မြန်မာလူထုမီဒီယာ -Myanmar Ludu

မြန်မာလူထုမီဒီယာ -Myanmar Ludu မှု့ခင်းသတင်း။ အနုပညာသတင်း ။ နိုင်ငံရေး စီးပွားရေး သတင်းများကို ဖော်ပြနေသည့် တရား၀င် လိုင်စင်ရ မီဒီယာ

ဒူတာတေးကို တရားစွဲတဲ့ အိုင်စီစီ ရှေ့နေချုပ်ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ဖြေရှင်းနေရတဲ့ အိုင်စီစီ အရှု့...
20/03/2025

ဒူတာတေးကို တရားစွဲတဲ့ အိုင်စီစီ ရှေ့နေချုပ်ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ဖြေရှင်းနေရတဲ့ အိုင်စီစီ အရှု့ပ်ထုပ်
************************************
ငါတို့ ခိုင်းတာသာလုပ်ပေး ၊ငါတို့ကိုပြန်မလှန်နဲ့ အိုင်စီစီကို သတင်းစကား ပါးလိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်
***********************************
မတ် ၂၀ ၊ မနီလာ (အတွေးအမြင်)
*****************
အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟု ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အိုင်စီစီ ရှေ့နေချုပ် ကာရင်းခန်းက လက်သံပြောင်လှချည်လား အခုလည်း ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို စစ်ဆေးနေတာလည်း သူဘဲ ဆိုလို့ တကယ်ကြီးလားဆိုပြီး စိတ်ဝင်စားလို့ သတင်းတွေလှန်လျောကြည့်လိုက်တာ မနေ့က The Malina Times ကရေးထားတဲ့ သတင်းတစ်ပုဒ်ကို တွေ့လိုက်ရတော့မှ သဘောပေါက်တော့တယ် ။
ဖိလစ်ပိုင်မှာလည်း သမ္မတဟောင်း ဒူတာတေးကို လက်ရှိသမ္မတ မားကို့ဂျုနီယာ နဲ့ ပေါင်းပြီး အိုင်စီစီကို လက်ဝါးရိုက်ပို့လိုက်လို့ ဖိလစ်ပိုင် ပြည်သူတွေ လမ်းပေါ်တက် ဆန္ဒပြနေသလို အိုင်စီစီ ရုံးချုပ်ရှိတဲံ သည်ဟိတ် အထိတောင် ပြည်သူတွေ ကန့်ကွက်ဆန္ဒပြခဲ့လို့ နိုင်ငံတကာ သတင်းတွေမှာပလူတွေ ပျံနေခဲ့ပါပြီ ။
ဒူတာတေးကို အိုင်စီစီမှာ အမှု့စစ်နေတဲ့ ရှေ့နေချုပ် ကာရင်ခန်းကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖိလစ်ပိုင်မှာ လူဖတ်အများဆုံး သတင်းစာ ကြီးဖြစ်တဲ့ The Malina Times ကဖော်ပြထားပါတယ် ။
ထုံးစံအတိုင်း ကာရင်ခန်းကတော့ သူ့ကိုစွပ်စွဲထားတဲ့ လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်တွေကို ငြင်းဆိုပြီး အချိန်ဆွဲလာတာ တစ်နှစ်ကျော်လာခဲ့ပါပြီ ၊ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲက သူ့အမှု့ကို စတင်စစ်ဆေးခံနေရတာဖြစ်ပြီး အမှု့မပြီးသတ်သေးလို့ သူများကို စစ်ဆေးနေတဲံ ရှေ့နေချုပ်ကိုယ်တိုင် အမှု့တန်းလန်း နဲ့ ဆိုတော့ ဖိလစ်ပိုင် ပြည်သူတွေနဲ့ အိုင်စီစီကို စောင့်ကြည့်နေတဲ့ ကမ္ဘာ့ပြည်သူတွေ အမြင်မှာတော့ အိုင်စီစီရဲ့နဂိုကတည်းက မရှိတဲ့ ဂူဏ်သိက္ခာက မြောင်းထဲရောက်သွားသလို အိုင်စီစီ အတွင်းမှာ ဖြစ်နေတဲ့ အရှုပ်ထုတ်တွေကိုလည်း မေးငေါ့ ကဲ့ရဲ့စရာဖြစ်လို့လာပါတယ် ။

ဒါပေမယ့် အိုင်စီစီ အမှု့ဆောင် ရှေ့နေချုပ်ကာရင်ခန်းကတော့ သူ့ကို စွပ်စွဲထားတဲ့ အမှု့တွေ ကိုလူတွေ မေ့သွားအောင် စောင့်နေစဉ်မှာဘဲ အာရပ်သူဌေးတွေရဲ့ အစ္စရေး အပေါ် စွဲဆိုထားတဲ့ အမှု့က သူ့အတွက် အကွက်တွေ့စေပါတယ် ၊ဒါကတော့ ဂါဇာမှာ အစ္စရေးက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု့တွေ အများအပြား ရှိတယ် ဒါတွေကို ဝန်ကြီးချုပ် နေတန်ရာဟုက ကျုးလွန်ပါတယ်ဆိုပြီး နေတန်ရာဟု နဲ့ ကာကွယ်ရေး ဝန်ကြီးကို အိုင်စီစီက ၂၀၂၃ ခုနှစ်မေလ မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ် ။

အမေရိကန် မီဒီယာတစ်ခုဖြစ်တဲံ Wall Street Journal ကတော့ ကာရင်ခန်း အနေနဲ့ သူ့အပြစ်ကို ဖုံးဖို့ အတွက် သူ့ရင်အိုင်စီစီ ရှေ့နေချုပ်တာဝန်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ် ။
အမေရိကန် နဲ့ အနောက်အုပ်စုကတော့ အိုင်စီစီကို သူတို့လိုအပ်ရင် လိုအပ်သလို အသုံးချဖို့ အတွက်လောက်ဘဲ စဉ်းစားထားတာဖြစ်ပါတယ် ၊ ဒါပေမယ့် ကာရင်ခန်းကတော့ သူ့ပုဂ္ဂိုလ်ရေး ပြသနာ ဖုံးလွှမ်းဖို့ အတွက် အာရပ်သူဌေးတွေ အကြိုက်နေတန်ရာဟုကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့ အခါမှာတော့ အမေရိကန် နဲ့ အနောက်အုပ်စု အတွက် ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်သလို ဒေါသပုန်ထစေခဲ့ပါတယ် ၊ အမေရိကန် ပြည်ထောင်စု ဆိုတာ သူကသာ ကမ္ဘာကို ဦးဆောင်မှာဖြစ်ပြီး သူ့ကို ဆရာလာလုပ်ရင်တော့ မိတ်ဆွေရင်း မဟာမိတ် နိုင်ငံတွေကိုတောင် အထာထားလေ့ မရှိပါဘူး ။
အမေရိကန်ရဲ့ မွေးစားသားလို့တောင် ကမ္ဘာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ခေါ်ဆိုသတ်မှတ်ထားတဲ့ အစ္ဒရေး နိုင်ငံရဲ့ဝန်ကြီးချုပ် နေတန်ရာဟုကို အိုင်စီစီက ဖမ်းဖို့ လုပ်လာတဲ့ ကိစ္စကို အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ငြင်းဆိုကန့်ကွက်ခဲ့သလို အိုင်စီစီ တစ်ဖွဲ့လုံးကို အရေးယူမှု့တွေ ပြုလုပ်ဖို့ လက်ရှိ သမ္မတ ဒေါ်နယ်ထရန့်က ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့ပါတယ် ၊ အမေရိကန် နဲ့ အမေရိကန်တွေရဲ့ မဟာမိတ် နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အတွက် အိုင်စီစီ အဖွဲ့ဝင်တွေ အားလုံး အမေရိကန် ပြည်ထောင်စုကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခဲ့သလို အမေရိကန်ပြည်ထောင်စု ထဲမှာ ရှိတဲ့ အဒိအဖွဲ့ဝင်တွေရဲ့ပိုင်ဆိုင်မှု့ ၊ ငွေကြေးလွှဲပြောင်းမှု့တွေက အစ ပိတ်ဆို့ အရေးယူမှု့တွေ လုပ်ခဲ့ပါတယ် ။ အိုင်စီစီကိုလည်း မင်းတို့ ကြိုက်သလိုသာလုပ် အမေရိကန် နဲ့ ငါတို့ မဟာမိတ် အစ္စရေးကို လာမထိနဲ့လို့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ် .

အိုင်စီစီ အနေနဲ့ကတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ အတွက် နေတန်ရာဟု ကိစ္စမှာ မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်ကို ဖုံးကွယ်ပြီး သူ့ကိုချဉ်းကပ်လာတဲ့ ဖိလစ်ပိုင် လက်ရှိ သမ္မတ မားကို့ဂျုနီယာ နဲ့ ပေါင်းကာ သမ္မတဟောင်း ဒူတာတေးကို အဖမ်းပြ ၊ စစ်ဆေးပြခြင်းဖြင့် သူ့တို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ဆယ်တင်ဖို့ကြိုးစားလာတာဖြစ်ပါတယ် ။

ဒူတာတေးကို တရားစီရင်နေတဲ့ အိုင်စီစီ ခဗျာမှာလည်း အခုတော့ ဖိလစ်ပိုင် ပြည်သူတွေရဲ့ ဒေါ့သ နဲ့ အမုန်းကို လက်ရှိသမ္မတမားကို့ဂျုနီယာ နည်းတူ ခံနေရပြီဖြစ်လို့ ရွှေထုပ်ထင်ပြီး ကောက်ကိုင်လိုက်တာ အပေါ်ယံ ရွှေမှုန်ဖြူးထားတဲ့ ချီထုပ်ကြီးကိုင်မိသလို ဖြစ်နေခဲ့ပါပြီ ၊ အခုဆိုရင် မနီလာမြို့လမ်းမပေါ်မှာ မားကို့ဂျုနီယာ နဲ့ အိုင်စီစီ အဖွဲ့ကြီး ဖိလစ်ပိုင် ပြည်သူတွေ ဆန္ဒပြခြင်းကို ခံနေရပြီဖြစ်သလို ငွေကြေးတက်နိုင်တဲ့ လူတွေကလည်း သည်ဟိတ်မြို့ က အိုင်စီစီ ရုံးအရှေ့ထိ သွားရောက် ဆန္ဒပြနေလိုနေတန်ရာဟု ကိစ္စမှာ အရှက်ကွဲခဲ့ရသလို အခုလည်း ဒူတာတေး ကိစ္စကြောင့် အိုင်စီစီဆိုတာ ဘာလား ညာလား ဘယ်လို အဖွဲ့အစည်းလဲ ဆိုတာကို အားလုံးစောင့်ကြည့်နေကြပြီဖြစ်ပါတယ် ။
အိုင်စီစီရဲ့ သမိုင်းကြောင်း ဟောင်းတွေကို ပြန်လှန်ကြည့်လိုက်ရင်လည်း အာဖဂန်နစ္စတန် နဲ့ ရိုးမေးနီးယား ကတာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှု့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှု့ကိုတည်ဆောက်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၅ ရက်မှာ စုံစမ်းစစ်ဆေးမှု့ လုပ်ဖို့ စတင်ခဲ့ပါတယ် ။
အမေရိကန် သမ္မတဟောင်း ဂျိုးဘန်ဒင် အစိုးရလက်ထက် အာဖဂန်မြေကနေ အမေရိကန် စစ်တပ် ဆုတ်ခွဲခဲ့ပါတယ် ၊ တာလီဘန် အစိုးရ တက်လာပြီး နောက်ပိုင်းမှာ အိုင်စီစီက တာလီဘန်တွေနဲ့ ဆက်နွယ် ပက်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကျုးလွန်ခဲ့တဲံ စစ်ရာဇဝတ်မှု့တွေ အပြင် အရှေ့ဥရောပ နိုင်ငံတွေဖြစ်တဲ့ ပိုလန် ၊ ရိုးမေးနီးယား ၊ လစ်သူနေယီးယား နှင့် အမေရိကန် ပြည်ထောင်စု က စစ်ရာဇဝတ်မှု့တွေ ကျုးလွန်ခဲ့တယ်ဆိုပြီး အချက်အလက်တွေ စုဆောင်းခဲ့ပါတယ် ။
ဘယ်လိုဘဲ အချက်အလက်တွေ စုဆောင်းခဲ့ပေမယ့် အာဖဂန်နစ္စတန် နဲ့ အမေရိကန် အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု့ မရှိခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ အိုင်စီစီရဲ့ ရှေ့နေချုပ် Fatou Bensouda ရဲ့ တရားစွဲဆို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကရုံး အဆင့်ဆင့်မှာ ပယ်ချခံလိုက်ရပါတယ် ။ဒါပေမယ့်လည်း အယူခံ ဆက်တက်ပြီး ၂၀၂၀ခုနှစ် မတ်လ ၅ ရက်မှာ အမှု့ကိုဆက်လက် စုံစမ်းဖို့ ခွင့်ပြုခဲ့ပါတယ် ။

အမေရိကန် အစိုးရကတော့ အဲဒိအချိန်ကတည်းက ရှင်းလင်းတဲ့ စကားလေး ပါးလိုက်ပါတယ် ၊ အဲဒါကတော့ အာဖဂန်မြေမှာ ခြေရှု့ပ်ဖို့ကြိုစားလာတဲ့ အိုင်စီစီ ရှေ့နေချုပ် Fatou Bensouda ရဲ့အမေရိကန် ပြည်ဝင်ခွင့်ဗီဇာကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ် ။
အခုဒူတာတေားကို ဖမ်းပြီး စစ်ဆေးနေတဲ့ အိုင်စီစီ ရှေ့နေ ကာရင်ခန်းကလည်း ၂၀၂၅ ဇန်နဝါရီ ၂၃ အိုင်စီစီ တရားရုံးမှာ တာလီဘန် အကြီးအကဲ နှစ်ဦးဖြစ်တဲ့ ဟိုင်ဘာတူလာ အခန်ဇာဒါ နှင့် အာဖဂန်တာရားသူကြီး ချုပ် Abdul Hakim Haqqani ကိုဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့သူဖြစ်ပါတယ် ။ LGBT အခွင့်အရေး နှင့် တာလီဘန်တို့ရဲ့ အုပ်ချုပ်တဲ့ ရက်စက်တဲ့မူဝါဒတွေ နဲ့ ပက်သက်ပြီး တရားစွဲဖို့ လျှောက်ထားတာဖြစ်ပေမယ့် တာလီဘန် အဖွဲ့တွေကတော့ ခန်းကို အမှုန့်ကြိတ်ပြီး အိုင်စီစီ အဖွဲ့ကို အာဖဂန် ကိစ္စ ဝင်မရှုပ်ဖို့ သတင်းစကားပါးထားပါတယ် ။

ကိုးကား The Manila Times နှင့် နိုင်ငံတကာ သတင်းများမှ အချက်အလက်များကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။
( ရာဇာအောင် ၊ မြန်မာလူထုမီဒီယာ )
မူရင်းသတင်း Link https://www.manilatimes.net/2025/03/19/opinion/columns/icc-prosecutor-using-duterte-to-detract-from-sexual-abuse-allegations-against-him/2075518

မြန်မာလူထုမီဒီယာ

ဒူတာတေးအား ဖမ်းဆီးရန် ဖိလစ်ပိုင်အစိုးရနှင့် ICC ဆွေးနွေးတိုင်ပင်ခဲ့ဆို---------------March 17. မနီလာ***********  နိုင်ငံ...
17/03/2025

ဒူတာတေးအား ဖမ်းဆီးရန် ဖိလစ်ပိုင်အစိုးရနှင့် ICC ဆွေးနွေးတိုင်ပင်ခဲ့ဆို
---------------
March 17. မနီလာ
***********
နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး ICC မှ စာရွက်စာတမ်းများက ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး အဖမ်းခံရတော့မည့်အကြောင်း လက်ရှိ ဖိလစ်ပိုင်အစိုးရက ကြိုတင်သိရှိထားသည်ကို ဖော်ပြခဲ့သည်။

ဖမ်းဝရမ်းကို ကြိုတင်သိရှိထားခြင်းမရှိဟု အစိုးရတာဝန်ရှိသူများက ငြင်းဆိုထားသည်။

အဆိုပါ စာရွက်စာတမ်းများတွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် နိုင်ငံတကာအေဂျင်စီများအကြား ကြိုတင်ညှိနှိုင်းမှုများကို အသေးစိတ်ဖော်ပြထားပြီး အစိုးရအနေဖြင့် ICC က ဖမ်းဆီးရန်တောင်းဆိုမှုကို သိရှိရုံသာမက လိုက်နာရန်လည်း သဘောတူထားကြောင်း ဖော်ပြထားသည်။

ဒူတာတေးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ဟောင်ကောင်မှ ရောက်ရှိလာပြီး မကြာမီ ဖမ်းဆီးခံရကာ နာရီပိုင်းအတွင်း သည်ဟိဂ်မြို့ရှိ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ဌာနချုပ်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခံခဲ့ရသည်။ ၄င်းသည် သူ၏ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး စစ်ပွဲနှင့် ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ဆက်နွှယ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရပြီ ဖြစ်သည်။

တောင်းဆိုမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်အာဏာပိုင်များနှင့် ကြိုတင်ညှိနှိုင်းထားကြောင်း တရားဝင် ဆက်သွယ်ချက်များက အတည်ပြုခဲ့သည်။
ဒူတာတေးကို ဖမ်းဆီးရေး ICC တောင်းဆိုမှု ဖြန့်ဝေချက်ကို လူသိရှင်ကြားထုတ်ပြန်ခြင်းမပြုမီ ဖိလစ်ပိုင်အစိုးရထံ ပေးပို့ခဲ့သည်‌။ "ဖမ်းဆီးမှုအတွက် ဖိလစ်ပိုင်အစိုးရနှင့် ကြိုတင်ညှိနှိုင်းပြီးနောက် တောင်းဆိုမှုကို ဖြန့်ဝေခြင်းဖြစ်သည်" ဟု စာတမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရန် တောင်းဆိုချက်ဖြန့်ဝေခြင်းသည် အဖွဲ့အစည်း၏ စည်းမျဥ်းစည်းကမ်းများနှင့် ဥပဒေဘောင်များအားလုံးကို လိုက်နာခြင်းရှိမရှိ ဆုံးဖြတ်ထားကြောင်း အင်တာပိုလ်၏ အထွေထွေအတွင်းရေးမှူးရုံးက တရားဝင်အတည်ပြုထားခြင်း မရှိပါ။

အထွေထွေအတွင်းရေးမှုးရုံးမှ တရားဝင်ပြန်လည်သုံးသပ်မှုမှတစ်ဆင့် အနီရောင်သတိပေးချက်နှင့်မတူဘဲ ဖြန့်ဝေမှုကို အင်တာပိုလ်၏ ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများထံ တိုက်ရိုက်ပေးပို့ခဲ့သည်။

ထို့ကြောင့် ဒူတာတေး၏ အမှုတွဲတွင် လိုက်နာရမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာသည်။

အင်တာပိုလ်၏ သတိပေးချက်များနှင့် ဖြန့်ဝေမှုဆိုင်ရာ အလုပ်အဖွဲ့ (NDTF) သည် သတိပေးချက်များနှင့် ဖြန့်ဝေမှုများ၏ တရားဝင်မှုနှင့် လိုက်နာမှုတို့ကို ပြန်လည်သုံးသပ်ရန် တာဝန်ရှိသည်။ စိုးရိမ်မှုများ ဖြစ်ပေါ်လာပါက အင်တာပိုလ်အဖွဲ့ဝင်များက ၎င်းအား ထပ်မံစစ်ဆေးရန်အတွက် NDTF သို့ ကိုးကားတင်ပြနိုင်သည်။

ဒူတာတေးကိစ္စတွင် တောင်းဆိုချက်ဖြန့်ဝေမှု အသက်ဝင်နေသောကြောင့် ၎င်းကိုအရေးယူဆောင်ရွက်ရန် အာဏာပိုင်များကို တောင်းဆိုခဲ့သော်လည်း တရားဝင်ပြန်လည်သုံးသပ်မှု မရှိခြင်းသည် ဖြစ်လာနိုင်သော တရားဥပဒေဆိုင်ရာ စိန်ခေါ်မှုများအတွက် နေရာလွတ် ဖြစ်နေသည်။

ဒူတာတေး၏ ဥပဒေအဖွဲ့က ICC တောင်းဆိုချက်သည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး အင်တာပိုလ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကာအကွယ်များသည် နိုင်ငံရေးအရ တွန်းအားပေးသည့် ကိစ္စများနှင့် မကိုက်ညီကြောင်း ငြင်းဆိုနိုင်သည်။
ဒူတာတေးကို ဖမ်းဆီးခြင်းအတွက် ဖိလစ်ပိုင်အစိုးရ၏ ကြိုတင်သိရှိနားလည်မှုနှင့် သဘောတူညီချက် ပေါ်ထွန်းလာခြင်းသည် ICC ၏ စုံစမ်းစစ်ဆေးမှုအပေါ် ပွင့်လင်းမြင်သာမှုနှင့် ရပ်တည်ချက်နှင့် ပတ်သက်၍ ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။

ဒူတာတေးသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၎င်း၏ "မူးယစ်ဆေးဝါးစစ်ပွဲ" နှင့် ဆက်နွှယ်သည့် တရားလက်လွတ် သတ်ဖြတ်မှုများကို ကြိုးကိုင်မှုဖြင့် ရောမဥပဒေ ပုဒ်မ ၇(၁)(က) အရ တရားစွဲဆိုခံထားရသည်။

ဖိလစ်ပိုင်အဆင့်မြင့်အရာရှိများက ၎င်းတို့သည် ICC ဖမ်းဝရမ်းနှင့်ပတ်သက်၍ ကြိုတင်သိရှိထားခြင်းမရှိဟု အမြဲတစေ ငြင်းဆိုခဲ့သည်။ အစိုးရ၏ ဆန့်ကျင်ဘက် ပြောဆိုချက်များဖြင့် မှားယွင်းစွာ ငြင်းဆိုမှုများသည် ICC စုံစမ်းစစ်ဆေးမှုတွင် ယုံကြည်ကိုးစားမှုကို ပိုမိုထိခိုက်စေပြီး နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် သံသယဖြစ်စေသည်ဟု တရားရေးကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေးထောက်ခံသူများက စောဒကတက်ကြသည်။

“ဒီစာရွက်စာတမ်းတွေက အစိုးရရဲ့ လူသိရှင်ကြား ငြင်းဆိုချက်တွေဟာ မှားယွင်းကြောင်း အတည်ပြုပါတယ်၊ ဖိလစ်ပိုင် အာဏာပိုင်တွေဟာ ဖမ်းဆီးဖို့ အစီအစဉ်တွေ သိရှိထားပြီး ICC နဲ့ ညှိနှိုင်းခဲ့ပါတယ်” ဟု ဥပဒေရေးရာ လေ့လာသုံးသပ်သူတစ်ဦးက The Manila Times သို့ ပြောကြားခဲ့သည်။

ဒူတာတေး၏တွဲဖက်တရားခံများအတွက် ဖမ်းဝရမ်းထုတ်ရာတွင် အင်တာပိုလ်အား ကူညီသွားမည်ဟု ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ (PNP) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ "သမ္မတဟောင်းကလွဲရင် တခြားလူတွေကိုလည်း စုံစမ်းနေပြီး တစ်စုံတစ်ဦးကို ဖမ်းထားပြီးသားဆိုတော့ ကျွန်မတို့မှာ ပုံစံတစ်ခု ရှိနေပြီ" ဟု PNP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယွန်း ဖာဂျာဒိုက ပြောသည်။ "ဝရမ်းတွေ အသုတ်လိုက်ထွက်လာပြီး အင်တာပိုလ်က အကူအညီတောင်းလာရင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တည်ဆဲဥပဒေနဲ့အညီ အကောင်အထည်ဖော်ရာမှာ အကူအညီပေးဖို့ အလွန်အမင်း ဆန္ဒရှိပါတယ်" ဟု ဖာဂျာဒိုက ပြောကြားခဲ့သည်။
ဒူတာတေးအား သည်ဟိဂ်သို့ ခေါ်ဆောင်လာပြီးနောက် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ အပါအဝင် လိုအပ်သော အကူအညီများကို အစိုးရက ပေးအပ်ခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။ ဒူတာတေးအား ထောက်ခံသည့်အနေဖြင့် ရဲအရာရှိအများအပြား ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသော သတင်းများကို ဖာဂျာဒိုက ပယ်ချခဲ့သည်။
"ဒါတွေအားလုံးဟာ သတင်းတုတွေပါ၊ ဒါကြောင့် လူတိုင်းကို ပိုင်းခြားသိမြင်ပြီး သတိရှိကြဖို့၊ ဆိုရှယ်မီဒီယာမှာ မြင်နေရတဲ့ ဘယ်အရာကိုမှ မယုံဖို့ အမြဲတမ်း မေတ္တာရပ်ခံပါတယ်" လို့ သူမက ဆိုသည်။

မူရင်းသတင်း https://www.manilatimes.net/2025/03/17/news/ph-govt-consulted-on-dutertes-arrest/2074080

မြန်မာလူထုမီဒီယာ
#ဒူတာတေး
#အိုင်စီစီ
#ဖမ်း၀ရမ်း
#ဖိလစ်ပိုင်
#မနီလာ
မြန်မာလူထုမီဒီယာ

PH govt consulted on Duterte's arrest""""""""""""""""'"""''''''''''''''''''''''By Franco Jose C. BaroñaMarch 17, 2025DOC...
17/03/2025

PH govt consulted on Duterte's arrest
""""""""""""""""'"""''''''''''''''''''''''
By Franco Jose C. Baroña
March 17, 2025

DOCUMENTS from the International Criminal Court revealed that the government knew beforehand about former president Rodrigo Duterte's impending arrest.
Government officials have denied that they had prior knowledge of the arrest warrant.
The documents detail prior consultations between Philippine authorities and international agencies, indicating that the government had not only been informed of the arrest request but had also agreed to comply with its.
Duterte was arrested last Tuesday shortly after arriving from Hong Kong and flown just hours later to the International Criminal Court (ICC) headquarters in The Hague, where he faces a trial for alleged complicity to crimes against humanity linked to the war on drugs during his presidency.
Official communications confirm that Philippine authorities were consulted in advance about the request.
The ICC Diffusion request for Duterte's arrest was transmitted to the Philippine government before any public announcement was made.
"The Diffusion is transmitted after prior consultations with the Government of the Philippines, who have agreed to comply with this request for arrest," the document read
The distinction raises concerns about the due process followed in Duterte's case.
The Interpol Notices and Diffusions Task Force (NDTF) is responsible for reviewing the legality and compliance of notices and Diffusions. If concerns arise, Interpol members may refer it to the NDTF for further examination.
In Duterte's case, since the Diffusion is active, authorities have been called to act on it, yet the lack of formal review leaves room for potential legal challenges.
Duterte's legal team could argue that the request is politically motivated and does not meet Interpol's constitutional safeguards against politically driven cases.
The revelation of the government's prior knowledge and agreement to Duterte's arrest raises bigger concerns regarding transparency and its position on the ICC's investigation.
Duterte has been charged under Article 7(1)(a) of the Rome Statute for orchestrating extrajudicial killings linked to his "drug war" from 2011 to 2019.
ADVERTISEMENT
High-ranking officials had consistently denied they knew in advance about the ICC warrant.
Legal experts and human rights advocates have criticized the government's contradictory statements, arguing that misleading denials further undermine its credibility in the ICC probe and cast doubt on its commitment to international legal obligations.
"These documents confirm that the government's public denials were false. Philippine authorities were aware of the arrest plans and coordinated with the ICC," a legal analyst told The Manila Times.
On Sunday, the Philippine National Police (PNP) said it would assist the Interpol in serving arrest warrants for Duterte's co-accused.

"We know that aside from the former president, other people are also being investigated, and since someone has already been arrested, we more or less already have a template," PNP spokesman BGen. Jean Fajardo said.
"In case warrants cropped up and the Interpol asked for assistance, the PNP is very much willing to provide assistance in its implementation in accordance with existing law," Fajardo said.
She said the government provided the necessary assistance to Duterte, including medical services, after he was brought to The Hague.
Fajardo also dispelled reports on social media that several police officers have resigned in support of Duterte.

"These are all fake news; that's why we always appeal to everybody to be discerning and vigilant, and not to believe anything they see on social media," she said.

Original Link https://www.manilatimes.net/2025/03/17/news/ph-govt-consulted-on-dutertes-arrest/2074080

အမေရိကန် နဲ့ ရုရှား ဇတ်ညွန်း အတိုင်း ကပြအသုံးတော်ခံရတော့မယ့် ယူကရိန်းအရေး ၊ ဘေးထွတ်ထိုင်နေရတဲ့ ဥရောပသမဂ္ဂ***************...
26/02/2025

အမေရိကန် နဲ့ ရုရှား ဇတ်ညွန်း အတိုင်း ကပြအသုံးတော်ခံရတော့မယ့် ယူကရိန်းအရေး ၊ ဘေးထွတ်ထိုင်နေရတဲ့ ဥရောပသမဂ္ဂ
********************************
အတွေးအမြင်
************
ယူကရိန်း စစ်ပွဲဘာကြောင့်ဖြစ်တယ် ဘယ်သူတွေကြောင့် လှပတဲ့ ယူကရိန်းနိုင်ငံကြီး ပျက်စီးပြီး လူတွေ သိန်းနဲ့ ချီ အသက်သေဆုံးရသလဲ မေးရင်း ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ကစားကွက်ထဲက အင်အားကြီးနိုင်ငံတွေရဲ့ ကစားကွင်း အဖြစ် အသုံးတော်ခံလိုက်ရလို့ ယူကရိန်း ပြည်သူတွေ အသက်တွေ ပေးဆပ်နေရတာဖြစ်ပါတယ် ။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး တတိယ အကြီးဆုံး နူးကလီးယားလက်နက်တိုက်ကြီးကို အမွေဆက်ခံခွင့်ရခဲ့တဲ့ ယူကရိန်းနိုင်ငံသစ်ကို အမေရိကန် ၊ ရုရှားတို့က စီးပွားရေး အပေးအယူတွေ လုပ်ပြီး အနူမြူလက်နက်တွေကို ဘူဒါပတ် သဘောတူညီချက်တွေ နဲ့ ဖြုတ်သိမ်းခဲ့ပါတယ် ၊ လုံခြုံရေး ၊ စီးပွားရေး အထောက်အပံ့တွေ ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေ အပြင် ဥရောပ သမဂ္ဂကလည်း ကူညီထောက်ပံ့မှု့တွေ လုပ်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ယူကရိန်းမှာ ရုရှားလိုလားတဲ့ အစိုးရတွေ တက်လာတဲ့ အချိန်မှာ ပြသနာ မရှိခဲ့ပေမယ့် ဇလန်စကီးလို အနောက်အုပ်စု လိုလားတဲ့ သူတွေ တက်လာတဲ့ အချိန်မှာတော့ နေတိုး တစ္ဆေ အခြောက်ခံနေရတဲ့ ရုရှား အတွက် တော်တော်ကြီးအခက်အခဲတွေ့ကြုံကာ စိတ်မလုံမခြုံဖြစ်စေခဲ့ပါတယ် ။
ခရိုင်းမီးယား ကျွန်းဆွယ်အရေးမှာ အနောက်အုပ်စုက မသိချင်ယောင် ဆောင်ခဲ့ကြလို့ ဘူဒါပတ် သဘောတူညီချက်ကလည်း စက္ကူစုတ် သာသာ ဖြစ်သွားတာကို ယူကရိန်း ပြည်သူတွေက မခံချင်ကြပါဘူး ၊ဒါကြောင့်လည်း သူတို့ အနေနဲ့ ယူကရိန်းကို ဥရောပ သမဂ္ဂ နဲ့ နေတိုး ထီးရိပ်အောက်မှာ ခိုလှုံနိုင်မှသာ စိတ်ချရမယ်လို့ ယုံကြည်လာကြလို့ နေတိုးထဲ ဝင်ရောက်ခွင့်ပေးဖို့ ဇလန်စကီးက အမြဲမပြတ်တောင်းဆိုနေတာဖြစ်ပါတယ် ။
ဘိုင်ဒင် အစိုးရလက်ထက်မှာ .ယူကရိန်း သမ္မတ ဇလန်စကီးက နေတိုးအဖွဲ့ထဲဝင်မယ် လုပ်လာသလို ဥရောပ သမဂ္ဂမှာပါတဲ့ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အမေရိကန် အစိုးရကလည်း ထောက်ခံအားပေးလာပါတယ် ၊ ရုရှား အနေနဲ့ကလည်း သူ့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတစ်ခုမှာ နေတိုးတပ်တွေ လာချပြီး သူနောက်ကျောမလုံမယ့် ကိစ္စတွေကို လက်မခံဘူးလို့ တသွင်သွင် သတိပေးခဲ့ပါတယ် ၊ ဇလန်စကီး အနေနဲ့ အနောက်အုပ်စု အားကိုး နဲ့ ဆက်လျှောက်ခဲ့တာကြောင့် ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်နေတာဖြစ်ပါတယ် ။
အမေရိကန် သမ္မတဟောင်း ဘိုင်ဒင် အစိုးရ နဲ့ ဥရောပ ခေါင်းဆောင်တွေကလည်း ယူကရိန်း - ရုရှား စစ်ပွဲကနေ တဆင့် သူတို့ နဲ့ ရုရှားတို့ ထိပ်တိုက်တွေ့မှာ စိုးတဲ့ အတွက် ယူကရိန်းကို စစ်လက်နက်တွေ ပေးပို့ခဲံပေမယ့် ဗျူဟာမြောက် လက်နက်တွေကို အနည်းငယ်သာ ပို့ပေးခဲ့ပါတယ် ။ ဘိုင်ဒင် အစိုးရ နဲ့ ဥရောပ အစိုးရ တွေ အနေနဲ့ ယူကရိန်းစစ်ပွဲကနေ ရုရှားကို ဆွဲနစ်ပြီး ရုရှား နိုင်ငံကို အင်အားချိနဲ့စေဖို့ သုံးနှစ်ကျော် အချိန်ဆွဲကစားခဲ့တဲ့ အတွက် ယူကရိန်း နိုင်ငံရဲ့ လှပတဲ့မြို့တော်ကြီးတွေ မြေခကြေမွခဲ့ရသလို ပြည်သူ နဲ့ စစ်သား သန်းနဲ့ချီ အသက်ပေးခဲ့ရပါတယ် ၊ ယူကရိန်း ပြည်သူ သန်းနဲ့ချီ ဥရောပ နိုင်ငံတွေဆီကို စစ်ပြေး ဒုက္ခသည် အဖြစ် ထွတ်ပြေးနေရဆဲဖြစ်ပါတယ် ။
အမေရိကန် နဲ့ ဥရောပ ထင်သလို ယူကရိန်းစစ်ပွဲကြောင့် ရုရှား စီးပွားရေးက သိသိသာသာ ပြိုကွဲသွားခြင်း မရှိသလို ရုရှားနိုင်ငံကြီးလည်း ယုတ်လျော့သွားခြင်း မရှိအောင် သမ္မတ ပူတင်က ထိန်းသိမ်းခဲ့ပါတယ် ၊ တစ်ဖက်မှာလည်း ယူကရိန်း စစ်ပွဲကို အမေရိကန်ပြည်ထောင်စုမှာ ပြည်သူတွေက သမုဒ္ဓရာ ခြားနေတဲ့ ယူကရိန်းစစ်ပွဲအတွက် ပြည်သူတွေရဲ့ အခွန်ငွေတွေ သုံစွဲနေတဲ့ အပေါ် ကျေနပ်ခြင်း မရှိပါဘူး ၊ ယူကရိန်း အရေးဟာ ဥရောပ အရေးသာဖြစ်လို့ ဥရောပ နိုင်ငံတွေ အနေနဲ့သာ အများဆုံး သက်ဆိုင်တယ်လို့ ဝေဖန်ကြပါတယ် ၊ သုံးနှစ်တာ ကုန်လွန်ခဲ့တဲ့ ယူကရိန်းစစ်ပွဲရဲ့ ကုန်ကျစရိတ် အများအပြားကို ဥရောပ နိုင်ငံတွေက နည်းနည်းသာထည့်ပြီး အမေရိကန် ပြည်ထောင်စုက အများဆုံး အကုန်ကျခံနေရတာဖြစ်ပါတယ် ၊ ဒါကြောင့်လည်း အမေရိကန် ရွေးကောက်ပွဲမှာ ယူကရိန်းစစ်ပွဲကို ရပ်တန့်မယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရန့်ကိ ပြည်သူတွေက တခဲနက် မဲပေးလိုက်လို့ ဘိုင်ဒင် အစိုးရ ပြုတ်ကျခဲ့ပါတယ် ။
သမ္မတထရန့်ကတော့ မဲဆွယ်ပွဲမှာ ပြောခဲ့သလို ယူကရိန်းစစ်ပွဲကို အမြန်ရပ်ဖို့ ကြိုးစားလုပ်ဆောင်နေသလို ယူကရိန်းနိုင်ငံကိုပေးနေတဲ့ စစ်ရေး စီးပွားရေး အထောက်အပံ့တွေကို ဖြတ်တောက်လိုက်ပါတယ် ။စစ်ပွဲဆိုတာ လေနဲ့ တိုက်လို့ရတာ မဟုတ်တဲ့ အတွက် လက်နက်နဲ့ ငွေကြေးမရှိရင် စစ်ပွဲကို အရှုံးပေးရတော့မှာဖြစ်ပါတယ် ၊ ယူကရိန်း သမ္မတ ဇလန်စကီး အနေနဲ့ အိမ်မြှောင် အမြီးပြတ်သလို အနောက်နိုင်ငံတွေကို ယုံစားမိလို့ သူ့နိုင်ငံတင် မဟုတ်ဘူး သူပါ ခုံပျောက်တော့မယ့် အခြေအနေထိ ရောက်လို့လာပါတယ် ။ အခုနောက်ဆုံး အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရန့်က ယူကရိန်းကို ဘိုင်ဒင် အစိုးရက ပေးခဲ့တဲံ လက်နက် ငွေကြေး အကူအညီတွေ အတွက် ယူကရိန်းရဲ့ သယံဇာတ ဖြစ်တဲ့ မြေရှား သတ္တူ ဒေါ်လာဘီလီယံ ၅၀၀ ဖိုးပြန်ပေးဖို့ တောင်းဆိုနေတာ အခုယူကရိန်းက လက်မှတ်ထိုး လိုက်လျောလိုက်ရပါပြီ ။
ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေ ဖြစ်တယ်ဆိုတဲ့ စကားပုံ အတိုင်း တစ်ချိန်တုံးက ပြိုင်ဆိုင်မှု့တွေ ပြင်းထန်ခဲ့တဲ့ အမေရိကန် အစိုးရ နဲ့ ရုရှား အစိုးရက မိတ်ဆွေရင်းတွေ ဖြစ်လို့နေပါပြီ ၊ ယူကရိန်းသမ္မတ ဇလန်စကီးကိုလည်း သက်တမ်းလွန် သမ္မတ ဆိုပြီး ယူကရိန်းအရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာတောင် ဖယ်ထုတ်ထားခဲ့ပါပြီ
စစ်ပွဲတွေကြောင့် ရွေးကောက်ပွဲလုပ်ဖို့ မလွယ်ကူတဲ့ အချိန်မှာ သုံးလတစ်ကြိမ် သက်တမ်း ၁၃ကြိမ်တိုးထားရတဲ့ သမ္မတ ဇလန်စကီးကတော့ ယူကရိန်းရဲ့ လုံခြုံရေး အတွက်

"နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်နဲ့ ကျွန်တော်နဲ့ အလဲအလှယ်လုပ်မယ်"။"ယူကရိန်း အတွက်ငြိမ်းချမ်းရေးရမယ်ဆိုရင်…ခင်ဗျားတို့က တကယ်ဘဲ ကျွန်တော်ရာထူးက ထွက်ပေးစေချင်တယ်ဆိုရင်…ကျွန်တော်ကတော့အဆင်သင့်ဘဲ…
နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်နဲ့ ကျွန်တော်နဲ့ လဲဖို့ အဆင်သင့်ဘဲ" လို့…
လတ်တလောမှာ ဆုပ်စူးစားရူး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ
ဇာလန်းစကီးက အင်တာဗျူးတခုမှာ သူ့သိက္ခာဆယ်ဖို့အတွက်ပြောသွားပြန်ပါတယ်… ဘာကိုပြသနေသလဲ ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အခင်းအကျင်းမှာ သူတပါး အင်အားကို မှီခိုစစ်တိုက်နေရတဲ့ ယူကရိန်း အရေးဟာ အခြားသော အင်အားနည်း နိုင်ငံတွေ အတွက်ပါ သံဝေဂရစရာဖြစ်ပါတယ် ။
လတ်တလော ကမ္ဘာ့ အခင်းအကျင်းတွေ နဲ့ ဥရောပနိုင်ငံတွေရဲ့ အနေအထားအရလည်း
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်လည်းဖြစ်လာမှာမဟုတ်ပါဘူး ၊ဒါ့အပြင် နေတိုးအဖွဲ့မှာ အင်အားအကြီးဆုံး အမေရိကန်ပြည်ထောင်စုကလည်း ဥရောပ နိုင်ငံတွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံရေးတာဝန်ယူကြဖို့ ပြောဆိုပြီး ဥရောပမှာ ရှိတဲ့ အမေရိကန် စစ်စခန်းတွေကိုတောင် ရုပ်သိမ်းမယ့် သဘောပြောသွာလို့ ဥရောပ ခေါင်းဆောင်တွေ ယူကရိန်းကိုကူဖို့ မပြောနဲ့ သူတို့ နိုင်ငံကာကွယ်ဖို့တောင် ခေါင်းချင်းရိုက်နေရပါပြီ။
ဒါ့အပြင် ယူကရိန်း စစ်ပွဲကြီးပြီးသွားရင်လည်း ပြန်လည်ထူထောင်ဖို့ အပြင် ဆုံးရှုံးသွားမယ့် နယ်မြေတွေ အတွက်လည်းရုရှားဆီက ပြန်ရဖို့ ဆိုတာ စစ်ရှုံးနိုင်ငံဖြစ်နေတဲ့ အတွက် ဖြစ်နိုင်ခြေ မရှိပါဘူး

ကမ္ဘာပတ်ပြီးအလှုခံနေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို ကူညီဖို့ဆိုတာ ဥရောပနိုင်ငံတွေ အနေနဲ့ မလွယ်ကူတော့ပါဘူး ၊ ဇလန်စကီးကိုထောက်ခံအားပေးခဲ့တဲံ ဥရောပ ခေါင်းဆောင်တွေ တော်တော်များများလည်း လူထုထောက်ခံမှု့ အားနည်းတာကြောင့် ပြုတ်တဲ့သူတွေ နဲ့ အခြေအနေ မကောင်းတဲ့လူတွေ ဖြစ်နေလို့ ဇာလန်းစကီးရဲ့အလှုခံခြင်းဟာ ရပ်သွားခဲ့ပါပြီ ၊ အခုဆိုရင် ယူကရိန်းအရေးကို ယူကရိန်းပြည်သူတွေနဲ့ သမ္မတဇလန်စကီးတောင် ဝင်ရောက်ဆုံးဖြတ်ခွင့် မရတော့ဘဲ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရန့် နဲ့ ရုရှား သမ္မတသစ် ပူတင်တို့ရဲ့ ညှိနှိုင်းမှု့ အပေါ်မှာသာယူကရိန်းရဲ့ ကံကြမ္မာဟာ မှီခိုနေရပါပြီ ။ လတ်တလောမှာတော့ အမေရိကန်အစိုးရဆီကို အကြွေးဆပ်ဖို့ အတွက် ယူကရိန်းအစိုးရ အနေနဲ့ မြေရှား သတ္တူတူးဖော်ရေး အတွက် စာချုပ်ချုပ်ပေးလိုက်ရပါပြီ ၊ လာမည့်သောကြာနေ့မှာလည်း ယူကရိန်း သမ္မတဇလန်စကီး ဝါရှင်တန်ကို သွားရောက်ပြီး သမ္မတ ဒေါ်နယ်ထရန့်ကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပြီး ဒေါ်နယ်ထရန့် အနေနဲ့ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် ။
ရာဇာအောင် ( မြန်မာလူထုမီဒီယာ)

https://t.me/myanmarludunews/7868

USAID ရဲ့ဇတ်သိမ်းခန်း နဲ့ ခွက်ပျောက်သွားတယ့် လုပ်စား NGO များ *************************အဂတိလိုက်စားမှု့ နောက်ကွယ်က လက်မဲ...
04/02/2025

USAID ရဲ့ဇတ်သိမ်းခန်း နဲ့ ခွက်ပျောက်သွားတယ့် လုပ်စား NGO များ
*************************
အဂတိလိုက်စားမှု့ နောက်ကွယ်က လက်မဲကြီးများရဲ့ နေ၀င်ချိန်
**********************
အတွေးအမြင်
********
၁၉၆၁ ခုနှစ်ကနေ သမ္မတထရန့် တက်လာတဲ့ ၂၀၂၅ ဇန်နဝါရီ အထိ ပန်းပန်ခဲ့တဲ့ USAID အနေနဲ့ ကမ္ဘာတဝန်းမှာ တစ်နှစ်ကို ဘီလီလျံ ဆယ်ချီကာ သုံးစွဲခဲ့ပါတယ် ၊ သမ္မတထရန့်ကတော့ တက်လာလာချင်း တစ်ပတ် အတောအတွင်းမှာကို USAID ရဲ့ ဘတ်ဂျတ်တွေကို ဖြတ်တောက်ပစ်လိုက်တဲ့ အပြင် လုပ်ခဲ့တဲ့ ကာလတွေ အားလုံးမှာ သုံးစွဲခဲ့တဲ့ ငွေကြေးတွေနဲ့ ပက်သက်ပြီး ကမ္ဘာကျော် သူဌေးကြီး အီလွန်မတ် ပါဝင်တဲ့ DOGE အဖွဲ့ နဲ့ စစ်ဆေးရေးတွေ တရကြမ်းလုပ်နေပါပြီ ၊ DOGE အဖွဲ့က အရာရှိတွေကို ကနဦးမှာ USAID အရာရှိတွေက ဝင်ရောက်စစ်ဆေးတာ ခွင့်မပြုခဲ့ပေမယ့် သမ္မတထရန့် ရဲ့ အမိန့်အာဏာ နဲ့ အဒိအရာရှိတွေကို ဖယ်ရှားခဲ့လို့ အီလွန်မတ်ပါဝင်တဲ့ DOGE အဖွဲ့က အခုဆိုရင် USAID ကိုမြေလှန်ပြီး အသည်းအသန်း အမဲဖျတ် စာရင်းဟောင်းတွေ စစ်ဆေးနေပါပြီ ၊ ညောင်မြစ်တူးပြီး ပုတ်သင်ဥဖေါ်တော့မယ်ဆိုတဲ့လက္ခဏာပါပဲ၊အခုတောင် အီလွန်မတ်က USAID မှာ အဂတိလိုက်စားမှု့ရှိတယ်လို့ ပြောလာပါပြီ။
လတ်တလောမှာ USAID ရဲ့ ကမ္ဘာတဝှမ်းက အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့အပြင် ခေါင်ဆောင်နေရာကိုပါ အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ခေတ္တဝင်ယူလိုက်ပါပြီ ၊ ဒီမိုကရက်တစ် အစိုးရ အဆက်ဆက် ပါဝင်ခြေရှု့ပ်ထားတဲ့ အဒိအဖွဲ့ကြီးမှာ နောက်ကွယ်က လက်မဲကြီးတွေ အများကြီး ပါဝင်ပက်သက်နေတာကို မြေလှန်နေတဲ့ သဘောဖြစ်လို့ မကြာခင်မှာ အမေရိကန်ရဲ့ ထိပ်သီး နိုင်ငံရေး သမားတွေ ရဲ့ အရှုပ်ထုတ်တွေ ပေါ်လာတော့မှာဖြစ်ပါတယ် ။

မြန်မာအပါအဝင် နိုင်ငံတကာကို ခြေရှုပ်ကစားနေတဲ့ သူဌေးကြီး George Soros ပါ ဒီအရှု့ပ်ထုတ်တွေကြောင့် သူပါ အချုပ်ထဲ၀င်ရမလား ဘယ်လိုဂျက်စီဂျိမ်းလုပ်ပြီး ရှောင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
သမ္မတထရန့် နိမ့်ပါစဉ်ကာလ လေးနှစ်ကျော်ကြာအတွင်းမှာ နည်းမျိုးစုံ နဲ့ နှိပ်ကွပ်ခဲ့တဲ့ ဒီမိုကရက်တွေ အတွက် တကျော့ပြန် သမ္မတထရမ့်နဲ့သူဌေးကြီး Musk ရဲ့ တန်ပြန်လှိုင်းတွေလဲ တလုံးပြီးတလုံး ထွက်ပေါ်လာနေတာဖြစ်ပါတယ် ။
USAID ဆိုတာ ဘယ်လိုအဖွဲ့အစည်းလည်း ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ပြန်ကြည့်ရအောင် ၊ USAID ဆိုတာ အမေရိကန် ပြည်သူတွေရဲ့ အခွန်ငွေတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး အိမ်ဖြူတော်ကို ဘာလုပ်တယ် ဘာကိုင်တယ် ဆိုတာ တင်ပြတဲ့ အလေ့အထ မရှိပါဘူး ၊ဒါပေမယ့်လည်း သူလိုချင်တဲ့ ဘတ်ဂျတ်ကို တောင်းပြီး သူလုပ်ချင်ရာ သူ့စိတ်တိုင်းကျ လုပ်နေတာကြောင့် စီးပွားရေး ကျွမ်းကျင်သူ သူဌေးကြီးကနေ သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့် အတွက်ကတော့ မျက်စိစပါးမွှေးစူးစေတာဖြစ်ပါတယ်။

ထရန့်ရဲ့အမြင်မှာတော့ အမေရိကန် ပြည်သူတွေရဲ့ ပိုက်ဆံကို အလကား ထိုင်ဖြုန်းနေတယ်လို့ မြင်သွားစေတာဖြစ်ပါတယ် ။ ဒါ့အပြင် သမ္မတဖွဲ့ပေးထားတဲံ DOGE အဖွဲ့က အရာရှိတွေတောင် USAID အကြီးအကဲ ၂ ယောက်ကမေးခွန်းတွေ မဖြေနိုင်ဘူးငြင်းဆန်လို့ သူတို့ကိုရာထူးက ရပ်ဆိုင်းလိုက်ရတဲ့အထိ သမ္မတကို အာခံခဲ့တာဖြစ်ပါတယ် ။ ၂၀၂၃ ခုနှစ်မှာ USAID ကသုံးထားတဲ့ဘတ်ဂျက်ဟာ ဒေါ်လာ ၇၂ ဘီလီယံဖိုးရှိပြီး ။ စစ်ဖြစ်နေတဲ့ဒေသက အမျိုးသမီးတွေရဲ့ကျန်းမာရေး ၊ ရေပေးဝေရေး HIV/AIDS ရောဂါသည်တွေကို ကုသပေးရေ စသည်တို့ကို NGO တွေအေးဂျင့်တွေကနေတဆင့်လုပ်နေတာဖြစ်ပါတယ် ။အစိုးရကို အစီရင်မခံတာကြောင့် အစိုးရပေါ်လစီနဲ့ သူတို့လုပ်နေတာတွေက ထပ်တူမကြဘူးလို နိုင်ငံခြားရေးဝန်ကြီးသစ် ရူဘီယိုက ပြောပါတယ် ။ ဒီမိုကရက်တွေကတော့ ဒီလုပ်ငန်းစဉ်က နှစ်ပေါင်းများစွာကတည်းက အမေရိကန် ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်းချက် အတိုင်း လုပ်နေတယ်လို့ ငြင်းဆန်ကြပါတယ် ။ အမှီအခိုကင်းတဲ့အဖွဲ့အဖြစ် ကွန်ဂရက်လွှတ်တော်က ဖန်တီးထားတဲ့ USAID ဟာ ပြင်လို့မရတော့တဲ့အဆင့်၊ ပိုးကောင်တွေအများကြီးနဲ့ ပန်းသီးလို့လည်း မတ်စ်က ပြောပါတယ်။

ဂါဇာက အမျိုးသမီးတွေ သားဆက်ခြားဖို့ ကွန်ဒုံးဖိုးတင် ဒေါ်လာ သန်း ၅၀ ကို ဘိုင်ဒင်အစိုးရက ချပေးထားခဲ့ကြောင်း ထရန့်က ထုတ်ဖော်ပြောလိုက်တဲ့ အတွက် အမေရိကန်ကောကမ္ဘာကပါ USAID ရဲ့ လုပ်စားကွက်ကြီးကိုကွင်းကွင်းကွက်ကွက် မြင်ခွင့်ရခဲ့သလို ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေ အနေနဲ့လည်း ဝေဖန်ခံနေရပြီဖြစ်ပါတယ် ။

USAID ရဲ့ဘတ်ဂျတ်တွေကို ရပ်ဆိုင်းလိုက်တဲ့ အကျိုးဆက် အနေနဲ့ ကမ္ဘာတလွှားမှာ NGO လုပ်စားနေတဲ့ အဖွဲ့တွေ နဲ့ လွပ်လပ်တဲ့ သတင်းမီဒီယာ ဆိုပြီး အသံကောင်း ဟစ်နေတဲ့ ပြည်ပရောက် မီဒီယာ အဖွဲ့အစည်းတွေ အနေနဲ့ ဝန်ထမ်းတွေကို ပေးစရာ လစာ မရှိရတော့တဲ့ အထိ အသံစုံထွတ်လို့လာကြပါပြီ ၊ အရင်တုံးက ဘယ်ကဘယ်လိုရနေမှန်း မသိတဲ့ ပိုက်ဆံတွေနဲ့ လွှပ်လပ်ပါတယ် ဆိုတဲ့ မီဒီယာတွေ အနေနဲ့ အခု USAID ဘတ်ဂျတ် ရပ်လိုက်တာနဲ့ အသံစုံတွေ ထွတ်ပေါ်လာတာဟာ ငါတို့ကို အဓိက ပိုက်ဆံပေးနေတာ ဘယ်သူပါ ဆိုပြီး ဖော်ပြလိုက်သလို ဖြစ်နေပါတယ် ။မြန်မာအရေးနဲ့ပက်သက်ရင် အခုမဲဆောက်နဲ့ချင်းမိုင်အပြင် ပြည်ပမှာ အခြေချနေတဲ့ မီဒီယာ ဟု ဆိုသူတွေက မြန်မာပြည်က ဦးမင်းအောင်လှိုင်ကို ဆဲနေသလို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကိုပါ ပြင်းပြင်းထန်ထန် ဆဲဆိုနေတာ လူမှု့ကွန်ယက်မှာ မမြင်ချင်မှ အဆုံးဖြစ်ပါတယ် ။ နောက်တစ်ခု အနေနဲ့ မြန်မာအရေး ပြောရရင် USAID ကနေ မြန်မာပြည်က ကျောင်းသားတွေ အတွက် ပညာသင် စရိတ် ဒေါ်လာ ၄၅ သန်း မပေးတော့ဘူး လို့ သမ္မတထရန့်က သူ့နှုတ်ကကို ပြောဆိုခဲ့ပါတယ် ၊ဒေါ်လာ ၄၅ သန်းဆိုတဲံ ပမာဏ မဆိုထားတဲ့ ဒေါ်လာ ၄၅၀ တောင် အကူအညီမရတဲ့ လူငယ်တွေ ပြည်တွင်းမှာ အများကြီး ရှိလို့ ဒေါ်လာ ၄၅ သန်းဘယ်သူတွေရနေသလဲ ဆိုတာ မြန်မာပြည်တွင်းက လူကြီးလူငယ်တွေ သို့လောသို့လော နဲ့ စိတ်ဝင်စားလျက် ရှိကြပါတယ် ။

သေချာတာကတော့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေ ၊ နိုင်ငံရေး အသိုင်းအဝန်းက လူတွေ ရနေကြတာသေချာပေမယ့် သူ့တို့လက်ထဲကို လည်း ဒေါ်လာ ၄၅ သန်းထဲက ဒေါ်လာ ၄ သန်းရောက်လာရင်တောင် ကံကောင်းလို့ ပြောရတဲ့ အထိ USAID ရဲ့ အေးဂျင့်တွေ အန်ဂျီအိုတွေရဲ့ ဖြတ်စားလက်စား စကေးက ဆရာကျလွန်းပါတယ် ၊ကမ္ဘာအနှံ့ဆိုရင်တော့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေတွေကို USAID ခေါင်းစဉ်အောက်ကနေ ဖြတ်စား လပ်စား ဘုံးစား လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရဲ့ အကျိုးအမြတ်က မနည်းမနောပါဘဲ ၊ လှုဒါန်းပေးတဲ့ အမေရိကန် ပြည်သူတွေလည်း အကျိုးနည်းသလို မြေပြင်မှာ အကူအညီ နည်းနည်းလေးဘဲ ရတဲ့ ပြည်သူတွေ လည်း မစို့မပို့နဲ့ အဆင်မပြေပါဘူး ၊ကြားထဲက ဖြတ်စားလပ်စားဘုံးစာနေတဲ့ အဖွဲ့တွေသာ ထောပြီးရင်းထောနေကြတာဖြစ်ပါတယ် ။

နှစ်ပေါင်း ၇၀ ကျော်ရပ်တည်ပြီး အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ချွေးနှဲစာတွေကို ထင်သလို သုံးခဲ့တဲ့ ဒီမိုကရက်တစ် ကျောထောက်နောက်ခံ USAID ရဲ့ဇတ်သိမ်းက ပြီးဆုံးသွားပြီဖြစ်ပါတယ် ၊ ဝန်ထမ်းအများစုက ဒီမိုကရက်တစ်ပါတီကို ထောက်ခံထားတဲ့သူတွေ အများစုကို ခန့်ထားလို့ အမေရိကန်ပြည်သူတွေက USAID ကို ဒီမိုကရက်တစ်အုပ်စု အဖြစ် မြင်နေကြလို့ ဖြစ်ပါတယ် ။

အမြစ်ကနေ မြေလှန်နေပြီဖြစ်လို့ အခုဆိုရင် USAID ရဲ့တရားဝင် Website တောင် ပိတ်သိမ်းသွားပြီဖြစ်ပါတယ် ၊ နောက်တစ်ခု အနေနဲ့ USAID ဆက်ရှိနေမယ်ဆိုရင်တောင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်အောက်ကနေသာလည်ပတ်ရတော့မှာဖြစ်ပါတယ် ။
USAID ကို အမှီပြုပြီး လည်ပတ်နေရတဲ့ NGO ထောင်ပေါင်းများစွာနဲ့ လွပ်လပ်တဲ့ မီဒီယာ အမည်ခံထားတဲ့ မီဒီယာ အမည်ခံတွေလည်း အခုဆိုရင် ဒိုနာ အသစ် ရှာဖွေရေးတွေ လုပ်ပြီး ရှင်သန်ဖို့ ကြိုးစားနေပေမယ့် ထင်သလောက် လွယ်ကူမယ် လို့ မထင်ပါဘူး ။ USAID လို အဖွဲ့ဆီက ပိုက်ဆံ မရလည်း ဘာဖြစ်သလဲ ဆိုတော့ ဟုတ်ကဲ့ပါ USAID ဆိုတာ သေးသေးကွေးကွေး နှစ်ယောက်တစ်ပိုင်းဖွဲ့ထားတဲ့ အဖွဲ့မဟုတ်ဘဲ ကုလသမဂ္ဂလို အဖွဲ့ကြီးရဲ့ လုပ်ဆောင်သမျှရဲ့ 40% ထိ လုပ်ပေးနိုင်တဲ့ MEGA အဖွဲ့အစည်းကြီးဖြစ်နေလို့ပါ ။
အီလွန်မတ်ရဲ့ DOGE အဖွဲ့ရဲ့ စာရင်းဟောင်းတွေ အပါအဝင် မြေလှန်ခြင်း ခံနေရတဲ့ USAID မှာ ပါဝင်ပြီး အဂတိလိုက်စားခဲ့သူတွေ အနေနဲ့ ဘယ်နေ့ အက်ဘီအိုင်က လာခေါ်မလဲ ဆိုတာထိုင်စောင့် နေရတဲ့ ရက်စွဲတွေဖြစ်လို့လာပါပြီ ၊ ဟာသ အနေနဲ့ ပြောရရင် ယူကရိန်းကို အမေရိကန် ပြည်ထောင်စုက ထောက်ပံ့တာ ၁၇၇ ဘီလီလျံ ရှိတယ်လို့ စာရင်းထွတ်လာပေမယ့် တကယ်ယူကရိန်းရလာခဲ့တာ အဲဒိ တစ်ဝက်တောင် မရှိဘူးလို့ ယူကရိန်းရဲ့ သက်တမ်းလွန် သမ္မတ ( သုံးလတစ်ကြိမ် သက်တမ်းတိုးတာ ၁၃ ခါမြောက် ) ရှိပြီဖြစ်တဲ့ ဇလန်စကီးက ထုတ်ပြောလိုက်ပါတယ် ။ ဒါ့ကြောင့် USAID နဲ့ ဒီမိုကရက်တစ် အစိုးရတွေထဲက လက်မဲကြီးတွေရဲ့ ရိုက်ချက် ဘယ်လောက်ပြင်းတယ်ဆိုတာ ခန့်မှန်းမိလို့ရမှာဖြစ်ပါတယ် ၊ အခုတော့ သူတို့ထက် လက်ဆပြင်းတဲ့ အီလွန်မတ် နဲ့ ဒေါ်နယ်ထရန့် အတွဲက ဘယ်သူတွေကို အဂတိမှု့ နဲ့ ထောင်ထဲပို့မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် ၊ ဒီမိုကရက်တွေကတော့ အသံမထွတ်ရဲပါ ခင်ဗျာ
ရာဇာအောင်

#အီလွန်မတ်


မြန်မာလူထုမီဒီယာ

သမ္မတသစ် ဒေါ်နယ်ထရန့် အာဏာရပြီး ၂၄ နာရီအတွင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ အခင်းအကျင်းသစ်များ  ************************ယူကရိ...
22/01/2025

သမ္မတသစ် ဒေါ်နယ်ထရန့် အာဏာရပြီး ၂၄ နာရီအတွင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ အခင်းအကျင်းသစ်များ
************************
ယူကရိန်းစစ်ပွဲ အမြန်ဆုံး ရပ်ဖို့လိုပြီလို့ ပြောလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ်
***************
၂၀၂၅-၂၀၂၉ လေးနှစ်တာ အတွင်း ရင်ခုန်စိတ်လှုပ်ရှားမှု့တွေနဲ့ ဖြတ်သန်းရမယ့် ယနေ့ကမ္ဘာ
**********
အတွေးအမြင်
*******
ရွေးကောက်ပွဲမှာ အောင်ပွဲခံပြီး ဇန်နဝါရီ ၂၀ ရက်နေ့မှာ နန်းတက်ခဲ့တဲ့ သမ္မတ ထရန့် အနေနဲ့ အိမ်ဖြူတော်ကို မရောက်ခင်ကတည်းကဘဲ ယခင်သမ္မတ ဘိုင်ဒင်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ပြဋ္ဌာန်းချက် အခု ၁၀၀ နီးပါးကို ရဲရဲဝင့်ဝင့် ပယ်ဖျတ်ခဲ့လိုက်ပါပြီ ။
သမ္မတ အာဏာစရတဲ့ ပထမဆုံး နေ့မှာဘဲ သူဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ရတဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ သူ့ကို အားပေးထောက်ခံသူတွေက အမေရိကန် လွှတ်တော်ကြီးကို စီးနင်းသိမ်းပိုက်ခဲ့ပါတယ် ၊ အဲဒိဖြစ်စဉ် နဲ့ ပက်သက်ပြီး ဘိုင်ဒင် အစိုးရက လွှတ်တော်ကို ဝင်စီးတဲ့ ဖြစ်စဉ်မှာပါဝင်သူ အမျာအပြားကို တရားစွဲဆို ထောင်ချခဲ့ပါတယ် ။
သမ္မတ ဒေါ်နယ်ထရန့်က သူ့မဲဆွယ်ပွဲမှာ ပြောခဲ့တဲ့ ကတိစကား အတိုင်း လွှတ်တော်ဝင်စီးတဲ့ ဖြစ်စဉ်မှာ ဘိုင်ဒင်ထောင်ချထားခဲ့တဲ့ သူ့ကိုထောက်ခံသူတွေကို အာဏာရတဲ့ ပထမဆုံး နေ့မှာဘဲ လွှတ်ငြိမ်ချမ်းသာခွင့်ပြုလိုက်ပါတယ် ။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကနေ နှုတ်ထွတ်ကြောင်း နှင့် တစ်ဆက်တည်း ရာသီဥတု ဖောက်ပြန်မှု့ ထိန်းချုပ်ရေး ပါရီ သဘောတူညီချက်ကနေ ပါ နှုတ်ထွတ်ခဲ့ပါတယ် ။ လူဦးရေ သန်း ၃၀၀ ကျော်ရှိတဲ့ အမေရိကန် ပြည်ထောင်စုက WHO ကို ဆေးပညာနဲ့ ဆိုင်တဲ့ နည်းပညာတွေ စဉ်ဆက်မပြတ်လွှဲပြောင်းလှုဒါန်းပေးနေသလို တစ်နှစ်ကို ရန်ပုံငွေ ဒေါ်လာသန်း ၄၀၀ နီးပါးထည့်ဝင်ပါတယ် ၊ လူဦးရေ သန်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံကတော့ WHO ကို နှစ်စဉ် အလှုငွေ ၃၉ သန်းသာ ထည့်ဝင်တာရယ် အခြားသော ကိစ္စတွေကြောင့် နှုတ်ထွတ်ခဲ့တာဖြစ်ပါတယ် ။

နောက်တစ်ခုကတော့ အမေရိကန် ပြည်ထောင်စုမှာ မွေးဖွားတဲ့ကလေးငယ်တိုင်း အမေရိကန်နိုင်ငံသားဖြစ်မှု့ကို ပယ်ဖျတ်လိုက်တာ ဖြစ်ပါတယ် ၊ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်ချက်တွေ နဲ့ညိစွန်းနေပါတယ် ၊ အဖေ / အမေဟာ အမေရိကန်နိုင်ငံသား သိုမ့ဟုတ် တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရထားသူ မဟုတ်ရင် မွေးဖွားလာတဲ့ ကလေးတွေက အမေရိကန် နိုင်ငံသား မပေးတော့ဘူးလို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ် ။ ဒီမိုကရက်တစ်တွေ ဦးဆောင်တဲ့ ပြည်နယ် ၂၂ ခုကတော့ အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်တွေကို သမ္မတ အနေနဲ့ပြန်လှန်ခွင့် မရှိဘူး ဆိုပြီး တရားစွဲတာဖြစ်ပါတယ် ။
ဒါ့အပြင် နိုင်ငံတောင်ပိုင်းမှာလည်း ခိုးဝင်သူတွေကို နှိမ်းနင်းပြန်ပို့ဖို့ အမျိုးသား အဆင့် အရေးပေါ် အခြေအနေကိုလည်း ကြေညာပြီး လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ် ။ အမေရိကန် စစ်တပ် ၊ လူဝင်မှု့ကြီးကြပ်ရေး အဖွဲ့တွေ နဲ့ စုစည်းပြီး တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးပြန်ပို့မယ့် အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ် ။ ပြစ်မှု့ကျုးလွန်ထားသူ တိုင်းတစ်ပါးသားတွေကို ပစ်မှတ်ထားတယ်လို့ သိရပါတယ် ။

အမေရိကန် ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေ အတွက် DV အစီအစဉ်တွေ အပြင် LGBT အခွင့်အရေးမြုင့်တင်တဲ့ ဘိုင်ဒင် အစိုးရ ချမှတ်ခဲ့တဲ့ အမိန့်တွေကိုပါ တပါတည်း ရုပ်သိမ်းခဲ့ပါတယ် ။ အမေရိကန် ပြည်ထောင်စုမှာ အမျိုးသား နဲ့ အမျိုးသမီး လိင် နှစ်မျိုးကိုသာ အသိအမှတ်ပြုမယ်လို့ သမ္မတ ထရန့်က ပြောဆိုခဲ့ပါတယ်၊

ဒါ့အပြင် သူမဲဆွယ်စဉ်ကာလက ပြောထားတဲ့ အတိုင်း အမေရိကန် ပြည်ထောင်စုက ကုန်ကျစရိတ် အများအပြား ကျခံသုံးစွဲနေရတဲ့ ယူကရိန်း - ရုရှား အရေး အခင်းပြီးဆုံးဖို့ လိုအပ်ပြီလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘလစ်ကင်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီယိုက " ယူကရိမ်းပဋိပက္ခတ် နိဂုံးချုပ်သင့်ပြီ"လို့ စတင်ပြောဆိုလာပြီဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်ပနိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက ပေးနေတဲ့ အထောက်အပံ့တွေကိုလည်း ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ထားလိုက်ပြီဖြစ်လို့ ၊ ယူကရိန်းစစ်ပွဲ အပါအဝင် ကမ္ဘာအနှံ့က အမေရိကန်ထောက်ပံ့မှု့ နဲ့ ရပ်တည်နေရတဲ့ တိုက်ပွဲတွေ အတော်များများလည်း အရှိန်လျော့ကျသွားတော့မှာဖြစ်ပါတယ် ။
ဒါ့အပြင် အမေရိကန် ရေနံလိုအပ်ချက်အတွက် ပြည်ပနိုင်ငံတွေဆီမှာ မှီခိုနေရတဲ့ ဖြစ်စဉ် တွေကို အဆုံးသတ်ဖို့ အမျိုးသားစွမ်းအင်စီမံချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်ပြည်ထောင်စု ပိုင်ဆိုင်တဲ့ ရေနံတွေကို တိုးမြုင့်ထုတ်ယူ သုံးစွဲတော့မှာဖြစ်ပါတယ် ။ ဒါ့အပြင် တပိုင်လျှပ်ကူး ပစ္စည်းသစ်တွေ ထုတ်လုပ်တဲ့နေရာမှာ အရေးကြီးတဲ့ ကုန်ကြမ်းတစ်မျိုးဖြစ်တဲံ မြေရှားသတ္တူတွေကိုလည်း အမေရိကန် ပြည်တွင်းမှာ တူးဖော်ထုတ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံ အပေါ်မှီခိုရခြင်းကို ကင်းလွတ်စေမှာဖြစ်ပါတယ် ။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကနေ ပနားမား အစိုးရကို လွှဲပြောင်းပေးအပ်ထားတဲ့ ပနားမား တူးမြောင်းရဲ့စီမံအုပ်ချုပ်မှု့ကို တရုတ်နိုင်ငံကကိုင်တွယ်နေတယ် ဆိုကာ အမေရိကန်ပြည်ထောင်စုက ပနားမား တူးမြောင်းကို ပြန်လည်၇ယူဖို့ လုပ်ဆောင်မယ် ဒါ့အပြင် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်ပေမယ့် အမေရိကန် ပြည်ထောင်စု နဲ့ ပိုနီးကပ်တဲ့ ဂရင်းလန်းကျွန်းကိုလည်း စိုးမိုးဖို့ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ် ။
အရင်တုံးက ခေတ်တစ်ခုပြောင်းဖို့ ဆယ်စုနှစ် နီးပါး ကြာမြင့်ပေမယ့် ယခုအချိန်မှာတော့ ခေတ်တစ်ခု ပြောင်းဖို့ အချိန်အနည်ငယ် အတွင်း အများကြီး အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ် ၊ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာ့ဦးဆောင် နိုင်ငံဖြစ်ရမယ်လို့ ထရန့်ကကြွေးကြော်ထားပြီး Make American Great Again ဆိုတဲ့ ထရန့်ရဲ့ မယ်ဆွယ်စကား အတိုင်း MAGA ဆိုတဲ့ ခြေလှမ်းတွေနဲ့ ၂၄ နာရီ အတွင်းမှာကို ထရန့်က ကမ္ဘာကို လှုပ်ခတ်နေပြီဖြစ်ပါတယ် ။
ရာဇာအောင်
#ဒေါ်နယ်ထရန့်

#ပါရီသဘောတူညီချက်
#ပနားမားတူးမြောင်း


မြန်မာလူထုမီဒီယာ -Myanmar Ludu

Address

Pansodan Street. Yangon .
Yangon
118111

Website

Alerts

Be the first to know and let us send you an email when မြန်မာလူထုမီဒီယာ -Myanmar Ludu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြန်မာလူထုမီဒီယာ -Myanmar Ludu:

Share