Popular News Journal

Popular News Journal Right decisions come from wide vision. Myanmar-based digital news outlet established in 2009.

http://www.popularmyanmar.com Official page of Popular News Journal published in Myanmar since 29th Jan, 2009.

လူ ၂၄၃ ဦးပါ အင်ဒိုနီးရှားခရီးသည်တင်သင်္ဘော ဂျာဗားပင်လယ်ပြင်တွင် ပျေ-ာက်ဆုံးခရီးသည်နှင့် သင်္ဘောအမှုထမ်း စုစုပေါင်း ၂၄၃ ဦ...
13/09/2026

လူ ၂၄၃ ဦးပါ အင်ဒိုနီးရှားခရီးသည်တင်သင်္ဘော ဂျာဗားပင်လယ်ပြင်တွင် ပျေ-ာက်ဆုံး

ခရီးသည်နှင့် သင်္ဘောအမှုထမ်း စုစုပေါင်း ၂၄၃ ဦး လိုက်ပါသွားသည့် အင်ဒိုနီးရှားခရီးသည်တင်သင်္ဘောတစ်စင်းသည် တနင်္ဂနွေနေ့တွင် ဂျာဗားပင်လယ်ပြင်၌ ဆက်သွယ်မှုပြ-တ်တေ-ာက်ကာ ပျေ-ာက်ဆုံးနေကြောင်း Kompas သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာမြို့မှ ဘန်ဂျာမာစင်မြို့သို့ ခုတ်မောင်းလာသည့် Virgo Transport 8 သင်္ဘောသည် အလယ်ပိုင်းအင်ဒိုနီးရှားစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ဆက်သွယ်မှုပြ-တ်တေ-ာက်သွားခဲ့ခြင်းဖြစ်သည်။

ဘန်ဂျာမာစင်မြို့ရှိ ရှာဖွေကယ်ဆယ်ရေးရုံးအကြီးအကဲ အိုင်ပူတူ ဆူဒါယန်နာက ဆက်သွယ်မှုပြ-တ်တေ-ာက်ပြီး နှစ်နာရီခန့်အကြာတွင် အရေးပေါ်သတင်းပို့ချက် လက်ခံရရှိခဲ့ပြီး ပူးပေါင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို အခင်းဖြစ်ရာဒေသသို့ ချက်ချင်းစေလွှတ်ခဲ့ကြောင်း ပြောကြားသည်။

နောက်ဆုံးရရှိထားသည့် သတင်းအချက်အလက်များအရ သင်္ဘောသည် ဘန်ဂျာမာစင်မြို့ရှိ Basirih ရှာဖွေကယ်ဆယ်ရေးဆိပ်ကမ်း (SAR Dock) မှ ရေမိုင် ၈၀ ခန့်အကွာ ဂျာဗားပင်လယ်ပြင်အတွင်း ဆိုးရွားသည့် မိုးလေဝသအခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဆူဒါယန်နာက ထုတ်ပြန်ထားသည်။

ပျောက်ဆုံးနေသည့် သင်္ဘောနှင့် လိုက်ပါသွားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Ref: အေအေ

နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန်...
13/09/2026

နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်းပြောကြားခဲ့

နိုင်ငံအားလုံးအတွက်အကျိုးရှိစေမည့်လမ်းများတည်ဆောက်ရန်အတွက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပြဿ နာကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

စီးပွားရေးအတွက် လမ်းမကြီးများ၊ ရထားလမ်းများတည်ဆောက်ရာတွင် ဗီယက်နမ်၊ ဟိုချီမင်းမှ ကမ္ဘောဒီးယား၊ ဖနောင်ပင်၊ ဗန်ကောက်ဖြစ်၍ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်ပြဿနာပြေလည်မှသာ ယင်းလမ်းများကိုအကောင်အထည်ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း ပြောသည်။

" ဒီလမ်းကြောင်းကိုသာအကောင်အထည်ဖော်နိုင်ခဲ့ရင် ဒေသတွင်း ရထားလမ်း၊ ကားလမ်း လမ်းကြောင်းဖြတ်တဲ့နေရာက နိုင်ငံတွေအားလုံးအကျိုးရှိမှာဖြစ်ပါတယ်။ စီးပွားရေးအရ၊ လူမှုရေးအရ၊ ဆက်ဆံရေးအရ၊ ယဉ်ကျေးမှုအရ အားလုံးအကျိုးရှိမှာဖြစ်တဲ့အတွက် နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ဒေသတွင်းအကျိုးစီးပွားကိုကြည့်ပြီး ပြေပြေလည်လည်ဖြစ်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတကတိုက်တွန်းခဲ့ပါတယ် "ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

ထို့ပြင် နယ်စပ်ပြဿနာသည် နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံများ၌ အနည်းနှင့်အများရှိရာ အရေးကြီးဆုံးသည် အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲ၊ ညှိနှိုင်းဆွေးနွေးကာ Joint Committee များဖွဲ့ပြီး အကောင်းဆုံးနည်းလမ်းနှင့်ဖြေရှင်းရန်လိုကာ အဓိကအနေဖြင့်ငြိမ်းချမ်းစွာနယ်စပ်ပြဿနာကိုဖြေရှင်းကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ တို-က်ရို-က်လေကြောင်းလိုင်းတိုးချဲ့ပျံသန်းပြေးဆွဲမည်မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ တို-က်...
13/09/2026

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ တို-က်ရို-က်လေကြောင်းလိုင်းတိုးချဲ့ပျံသန်းပြေးဆွဲမည်

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ တို-က်ရို-က်လေကြောင်းလိုင်းတိုးချဲ့ပျံသန်းပြေးဆွဲရန် သဘောတူညီချက်များရရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်(State Visit)သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

"လက်တွေ့အမြန်ဆုံးတွေ့မြင်ရမယ့်အချက်ကတော့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းပါ။ Siem Reap နဲ့ ပုဂံဒေသက ညီအစ်မမြို့တော်(Sister City)ပါ။ ဒါကို ဆက်ပြီးဆောင်ရွက်သွားဖို့၊ နောက်တစ်ခါ Two Countries, One Destination ကိုလည်း ဆက်ပြီးအကောင်အထည် ဖော်သွားဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်"ဟု ပြောသည်။

" တို-က်ရို-က်လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းဖို့ စီး ပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လယ် ယာထွက်ကုန်ပစ္စည်းတချို့၊ နောက်တစ်ခါ စက်မှုထွက် ကုန်ပစ္စည်းတချို့ ကမ္ဘောဒီးယားနိုင်ငံကိုကုန်သွယ်မှုလုပ်ဖို့၊ တင်ပို့ဖို့အတွက်လည်းဆွေးနွေးခဲ့တာရှိပါတယ်" ဟု ပြောသည်။

" နိုင်ငံတော်သမ္မတကြီးက ဟိုချီမင်းကနေ ဖနောင်ပင်၊ ဖနောင်ပင်ကနေ ဗန်ကောက်၊ ဗန်ကောက်ကနေမှ ထား ဝယ်ရေနက် ဆိပ်ကမ်း ဒီအပေါ်မှာ လမ်းကြောင်းဆွဲပြီးရင် အိန္ဒိယသမုဒ္ဒရာနောက်ဘက်ထွက်ပေါက်ကို တို-က်ရို-က်ဒေသတွင်းနိုင်ငံတွေဖြတ်သန်းသွားလို့ရမယ့်လမ်းကြောင်းကို Propose လုပ်ခဲ့ပါတယ်"ဟု ပြောသည်။

" ကမ္ဘောဒီးယားနိုင်ငံကလည်း ဒီလမ်းကြောင်းကို စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အိန္ဒိယနိုင်ငံကို ပစ္စည်းတွေပို့ချင်တယ်၊ အိန္ဒိယနိုင်ငံကနေ ပစ္စည်းတွေသွင်းချင်တယ်၊ ကုန်သွယ်မှုလုပ်ချင်တယ်။ အဲဒီအတွက် ကုန်းလမ်းကြောင်းကိုအသုံးပြုချင်တယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းကို စိတ်ဝင်စားပါတယ် ဆက်လက်ဆွေးနွေးဖို့ဆွေးနွေးခဲ့ကြတယ်"ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူရန်ကုန်၊ စက်တင်ဘာ ၁၃ဆောက်လုပ်ရေ...
13/09/2026

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

ရန်ကုန်၊ စက်တင်ဘာ ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်း ၃ ခုတွင် အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ တင်ဒါခေါ်ယူသည့် စီမံကိန်းများမှာ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ အပိုင်း(၂)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်း အပိုင်း(၃)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အင်းဝအိမ်ရာစီမံကိန်းတို့ဖြစ်ပြီး အဆိုပါစီမံကိန်းများတွင် အိမ်ရာအဆောက်အအုံ စုစုပေါင်း ၃၁ လုံး တည်ဆောက်သွားမည်ဖြစ်သည်။

တင်ဒါလျှောက်လွှာပုံစံများကို စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို အောက်တိုဘာ ၁ ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ ၃ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

တင်ဒါဖွင့်လှစ်မည့် ရက်နှင့်အချိန်ကို သက်ဆိုင်ရာလုပ်ငန်းရှင်များထံ ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါလျှောက်လွှာပုံစံများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်တွင် ရောင်းချပေးမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃၄၀၇၅၂၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

12/09/2026
12/09/2026

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရေမြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှ ပျေ-ာက်ဆုံးခဲ့သည့် ၁၄ နှစ်အရွယ် ကလေး ရုပ်အလေ-ာင်း ပြန်လည်တွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၂

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရေမြောင်းအတွင်းကျသွားသည့် ဘောလုံးအား ဆင်းကောက်ရာမှ ပျောက်ဆုံးသွားခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလေ-ာင်းကို ယနေ့ (စက်တင်ဘာ ၁၂ ရက်) ည ၇ နာရီခွဲခန့်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ပျေ-ာက်ဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလေ-ာင်းအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၈ လမ်းထိပ်ရှိ ရေမြောင်းအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှ ‌ေ-သဆုံးသူ ကလေးငယ်၏ ရုပ်အလေ-ာင်းအား သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်းမှ ကူညီရေးယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အဖြူရောင် ကမ်းလက် လူမှုကူညီရေးအသင်း

ယာယီပိတ်သိမ်းမည့် Teng Hui စက်ရုံမှ အလုပ်သမား ၂,၃၅၅ ဦး အလုပ်လက်မဲ့မဖြစ်ရေး အခြားစက်ရုံများနှင့် ချိတ်ဆက်ပေးရန်ကုန်၊ စက်တ...
12/09/2026

ယာယီပိတ်သိမ်းမည့် Teng Hui စက်ရုံမှ အလုပ်သမား ၂,၃၅၅ ဦး အလုပ်လက်မဲ့မဖြစ်ရေး အခြားစက်ရုံများနှင့် ချိတ်ဆက်ပေး

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ Teng Hui (Myanmar) Knitting Co., Ltd (သိုးမွှေးစက်ရုံ) ယာယီပိတ်သိမ်းမည့်အခြေအနေကြောင့် အလုပ်လက်မဲ့မဖြစ်စေရေးနှင့် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ မဆုံးရှုံးစေရေးအတွက် အလုပ်ပြောင်းရွှေ့လုပ်ကိုင်လိုသည့် အလုပ်သမား ၂,၃၅၅ ဦးကို လုပ်သားလိုအပ်နေသည့် အခြားစက်ရုံများနှင့် ချိတ်ဆက်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစက်ရုံတွင် လုပ်သားအင်အား ၂,၆၁၀ ဦးဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အော်ဒါမှာယူမှု နည်းပါးလာခြင်းကြောင့် ယာယီပိတ်သိမ်းရန် စီစဉ်ထားခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် Teng Hui စက်ရုံသို့ သွားရောက်ခဲ့ပြီး စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားများကို တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ထို့အပြင် အလုပ်ပြောင်းရွှေ့လုပ်ကိုင်လိုသည့် အလုပ်သမား ၂,၃၅၅ ဦး အလုပ်အကိုင် ဆက်လက်ရရှိနိုင်ရေးအတွက် လုပ်သားလိုအပ်နေသည့် အခြားစက်ရုံများနှင့် ချိတ်ဆက်ပေးကာ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ Apex Plus Garment Co., Ltd နှင့် Tri-Win Leather Co., Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်ခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ အလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် အလုပ်သမားရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစက်ရုံ ၂ ရုံမှ လူမှုဖူလုံရေးအာမခံ အကျုံးဝင်အလုပ်သမား ၂,၁၂၂ ဦးအတွက်လည်း အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များ ပါဝင်သည့် ရွေ့လျားဆေးကုသယာဉ်နှင့် ဆေးကုသရေးအဖွဲ့များက လုပ်ငန်းခွင်အရောက် ဆေးကုသမှုနှင့် ဆေးဝါးများ ပံ့ပိုးပေးခဲ့သည်။

ထို့ပြင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ECG ဖြင့် နှလုံးစစ်ဆေးခြင်းနှင့် မျက်စိစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား ၁,၀၃၂,၂၇၁ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၃ ခန်း၊ Fee for Service စာချုပ်ဆေးခန်း ၅၂ ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်းနှင့် ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆေးကုသမှုဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ အာမခံအလုပ်သမားများအတွက် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျစရိတ်များကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၇,၉၇၄ ဒသမ ၃၉၆ နှင့် ၂၀၂၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ကျပ်သန်း ၁,၅၄၀ ဒသမ ၈၈၂ ပေးအမ်းခဲ့ကြောင်း သိရသည်။

မြန်မာ - လာအို နှစ်နိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး လာရောက်ကြည့်ရှုအားပေးတာချ...
12/09/2026

မြန်မာ - လာအို နှစ်နိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ
လာအိုသံအမတ်ကြီး လာရောက်ကြည့်ရှုအားပေး

တာချီလိတ်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် မြန်မာ - လာအို နှစ်နိုင်ငံ U-18 ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘွန်ပီယန်းချန်တာဘုံနှင့် သံရုံးအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သံအမတ်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့ရာ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် မြန်မာ - လာအို ချစ်ကြည်ရေးအသင်းဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာ - လာအို ချစ်ကြည်ရေးအသင်းရုံးခွဲ ( တာချီလိတ် ) သို့ သွားရောက်ကြည့်ရှုပြီး အသင်းဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားကာ ညပိုင်းတွင် Lord Eagle ဟိုတယ်၌ ညစာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့မအားကစားကွင်း၌ ကျင်းပသည့် နှစ်နိုင်ငံ U - 18 ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်အားပေးကြည့်ရှုကာ အားကစားသမားများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

12/09/2026

အာဆီယံတွင်း မြန်မာနိုင်ငံအပေါ် ကမ္ဘောဒီးယား၏ရပ်တည်ချက်ခိုင်မာမှုသည် အားတက်စရာအနေအထားဟု ဒေါက်တာဒေါ်ခိုင်ခိုင်စိုးပြော

"မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ရပ်တည်ချက်ကတော့ အာဆီယံမှာ မြန်မာနိုင်ငံကို ဖယ်ကြဉ်ထားတာမျိုး၊ အဆင့်နိမ့်ဆက်ဆံတာမျိုးကို လုံးဝလက်မခံပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံမိသားစုတွေထဲဆက်ပြီးတည်ရှိရပါမယ်ဆိုပြီး ရပ်တည်ချက်ကို ခိုင်ခိုင်မာမာပြောသွားပါတယ်။ အခုလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံအတွက်အားတက်စရာ အနေအထားမျိုးဖြစ်တယ်လို့ ပြောနိုင်ပါတယ်" ဒေါက်တာဒေါ်ခိုင်ခိုင်စိုး (နိုင်ငံတော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ)

ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးစုပေါင်းသန့်ရှင်းရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ဧရာဝတီတိုင်း၊ င...
12/09/2026

ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးစုပေါင်းသန့်ရှင်း

ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့ဆေးရုံအားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို ထွေအုပ်ဝန်ထမ်းများ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များ၊ ဒေသခံများပူးပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ သန့်ရှင်းရေးပြုလုပ်နေမှုအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင်ပါဝင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းဝန်ကြီးချုပ်က ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ သူရလွင်လမ်း၌ရေပြန်လည်ကျဆင်း၍နေအိမ်များသို့ပြန်လည်နေထိုင်ကြသူများကို ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ငါးသိုင်းချောင်းမြို့အတွင်း ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်နေမှုနှင့် လုပ်ငန်းများပုံမှန်ပြန်လည် လည်ပတ်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Address

35th Street
Yangon
11131

Alerts

Be the first to know and let us send you an email when Popular News Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Popular News Journal:

Shortcuts

Share

Category