Anyar Myay Guerrilla Force

Anyar Myay Guerrilla Force အရေးတော်ပုံအောင်ရမည်

23.7.2025⛔️ပေါက်မြို့နယ်⛔️ပခုက္ကူတမခ ၁၀၁မှ ပေါက်မြို့နယ်သို့ထွက်ခွာလာတဲ့ ယာဥ်တန်း၁၀၀ကျော်ပါ စစ်ကြောင်းသည်တပ်မနယ် တဝိုက်မ...
23/07/2025

23.7.2025

⛔️ပေါက်မြို့နယ်⛔️

ပခုက္ကူတမခ ၁၀၁မှ ပေါက်မြို့နယ်သို့ထွက်ခွာလာတဲ့ ယာဥ်တန်း၁၀၀ကျော်ပါ စစ်ကြောင်းသည်
တပ်မနယ် တဝိုက်မှာလက်ရှိအချိန်ထိ တောင်တင်နေပြီး
တချို့စစ်ခွေးများမှာ ယမန်နေ့ကတည်းက ဆယ်ဝ၊ ပျဥ်းချောင်းရွာထဲမှာ
ရောက်နေပါတယ်။

ခွေးတွေဘက်မှ အထိနာသလို စစ်ကြောင်းကလည်း
ထိုးစစ်ပုံစံဖြင့် လှုပ်ရှားနေတာကို တွေ့ရပါတယ်။

မိဘပြည်သူများ ရဲဘော်ညီနောင်များအနေဖြင့်
လေကြောင်း၊ paramoter ၊ ပေါက်မြို့လေယာဥ်ကွင်းထဲ ဟောင်၀ှစ်ဇာ လက်နက်ကြီးကို
အထူးသတိထားနေထိုင်ကျပါလို့ အသိပေး
တင်ပြလိုက်ပါတယ်

⛔️ဆိပ်ဖြူနယ်⛔️

ဆိပ်ဖြူကပစ ၂၂ရှိ အကြမ်းဖက်ခွေးများသည် ဒီရက်ပိုင်းစစ်ကြောင်းထပ်မံလှုပ်ရှားမယ်လို့သိထားရတာကြောင့် ကပစအနီးတ၀ိုက်နေထိုင်မိဘပြည်သူများ စစ်ကြောင်းသတင်းနားစွင့်နေထိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

#ကိုလရောင်

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား လွမ်းဆွတ်တမ်းတဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် အညာမြေ...
19/07/2025

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား လွမ်းဆွတ်တမ်းတ
ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် အညာမြေပျောက်ကျားတပ်ဖွဲ့(ပေါက်) မှ 19.7.2025 နေ့တွင်ကျရောက်သော ၇၈ကြိမ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုအပ်ပါသည်...."

မြိုင်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံးကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင...
12/07/2025

မြိုင်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံးကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်-ပခုက္ကူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စီမံကိန်းရုံးကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း နဂါးနီ - အထူးတိုက်ခိုက်ရေးတပ်ဖွဲ့- မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်က စတင်ပြီး မြိုင်မြို့နယ်ရှိ တိုက်ခိုက်ရေးအဖွဲ့များ ပူးပေါင်းကာ မြိုင်မြို့ ပခုက္ကူသွားလမ်းပိုင်းတွင်ရှိသော စီမံကိန်းရုံးတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ ခုခံ တိုက်ခိုက်ခဲ့သော်လည်း ည ၇ နာရီ ခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်သုံ့ပန်း ၁၂ ဦး ဖမ်းဆီးရမိကာ ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားပြီး ဆေးကုသပေးလျက်ရှိကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးဖြစ်သည့် ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲ ဒုတပ်ကြပ် တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတပ်ကြပ် သက်ကိုကို၊ တပ်ကြပ် ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်း တို့ကို အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

"ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်သားတွေကို စစ်သုံ့ပန်း ဥပဒေနဲ့ ထိန်းသိမ်းထားပါတယ်" ဟု နဂါးနီ - အထူးတိုက်ခိုက်ရေးတပ်ဖွဲ့- မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း တိုက်ပွဲ ဖြစ်ပွားနေစဉ်တွင်လည်း မြိုင်မြို့မရဲစခန်းမှ စစ်ကူ စစ်ကြောင်းသည် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ၁ ကြိမ် ၊ ၃ ကြိမ်တိတိ စစ်ကူပေးရန် ထွက်လာသော စစ်ကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် ဟန့်တား ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၀. ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့တွင်း စီမံကိန်းရုံးကို တော်လှန်ရေး တပ်ဖွဲ့များ ရှင်းလင်းရေးဆောင်ရွက်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပူးပေါင်းပါဝင်သောအဖွဲ့များသော မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့ ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Denfece Force၊ မုံရွာခရိုင် တပ်ရင်း ၈ တို့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။

20/12/2024

အခုလိုပံပိုးကူညီပေးသောပြည်ပရောက်ကိုဟိန်းမင်းလတ်အား အညာမြေပျောက်ကျားတပ်ဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါသည်😊

အရေးတော်ပုံအောင်ရမည်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Anyar Myay Guerrilla Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share