Teacher Yoon - English Mastery

Teacher Yoon - English Mastery 📌Video Classes နဲ့ One to One Class များ Page Messenger မှာ အပ်နှံနိုင်ပါတယ်

အလုပ် Interview ဖြေမဲ့သူများအတွက် စာအုပ်လေး💢Telegram မှာ တင်ပေးထားပါတယ်https://t.me/masteringenglishwithyoon✅Video Class...
08/05/2026

အလုပ် Interview ဖြေမဲ့သူများအတွက် စာအုပ်လေး

💢Telegram မှာ တင်ပေးထားပါတယ်
https://t.me/masteringenglishwithyoon

✅Video Classes များ Page Messenger ကနေ အပ်နှံနိုင်ပါတယ်။

❗𝐉𝐨𝐛 နဲ့ 𝐖𝐨𝐫𝐤 ကို အရမ်းမှားသုံးကြတယ် ဘာကွာလဲ ??✅Job ဆိုတာက လူတစ်ယောက်ရဲ့ ပုံမှန် "ရာထူး"/ "အလုပ်အကိုင်" ကို ဆိုလိုတာပါ။ ...
07/05/2026

❗𝐉𝐨𝐛 နဲ့ 𝐖𝐨𝐫𝐤 ကို အရမ်းမှားသုံးကြတယ် ဘာကွာလဲ ??

✅Job ဆိုတာက လူတစ်ယောက်ရဲ့ ပုံမှန် "ရာထူး"/ "အလုပ်အကိုင်" ကို ဆိုလိုတာပါ။ ဥပမာ- ဆရာဝန်၊ အင်ဂျင်နီယာ၊ အရောင်းဝန်ထမ်း စတာတွေဟာ Job တွေဖြစ်ပါတယ်။

I am looking for a new job.
She has two jobs.
Teaching is a great job.

✔️Jobs > driver, teacher, manager, nurse, etc.

✅Work ကတော့ အလုပ်တစ်ခုပြီးမြောက်ဖို့ "လုပ်ဆောင်ချက်" ကို ဆိုလိုတာပါ။ ရုံးသွားတာ၊ အိမ်စာလုပ်တာ၊ ပန်းကန်ဆေးတာ စတာတွေအားလုံးဟာ Work ပါပဲ။

They have a lot of work today.
I work at a school. (verb)

✔️ Work > ironing, homework, cooking, cleaning, etc.

ရောပြီးလေ့လာကြည့်မယ်

My job is an English teacher. I have a lot of work every day, like planning lessons, marking homework, and preparing materials.



ဒီစကားက ဧည့်သည်လာရင် လူတိုင်းပြောဖူးကြပါတယ်✅ Help yourself ="ခွင့်တောင်းမနေဘဲ မေးမနေဘဲ လွတ်လွတ်လပ်လပ်ယူပါ" ဆိုတဲ့ အဓိပ္ပ...
03/05/2026

ဒီစကားက ဧည့်သည်လာရင် လူတိုင်းပြောဖူးကြပါတယ်

✅ Help yourself ="ခွင့်တောင်းမနေဘဲ မေးမနေဘဲ လွတ်လွတ်လပ်လပ်ယူပါ" ဆိုတဲ့ အဓိပ္ပာယ်ပါ

စားသောက်တဲ့နေရာမှာ ပြောတဲ့ အခါ "ထည့်စားနော်" လို့ ဘာသာပြန်လို့ရပါတယ်။

👨👩 Host: There’s plenty of rice and curry. Help yourself.
အိမ်ရှင် : ထမင်းတွေ ဟင်းတွေအများကြီးရှိတယ်။ ထည့်စားနော်။

👨‍🦱Guest: Thanks, I will.
ဧည့်သည်: ဟုတ်ကဲ့ ထည့်စားပါ့မယ်။

---------

အလုပ်ခွင် အသုံးလေး ကြည့်ရအောင်။

🧓Manager : Help yourself to any office supplies you need.
မန်နေဂျာ: ရုံးကပေးတဲ့ ပစ္စည်းတွေ လိုရင် ယူသုံးကြနော်။

👩‍🦳👨Employee: Okay, thank you.
ဝန်ထမ်းများ: ဟုတ်ကဲ့ ကျေးဇူးပါ။

💢ဒီလို အသုံးလေးတွေ ထပ်လေ့လာချင်ရင် Page ကို စောင့်ကြည့်ပါ



💢 𝗕𝗼𝗿𝗿𝗼𝘄 ⬅️- သူများဆီကနေ ကိုယ်က တစ်ခုခုကို ချေးငှားယူတာ ဖြစ်ပါတယ်။ (Take)E.g.1; Can I borrow your pen for a minute?မင်းရ...
30/04/2026

💢 𝗕𝗼𝗿𝗿𝗼𝘄 ⬅️
- သူများဆီကနေ ကိုယ်က တစ်ခုခုကို ချေးငှားယူတာ ဖြစ်ပါတယ်။ (Take)

E.g.1; Can I borrow your pen for a minute?
မင်းရဲ့ဘောပင်လေး ငါ့ကိုခဏလောက် ငှားနိုင်မလား။

E.g.2; He borrowed my book last week.
သူ ငါ့ရဲ့စာအုပ်ကို ရှေ့အပတ်က ငှားခဲ့တယ်။
--------------------------------------------------

💢 𝗟𝗲𝗻𝗱 ➡️
- ကိုယ်က သူများကို တစ်ခုခု ချေးငှားပေးတာ ဖြစ်ပါတယ်။ ( Give)

E.g.1; Can you lend me some money?
မင်း ငါ့ကို ပိုက်ဆံချေးလို့ရမလား။

E.g.2; Thaw Thaw lent her dress to Su Su.
သော်သော်က သူမရဲ့ ၀တ်စုံကို စုစု ကို ငှားခဲ့တယ်။
-------------------------------------------------

💢 𝗥𝗲𝗻𝘁
- အရာတစ်ခုခုကို အချိန်တစ်ခုကြာအောင် ငှားတဲ့အခါ သုံးပါတယ်။ (အိမ်တို့ကားတို့လိုပါ)

E.g.1; We rent an apartment near the Ocean supermarket.
Ocean ကုန်တိုက်အနီးမှာ ငါတို့တွေ တိုက်ခန်းတစ်ခန်း ငှားခဲ့တယ်။

E.g.2; I'm going to rent a car for the weekend.
အားလပ်ရက်လည်ဖို့အတွက် ငါ ကားတစ်စီး ငှားမယ်။
-------------------------------------------------

💢 𝗛𝗶𝗿𝗲
- တစ်ရက်စာ သို့မဟုတ် အချိန်တိုတို အတွက်ပဲ အထူးကျွမ်းကျင်သူ/၀န်ဆောင်မှုတစ်ခုခုကို ငှားတဲ့အခါ သုံးပါတယ်။

E.g.1; They hired a photographer for engagement ceremony.
သူတို့တွေ စေ့စပ်ပွဲအတွက် ဓာတ်ပုံဆရာ တစ်ယောက်ကို ငှားခဲ့တယ်။

E.g.2; We hired a band for the party.
ငါတို့တွေ ပါတီအတွက် တီးဝိုင်း တစ်ခုကို ငှားခဲ့တယ်။




💢 Tenses စုစည်းမှုမရောအောင် လေ့လာရန် Tenses တွေကို တစ်ခုချင်း သုံးပုံရော သိပါသလား ?
29/04/2026

💢 Tenses စုစည်းမှု
မရောအောင် လေ့လာရန်

Tenses တွေကို တစ်ခုချင်း သုံးပုံရော သိပါသလား ?



Take နဲ့ Bring က ဘာကွာလဲ ❓Take ကတော့ တစ်ခုခုကို ကိုယ်ရှိတဲ့နေရာကနေ အခြားတစ်နေရာကို ယူသွားတာ ကိုဆိုလိုပါတယ်e.g. She takes...
27/04/2026

Take နဲ့ Bring က ဘာကွာလဲ ❓

Take ကတော့ တစ်ခုခုကို ကိုယ်ရှိတဲ့နေရာကနေ အခြားတစ်နေရာကို ယူသွားတာ ကိုဆိုလိုပါတယ်
e.g. She takes her iPad to school every day.
e.g. Take the umbrella with you. It's going to rain.

Bring ကတော့ တစ်ခုခုကို ကိုယ်သွားမဲ့နေရာ ကိုယ်ရှိရာဆီ ယူလာတာ ကို ဆိုလိုပါတယ်
e.g. Can you bring me a cup of tea, please?
e.g. I brought drinks to the party.



26/04/2026

Take နဲ့ Bring က

ဘာကွာပါသလဲ ?

မင်းကလည်း ဆတ်ဆတ်ထိမခံဘူးထစ်ခနဲဆို စိတ်ကောက်ဖို့ပဲတတ်တယ်ငါကလည်းမင်းမျက်နှာတချက်ကလေးပျက်ရင်မနေတတ်ဘူးချော့ဖို့ပဲတတ်တယ် ။  #...
25/04/2026

မင်းကလည်း
ဆတ်ဆတ်ထိမခံဘူး
ထစ်ခနဲဆို
စိတ်ကောက်ဖို့ပဲ
တတ်တယ်

ငါကလည်း
မင်းမျက်နှာ
တချက်ကလေးပျက်ရင်
မနေတတ်ဘူး
ချော့ဖို့ပဲတတ်တယ် ။
#မင်းလူ

You’re so touchy, quick to pout,
At every little thing you do.

But when your face begins to cloud,
I only know how to coax you out.


Myanmar version by [ဆရာမင်းလူ]
Translation [‌Yoon]

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Teacher Yoon - English Mastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Teacher Yoon - English Mastery:

Shortcuts

Share