BawLone

BawLone နေ့စဉ်ဘောလုံးသတင်းနှင့် ဆောင်းပါးများ

လုံခြုံစွာဖြင့် ဘောလုံးကစားနေသော မြန်မာ့မျိုးဆက်သစ်လူငယ်များအား တွေ့ရစဉ် ⚽️  pictures source - DVB NEWS
22/02/2021

လုံခြုံစွာဖြင့် ဘောလုံးကစားနေသော မြန်မာ့မျိုးဆက်သစ်လူငယ်များအား တွေ့ရစဉ် ⚽️




pictures source - DVB NEWS

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကစားသမားများရဲ့ ပြည်သူ့ဆန္ဒဖော်မှုမြင်ကွင်းများ ဖြစ်ပါတယ် ။photo credit - Mg Mg Lwin, Aaron...
08/02/2021

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကစားသမားများရဲ့ ပြည်သူ့ဆန္ဒဖော်မှုမြင်ကွင်းများ ဖြစ်ပါတယ် ။

photo credit - Mg Mg Lwin, Aaron Kyaw Kyaw

Dear Bawlone Fans, Due to the current nation wide circumstances and internet network difficulties, we are going to suspe...
01/02/2021

Dear Bawlone Fans,

Due to the current nation wide circumstances and internet network difficulties, we are going to suspend our posts and news until further notice.

please stay calm and be safe.

BAWLONE

ချစ်ခင်ရပါသော Bawlone စာဖတ်ပရိသတ်များခင်ဗျာ ,

လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် အင်တာနက်ကွန်ရက် အခက်အခဲများကြောင့် ကျွန်တော်တို့ ဆောင်းပါးများနှင့် သတင်းတိုများ တင်ခြင်းကို ခဏရပ်နားထားမည်ဖြစ်ကြောင်း ပန်ကြားအပ်ပါတယ် ။

အားလုံး စိတ်အေးအေးထားပြီး အန္တရာယ်ကင်း ဘေးရှင်းစွာ ရင်ဆိုင်နိုင်ပါစေ ။

BAWLONE

နောက်ဆုံးငါးနှစ်အတွင်း မက်ဆီကို ယူရို ၅၅၅သန်း ပေးချေခဲ့ရတဲ့ ဘာစီလိုနာ စတဲ့ သတင်းအပါအဝင် ညပိုင်းသတင်းတိုများ ============...
31/01/2021

နောက်ဆုံးငါးနှစ်အတွင်း မက်ဆီကို ယူရို ၅၅၅သန်း ပေးချေခဲ့ရတဲ့ ဘာစီလိုနာ စတဲ့ သတင်းအပါအဝင် ညပိုင်းသတင်းတိုများ
==================================
- သောမတ်တူချယ်ကတော့ ချဲလ်ဆီးအသင်းက မိမိကို ၁၈လနဲ့ ကမ်းလှမ်းခဲ့ခြင်းအပေါ် မအံ့သြမိကြောင်း ဘန်လေ အသင်းနဲ့ ပွဲမတိုင်မှီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

- လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကတော့ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းက ရယူနိုင်တဲ့ အနေအထားမှာ ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

- ရိန်းဂျား နည်းပြ စတီဗင်ဂျရတ်ကတော့ အနာဂတ်မှာ မိမိမှာ ရိန်းဂျား အသင်းမှထွက်ခွာမှာ ဖြစ်သလို မည်သည့်အသင်းကိုမဆို ကိုင်တွယ်နိုင်အောင် ကြိုးစားအားထုတ်နေကြောင်း ပြောကြားခဲ့ပါတယ်။

- ပီအက်စ်ဂျီ အသင်းဟာ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်ကစားသမား ဒယ်လီအလီကို ခေါ်ယူခွင့်ရရန် ဖြစ်နိုင်ခြေ နည်းပါးနေကြောင်း သိရပါတယ်။

- ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို နောက်ဆုံးငါးနှစ်အတွင်း ယူရို ၅၅၅သန်းအပါအဝင် တခြားခံစားခွင့်များဖြင့် စာချုပ်ချုပ်ဆိုခဲ့ရတယ်လို့ စပိန်ရဲ့ နာမည်ကျော်သတင်းစာက ထုတ်ဖော် ရေးသားခဲ့ပါတယ်။

- အာဆင်နယ် နည်းပြ အာတီတာကတော့ တိုက်စစ်မှူး အောဘာမီယန်းဟာမိခင်ရဲ့ ကျန်းမာရေးပြသာနာကြောင့် လန်ဒန်မှ ခေတ္တခဏ ခရီးထွက်ခွာခဲ့ပြီး ယခုအခါ ပြန်လည် ရောက်ရှိလာပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

- လီဗာပူး နည်းပြဂျာဂင်ကလော့ပ်ကတော့ ယနေ့ည ဝက်စ်ဟမ်း အသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ဟန်ဒါဆန်ကို ဗဟိုခံစစ်နေရာမှာ အသုံးပြုရန် စဥ်းစားထားကြောင်း ပြောကြားခဲ့ပါတယ်။

- ဂျူဗင်တပ်အသင်းနည်းပြ ပီယာလိုကတော့ တိုက်စစ်မှူး ရိုနာယ်ဒိုဟာ ဂိုးမသွင်းနိုင်တဲ့ ပွဲတွေရှိပေမဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် အဖြစ် ရှိနေဆဲဟု ဆိုလိုက်ပါတယ်။

ကျွန်တော့်ရဲ့ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းမှာကစားရင်းနဲ့ပဲ သေချာပေါက် အနားယူသွားမှာပါ။ တစ်ရာသီပဲ ကစားခွင့်ရမယ်ဆိုရင်တ...
31/01/2021

ကျွန်တော့်ရဲ့ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းမှာကစားရင်းနဲ့ပဲ သေချာပေါက် အနားယူသွားမှာပါ။

တစ်ရာသီပဲ ကစားခွင့်ရမယ်ဆိုရင်တောင် စပို့တင်းမှာ ကျွန်တော် ကစားရင်းနဲ့ပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ချင်ပါတယ်။ယူနိုက်တက်မှာတော့ မဟုတ်ပါဘူး။

ကျွန်တော့မှာရှိတဲ့ အရည်အသွေးတချို့ကို ဘယ်သူမှ မတွေ့ကြသေးချိန်မှာ စပို့တင်းလစ္စဘွန်းက ရှာတွေ့ပြီး ကျွန်တော့်ကို မြေတောင်မြှောက်ပေးခဲ့တာ ။

စပို့တင်းက ကျွန်တော်ဆိုတာကို ဖြစ်စေခဲ့ပြီး ယူနိုက်တက်ကတော့ ကျွန်တော့်ကို အရောင်တင်ပေးခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ ကျွန်တော့်ကို ပြီးပြည့်စုံစေခဲ့ပြီး ဂျူဗင်တပ်မှာတော့ ကျွန်တော်ဟာ ပိုမိုရင့်ကျက်လာခဲ့ပါတယ်။ ကျွန်တော့်ကို အကောင်းဆုံး ကူညီပေးခဲ့ကြတဲ့ အတွက် အသင်းဟောင်းတိုင်းကို ချစ်ပါတယ်။

ဒါပေမဲ့ စတင်မှုတိုင်းကတော့ လူတိုင်းရဲ့အလင်းရောင်လိုအရာပဲမဟုတ်လား။ စပို့တင်းလစ္စဘွန်းဆီသာမရောက်ခဲ့ရင် ကျွန်တော်ဟာ မက်ဒေါနယ်ဆိုင်မှာပဲ အလုပ်လုပ်ချင် လုပ်နေရမှာပေါ့။

ဘာလို့ဆို မက်ဒေါ်နယ်ဆိုတာက ကျွန်တော် စားစရာမရှိချိန်မှာ ကျွန်တော့်ကို အစားအသောက်အတွက် ကူညီပေးခဲ့တဲ့ဆိုင်မဟုတ်လား။ ဒီကျေးဇူးကိုလည်း ကျွန်တော် မမေ့ပါဘူး။ အမြဲကျေးဇူးတင်နေမှာပါပဲ။

- ခရစ္စတီယာနို ရော်နယ်ဒို

အခွင့်အရေးတချို့လွဲချော်ခဲ့တဲ့ ကာဗာနီဘက်ကနေ ကာကွယ်ပေးခဲ့တဲ့ ဆိုးလ်ရှား ..==================================မနေ့ညကရင်ဆိုင...
31/01/2021

အခွင့်အရေးတချို့လွဲချော်ခဲ့တဲ့ ကာဗာနီဘက်ကနေ ကာကွယ်ပေးခဲ့တဲ့ ဆိုးလ်ရှား ..

==================================

မနေ့ညကရင်ဆိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာတော့ ၂ သင်းစလုံးဟာ အခွင့်အရေးကိုယ်စီရရှိခဲ့ကြပေမယ့် ဂိုးသမားတွေ လက်စွမ်းပြခဲ့တာကြောင့် ဘယ်သူမှ ဂိုးမရခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားခဲ့တဲ့ ကာဗာနီကလည်း လိုအပ်ချက်တချို့ရှိခဲ့ပြီး အခွင့်အရေးတချို့ကို လွဲချော်သွားခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ကာဗာနီဘက်ကနေ ကာကွယ်ပေးသွားခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်လည်း တိုက်စစ်မှူး ဖြစ်ခဲ့ဖူးသူပါ။ ကျွန်တော် ကစားသမားဘဝတုန်းက ဂိုးမသွင်းနိုင်တဲ့ကာလတွေရှိခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကလည်း ဆာအဲလက်စ် အပါအဝင် အားလုံးက အဲ့ဒီလို လွဲချော်ဖို့တောင် အဲ့ဒီနေရာမှာ(ချိန်သားကိုက်) မင်းရှိနေတာပဲလေ လို့ ဆိုခဲ့ဖူးပါတယ်။ တစ်ခါတစ်လေမှာ ဂိုးသွင်းနိုင်ဖို့အတွက် အခွင့်အရေးတချို့ကိုလည်း လွဲချော်တာတွေရှိမှာပေါ့။ ဒါပေမဲ့ သိပ်မကြာခင်မှာ ကာဗာနီဆီကနေ သေချာပေါက်ကို ဂိုးတွေ မြင်ရပါလိမ့်မယ်” လို့ ဆိုးလ်ရှားက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်.။

ယူနိုက်တက်အတွက်တော့ ဒီသရေပွဲဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၂ ဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားဟာ ယူနိုက်တက်ကို ကိုင်တွယ်ပြီးချိန်မှာ အာတီတာကိုင်တွယ်တဲ့ အာဆင်နယ်ကို နိုင်ပွဲမရသေးတာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း ၊ ဆာကာ ၊ တီယာနေးတို့မပါဝင်ပေမယ့်လည်း ယူနိုက်တက်ဘက်ကို မဆိုးလှတဲ့ တုံ့ပြန်အားနဲ့ ကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ အသင်းက နိုင်ပွဲရလောက်တဲ့အထိ ပိုကောင်းခဲ့တယ်လို့ ဆိိုလိုက်ပါတယ်။

အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားကတော့ “ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတချို့ကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗုဒ္ဓဟူးနေ့က (ရှက်ဖီးလ်ကိုရှုံးပြီးနောက်) ပိုကောင်းတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဘားတန်းထိသွားတဲ့ ဖရီးကစ်ကန်ချက်တော့ ရှိတာပေါ့လေ။ အဲ့ဒါကလွဲရင် သူတို့တွေ ကျွန်တော်တို့ကို တအားဒုက္ခမပေးနိုင်ခဲ့ပါဘူး။ သူတို့မှာ ကန်ချက်တွေရှိခဲ့ပေမယ့် ဒါကလည်း ဒီဂီယာအတွက် ဒုက္ခမဖြစ်စေခဲ့ပါဘူး” လို့ သူက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

ရိုးမားအသင်းထံ တစ်ကျော့ပြန် ရောက်လာခဲ့တဲ့ တိုက်စစ်မှူး အယ်ရှာရာဝီ စတဲ့ သတင်းအပါအဝင် နံနက်ခင်းသတင်းတိုများ ==============...
31/01/2021

ရိုးမားအသင်းထံ တစ်ကျော့ပြန် ရောက်လာခဲ့တဲ့ တိုက်စစ်မှူး အယ်ရှာရာဝီ စတဲ့ သတင်းအပါအဝင် နံနက်ခင်းသတင်းတိုများ
===================================
​- အီတလီစီးရီးအေမှာဂျူဗင်တပ်အသင်းဟာ အဝေးကွင်းမှာ ဆမ်ဒိုရီးယားအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရခဲ့သလို အေစီမီလန်အသင်းကလည်း အဝေးကွင်းမှာ ဘိုလော့နာအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းကလည်း ဗီနာဘန်တို အသင်းကို လေးဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။

- ဂျာမန်ဘွန်ဒက်စ်လီဂါမှာတော့ ဘိုင်ယန်မြူးနစ် ၊ ဒေါ့မွန် ၊ လိုက်ဇစ် နဲ့ ဖရန့်ဖတ် တို့အသီးသီးဟာ နိုင်ပွဲကိုယ်စီရယူ နိုင်ခဲ့ပါတယ်။

- စပိန်လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ လီဗန်တေးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အံ့သြသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

- မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ မိမိတို့အသင်းဟာ
တန်းဆန်းဇုန်မှာ ရှိနေတဲ့ ရှက်ဖီးအသင်းရဲ့ ရုန်းကန်အားကို လျော့မတွက်ခဲ့ဘဲ အကောင်းဆုံးကစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

- တော့တင်ဟမ်ဟော့စပါး အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဒဏ်ရာ​ပြဿနာကြောင့် အနည်းဆုံး ၃ ပတ်ခန့် အနားယူရတော့မည်ဖြစ်ကြောင်း သိရပါတယ်။

- အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ အသင်းသားတွေအနေနဲ့ ယခုလိုခြေစွမ်းကောင်းကို ဆက်ထိန်းထားပြီး အသင်းရဲ့ ပစ်မှတ်ကို ရာသီကုန်မှာ ရောက်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

- ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လက်ထောက်နည်းပြ ဒေးဗစ်ဘန်တိုနီကတော့ အသင်းကကစားသမားတွေဟာ လီဗန်တေး အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ အကောင်းဆုံးကြိုးစားကစားသွားခဲ့ကြောင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မူတွေကို
ကာကွယ်ပြောဆိုခဲ့ပါတယ်။

- ရှန်ဟိုင်းရှန်ဝါ အသင်းတိုက်စစ်မှူး အယ်ရှာရာဝီဟာ အသင်းဟောင်း ရိုးမားအသင်းထံ အလွှတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ တွေ့ဆုံမှုဟာ အရင်ကလောက် ပြိုင်ဆိုင်မှုမပြင်းထန်တော့ဘူးလို့ ဆိုလိုက်တဲ့ အာတီတာ …===========...
30/01/2021

အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ တွေ့ဆုံမှုဟာ အရင်ကလောက် ပြိုင်ဆိုင်မှုမပြင်းထန်တော့ဘူးလို့ ဆိုလိုက်တဲ့ အာတီတာ …

====================================

အာဆင်နယ်အသင်းရဲ့နည်းပြကြီး အာတီတာကတော့ အာဆင်နယ်အသင်းနဲ့ မန်ယူနိုက်တက်တို့ တွေ့ဆုံမှုဟာ အရင်ကလိုတော့ ပြိုင်ဆိုင်မှုမပြင်းထန်တော့ဘူးလို့ ဆိုလိုက်ပါတယ်။ ဒါကလည်း ပြောင်းလဲသွားတဲ့ ဘောလုံးလောကရဲ့အနေအထားကြောင့်ဖြစ်လာခဲ့တာဖြစ်ပြီး ဒါဘီတွေအားလုံးဟာလည်း ပြောင်းလဲလာခဲ့ပြီလို့ သုံးသပ်သွားခဲ့ပါတယ်။

ဒီနေ့ညမှာတော့ အာဆင်နယ်အသင်းနဲ့ မန်ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမ်းမရိတ်ကွင်းမှာ ရင်ဆိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင် ၂၀၀၀ ခုနှစ်အစောပိုင်းမှာတုန်းကတော့ ဒီနှစ်သင်းဟာ ချန်ပီယံဆုအတွက် အကြိတ်အနယ်ရင်ဆိုင်ခဲ့ရပြီး သူတို့တွေ့ဆုံတိုင်းလည်း ပွဲက ကြမ်းတမ်းပြီးမြိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံတိုင်းလည်း ကစားသမားတွေကြားမှာ ခံစားမှုက ပိုပြင်းထန်ခဲ့သလို အသင်းပရိသတ်တွေကြားမှာလည်း အတော်လေး ပြင်းထန်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပွဲချိန်အတွင်း ယှဉ်ပြိုင်မှုက အရင်ကလောက် မပြင်းထန်တော့တာဖြစ်ပါတယ်။

အခုတော့ ဒီလိုထိပ်တိုက်တွေ့မှုနဲ့ပတ်သက်ပြီး အာတီတာက " အခုတော့ အရင်ကလောက် မပြင်းထန်တော့ပါဘူး။ ဒါပေမဲ့ ဒါက အာဆင်နယ်နဲ့ယူနိုက်တက် ၂ သင်းတင်မဟုတ်တော့ပါဘူး။ အခြားဒါဘီတွေလည်း ဒါမျိုးတွေဖြစ်လာခဲ့ပါပြီ။ အခုတော့အရင်နဲ့ တူညီတာတွေ မရှိတော့ပါဘူး။ ဘောလုံးပွဲတွေက ပြောင်းလဲလာပါပြီ။ ကစားသမားတွေကိုလည်း အရင်လို သူတို့ပြုမူနေတဲ့ကိစ္စတွေကို လုပ်ခွင့်မပြုတဲ့ အရာတွေလည်းရှိလာပါတယ်။ VAR ရှိလာတော့ ပိုဆိုးပါတယ်။ အရင်လို ပြိုင်ဆိုင်မှုပြင်းထန်ဖို့က ခက်သွားသလို လက်ရှိမှာ အားလုံးက ပြောင်းလဲသွားခဲ့ပါပြီ" လို့ အာတီတာက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက် အသင်းနဲ့ပွဲစဥ်ကို လွဲချော်ဖွယ်ရှိတဲ့ အူဘာမီယန်း  စတဲ့ သတင်းအပါအဝင် ညပိုင်းသတင်းတိုများ ===================...
30/01/2021

မန်ယူနိုက်တက် အသင်းနဲ့ပွဲစဥ်ကို လွဲချော်ဖွယ်ရှိတဲ့ အူဘာမီယန်း စတဲ့ သတင်းအပါအဝင် ညပိုင်းသတင်းတိုများ
==================================
- အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းဟာ မိခင်ရဲ့ကျန်းမာရေး ပြသာနာကြောင့် ယနေ့ညကစားမည့် မန်ယူနိုက်တက် အသင်းနဲ့ ပွဲစဉ်ကို ထပ်မံ လွဲချော်ဖွယ် ရှိပါတယ်။

- ဘရာဇီး တိုက်စစ်မှူး ဟော့ဒ်ဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာ ကနေ အက်သလက်ကိုမဲနယ်ရိုး အသင်းထံပြောင်းရွေ့ ခဲ့ပါတယ်။

- ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ဇစ် နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူခွင့်ရရန် စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

- အာဆင်နယ် ကွင်းလယ်လူ သောမတ်ပါတေးဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ယနေ့ညကစားမည့် မန်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိပါတယ်။

- ကိုပါအီတလီယာဖလား ပြိုင်ပွဲမှာ အချင်းချင်း စကားများရန်ဖြစ်ခဲ့ကြတဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူ နဲ့ အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်တို့ကို အီတလီ ဘောလုံးအဖွဲ့ချုပ်က တစ်ပွဲပယ်ပြစ်ဒဏ် ချလိုက်ပါတယ်။

- ရိုးမားအသင်းဟာ ဂျူဗင်တပ်အသင်းနည်းပြဟောင်း အယ်လီဂရီနီကို ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ပါတယ်။

- အေစီမီလန် နည်းပြ ပါအိုလီကတော့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်အနေနဲ့ ပင်ပန်းနွမ်းနယ်နေပြီး အနားယူရန် လိုအပ်နေပြီလို့ ဆိုလိုက်ပါတယ်။

- အက်သလက်တီကိုမက်ဒရစ် ကစားသမား နှစ်ဦးဖြစ်တဲ့ ဟာမိုဆိုနဲ့ ကာရက်စ်ကို တို့ဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း သိရပါတယ်။

တီမိုဝါနာရဲ့အကောင်းဆုံးပုံစံရဖို့က သူ့တာဝန်ပဲလို့ ဆိုလာခဲ့တဲ့ တူချယ် …====================================ချဲလ်ဆီးအသင်းရ...
30/01/2021

တီမိုဝါနာရဲ့အကောင်းဆုံးပုံစံရဖို့က သူ့တာဝန်ပဲလို့ ဆိုလာခဲ့တဲ့ တူချယ် …

====================================

ချဲလ်ဆီးအသင်းရဲ့နည်းပြသစ် တူချယ်ကတော့ သူ့အနေနဲ့ လက်ရှိမှာ ပုံစံကောင်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး တီမိုဝါနာရဲ့အကောင်းဆုံးပုံစံရရှိဖို့ရာအတွက် လုပ်ဆောင်ပေးဖို့က သူ့တာဝန်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက တီမိုဝါနာဟာ အကောင်းဆုံးပုံစံရရှိဖို့ ကြိုးစားနေပြီး သူ့ကိုယ်သူ ယုံကြည်မှုရဖို့ တည်ဆောက်နေတယ်လို့ ဆိုလိုက်ပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ တီမိုဝါနာဟာ လိုက်ပ်ဇက်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသပြီးနောက် ဒီနှစ်သီအပြောင်းအရွှေ့မှာပဲ ချဲလ်ဆီး အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ နိုဝင်ဘာနောက်ပိုင်းမှာကတည်းက လိဂ်ပွဲတွေမ ဂိုးမရတော့ဘဲ ခြေစွမ်းပိုင်း ပျောက်ဆုံးလာခဲ့တာဖြစ်ပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးအသင်းကလည်း ရလဒ်ဆိုးတချို့ကြောင့် နည်းပြလမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီး တူချယ်နဲ့ အစားထိုးခန့်အပ်လာခဲ့တာဖြစ်ပါတယ်။ အခုတော့ တူချယ်က သူ့အနေနဲ့ တီမိုဝါနာရဲ့အကောင်းဆုံးခြေစွမ်းရဖို့ လုပ်ဆောင်ပေးရမယ်လို့ ဆိုလိုက်ပါတယ်။

တူချယ်ကတော့ " တီမိုဝါနာက နေရာလွတ်တွေရှာဖွေပြီး ကစားရတာကို ကြိုက်နှစ်တတ်သူပါ။ သူက အရမ်းမြန်သလို နောက်ဆုံးစည်းအတွင်းကနေလည်း ကစားတဲ့သူပါပဲ။ ပြီးတော့ သူက ဘယ်ဘက်ကို ယိမ်းပြီး ဘောလုံးရဖို့ စောင့်စားတတ်သူပါ။ ဒီတော့ နေရာကျဉ်းတွေမှာ သူ့စွမ်းဆောင်ရည်ကို ပိုတိုးတက်လာအောင် လုပ်နိုင်မလားဆိုရင်တော့ ဒါက ကျွန်တော် လုပ်ဆောင်ပေးရမယ့်အလုပ်ပါပဲ။

သူက ငယ်ရွယ်သေးသလို သင်ယူဖို့လည်း စိတ်ပြင်းပြတဲ့သူပါပဲ။ အခုချိန်မှာတော့ သူ့ပခုံးပေါ်မှာ ဝန်နည်းနည်းရှိနေပါတယ်။ ဒါကိုလည်း သူ ဂရုတစိုက်ရှိနေပါတယ်။ တစ်ခါတစ်လေ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အားလုံးကို လိုက်ဂရုစိုက်နေရင် အဆင်မပြေတတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဦးတည်ပြီး ကစားရတာတွေရှိပါတယ်။ အခုချိန်မှာတော့ သူ့စွမ်းဆောင်ရည်ကြောင့် သူ မပျော်မရွှင်ဖြစ်နေပါတယ်။ အခုတော့ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်ရမယ့်အချိန်ပါပဲ။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံရရှိဖို့ ကူညီပေးရမှာပါ ၊ ဒါက ကျွန်တော့်ရဲ့အလုပ်ပါပဲ" လို့ တူချယ်က ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

မက်ဆီကိုမရောင်းလိုက်တာ ဘာစီလိုနာရဲ့အမှားပဲလို့ ဆိုလာခဲ့တဲ့ ရီဗယ်ဒို …====================================ဘာစီလိုနာအသင်းန...
30/01/2021

မက်ဆီကိုမရောင်းလိုက်တာ ဘာစီလိုနာရဲ့အမှားပဲလို့ ဆိုလာခဲ့တဲ့ ရီဗယ်ဒို …

====================================

ဘာစီလိုနာအသင်းနဲ့ ဘရာဇီးအသင်းတို့ရဲ့ဂန္တဝ်ကစားသမားဟောင်း ရီဗယ်ဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို မရောင်းလိုက်ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရမှာက အတော်လေး မှားယွင်းတဲ့ လုပ်ရပ်ပဲလို့ ဆိုလိုက်ပါတယ်။ သူက အသင်းအနေနဲ့ အခုလို ဘဏ္ဍာရေးကြပ်တည်းနေတဲ့အချိန်မှာ မက်ဆီကိုရောင်းချမှုကနေ ဝင်ငွေတစ်ခုခုရသင့်တယ်လို့ ဆိုလိုက်သလို အခြားတစ်ဖက်မှာလည်း အသင်းအနေနဲ့ ကော်တင်ဟိုကိုလည်း ရောင်းသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီနှစ်ရာသီမှာတော့ ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူဖြစ်ပြီး လက်ရှိမှာတော့ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးဘဲ အသင်းကနေ ထွက်ခွါဖို့ များပြားနေတာဖြစ်ပါတယ်။ ဒါဟာ လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းရှိနေတဲ့ ဘာကာအသင်းအနေနဲ့ မက်ဆီလိုကစားသမားကို အလွတ်နဲ့ လက်လွှတ်ရမှာက အတော်လေး နစ်နာသွားခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ ဘာစီလိုနာကစားသမားဟောင်း ရီဗယ်ဒိုက ဒီအခြေအနေအပေါ် သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ရီဗယ်ဒိုကတော့ “အရင်တုန်းက ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ စာချုပ်သက်တမ်းရှိနေချိန်မှာ မက်ဆီကို မရောင်းချလိုက်တာက သူတို့ အမှားပါပဲ ။ ရီးရဲလ်အသင်းကတော့ ရော်နယ်ဒိုကို ရောင်းချခဲ့တုန်းက ယူရိုသန်း ၁၀၀ လောက်ကို ရရှိခဲ့တာပါ။ ဘာကာအသင်းကတော့ အမှားလုပ်ခဲ့ပါတယ်။ မက်ဆီလို တန်ဖိုးမြင့်ပြီး ပါရမီကြီးမားတဲ့ ကစားသမားတစ်ဦးကို အလွတ်နဲ့ လက်လွှတ်လိုက်ရတာကိုမြင်ရတာက ဝမ်းနည်းစရာကောင်းပါတယ်။ ပြီးတော့ အသင်းက ဘဏ္ဍာရေးပြဿနာရှိနေချိန်ဆိုတော့ ပိုဆိုးပါတယ်

ဒါပေမဲ့ အခြားအပြောင်းအရွှေ့တွေတော့ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အထင် ကော်တင်ဟိုကတော့ ထွက်သွားရတော့မယ်ထင်ပါတယ်။ သူက အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ သူ့အကောင်းဆုံးပုံစံက ပရီးမီးယားလိဂ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော့်အထင် အသင်းက သူ့ကိုရောင်းချတော့မှာပါ။ သူ့ကိုရောင်းချမှုကနေ ငွေကြေးတစ်စုံတစ်ရာတော့ ရနိုင်ပါတယ်။ လီဗာပူးဆီကနေ ဝယ်ခဲ့သလောက်တော့ ပြန်မရနိုင်တော့ဘူးပေါ့လေ” လို့ သူက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when BawLone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BawLone:

Share