DJ AKAT

DJ AKAT AKAT in Trance we Trust Official Page of DJ / EDM Music Producer theAKAT. Massive Collection of his Music on this page mostly with freedwonload feature.

၂၀၁၉ တုန်းကရေးဖြစ်တာလေး 👌👌Your Music Career AboutDJ AKATMusic ကိုစသိတာတော့ပြောရရင် လွှမ်းမိုးလို့ပြောရမယ် ကျွန်တော် ၄ နှ...
06/06/2025

၂၀၁၉ တုန်းကရေးဖြစ်တာလေး 👌👌

Your Music Career About
DJ AKAT
Music ကိုစသိတာတော့ပြောရရင် လွှမ်းမိုးလို့ပြောရမယ် ကျွန်တော် ၄ နှစ်သားမှာ လွှမ်းမိုးရဲ့ ဒသာဂီရိ သီချင်းမဖွင့်ပေးရင်ငိုတာမှတ်မိတယ် 😬. နောက်ပိုင်းမှာတော့ ကိုလေးဖြူတို့ ဦးဇော်ဝင်းထွဋ်၊ ရဲသွင်တို့ စိုးလွင်လွင် ဗဒင်တို့နဲ့ ကြီးလာရာက ၂ တန်းရောက်တော့ အကိုက မြန်မာသီချင်းတစ်ပုဒ်ဖွင့်ပြလိုက် အဲရိုစမစ်၊ ဘွန်ဂျိုဗီ၊ Queen၊Europe နဲ့GNR တို.ရဲ့ Original တွေဖွင့်ပြလိုက်နဲ့ ဒါဘယ်သူဆိုထားတာလည်းမေးတာကိုဖြေရင်း Music ကိုအသည်းအသန်ကြိုက်ခဲ့တာပဲ.. Guitar Solo တွေလာပြီဆို ပါးစပ်ကအလွတ်ရတဲ့အထိကျက်ပီး လိုက်ဆိုတော့တာ. အဲ့ကနေမှ Dr.album တို.Vengaboys တို.Aqua တို.ရဲ့သီချင်း‌တွေကနေ Dance music ပိုးစဝင်တာပဲ၊ The chemical brother နဲ့ The Prodigy ကတော့ အဲ့ချိန်ကကိုယ့် Favorite ပေါ့။ ၇ တန်းနှစ်မှာ Acid ထွက်တော့ acid acid ဖြစ်နေတုန်းမှတ်မှတ်ရရ DJ Jay ရဲ့ ကက်ဆက်ခွေနှစ်ခွေပါတဲ့ Dance သီချင်းတွေအဲ့တုန်းက တော့ remix လား original mix လားသေချာမသိသေးပါဘူး အတော်လေးကြိုက်ပြီး အဲ့ထဲက ကိုယ်လိုချင်တဲ့သီချင်းတွေရယ် musical တို.music plug တို.ကထုတ်တဲ့ techno vol. seires တွေထဲကသီချင်းတွေကို A side B side ပါတဲ့ sony ကက်ဆက်နဲ့ nonstop ခွေထိုင်ဖမ်းပြီး အိမ်ကလူတွေကိုဖွင့်ပြရာက DJ ပိုးမသိမသာစတယ်ပြောရမယ်။အင်းနောက်တော့ နယ်တွေရောက်သွားတော့သီချင်းတွေနဲ့ဝေးပြီး ၁၀ တန်းအောင် YUFL တက်တော့ Punk နဲ့ Metal ဖြစ်သွားပြန်တယ် ။ အပေါက်တွေမျိုးစုံဖောက် All black နဲ့ metal bands တွေအများကြီးထဲကမှ နားထဲဝင်တာ Children of bodom နဲ့ Cradle of filth အဲ့ metal တွေ Punk တွေပြီးတော့မှ ပြောချင်တဲ့အရာကစမှာ. 2008 မှာ YUFL ထွက်ပြီး အလုပ်သင်အင်ဂျင်နီယာနဲ့ တစ်နှစ်သ‌‌င်္ဘောလိုက်ခဲ့တယ်။ကိုယ်ကအဲ့အချိန် Basshunter တို့ Benassi bros တို.ရဲ့ Euro Dance ကြိုက်နေပြ်ီ Georgia ကအရာရှိတစ်ယောက်ရဲ့ Hard disk ထဲမှာ Armin only 2006 show တစ်ခုလုံးပါလာတယ်ဗျ။ သင်္ဘောပေါ်မှာ အင်ဒိုနီးရှားနိုင်ငံက ချက်ကြီးက ဂီတအကြောင်းနှံ့နှံ့စပ်စပ်ရှိတယ် သူကပြောပြတယ် အရင်က Tiesto ကကမ္ဘာနံပါတ် ၁ တဲ့၊ ခုဒီအာမင်က ၁ တဲ့အဲ့မှာကိုယ်လည်းစိတ်ဝင်စားတာပေါ့ ဘယ်လိုလည်းဆိုပြီး အဲ့ show မှာစတာနဲ့ အာမင်နဲ့သူညီက ဂီတာတီးပြီးစတာပဲ ပြီးတော့ အာမင်ကပြုံံးပြုံး ပြုံးပြုံးနဲ့ DJ ဖွင့် အဆိုတော်မလေးတွေတစ်ယောက်ပြီးတစ်ယောက်ဆိုလိုက်ဆင်းသွားလိုက်နဲ့ ကိုယ်နဲ့အတူထိုင်ကြည့်တဲ့သူတွေတစ်ယောက်မှ ၁၀ မိနစ်ပြည့်အောင်မကြည့်နိုင်ဘူး ကိုယ်တစ်ယောက်ထဲ အဲ့ရှိုးကိုဖင်ပြန်ခေါင်းပြန် အခါခါကြည့်တယ်..အာမင့်အပြုံးကခုထိ ကိုယ်DJ ဖွင့်ရင်လွှမ်းမိုးတုန်း. Trance ကိုယ့်ရင်ထဲကိုအတော်လေးမသိမသာရောက်သွားတာပေါ့. ပြောမယ့်သာပြောတဲ့ အဲ့တာ Trance မှန်းအဲ့တုန်းကမသိခဲ့ပါဘူး. ရန်ကုန်ပြန်ရောက်တော့ ၂၀၁၃ ကုန်လောက်ထိ ပါလာလေးဖြုန်းလိုက်ထပ်ရှာတာလေး ဖြုန်းလိုက်နဲ့ ကလပ်ပေါင်းစုံလိုက်တက် အဖော်မပါလည်းတစ်ယောက်ထဲ အရက်လေးသောက်သွားနာထောင်နေရာက အိမ်တိုင်ရာရောက်သီချင်းတွေနားထောင်ကြည့်ဆိုပြီးလာပေးတာ Piano bar က DJ Nice. သူ့ကျေးဇူးနဲ့ Virtual Dj လေးကလိ ဖုန်းထဲ Ejay software လေးသွင်းကလိ Fl လေးသွင်းပြီး ဟိုသီချင်းဒီဆက် မြန်မာသီချင်းတွေကို mashup bar ကြိုး key ကြောင်တွေလုပ် မြန်မာဒီဂျေ website တွေတင် ကိုယ့်ဆြာဖြစ်လာမယ့် ဆြာဝိုင်းကို ကိုယ်မက်ရှက်တလွဲသွားပြ ဖြစ်ချင်တော့ ကိုယ်ပြတဲ့သီချင်းက မမှန်ပေမယ့် ဒီမှာတော်ရုံနားမထောင်တော့တဲ့ Trance ဖြစ်နေတော့သူက အကြံပေးပါတယ် မင်း EDM တီးချင်ရင် DJ sense ရှိမှတော့ဖြစ်မယ် DJ အရင်သင်လိုက်ပါဆိုတာနဲ့ Juize Music မှာ နောက်ဆုံး ကလပ်မှာသုံးလို့ကုန်ခါနီးလေးနဲ့သွားတက်လိုက်ပါတယ် ဆြာ icez နဲ့ ဆြာဝိုင်း တို့ကသင် ဆြာဇော်ဂျီ ကလိုတာလေးပြပေးပေါ့. သင်တန်းစတက်နည်းနည်းလေး ဘားလေးရေတတ် mixing ‌လေးချိန်းတတ်တာနဲ့ ဖေ့ဘွတ်ပေါ်ပေါက်တက်ကရတေရေး ကိုယ့်မက်ရှက်အမှားကြီးတေဖွင့် ကိုယ်ဖွင့်ချင်တဲ့ Trance တွေဖွင့်အကုန်ပေါက်တတ်ကရလုပ်တော့တာ. ဆြာတွေကတားပါတယ် နားမထောင်ပါဘူး ကိုယ်ကြိုက်ရာကိုယ်လုပ်တာပဲ.သင်တန်းသင်ပြီး ၂၀၁၄ တခုလုံးပေါက်ကရလုပ်နေတာနဲ့ ၁ ပွဲနှစ်ပွဲလောက်သာခန တဖြုတ်ဝင်ဖွင့်ရပြီး ကျန်တာတော့ဘယ်သူမှမခေါ်တော့ပါဘူး ပြောမှမရတာလေ. ၂၀၁၅ လောက်ကြတော့ အမှားလေးတွေမြင်လာပြီး သီချင်းအမျိုးအစားပေါင်းစုံလိုက်ဖွင့်တယ် ဖွင့်ရတဲ့ပွဲတွေကလည်း House music ပွဲတွေ 60s,70s,80s,90s Oldies တွေ နောက်ခံ Background, CD Playback, Promotion ပွဲတွေ အစုံပါပဲ ဒါတွေဖွင့်ရတာလည်း Juize music နဲ့ ဆြာနှစ်ယောက်ရယ်ဦးဇော်ကြီး တို့ရဲ့ကျေးဇူးတွေနဲ့ပေါ့ ကျွန်တော်က ကံကောင်းပါတယ် သူများတွေလို DJ ဖြစ်ချင်လို့ အရမ်းကြီး အနာခံလုပ်ခဲ့ရတာမရှိသလောက်ပါ ကိုယ်လိုချင်တဲ့စျေးမရတာနဲ့ ကိုယ်ဖွင့်ချင်တဲ့ Trance ကိုအားရပါးရမဖွင့်ခဲ့ရတာပဲရှိတယ်.ဒါပေမယ့် Trance ဖွင့်တာကိုတော့ ဟိုးအရင်ဒီဂျေပေါက်စကကောခုထိရော ဘယ်တုန်းကမှလက်မလျော့ခဲ့ပါဘူး ရရင်ရသလိုကြုံရင်ကြုံသလိုကို ခေါင်းမာမာနဲ့ဖွင့်တာ. DJ ဘဝမှာခေါင်းမာခဲ့သမျှ ဒီတခုကတော့မှန်ခဲ့ပါတယ် 2016 ခုနှစ်808 festival ကDM4 stage မှာ Trance ဖွင့်ဖို့လိုတယ်ဆိုတော့ ဆြာဝိုင်းက AKAT တော့ရှိတယ်ဆိုတာနဲ့ Festival မှာစပြီး Trance ခွင့်ရခဲ့တာပေါ့ အဲ့မှာ Lucid ဇာတ်လမ်းကစတာပဲ 2017 ရဲ့ Fuse မှာပထမဆုံးလုပ်တဲ့ ပွဲမှာပါခွင့်ရပြီး Thai ရဲ့ Trance Legend DJ Pan ရဲ့ရှေ့ကဖွင့်ခွင့်ရခဲ့တယ်.ခုဆို Lucid ဟာမြန်မာရဲ့အအောင်မြင်ဆုံး Trance Family ဖြစ်နေပါပြီ.. Club life ကတော့ 2018 ဇန်နဝါရီလမှာ ကိုမြတ်သူနဲ့လက်တွဲခွင့်ရတယ် NYX ကလပ်ကစခဲ့တာပေါ့နောက်တော့ Kelvin Pool bar နဲ့ Club De luxe ရယ် Brave ရယ်ပေါ့လက်ရှိတော့ ကိုမြတ်သူကျေးဇူးနဲ့ Deluxe နဲ့ Brave မှာဖွင့်နေပါတယ်. DJ career မှာတော့ကျန်တာက Eclipse, Escape,Gekko, Blackhat Bars တွေမှာလုပ်ဖူးပါတယ်. Festival ကြီးအနေနဲ့တော့ 808,Wetnation,EMF ဖွင့်ဖူးပါတယ် ကျန်တာတော့ Events တွေမနည်းပါဘူး.Producing နဲ့ပါတ်သက်လို့တော့ ကျွန်တော်က အခြေခံအားနည်းခဲ့တော့ အတီးပိုင်းကိုတော့ခုထိကြိုးစားတုန်းပါ ခုအသက် ၃၁ မှာ သင်တန်းပြန်တက်ဖို့စီစဉ်နေပါတယ်. Mashup လေးတွေတော့ပေါက်တယ် ဆေး mashup ဆိုလူတော်တော်များများ သိကြပါတယ်.AKAT နဲ့တော့မဟုတ်ဘူး Alias..TAKA နဲ့လုပ်ထားတာလေးပါ soundcloud မှာတင်ထားပါတယ် အခြား AKAT trance mahsup လေးတွေလည်း အခြားနိုင်ငံအတော်အများကအသိအမှတ်ပြုကြပါတယ်.ဟိုတစ်‌လောကတော့ EDMdroid asia ကပေးတဲ့Myanmar No.1 DJ ဆုကိုတော့ Voting နဲ့ရခဲ့တယ်. ကျွန်တော်ကတော့ Music ကိုကြိုက်တာပါ Genre ကိုကြိုက်တာမဟုတ်ပါဘူး.ခုလိုစာအရှည်ကြီးဘာလို့ရေးပြထားတာလည်းဆိုတော့ ကျွန်နော်ငယ်ငယ်က ကြိုက်ခဲ့တာတွေခု DJ ဖြစ်တော့ကြိုက်သေးတာလည်းရှိသလို မကြိုက်တော့တာတွေလည်းအများကြီး. လူအားလုံးမှာ အကြိုက်ဆုံး Genre ရှိပါတယ် ကျွန်တော်ဆိုလည်း Trance ကြိုက်တာလေ. ဒါပေမယ့် Music ကို Music လို့ခံစားလိုက်တာနဲ့ အကုန်နှလုံးသားထဲရောက်ပါတယ်.ဘာကမှအကောင်းဆုံး ဘာကမှအမြင့်မြတ်ဆုံးလို့မရှိပါဘူး.အိုးစည်ဒိုးပတ်ပဲရှိတဲ့နေရာမှာနေရင် အိုးစည်ဒိုးပါတ်မကြိုက်ရင်တောင် နားထောင်ဖန်များရင်ကြိုက်သွားပါလိမ့်မယ်.ဒါပဲနားထောင်နေရတော့ နားထဲရောက်လာတဲ့သဘောပါ. ဒါပေမယ့်ကျွန်တော့်အသက်အရွယ်အရတော့ အရမ်းဆူညံတဲ့သီချင်းတွေမကြိုက်တော့ပါဘူး ငယ်ငယ်ကကြိုက်ခဲ့ပီ့းပါပြီ.ခုဘာ music အမျိုးအစားဖွင့်လည်းဆို official အရတော့ AKAT နဲ့ Trance ဖွင့်တယ် TAKA နဲ့ Hard Dance လေးတွေဖွင့်ပါတယ်. unoffcially ကတော့ dubstep နဲ့ hard trap ကလွဲရင်အကုန်ဖွင့်ပါတယ်.DJ/Producer လူငယ်တွေကိုလက်ဆင့်ကမ်းချင်တဲ့စကားကတော့ ကိုယ်ရည်ရွယ်ရာကို ခေါင်းမာမာနဲ့လုပ်ပါ သူများကိုမထိခိုက်ရင် ကိုယ့်ကိုကိုလည်းမထိခိုက်ရင် ရသမျှနည်းလမ်းပေါင်းစုံသုံးပါ အမြင်ကျယ်ပါ ခေတ်နဲ့အမှီရင်ဘောင်တန်းပါ အတိတ်ကအတွေးအခေါ်အယူအဆတွေကို ယူသင့်တာပဲယူပြီး ထားသင့်တာထားခဲ့ပါ လောကကြီးကိုဘောင်ခတ်မကြည့်ပါနဲ့ အားလုံးမြင်အောင်ကြည့်ပြီးမှ ဘောင်ခတ်ပါ.ပညာကိုတတ်နိုင်သလောက်ဖြည့်ပီးမှ စကားများများပြောပါ အဲ့ချိန်ကျရင်ပြောချင်မှာတောင်မဟုတ်ပါဘူး စည်းစည်းလုံးလုံးရှိကြပါ.

UMB Jump Up D&B Update23 Tracks အပုဒ်ကတော့ ၂၃ ပုဒ်ပဲ ဒါပေမယ့် အပုဒ်တိုင်းဖွင့်လို့ရမယ့် Pack.ပါ သေချာရွေးပေးထားပါတယ် ......
04/03/2025

UMB Jump Up D&B Update
23 Tracks

အပုဒ်ကတော့ ၂၃ ပုဒ်ပဲ ဒါပေမယ့် အပုဒ်တိုင်းဖွင့်လို့ရမယ့် Pack.ပါ သေချာရွေးပေးထားပါတယ် ...
Total အပုဒ် ၁၀၀ ရှိပါတယ် နောက်ရက်တွေထပ်တင်ပေးပါမယ် ရှယ်လေးတွေပါ ... စိတ်ထဲမယ် တင်တောင်မတင်ချင်ဘူး ကျွန်တော်ပဲဖွင့်ချင်လို့ 😅

https://universalmusicbank.com/station/umb-drum-n-bass-collection/

သကြ်န်နီးပြီနော် 🤗🤗🤗
22/02/2025

သကြ်န်နီးပြီနော် 🤗🤗🤗

နယ်မှာ DJ ခေါ်မရလို့ Youtube တွေ Telegram တွေကနေဖုန်းနဲ့ဖွင့်နေတုန်းလား 137 ရဲ့ Vina Nonstop တွေရှိပါတယ် ၁ ပုဒ်ကို ၃ နာရ...
30/01/2025

နယ်မှာ DJ ခေါ်မရလို့ Youtube တွေ Telegram တွေကနေဖုန်းနဲ့ဖွင့်နေတုန်းလား 137 ရဲ့ Vina Nonstop တွေရှိပါတယ် ၁ ပုဒ်ကို ၃ နာရီစာ အတင် အမြော အချ အကုန်ချိန်ထားပြီးသားပါ
Vol.1 ကနေ Vol.70 ထိရှိပါတယ်

Address

South Okkalapa
Yangon
11181

Alerts

Be the first to know and let us send you an email when DJ AKAT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DJ AKAT:

Share

Category