
17/08/2025
"အရှေ့ပိုင်းမှသည့် အလည်ပိုင်းများဆီသို ကမ်ပိန်း"
အားလုံး မင်္ဂလာပါခင်ဗျာ ။ ဗိုက်တာမင်တို့ ဒီတခေါက် မိတ်ဆက်ပေး မယ့် ပရောဂျက်ကတော့ "အရှေ့ပိုင်းမှသည် အလယ်ပိုင်းဆီသို့" ဆိုတဲ့ ကမ်ပိန်းပဲဖြစ်ပါတယ်။ ဒီကမ်ပိန်းကိုတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်တော် Northern Shan State Alliance Army ( N.S.S.A.A ) နှင့်ပူးပေါင်းပြုလုပ်ထားတာဖြစ်ပြီး ပရောဂျက်ရရှိငွေများကို (N.S.S.A.A) မဟာမိတ်တပ်တော်ရဲ့ လမ်းစရိတ်နှင့် စခန်းတည်ဆောက်ရေးစရိတ်အတွက် အဓိက အသုံးပြုသွားမှာပဲဖြစ်ပါတယ်။
ဒီမှာ မေးစရာရှိတာက ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်တော် (N.S.S.A.A) ဆိုတာဘာလဲပေါ့။ သိကြတဲ့သူတွေက သိကြမှာပေမယ့် မသိသေးတဲ့ ကိုယ့်လူတွေ အတွက် နည်းနည်းရှင်းပြပေးမယ်နော်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်တော် (Northern Shan State Alliance Army) (N.S.S.A.A) ဆိုတာက ရှမ်းမြောက်မှာရှိတဲ့ PDF တပ်ဖွဲ့ တွေဖြစ်ကြတဲ့ LCDF နှင့် People's Defense Force - Kyaukme နှင့် ယခင် PSDA Lashio အဖွဲ့ သုံးဖွဲ့ ပေါင်းစည်းစုဖွဲ့ထားတဲ့ မဟာမိတ်တပ်တော်ဖြစ်ပြီး (၂၀၂၂) ခုနှစ် ဧပြီလကတည်းက စတင်စုဖွဲ့ထားတဲ့ မဟာမိတ်တပ်တော်တခုလည်းဖြစ်ပါတယ်။
(N.S.S.A.A) အနေနဲ့ ပွဲအများကြီးကခဲ့ပြီး အဓိက Mission ကြီးတွေအနေနဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲ ၊၁၀၂၇ ပထမလှိုင်းဖြတ်တောက်ရေး ဟိုခိုဒိုးပင် တိုက်ပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ယခုအချိန်မှာလည်း တကသ (၁၃) တိုက်ပွဲကို ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကျွန်တော်တို့က ဒီ (N.S.S.A.A) က ရဲဘော်တွေရဲ့ လိုအပ်ချက်တွေထဲက လမ်းစရိတ် နှင့် စခန်းတည်ဆောက်ရေးစရိတ်အတွက် ကမ်ပိန်းပြုလုပ်လိုက်ရတာပဲဖြစ်ပါတယ်။
မျှော်မှန်းတားဂတ်က သိန်း (၃၀) သာဖြစ်လို့ တတ်နိုင်သမျှ မြန်မြန်လေး ပြည့်စေချင်ပါတယ်ခင်ဗျာ။
လက်ရှိတိုက်ပွဲဝင်နေဆဲရဲဘော်တွေဖြစ်တာမို့ လိုလေသေးမရှိအောင် ထောက်ပို့ပေးချင်တာဖြစ်လို့ မြန်မြန်နဲ့များများ ရရင် ပိုကောင်းပါတယ်ခင်ဗျာ။
ကျွန်တော်တို့ လုပ်နိုင်ကြတယ်မလားဗျာ။
သိန်းသုံးဆယ်တည်းပါ။
အားလုံးတူတူ ကိုယ်စီ တတ်နိုင်သလောက် ပါဝင်ပေးကြရင် အမြန်ဆုံးပြည့်မယ်လို့ ယုံကြည်ရင်း