AT၏Retrospection

Directions

AT၏Retrospection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AT၏Retrospection, Digital creator, 56, Kyaukmyaung Street, Tamway Township, Yangon.

Aungthu Ya (former president of the Seafarers Union of Burma [SUB]), based in Bangkok, Thailand (1992-2014) to render the most necessary and available assistance to then Burmese seafarers and their families, as well as Burmese migrant fishery workers.

ပြီးခဲ့တဲ့ ပို့စ်က မြန်မာလို အက်ဆေးရဲ့ မူရင်း The Global New Light of Myanmar မှ  ရေးတဲ့ I Say What I See: Spare Life on...
27/04/2026

ပြီးခဲ့တဲ့ ပို့စ်က မြန်မာလို အက်ဆေးရဲ့ မူရင်း The Global New Light of Myanmar မှ ရေးတဲ့ I Say What I See: Spare Life on the Streets? ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မင်္ဂလာကြီးပါ ခင်ဗျား။

Aungthu Ya
မင်္ဂလာကြီး အင်္ဂလိပ်စာ အသိုင်းအ၀ိုင်း Mingalar Jii English Club

-----


Every day, I watch some people cross the roads in Yangon with what seems like absolute confidence – or maybe indifference. They step onto the street as if vehicles don’t exist, eyes locked forward, never glancing at the cars rushing past. They don’t slow down, don’t hesitate. It’s as if the road belongs only to them.
But then, I see the drivers – equally absorbed, equally unconcerned. They press forward, barely noticing the scattered pedestrians ahead. Horns blare, engines roar, yet no one pauses to think: What if I were on the other side?

A friend of mine once put it simply: “People walking don’t think about the ones driving. And those behind the wheel don’t imagine being the ones walking. It’s like they all believe they have spare lives, ready to use if anything goes wrong.”
A spare life – what a curious idea. As if our bodies and our minds come with backup copies as if recklessness has no cost. Yet, I see the cost everywhere: the sudden screech of brakes, the helpless flailing of arms before impact, and the lifeless stillness that follows.
Myanmar’s roads are unforgiving, not just because of their narrow pavements or endless traffic but also because discipline is absent. We walk where we shouldn’t. We drive without caution. We gamble with life, assuming luck will always side with us.
I know because I’ve felt the weight of that moment myself. One evening, while driving with caution, I encountered a delivery boy on a bicycle speeding towards me from the wrong direction. His movement was reckless – wrong lane, no warning, no hesitation. We neared a bump, and in a split second, my instincts took over. I slammed the brakes hard enough to avoid impact. A few inches closer, and that encounter could have been disastrous.
But that wasn’t a skill. It wasn’t some supernatural reflex. It was just luck – and luck isn’t something we can depend on forever.
That moment reminded me that we don’t just control our own lives on the road – we also influence others’ lives. My decision to slam on the brakes saved the delivery boy, but what if I hadn’t seen him in time? What if his fate depended on another driver – one who was distracted, impatient, or careless?
Discipline is what we must rely on – not luck. A pedestrian must pause and think before stepping onto the street. A driver must respect the unpredictability of traffic and the responsibility that comes with being behind the wheel. Each person plays a role. Each action carries weight.
Discipline, especially in traffic for both drivers and pedestrians, is crucial. Every traffic situation demands consistent adherence to rules to maintain safety and order on the streets. Discipline is the foundation of rules and regulations. We should value discipline itself rather than enforcing it on others.
Maybe it’s time we stopped thinking we have a spare life waiting for us. Because in Myanmar’s chaotic traffic, we only ever get one.

The Global New Light of Myanmar မှ  ရေးသားသည့် အက်ဆေး ကို မြန်မာလို ပြန်ရေးပေးလိုက်ပါတယ်...မင်္ဂလာကြီးပါ ခင်ဗျား။ Aungth...
27/04/2026

The Global New Light of Myanmar မှ ရေးသားသည့် အက်ဆေး ကို မြန်မာလို ပြန်ရေးပေးလိုက်ပါတယ်...

မင်္ဂလာကြီးပါ ခင်ဗျား။

Aungthu Ya
မင်္ဂလာကြီး အင်္ဂလိပ်စာ အသိုင်းအ၀ိုင်း Mingalar Jii English Club

မှတ်ချက်။ ။ မူရင်း အက်ဆေး အင်္ဂလိပ် လိုကနေ မြန်မာသို့ ဆီလျော်အောင် ပြန်ရေးထားခြင်း ဖြစ်ပါတယ်။
-----

I Say What I See: Spare Life on the Streets?

နေ့စဥ် နဲ့ အမျှ ကျနော် မြင်ရတွေ့ရ တာကတော့ လမ်းဖြတ်ကူးကြတဲ့သူတွေထဲက တချို့ ဟာ သူတို့ကိုယ် သူတို့ ဟိတ်ဟန်ပန် အပြည့်နဲ့ လို့ ဆိုရမလား၊ တကယ့် ပကတိ လောက ကိုပဲ ကျောခိုင်း ဥပေက္ခာပြုလူသား တွေလို့ ဘဲ ဆိုရမလား။ အကြောက်အလန့်မရှိ လမ်း ဖြတ်ကူးနေကြပုံ ပြောပါတယ်။ သူတို့ ခြေချလိုက်တဲ့ လမ်းတွေ ပေါ်မှာ သူတို့လို ပဲ လမ်း အသုံးပြုနေကြတဲ့ တခြားကားတွေ မရှိဘိ အလား ထင်မြင်နေကြသလိုပါပဲ။ သူတို့လိုရာ ရောက်ဖို့သာ ရှေ့ရှုနေကြပြီး ဘေးဘီက ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေ ကို ဂရု စိုက်ကြပုံ မပေါ်ပါဘူး။ လုံးဝ (လုံးဝ) တုံ့ဆိုင်းခြင်း နှောင့်နှေးခြင်း တွေ အလျင်းမရှိကြဘဲ ကိုယ်ရောက်လိုရာ ရှေ့သို့ ကိုပဲ ရည်ရွယ်ဦးတည်နေကြသလို ပါ။ လမ်းမကြီး တခုလုံး သူ တို့ အပိုင်ကြနေတာပါပဲ ခင်ဗျား။
ဒါတင်ပဲလား၊ မဟုတ်ပါပေ။ ကားမောင်းဆရာတွေ ကြည့်မလား။ အတူတူပဲ။ သူတို့မှ သူ တို့၊ တခြားသူတွေကို ဖုတ်လေတဲ့ ငပိ ရှိတယ်လိုဖြင့် မထင်။ သူတို့ ရှေ့ခရီး ရောက်ဖို့သာ သူတို့ အားစိုက်ထားကြသလား အောက်မေ့ရတာပဲ။ သူတို့မောင်းနေတဲ့ ကားတွ ရှေ့ မှာ၊ နောက်မှာ၊ ဘေးဘီမှာ လမ်းသွားလမ်းလာတွေဆိုတာ မရှိလေရော့သလား ထင်မှတ်မှား နေကြသလို ပါပဲဗျာ။ ဟွန်းသံ တညံညံ၊ ကားအင်ဂျင်သံ တဗြင်းဗြင်း နဲ့ ထင်တိုင်း ကြဲနေ ကြတာများ ‘ငါတို့သည်လည်း တချိန်ချိန် လမ်းအသုံးပြုသူတွေ လမ်းသွားလမ်းလာတွေ တနည်းတဖုံ မဟုတ်ပေဘူးလား ဆိုတဲ့ အတွေးမျိုး တွေးထင်ဖို့ ဝေးဆွ ဆိုသလိုမျိုး ပေါ့။
ကျနော့်ငယ်ချင်းတယောက်ပြောထားတာလေး ဒီနေရာမှာရေးပြချင်မိတယ်ဗျာ။ “လမ်း လျှောက်သူတွေကလည်း ကားတွေယာဥ်တွေမောင်းနေကြသူတွေကို ရှိနေတယ် လို့ မ ထင်၊ စတီရာရင် နောက်ကွယ်က ကားမောင်းသူတွေ ကြပြန်တော့ လမ်းအသုံးပြု နေကြ တဲ့ လမ်းလျှောက်နေကြသူတွေကို အမှတ်မထား၊ အလေးမထား ကြပြန်ပါဘူး။ ဘာနဲ့ တူနေသလဲ ဆိုတော့ကာ တခုခုဖြစ်လို့ကတော့ အရန်သင့် ပြန်သုံးနိုင်မယ့် အပိုဆောင်း အသက်တွေများ အပိုပါလာကြသလား အောက်မေ့ရတာပါပဲ။”
အပိုဆောင်းပါလာတဲ့ အသက် ဆိုလို့ တကယ်ကြီး အံ့သြဘ အတွေး၊ ယူဆချက် လို့ ဆို ရမလိုပင်။ သူတို့ရဲ့ ခန္တာကိုယ်စိတ် နှစ်ပါးစလုံးကို မိတ္တူကူးထားတဲ့ အရန်သင့် ကိုယ်စိတ် နှစ်ပါး တစုံဆီ အပိုပါလာကြလေရော့ သလား။ မဆင်မခြင် အရမ်းကာရော လုပ်ခြင်း က တန်ဖိုး (ကြီးကြီးမားမား) ပြန်ပေးဆပ်ရမယ် ဆိုတာ မသိမေ့လျော့နေကြတာပါ တကား။ အဲ့ဒီလို ပြန်ပေးဆပ်လိုက်ရတာကို နေရာတကာ မှာ တွေ့နေမြင်နေ ကြရတာပဲ မဟုတ်ပါ လား။ ရုတ်တရက် ကျွိ... ကနဲဆိုပြီး ကားဘရိတ်အုပ်သံရှည်ကြီး ရဲ့ နောက်ကွယ်မှာ ခြေမ ကိုင်မိလက်မကိုင်မိ ဆန့်ဆန့်ကြီးငြိမ်သက်လဲလျောင်းနေတဲ့ အသက်ဝိဉာဏ်မဲ့ ခန္တာကိုယ် အလောင်းတွေ နည်းမှ မနည်းဘဲ လေ၊ မဟုတ်ပေဘူးလား ခင်ဗျာ့။
မြန်မာပြည် ရဲ့ လမ်းတွေကလည်း ပြောလည်း ပြောချင်စရာ၊ လမ်းလျှောက်လူတွေ အ တွက် ပလက်ဖောင်း က ခပ်ကျဥ်းကျဥ်း ရယ်၊ ပြီးတော့ ကားတန်းကြီးကလည်း မပြတ် နဲ့ စည်းကမ်းကလည်း မရှိကြနဲ့ ဆိုတော့ အဲဒီမှာ တွေ့ကြရပြီပေါ့။ လမ်းလျှောက်ကြသူများ ကလည်း ဖြစ်သလို လမ်းလျှောက်ကြလေရဲ့။ ကားမောင်းဆရာတွေကြပြန်တော့လည်း မဆင်မခြင် မောင်းကြပြန်ပါတယ်။ တန်ဖိုးရှိလှတဲ့ အသက်ဝိဉာဏ်တွေကို လောင်းကြေး ထပ်ထားကြရသလိုမျိုး၊ကြမ္မာဆိုးမကျရောက်ဘဲအမြဲဆုတောင်းပြည့်နေရမယ့်အပေါက် ပါပဲ ခင်ဗျား။
သိနေတယ်လေ၊ ကိုယ်ကိုတိုင် အတွေ့အကြုံကောင်း၊ သင်ခန်းစာကောင်း တခုကို ကြုံ တွေ့ခဲ့ရဖူးလို့လေ။ တညနေခင်း ကားကို ဂရုတစိုက် မောင်းလာနေရင်းက အွန်လိုင်း မှာ ယူပစ္စည်းတွေ အိမ်အရောက်လိုက်ပို့ပေးနေတဲ့ စက်ဘီးသမားကလေး တဦး က ကျနော့ ကားရဲ့ ဆန့်ကျင်ဘက် လားရာကနေ ဘွားကနဲ ပေါ်လာတော့တာ၊ ဘာပြောကောင်းမလဲ ဗျာ၊ သူက လမ်းအမှားကြီး၊ ဘာအချက်ပေးမှလဲ မလုပ်ဘဲ တစွတ်ထိုးကြီး ကို ကားရှေ့ ရောက်လာတာ။ တိုက်ကြတော့မယ့် ဆဲဆဲ သီသီကလေး အလို ကျနော့ အသိစိတ် က အရင် လွှမ်းမိုးသွားလို့ပေါ့။ ဘရိတ်ကို အားကုန်နင်းပြီး သကာလ တိုက်မိမယ့် အန္တရာယ် က လွတ်မြောက်ခဲ့ကြတယ် ဆိုရမှာပေါ့။ ပေ မပြောနဲ့ လက်မအနည်းငယ်ကလေး စွန်း ရင်ကိုပဲ နှစ်ယောက်သား အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီးပြီ လို့သာ မှတ်ရမယ်။
ဒါကို ကျွမ်းကျင်မှု တခုလို့မဆိုလို နိုင်သလို၊ သဘာဝလွန် အလိုအလျောက် တုံ့ပြန်နိုင်မှု တခု လည်း မမည်ပါဘူး။ နှစ်ဦးသား ကံကောင်းသွားကြတာ သက်သက်ပါပဲ။ အဲ့ဒီလိုမျိုး ကံ ဆိုတာကလည်း အမြဲတမ်းတော့ကောင်းနိုင်ရှာမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်ဟုတ်။
အဲ့ဒီ အခိုက်အတန့် ကလေးက ကျနော့် ကို အမြဲသတိတရား ပေးနေတာကတော့ ကျနော် တို့တတွေ လမ်းမတွေအပေါ်မှာ ကိုယ့်အသက်ဝိဉာဏ်တွေကို ကိုယ်ကိုတိုင် ထိန်းသိမ်း စောင့်ရှောက်ကြရမှာ ဖြစ်သလို တပါးသူတွေရဲ့ အသက်ဝိဉာဏ်တွေကိုလည်း ကိုယ့် ကြောင့် တခုခု မထိခိုက်မိကြဖို့ လိုတယ် ဆိုတာပါပဲ။ ကျနော့်ရဲ့ ကားကို အချိန်မီလေး ဘ ရိတ်အုပ်နိုင်စေဖို့ ဆုံးဖြတ်ချက်ကောင်းပေါ်လာပေလို့ပေါ့၊ နို့မို့ဆိုရင် သူ လမ်းအမှားက လာနေတာကို ကျနော်က အချိန်မီမမြင်မိခဲ့ရင်ကော ဘာတွေဖြစ်ကြမလဲ။ အကယ်၍များ တခြား ကားမောင်းဆရာတယောက် ဆိုကြပါစို့ရဲ့ ကားမောင်းနေတဲ့ အပေါ် အာရုံမစိုက် ထားတဲ့ ကားဆရာ၊ စိတ်မရှည်တဲ့ ကားဆရာ၊ ဂရုတစိုက် မမောင်းတဲ့ ကားဆရာ မျိုး နဲ့ ကြုံမယ်ဆိုရင်ကော၊ သူတို့ကံကြမ္မာ က ဘယ်လိုဖြစ်သွားနိုင်မလဲ။
ဒီနေရာမှာ စည်းကမ်းရှိခြင်း ကတော့ အခရာ ပါပဲ၊ အားကိုးစရာပါ၊ ကံကောင်းခြင်း မ ကောင်းခြင်း က အဓိက မကျပါဘူး။ လမ်းအသုံးပြုသူ လမ်းလျှောက်သူတွေ အနေနဲ့ လမ်းမ ပေါ်ရောက် လမ်းဖြတ်မကူးခင် ခဏရပ်စဥ်းစားသင့်တာ အမှန်ပါ။ ကားမောင်း ဆရာတွေ အနေနဲ့လည်း ကြိုတင်ခန်းမှန်းရခက်တဲ့ လမ်းအန္တရာယ်တွေကို အလေးထား ရမှာ ဖြစ်သလို စတီရာရင်ဝှီး ကိုင်တွယ်မောင်းနှင်နေရာမှာလည်း တာဝန်ရှိရှိ တာဝန်သိ သိ ကိုင်တွယ် မောင်းနှင်ဖို့ လိုအပ်ပါတယ်။ တဦးချင်းဆီ (အရေးပါတဲ့) အခန်းကဏ္ဍ မှာ ပါဝင်ကြသလို၊ တဦးချင်းဆီတိုင်းရဲ့ ပြုမှု‌ဆောင်ရွက်ချက်တိုင်း ဟာ ဘယ်လောက်ထိ တာသွားတယ် ဆိုတာ သိထားသင့်တဲ့အရာပါ။
စည်းကမ်း လိုက်နာခြင်း ဟာ အရေးပါ ပါတယ်။ အထူးသဖြင့် လမ်းအသုံးပြုကြသူ ကား ဆရာများရော၊ လမ်းလျှောက်ကြသူများရော နှစ်ဦး နှစ်ဖက် စလုံး အတွက် အရေးပါ တာ ပါ။ လမ်းတွေအပေါ်မှာ ဘေးကင်းလုံခြုံရေး နဲ့ စနစ်တကျဖြစ်စေရေး အတွက် ထုတ်ပြန် ထားရှိတဲ့ စည်းကမ်းတွေကို မမှိတ်မသုံ လိုက်နာကျင့်သုံးခြင်း သည်သာ လမ်းအန္တရာယ် ကင်းရှင်းမှုတိုင်းအတွက် သော့ချက်ပါပဲ။ တကိုယ်ရည် စည်းစနစ်ကျ နေထိုင်ပြုမှုဆောင် ရွက်ခြင်းဟာ ထုတ်ပြန်ထားတဲ့ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာကျင့်သုံးနိုင်ရေး အ တွက် အခြေခံအုတ်မြစ်ပါပဲ။ တပါးသူတွေစည်းစနစ်တကျနေထိုင်ကျင့်သုံးဖို့အရေးထက်
မိမိတို့ကိုယ်တိုင် စည်းကမ်း ဆိုတာကို တန်ဖိုးထားလေးစားလိုက်နာကျင့်သုံးကြဖို့လိုတာ ပါ။
အသက်အပို ပါခြင်း မပါခြင်း ဆိုတာကို ထိုင်စောင့် စဥ်းစားနေဖို့ အချိန်မဟုတ်ပါဘူး။ ဒီ နေရာမှာ ပြောချင်တာက ဒီလောက် လမ်းအန္တရာယ်တွေ ရောပြွမ်းပြီး စည်းကမ်းမလိုက် နာကြတဲ့ မြန်ပြည်ကြီးသားတွေ တဦးချင်း ဆီမယ် ဘဝ တခု အသက် တခု ဆီပဲ ရှိကြလို့ ပါပဲ ခင်ဗျား။

ပြီးခဲ့တဲ့ ပို့စ် က မူရင်းအင်္ဂလိပ် အက်ဆေး ပါ ခင်ဗျား။ မင်္ဂလာကြီးပါ ခင်ဗျား။ မင်္ဂလာကြီး အင်္ဂလိပ်စာ အသိုင်းအ၀ိုင်း Mingala...
27/04/2026

ပြီးခဲ့တဲ့ ပို့စ် က မူရင်းအင်္ဂလိပ် အက်ဆေး ပါ ခင်ဗျား။
မင်္ဂလာကြီးပါ ခင်ဗျား။

မင်္ဂလာကြီး အင်္ဂလိပ်စာ အသိုင်းအ၀ိုင်း Mingalar Jii English Club
Aungthu Ya

-----


By

The bond between parents and children is one of extraordinary love and sacrifice, exemplifying the benefactor-beneficiary relationship in its purest form. I was born on 14 April 1963 into a loving family that became the foundation of my life. My parents, both humble government servants, were my first and most significant benefactors, dedicating themselves to supporting me in every possible way. Despite our limited financial means, they provided not only the essentials – such as education and nourishment – but also a childhood rich in joy and togetherness. From playing traditional Burmese games like spinning tops and hide-and-seek with my siblings to engaging in lively football matches with friends in the community lanes, my early years were filled with happiness and cherished memories. Their unyielding support, both physical and emotional, became the cornerstone of my upbringing, teaching me the values of resilience, gratitude, and love.
The unwavering love and selflessness of parents reveal themselves most profoundly in times of adversity. In the aftermath of the powerful earthquake that shook our nation, heartbreaking yet extraordinary stories emerged – parents sacrificing their lives to protect their children. A mother was found cradling her child in her final moments, her embrace shielding the little one even as she succumbed. A father, too, was discovered shielding his children beneath the debris, covering them from the crushing weight of fallen walls. These poignant acts of sacrifice exemplify a love so boundless that it transcends fear and mortality, showcasing the profound role of parents as benefactors. They are not merely providers of physical and emotional support but guardians of life itself, embodying the ultimate expression of loving-kindness. Such stories serve as a stark reminder of the invaluable contributions and sacrifices parents make daily, often quietly, and their immeasurable impact on the lives they nurture.
In conclusion, I feel truly fortunate to still have my mother with me in her 80s, approaching 90. I dedicate my utmost efforts to supporting her as she navigates her years as a pensioner, grateful for the chance to give back to the benefactor who has been a cornerstone of my life. However, my joy is bittersweet. My father, my first and most cherished benefactor, has already passed away, leaving me without the opportunity to repay the gratitude I deeply owe him for all he did during my childhood. His absence is a poignant reminder of the fleeting nature of time and the importance of showing appreciation while we can.
It is a lesson for all of us: to prioritize and emphasize our efforts to support our parents by every possible means available to us, however small or challenging they may be. Their Metta – the boundless loving-kindness they give – is far greater than we often realize. Let us honour and cherish them for the immeasurable impact they have on our lives.
Don’t hesitate to show your gratitude to your original benefactors by turning them into beneficiaries – they truly deserve it, my dear readers! If they are still alive, consider yourself fortunate to have the chance to give back. Let’s make every effort, even your greatest, for they are undoubtedly worth it.

27/04/2026

The Global New Light of Myanmar မှ ရေးသားသည့် မူရင်း I Say What I See: The Bond of Loving Benefactors and Beneficiaries အက်ဆေး ကို ဗမာလို ရေးသားတင်ပြလိုက်ပါ တယ် ခင်ဗျား။
မင်္ဂလာကြီးပါ ခင်ဗျား။

Aungthu Ya
မင်္ဂလာကြီး အင်္ဂလိပ်စာ အသိုင်းအ၀ိုင်း Mingalar Jii English Club

မှတ်ချက်။ ။ မူရင်း ဗမာလို မဟုတ်ဘဲ English မှ Burmese သို့ ပြန်လည် ရေးသားထားခြင်း ဖြစ်ပါတယ် ခင်ဗျား။
-----

ချစ်ခြင်းမေတ္တာ ‌နှောင်ကြိုးသွယ် မိဘ နဲ့ သားသမီးတို့ အကြားဝယ်

မိဘ နဲ့ သားသမီး တွေကြားက တုတ်နှောင်မှု သို့တည်းမဟုတ် ချည်နှောင်ဖွဲ့မှု ဆိုတာ ကို အဓိပ္ပါယ် ဖွင့်တဲ့ နေရာမယ် ထူးခြားကြီးမြတ်တဲ့ ချစ်ခြင်း ဆိုတာ တခုရှိမယ်၊ ဒီနေရာမှာ အထူးသဖြင့် မိဘတွေ ဆီက လာတဲ့ အေးမြသော မေတ္တာ လို့ဆိုရင် ပိုမှန်ပါတယ်။ အဲ့ဒီ ချစ်ခြင်းမေတ္တာ နဲ့ အတိုင်းထက်အလွန် ဖြစ်တဲ့ ပေးဆပ်ခြင်း သို့တည်းမဟုတ် အနစ်နာခံ ခြင်း စတာတွေ ပေါင်းစပ်ထုဆစ်ပြီးမှ ပေါ်ထွက်လာတဲ့ အရာတခု လို့ ဆိုနိုင်မှာပါ။
ကျနော့်ဘဝအစ အခြေခံအကျဆုံး တခုဖြစ်တဲ့ အခုလိုချစ်ခင်ကြင်နာဖွယ်မိသားစုထဲကို ၁၉၆၃ ခုနှစ် ဧပြီလ ၁၄ ရက် မှာ ကျနော်မွေးဖွား ရောက်ရှိခဲ့တယ်ဆိုကြပါစို့ရဲ့။ ရိုးရိုး သာ မန် နိုင်ငံတော် ပြည်သူ့ ဝန်ထမ်းတွေ ဖြစ်ကြတဲ့ ကျနော့် မိဘနှစ်ပါး သည်သာ ကျနော့် ဘ ဝ ရဲ့ ဦးမွန်မဆွ အဖြစ်ဆုံး နဲ့ အထူးမြတ်ဆုံး ကျေးဇူးရှင်နှစ်ပါး ဖြစ်တယ်ဆိုတာကတော့ ဧကန်အမှန်ပါပဲ ဗျား။ လူမမယ်ကလေးဘဝ ကနေ လူလားမြောက်တဲ့အထိ တိုင်အောင် အဖက်ဖက်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျွေးမွေးမပြတ်ဆောင်ရွက်စီမံ ဆိုတဲ့ တာဝန်ကြီး ကို တကယ့်ပကတိ ဖြည့်စွမ်းပေးနိုင်ခဲ့ကြသူတွေ ဖြစ်ကြလို့ပဲ ဆိုကြပါစို့ရဲ့ ဗျား။
‌ငွေရေးကြေးရေး အပြည့်အစုံကြီး မဟုတ်ပေမယ့်လည်း ကလေးတွေရဲ့ ပညာရေး နဲ့ ကျန်းမာရေး အတွက် အဟာရ စားရေရိက္ခာ အစရှိတဲ့ မရှိမဖြစ်လိုအပ်တာတွေ မှန်သမျှ အပြင် ကလေးဘဝ မိသားစု စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း လျှောက်လှမ်း နိုင် အောင် ထောက်ပံ့ပေးကြတာကတော့ ကျနော့် ကျေးဇူးရှင် မိဘနှစ်ပါး ပါပဲ ဗျား။ ပျော်စရာအတိ၊ တခုတ်တရအမှတ်ရစရာအတိ တို့နဲ့ ပြည့်နှက်နေတဲ့ ငယ်စဥ်ကလေး ဘဝ မှာ မြန်မာ့ (ကျေးလက်) ရိုးရာအားကစားနည်းတွေ ဖြစ်တဲ့ တူတူပုန်းတန်း ကစား နည်းတို့ ဂျင်ပေါက်ကစားနည်း တို့ အပြင် အရင်က ရပ်ကွက်ထဲက (ပေတရာ) လမ်းတွေ ပေါ် မှာ ဒယ်ဗယ်လျူ (အင်္ဂလိပ် စကားလုံး W) ဘောလုံးကစားနည်း တွေကို လည်း ပျော်ပျော်ကြီး ကစားခဲ့ကြတာတွေ မမေ့နိုင်စရာပေ။
ဒီနေရာမှာ မိဘ တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ရော၊ စိတ်ပိုင်းဆိုင်ရာ မှာပါ မမှိတ်မသုံ မတွန့် မဆုတ် နဲ့ ကျွေးမွေး ထောက်ပံ့ စီမံ ဆောင်ရွက်ပေးမှု တွေနဲ့ အတူ ကျနော် တို့ မောင်နှမ တတွေကောင်းမွန်စွာကြီးပြင်းခဲ့ကြရပါလား ဆိုပြီးတော့ မှတ်တမ်းတင်နိုင် မှတ်ကျောက် တင် ထားနိုင်ပါပေတယ် ဗျား။ ဒါတွေအားလုံးဟာ ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတရား နဲ့ (အကောင်း နဲ့ အဆိုးကြားထဲကမှ) ကြံကြံခံရပ်တည်နိုင်စွမ်း ဆိုတဲ့တန်ဖိုးရှိ လက်ဆောင် တွေကို လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြတဲ့ လက်ဦးဆရာ မည်ထိုက်စွာ ဆိုတဲ့ မိဘ တွေပဲ မဟုတ်ပါလား ခင်ဗျား။
မိဘတွေရဲ့ ဘယ်သောအခါမှ သွေဖယ်လည်းမသွား၊ တကိုယ်ကောင်းလည်း မဆန်တဲ့ ချစ်ခြင်းမေတ္တာ တရား ဆိုတာဟာ အခက်အခဲ အကျပ်အတည်း ကျဥ်းထဲကြပ်ထဲမယ် ပို လို့တောင် နက်နက်ရှိုင်းရှိုင်း မြင်သာထင်သာ အထင်အရှားတွေ့နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ် ကြီးကြီးမားမား ခံခဲ့ရစဥ် မိမိကလေးငယ်အသက်ကို ကာကွယ်ရင်း အသက်ပေးခဲ့ကြတဲ့ မိခင်တွေ၊ ကလေးငယ်တွေ အပေါ်ပြိုလဲကျလာတဲ့ နံရံကြီး ကို မိမိကျောနဲ့ ခုခံကာကွယ်ပေးသွားခဲ့တဲ့ ဖခင်တွေ ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ဆိုတာ ရင်သပ်ရှုမောဖွယ် ဇာတ်နာနာ ဖြစ်ရပ်ဆန်းတွေ ဖြစ်ကြတယ် ဆိုတာ အားလုံးသိ ကြတဲ့ အတိုင်းပါပဲ ခင်ဗျား။
ဒီလို ဂရုဏာသက်ဖွယ် စိတ်ထိခိုက်ဖွယ် ပေးဆပ်ခြင်း အပြုအမူတွေအားလုံးဟာ ဘာကို ညွှန်းဆိုသလဲ ဆိုတော့ မိမိတို့အသက်အန္တရာယ်တွေဘာတွေကိုတောင် မကြောက်မရွံ့ ဘောင်ကျော်ပြီး အတိုင်းအဆ မဲ့တဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကို ပြညွှန်းနေတာသာ ဖြစ်ပါ တော့တယ်။ ကျေးဇူးရှင် ဖေဖေ နဲ့ မေမေ တို့ဆိုတဲ့ နက်ရှိုင်းလှတဲ့ အခန်းကဏ္ဍ တခု ဆို တာ ကိုလည်း ဖော်ထုတ်ပြသနေတာလည်း ဖြစ်ပါပေတယ် ခင်ဗျား။
မိဘ တွေဆိုတာ သားသမီးတွေ အပေါ် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီ ထောက် ပံ့နေသူတွေလို့ ပြောလို့ရတဲ့အပြင် သားသမီးတွေရဲ့ဘဝ တလျောက်လုံးအတွက် ကာ ကွယ်စောင့်ရှောက်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ စွမ်း အား ကြီးမားခြင်း အထွဋ်အထိပ် ပြရုပ် တခုလည်း မည်ပေတယ်။
အရေးပေါ်တဲ့အခြေအနေ၊ အခက်အခဲ နဲ့ ကြုံချိန်မှာ မှ မဟုတ်ဘဲ အခုလို မိဘတွေရဲ့ တန် ဖိုး မဖြတ်နိုင်တဲ့ ပေးဆပ်မှုတွေ၊ ဝေမျှခံစားမှုတွေဆိုတာ အမြဲတစေသော်လည်းကောင်း၊ နေ့စဥ်နဲ့အမျှ သော်လည်းကောင်း ရံခါ ပေါ်ပေါ်တင်တင်၊ ရံခါ တိတ်တိတ်ကလေး ၄င်းတို့ လုပ်ဆောင်ပေးနေကြတာပဲ မဟုတ်ပါလား ခင်ဗျား။ သူတို့တတွေ ကျွေးမွေး သုတ်သင် ပေးလိုက်ကြတဲ့သူတို့ ကလေးတွေရဲ့ ဘဝတွေ အတိုင်းအတာမဲ့ တောက်ပသာယာဖြောင့် ဖြူးနေရခြင်းတွေဟာ သက်သေတွေပဲ မဟုတ်ပါလား ခင်ဗျား။
စာရေးသူ ရဲ့ အခု အက်ဆေး ကို နိဂုံးချူပ်ခြင်တာကတော့ အသက် ၉၀ နား ရောက်နေပြီ ဖြစ်တဲ့ မေမေ သက်ရှိထင်ရှားရှိနေသေးခြင်းဟာ စာရေးသူ အတွက်တော့ တကယ့်ကို ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေခြင်းပါပဲ ခင်ဗျား။
ကျောင်းဆရာမ ပင်စင်လစာကလေး နဲ့ မေမေ့ ကို စာရေးသူ အယ်ဒီတာအလုပ် လုပ်ရင်း ပြန်လည်ထောက်ပံ့ကျွေးမွေးခြင်း အဖြစ် “ကျနော့်ဘဝရဲ့ အဓိက မဏ္ဍိုင်ကျေးဇူးရှင် ကြီး ကို ပြန်လည်ကျေးဇူးဆပ်ခြင်း” ဆိုတဲ့ ကောင်းမှုတခုကိုတော့ အခုအချိန်မယ် စွမ်းစွမ်း တမံ ဖိဖိစီးစီး လုပ်နေနိုင်ခြင်း ဆိုတာပါပဲ ခင်ဗျား။ ဒီ အပျော်က တခြား အပျော်တွေ နဲ့ မတူပေမဲ့ ချိုတဝက် ခါးတဝက် တော့ ဖြစ်လေရဲ့ဗျာ။
အဖြစ်ကတော့ ကျနော့် ရဲ့ ပထမဦးဆုံး နဲ့ အမြတ်နိုးဆုံးဖြစ်ရတဲ့ ကျေးဇူးရှင် နောက်တဦး ဖေဖေ ကတော့ ကျနော် ယိုးဒယား တိုင်းပြည်ရောက်နေချိန်မှာ ဆုံးပါးသွားခဲ့ရပြီ ဖြစ်တာ ပါပဲ။ ငယ်စဥ် တော်ကျေးဘဝကတည်းက တင်ရှိခဲ့တဲ့ ကျေးဇူးရှင်ဖေဖေ ရဲ့ ကျေးဇူးတွေ ကို ပြန်လည်ပေးဆပ်နိုင်တဲ့ အခွင့်အလမ်း ဆုံးရှုံးခဲ့ရပြီ ဆိုတာပါပဲ။ ကျေးဇူးရှင် ဖေဖေ သက်ရှိထင်ရှား ရှိနေစဥ် တုန်းက ပြန်လည်မလုပ်ကျွေး မပြုစု ခဲ့မိလေခြင်း ဆိုတဲ့ နှောင်း နောင်တ ကို အချိန်လွန်ပြီးသွားကာ နှမျှောတသ ဝမ်းနည်းနေမိတာ တော့ အမှန်ပါပဲ ခင် ဗျား။
နောက်ဆိုလျင် မည်မျှပင် လွယ်လွယ်၊ ခက်ခက်၊ မည်မျှပင် သေးသေးကွေးကွေး ပဲဖြစ် ဖြစ်၊ ကြီးကြီးမားမား ပဲ ဖြစ်ဖြစ် ရတတ်သမျှသော အလုပ်အကျွေးပြုစုမှု၊ ပြန်လည် ကျေးဇူးဆပ်မှုကို သားသမီးတို့တတွေ အနေနဲ့ အချိန်ယူ၊အထူးပြု၊ ဦးစားပေးလုပ်ဆောင် သင့်တယ် ဆိုတဲ့ သင်ခန်းစာ တခု တော့ ရလိုက်ပါရဲ့ဗျာ။
မိဘတို့ရဲ့ အတိုင်းအဆ မဲ့ ချစ်ခြင်းမေတ္တာ တရား ဟာ သားသမီး တတွေ ဖြစ်တဲ့ ကျနော် တို့တတွေ သိရှိထင်မှတ်ထားတာထက် သိပ်ကိုသာလွန် ပါတယ် ခင်ဗျာ့။ သားသမီး တွေ အပေါ် အတိုင်းအဆ မရှိ ခွန်အားတွေ ပေးဆပ်ခဲ့ကြတဲ့ မိဘတွေ ကို ဂုဏ်ယူ မြတ်နိုးစွာ နဲ့ ပြန်လည်ကျေးဇူးဆပ်ကြပါစို့ရဲ့လား ခင်ဗျား။
တကယ့်ကို မူလဘူတကျေးဇူးရှင်ကြီး များကို ပြန်လည်ကျေးဇူးဆပ်ကြခြင်းအားဖြင့် တချိန်က ကျေးဇူးရှင်ကြီး တွေကို အခုချိန်မှာတော့ သူတို့နဲ့ ထိုက်တန်တဲ့ ကျေးဇူးခံ (ကျေးဇူးစံ) သူတွေအဖြစ် ပြောင်းလဲလိုက်ကြပါစို့ရဲ့။
သူတို့တွေ သက်ရှိထင်ရှား ရှိနေသေးတယ် ဆိုလျင်ဖြင့် စာဖတ်သူတို့ဟာ အင်မတန် ကံ ကောင်းကြသူများ ဖြစ်ကြပြီး ပြန်လည်ပေးဆပ်ဖို့ အခွင့်အလမ်း အရှိဆုံးသူတွေ ဖြစ်ကြ လို့ပါပဲ ဗျား။
မည်သည့် ခြွင်းချက်သံသယမြူမှုံမျှ မရှိဘဲ မိဘတို့နဲ့ ထိုက်တန်တဲ့ ပြန်လည်ကျေးဇူးဆပ် ခြင်း ကောင်းမှု ကို သေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ် ကြိုးပမ်းအားထုတ်ဆောင်ကျဥ်း ကြပါစို့ရဲ့ ခင်ဗျား။

Send a message to learn more

ပြီးခဲ့တဲ့ ပို့စ် က မူရင်းအင်္ဂလိပ် အက်ဆေး ပါ ခင်ဗျား။ မင်္ဂလာကြီးပါ ခင်ဗျား။ မင်္ဂလာကြီး အင်္ဂလိပ်စာ အသိုင်းအ၀ိုင်း Mingala...
18/04/2026

12/11/2024

I'm relaxed. အေးအေးလူလူ သာသာယာယာ။

12/11/2024

I'm relaxed. အေးအေးလူလူ သာသာယာယာ

20/10/2024

အလုပ်သမားရေး လှူပ်ရှားတက်ကြွသူ ကိုကျော်ဟိန်း သို့

Address

56, Kyaukmyaung Street, Tamway Township
Yangon
11211

Website

Alerts

Be the first to know and let us send you an email when AT၏Retrospection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share