
15/09/2025
ရန်ကုန်တိုင်း၊ ဒလမြို့မှာ ကိုယ်ဝန်ခွဲမွေးခဲ့တဲ့အမျိုးသမီးတစ်ဦး ခွဲစိတ်ကုသမှုခံယူပြီး နောက်တစ်ရက်မှာ သေဆုံးခဲ့တာကြောင့် ခွဲစိတ်မှု လုပ်ခဲ့တဲ့ပုဂ္ဂလိက အထူးကုဆေးခန်းကို ဒလမြို့နယ်ကျန်းမာရေးဌာနက ပိတ်ခိုင်းလိုက်ပြီး အမှုဖွင့်ထားတယ်လို့ ဒီအကြောင်းသိတဲ့သတင်းရင်းမြစ်ကပြောပါတယ်။
မအိအိအေးဟာ ခွဲခန်းထဲက ထွက်လာပြီးတဲ့နောက် သားအိမ်ကနေ သွေးဆက်တိုက်ဆင်းနေခဲ့ပြီး သွေးထွက်လွန်တဲ့အထိဖြစ်လာတာကြောင့် ခွဲစိတ်ပေးခဲ့တဲ့သားဖွားဆရာဝန်(အိုဂျီ)ကို ပြောပြပြီး ကုသပေးဖို့ လူနာရှင်(မအိအိအေးရဲ့ အစ်မဖြစ်သူ)က အကူအညီတောင်းခဲ့ပေမဲ့ ဆရာဝန်က ဖြစ်ရိုးဖြစ်စဉ်အခြေအနေတစ်ခုလို့သာ တုံ့ပြန်ခဲ့တယ်လို့ သေဆုံးခဲ့သူနဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ စက်တင်ဘာ ၁၅ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/ckgze0pwgpjt ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရန်ကုန် #ဒလ #အထူးကုဆေးခန်း #တရားလွှတ်တော်ရှေ့နေ #မအိအိအေး #ဗဟိုအမျိုးသမီးဆေးရုံ