လူငယ်တိုင်း ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်နိုင်မည့် လူ့အဖွဲအစည်းဆီသို့
------------------------------------------------------------
Live the Dream project သည် မြန်မာ့လူငယ်အနာဂတ်အတွက် ရည်ရွယ်ပြီး ပံ့ပိုးပေးနေပါသည်။
Live the Dream သည် လူမှုရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီး ရှေ့ဆက်လျှောက်လှမ်းရန် အတွက် စိတ်အားထက်သန်မှု လျှော့နည်းနေသော လူငယ်တို့ကို လှုံ့ဆော်ပေးရန် စံပြပုဂ္ဂိုလ်တို့၏ ဘဝဇာတ်ကြောင်းကိ
ု အတုယူဖွယ် မှတ်ယူဖွယ်ဖြစ်အောင် ဖန်တီးပေးခြင်း၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်နှင့်ပတ်သက်သော အချက်အလက်များကို မျှဝေပေးခြင်းဖြင့် လူငယ်တို့ကို တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးပေးနေပါတယ်။
Live the Dream မှ အခုလောလောဆယ် project နှစ်ခု လုပ်ဆောင်နေပါတယ်။
၁) စံပြပုဂ္ဂိုလ်တို့၏ ဘဝဇာတ်ကြောင်း
အောင်မြင်နေသော လေးစားထိုက်သောပုဂ္ဂိုလ်များ၏ ဘဝဇာတ်ကြောင်းများကို အတုယူပြီး သင်ခန်းစာအဖြစ် မှတ်ယူနိုင်ရန် ထိုပုဂ္ဂိုလ်တို့၏ ဘဝအတွေ့အကြုံများကို မေးမြန်းပြီး Live the Dream page တွင် video အနေဖြင့် တင်ဆက်ထားပါတယ်။ လူငယ်များရှေ့ဆက်လျှောက်လှမ်းနိုင်ရန် နှင့် မိမိတို့၏ အိမ်မက်များရှင်သန်ရန်အတွက် စံပြပုဂ္ဂိုလ်တို့က မိမိတို့၏ဘဝအတွေ့အကြုံပေါ် အခြေခံပြီး စကားလက်ဆောင်များကိုလည်း မျှဝေပေးထားပါတယ်။
၂) အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်
အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်ကို Live the Dream page တွင်သာမက လက်တွေ့ဘဝတွင်လည်း မျှဝေပေးနေပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ အလုပ်အကိုင်နှင့်ပတ်သက်သော သတင်အချက်အလက်ရယူရန် အကန့်အသတ်ရှိနေပါတယ်။ အလုပ်အကိုင်တစ်ခုချင်းစီနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေနိုင်ရန် Live the Dream page မှမျှဝေပေးနိုင်ရန် လုပ်ဆောင်လျှက်ရှိပါတယ်။ ထို့ပြင် အလုပ်အကိုင်နှင့်ပတ်သက်သော သတင်းအချက်အလက်များသိရှိစေရန် career event ကို လစဉ်ကျင်းပပေးပြီး သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ကျွမ်းကျင်သူများနှင့် တိုက်ရိုက်ထိတွေ့နိုင်သော အခွင့်အရေးများ၊ မိမိသိရှိလိုသည်များကို အတွင်းကျကျ တိုက်ရိုက်မေးမြန်းနိုင်ရန် ဖန်တီးပေးလျှက်ရှိပါတယ်။
သင်ဟာ လူငယ်ဖြစ်ပြီး မိမိတို့၏ သက်ဆိုင်ရာနယ်ပယ်မှ လုပ်ငန်းအတွေ့အကြုံများ ကို မျှဝေလိုပါက Live the Dream ၏ chat box (သို့) Facebook group, Live the Dream Youth World ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ ( https://www.facebook.com/groups/1967505126798810/?source_id=272627893144046 )
လေးစားထိုက်သော ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ ဘဝဇာတ်ကြောင်းကို မျှဝေလိုပါက ကျွနု်ပ်တို့ Live the Dream chat box မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
ထို့အပြင် Live the Dream မှ လူငယ်တို့ကို ပံ့ပိုးရန် ပိုပြီးကောင်းသော တိုးတက်မှုအတွက် အကြံပေးလိုပါက Live the Dream chat box မှ ကြိုဆိုနေပါတယ်။
သင်၏ LIKE click တစ်ချက်နှင့် SHARE တစ်ခုဟူသော စွမ်းအားလေးသည် အကူအညီလိုအပ်နေသော လူများအတွက် လှုံဆော်မှုစွမ်းအား အဖြစ်သို့ပြောင်းလဲနိုင်ပါတယ်။ ကျွနု်ပ်တို့ Live the Dream team ရဲ့ တန်ဖိုးရှိသော အားပေးမှုလည်း ဖြစ်ပါတယ်။