
21/09/2024
【မြန်မာနိုင်ငံကို ၆နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတဲ့ Live the Dream တည်ထောင်သူနဲ့အတူတူ Careerအကြောင်း ဆွေးနွေးကြမယ်】
Live the Dreamရဲ့ ဖန်တွေ မတွေ့ရတာကြာပါပြီ။
Live the Dream တည်ထောင်သူက အာဏာသိမ်းပြီးနောက်ပိုင်းမှ အချိန်အကြာကြီးနေမှ ရန်ကုန်ကို ပြန်ရောက်နေပါတယ်။
သူကတော့ ဂျပန်လူမျိုးဖြစ်ပြီး Live the Dream ကို စတင်တည်ထောင်စဉ်က အသက် 22 နှစ်သာရှိပါသေးတယ်။ အခုကတော့ အသက် 29 နှစ်အရွယ် ဂျပန်လုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီ။
Live the Dream ကို တည်ထောင်ပြီးနောက်မှာ ကမ္ဘာ့နံပါတ် ၁ HR ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့ပြီး အခုလက်ရှိမှာ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အလုပ်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီထောင်ထားပါတယ်။ အသက် 22 နှစ်အရွယ်တုန်းက သူက NPOမှာအလုပ်ဝင်လုပ်ပြီး ဗွီဒီယိုပညာရေးကို လူသိများလာစေရန် ကြိုးပမ်းရင်း ဂျပန်နှင့် မြန်မာကြား Career နဲ့ပတ်သက်တဲ့ ခံယူချက် ကွာခြားမှုတွေကို သတိမှုမိပြီး ဂျပန်နိုင်ငံကနေ အလှူငွေတောင်းခံကာ မြန်မာလူမျိုးတွေအတွက် Careerနဲ့ပတ်သက်တဲ့ အသိပညာတွေ မျှဝေပေးတဲ့ Live the Dream မီဒီယာကို စတင်ခဲ့ပါတယ်။
ရုတ်တရက်ဆိုပေမယ့် 23ရက်နေ့ နေ့လယ် 2နာရီခွဲမှာ Live the dreamတည်ထောင်သူရယ် အဲဒီတုန်းက မြန်မာအဖွဲ့ဝင်တစ်ယောက်ရယ်နဲ့ Hledan အနီးနားမှာ ပွဲလေးတစ်ခု လုပ်ချင်ပါတယ်။
ပွဲအကြောင်းအရာအသေးစိတ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
-------------
အချိန်:9လပိုင်း 23ရက်နေ့ နေ့လယ် 2နာရီခွဲကနေ 4နာရီအထိ
နေရာ:Hledan, Yangon(နေရာအသေးစိတ်ကို သပ်သပ်ထပ်ပြောပေးပါမယ်)
ပါဝင်မယ့်သူ:Live the dreamတည်ထောင်သူ ဂျပန်လူမျိုးတစ်ယောက်၊ အဖွဲ့ဝင် မြန်မာလူမျိုးတစ်ယောက်၊ Live the dream ဖန်များ(၁၀ယောက်လောက်လို့ခန့်မှန်းထားပါတယ်)
ဝင်ကြေး:အခမဲ့(သောက်စရာကို Live the Dreamကနေ တာဝန်ယူပါမယ်)
ပွဲအကြောင်းအရာ:
・【Lectureပုံစံ】Live the Dreamမီဒီယာရဲ့ အကြောင်း မျှဝေခြင်း
・【Discussionပုံစံ】ဂျပန်နဲ့ မြန်မာလူငယ်တွေရဲ့ Careerကွာခြားချက်နဲ့ နောက်ပိုင်းအစီအစဉ်
ဆက်သွယ်ရန်:
စိတ်ဝင်စားသူများ ဒီပို့စ်အောက်မှာ comment ရေးပေးပါ။ ပြန်ဆက်သွယ်ပေးပါမယ်။
-------------
စိတ်ဝင်စားတယ်ဆိုရင် ဆက်ဆက် ဆက်သွယ်လိုက်ပါနော်!