်ချ / ပွန်းတိုက် သည့် ပစ္စည်းအဖြစ် ကြမ်းတမ်း ခြောက်သွေ့ပြီး ပက်ကျိများအား သေဆုံးစေသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။


ဟင်းသီးဟင်းရွက် စုတ်စားပိုးများ ထိန်းချုပ်ရန် - ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် မျိုးစေ့ ချပြီး စိုက်တန်းများ၏ အတွင်း နှင့် ဘေးတစ်လျှောက်တွင် ခြောက်သွေ့သော ဆားခါးကို လိုင်း ကဲ့သို့ ဖြူးချ ခြင်းဖြင့် ဟင်းသီးဟင်းရွက် များတွင် ကျရောက်သော စုတ်စားပိုး များကို ထိန်းချုပ် နိုင်ပါသည်။ နှစ်ပတ် တစ်ကြိမ် ဖြူးပေး ခြင်းဖြင့် အပင်များအား ဖျက်ပိုးများ အန္တရယ်မှ ကာကွယ် ပေးပါသည်။ အကျိုးကျေးဇူးတစ်ခု အဖြစ် အပင်များအတွက် လိုအပ်သော မဂ္ဂနီစီယမ် ( magnesium) နှင့် ဆာလဖာ ( sulfur) တို့ကိုလည်း ရရှိမည် ဖြစ်သည်။

ခရမ်းချဉ် အပင်တွင် ဆားခါး သုံးစွဲ၍ ပိုးများအား ကာကွယ်ခြင်း - ဆားခါးကို နှစ်ပတ် တစ်ကြိမ် ခရမ်းချဉ်အပင် တစ်ပင်စီ၏ အပင်ခြေ ပတ်လည်တွင် စားပွဲတင်ဇွန်း တစ်ဇွန်း ဖြူးချပေးခြင်းဖြင့် ခရမ်းချဉ်ပင်တွင် ကျရောက်သော ဖျက်ပိုးများအား ကာကွယ် နှိမ်နင်း နိုင်ပါသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။


ကျွမ်းကျင်သူများပြောကြသော ဖျက်ပိုးများမှ ကာကွယ်နိုင်သည့် ဆားခါးအကြောင်း

WSU ( Washington State University ) မှ ဉယျာဉ်ခြံ ပညာရှင်များ လေ့လာ တွေ့ရှိချက် အရ ဆားခါး အနည်းငယ် သုံးစွဲခြင်းဖြင့် ပက်ကျိ ( slugs) နှင့် အခြားသော ဥယျာဉ်ခြံတွင် ကျရောက်သည့် ဖျက်ပိုးများ အဓိက လိပ်ပြာ မျိုးရင်းဝင် ဖျက်ပိုးများအား ထိရောက်သော နှိမ်နင်းမှု ရရှိနိုင်သည်ကို တွေ့ရှိခဲ့ပါသည်။ သို့သော် WSU ဥယျာဉ်ခြံ ပညာရှင်များ ဆက်လက် တွေ့ရှိခဲ့သည်မှာ ဆားခါးအာ ပိုမိုသုံးစွဲပါ ရေ နှင့် မြေကို ညစ်ညမ်း စေသည်။
University of Nevada Cooperative မှ လေ့လာ တွေ့ရှိချက် အရ ဆားခါး ပန်းကန်လုံး တစ်လုံး ခန့်သည် အခန်းအတွင်းရှိ ပိုးဟပ်များ ( roaches) ကို အခြား ဓါတုဗေဒ အဆိပ် ပစ္စည်း တစ်စုံတစ်ရာ ရောနှောရန် မလိုအပ်ဘဲ သေဆုံးစေနိုင်သည်ဟု ဆိုသည်။

ဆားခါးကို ဖျက်ပိုး ကာကွယ်ရန် အတွက် သုံးစွဲနိုင်သော်လည်း သုံးစွဲ သည့်အခါ သေချာ စဉ်းစား ဆုံးဖြတ်ရမည်။ သတိပြုရန်မှာ ဆားခါးကို ဟင်းသီးဟင်းရွက် စုတ်စားပိုးများ ကာကွယ်ရန် အတွက် အသုံးပြုသောအခါ စိုက်ပျိုးသော မြေနေရာသည် တစ်နေရာ နှင့် တစ်နေရာ / သီးနှံ အလိုက် ကြိုက်နှစ်သက်မှု လိုအပ်ချက်များ မတူသည့် အတွက် မိမိ မြေနေရာ/ စိုက်ပျိုးမည့် သီးနှံ စသဖြင့် အခြေအနေအလိုက် အကျိုးရလာဘ် မတူညီဘဲ ကွဲပြား ခြားနားခြင်းတို့ ရှိမည် ဖြစ်ပါသည်။

ရေးသားသူ - ayethandasoe
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဆားခါး
#အစိမ်းရောင်လမ်း


#အစိမ်းရောင်လမ်း

အေးသောရာသီဥတု (သို့မဟုတ်) ရာသီဥတုရုတ်တရက် ပြောင်းလဲခြင်းမျိုးတွင် ဘဲများ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်...
21/11/2025

အေးသောရာသီဥတု (သို့မဟုတ်) ရာသီဥတုရုတ်တရက် ပြောင်းလဲခြင်းမျိုးတွင် ဘဲများ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ပါသည်။

ရောဂါလက္ခဏာများမှာ 🦆

နှာချေခြင်း
နှာရည်ယို စီးကျခြင်း
ခံတွင်းပျက်ခြင်း
မျက်လုံးတွင် အရည်လည်နေခြင်း
နှုတ်သီးတွင် အစာများကပ်နေခြင်း
အမွှေးအတောင်များ တွဲလျားကျနေခြင်းတို့ ဖြစ်ပွားကြပါသည်။

ကူးစက်ပုံ 🦆

ဤရောဂါသည် လေ၊ သောက်ရေနှင့် အစာများမှတဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ကာကွယ်ခြင်း 🦆

အာဟာရပြည့်ဝသော အစာများကိုကျွေးပါ။

သန့်ရှင်းသောရေကိုသာ တိုက်ပါ။

ဘဲခြံတွင် ဘဲများကို ကြပ်ညပ်စွာ မထားပါနှင့်။

ဘဲခြံနှင့် ခြံဝန်းကျင်ကို သန့်ရှင်းစွာထားပါ။

ဆိုးရွားသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် အကာအကွယ်ရအောင် စီမံထားပါ။

ဘဲများကို ကာကွယ်ဆေးထိုးရန် လိုအပ်ပါက ကြိုတင်ထိုးနှံပေးပါ။

သောက်ရေ ၁ လီတာတိုင်းတွင် နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ရောပေးပါ။

ဆင်နှာမောင်းပင် (သို့မဟုတ်)ဂွေးရွက်ပြုတ်ရည်ကို တိုက်ထားပေးပါ။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ကုသခြင်း 🦆

ဂျင်း ၁ ကျပ်သားကို ထောင်းပြီး အရည်ညှစ်ယူပါ။ ယင်းကို ရေ ၂၅၀ စီစီတွင် ကြံသကာ ၁ ကျပ်သားနှင့် ရေဖျော်ပါ။ ယင်းနှုန်းအတိုင်းရလာသည့် ဖျော်ရည်ကို ဘဲ ၁၀ ကောင်စာနှုန်းဖြင့် သောက်ရေတွင် ရောတိုက်ပါ။

ပဲနံ့သာစေ့ ၁ ကျပ်သားကို ရေ ၁ လီတာနှင့်ပြုတ်ပြီး ရရှိသော အရည်ကို အအေးခံ၍ တိုက်ပါ။ ထိုအရည်ကို သောက်ရေနှင့် ရောပြီး သောက်သုံးစေပါ။ အရွက်များကိုလည်း အစာနှင့် ရောကျွေးနိုင်ပါသည်။

ဆင်နှာမောင်းရွက်(သို့မဟုတ်)ဂွေးရွက် ၁ ဆကို ရေ ၂ ဆရောပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိ ကျိုပါ။ မင်စုတ်ပြွန်(သို့မဟုတ်) အပ်ဖြုတ်ထားသော ပလတ်စတစ်ဆေးထိုးပြွန်ဖြင့် ၁ ရက်လျှင် ၂ ကြိမ်၊ ၃​ ကြိမ် တိုက်ပေးပါ။

ဤရောဂါကိုကာကွယ်ရန်နှင့် ကုသရန်အတွက် ဘဲ ၁ ကောင်စီ ကို ကြက်သွန်ဖြူ ၁ မွှာကျနှုန်းဖြင့် နေ့စဥ် အစာနှင့် ရောကျွေးနိုင်ပါသည်။

မှီငြမ်း-မွေးကုဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဥ်က သင်တန်းမှတ်စုများ။

ရေးသားသူ - ဦးဇော် (dof)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဘဲ
#နှာစေး
#ချောင်းဆိုး
#အအေးမိ
#သဘာဝဆေး
#မွေးမြူနည်း
#အစိမ်းရောင်လမ်း

Agroecology farming မှာ အကြီးမားဆုံးအခက်အခဲက ဈေးကွက်ရရှိနိုင်မှုတဲ့။ ဂေဟစိုက်ပျိုးရေး အထူးသဖြင့် Permaculture မှာ ဈေးကွက...
20/11/2025

Agroecology farming မှာ အကြီးမားဆုံးအခက်အခဲက ဈေးကွက်ရရှိနိုင်မှုတဲ့။

ဂေဟစိုက်ပျိုးရေး အထူးသဖြင့် Permaculture မှာ ဈေးကွက်ကိုမမှုဘဲ Ecosystem services တနည်းအားဖြင့် ဝင်ငွေ မဖြစ်လည်း ပိုရနိုင်တဲ့ တန်ဖိုးတွေက အများကြီးပါ။

ဒီထဲမှာ Zero- Waste mushroom ကို စိတ်ဝင်စားပြီး မှိုကနေ ရနိုင်မယ့် market segment တွေအကြောင်း ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံ စားသုံးမှိုအသင်း ဥက္ကဌ ဆရာ ဦးတင်အောင်နဲ့ မိတ်ဆွေတွေ အများကြီး ဆွေးနွေး ဟောပြောခဲ့ပါတယ်။

လာမယ့် စနေနေ့မှာတော့ မှိုကနေ product segments တွေ ဘယ်လောက်ထုတ်လုပ်နိုင်မလဲ၊ ခူးဆွတ်ပြီးနောက်ပိုင်း စီမံခန့်ခွဲပုံနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေအတွက် စာတွေ့ လက်တွေ့ အလုပ်ရုံဆွေးနွေးပွဲကို myanSEED farm & learning hub မှာ ဆရာမ ဒေါ်ဝင်းဝင်းမော် ကနေ ဦးဆောင် ဆွေးနွေးမှာပါ။

ကားစီစဉ်ရတာမို့ လူဦးရေ အကန့်လည်းရှိလို့ နိုဝင်ဘာ ၂၀ မတိုင်ခင် အမြန် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Scan ဖတ်ပြီးသော်လည်းကောင်း အောက်က link ကနေလည်းကောင်း စာရင်းသွင်းနိုင်ပါတယ်။

တကယ် တက်ရောက်နိုင်မှာ စာရင်းသွင်းဖို့လည်း အကြံပြုလိုပါတယ်။ အသေးစိတ်အစီအစဉ်များကိုတော့ အတည်ပြုရွေးချယ်ခံရတဲ့ မိတ်ဆွေများကို ဆက်သွယ်ပေးပို့ပါမယ်

ဆယိစုနှစ် ရာစုနှစ်သက်တမ်းရှိတဲ့ ပြတင်းပေါက်အဟောင်းတွေနဲ့ ဆောက်ထားတဲ့ Soul Kitchen by the DOORS မှာ လက်တွေ့လုပ်ဖို့ ဆုံကြရအောင်နော် 😍🥗

https://docs.google.com/forms/d/1digxexsxbNwtwaTSn209t3iHSRG130h_tGcDJ6uX6eU/edit

ပြည်ပဆန်တင်ပို့သည့် တန်ချိန်ပမာဏက ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန် ၁၅၀,၀၀၀ကျော် ပိုမိုတင်ပို့နိုင်သော်လည်း ၀င်ငွေပိုင်း လျော့နည...
20/11/2025

ပြည်ပဆန်တင်ပို့သည့် တန်ချိန်ပမာဏက ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန် ၁၅၀,၀၀၀ကျော် ပိုမိုတင်ပို့နိုင်သော်လည်း ၀င်ငွေပိုင်း လျော့နည်းသွားသည်ဟု စာရင်းဇယားများအရ သိရပါသည်။
======================

မြန်မာနိုင်ငံမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ၇ လအတွင်း ဆန်တန်ချိန် ၁၅ သိန်းကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံက အများဆုံး၀ယ်ယူနေသည်ဟု သိရသည်။

တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် မြန်မာဆန်ကို အဓိက၀ယ်ယူနေပြီး ၇ လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၄၀,၀၀၀ ကျော်ရှိနေကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန်အများဆုံး ၀ယ်သည့် အင်ဒိုနီးရှားက ယခုဘဏ္ဍာနှစ်တွင် ၀ယ်လိုအားလျော့နည်းသွားသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ထို့အပြင်ပြည်ပမှဆန်၀ယ်ယူတင်သွင်းနေသည့် ဖိလစ်ပိုင်နိုင်ငံကလည်း ယခုနှစ် စင်တင်ဘာမှစတင်၍ ပြည်ပမှဆန်အ၀ယ် ရပ်နားခဲ့သည်။ သို့သော် ရပ်နားမှုမတိုင်မီ မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၀၀,၀၀၀ကျော် ၀ယ်ယူခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုတွင် ဖိလစ်ပိုင်က ဒုတိယ အများဆုံးနိုင်ငံဖြစ်နေသည်။

၂၀၂၆ ဇန်နဝါရီတွင်လည်း ဖိလစ်ပိုင်က ပြည်ပမှဆန်တန်ချိန် ၃ သိန်းကို တစ်လအတွင်း၀ယ်ယူတင်သွင်းရန် စီစဉ်နေသည်ဟု သိရသည်။

"ဖိလစ်ပိုင်ကို အစိုးရချင်းသဘောတူညီမှုနဲ့ ဆန်ရောင်းဖို့ MRFက စီစဉ်ထားတာမရှိသေးဘူး။ ပုဂ္ဂလိကအနေနဲ့ ရှေးယခင်ထဲက ရောင်းနေမှုများရှိသလို ယခုအခါတွင်လည်း ကုမ္ပဏီတစ်ခုချင်းစီအလိုက် ရောင်းပါလိမ့်မယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာ၀န်ရှိသူတစ်ဦးက ပြောသည်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

လက်ရှိနိုင်ငံတကာဆန်ဈေးကွက်အခြေအနေသည် ဈေးနှုန်းများ ကျဆင်းမှုကြုံနေရပြီး ပြည်ပဆန်တင်ပို့နေသည့် မြန်မာနိုင်ငံအနေဖြင့်လည်း ထိုအခြေအနေကိုကြုံနေရကာ ယခုဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပဆန်တင်ပို့သည့် တန်ချိန်ပမာဏက ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန် ၁၅၀,၀၀၀ကျော် ပိုမိုတင်ပို့နိုင်သော်လည်း ၀င်ငွေပိုင်း လျော့နည်းသွားသည်ဟု စာရင်းဇယားများအရ သိရပါသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#အစိမ်းရောင်လမ်း

#ဆန် #စပါး #စပါးဈေးကွက် #သီးနှံဈေးကွက်

မြန်မာအမည်   = အရွက်​ပြောက်​ရောဂါအင်္ဂလိပ်အမည်= Cercospora leaf spotသိပ္ပံအမည်      = Cercospora canescensမြန်မာနိုင်ငံတ...
20/11/2025

မြန်မာအမည် = အရွက်​ပြောက်​ရောဂါ
အင်္ဂလိပ်အမည်= Cercospora leaf spot
သိပ္ပံအမည် = Cercospora canescens

မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးမှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ မတ်ပဲသီးနှံကို ​ စိုက်ဧက အများအပြား စိုက်​လေ့ရှိကြပါတယ်။ ဒီနှစ်ဆောင်းမှာတော့ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ​ကြောင့် ရန်ကုန်တိုင်းနဲ့ အချို့​ဒေသ​တွေမှာ ပဲစိုက်​တောင်သူများ က​မောက်ကမ ဖြစ်​ခဲ့ရပါတယ်။

စိုက်ပြီး အပင်ငယ်မိုးမိ/ရေဝပ်ခြင်း၊ ဖျက်ပြီးပြန်စိုက်ရခြင်း၊ စိုက်ချိန်​နောက်ကျခြင်း၊ ထွန်​ရေး​ကောင်းစွာမပြင်နိုင်ခြင်း စတဲ့ အခက်အခဲများစွာ ကြုံတွေ့​ခဲ့ရပါတယ်။

​နောက်ဆက်တွဲ ပြဿနာကတော့ ပဲတီစိမ်း၊ မတ်ပဲခင်း​တွေမှာ ရွက်​ပြောက်​ရောဂါ အဖြစ်များလာတာ​တွေ့ရတာပါပဲ။ ဒါကြောင့် ဒီရောဂါဖြစ်လာရင် ဘယ်လိုကာကွယ်ကုသသင့်သလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။

​🫘 ရောဂါဖြစ်စဉ်အကျဉ်းနဲ့ လက္ခဏာ

ရွက်​ပြောက်​ရောဂါ ဆို​ပေမဲ့ ​အော်တာ​နေရီးယားရွက်​ပြောက်၊ ဆာကိုစပိုးရားရွက်​ပြောက် စသဖြင့် အမျိုးမျိုးရှိကြသလို ဆာကိုစပိုးရာရွက်​ပြောက်ရောဂါမှာကိုပဲ သီးနှံအလိုက် မျိုးစိတ်​တွေ များစွာ ကွဲပြားခြားနားကြပါသေးတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

Cercospora ဆိုတာ..

Cerco ဆာကိုနဲ့ Spore စပိုး နဲ့ ​ပေါင်း​ခေါ်ကြတာပါ။

Cerco ဆိုတာ လက်တင်ဘာသာ ဆာကယ်လ်(စက်ဝိုင်းပုံ)လို့ ​ခေါ်ပြီး၊

Spora(စပိုး= ကပ်ပါးမှို)လို့ အဓိပ္ပာယ်ရပါတယ်။

ဒါ​ကြောင့်...Cercosporaဆိုတာ...

"စက်ဝိုင်းပုံ အစက်အ​ပြောက်မှို​ရောဂါ " လို့ ​မြန်မာလိုအဓိပ္ပာယ်ယူနိုင်ပါတယ်။

သီးနှံအမျိုးအစားလိုက်ပြီး ဆာကိုစပိုရာ မျိုးစိတ်​တွေ ကွာခြားပါတယ်။

ဥပမာ..

သကြားမုန်လာမှာ...Cercospora beticola,
ငရုတ်ရွက်​ပြောက်​ရောဂါမှာ... Cercospora capsici
မုန်ညင်း၊ မုန်လာမှာ... Cercospora nasturtii
​မြေပဲရွက်​ပြောက်မှာ... Cercospora arachidicola
စသဖြင့်ကွဲပြားခြားနားကြပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

ရောဂါလက္ခဏာ

ပဲတီစိမ်း၊ မတ်ပဲ သီးနှံမှာ​တော့..

Cercospora canescens လို့ ခေါ်တဲ့ မျိုး​စေ့​ဆောင်မှို(seed borne) ​ကြောင့် ဆာကိုစပိုရာရွက်​ပြောက်​ရောဂါဖြစ်​စေတာပါ။

​အောက်ရွက်​တွေ​ပေါ်မှာ အညို​ရောင်အစက်အ​ပြောက်​လေး​တွေနဲ့ အဝါ​ရောင်နှုတ်ခမ်း နားသတ်ပုံစံ ​တွေ့ရပါတယ်။

မိုးကြီးရွာပြီး ​နောက်ရက်​တွေမှာ မြေကြီးထဲက မှိုစပိုး​တွေက မိုး​ရေ​ပေါက်​တွေကတဆင့် အရွက်ရဲ့ တစ်သျှူးသားထဲ ထိုး​ဖောက်ဝင်​ရောက်ပါတယ်။

ရာသီဥတု စွတ်စိုချိန်ကြာ​လေ ရောဂါတိုးပွား​လေဖြစ်ပြီး ဆာကိုစပိုး​တွေ တခုနဲ့တခု ဆက်မိပြီး အရွက်တခုလုံး မဲ​ခြောက်သွားတတ်ပါတယ်။

မည်သို့ပင်ဆို​စေကာမူ...

အရွက်​ပေါ် ဒဏ်ရာဖြစ်​ပေါ်ခြင်းသည် အစာချက်အားနည်းပြီး အပင်မကြီး၊ အသီးမသီးနိုင်ဘဲ သီးနှံအထွက်နှုန်း၊ အရည်အ​သွေးကို များစွာထိခိုက်​စေပါတယ်။

​ရောဂါပြလက္ခဏာမှာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် သီးနှံ​ပေါ်မူတည်ပြီး အစက်အ​ပြောက်အရွယ်အစား အကြီးအ​သေး ကွာခြားတတ်ပါတယ်။
ပဲပုပ်သီးနှံမှာဆိုရင်တော့ သံ​ချေး​ရောဂါလက္ခဏာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။

ဆာကိုစပိုရာရွက်​ပြောက်​ရောဂါ ဆို​ပေမဲ့ တကယ်ဆိုးရွားလာရင် ရိုးတံ​တွေ၊ အသီး​တွေ၊ အ​စေ့အဆန်​တွေမှာ​တောင် အမဲစက်/အညိုစက်​တွေ ​တွေ့ရတတ်ပြီး တ​ဖြည်းဖြည်း အပင်ကျသွားနိုင်ပါတယ်။

🫘 ကြိုတင်ကာကွယ်ခြင်း

ရောဂါကင်း​သော မျိုး​စေ့ကို အသုံးပြုပါ။

ရွက်​ပြောက်​ရောဂါ ခံနိုင်​သော၊ မျိုး​ကောင်း/သန့် သုံးပါ။

မစိုက်မီ မျိုး​စေ့ကို မျိုးလူး​ဆေး(ဂရိုးမက်စ်/အင်​ဒေါင်း)အသုံးပြုပါ။

အတန်းလိုက်စိုက်စနစ် စိုက်ခြင်းသည်၊​လေဝင်​လေထွက်​ကောင်းပြီး ရောဂါကျ​ရောက်မှု သက်သာ​စေပါတယ်။

ပေါင်းမြက်များကို ကြိုတင်ကာကွယ်ပါ။

​🫘 အော်ဂဲနစ်နည်းဖြင့်ကာကွယ်ခြင်း

ပန်းသီးက​ဇော်ရည်(Apple cider venigor)ကဲ့သို့ သစ်သီးအချဉ်ဖောက်အရည်များကို ​ရေတဂါလံ ၅၀ စီစီနှုန်း

နွားနို့(တိရစ္ဆာန်နို့) ကို ​ရေတဂါလံမှာ ၅၀ စီစီနှုန်း

တမာဆီကို ​ရေတဂါလံ ၂၀ စီစီနှုန်း

ဟိုက်ဒြိုဂျင်ပါ​အောက်ဆိုဒ် ၃% ကို ​ရေတဂါလံ ၅ စီစီနှုန်း စသဖြင့် ဖျန်းပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

​(မှတ်ချက်။ နေပူချိန်မဖျန်းရ)

ဓာတုမှိုသတ်​ဆေး အသုံးပြုနှိမ်နင်းခြင်း

ကလိုရိုသာလို​နေးလ်

သိုင်အိုဖီနိတ်မီသိုင်း

ပရိုပီကိုနာဇိုးလ်

ကော့ပါးဟိုက်​ဒြောက်ဆိုဒ်/​အောက်ဆီကလိုရိုဒ် စတဲ့ မှိုသတ်​ဆေးတမျိုးမျိုးဖြင့် အသုံးပြုနှိမ်နင်းနိုင်ပါတယ်။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#ပဲတီစိမ်း
#မတ်ပဲ
#ဆာကိုစပိုးရားရွက်ပြောက်ရောဂါ
#စိုက်ပျိုးနည်း
#အစိမ်းရောင်လမ်း

“မျက်လုံးပြူးတယ်။ ကြည့်လိုက်ရင် အမြဲတမ်း ငိုက်နေတဲ့ ပုံစံနဲ့။ နေ့ဘက်အိပ်ပြီး ညဘက်မှ ကျက်စားကြတယ်။ မြန်မာလူမျိုးတွေက ငွေဝ...
20/11/2025

“မျက်လုံးပြူးတယ်။ ကြည့်လိုက်ရင် အမြဲတမ်း ငိုက်နေတဲ့ ပုံစံနဲ့။ နေ့ဘက်အိပ်ပြီး ညဘက်မှ ကျက်စားကြတယ်။ မြန်မာလူမျိုးတွေက ငွေဝင်စေတဲ့ လာဘ်ကောင်လို့ သတ်မှတ်ထားကြတယ်”

ဘာကောင်ကို ပြေးမြင်မိကြပါသလဲ....?

မှန်ပါတယ်။

🦉 ဇီးကွက်လေးတွေအကြောင်း ပြောနေတာပါ။

အော်သံကို အစွဲပြုပြီး ဇီးကွက်လို့ ခေါ်ကြတဲ့ ဒီကောင်လေးတွေကို အန္တာတိကတိုက်နဲ့ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေကလွဲလို့ ကန္တာရကနေ အာတိတ်ရေခဲပြင်အထိ ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွေ့ရပါတယ်။ ကြီးမားလုံးဝန်းတဲ့ မျက်လုံးတွေ ရှိပြီးတော့ ချွန်ထက်တဲ့ လက်သည်း၊ ကောက်ချိတ်ချိတ် နှုတ်သီးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာ ပိုင်ဆိုင်ထားကြပါတယ်။ ဇီးကွက်မျိုးကွဲပေါင်း ၂၅၀ ဝန်းကျင် ရှိပြီးတော့ မြန်မာပြည်မှာတော့ မျိုးစိတ်ပေါင်း ၂၅မျိုးခန့် ကျက်စားလျက်ရှိပါတယ်။ ဒီထဲကမှ ထင်ရှားတဲ့ ဇီးကွက်နွယ်ဝင်တွေကို ပြောရရင် ဇီးကွက်၊ ဒီးဒုတ်၊ မြီးဝန်၊ ခင်ပုပ် စတာတွေအပြင် နိမိတ်မကောင်းတဲ့ ငှက်ဆိုးဆိုပြီး မတရားစွပ်စွဲခံနေရတဲ့ လင်ကောင်ပိုးငှက်ဟာလဲ လာဘ်ကောင်ရွှေဇီးကွက်နွယ်ဝင်လေးတွေပဲ ဖြစ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

🦉 မြေအောင်းဇီးကွက်(burrowing owl)လို နေ့ဘက် အစာရှာတဲ့ ခြွင်းချက် မျိုးစိတ်အနည်းငယ် ရှိပေမဲ့ ဇီးကွက်တွေရဲ့ အဓိက ဝိသေသလက္ခဏာကို ပြောရရင် နေ့ဘက်မှာ အိပ်စက် အနားယူပြီးတော့ ညဘက်မှာ ကျင်လည်ကျက်စားကြတာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုရင်တော့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်းအရ ဖြစ်တည်လာတဲ့ ဇီးကွက်တွေရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံဟာ ညဖက်မှာ အမဲလိုက်ဖို့ ပိုပြီး သင့်တော်တဲ့ (nocturnal predator) အမျိုးအစားဖြစ်နေလို့ပါ။

သူတို့ရဲ့ မျက်လုံးတွေဟာ အလင်းရောင် နည်းနည်းပဲ ရှိတဲ့ အချိန်မှာ ပိုပြီး အလုပ်လုပ်ကြပါတယ်။ မျက်လုံးတွေဟာ မလှုပ်ရှားနိုင်တဲ့ အသေဖြစ်ပေမဲ့ သူတို့ရဲ့ ခေါင်းကတော့ ၂၇၀ ဒီဂရီထိ လှည့်နိုင်ပါတယ်။ မှိန်ပျပျ လရောင်၊ ကြယ်ရောင်အောက်မှာ သားကောင်တွေကို ကောင်းကောင်းမြင်နိုင်ပြီးတော့ နားကလဲ တော်တော်ပါးပါတယ်။ မျက်လုံးနဲ့ မမြင်ရင်တောင်မှ အသံကြားရုံနဲ့ သားကောင် ဘယ်နေရာမှာရှိလဲ ဆိုတာကို အတိအကျ သိနိုင်ပါတယ်။ သူတို့ရဲ့တောင်ပံတွေဟာဆိုရင်လဲ နူးညံ့တဲ့ အမွှေးတွေနဲ့ ဖုံးအုပ်ထားပြီး အသံမကြားရအောင် ပျံသန်းနိုင်ပါတယ်။ သားကောင်ကို အသံလုံလုံနဲ့ ချဉ်းကပ်ပြီး ချွန်ထက်တဲ့ လက်သည်းတွေနဲ့ တချက်ထဲ လက်စသိမ်းတတ်တဲ့ လုပ်ကြံရေးသမားကောင်း (assassin) တွေလို့ ဆိုရင်လဲ မမှားပါဘူး။ ဒီလိုအားသာချက်တွေအပြင် ညဘက်မှာ အမဲလိုက်တာက သိမ်းငှက်၊ စွန် စတဲ့ နေ့ဘက် အမဲလိုက်တဲ့ကောင်တွေနဲ့ အစာကို ယှဉ်လုစရာမလိုတော့တဲ့အတွက် ပိုပြီး အဆင်ပြေပါတယ်။

🦉 ဇီးကွက်အများစုဟာ သစ်ခေါင်းတွေနဲ့ တခြား ငှက်တွေ စွန့်ပစ်သွားတဲ့ အသိုက်ဟောင်းတွေမှာ နေလေ့ရှိကြပါတယ်။ သူတို့ရဲ့ အဓိကအစာက ကြွက်ဖြစ်ပြီးတော့ ဇီးကွက်တကောင်ဟာ တနှစ်ကို ကြွက်အကောင်ရေ ၃၀၀ ကနေ ၇၀၀ အထိ သတ်ဖြတ်စားသောက်တယ်လို့ ဆိုပါတယ်။ တခြားသော ငှက်တွေ၊ ငါး၊ အင်းဆက်တွေနဲ့ သမင်ပေါက် မြေခွေးပေါက်လေးတွေထိ စားကြပါတယ်။ သူတို့စားသောက်ပုံကတော့ အကောင်လိုက်မြိုချပြီး အစာမခြေနိုင်တဲ့ အမွှေးတွေ အရိုးတွေကို အလုံးလေးတွေ (Pellets) အဖြစ် ပြန်အန်ထုတ်တာပါ။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

🦉 မျိုးပွားပုံ အကြောင်းပြောရရင် ဇီးကွက်တွေက ဆောင်းနှောင်းပိုင်းနဲ့ နွေဦးမှာ မိတ်လိုက်လေ့ရှိကြပါတယ်။ မျိုးစိတ်အများစုဟာ တလင်တမယားစနစ်(Monogamy) ကို ကျင့်သုံးကြပြီးတော့ မိတ်လိုက်ရာသီအတွင်း အဖိုတကောင်က အမတကောင်နဲ့သာ မိတ်လိုက်လေ့ရှိကြပါတယ်။ ဒီထဲမှာ တချို့သော ဇီးကွက်စုံတွဲဆိုရင် ရာသက်ပန်အထိ လက်တွဲသွားကြပါတယ်။

ဆက်ပြောရရင် မိတ်လိုက်ချိန်မှာ ဇီးကွက်ဖိုတွေ အမကို ချဉ်းကပ်တဲ့ပုံက ချစ်စရာကောင်းသလို စိတ်ဝင်စားစရာလဲ ကောင်းပါတယ်။ ပထမဆုံးအနေနဲ့ ဇီးကွက်ဖိုက အမတွေကို ဆွဲဆောင်ဖို့ ကျယ်လောင် ရှည်လျားပြီး ရှုပ်ထွေးတဲ့ အော်မြည်သံပေးပါတယ်။ ဒီအသံတွေက သူတို့ရဲ့ ခွန်အား၊ ကျန်းမာမှုနဲ့ နယ်မြေကာကွယ်နိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ ဇီးကွက်မတွေဟာ အဖိုတွေရဲ့ အသံကို အကဲဖြတ်ပြီးတော့ နှစ်သက်သဘောကျရင် အသံပြန်ပေးပါတယ်။ ဒီလိုအမသံရရင် အဖိုတွေက ဆက်ကြိုးစားပါတယ်။ ကြွက်ဖမ်းပြီးတော့ ဇီးကွက်မဆီကို လက်ဆောင်ယူလာပေးပါတယ်။ ဒီလက်ဆောင်က ဇီးကွက်ဖိုရဲ့ အမဲလိုက်နိုင်စွမ်းနဲ့ ပေါက်ပွားလာမဲ့ မျိုးဆက်အတွက် အစာရှာဖွေပေးနိုင်စွမ်းကို ပြသခြင်းပဲ ဖြစ်ပါတယ်။ ဇီးကွက်မက လက်ဆောင်ကို လက်ခံလိုက်တယ်ဆိုရင် အဖိုကို စိတ်ဝင်စားကြောင်း ပြန်ပြတာပါ။ ဒါတွေတင် မပြီးသေးပါဘူး။ ဇီးကွက်ဖိုက ရင်ဘတ်ကိုကော့ အမွှေးတွေကို ဖွပြီး သန်မာကြောင်းပြပါတယ်။ တချို့မျိုးစိတ်(ဥပမာ- လင်ကောင်ပိုး) တွေမှာဆိုရင် လေဟုန်စီးပြတာ၊ လေပေါ်ကနေ ဇောက်ထိုးဆင်းတာ၊ ကွေ့ဝိုက်ပျံသန်းတာစတဲ့ လေကြောင်းပြကွက်(Aerial display)တွေ အထိလုပ်ပြပြီး မျက်နှာလုပ်ကြပါတယ် (ချစ်မိသွားရင် ဇီးကွက်တွေလဲ အကောင်းမနေရပါဘူး- ဤကား စကားချပ်)။ ဒီလိုအဆင့်တွေ ပြီးဆုံးသွားတဲ့အခါမှာတော့ ဇီးကွက်မနဲ့ နောင်ပေါက်ဖွားလာမဲ့ ဇီးကွက်ငယ်လေးတွေကို အောင်မြင်စွာ လုပ်ကျွေးစောင့်ရှောက်ခွင့်ရရှိသွားပါတယ်။ အတွဲဖြစ်သွားတဲ့ ဇီးကွက်တွေဟာ အချင်းချင်း အမွှေးအတောင်တွေကို နှုတ်သီးနဲ့ ညင်ညင်သာသာ သပ်ပေးပြီး သန့်ရှင်းရေးလုပ်ပေးကြပါတယ်။ သစ်ကိုင်းတခုထဲမှာ ပူးပူးကပ်ကပ်နားတာ၊ အပြန်အလှန် နူးညံ့တဲ့ အော်မြည်သံ ပေးတာ စတာတွေကို ပြုလုပ်ကြပါတယ်။ နှစ်တွေအကြာကြီးကနေ ရာသက်ပန်အထိ တူတူရှိကြပြီးတော့ မျိုးဆက်တွေကို အတူတကွ စောင့်ရှောက်ကြပါတယ်။

🦉 အချုပ်အနေနဲ့ ပြောရရင် ဇီးကွက်တွေက ဂေဟစနစ်အတွက်လဲ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီကောင်လေးတွေက ကျနော်တို့ တောင်သူဦးကြီးတွေအတွက် အဖော်မွန်ဆိုလဲ မမှားပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇီးကွက်တကောင်ဟာ ကျနော်တို့ရဲ့ သီးနှံတွေကို ကိုက်ဖြတ်ဖျက်စီးမဲ့ ကြွက်အကောင်ရေ ၇၀၀ လောက်ထိကို သတ်ဖြတ်ပေးပါတယ်။

ဒါက သီးနှံတွေ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်တဲ့အပြင် ရောဂါဖြန့်ဖြူးသူတွေ ဖြစ်တဲ့ ကြွက်အကောင်ရေကိုလဲ ထိန်းချုပ်ပေးတဲ့အတွက် လူထုကျန်းမာရေးအတွက်ပါ အကျိုးပြုပေးခြင်းလဲ ဖြစ်ပါတယ်။ ဒီလို အဖက်ဖက်ကနေ အကျိုးပြုပေးတာတွေကြောင့်လဲ သစ်တော့ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးစာရင်းမှာ မြန်မာပြည်အနှံ့ ကျက်စားနေတဲ့ ဇီးကွက် ၂၅မျိုးလုံးကို ထည့်သွင်းထားတဲ့အပြင် ဇီးကွက်မရဲ့ အချစ်ကိုရဖို့ အိုင်ဒေါဝင်ပြိုင်ရတဲ့ ညဉ့်ဘုရင် ဇီးကွက်ဖိုတွေကော တောင်သူ့အကျိုးပြုနေတာမို့ စိုက်ပျိုးသူတို့ရဲ့ အချစ်ကိုရော ရနိုင်မလားဗျာ...

ရေးသားသူ - Thu Ra Nyi Nyi

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဇီးကွက်

#ကြွက်
#အစိမ်းရောင်လမ်း

Attention Agri Businesses: Your Marketing is Evolving.Stop relying solely on crowded social media feeds! The most effect...
20/11/2025

Attention Agri Businesses: Your Marketing is Evolving.
Stop relying solely on crowded social media feeds!

The most effective way to reach your audience is through content-driven native advertising on specialized platforms.
The original article predicting the shift (link below!) was right: Consumers now trust ads seen in editorial/specialized environments more than social media, and native ads consistently generate higher engagement and brand trust.

Green Way Myanmar is that trusted, specialized environment for the agriculture sector. We offer you the chance to position your products, services, and expertise as valuable content that blends seamlessly with the information our highly engaged, mobile audience is actively seeking.

✅ Be Seen: Beat the ad blockers and the social media algorithm clutter.
✅ Be Trusted: Associate your brand with quality, relevant agricultural content.
✅ Be Effective: Drive traffic and conversions with content that truly engages.

Don't just advertise—become a trusted resource.

👉 See the Trend: [https://www.socialmediatoday.com/news/in-2020-native-advertising-will-be-more-programmatic-and-mobile-but-less/550991/]

👉 Advertise with Green Way Myanmar: Message us or Call to +95943121627, +959775053570

⛈️ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၂ မှ ၂၄ ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ...
20/11/2025

⛈️ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၂ မှ ၂၄ ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်ရာမှ ပိုမိုအားကောင်းလာပြီး အနည်းဆုံးမုန်တိုင်းငယ် (Deep Depression) ဖြစ်လာနိုင်ပါတယ်။ ECMWF Chart များအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၇၀% ရှိနေကြောင်းလည်းတွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ GFS Model ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၅ ရက် မှာဖြစ်လာနိုင်တဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတောင်ပိုင်းဒေသအချို့မှာ မိုးအနည်းငယ်ရွာနိုင်ပြီး လေပြင်းတစ်နာရီ ၁၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်နိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးပင်လယ်ကမ်းခြေမှာ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့် ရှိနိုင်ပါတယ်။

GFS Model ကြိုတင်ခန့်မှန်းချက်အရ တနင်္သာရီတိုင်းတောင်ပိုင်းအစွန် ကော့သောင်းခရိုင်နဲ့ မွန်ပြည်နယ် ကျိုက်ထိုခရိုင်တို့မှာ မိုးအသင့်အတင့်မှ မိုးအနည်းငယ်များနိုင်ပြီး ကျန်ပြည်နယ်တိုင်းအားလုံးမှာ မိုးအနည်းငယ်သာရွာသွန်းနိုင်ကာ ဧရာဝတီတိုင်းအနောက်ဘက် (ငွေဆောင်+ချောင်းသာ ကမ်းခြေများ)နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းရိုးတန်းဒေသအချို့မှာ မိုးအနည်းငယ်နှင့် လေတိုက်နှုန်း တနာရီ ၃၀ မိုင်ခန့် တိုက်ခတ်နိုင်ပါတယ်။

ဧရာဝတီတိုင်းမှ စပါးရိတ်သိမ်းဆဲတောင်သူများ၊ ဆားလုပ်ငန်း ဆားကွင်းများမှာ မိုးအနည်းငယ်ရွာနိုင်ပါမယ်။ ပင်လယ်ပြင်မှာ လှိုင်းလေထန်လာနိုင်တာကြောင့် ရေလုပ်သားများနှင့် ကမ်းနီး/ကမ်းဝေး ပင်လယ်ပြင်ခရီးသွားများ သတိပြုနိုင်ကြပါရန်အတွက် ဆရာဦးဝင်းနိုင်မှ တင်ပြထားပါတယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။

#မိုးလေဝသ
#မုန်တိုင်း
#ရာသီဥတု
#ဧရာဝတီ
#စပါး
#အစိမ်းရောင်လမ်း

19/11/2025

🥒🐍 မြွေကြောင့် သခွားသီးခါးတာလို့ ပြောနေကြလို့...

အစိမ်းရောင်လမ်းက သခွားသီးနဲ့ မြွေကို အင်တာဗျူးကြည့်လိုက်တယ်

သူတို့ ဘယ်လိုဖြေကြမလဲ 👇

ဆာဒင်း(sardines)လို့ခေါ်တဲ့ သေးငယ်တဲ့ ဒီငါးလေးတွေကို ငါးသေတ္တာဘူးတွေအတွက် အဓိကထားအသုံးပြုလေ့ ရှိကြပါတယ်။ ဒီငါးလေးတွေဟာ က...
19/11/2025

ဆာဒင်း(sardines)လို့ခေါ်တဲ့ သေးငယ်တဲ့ ဒီငါးလေးတွေကို ငါးသေတ္တာဘူးတွေအတွက် အဓိကထားအသုံးပြုလေ့ ရှိကြပါတယ်။ ဒီငါးလေးတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းကျိုးတွေရရှိစေနိုင်မယ့် အာဟာရဓာတ်တွေအမြောက်အများ ပါဝင်နေပါတယ်။

Sardines ငါးတွေဟာ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုမိုသင့်တော်တဲ့ငါးတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ Calcium နဲ့ အခြားသော မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေဟာလည်း ဒီငါးလေးတွေမှာ ပါဝင်တာမို့ ဆာဒင်းငါးရဲ့ကျန်းမာရေး အကျိုးပြုပုံတွေကို ဖော်ပြပေးလိုက်ပါရစေ။

၁။ အိုမီဂါ-၃ ဖက်တီးအက်ဆစ်(Omega -3 Fatty Acid) ကြွယ်ဝခြင်း

နှလုံးရောဂါကို ကာကွယ်ရာမှာအထောက်အကူပေးတဲ့ omega -3 fatty acid ကို ဆာဒင်းငါးတွေမှာ ပေါကြွယ်ဝစွာ တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် သွေးခဲခြင်းနဲ့ သွေးပေါင်ချိန်ကျခြင်း အစရှိတဲ့ ရောဂါတွေ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

၂။ အသားဓာတ်(Protein) ကြွယ်ဝခြင်း

ကျန်းမာတဲ့အရိုးအဆစ်နဲ့ ကြွက်သားတွေတည်ဆောက်ဖို့အတွက် အရေးပါတဲ့ Protein(အသားဓာတ်) ကိုလည်း ဆာဒင်းငါးတွေကနေ ရရှိနိုင်ပါသေးတယ်။ ပရိုတင်းကတော့ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကိုအားကောင်းစေရုံသာမက မရှိမဖြစ်လိုအပ်တဲ့ oxygen ကိုလည်း ခန္ဓာကိုယ်အနှံ့ကို သယ်ယူပို့ဆောင်ဖို့အတွက် တာဝန်ယူဆောင်ရွက်ပေးပါတယ်။

၃။ ဗီတာမင် ( Vitamin)ဓာတ်ကြွယ်ဝခြင်း

ဆာဒင်းငါးတွေဟာ Vitamin-B 12 အတွက် အဓိကအရေးပါတဲ့ ပင်မအရင်းအမြစ်တစ်ခုပါ။ B-12 ဟာ နှလုံးနဲ့သွေးကြောစနစ်တွေကို ပိုမိုအားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပဲ အရိုးအဆစ်ကျန်းမာဖို့အတွက်လိုအပ်တဲ့ Vitamin -D ပမာဏကိုလည်း ဒီငါးတွေကနေတဆင့် လုံလောက်စွာ ရရှိနိုင်ပါတယ်။

၄။ ကယ်လ်စီယမ်ဓာတ်(Calcium) ကြွယ်ဝခြင်း

ဆာဒင်းငါးတွေမှာ Calcium ဓာတ် ပေါပေါများများ တွေ့ရလေ့ရှိပြီး နို့ထွက်ပစ္စည်းနဲ့ ဓာတ်မတည့်သူ တွေ၊ အစားအစာမှာ Calcium ဓာတ်လိုအပ်နေသူတွေအတွက်တော့ ဒီငါးဟာ ရွေးချယ်စရာတစ်ခုပါ။

*စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

၅။ သတ္တုဓာတ် (Minerals) ကြွယ်ဝခြင်း

ဆာဒင်းငါးတွေမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ ဖော့စ်ဖရပ် တို့လိုအရေးပါတဲ့ mineral (သတ္တုဓာတ်)တွေ အများအပြား ပါဝင်နေတာကို တွေ့ရှိရပါတယ်။ Minerals ဓာတ်တွေဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့နဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လည်ပတ်စေဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

​Ref: www.healthline.com

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ငါး
#ငးါသေတ္တာ
#ဆာဒင်းငါး
#ကျန်းမာရေး
#စိုက်ပျိုးနည်း
#အစိမ်းရောင်လမ်း

Address

No. 60, Yadanar Thukha Street, Lay Daung Kan, Thingangyun Yadanar Road
Yangon
11071

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+95943121627

Website

https://t.me/greenwaymyanmar

Alerts

Be the first to know and let us send you an email when Green Way - အစိမ်းရောင်လမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Way - အစိမ်းရောင်လမ်း:

Share

အစိမ်းရောင်လမ်းဆိုတာ

စိမ်းလန်းသောမြန်မာ့မြေမှတောင်သူဦးကြီးများအတွက် ယုံကြည်စိတ်ရသော စိုက်ပျိုး/ မွေးမြူရေးဆိုင်ရာ ဖုန်းဆော့ဝဲလဲတစ်ခုအဖြစ် အစိမ်းရောင်လမ်း - Green Way က ရပ်တည်လျှက် ရှိပါတယ်။ သင်ဟာ စိုက်ပျိုး၊ မွေးမြူရေးသမားတစ်ဦးဆို အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလဲလေးဟာ သင့်အတွက် အိတ်ဆောင် အဖော်မွန်လေး ဖြစ်စေမှာမို့ တစ်ကြိမ်လောက်ဖြစ်ဖြစ် သုံးကြည့်လိုက်ပါ။

အခမဲ့ ဒေါင်းလော့ရယူရန်... dl.greenwaymyanmar.com