Brave Again:Story of Myanmar Women

Brave Again:Story of Myanmar Women A Listner,A Connector and A Believer of Second Chance. Youtube Channel : https://youtube.com/?si=eHQEVuOxIa8BrvDW

အောင်မြင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ“ကံကောင်းလို့” ဆိုတာထက် သူ့ဘဝကို ပြောင်းလဲပေးမယ့် ~ ရွေးချယ်မှု ~ တွေကို လုပ်ခဲ့တာကြော...
19/11/2025

အောင်မြင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ
“ကံကောင်းလို့” ဆိုတာထက် သူ့ဘဝကို ပြောင်းလဲပေးမယ့် ~ ရွေးချယ်မှု ~ တွေကို လုပ်ခဲ့တာကြောင့်ပါပဲ။

✨ အောင်မြင်သူတွေ လုပ်ခဲ့တဲ့ အရေးပါတဲ့ ရွေးချယ်မှုတွေဟာ များသောအားဖြင့်

💛 သူ့ကိုယ်သူ ဦးစားပေးခဲ့တဲ့ရွေးချယ်မှု
📚 အချိန်ဆွဲပြီး ပျင်းနေတဲ့ အချိန်မှာတောင် တိုးတက်ဖို့ကိုပဲ ရွေးချယ်မှု
💼 စိုးရိမ်‌နေတာကို ရည်မှန်းချက်နဲ့ အစားထိုးတတ်တာ
💗 လူကြိုက်များတာထက် ကိုယ့်စိတ်ငြိမ်ချမ်းရာကို ရွေးချယ်တာ
⏳ ယာယီဖိအားထက် ရေရှည်ပျော်ရွှင်မှုကို ရွေးချယ်တာ၊
🌱 ဘဝ၊ ယုံကြည်ချက်၊ အနာဂတ် ကို ပြန်လည်တည်ဆောက်ဖို့ ရွေးချယ်တာ၊ စသဖြင့် များစွာသော ရွေးချယ်ခြင်းတွေ ပါဝင်ပါတယ်။

𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 မှာတော့ ဒီလို ထက်မြက်စွာ အောင်မြင်မှုတွေ၊ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အကြောင်းကို 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐒𝐞𝐜𝐭𝐢𝐨𝐧 တွေနဲ့အတူ မျှဝေပေးလျက်ရှိပါတယ်။

သူတို့ဘယ်လိုတွေ ကျရှုံးခဲ့ရလဲ ?
ဘာကြောင့် ပြန်အောင်မြင်သွားနိုင်ခဲ့လဲ ?

💬 ဒီအကြောင်းတွေက သင့်အတွက်လည်း ကူညီပေးနိုင်တဲ့ လှေကားထစ်လေးတွေဖြစ်လိမ့်မယ်လို့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 က ယုံကြည်ပါတယ်။

ဒီလို အကူအညီရဖို့အတွက် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐒𝐞𝐜𝐭𝐢𝐨𝐧 𝐕𝐢𝐝𝐞𝐨 လေးတွေကို 𝐘𝐨𝐮𝐓𝐮𝐛𝐞 မှာ ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါပြီ။

https://youtube.com/?si=r-V4f9w-4pq8n-0k

~~ ×× ~

အမျိုးသမီးတွေကိုကူညီပေးနေတဲ့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့အကြောင်းကို အောက်ပါ 𝐋𝐢𝐧𝐤 လေးထဲမှာ လေ့လာကြည့်နိုင်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤.𝐜𝐨𝐦/𝐬𝐡𝐚𝐫𝐞/𝐩/𝟏𝟕𝟒𝐬𝐅𝐩𝐭𝟐𝐡𝐀/

💌 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

အားလုံးအတူတူ ကူညီအားပေးကြရင်း အသန်မာဆုံး ပြန်လည်ရှင်သန်ကြပါစို့ !! 💖

#𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠𝐒𝐭𝐨𝐫𝐢𝐞𝐬 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞
#မြန်မာအမျိုးသမီးများ #𝐌𝐞𝐧𝐭𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡𝐅𝐚𝐜𝐭𝐬 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧

🚀 ကိုယ့် 𝐂𝐚𝐫𝐞𝐞𝐫 မှာ အောင်မြင်ဖို့ 𝟐𝐦𝐢𝐧 𝐑𝐮𝐥𝐞 "အလုပ်များတဲ့ ကောင်မလေး" ကနေ "အောင်မြင်တဲ့ အမျိုးသမီး"ဖြစ်လာစေဖို့ ဒီလို အလေ...
17/11/2025

🚀 ကိုယ့် 𝐂𝐚𝐫𝐞𝐞𝐫 မှာ အောင်မြင်ဖို့ 𝟐𝐦𝐢𝐧 𝐑𝐮𝐥𝐞

"အလုပ်များတဲ့ ကောင်မလေး" ကနေ "အောင်မြင်တဲ့ အမျိုးသမီး"ဖြစ်လာစေဖို့ ဒီလို အလေ့အကျင့် သေးသေးလေးတွေက ကူညီပေးနိုင်ပါတယ်။

ကျွန်မတို့ဟာ အောင်မြင်မှုရဖို့အတွက် ကြီးမားတဲ့ အစီအစဉ်တွေ၊ အချိန်အကြာကြီး အလုပ်လုပ်ရတာတွေ၊ ကြီးမားတဲ့ စိတ်အားထက်သန်မှုတွေ လိုအပ်တယ်လို့ မကြာခဏ ထင်တတ်ကြတယ်။

ဒါပေမဲ့ အမှန်တရားကတော့
သင့်ရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 𝐒𝐮𝐜𝐜𝐞𝐬𝐬 ဟာ နေ့တိုင်း သင်လုပ်ဆောင်တဲ့ သေးငယ်တဲ့အရာတွေကနေ ကြီးထွားလာတာပါပဲ။

ဒီနေရာမှာ 𝟐 𝐦𝐢𝐧 𝐑𝐮𝐥𝐞 က ဘယ်လိုမျိုးလဲ ဆိုတော့ ..

✨ ၂ မိနစ်ထက် နည်းရင် ချက်ချင်းလုပ်လိုက်ပါ။

- အရေးပေါ်မေးလ်တစ်စောင်ကို ချက်ချင်းပြန်ပို့ခြင်း
- လုပ်ငန်းတစ်ခု အခြေအနေကို (𝐔𝐩𝐝𝐚𝐭𝐞) လုပ်ခြင်း
- စားပွဲပေါ်ကို ရှင်းလင်းသပ်ရပ်အောင် လုပ်ခြင်း
- မှတ်စုတိုလေး ရေးမှတ်ခြင်း
- အစည်းအဝေးအချိန်ဇယား ဆွဲခြင်း
- အသေးစား အလုပ်တစ်ခုကို အမှတ်ခြစ်ပြီး ပြီးမြောက်အောင် လုပ်ခြင်း

ဒီလို သေးငယ်တဲ့ လုပ်ဆောင်ချက်တွေဟာ ကြီးကြီးမားမား ဖြစ်တယ်လို့ မခံစားရပေမဲ့…
ဒါတွေဟာ သင့်ကို စနစ်ကျသူ၊ ယုံကြည်စိတ်ချရသူ၊ ကျွမ်းကျင်သူအဖြစ် ပေါ်လွင်စေမယ့် လှုပ်ရှားမှု စွမ်းအင် (𝐌𝐨𝐦𝐞𝐧𝐭𝐮𝐦) ကို တည်ဆောက်ပေးပါတယ်။

𝟐𝐦𝐢𝐧 𝐑𝐮𝐥𝐞 က ဘာလို့ အလုပ်ဖြစ်တာလဲ ဆိုရင်

▫️အချိန်ဆွဲခြင်းကို ရပ်တန့်ပေးတယ်။
▫️ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပေးတယ်။
▫️ စိတ်ရှုပ်ထွေးမှုတွေကို ရှင်းလင်းပေးတယ်။
▫️အချိန်ကိုအသုံးချတတ်သူဖြစ်စေတယ်။
▫️ စည်းကမ်းကို ဖန်တီးပေးတယ်။

ဒါက သင့် 𝐂𝐚𝐫𝐞𝐞𝐫 မှာ အမှန်တကယ်လိုအပ်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။

သေးငယ်တဲ့ လုပ်ဆောင်ချက်တွေကနေ → ကြီးမားတဲ့ အလုပ် → ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို ရနိုင်ပါတယ်။

အောင်မြင်တဲ့ အမျိုးသမီးတွေဟာ အရမ်းစိတ်ပါမှ လုပ်မယ်ဆိုပြီး စိတ်အားထက်သန်မှုကို စောင့်မနေကြပါဘူး။ အချိန်၂ မိနစ်ယူပြီးသာ ရှေ့ဆက်သွားကြပါတယ်နော်။

✨ ဒါဆို ဒီနေ့ပဲ စတင်လိုက်ပါ။ ဒီ 𝟐𝐦𝐢𝐧 𝐑𝐮𝐥𝐞 လေးကို သိလိုက်ရတဲ့ သင့်ကို သင့်ရဲ့ အနာဂတ်က သင်ကိုယ်တိုင်က ကျေးဇူးတင်ပါလိမ့်မယ်။

ဒီစာလေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင်
𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 ပြုလုပ်ခဲ့နိုင်ပါတယ်ရှင်။ 🫰✨

~~ ×× ~

အမျိုးသမီးတွေကိုကူညီပေးနေတဲ့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့အကြောင်းကို အောက်ပါ 𝐋𝐢𝐧𝐤 လေးထဲမှာ လေ့လာကြည့်နိုင်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤.𝐜𝐨𝐦/𝐬𝐡𝐚𝐫𝐞/𝐩/𝟏𝟕𝟒𝐬𝐅𝐩𝐭𝟐𝐡𝐀/

💌 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

အားလုံးအတူတူ ကူညီအားပေးကြရင်း အသန်မာဆုံး ပြန်လည်ရှင်သန်ကြပါစို့ !! 💖

#𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠𝐒𝐭𝐨𝐫𝐢𝐞𝐬 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞
#မြန်မာအမျိုးသမီးများ #𝐌𝐞𝐧𝐭𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡𝐅𝐚𝐜𝐭𝐬 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧

အောက်ပါအချက်တွေထဲမှာ ဘယ်အချက်ကသင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အားသာချက်ဖြစ်မလဲ။ ❣️(A) ကိုယ်ချင်း စာနာမှု(B) ခံနိုင်ရည်ရှိမှု(C)...
15/11/2025

အောက်ပါအချက်တွေထဲမှာ ဘယ်အချက်က
သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အားသာချက်ဖြစ်မလဲ။ ❣️

(A) ကိုယ်ချင်း စာနာမှု
(B) ခံနိုင်ရည်ရှိမှု
(C) စိတ်ရှည်သည်းခံမှု
(D) အကောင်းမြင်စိတ်

သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက်တွေကို တွေးကြည့်ပြီး 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 နဲ့အတူ မျှဝေကြည့်ကြပါစို့လားရှင်။

××

အမျိုးသမီးတွေကိုကူညီပေးနေတဲ့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့အကြောင်းကို အောက်ပါ 𝐋𝐢𝐧𝐤 လေးထဲမှာ လေ့လာကြည့်နိုင်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤.𝐜𝐨𝐦/𝐬𝐡𝐚𝐫𝐞/𝐩/𝟏𝟕𝟒𝐬𝐅𝐩𝐭𝟐𝐡𝐀/

💌 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

အားလုံးအတူတူ ကူညီအားပေးကြရင်း အသန်မာဆုံး ပြန်လည်ရှင်သန်ကြပါစို့ !! 💖

#𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠𝐒𝐭𝐨𝐫𝐢𝐞𝐬 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞
#မြန်မာအမျိုးသမီးများ

14/11/2025

Confidence ဆိုတာဘယ်ကလာတာလဲ

#𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #မြန်မာအမျိုးသမီးများ

12/11/2025

ယောင်္ကျား အတ္တ ဆိုတာရှိတယ် #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭

🇲🇲 မြန်မာအမျိုးသမီးများ အများဆုံးရွေးချယ်ထားကြသည့် ထိပ်တန်း အလုပ်အကိုင်လမ်းကြောင်း ၁၀ ခု 🌟 မြန်မာနိုင်ငံမှာနေတဲ့ မြန်မာအ...
12/11/2025

🇲🇲 မြန်မာအမျိုးသမီးများ အများဆုံးရွေးချယ်ထားကြသည့် ထိပ်တန်း အလုပ်အကိုင်လမ်းကြောင်း ၁၀ ခု 🌟

မြန်မာနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတွေ ဘယ်လို ဝင်ငွေရှာနေကြလဲ ? ဘာလုပ်ငန်းတွေ လုပ်နေကြပါသလဲ ? သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း 𝐜𝐚𝐫𝐞𝐞𝐫 အဖြစ် ဘယ်နယ်ပယ်တွေကို အများဆုံးရွေးချယ်ထားကြလဲ။

📃 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 က မျှဝေပေးသွားမဲ့ ဒီ 𝐥𝐢𝐬𝐭 လေးထဲမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေ ရွေးချယ်လေ့ရှိကြတဲ့ 𝐓𝐨𝐩 𝟏𝟎 𝐂𝐚𝐫𝐞𝐞𝐫𝐬 တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ကရော ဘယ် 𝐂𝐚𝐫𝐞𝐞𝐫 ကိုရွေးချယ်ထားပါသလဲရှင်။ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 နဲ့ မျှဝေခဲ့နိုင်ပါတယ်နော်။

ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

~~ ×× ~

အမျိုးသမီးတွေကိုကူညီပေးနေတဲ့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့အကြောင်းကို အောက်ပါ 𝐋𝐢𝐧𝐤 လေးထဲမှာ လေ့လာကြည့်နိုင်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤.𝐜𝐨𝐦/𝐬𝐡𝐚𝐫𝐞/𝐩/𝟏𝟕𝟒𝐬𝐅𝐩𝐭𝟐𝐡𝐀/

💌 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

အားလုံးအတူတူ ကူညီအားပေးကြရင်း အသန်မာဆုံး ပြန်လည်ရှင်သန်ကြပါစို့ !! 💖

#𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠𝐒𝐭𝐨𝐫𝐢𝐞𝐬 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞
#မြန်မာအမျိုးသမီးများ

11/11/2025

ရင်ထဲက အပူထပ် သမီးရဲ့ စိတ်အခြေနေကို ရှေ့ရှုပီး အားတင်းဖြတ်ကျော်ခဲ့တဲ့အခိုက်အတံ့ #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭

10/11/2025

Professional Blogger တစ်ယောက်ရဲ့ Responsibility ဆိုရင် #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #မြန်မာအမျိုးသမီးများ

🔥 မဖြစ်မနေကြည့်သင့်တဲ့ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 !  နောက်တစ်ဖန် ရဲရင့်ခြင်း (𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧) ရဲ့ အဓိပ္ပာယ်အစစ်အမှန် !! ဒီတစ်ပတ် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧...
10/11/2025

🔥 မဖြစ်မနေကြည့်သင့်တဲ့ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 !
နောက်တစ်ဖန် ရဲရင့်ခြင်း (𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧) ရဲ့ အဓိပ္ပာယ်အစစ်အမှန် !!

ဒီတစ်ပတ် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐒𝐞𝐜𝐭𝐢𝐨𝐧 မှာတော့ 𝐋𝐢𝐟𝐞 𝐒𝐭𝐲𝐥𝐞 𝐕𝐥𝐨𝐠𝐠𝐞𝐫 တစ်ဦးဖြစ်တဲ့ မမေရူပါထွန်း က သူ့ဘဝကို ထာဝရ ပြောင်းလဲသွားစေခဲ့တဲ့ အခိုက်အတန့်တွေအကြောင်း ရင်ဖွင့်ပြောပြထားပါတယ်။

မမျှော်လင့်ဘဲ ခင်ပွန်းသည်ကို ဆုံးရှုံးပြီးတဲ့နောက်၊ သူမဟာ ကိုယ့်အတွက်သာမက သမီးလေးအတွက်ပါ ဘဝကို အစကနေ ပြန်လည်တည်ဆောက်ခဲ့ရတာပါ။

နာကျင်မှုကနေ ခွန်အားဆီကို ဦးတည်ခဲ့တဲ့ သူမရဲ့ ခရီးလမ်းဟာ အမျိုးသမီးတိုင်းမှာ သူ့အကြောင်းနဲ့သူ၊ လူတွေ မသိနိုင်သေးတဲ့ ခွန်အားတွေ ရှိနေတယ်ဆိုတာကို သတိရစေမှာပါပဲ။

ဒီ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐒𝐞𝐜𝐭𝐢𝐨𝐧 လေး ထဲမှာဆိုရင် ...

▪️ သူမတစ်ယောက်တည်း ကြီးလေးတဲ့ တာဝန်တွေကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ။ ကြောက်ရွံ့မှုကို ကျော်လွှားပြီး သမီးလေးအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အခိုက်အတန့်တွေ အကြောင်း၊

▪️ လွတ်လပ်မှုဆီကို ပြန်သွားခဲ့တဲ့ သူမရဲ့ ပထမဆုံးခြေလှမ်း။ ပထမဆုံး ကားမောင်းသင်ခြင်းကနေစပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့တဲ့ စိန်ခေါ်မှုတွေ၊

▪️ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိခြင်းရဲ့ အမှန်တရား။ 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭 ဟာ အလှအပကနေ မလာပါဘူး။ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ်ပိုင်ဝင်ငွေ ဖန်တီးနိုင်စွမ်းကနေ လာတဲ့အကြောင်း၊

▪️ 𝐎𝐧𝐥𝐢𝐧𝐞 ပေါ်က အမုန်းစကားတွေကို တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းပုံ။

▪️ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 မှတဆင့် အမျိုးသမီးအားလုံးအတွက် သတင်းစကား စတဲ့ စိတ်ဓာတ်ခွန်အားဖြစ်စရာ အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။

💖 ဒါကြောင့် သင်က ယုံကြည်မှုတွေကို ပြန်တည်ဆောက်နေရရင်၊ စိန်ခေါ်မှုတွေကို ကျော်လွှားနေရရင် ဒါမှမဟုတ် ကိုယ့်ဘဝကို ကိုယ်တိုင် တောက်ပဖို့ ကြိုးစားနေတယ်ဆိုရင် ဒီ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 လေးက သင့်အတွက်ပါပဲ။

➡️ 𝐘𝐨𝐮𝐓𝐮𝐛𝐞 မှာ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 အပြည့်အစုံကို ကြည့်ရှုနိုင်ပါပြီ။
http://www.youtube.com/watch?v=0PoEttnQM08

~~ ×× ~

အမျိုးသမီးတွေကိုကူညီပေးနေတဲ့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့အကြောင်းကို အောက်ပါ 𝐋𝐢𝐧𝐤 လေးထဲမှာ လေ့လာကြည့်နိုင်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤.𝐜𝐨𝐦/𝐬𝐡𝐚𝐫𝐞/𝐩/𝟏𝟕𝟒𝐬𝐅𝐩𝐭𝟐𝐡𝐀/

💌 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

အားလုံးအတူတူ ကူညီအားပေးကြရင်း အသန်မာဆုံး ပြန်လည်ရှင်သန်ကြပါစို့ !! 💖

#𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠𝐒𝐭𝐨𝐫𝐢𝐞𝐬 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞
#မြန်မာအမျိုးသမီးများ

09/11/2025

အမှိုက်သည် အမှိုက်နေရာမှာပဲ ထားရမယ် #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞

အချိန်ဆွဲခြင်းကို ပျောက်စေဖို့ ရိုးရှင်းတဲ့နည်းလမ်း  - "𝟒𝟖 𝐡𝐨𝐮𝐫 𝐑𝐮𝐥𝐞 "  🕜အလုပ်တစ်ခုကို မစချင်တဲ့စိတ်၊ အချိန်ဆွဲပြီး ပျင်...
05/11/2025

အချိန်ဆွဲခြင်းကို ပျောက်စေဖို့ ရိုးရှင်းတဲ့နည်းလမ်း
- "𝟒𝟖 𝐡𝐨𝐮𝐫 𝐑𝐮𝐥𝐞 " 🕜

အလုပ်တစ်ခုကို မစချင်တဲ့စိတ်၊ အချိန်ဆွဲပြီး ပျင်းရိတဲ့စိတ်ဟာ ကျွန်မတို့ အားလုံးနဲ့ ရင်းနှီးပါတယ်။

ဒီလို အခြေအနေမျိုးမှာ 𝟒𝟖-𝐇𝐨𝐮𝐫 𝐑𝐮𝐥𝐞 ဆိုတဲ့ နည်းလမ်းလေးက အချိန်ဆွဲတတ်တဲ့ ကျွန်မတို့ အားလုံးအတွက် လုံးဝကို အသုံးဝင်စေမှာပါနော်။

‼️ "𝟒𝟖 နာရီ စည်းမျဉ်း" ဆိုတာဘာလဲ?

ဒီစည်းမျဉ်းရဲ့ သဘောတရားက အရမ်းရိုးရှင်းပါတယ်။

"သင် လုပ်ရမယ့် အလုပ်တစ်ခုကို စဉ်းစားမိတဲ့အချိန် ( ဒါမှမဟုတ် ) သင့်အတွက် အလုပ်တစ်ခုက အရေးကြီးတယ်လို့ ခံစားရတဲ့အခါ စိတ်ကူးပေါက်ချိန်ကနေ ၄၈ နာရီအတွင်း အကောင်အထည်ဖော်မှု စတင်ရပါမယ်။"

တစ်နည်းပြောရရင်၊ စိတ်ထဲမှာ "ဟင်... ဒါလုပ်သင့်တယ်" ဆိုတဲ့ အတွေးပေါ်လာပြီဆိုတာနဲ့ ၂ ရက်အတွင်း လက်တွေ့ စလုပ်ဖို့ ဆုံးဖြတ်ထားခြင်းပါပဲ။

ဒီလို လုပ်ခြင်းက အချိန်ဆွဲခြင်း၊ အပျင်းထူခြင်းအတွက် ဘာလို့ အောင်မြင်နိုင်တာလဲ ?

✔️ အချိန်ဆွဲခြင်းဟာ နေ့တွေ၊ ရက်သတ္တပတ်တွေကြာလာတဲ့အခါ ပိုကြီးမားလာတတ်ပါတယ်။ ၄၈ နာရီဆိုတဲ့ အချိန်ကာလဟာ အခုချက်ချင်းကြီးလည်းမဟုတ်၊ အရမ်းလည်း မကြာသွားသေးတဲ့ ကာလဖြစ်တာကြောင့် အချိန်ဆွဲချင်တဲ့စိတ်ကို ရုတ်တရက်ချက်ချင်းထလုပ်ဖို့ ဖိအားမ‌ပေးဘဲ ခဏ အချိန်ယူပြီးလုပ်နိုင်တဲ့အပြင် အရမ်းမကြာသွားသေးတဲ့ စိတ်ကူးသစ်လွင်‌နေဆဲအချိန်မှာ လုပ်နိုင်လို့ပါပဲ။

✔️ နှစ်ကြိမ်၊ သုံးကြိမ် ပုံမှန်လုပ်တဲ့အခါအလေ့အကျင့်ရသွားပြီး အချိန်ဆွဲတတ်တဲ့အကျင့်ဟာလည်း သိသိသာသာတိုးတက်ပြောင်းလဲလာပါလိမ့်မယ်။

ဒါဆိုအချိန်ဆွဲတတ်တဲ့သူတွေအတွက် ဒီနည်းလမ်းလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော်။ သဘောကျနှစ်သက်တယ်ဆိုရင် 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 ပြုလုပ်ခဲ့နိုင်ပါတယ်ရှင်။ 🫰✨

~~ ×× ~

အမျိုးသမီးတွေကိုကူညီပေးနေတဲ့ 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့အကြောင်းကို အောက်ပါ 𝐋𝐢𝐧𝐤 လေးထဲမှာ လေ့လာကြည့်နိုင်ပါတယ်။

𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤.𝐜𝐨𝐦/𝐬𝐡𝐚𝐫𝐞/𝐩/𝟏𝟕𝟒𝐬𝐅𝐩𝐭𝟐𝐡𝐀/

💌 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် 𝐁𝐫𝐚𝐯𝐞 𝐀𝐠𝐚𝐢𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။

အားလုံးအတူတူ ကူညီအားပေးကြရင်း အသန်မာဆုံး ပြန်လည်ရှင်သန်ကြပါစို့ !! 💖

#𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧 #𝐖𝐨𝐦𝐞𝐧𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐖𝐨𝐦𝐞𝐧 #𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠𝐒𝐭𝐨𝐫𝐢𝐞𝐬 #𝐑𝐞𝐛𝐮𝐢𝐥𝐝𝐀𝐧𝐝𝐑𝐢𝐬𝐞
#မြန်မာအမျိုးသမီးများ #𝐌𝐞𝐧𝐭𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡𝐅𝐚𝐜𝐭𝐬 #𝐁𝐫𝐚𝐯𝐞𝐀𝐠𝐚𝐢𝐧

အမျိုးသမီးတွေက ပတ်ဝန်းကျင်ကနေ ဘယ်လိုစကားသံတွေကို အမြဲကြားရလေ့ရှိလဲ ?? ပုံမှန်ကြားနေကျ ဆိုးရွားတဲ့စကားတွေကို ကိုယ်တိုင်လည...
03/11/2025

အမျိုးသမီးတွေက ပတ်ဝန်းကျင်ကနေ ဘယ်လိုစကားသံတွေကို အမြဲကြားရလေ့ရှိလဲ ??

ပုံမှန်ကြားနေကျ ဆိုးရွားတဲ့စကားတွေကို ကိုယ်တိုင်လည်း ပုံမှန်ပြောထွက်သွားတာမျိုးမဖြစ်အောင်၊ အမျိုးသမီးအချင်းချင်း နာကျင်အောင် ပြောဆိုမိတာမျိုးလည်း မဖြစ်‌စေဖို့ ဒီလို အစားထိုးကြပါစို့နော်။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Brave Again:Story of Myanmar Women posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share