Flash & Sight - Corporate Training

Flash & Sight - Corporate Training တစ်ဦးတစ်ယောက်ချင်းစီ၏ မတူညီသော စွမ်းအားများဖြင့် လုပ်ငန်းများပိုမိုတိုးတက်စေရန် Create a tailor make customer service training for your business

Personal Development Course day 3
20/06/2025

Personal Development Course day 3





Personal Development Course Day 2
19/06/2025

Personal Development Course Day 2





Personal Development Course
18/06/2025

Personal Development Course







Customised course for Branch Managers
11/06/2025

Customised course for Branch Managers

Special course for Branch Manager….
06/06/2025

Special course for Branch Manager….

Preparation to become branch managers
04/06/2025

Preparation to become branch managers





နှစ်သစ်အခါသမယမှ အစပြု၍ ကောင်းခြင်းမင်္ဂလာ အဖြာဖြာတို့ ဖြစ်ထွန်းပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်
17/04/2025

နှစ်သစ်အခါသမယမှ အစပြု၍ ကောင်းခြင်းမင်္ဂလာ အဖြာဖြာတို့ ဖြစ်ထွန်းပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်





ဆွေးနွေးနိုင်ဖို့ …. ☺️☺️☺️
07/03/2025

ဆွေးနွေးနိုင်ဖို့ …. ☺️☺️☺️

❗ ဘဝရဲ့အမှောင်ဆုံးအချိန်တွေမှာ မျှော်လင့်ချက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ? ❗

ဘဝဆိုတာ လမ်းခရီးတစ်ခုနဲ့တူပါတယ်။ တစ်ခါတစ်ရံမှာ လမ်းက ချောမွေ့နေတတ်ပြီး တစ်ခါတစ်ရံမှာတော့ ကြမ်းတမ်းနေတတ်ပါတယ်။ ကိုယ့်ဆီကို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ စိတ်ဓာတ်ကျစရာတွေက ဆက်တိုက်လာနိုင်ပေမယ့် အဲ့ဒီလိုအချိန်တွေမှာ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးဆုံးပါပဲ။

ဒီ Live Session လေးမှာ
👉 ဘဝရဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ?
👉 စိတ်ဓာတ်ကျနေချိန်မှာ ဘယ်လိုမျှော်လင့်ချက်ထားရှိမလဲ?
👉 ကိုယ့်ကိုယ်ကို ဘယ်လိုအားပေးမလဲ?
👉 အနာဂတ်အတွက် ဘယ်လိုပြင်ဆင်မလဲ? ဆိုတဲ့ အသုံးဝင်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

❗ Resilience (စိတ်ဓာတ်ကြံ့ခိုင်မှု) က ဘာကြောင့် အရေးကြီးတာလဲ? ❗
✅ အခက်အခဲတွေကို ကြောက်ရွံ့စိတ်မရှိဘဲ စနစ်တကျ ရင်ဆိုင်နိုင်မယ်။
✅ ဘဝရဲ့အမှောင်ဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်ကို ထိန်းသိမ်းနိုင်မယ်။
✅ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းနိုင်မယ်။
✅ အနာဂတ်အတွက် ပိုမိုခိုင်မာတဲ့စိတ်ဓာတ်နဲ့ ပြင်ဆင်နိုင်မယ်။
ဒါ့အပြင်၊ Resilience ကို နားလည်သူတွေဟာ ဘဝရဲ့စိန်ခေါ်မှုတွေကို ပိုမိုလွယ်ကူစွာ ကျော်လွှားနိုင်ပြီး၊ ကိုယ့်ရဲ့ဘဝအတွက် ပိုမိုတန်ဖိုးရှိတဲ့သင်ခန်းစာတွေကို ရရှိလာနိုင်ပါတယ်။

ဒါကြောင့် ဘဝရဲ့အမှောင်ဆုံးအချိန်တွေမှာ မျှော်လင့်ချက်ကို ထိန်းသိမ်းနည်းတွေကို ဒီ Free Live Session လေးမှာ အတူတူလေ့လာကြရအောင်!
📅 ရက်စွဲ - မတ်လ ၁၅ ရက် (စနေနေ့)
⏰ အချိန် - ည ၇:၀၀ မှ ၈:၃၀ ထိ
📍 လူတိုင်း အခမဲ့ ဝင်ရောက်နိုင်ပါသည်။
Register လုပ်ရန်လင့် >> https://bit.ly/4kkS21H

အတူတူ ပါဝင်ကြမယ်နော်!

ဒီတစ်ပတ်ပြောပြချင်တဲ့ အကြောင်းအရာလေးက ကျွန်မကိုယ်တိုင် ဘဝရဲ့ ခက်ခဲတဲ့အခြေအနေ အမှောင်ကာလလေးတစ်ခုကို ဖြတ်ကျော်ချိန်မှာ သင်...
07/03/2025

ဒီတစ်ပတ်ပြောပြချင်တဲ့ အကြောင်းအရာလေးက ကျွန်မကိုယ်တိုင် ဘဝရဲ့ ခက်ခဲတဲ့အခြေအနေ အမှောင်ကာလလေးတစ်ခုကို ဖြတ်ကျော်ချိန်မှာ သင်ယူမိတဲ့ သင်ခန်းစာလေးတစ်ခုကို ကျွန်မတို့ ငယ်ငယ်ပညာသင်ယူချိန်မှာ ဖြတ်ကျော်ခဲ့ရတဲ့ အခြေအနေလေးတစ်ခုနဲ့ နှိုင်းယှဥ်ပြီးပြောပြပေးချင်ပါတယ်။

ကျွန်မတို့ဘဝမှာ (လူတိုင်းမဟုတ်ရင်တောင် အတော်များများသူတွေအနေနဲ့) ခက်ခဲတဲ့ အခြေအနေ အမှောင်ကာလ တစ်ခုကို ဖြတ်ကျော်ကြဖူးမယ်လို့ ယုံကြည်ပါတယ်။ တစ်ချို့သူတွေအတွက် အဲ့ဒီ ခက်ခဲတဲ့ အခြေအနေဆိုတာ ငွေကြေးအကျပ်အတည်း ၊ အိမ်ထောင်ရေးအခြေအနေ ၊ ချစ်ရသူတစ်ယောက်ယောက် ဆုံးရှုံးရချိန် စသည်ဖြင့် အနေအထားအမျိုးမျိုးဖြစ်နိုင်ပါတယ်။ အခက်အခဲပေါ်မူတည်ပြီးတော့လဲ ခံစားချက် ပြင်းထန်မှု၊ ဖြတ်သန်းရတဲ့ကာလ ကြာရှည်မှု အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ သေချာတာကတော့ အဲဒီအခြေအနေတစ်ခုကို ကျရောက်တော့မယ်ဆိုတာကိုတော့ ကြိုတင်သိရှိပြီး ပြင်ဆင်ထားဖို့ အခွင့်အရေးရတယ်ဆိုတာ အတော်ရှားတဲ့ အနေအထားဖြစ်တာကတော့ သေချာပါတယ်။ တကယ်တမ်း အဲ့လို အနေအထား ကာလတစ်ခုကို ရောက်ပြီဆိုတာနဲ့ ဘဝဟာ မှောင်အတိကျသွားသလို စိတ်ခံစားမှု၊ တွေးတောဆင်ခြင်နိုင်မှု ၊ ဝေဖန်သုံးသပ်နိုင်မှု စတာတွေဟာ ကန့်လန်ကာ ပိတ်ကာထားသလို ရှေ့မှာ ဘာဖြစ်မယ် ဘာလုပ်မယ်ဆိုတာကိုလဲ ရေရာမှုမရှိတော့ဘဲ လှောင်ပိတ်ခံလိုက်ရတဲ့ အခြေအနေ အနေအထားတစ်ခုကို ရုတ်တရက် ရင်ဆိုင်ရတာပါပဲ။ ဘာမှလုပ်လို့ အဆင်မပြေ လုပ်ဖို့ကိုင်ဖို့ စိတ်ခွန်အားမရှိနဲ့ ကာလတစ်ခုကို ဖြတ်ကျော်ကြရတာပါပဲ။

ပြောချင်တာက ခုမှစမှာပါ - ကျွန်မတို့ ငယ်စဥ်ဘဝ ပညာသင်ကြားတဲ့အခါ စာသင်နှစ် တစ်နှစ်ပြီးလို့ အဆင့်မြင့်တဲ့ အတန်းတစ်တန်းတက်ရောက်ဖို့ဆို အတန်းတင်စာမေးပွဲဖြေဆိုကြရပြီး အရည်အချင်းပြည့်မီတဲ့ အောင်မြင်တဲ့ သူတွေပဲ အတန်းတက်ရောက်ခွင့်ရကြတာကို သတိရစေချင်ပါတယ်။ ဒါက ငယ်စဥ်ဘဝ ပြဌာန်းထားတဲ့ သင်ရိုးတွေနဲ့ အတန်းဆိုတာသတ်မှတ်ထားပြီးသားပါ။ ဘဝကျောင်းမှာတော့ တစ်ဦးနဲ့ တစ်ဦး ဘဝသင်ရိုးပြဌာန်းချက်တွေ မတူညီကြပေမယ့် သေချာတာကတော့ လူတိုင်း မြင့်မားတဲ့ ဘဝအခြေအနေ အနေအထားတစ်ခုကို တိုးတက်တော့မယ် တက်လှမ်းတော့မယ်ဆိုရင် ဒီလူဟာ အရည်အချင်းပြည့်ဝမှုရှိ မရှိ ဆိုတာကို စစ်ဆေးတဲ့ စာမေးပွဲကိုတော့ ဖြေကြရတာအသေအချာပါပဲ။

ဒီနေရာလေးမှာ မျှဝေပေးချင်တာလေးက အဲ့ဒီလို ဘဝစာမေးပွဲဖြေကြရတဲ့အခါ အချို့က စာမေးပွဲစစ်ခံရတယ်ဆိုတာတောင်မသိဘူး တစ်နေ့တာဘဝကို သာမာန်ပဲ ရုန်းရင်းကန်ရင်း ဖြတ်ကျော်သွားကြတယ်။ တစ်ချို့က သတိလေးတော့ ထားမိတယ် ဒါပေမယ့် ပေါ့ပေါ့လေးပဲ တွေးလို့ ဖြစ်တတ်တဲ့သဘောတွေပါ ပြီးတော့လဲ ပြီးသွားမှာပါဆိုပြီး ဖြတ်ကျော်လိုက်ကြတယ် ။ တစ်ချို့ကတော့ ဟာ ငါတော့ အခက်အခဲဖြစ်ပြီ ဒီအနေအထားကနေ အကောင်းဆုံးဖြစ်အောင်ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ရှာဖွေမိကြတယ်။ ဒီနေရာမှာ လောကနိယာမအရ လူတစ်ဦး အောင်မြင်ဖို့ ကံ ၊ ဉာဏ် ၊ ဝီရိယ သုံးပါးလုံးလိုအပ်တာဖြစ်လို့ ကံတရား အခြေအနေတစ်ခုအကျိုးပေးလာချိန်မှာ ကံကိုပြင်ဖို့ ဒါန ၊ သီလ၊ ဘာဝနာ တွေကို ဖြည့်ကျင့်ဖို့ လိုအပ်ပါတယ် (ဒါဟာဘာသာရေးအနေနဲ့မဟုတ်ပါဘူး - လူတိုင်း အလှူအတန်းလုပ်ပါတယ် ၊ မကောင်းတာမလုပ်မိအောင် ကြိုးစားထိန်းသိမ်းကြပါတယ် ၊ မေတ္တာတရားထားတတ်ကြပါတယ်) ၊ ပြီးရင် ဉာဏ်အလုပ်ကတော့ ကိုယ်တွေ့ကြုံရတဲ့ အနေအထားပေါ်မူတည်ပြီး စဥ်းစားသုံးသပ်တတ်ဖို့ ၊ လေ့လာသင်ယူလို့လိုအပ်ပါတယ် (ဥပမာ - ငွေကြေးကြပ်တည်းမှုနဲ့ ကြုံတွေ့ရတဲ့သူအဖို့ ဘယ်နေရာတွေအသုံးအဆွဲ လျော့ချမလဲ ၊ ပိုကောင်းတဲ့ အလုပ်အကိုင်လုပ်ကိုင်ဖို့ ဘယ်လို ပညာရပ်တွေလိုအပ်မလဲ စသည်ဖြင့် သုံးသပ်ပြင်ဆင်ဖို့ လိုအပ်ပါမယ်။ အိမ်ထောင်ရေး အနေအထားတစ်ခုကြုံတွေရသူဆိုရင်လဲ ဆက်လက် လက်တွဲဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ရင် ရှေ့ဘဝလမ်းခရီး ဘယ်လိုအနေအထားနဲ့ ဆက်သွားမလဲ စသည်ဖြင့် ပြင်ဆင်ဖို့လိုအပ်ပါမယ်။) နောက်ဆုံး ဝီရီယအနေနဲ့ အဲ့ဒီလို သုံးသပ်ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဆုံးဖြတ်ချက်အတိုင်း တစိုက်မတ်မတ်လျှောက်လှမ်းဖို့လိုအပ်ပါမယ်။ လမ်းခရီးမှာ ဘယ်လို အနှောက်အယှက် စိန်ခေါ်မှုတွေနဲ့ တွေ့တွေ့ လက်မလျော့ဖို့လိုအပ်ပါတယ်။

အဲဒီလို ကံ ၊ ဉာဏ် ၊ ဝီရီယ အားကောင်းကောင်းနဲ့ ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီးတော့ပဲ ကျွန်မတို့ ဘဝရလာဒ်တွေလဲ ကွဲပြားသွားနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီလို အခက်အခဲကို စာမေးပွဲလို့ မသိဘူး နေ့စဥ်ရုန်းကန်ရင်း ကျော်လွန်သွားတယ်ဆိုရင်တော့ ကျရှုံးတာဖြစ်နိုင်သလို ၊ အောင်မှတ် ၄၀-၅၀ နဲ့အောင်မြင်တာမျိုးလဲဖြစ်နိုင်ပါတယ်။ အခက်အခဲကို စာမေးပွဲမှန်းတော့သိတယ် သို့သော် အခွင့်အရေးအဖြစ် အသုံးမချမိဘူး ပေါ့ပေါ့လေးဖြတ်သန်းမိတယ်ဆိုရင်တော့ အောင်မှတ် ၆၀-၇၀ နဲ့လဲ အောင်မြင်နိုင်ပါတယ်။ အချို့အတွက်ကတော့ ငါတော့ အခက်အခဲနဲ့ တွေ့ပြီ ဒါငါ့အတွက် အခွင့်အရေးပဲ ငါအကောင်းဆုံးဖြတ်ကျော်မယ်ဆိုပြီး အားထုတ်ပြင်ဆင်သူအတွက်ကတော့ ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်မှာ မလွဲမသွေပါဘဲ။

ဒါကြောင့် ကျွန်မတို့ဘဝမှာ အခက်အခဲ အနေအထားတစ်ခုနဲ့ ကြုံတွေ့ပြီဆိုရင် ဝမ်းသာလိုက်ပါ ငါတော့ ဘဝတစ်ဆင့် မြင့်တော့မယ် ငါစာမေးပွဲ စစ်ခံရပြီလို့ မှတ်ယူပြီး အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချပြီး ဘဝတစ်ဆင့်ကို ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်နိုင်ဖို့ ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့်
အိအိအောင်
(၇-၀၃-၂၀၂၅)

Course Introduction
01/09/2024

Course Introduction

Congratulations Parabyte
01/09/2024

Congratulations Parabyte

Address

Blk 206 Yanshin Street, Yankin Tsp, Yanshin Street,
Yangon
11081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959263029707

Alerts

Be the first to know and let us send you an email when Flash & Sight - Corporate Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Flash & Sight - Corporate Training:

Share