Z E U S

Z E U S Zeus is here to share you unleash the excitement with our fresh approach to movies, games, comics
(294)

The Boys Prequel Series Vought Rising မှာမြင်ရမယ့် Soldier Boyရဲ့ပုံရိပ်သစ်ထွက်ရှိလာပါပြီ။
15/08/2025

The Boys Prequel Series Vought Rising မှာမြင်ရမယ့် Soldier Boyရဲ့ပုံရိပ်သစ်ထွက်ရှိလာပါပြီ။

Mortal Kombat 2 မှပုံရိပ်သစ်များ 🔥
07/08/2025

Mortal Kombat 2 မှပုံရိပ်သစ်များ 🔥

Sega ရဲ့ God Of War လို့တောင်ပြောရမယ့် Spartan Total Warrior ဂိမ်းအကြောင်းဘာညာလေးပေါ့။God of war နဲ့တူတာတွေလည်းအများကြီး...
05/08/2025

Sega ရဲ့ God Of War လို့တောင်ပြောရမယ့် Spartan Total Warrior ဂိမ်းအကြောင်းဘာညာလေးပေါ့။

God of war နဲ့တူတာတွေလည်းအများကြီးရှိပေမယ့် သူ့ကိုယ်ပိုင် mechanicတွေကလည်းပေါ့သေးသေးတော့မဟုတ်ခဲ့ဘူး။
Underrated ဂိမ်းတစ်ခုဆိုလည်းမမှားဘူးပေါ့ဗျာ။

Hack & Slash ဂိမ်းတွေဆိုတာ အရမ်းကိုမှ ခုတ်ရထစ်ရတာ စိတ်ကျေနပ်ဖို့ကောင်းတဲ့ဂိမ်းတွေဖြစ်တယ်။ps2 ခေတ်တုန်းကဆို နာမည်ကြ...

28 years later review28 years later ရုပ်ရှင်ကမထွက်ခင်မှာတော့ promotion အားကောင်းတယ်။ Trailerကလည်းလူရဲ့စိတ်ဝင်စားမှုကိုချ...
31/07/2025

28 years later review

28 years later ရုပ်ရှင်ကမထွက်ခင်မှာတော့ promotion အားကောင်းတယ်။ Trailerကလည်းလူရဲ့စိတ်ဝင်စားမှုကိုချက်ချင်းဖမ်းစားနိုင်တဲ့အထိကို catchyဖြစ်တယ်ပေါ့။ဆိုပေမယ့်စိတ်မကောင်းစွာနဲ့ပဲဒီရုပ်ရှင်ဟာ waste potential တစ်ခုလို့ပဲမြင်မိတယ်။

မကြည့်ရသေးတဲ့ညီကိုတွေအဖို့ spoiler free ဖြစ်အောင်အတတ်နိုင်ဆုံးပြောပြပါမယ်။

ဒီရုပ်ရှင်သည် 28 days later နဲ့ 28 weeks later တို့ရဲ့ sequel ရုပ်ရှင်ဖြစ်တယ်။လူသားတွေပဲဖန်တီးထားတဲ့ Rage Virus က outbreak ဖြစ်ပြီး လူတွေသေကြေကုန်ကြတယ်။ Rage Virus ဆိုတာ zombie virus လုံးဝမဟုတ်ဘူး။
နာမည်အတိုင်းပဲပထမနှစ်ကားပြီး‌တဲ့နောက်မှာဇာတ်အိမ်တည်ထားတယ်။ဥရောပနိုင်ငံတွေက Rage Virus ကိုထိန်းသိမ်းနိုင်ခဲ့တယ်။28 weeks laterမှာတုန်းကဒီပိုးသည်ပြင်သစ်အထိပြန့်သွားတာကိုပြခဲ့သေးတယ်။
Britain တစ်ခုတည်းကိုပဲ isolated ဖြစ်အောင်ထားထားပြီးတော့တစ်ကမ္ဘာလုံးကတော့ ပုံမှန်အတိုင်းပဲလည်ပတ်နေတယ်။

အဓိကMain protagonist က Aaron Taylor Johnsonပြီးရင် သူ့မိန်းမ Jodie Comerဇာတ်ကောင်နဲSpikeဆိုတဲ့ချာတိတ်လေးပါ။သူ့အမေကကင်ဆာပိုးဦးနှောက်ထိပြန့်နေတဲ့အ‌ခြေအနေနဲ့ စိတ်ကဆင့်ကလျားဖြစ်‌နေပြီ။ဒါပေမယ့်အလျော့မပေးပဲ ကယ်ဖို့ကြိုးစားချင်တာအဲ့‌ကနေမှဇာတ်လမ်းကစတာပဲ။သူ့အမေကိုကယ်ဖို့သွားတဲ့လမ်းမှာ ဘယ်လိုမျိုး အန္တရာယ်တွေကြုံရမလဲဆိုတာတွေကို အဓိကကြည့်ရမှာဖြစ်တယ်။

ဇာတ်လမ်း synopsis လေးကတော့ဒီအတိုင်းဖတ်ကြည့်လိုက်ရင်ရိုးရိုးလေးနဲ့ thrilling adventure တစ်ခုကိုကိုကြည့်ရမယ့်အထာလေးပဲ။တကယ်တမ်းရုပ်ရှင်ကို အာရုံသေချာစိုက်ပြီးကြည့်လိုက်ရင်ကျတော်တော်ကြီးကို weird ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်။

Zombie ရုပ်ရှင်ကြီးလုံးလုံးမဟုတ်ပေမယ့် zombie like ရုပ်ရှင်ဆိုတော့ဒီရုပ်ရှင်ရဲ့ infectedအကောင်တွေအကြောင်းကိုအရင်စပြောပါမယ်။

Rage Virus ကနေဖြစ်လာတဲ့ အမျိုးအစားက fast moving infectedတွေထဲမှာပထမဆုံးပါ။သူ့မတိုင်ခင်မှာ cult classicရုပ်ရှင်တစ်ခုလို့သတ်မှတ်နိုင်တဲ့ အီတလီရုပ်ရှင် nightmare city (1980)ရှိခဲ့တယ်။

Modern ထဲမှာဆိုရင် 28days laterကအစောဆုံးဖြစ်တယ်။သူပြီးမှ Zack Snyder ရဲ့ dawn of the dead (2004) remakeပေါ့။အခုနောက်ပိုင်းတော့ zombie universe တော်တော်များများမှာ fast type variant တွေအများကြီးကိုထွက်လာကြတယ်။

ဆိုတော့ modern ခေတ်မှာပထမဆုံး fast infected အမျိူးအစားကိုထည့်သွင်းခဲ့တဲ့ 28days laterကဒီနေ့ခေတ် theater experience ကိုအကြီးကြီးပြောင်းလဲပေးနိုင်တဲ့ထောက်တိုင်တစ်ခုဖြစ်တယ်။
Fast zombie တွေက ရုပ်ရှင်ရုံထဲမှာကြည့်တဲ့အခါကျရင် tension ပိုမြင့်တယ်။ slow zombieတွေထက် survival action ပိုဆန်သွားစေတယ်။

ဒီရုပ်ရှင်မှာဆိုရင် Rage Virus ရဲ့ဆင့်ကဲ့ပြောင်းလဲလာတဲ့ fast infected မျိုးကွဲအသစ်ပါလာတယ်။ အဲ့ကောင်တွေကို Alpha လို့ခေါ်တယ်။
Mutated မျိုးကွဲတွေပုံစံဖြစ်ပြီးသာမန် infected တွေထက်ညာဏ်ကောင်းတယ်။
Alpha တွေရဲ့ဆင့်ကဲပြောင်းလဲမှုကအသိညာဏ်တင်မဟုတ်ဘဲနဲ့ physical strength တွေကလည်းကြောက်စရာကောင်းအောင်များလာတဲ့အထိမြင့်ကုန်ကြတယ်။
အုပ်စုဖွဲ့ပြီး ခေါင်းဆောင်တစ်ကောင်တည်းရဲ့အောက်မှာနေကြတယ်။

Alphaတွေကိုရုပ်ရှင်ထဲမှာ ထင်သလောက်မရိုက်ပြသွားတယ်လို့တော့မြင်တယ်။သူတို့ရဲ့ behavior တွေအကွက်ကျကျ‌ စီစဉ်တတ်တာ‌မျိုးတွေတွေ့ရတယ်။ဒါပေမယ့် Alphaဖြစ်နေပါလျက် သူတို့အောက်က infected တွေကိုထိန်းချုပ်အမိန့်ပေးတာကခပ်နည်းနည်းပါ။
Alpha တွေရဲ့ဩဇာနဲ့ တစ်ဖက်ကလူသားအဖွဲ့အစည်းရဲ့ survival instinct ကိုလုံးဝမတွေ့ရဘူး။

28 weeks လောက်ကတည်းကမသေသေးတဲ့ old infected တွေလည်းထပ်တွေ့ရတယ်။အဖြစ်အပျက်တွေအများကြီးဖြစ်သွားတဲ့ (၂၈)နှစ်ဆိုတဲ့အတိုင်းအတာမှာ တခြား infected တွေထက် Alphaတွေနဲ့ အမိန့်နာခံတတ်တဲ့ အကောင်တွေဘယ်လောက်ထိကိုလူသားတွေရဲ့ရှင်သန်မှုကို ဘယ်လိုအနှောင့်အယှက်ပေးနေလဲဆိုတာကိုပြပေမယ့် ကြည့်ရှုသူအနေနဲ့ကောင်းကောင်းမမြင်ပြန်ရဘူး။ဘာကြောင့်လဲဆိုရင် ဒီရုပ်ရှင်ကပြချင်တာ ဒါမှမဟုတ်ပေးချင်တဲ့ရသတွေများနေတယ်။

ဒီလိုမျိုး ဝေလေတဝါးဝါးဖြစ်စေတာက zombie like ရုပ်ရှင်အတွက်Fantasy ဆန်ဆန်ဇာတ်အိမ်ပါ။ဇာတ်လမ်းလေးက အရမ်းစိတ်ကူးယဉ်ဆန်ပြီး weird ဖြစ်လွန်းတယ်။ပထမကရုပ်ရှင်ကို trailerတွေကြည့်တုန်းကတော့ဒီလိုဇာတ်လမ်းမျိုးဖြစ်မယ်လုံးဝမထင်ထားတာပေါ့။

Spike နဲ့သူ့အမေ islaတို့ရဲ့ရှင်သန်လိုစိတ်လေးကစိတ်ကူးယဉ်ဆန်လွန်းသွားတယ်။

Cinematography တွေကတော့ စိတ်ကျေနပ်စရာကောင်းတယ်။I phoneနဲ့ရိုက်ထားတဲ့shootတွေက retouch ပြန်လုပ်ထားတာတွေရှိတာတောင်မှရိုက်ချက်တွေရဲ့အရသာမပျက်သွားဘူး။

Cast ကိုကြည့်လိုက်ရင်လည်း Ralph Fiennesတို့ Aaron Taylor Johnson တို့ကပါဝင်အားဖြည့်ထားတယ်။ရုပ်ရှင်ကမကောင်းဘူးလားဆိုကောင်းတယ်။ Jodie Comer ဆိုလည်းသရုပ်ဆောင်တာကောင်းတယ်။
Survival horror မျိုးတင်မဟုတ်ပဲ arthouse ဆန်တယ်။ family drama ဆန်တယ်။ရှိသမျှခံစားချက်တွေကို ရောထွေးသောင်းပြောင်းထားတာမျိုးပဲ။

ဆိုတော့ audience တွေရဲ့စိတ်ခံစားချက်အပေါ်လိုက်ပြီး ဒီရုပ်ရှင်ကကောင်းတယ် မကောင်းဘူးသတ်မှတ်ရမှာဘဲ။

sequelလည်းလာဦးမယ်၊ Trilogy ကလည်းထပ်ထုတ်ဦးမယ်ပြောတယ်။

ကိုယ်ပိုင်အမြင်အရဆိုရင်တော့ 28 years laterကို အားမရမိပါဘူး။ wasted potential တစ်ခုလို့မြင်မိတယ်။ဒီထက်တော့ပိုမိုက်နိုင်ပါတယ်။ တစ်ခုဆိုတစ်ခုပေါ့ survival ဆန်ဆန် adventure ဆိုလည်း ဒီ direction ကိုပဲဦးတည်သွားပေးလိုက်လို့ရတယ်။အဲ့တာကိုမှ အညွှန့်အတက်တွေနဲ့ ကွန့်မြူးလွန်းထားတော့ ရုပ်ရှင်က အရသာတွေများလွန်းနေတယ်။

ဒီရုပ်ရှင်ကိုလည်း ပထမနှစ်ကားကို ဖန်တီးခဲ့တဲ့ Director Danny Boyle ကပဲရိုက်ကူးခဲ့တာပါ။သူဘယ်လိုမျိုးပုံစံသစ်နဲ့ sequel bone temple ကိုရိုက်ပြဦးမလဲဆိုတာတော့စိတ်ဝင်စားမိပါရဲ့။

personal rating အရတော့ 28years later ရုပ်ရှင်ကို rating 6/10 ပေးပါတယ်။

ညီကို‌တို့ရော 28years later ရုပ်ရှင်ကိုဘယ်လိုမြင်ကြလဲ။

28/07/2025

Avatar : Fire and Ash official trailer ထွက်ရှိ 🔥

December 19 ရက်နေ့တွင် ထွက်ရှိပါမည်။

Avatar Fire & Ash ရုပ်ရှင်မှာပါဝင်မယ့် Ash Clan အဖွဲ့သားများရဲ့ပုံရိပ်သစ်ထွက်ရှိလာပါတယ်။
27/07/2025

Avatar Fire & Ash ရုပ်ရှင်မှာပါဝင်မယ့် Ash Clan အဖွဲ့သားများရဲ့ပုံရိပ်သစ်ထွက်ရှိလာပါတယ်။

Avatar Fire & Ash ရုပ်ရှင်အတွက်ပထမဆုံး poster ထွက်ရှိ
22/07/2025

Avatar Fire & Ash ရုပ်ရှင်အတွက်ပထမဆုံး poster ထွက်ရှိ

Metal Slug ဂိမ်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာများဂိမ်းဆိုင်ယဉ်ကျေးမှု‌တွေအပြည့်နဲ့‌ခေတ် PS1 တို့ PS2 တို့ခေတ်မှာ ကားသူခိုး...
20/07/2025

Metal Slug ဂိမ်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာများ

ဂိမ်းဆိုင်ယဉ်ကျေးမှု‌တွေအပြည့်နဲ့‌ခေတ် PS1 တို့ PS2 တို့ခေတ်မှာ ကားသူခိုးတို့ ရမ်ဘိုဂျပုတို့ဆိုတာ လူငယ်တိုင်းရဲ့အကြိုက်ဖြစ်ခဲ့ရတဲ့ဂိမ်းတွေပါ။

Metal Slug ရမ်ဘိုဂျပုဆိုတာနဲ့ one man army စစ်သားလေးတစ်ကောင် ရန်သူစစ်သားလေးတွေကိုပယ်ပယ်နယ်နယ်ပစ်နေတဲ့မြင်ကွင်းကိုမျက်စိထဲပြေးမြင်မိကြမှာအသေချာပဲဗျာ။

ဒါမှမဟုတ်လည်း Metal Slug ဂိမ်းရဲ့ Iconic အဖြစ်ဆုံး character selection icon တွေမှာပေါ်တဲ့မျက်နှာလေးတွေ ပြီးရင် ဘက်ပေါင်းစုံလှည့်ပြီးရှုထောင့်ပေါင်းစုံပစ်လို့ရတဲ့ Metal Slug ဆိုတဲ့တင့်ကားလေးတွေကိုပြေးမြင်မိကြမှာဘဲ။

ဒီဂိမ်းနဲ့ကျွန်တော်တို့တွေက အမှတ်တရကောင်းတွေတစ်သီကြီးရှိတယ်။အခုချိန် ဒီဂိမ်းကိုပြန်ဆော့ရင်လည်းပျော်ရွှင်ကျေနပ်မှုစိတ်လှုပ်ရှားမှုတွေအကုန်လုံးကို ပြန်ခံစားရတယ်။

ရမ်ဘိုဂျပုဂိမ်းက ဆော့ရတာစိတ်ဝင်စားဖို့ကောင်းသလို သူ့ဂိမ်းထဲမှာပါတဲ့ဇာတ်လမ်းအကြောင်းအရာတွေနဲ့ ဒီဂိမ်းကိုဖန်တီးဖို့လုပ်ခဲ့တာတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။
ဒီတော့ metal slug ဂိမ်းရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကို factလေးတွေလုပ်ပေးထားပါတယ်ခင်ဗျာ။

Metal Slug /ရမ်ဘိုဂျပုနဲ့ရောဘယ်လိုမျိုး အမှတ်တရတွေရှိခဲ့တယ်ဆိုတာပြောခဲ့ကြပါဦး။

✅Advertising ✅

ညီကိုတို့ဘယ်သွားသွားပေါ့ပေါ့ပါးပါးအထာကျကျနဲ့ ကိုယ်နဲ့အတူအမြဲမကွာဂိမ်းစက်လေးတွေကိုသယ်သွားချင်ကြလား။ကိုယ်ကRetroဂိမ်းတွေကိုအရမ်းကြိုက်တယ်ဒါကြောင့် portable ဖြစ်ပြီး price to performance ဖြစ်တဲ့ retro Handheld လေးတွေရှာနေတယ်ဆိုရင် Retro Monster Myanmarမှာ Retro လက်ကိုင်ဂိမ်းစက်မျိုးစုံကို ဈေးသက်သက်သာသာ မှန်မှန်ကန်ကန်နဲ့ရောင်းချနေတာမလို့ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားကိုလည်း အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်နေပါသေးတယ်။လက်ရှိ ကျွန်တော်တို့တင်ထားတဲ့ Classic PS2 gameတွေဆော့ဖို့ဂိမ်းစက်လေးတွေလည်းရှိသလို built in Platform တွေအများကြီးပါတဲ့ တခြား Retro Game စက်လေးတွေလည်းအများကြီးရှိတာမလို့ ကိုယ်ကြိုက်ရာရွေးချယ်နိုင်ပါတယ်ဗျို့။

Assassin's Creed Live Action Series လာတော့မည်။သိပ်မကြာခင်မှာဘဲ Ubisoft ရဲ့နာမည်ကြီး Franchise ဖြစ်တဲ့ Assassin's Creed F...
18/07/2025

Assassin's Creed Live Action Series လာတော့မည်။

သိပ်မကြာခင်မှာဘဲ Ubisoft ရဲ့နာမည်ကြီး Franchise ဖြစ်တဲ့ Assassin's Creed Franchise ကြီးကတော့ Netflix ကနေ Live-action series လာပါတော့မယ်။

2016တုန်းကလည်း Assassin's Creed Live-action ရုပ်ရှင်ထွက်ခဲ့ပါသေးတယ်။အဲ့တုန်းက‌တော့အခြေအနေလုံးဝမဟန်ခဲ့ပါဘူး။ဒီတစ်ခေါက်ကတော့စောင့်ကြည့်ရမှာပါဘဲ။

Showrunner တွေပြောကြားချက်အရ Assassin's Creed Seires ဟာ လူသားတွေရဲ့ connection, culture တွေကိုဦးစားပေးသွားမယ်လို့သိရတယ်။seriesလာမယ်ဆိုပြီးသတင်းထွက်နေတာငါးနှစ်လောက်ရှိပြီဆိုပေမယ့် အခုတစ်ခါမှာတော့ Showrunner တွေကိုပါအတည်ပြုလိုက်ပြီး သူတို့ရဲ့ official websiteမှာလည်း Netflix ကနေလာမယ်ဆိုတဲ့အကြောင်းပါကြေငြာလိုက်ပါပြီ။

Mortal Kombat II အတွက် Character Poster အသစ်များထွက်ရှိ 🔥
17/07/2025

Mortal Kombat II အတွက် Character Poster အသစ်များထွက်ရှိ 🔥

17/07/2025

Real Steel Universe နဲ့ Boxing Robot များရဲ့ သမိုင်းနောက်ခံ

Sequel ဘယ်တော့ လာမယ်မှန်း သေချာမသိပေမယ့် potential တွေ အများကြီးရှိခဲ့တဲ့ Real Steel Universe အကြောင်းနဲ့ ရုပ်ရှင်ထဲမှာ background story များများစားစား မရှိခဲ့တဲ့ boxing robot တွေအကြောင်းပဲဖြစ်ပါတယ်။



✅Advertising ✅

ညီကိုတို့ဘယ်သွားသွားပေါ့ပေါ့ပါးပါးအထာကျကျနဲ့ ကိုယ်နဲ့အတူအမြဲမကွာဂိမ်းစက်လေးတွေကိုသယ်သွားချင်ကြလား။ကိုယ်ကRetroဂိမ်းတွေကိုအရမ်းကြိုက်တယ်ဒါကြောင့် portable ဖြစ်ပြီး price to performance ဖြစ်တဲ့ retro Handheld လေးတွေရှာနေတယ်ဆိုရင် Retro Monster Myanmar မှာ Retro လက်ကိုင်ဂိမ်းစက်မျိုးစုံကို ဈေးသက်သက်သာသာ မှန်မှန်ကန်ကန်နဲ့ရောင်းချနေတာမလို့ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားကိုလည်း အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်နေပါသေးတယ်။လက်ရှိ ကျွန်တော်တို့တင်ထားတဲ့ Classic PS2 gameတွေဆော့ဖို့ဂိမ်းစက်လေးတွေလည်းရှိသလို built in Platform တွေအများကြီးပါတဲ့ တခြား Retro Game စက်လေးတွေလည်းအများကြီးရှိတာမလို့ ကိုယ်ကြိုက်ရာရွေးချယ်နိုင်ပါတယ်ဗျို့။

16/07/2025

အကောင်လေးကတော့ သေးတယ်။ ဒါပေမယ့် စွမ်းတယ်/ R36S review

R36S ဆိုတဲ့ retro handheld ဂိမ်းစက်လေးက လက်ရှိမှာဆိုရင် ပြည်တွင်းရော ပြည်ပရောမှာပါ ခေတ်စားနေတယ်။ Budget handheld ဂိမ်းစက်ကိုမှ ဒီဇိုင်းက pocket size လေးပါ။

ဈေးကလည်း၂သိန်းစွန်းစွန်းပမာဏလေးမှာပဲရှိတယ်။
ဒီvideo ကတော့ R36S က တကယ်ရော fair budget ဖြစ်ရဲ့လား။ ဘယ်သူတွေ ဝယ်သင့်လဲ။ ဒါတွေကို အကြံပေးဖို့ review video လေးပဲ ဖြစ်ပါတယ်။

R36S ဂိမ်းစက်လေးကို စိတ်ဝင်စားတယ်ဆိုရင် Retro Monster Myanmar official pageမှာ စုံစမ်းပြီးတော့ ဝယ်ယူနိုင်ပါတယ်။ R36S အပြင်ကိုမှ တခြား retro handheld ဂိမ်းစက်တွေ မျိုးစုံ size စုံ ရှိပါသေးတယ်။ လက်ရှိမှာ R36S ကို bundle promotion လည်း ရှိတာမလို့ စိတ်ဝင်စားတယ်ဆိုရင် Retro Monster Myanmar official page မှာ သွားရောက်စုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Address

Yangon

Alerts

Be the first to know and let us send you an email when Z E U S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z E U S:

Share