Connect Burma

Connect Burma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Connect Burma, Media/News Company, Kamayut township, Yangon.

A news media organization working for social and structural equality in Burma by uncovering unheard voices, resisting epistemic violence, and representing the daily struggles of the people from the perspective of political economy and political ecology . Connect Burma, an independent, non-profit media outlet founded in July 2019, is dedicated to delivering fresh local, regional, and global news ar

ticles in Burmese on a daily basis. Its central themes include critiquing unfair systems, institutions, social structures, and political agencies based on various intersecting factors such as class, identity, gender, race, religion, region, species, status, position, sexuality, and language. Connect Burma’s primary media content includes daily news, critical analyses, articles, translations, interviews, essays, book reviews, documentaries, and conceptual introduction notes.

အငယ်စားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ရုရှား ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော Connect Burma၊ စက်တင်ဘာ ၂၆ မြ...
26/09/2025

အငယ်စားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ရုရှား ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

Connect Burma၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံမှာ အငယ်စားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အတွက် စတင်လုပ်ဆောင်နေပြီး ရုရှား အစိုးရအနေနဲ့ ဆက်လက်အကူအညီပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှား ခရီးစဉ်အတွင်း တောင်းဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဟာ ရုရှား မှာကျင်းပတဲ့ ကမ္ဘာ့အဏု မြူသတင်းပတ်ဖိုရမ်တက်ရောက်ဖို့ မော်စကို ရောက်ရှိနေပြီး စက်တင်ဘာ ၂၅ ရက်ညနေပိုင်းက ခရင်မ္မလင် နန်းတော်မှာ ရုရှား သမ္မတ ပူတင်နဲ့တွေ့ဆုံးခဲ့ပါတယ်။

ကမ္ဘာ့အဏု မြူသတင်းပတ်ဖိုရမ် မှာစစ်ခေါင်းဆောင်လည်း တက်ရောက်စကားပြောခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ROSATOM နဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။

လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ နဲ့ တခြားသောကဏ္ဍ ပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှား နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ နျူကလီးယား အခြေခံအဆောက်အဦ၊ လူ့စွမ်းအားအရင် အမြစ်တွေကို ရုရှားနိုင်ငံနဲ့ ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးဖို့တောင်းဆိုကြောင်း မင်းအောင်လှိုင် က ပြောဆိုခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ကလည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား စွမ်းအင်အကောင်အထည်ဖော်ဆောင်ရာမှာ အကူညအီပေးဖို့ အလေးအနက်ထားတိုက်တွန်းကြောင်း စစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။

#စစ်ခေါင်းဆောင် #နျူကလီးယား

26/09/2025

အင်းတော် မြို့မ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်

Connect Burma | စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင် ၊ အင်းတော်မြို့က မြို့မပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ဒရုန်းမှတ်တမ်း ရုပ်သံတခု ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် အဆိုပါ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာလို့ ရုပ်သံမှတ်တမ်းဖော်ပြထားတဲ့ Indaw Revolution-IRက ဆိုပါတယ်။

အဆိုပါဗုံးကြဲမှုအတွင်း PDFတွေ ကယ်ထုတ်ချိန် ထွက်မပြေးဘဲ ဘုန်းကြီးကျောင်းအတွင်း ပြန်ဝင်ပြေးခဲ့တဲ့ အရပ်သား ၄ဦးခန့်လည်း ဗုံးကြဲမှုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်း ဗုံးကြဲခံရတဲ့အချိန်ဟာ အင်းတော်မြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေက ဧပြီလထဲမှာဘဲ အင်းတော်မြို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။


#အင်းတော် #မြို့မဘုန်းကြီးကျောင်း #ဗုံးကြဲမှု #မှတ်တမ်းရုပ်သံ

ကျောက်မဲမြို့နယ်မှာ စစ်တပ်က အမျိုးသမီးငယ် ၁ဦးကို အဓမ္မကျင့်သတ်ဖြတ်တာအပါအဝင် သံဃာနဲ့ အရပ်သား ၄ဦးကို သတ်ဖြတ်Connect Burma ...
26/09/2025

ကျောက်မဲမြို့နယ်မှာ စစ်တပ်က အမျိုးသမီးငယ် ၁ဦးကို အဓမ္မကျင့်သတ်ဖြတ်တာအပါအဝင် သံဃာနဲ့ အရပ်သား ၄ဦးကို သတ်ဖြတ်

Connect Burma | စက်တင်ဘာ ၂၆

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်က အမျိုးသမီးငယ် ၁ဦးကို အဓမ္မကျင့် သတ်ဖြတ်တာ အပါအဝင် သံဃာ ၁ပါးနဲ့ အရပ်သား၂ဦး စုစုပေါင်း ၄ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂ က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၄ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာကို စစ်ကော်မရှင်တပ် ရောက်ရှိလာချိန် အဆိုပါ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ရွာလုံးကျွတ်နီးပါးစစ်ရှောင်သွားတဲ့ နားအိုက်ခန့်ကျေးရွာကို စစ်တပ်ရောက်ရှိလာချိန်ကျန်းမာရေးမကောင်းတဲ့ ဆရာတော်ကို ပြုစုဖို့ကျန်ရစ်ခဲ့တဲ့ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ ရွာအနီးအနား လယ်တဲတွေမှာ တိမ်းရှောင်နေတဲ့ မိသားစုသုံးဦးထဲက မိခင်
ဖြစ်သူနဲ့ သားငယ်ကို နေရာတင် ပစ်သတ်ပြီး အသက်မပြည့်သေးတဲ့ သမီးဖြစ်သူမိန်းကလေးကို အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မိသားစုသုံးဦးနေထိုင်တဲ့ လယ်တဲထဲမှာ စစ်ကောင်စီစစ်သားတွေရဲ့ ယူနီဖောင်းကျန်ရစ်ခဲ့သည်ကို တွေ့ရတယ်လို့ သျှမ်းကျောင်းသားသမဂ္ဂက ဆိုပါတယ်။

နားအိုက်ခန့်ကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ TNLAတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေပြီး မိုင်းတင်းကျေရွာအုပ်စုထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


#ရှမ်းမြောက်ဒေသ #ကျောက်မဲမြို့နယ် #စစ်ကော်မရှင်တပ် #အကြမ်းဖက် #သတ်ဖြတ်မှု

CI စာအုပ်ကနေ ပတ်စ်ပို့ ပြောင်းသူတွေကို တခြားနိုင်ငံတွေ သွားလာခွင့်ကန့်သတ် Connect Burma ၊ စက်တင်ဘာ ၂၅မြန်မာနိုင်ငံသားဖြစ...
25/09/2025

CI စာအုပ်ကနေ ပတ်စ်ပို့ ပြောင်းသူတွေကို တခြားနိုင်ငံတွေ သွားလာခွင့်ကန့်သတ်

Connect Burma ၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံသားဖြစ်ကြောင်းသက်သေခံ(CI) စာအုပ် ကနေ နိုင်ငံကူးလက်မှတ် (Passport for Jobs) ပြောင်းထားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စစ်တပ် က တခြားနိုင်ငံတွေသွားလာခွင့်ကို ကန့်သတ်လိုက်ပါတယ်။

မဟာချိုင်က CI စာအုပ်ရုံးမှာ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)အနီစာအုပ် PJ စာအုပ်အသစ်တွေကို Passport For Thailand Only ဆိုပြီး စတင် Stamp ထုပေးနေတယ်လို့ အထောက်အထားလျှောက်ပေးတဲ့ အကျိုးဆောင်တွေဆီက သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၅ ရက်ကစပြီး Certificates of Identification (CI)ကနေ PJ စာအုပ် ပြောင်းထားသူတွေ ကို အသစ်ချမှတ်ထားတဲ့ စည်းမျဉ်းအရ ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုခွင့်ရမှာဖြစ်ကြောင်း အစိုးရဘက်မှ ညွှန်ကြားချက်များ ထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။

အရင်က ထုတ်ပေးထားပြီးသား PJ စာအုပ်ကိုင်ဆောင်သူများ မပါဝင်တာကြောင့် နိုင်ငံခြားသွားလာခွင့်အပေါ် သက်ရောက်မှုမရှိကြောင်းလည်း ထိုင်းဘက်အာဏာပိုင်များကရှင်းပြထားတယ်လို့လည်းသိရပါတယ်။

" မြန်မာအစိုးရဆိုသူများအနေနှင့် နိုင်ငံခြားတိုင်းပြည်များတွင် အလုပ်လုပ်ကိုင်စားသောက်နေကြသည့် မြန်မာနိုင်ငံသားများကို ဒုက္ခရောက်အောင်၊ လူညှဉ်းပန်းခံရအောင်၊ နိုင်ငံခြားတိုင်းပြည်များမှာ အလုပ်လုပ်ရန် ခက်ခဲအောင်၊ အခြားနိုင်ငံသားများ၊ လုပ်ငန်းရှင်များမှ ညှင်းပန်းနှိမ့်စက် အနိုင်ကျင့်ဆော်ကားစေရန် လုပ်နေတာနဲ့ တူနေတယ်" လို့လည်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့မှ ရွေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူ ဦးထူးချစ်က လူမူကွန်ယက်မှာရေးသားထားပါတယ်။

ဒါပြင် နိုင်ငံကူးလက်မှတ် ( Passport) တစ်ခုကို နိုင်ငံတစ်ခုသာ သွားခွင့်ပြုတယ်လို့ တားမြစ်ထားတာက မိမိကိုယ်ကို အစိုးရဟု ခံယူထားတဲ့ (နိုင်ငံအနေနဲ့) မိမိတို့ နိုင်ငံသားများရဲ့ အခွင့်အရေးကို ပြန်လည်ချိုးဖောက် ဟန့်တားရာရောက်နေတယ်လို့လည်း သူကဆိုပါတယ်။

" တချို့ရုန်းထွက်ချင်သူ အတွက်အခွင့်အရေးတွေ ခုကျပိတ်ကုန်ပြီ။ ထိုင်းကနေ ဘယ်မှထွက်လို့မရတော့ဘူး။ ဒီတိုင်းဆို စစ်မြေပြင် ထွက်ပြေးမနေရတာထက်စာရင် သူတို့နိုင်ငံလုပ်ကျွေး စစ်ကောင်စီကို ထောက်ပံ့ပြီး နေရတော့မယ့်သဘောဖြစ်နေပြီ" လို့ ရွေ့ပြောင်းလုပ်သားအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံကူးလက်မှတ်သက် တမ်းကုန်လုပ်သားတွေကို ထိုင်းအာဏာပိုင်တွေနဲ့မြန်မာအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး CI စာအုပ် ထုတ် ပေးရေးရုံးတွေ ဖွင့်လေ့ရှိတာပါ။

ထိုင်းနိုင်ငံတွင်းမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား အရေတွက်က ၇ သန်းနီးပါး ရှိသလို ဒီနှစ်ထဲမှာ CI စာအုပ် အသစ်လဲ၊ သက်တမ်းတိုးတဲ့ အလုပ်သမားက ၂ သိန်းခွဲကနေ ၃ သိန်း ဝန်းကျင်လောက် ရှိနိုင်ပြီး စာအုပ်အသစ် လျှောက် ထားမယ့် အလုပ်သမားအရေအတွက်က သိန်းချီ ရှိနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေ ခန့်မှန်းထားကြပါတယ်။

#ပတ်စ်ပို့ #ရွှေ့ပြောင်းအလုပ်သမား

တော်လှန်ရေး အင်အားစုတွေ ပိုမိုစည်းလုံးဖို့  KNU ဥက္ကဋ္ဌ နဲ့ NUG ယာယီသမ္မတ တို့ ဆွေးနွေး Connect Burma၊ စက်တင်ဘာ ၂၅ နွေဦ...
25/09/2025

တော်လှန်ရေး အင်အားစုတွေ ပိုမိုစည်းလုံးဖို့ KNU ဥက္ကဋ္ဌ နဲ့ NUG ယာယီသမ္မတ တို့ ဆွေးနွေး

Connect Burma၊ စက်တင်ဘာ ၂၅

နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရေး အတွက် တော်လှန်ရးအင်အားစုတွေကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမယ့် ကဏ္ဍတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ တို့ ဆွေးနွေးခဲ့တယ်လို့ KNU ဘက်က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့ ဟာ တော်လှန်ရေး အင်အားစုတွေ ပိုမိုစည်းလုံးဖို့ အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေ ယခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး အတွက်လည်း ဆွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု နဲ့ လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက်သွားကြဖို့ လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

#နွေဦးတော်လှန်ရေး

ရွေးကောက်ပွဲအတွက် ထားဝယ်မှာ အီလက်ထရောနစ်မဲပေးစက်နဲ့ သရုပ်ပြမဲပေးခိုင်းတနင်္သာရီတိုင်းမ်၊ စက်တင်ဘာ ၂၅ထားဝယ်မြို့ပေါ်မှာ စ...
25/09/2025

ရွေးကောက်ပွဲအတွက် ထားဝယ်မှာ အီလက်ထရောနစ်မဲပေးစက်နဲ့ သရုပ်ပြမဲပေးခိုင်း

တနင်္သာရီတိုင်းမ်၊ စက်တင်ဘာ ၂၅

ထားဝယ်မြို့ပေါ်မှာ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ်မဲပေးစက်နဲ့ လက်တွေ့စမ်းသပ်မဲပေးခိုင်းပြီး သရုပ်ပြတဲ့အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ထားဝယ် မြို့ပေါ်က အိုးလုပ်၊ ပိန္နဲတော၊ ဆန်းချီနဲ့ မြို့တွင်းရပ်ကွက်တွေမှာနေထိုင်သူတွေကို မနေ့က စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှာ ဆန်းချီဘုန်းကြီးကျောင်းကိုခေါ်ယူပြီး စမ်းသပ်မဲပေးခိုင်းခဲ့တာလို့ သိရပါတယ်။

"မဲဘယ်လိုပေးရလဲဆိုပြီးတော့ ခရမ်းသီးတွေ၊ ဖရဲသီးတွေနဲ့ ပေးခိုင်းတာ။ မဲပေးနည်းပေါ့နော်။ ခလုတ်ဘယ်လိုနှိပ်ရတယ် အဲလိုတွေပေါ့" လို့ ဆန်းချီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲဒီအခမ်းအနားကို လူဦးရေ ၃၀၀ လောက်က တက်ရောက်ခဲ့ပြီး စစ်သားနဲ့ရဲတွေ အများအပြားကလည်း လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ပြန်/ဆက်ကလည်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနဲ့ လက်တွေ့စမ်းသပ်မဲပေးတဲ့အခမ်းအနားကို မနေ့က ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းတာဝန်ခံ ဦးသန်းထွတ်သိန်းတက်‌ရောက်ခဲ့ပြီး မဲပေးစက်တပ်ဆင်ပုံ၊ မဲရလဒ်ရေတွက်ပုံ၊ မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်ကိုင်တွယ်ပုံနဲ့ မဲရုံခင်းကျင်းပုံစံတို့ကို လက်တွေ့ပြသခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်က အဲဒီလိုအခမ်းအနားလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့လပိုင်းကတည်းက စီစဥ်ခဲ့ဖူးပေမဲ့ ကြိုတင်ပြီး သတင်းပေါက်ကြားတာကြောင့် အစီအစဥ်ကိုဖျက်လိုက်ပြီး မနေ့ကမှ မြို့ခံတွေကို အခမ်းအနားမတိုင်ခင် နာရီပိုင်းအလိုမှ ခေါ်ယူပြီး ရုတ်တရက် လုပ်ဆောင်ခဲ့တာလို့ မြို့ခံတွေကဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေရှိနေပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့ပေါ်မှာတော့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ဖို့ ‌ရွေး‌ကောက်ပွဲကော်မရှင်က တဆင့်ပြီးတဆင့် လုပ်ဆောင်လာနေပါတယ်။

စစ်တပ်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၁၀၂ ခုမှာ ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပမယ်လို့ ကြေညာထားပါတယ်။

တနင်္သာရီတိုင်းမှာ‌တော့ ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲအပိုင်း (၁) ကို ကျင်းပမယ်လို့ ကြေညာထားတာပါ။

အဲဒီရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီ ၆ ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီအထဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီက အမတ်လောင်း ၁၀၁၈ ဦးနဲ့ အမည်စာရင်း အများဆုံးတင်သွင်းထားပြီး စစ်တပ်ရဲ့ လူဟောင်းတွေဆီက အသွင်ပြောင်းလာခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည)ပါတီက ကိုယ်စာလှယ်လောင်း ၆၉၄ ဦးနဲ့ ဒုတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဖြစ်နေပါတယ်။

The Tanintharyi Times

ပုံစာ - မနေ့က ထားဝယ်မှာ ပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား။

ဓာတ်ပုံ - စစ်တပ် ပြန်/ဆက်

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လောင်းလုံးမှာပြုလုပ် Connect Burma၊စက်တင်ဘာ ၂၅ ထားဝယ်ခ...
25/09/2025

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လောင်းလုံးမှာပြုလုပ်

Connect Burma၊စက်တင်ဘာ ၂၅

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လည်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို "အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

# #နွေဦးတော်လှန်ရေး #ရွေးကောက်ပွဲ

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်နဲ့  တော်လှန်ရေး အောင်မြင်ရေး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်း Connect Burma၊ စက်တင်ဘာ ၂၅...
25/09/2025

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်နဲ့ တော်လှန်ရေး အောင်မြင်ရေး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်း

Connect Burma၊ စက်တင်ဘာ ၂၅

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆွဲကိုင်ထားပြီး နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားကြရန် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃသမဂ္ဂ(မန္တလေး) က တိုက်တွန်းလိုက်ပါတယ်။

ရွှေဝါရောင် တော်လှန်ရေး ဟာ သံဃာတော်တွေ နဲ့ ပြည်သူလူထုတို့ရဲ့ ရဲဝံ့တဲ့ စိတ်ဓာတ် ၊ စွန့်လွှတ်အနစ်နာခံမှု ၊ စည်းလုံး ညီညွတ်ခဲ့မှု နဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုများကို ဆန့်ကျင်ရာမှာ မယိမ်းမယိုင် ရပ်တည်ခဲ့တာကို သက်သေပြခဲ့တာလို့ စက်တင်ဘာ ၂၅ ရက်နေ့ကျရောက်တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ၁၈ နှစ်ပြည့် မှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးဟာလည်း မြန်မာပြည်သူများရဲ့ လွတ်လပ်ရေး နဲ့ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ မီးရှူးတန်ဆောင်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ရွှေဝါရောင်တော်လှန်ရေးရဲ့ စိတ်ဓာတ်ဟာ ယုံကြည်ချက် နဲ့ စည်းလုံးမှုကို ဆက်လက်လှုံ့ဆော်ပေး နေတာဖြစ်ပြီး၊ ရွှေဝါရောင်စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သံဃသမဂ္ဂ(မန္တလေး) ကဆိုပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ နဲ့ ပြည်သူများရဲ့ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဒီမိုကရေစီအစိုးရတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး နဲ့ စည်းလုံးညီညွတ်ရေးကို မြှင့်တင်ဖို့အတွက် ရွှေဝါရောင်တော်လှန်ရေးက ပြသခဲ့တဲ့ စည်းလုံးညီညွတ်မှုကို အခြေခံပြီး လူမျိုးဘာသာမခွဲခြားဘဲ ပြည်သူတွေနဲ့ အတူ ငြိမ်းချမ်းစွာ တော်လှန်ရေးကို ဆက်လက်တည်ဆောက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာ့အသိုင်းအဝိုင်းက အားပေးထောက်ခံခဲ့သလို ယခု နွေဦးတော်လှန်ရေးမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထိရောက်တဲ့ ဖိအားပေးမှု နဲ့ ပံ့ပိုးမှုများကို တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#ရွှေဝါရောင်တော်လှန်ရေး #နွေဦးတော်လှန်ရေး

ကျောက်မဲ၊ ပင်ပေါကျေးရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတစ်ဦး သေဆုံး Connect Burma၊ စက်တင်ဘာ ၂၅ ရှမ်းပြည်နယ်မြ...
25/09/2025

ကျောက်မဲ၊ ပင်ပေါကျေးရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတစ်ဦး သေဆုံး

Connect Burma၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတစ်ဦး နှစ်ဦးဒဏ်ရာရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် က စက်တင်ဘာလ (၂၃)ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိတဲ့ ပင်ပေါ ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

သေဆုံးသူ ဟာ ပင်ပေါကျေးရွာနေ ဦးဆန်လွင်ဖြစ်ပြီး လက်နက်ကြီးထိမှန်ခဲ့တဲ့နေရာမှာပဲ ကွယ်လွန်သွားတာ လို့သိရပါတယ်။ ဦးဆန်းလွင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နီနီ နဲ့ သမီးဖြစ်သူ မဆုနဒီလွင်တို့ လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အလားတူ အခုလ ၂၄ ရက်နေ့က လည်း စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို လေကြောင်းကနေ ပေါင်(၂၅၀) ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ကျောင်းဆောင် နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နမ့်ဆော့ကျေးရွာကိုလည်း စစ်တပ်က ပေါင် (၂၅၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

#ရှမ်းပြည်မြောက်ပိုင်း # #လက်နက်ကြီးကျည် #မြန်မာစစ်တပ်

ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်တပ်ရဲ့ စရဖထောက်လှမ်းရေးနဲ့ သတင်းပေး ၁၀ဦးကျော် ဖမ်းမိခဲ့တယ်လို့ TNLAထုတ်ပြန်Connect Burma...
25/09/2025

ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်တပ်ရဲ့ စရဖထောက်လှမ်းရေးနဲ့ သတင်းပေး ၁၀ဦးကျော် ဖမ်းမိခဲ့တယ်လို့ TNLAထုတ်ပြန်

Connect Burma | စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နဲ့ သီပေါမြို့တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ(စရဖ) နဲ့ သတင်းပေး (ဒလန်) ၁၀ဦးကျော် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLAက ထုတ်ပြန်ပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့တွေမှာ သတင်းယူဖို့ စစ်တပ်က စေလွှတ်ထားတဲ့ အဆိုပါ စရဖထောက်လှမ်းရေးနဲ့ သတင်းပေးတွေကို TNLA မြိုနယ်ရဲတပ်ဖွဲနဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လားရှိးမြို့မှာရှိတဲ့ စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲ TNLA ဂိတ်နေရာတွေ၊ ဂိတ်အတွင်းက လူအင်အား၊ လက်နက်အင်အား၊ ဌာနဆိုင်ရာအင်အားတွေ၊ တပ်စခန်းနေရာတွေနဲ့ လူစုလူဝေးများတဲ့ နေရာတွေကို သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်ကာ ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါ ထောက်လှမ်းရေးသတင်းပေးတွေဟာ စစ်တပ် လွယ်ကူစွာဝင်ရောက်နိုင်မယ့် လမ်းနဲ့ထောက်ပို့လမ်းကြောင်း အခြေအနေတွေကိုလည်း အဓိကထောက်လှမ်း သတင်းပေးပိုခဲ့ကြတယ်လို့ TNLAက ဆိုပါတယ်။

စစ်တပ် စရဖထောက်လှမ်းရေးနဲ့ သတင်းပေးတွေက မြို့ထဲမှာ သူဌေး၊ သူတောင်းစား၊ ခရီးသွား စတဲ့ ပုံစံမျိုးစုံ အသွင်ယူဟန်ဆောင်ပြီး ဝင်ရောက်ထောက်လှမ်းခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့အချင်းချင်းက လက်ဟန်အမူအရာတွေနဲ့ ဆက်သွယ်ပြီး လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့နေရာတွေမှာ လူချင်တွေ့ပြီး သတင်းပေးပြီး စစ်တပ်ထံကို လူမှုကွန်ယက် ပလက်ဖောင်းတွေအသုံးပြုပြီး သတင်းပို့ခဲ့ကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး သူတို့ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်ရင် တအာင်းပြည်ဥပဒေနဲ့ အရေးယူမယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - TNLA သတင်းပြန်ကြားရေး


#ကျောက်မဲ #သီပေါ #စစ်တပ်ထောက်လှမ်းရေး #ဖမ်းမိ

နိုဗာဆီဗစ်‌ဒေသ အုပ်ချုပ်ရေးမှူးကို စစ်ခေါင်းဆောင် ငါးသလောက်ပေါင်းနဲ့ လက်ဖက်သုပ်ကျွေးConnect Burma | စက်တင်ဘာ ၂၅ရုရှားနို...
25/09/2025

နိုဗာဆီဗစ်‌ဒေသ အုပ်ချုပ်ရေးမှူးကို စစ်ခေါင်းဆောင် ငါးသလောက်ပေါင်းနဲ့ လက်ဖက်သုပ်ကျွေး

Connect Burma | စက်တင်ဘာ ၂၅

ရုရှားနိုင်ငံ ၊ မော်စကိုမြို့ကို သွားရောက်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုဗာစီဗစ်မြို့က လေဆိပ် ဧည့်ခန်းမဆောင်မှာ နိုဗာဆီဗစ်ဒေသ အုပ်ချုပ်နေရေးမှူးနဲ့ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံက ယူဆောင်လာတဲ့ ငါးသလောက်ပေါင်းနဲ့ လက်ဖက်သုပ်တွေ ကျွေးမွေးဧည့်ခံခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

နိုဗုာဆီဗစ် အုပ်ချုပ်ရေးမှူးနဲ့ လေဆိပ်ဧည့်ခန်းမဆောင်မှာတွေ့ဆုံပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ ပက်သက်တဲ့ အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြရာမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံက ယူဆောင်လာတဲ့ လက်ဖက်သုပ်၊ လက်ဖက်ရည်နဲ့ အသင့်ချက်ပြုတ်ပြီး ငါးသလောက်ပေါင်းတို့နဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ဆိုပါတယ်။

နိုဗာဆီဗစ် အုပ်ချုပ်ရေးမှူနဲ့ အဖွဲ့က မြိန်ရှက်စွာ စားသောက်ချိန် စစ်ခေါင်းဆောင်က အဆိုပါအစားအစာတွေအကြောင်း ရှင်းပြခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့ ရောက်ရှိလာတာ ဖြစ်ပြီး နိုဗာဆီဗစ်ကနေ မော်စကိုမြို့ကို ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။


#စစ်ခေါင်းဆောင် #ရုရှားနိုင်ငံ #မော်စကို

24/09/2025

မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက် (ဗီဒီယို)

Connect Burma ၊ စက်တင်ဘာ ၂၄

လေးကေ့ကော်ကို စစ်အုပ်စုက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတဲ့ အပြင် လက်နက်ကြီးတွေ မစ်ဇိုင်းဒုံးတွေ နဲ့ပါပစ်ခတ်တိုက်ခိုက်နေတယ်လို မြေပြင်စစ်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

လေးကေ့ကော်ဘက်ကို စစ်တပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ စက်တင်ဘာ ၂၄ ရက် နေ့မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဒေသ နယ်စပ်အနီးကို ကျရောက်ခဲ့တယ်လို မြေပြင်အခြေအနေသိရှိတဲ့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ထိုင်းနိုင်ငံ၊ နယ်စပ်အနီမှာ ထိုင်းစစ်တပ်နဲ့ နယ်ခြားအထူးတပ်ဖွဲတိုက လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ဆောင်နေပြီး နယ်စပ်တစ်လျှောက်မှာပါ လုံခြုံရေးတိုးမြှင့်ထားတယ်လို ဆိုပါတယ်။


#စစ်တပ် #လက်နက်ကြီးကျည် #ထိုင်းနိုင်ငံဘက် #ကျရောက်

Address

Kamayut Township
Yangon

Alerts

Be the first to know and let us send you an email when Connect Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Connect Burma:

Share

The ‘RiSE’ stands for a media with ‘right-based approach, integrity, sensibility and educational’

The RiSE will run a 24/7 digital media. Rise media which is already gained a wide readership is offering intellectual inputs and views of opinion leaders who dedicated for the democracy, human rights and sustainability. The news media will have emphasis on producing quality news on politics,socio-economic issues while it will be watching human rights issued related to commercial investment and development project areas which are prone to oppression against the marginalized communities.