EDM DOPE

EDM DOPE EDM DOPE , an independent media , for young people , EDM enthusiasts and DJs , since 2019.

Hydrā
01/03/2025

Hydrā

KNDO - Hydra Official YouTube Channel ဖွင့်ထားပါတယ်ခင်ဗျ

Hydra ရဲ့ ရှေ့တန်း နောက်တန်း လှုပ်ရှားမှုမှတ်တမ်း video တင်သွားမှာဖြစ်တဲ့အတွက် Like and Subscribe လုပ်သွားပေးကြပါအုံးခင်ဗျ

Subscribers Target- 1,000

https://youtube.com/?si=HYqwkZqYTlSDQrOC

06/11/2024

Hydra Column

Hello EDM ကြိုက်နှစ်သက်သူ အပေါင်းတို့ ဘေးကင်းကျန်းမာပါသလားခင်ဗျာ2019ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တဲ့ EDM DOPE Entertainm...
16/03/2024

Hello
EDM ကြိုက်နှစ်သက်သူ အပေါင်းတို့ ဘေးကင်း
ကျန်းမာပါသလားခင်ဗျာ

2019ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တဲ့ EDM DOPE Entertainment Media ဟာ 2021 Oct လ နောက်ပိုင်း Social Activities မလုပ်တော့ဘဲ ငြိမ်သက်နေခဲ့ပါတယ်၊ ဘာကြောင့်လဲဆို
တော့ ကျွန်တော် EDM DOPE Founder ကိုယ်တိုင်
2021 ခုနှစ် ၊ November လ မှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ထဲကို ၀င်ရောက်သွားလို့ပါ၊

2020 ခုနှစ် COVID ကာလကတည်းက EDM Festival ၊ DJs တွေရဲ့ အကြပ်အတည်းကာလ ဖြစ်လာခဲ့ပါတယ်
အာဏာသိမ်း 2021 ခုနှစ်မှာ EDM Industry ပျက်စပြုလာခဲ့ပါတယ် ၊ 2022 ခုနှစ်‌ ရောက်
တော့ပေါသော နေတဲ့ DJs တွေ ၊ Club တွေ၊
ရေပေါ်ဆီတွေကြောင့် ခေတ်ပျက်ထဲမှာ EDM Industry ရေစုန်မျှောခဲ့ရပါတယ် ၊ ခေတ်ပျက်နေတဲ့ အချိန် ၊ ပြည်သူတွေ ဒုက္ခ‌ရောက်နေတဲ့ အချိန်မှာတော့
EDM Page တစ်ခုအနေနဲ့ ပျော်ရွင်မှုတွေကို ချပြနိုင်မှာ မဟုတ်ပါဘူး။

အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ

Peace•Love•Unity•Respect

EDM DOPE ဟာ မြန်မာနိုင်ငံ အခြေအ‌နေ ကောင်းမွန်လာတဲ့ တစ်နေ့မှာ အကောင်းဆုံး International DJs , Media Collaboration တွေနဲ့အတူ ပြန်လာခဲ့ပါမယ်👊

13/10/2021

တောင်ကိုရီးယားနိုင်ငံ က DJ Gunner က စစ်အာဏာရှင်လက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံအတွက်၊ ကျဆုံးသွားတဲ့ ပြည်သူတွေ၊ တော်လှန်ရေး သူရဲကောင်းတွေအတွက် သူ့ရဲ့ နှလုံးသားထဲက လာတဲ့ Save Myanmar - Set Me Free ဆိုတဲ့ သီချင်းကို ဖန်တီးထားပါတယ်

" မြန်မာပြည်အကြောင်းခဏခဏကြားတယ်၊ သတင်းတွေဟာအလွန်ဝမ်းနည်းစရာကောင်းပါတယ်၊
လက်မလျှော့ဘဲတိုက်ပွဲဝင်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေ ရှိနေတဲ့ အတွက် ၀မ်းသာမိပါတယ်

အဝေးကနေငါဘာမှမလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်

သူက မြန်မာပြည်သူတွေကိုထောက်ခံအား ပေးတဲ့ အနေနဲ့သီချင်းတစ်ပုဒ်လုပ်ခဲ့ပါတယ်

သူ့ရဲ့သီချင်းနဲ့စိတ်ပိုင်းဆိုင်ရာကိုကူညီလိမ့်မယ်လို့မျှော်လင့်ပါတယ်တဲ့
မြန်မာပြည်မှာ လာဖျော်ဖြေတဲ့အခါ အားလုံးကိုကျန်းမာစွာတွေ့ချင်ပါသေးတယ် " လို့ Gunner က
ပြောထားပါတယ်

အရေးတော်ပုံ အောင်ရမည်

'Save Myanmar'

SET ME FREE
Official Lyric Video

YouTube
https://youtu.be/HIm1gyOeOeE

Stories of the world that are hard to believe in the 21st century.
They might be suffering somewhere.
But they don't give up.
With honoring for their courage and sacrifice,
Send a few words of support to them.



Gunner (허조교) - SET ME FREE (Original Mix) (Ft. Adeline Um)

▶ Stream/Download : https://utyrecords.fanlink.to/setmefree
-
Follow 허조교(a.k.a Gunner)
https://www.instagram.com/rokagunner
https://www.facebook.com/rokagunner
https://soundcloud.com/rokagunner
https://www.tiktok.com/

©2021.GUNNER, UTY Records, SEFO Ent. All rights reserved.

Marvel ရဲ့ Shang Chi Movie အတွက် သီချင်းတီးပေးထားတဲ့ DJ SNAKE Snake ဟာ Marvel ရဲ့ ပထမဆုံး Asian Super Hero Movie ဖြစ်တဲ့...
12/08/2021

Marvel ရဲ့ Shang Chi Movie အတွက် သီချင်းတီးပေးထားတဲ့ DJ SNAKE

Snake ဟာ Marvel ရဲ့ ပထမဆုံး Asian Super Hero Movie ဖြစ်တဲ့ Shang Chi အတွက် သီချင်းတီးခတ်ပေးထားကြောင်း အသိပေးလိုက်ပါတယ်။ ဒါဟာ Marvel နဲ့ Snake တို့ကြားမှာထားရှိတဲ့ လျို့ဝှက်ချက်တစ်ခုကို ချပြတာဖြစ်တယ်လို့ Snake ကဆိုပါတယ်။

သီချင်း Collaboration ကိုတော့ အမေရိကန် Rapper Rick Ross နဲ့ အင်ဒိုနီးရှားအနွယ်ဝင် Rapper ဖြစ်တဲ့ Rich Brian တို့နဲ့ အတူ ပေါင်းပြီးဖန်တီးထားတာဖြစ်ပါတယ်။

နာမည်က '' RUN IT '' လို့အမည်ရပြီး Aug 13 ရက်နေ့ကစလို့ Spotify နဲ့ Apple Music တို့အပြင် တခြား platform တွေမှာလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။

Telegram မှာဖတ်ချင်သူများ Subscribe လုပ်ထားနိုင်ပါတယ်။ t.me/edmdope




ILLENIUM (ကိုငှက်ကြီး) , SLANDER နဲ့ Krewella ညီမနှစ်ယောက် Big collab is coming
14/07/2021

ILLENIUM (ကိုငှက်ကြီး) , SLANDER နဲ့ Krewella ညီမနှစ်ယောက်

Big collab is coming

Wiz Khalifa နဲ့ Band ဖွဲ့မည့် DVBBS DVBBS ဟာ '' SLEEP " Album ထွက်ရှိမယ်လို့ အသိပေးထားပြီးနောက်ပိုင်း Rapper တွေဖြစ်တဲ့ ...
03/07/2021

Wiz Khalifa နဲ့ Band ဖွဲ့မည့် DVBBS

DVBBS ဟာ '' SLEEP " Album ထွက်ရှိမယ်လို့ အသိပေးထားပြီးနောက်ပိုင်း Rapper တွေဖြစ်တဲ့ Wiz Khalifa, SK8 တို့နဲ့ပါ Band ထပ်ဖွဲ့ဖို့ရှိကြောင်း ပြောလိုက်ပါတယ်။

UK မှာ လမ်းပျောက်နေတဲ့ Night Life Industry ကိုပြန်လည်အသက်သွင်းဖို့ အစိုးရကိုဆန္ဒပြ UK မှာရှိတဲ့ Music Lovers တွေပေါင်းပြ...
30/06/2021

UK မှာ လမ်းပျောက်နေတဲ့ Night Life Industry ကိုပြန်လည်အသက်သွင်းဖို့ အစိုးရကိုဆန္ဒပြ

UK မှာရှိတဲ့ Music Lovers တွေပေါင်းပြီး '' FREEDOM TO DANCE " ခေါင်းစဉ်နဲ့ အစိုးရရဲ့ Covid-19 ဆိုင်ရာ တင်းကြပ်မှုတွေကို ဖြေလျှော့ဖို့နဲ့ မည်သည့်အကြောင်းကြောင့်နဲ့မျှ ဆက်လက်ကြန့်ကြာမနေဖို့ သပိတ်ကြောင်းပုံစံချီတက်ကာ သီချင်းဖျော်ဖြေမှုတွေနဲ့အတူ လမ်းမထက်တွေမှာ စု​ဝေးဆန္ဒပြခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို Save Our Scene UK ဆိုတဲ့အဖွဲ့အစည်းက ဦးဆောင်ပြီး Music Industry ကိုပြန်လည်အသက်သွင်းနိုင်မယ့် Campaign ခေါင်းစဉ်တွေဖြစ်တဲ့ '' MEET ME AT THE CLUB " , " MUSIC IS FREEDOM " တို့နဲ့အတူ ဆန္ဒပြခဲ့တာပါ။

UK မှာရှိတဲ့ Musician တချို့နဲ့ Underground DJs တွေပေါင်းပြီး ၄င်းတို့ကိုယ်တိုင် ကားအမိုးပေါ်မှာ perform လုပ်ခြင်းဖြင့် ပါဝင်ခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုဟာ Festival တစ်ခုစာ လူဦးရေ ထောင်ဂဏန်းလောက်ရှိပြီး Social Distancing နဲ့ Mask တပ်ဖို့ စတဲ့ စည်းကမ်းချက်တွေကို လိုက်နာထားခြင်းမရှိတာကြောင့်လည်း အပြင်းအထန်ဝေဖန်ခံနေရပါတယ်။

ဆန္ဒပြသူများရဲ့ရည်ရွယ်ချက်ဟာ အစိုးရကိုတောင်းဆိုပိုင်ခွင့်ရှိတဲ့ အချက်တချို့နဲ့ ရွေးချယ်မှုတချို့ကို တင်ပြဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလှုပ်ရှားမှုကနေ ရရှိလာတဲ့ ရန်ပုံငွေတွေဟာ ဂီတလောကရဲ့ ပရဟိတအဖွဲ့အစည်းတွေဖြစ်တဲ့ '' Help Musicians , Save Night Life , We Make Event Official နဲ့ Music Venue Trust '' စတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။

EDM DOPE Telegram : t.me/edmdope



တပတ်စာ EDM News များ - UEFA EURO 2020 မှာ Martin Garrix ရဲ့ ''We Are The One '' သီချင်းက Official Theme အဖြစ်ပါဝင်။ Mart...
20/06/2021

တပတ်စာ EDM News များ

- UEFA EURO 2020 မှာ Martin Garrix ရဲ့ ''We Are The One '' သီချင်းက Official Theme အဖြစ်ပါဝင်။ Martin Garrix ဟာ AREA 21 အမည်ရှိတဲ့ Project အောက်ကနေလည်း သီချင်းတွေထွက်နေပါတယ်။

- အလွမ်း ၊ အဆွေး နဲ့ ခံစားမှုရသမျိုးစုံပေးတဲ့ သီချင်းအပုဒ် ၂၀ ပါ San Holo ရဲ့ ဒုတိယမြောက် Album ထွက်ရှိ။

- နယ်သာလန်မှာ June လကုန်ကစပြီး festival များ ပြန်လည်ခွင့်ပြုမည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း (သို့မဟုတ်) Covid test negative ဖြစ်မှသာ ပွဲထဲခွင့်ပြုမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရပြော။

- Coachella Valley Music Festival ရဲ့ 2022 အတွက် လက်မှတ်များ အကုန် Sold Out။

- Tomorrowland 16th Edition (2021) ကိုမကျင်းပနိုင်ကြောင်း Organizer တွေစာထုတ်ကြေညာ။ ဝန်ထမ်းပေါင်း တထောင်ကျော်နဲ့ ကုမ္ပဏီကို ရိုက်ခတ်မှုများစွာရှိ။ 1.3 Million ကျော် အိတ်စိုက်ရ။

- စပိန်နိုင်ငံမှာ ပထမအဆင့်အနေနဲ့ ကလပ်များပြန်လည်ဖွင့်လှစ်။ Mask တပ် ၊ လက်ဆေး ၊ ခပ်ခွာခွာနေပြီး ကလပ်တွေရဲ့ ဝင်ဆံ့နိုင်တဲ့ လူဦးရေ တဝက်ထိပဲ ခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးပြော။

- David Guetta က သူ့ရဲ့ နာမည်ကြီးသီချင်းတွေပါဝင်တဲ့ Catalogue တခုကို Warner Music Group ထံ သန်း ၁၀၀ နဲ့ထုတ်ရောင်း။ ထုတ်ရောင်းတဲ့အထဲမှာ Titanium နဲ့ When Love Takes Over စတဲ့သီချင်းတွေအပြင် မကြာခင်သေးကထွက်ရှိထားတဲ့ Galantis,Little Mix တို့နဲ့ collab ထားတဲ့သီချင်းလည်းပါဝင်ပါတယ်။ David ရဲ့ မန်နေဂျာက အခုလိုထုတ်ရောင်းတာဟာ သီချင်းသစ်တွေထပ်လုပ်ဖို့ သဘောတူညီမှုတခုလည်း ဖြစ်သလို partner ကောင်းတွေရရှိဖို့လုပ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

EDM DOPE ရဲ့ Telegram မှာလည်း နောက်ဆုံးရသတင်းများကို အချိန်နဲ့တပြေးညီ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။ t.me/edmdope

လာမည့် ဇွန်လ ၁၀ရက်မှစ၍ ၂၃ရက်ထိ အင်တာနက်ဖြတ်မယ်လို့ ရေးသားလာခြင်းများ တွေ့ရပါတယ်။ စစ်ကောင်စီသည် ISP များထံ လျှို့ဝှက်စွာစ...
09/06/2021

လာမည့် ဇွန်လ ၁၀ရက်မှစ၍ ၂၃ရက်ထိ အင်တာနက်ဖြတ်မယ်လို့ ရေးသားလာခြင်းများ တွေ့ရပါတယ်။ စစ်ကောင်စီသည် ISP များထံ လျှို့ဝှက်စွာစေခိုင်းလျက်ရှိပြီး ဖြတ်တောက်မည့်အချိန်မတိုင်မီ နာရီပိုင်းအလိုမှ သိရှိရခြင်းများသာ ရှိခဲ့တာပါ။

စစ်ကောင်စီက အသုံးပြုစေလိုတဲ့ ကွန်ရက် Platform တွေကို အကန့်အသတ်လုပ်ထားပြီး အသုံးပြုခွင့်အပြည့်အဝမပေးထားပါဘူး။ အင်တာနက်များကို ၂၄ နာရီပြန်လည်ဖွင့်လှစ်ပေးထားပြီးနောက် တကျော့ပြန် အင်တာနက်ပြန်လည်ဖြတ်တောက်ခြင်းဟာ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမတိုင်မီမှာ ဖြတ်တောက်ခဲ့တဲ့အချိန်တစ်ချိန်ပဲ ရှိပါသေးတယ်။

ဒါကြောင့် လတ်တလော ​ပျံ့နေတဲ့ သတင်းများမှာ အတည်မပြုနိုင်တဲ့ သတင်းအမှားများဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။

တပတ်စာ EDM News များ - Deadmau5(ဒတ်မောက်) နဲ့ သူ့ရဲ့ဇနီးတို့ကွာရှင်း Deadmau5 နဲ့ သူရဲ့ဇနီး Kelly တို့ဟာ အိမ်ထောင်သက် ၄ ...
09/06/2021

တပတ်စာ EDM News များ

- Deadmau5(ဒတ်မောက်) နဲ့ သူ့ရဲ့ဇနီးတို့ကွာရှင်း

Deadmau5 နဲ့ သူရဲ့ဇနီး Kelly တို့ဟာ အိမ်ထောင်သက် ၄ နှစ်ကျော်တည်ဆောက်ပြီးတဲ့အချိန်မှာ တရားဝင်ကွာရှင်းခဲ့ပါပြီ။ ၂၀၁၆ မှာစေ့စပ်ခဲ့ပြီးနောက် တနှစ်ကျော်အကြာမှာ မင်္ဂလာထပ်ဆောင်ခဲ့တာပါ။ ကွာရှင်းရတဲ့အကြောင်းအရင်းကိုတော့ Deadmau5 က ပြောပြထားခြင်းမရှိပါဘူး။ ကွာရှင်းပြီးတဲ့အချိန်မှာ ဇနီးဖြစ်သူကို ဘဝတလျှောက် အဆင်ပြေစေဖို့ IG ကတဆင့် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ပါတယ်။

- Marshmello နဲ့ KSHMR တို့ တရက်ထဲမှာ Album ပြိုင်တူထွက်ရှိမည်။ Marshmello ရဲ့ လေးခုမြောက် Album ဖြစ်တဲ့ Shockwave ဟာဇွန်လ ၁၁ ရက်နေ့မှာထွက်ရှိလာမှာဖြစ်သလို KSHMR ကလည်း သီချင်း ၁၉ ပုဒ်ပါတဲ့ Album ကို ဇွန်လ ၁၁ ရက်နေ့ တနေ့ထဲမှာပဲ ထွက်ရှိမယ်လို့ ပြောကြားထားပါတယ်။

- ILLENIUM, Dabin နဲ့ Said The Sky တို့သုံးယောက်ပေါင်းပြီး fan တွေကို ငိုခိုင်းမယ့်ပွဲ။ သူတို့သုံးယောက်ဟာ ဇူလိုင် ၂၃ နဲ့ ၂၄ ၌ကျင်းပမယ့် Global Dance Festival ရဲ့ Mile High Stadium ကြီးမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ အဲ့ဒီကွင်းကြီးဟာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာ တည်ရှိပြီး ဘောလုံးပွဲအတွက်ဆိုရင် လူပေါင်း ၇၆၀၀၀ ကျော်ထိခွင့်ပြုထားပြီး concert တွေအတွက်ဆိုရင်တော့ လူပေါင်း ၆သောင်းထိ ခွင့်ပြုထားပါတယ်။

- Album မထွက်တာကြာပြီဖြစ်တဲ့ Dillion Francis ဟာ Album အသစ်နဲ့ ပွဲတွေဆီကို ပြန်လာမယ်လို့ ပြောလိုက်ပါတယ်။ ကိုဗစ်ကာလတစ်လျှောက်လုံးမှာ Album ကို ပြင်ဆင်နေခဲ့ပြီး သူကိုယ်တိုင်ရေးသားထားတဲ့သီချင်းတွေလည်းပါဝင်မယ်ဆိုတဲ့အကြောင်း အသိပေးထားပါတယ်။

- Artist ပေါင်းအယောက် ၂၂၀ ကျော် ပါဝင်တဲ့ EDC Las Vegas ကို အောက်တိုဘာလထဲမှာပဲ ကျင်းပဖို့အတည်ပြုလိုက်ပါပြီ။ အောက်တိုဘာ ၂၂ ကနေ ၂၄ ထိကျင်းပမှာဖြစ်ပြီး Genre ပေါင်းစုံ Artist ပေါင်းစုံနဲ့ အပီဖြုတ်ကြမှာပါ။ EDC ကို နဂိုကမကျင်းပနိုင်ခဲ့ပဲ ကိုဗစ်လှိုင်းကြောင့် အောက်တိုဘာလထဲကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

Telegram မှာလည်း နောက်ဆုံးရသတင်းများကို အချိန်နဲ့တပြေးညီ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။ ဝင်ရောက်ရန် > t.me/edmdope

Address

Yangon

Alerts

Be the first to know and let us send you an email when EDM DOPE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EDM DOPE:

Share