People's eyes

People's eyes News For Myanmar's people

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ လာရောက် တွေ့ဆုံ။ သြဂုတ်.၃.၂၀၂၆ဒေါ်အောင်ဆန်းစုကြည်ကို ...
03/08/2026

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ လာရောက် တွေ့ဆုံ။
သြဂုတ်.၃.၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါတယ်။

မိမိယာဥ်နံပါတ်ဖြင့် မသမာသောနည်းလမ်းသုံး၍ စက်သုံးဆီဝယ်ယူခြင်းအား ကာကွယ်ရန် QR Code အသစ် အားလျှောက်ထားနိုင်။ရန်ကုန်.ဇူလှို...
31/07/2026

မိမိယာဥ်နံပါတ်ဖြင့် မသမာသောနည်းလမ်းသုံး၍ စက်သုံးဆီဝယ်ယူခြင်းအား ကာကွယ်ရန် QR Code အသစ် အားလျှောက်ထားနိုင်။
ရန်ကုန်.ဇူလှိုင်. ၃၁

ယာဥ်ပိုင်ရှင်များသည် မိမိယာဉ်နံပါတ်ဖြင့် အခြားသူများမှ မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံနေရသဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသို့ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးနိုင်ရေး အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်။
မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်မူရင်း၊မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်မိတ္တူ (Colour)၊
ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ (Colour)၊
ယာဉ်ပိုင်ရှင်၏နေရပ်လိပ်စာ (မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်) နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊
မိမိယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား (ရက်စွဲ၊ အချိန်၊ ဆိုင်အမည် စသည်)။
ယင်းအချက်အလက်များနှင့် လျှောက်ထားလာပါက တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများမှ စိစစ်တင်ပြမှုဆောင်ရွက်ပြီးနောက် QR Code အသစ်ထုတ်ပေးမည် ဖြစ်ပါသည်။
QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်တွင်ပါရှိသည့် Barcode သို့မဟုတ် အရောင်းဆိုင်မှထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည် ဖြစ်ပါသည်။
ယာဉ်ပိုင်ရှင်အနေဖြင့် အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှုမရှိစေရေး တာဝန်ယူထိန်းသိမ်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မရမ်းကုန်းမြို့နယ်တွင်  စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ။၊ ဇူလိုင် ၂၉မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မျ...
29/07/2026

မရမ်းကုန်းမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ။

၊ ဇူလိုင် ၂၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၂၅ ရက်နေ့ ၁၁၀၀ အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ကျော်မြင့်သန်း မောင်းနှင်ပြီး အောင်ဝင်း၊ သိန်းရွှေ နှင့် ဘကျော် တို့လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် ဇော်အောင် မောင်းနှင်ပြီး သက်ဇင်(ခ)အောင်အောင် နှင့် မောင်အေးလှိုင် တို့လိုက်ပါလာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ TOYOTA IPSUM ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၈၀၀)နှင့် လက်ကိုင်ဖုန်း ၉ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်မြင့်သန်း(၃၅)နှစ်၊ အောင်ဝင်း(၂၇)နှစ်၊ သိန်းရွှေ(၆၂)နှစ်၊ ဘကျော်(၄၇)နှစ်၊ ဇော်အောင်(၄၉)နှစ်၊ သက်ဇင်(ခ)အောင်အောင်(၅၀)နှစ် နှင့် မောင်အေးလှိုင်(၅၅)နှစ်တို့အား ဘုရင့်နောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မန္တလေးလူထုသပိတ်ခေါင်းဆောင်  (၈) ဦးကို စစ်အုပ်စုက ထောင်ဒဏ် (၃၇) နှစ်ချမှတ်ဇူလိုင်(၂၉)၊၂၀၂၆ခုနှစ်။မန္တလေးလူထုသပိတ်ခေါင်းဆ...
29/07/2026

မန္တလေးလူထုသပိတ်ခေါင်းဆောင် (၈) ဦးကို စစ်အုပ်စုက ထောင်ဒဏ် (၃၇) နှစ်ချမှတ်

ဇူလိုင်(၂၉)၊၂၀၂၆ခုနှစ်။

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင်အပါအဝင် အခြားသပိတ်ရဲဘော် (၈) ဦးကို စစ်အုပ်စုက ထောင်ဒဏ် (၃၇) နှစ်စီ မတရားချမှတ်လိုက်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (YUSU) ၏ ဇူလိုင် (၂၈) ရက် ထုတ်ပြန်ချက်အရ သိရသည်။

အသက် (၂၄) နှစ်အရွယ် ကိုထက်မြက်အောင်ကို စစ်အုပ်စုက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၁၄) ရက် ညနေပိုင်းတွင် မန္တလေးမြို့ပေါ် တစ်နေရာ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစတင်ကာ တရားရုံး၌ ရွေးကောက်ပွဲဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအပါအဝင် အခြားပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၃) ရက်က မန္တလေးသပိတ်ခေါင်းဆောင် ကိုတေဇာဆန်း၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အတွင်းရေးမှူး ကိုနန်းလင်းတို့နှင့်အတူ ကိုထက်မြက်အောင်တို့က မန္တလေးမြို့ လူစည်ကားရာနေရာတစ်ခု၌ စုပေါင်းဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်အုပ်စုက အပူတပြင်း ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကိုထက်မြက်အောင်ကို ဖမ်းဆီးပြီး (၇) လကျော်အကြာ ဇူလိုင် (၂၇) ရက်၌ စစ်အုပ်စုက ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ၊ ပုဒ်မ ၂၃ (ခ) ဖြင့် အမှုပေါင်း (၃)ခု ထောင်ဒဏ် နှစ် (၃၀)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် (၇) နှစ် စုစုပေါင်း ထောင်ဒဏ် (၃၇) နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုထက်မြက်အောင် ဖမ်းဆီးခံရချိန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) ကလည်း ကိုထက်မြက်အေင်အပါအဝင် မတရားဖမ်းဆီးခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုမှုများရှိခဲ့သည်။

ကိုထက်မြက်အောင် ဖမ်းဆီးခံရချိန် စစ်အုပ်စုက အကြမ်းဖက်ရိုက်နှက် နှိပ်စက်မှုများရှိခဲ့ခြင်းကြောင့် ၎င်း၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေကြောင်း စစ်အာဏာရှင်တော်လှန်ရေး သပိတ်အင်အားစုများကလည်းက ထုတ်ပြန်မှုများရှိခဲ့သည်။

ဓာတ်ပုံ - YUSU

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့သို့ သွားရောက်ကြ...
27/07/2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းမြောက်နှင့် ကယားပြည်နယ်တို့တွင် ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ခွဲရုံများ ပြန်လည်ပြုပြင်လျက်ရှိပြီး ...
27/07/2026

ရှမ်းမြောက်နှင့် ကယားပြည်နယ်တို့တွင် ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ခွဲရုံများ ပြန်လည်ပြုပြင်လျက်ရှိပြီး အချို့မြို့ရွာများ မီးပြန်လည်ရရှိ ⚡
ဇူလိုင် ၂၇ ရက်

⚠️ သတိပြုရမည့် အယ်လ်နီညို  အန္တရာယ်နှင့် ရာသီဥတု သတိပေးချက် ☀️🌧️နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းတွက်ချက်မှုများအရ ၂...
23/07/2026

⚠️ သတိပြုရမည့် အယ်လ်နီညို အန္တရာယ်နှင့် ရာသီဥတု သတိပေးချက် ☀️🌧️
နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း အားကောင်းသည့် အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသည့် အယ်လ်နီညို အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။ 🌡️🔍

ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး - ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို အမြန်ဆုံး ပြုပြင်လျက်ရှိ
21/07/2026

ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး - ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို အမြန်ဆုံး ပြုပြင်လျက်ရှိ

ယခုအပတ် အတွင်း မြန်မာနိုင်ငံတဝန်းလုံးနီးပါး မိုးကြီးနိုင်သဖြင့် သတိပြုရန် မိုးဇလမှနှိုးဆော်။ဇူလိုင်၊ ၂၀မိုးလေဝသနှင့် ဇလဗ...
19/07/2026

ယခုအပတ် အတွင်း မြန်မာနိုင်ငံတဝန်းလုံးနီးပါး မိုးကြီးနိုင်သဖြင့် သတိပြုရန် မိုးဇလမှနှိုးဆော်။

ဇူလိုင်၊ ၂၀

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အရ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နိုင်ငံအနှံ့ ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း သိရသည်။

ယခုလာမည့်တပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ ရံဖန်ရံခါတွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တို-က်ခတ်နိုင်ကြောင်း ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်းများ ရုတ်တရက်ရေကြီးခြင်းများနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကိုလည်းကောင်း ကြိုတင်သတိပြုကြရန် နှိုးဆော်ထားသည်။

ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို အထူးဂရုပြု၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် အသိပေးထားသည်။

19/07/2026

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွမ်းသူပန်းခွေချ ဂါရဝပြု မြန်မာ့သမိုင်းဝင်နေ့

Address

Yangon
11211

Alerts

Be the first to know and let us send you an email when People's eyes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share