The White Sarpay

The White Sarpay Read Your Future

(Unicode:)မနောစင်အောင်မြင်သောစီးပွားရေးလုပ်ငန်းများစာအုပ်တန်ဖိုး = ၅၀၀၀ ကျပ်ပို့ခ = အခမဲ့-------------------------------...
03/01/2023

(Unicode:)

မနောစင်
အောင်မြင်သောစီးပွားရေးလုပ်ငန်းများ
စာအုပ်တန်ဖိုး = ၅၀၀၀ ကျပ်
ပို့ခ = အခမဲ့
---------------------------------------------
ယခုစာအုပ်သည် ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) ၁၀၀ ရဲ့ စံချိန်တင်အောင်မြင်သည့် တကယ့်ဖြစ်ရပ်မှန်အကြောင်းများကို ရေးသားဖော်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဒီစာအုပ်ထဲမှာဆိုရင် နာမည်ကြီးဘရန်းတွေ ဖြစ်တဲ့ အက်ဒီဒက်စ်(Adidas) ၊ ဆိုနီ(Sony)၊ မာစီဒီး-ဘန်ဇ်(Merecedes-Benz) ၊ တိုယိုတာ(Toyota)၊ ဂူချီ((Gucci) စသည့် နာမည်ကြီးကုန်ပစ္စည်း ဘရန်းတွေအပြင် မက်ဒေါ်နယ်(McDonald) ၊ ဟိန်းဇ်(Heinz) ၊ နက်ကဖေး(Nescafe) ၊ ပက်စီကိုလာ(PessiCola) စသည့် အစားအသောက်ဘရန်းများ နှင့် ဒေးဗစ်ဘက်ခမ်း(David Backham) ၊ ဂျနီဖာလိုပက်ဇ်(Jennifer Lopez) ၊ အိုပရာဝင်ဖရီး(Oprah Winfrey) စသည့် နာမည်ကြီးဘရန်းပေါင်း ၁၀၀ အကြောင်းများကို ယခုစာအုပ်ထဲတွင် ဖတ်ရှုရပါမည်။
(ပါဝင်သော ဘရန်းများ၏ မာတိကာများကို ယခုပို့စ်၏ Comment Box တွင် ဖတ်ရှုနိုင်ပါသည်။)
---------------------------------------------
ရိုက်ဂလီ အတွေးအခေါ်သစ်နဲ့ဘရန်း

၁၉၁၁ ခုနှစ်မှာ ရိုက်ဂလီဟာ မိန်းမလှလေးတစ်ယောက်ရဲ့ ရုပ်ပုံပေါ်မှာ “ရိုက်ဂလီ မျက်လုံးနဲ့မိန်းကလေး” ဆိုတဲ့စာတန်းနဲ့ ကြောညာကိုဖန်တီးခဲ့ပါတယ်။
ရိုက်ဂလီဟာ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ အလွန်ဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်ပြီး စာအုပ်ကြီးအတိုင်းလုပ်တဲ့နည်းတွေကို ပစ်ပယ်ခဲ့ပါတယ်။ ၁၉၁၅မှာ သူဟာအမေရိကန်ပြည်တွင်းဖုန်းလမ်းညွှန်ထဲမှာ ပါဝင်တဲ့သူ (၁.၅) သန်းစလုံးကို ပူရှိန်းပီကေတွေ အခမဲ့နမူနာပို့ပေးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ Mother Goose ကဗျာတွေထဲမှာ သူ့ကုမ္ပဏီနာမည်ပါအောင် ရေးသားခဲ့ပြီး အဲဒီကဗျာပေါင်း(၁၄)သန်းကို အခမဲ့ဝေငှခဲ့ပါတယ်။ ရိုက်ဂလီဟာ ဝန်ထမ်းတွေနဲ့ဆက်ဆံရေးကို ပြောင်းလဲခဲ့သူလည်းဖြစ်ပြီး ဝန်ထမ်းတွေကို စနေ၊ တနင်္ဂနွေ နှစ်ရက်အနားပေးတဲ့ ပထမဆုံး အမေရိကန်သူဌေးတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
---------------------------------------
ကယ်လ်ဗင်ကလိန်း လိင်ပိုင်းဆိုင်ရာဘရန်း

ကယ်လ်ဗင်ကလိန်းဟာ လိင်ပိုင်းဆိုင်ရာကို တိုက်ရိုက်မရောင်းပါဘူး။ သူက ဖက်ရှင်ဒီဇိုင်နာပါ။ ပြည့်တန်ဆာခေါင်းမဟုတ်ပါဘူး။ အဝတ်အစားတွေက သူ့ထုတ်ကုန်တွေပါ။ လိင်ပိုင်းဆိုင်ရာဆိုတာ ဘရန်းစရိုက်လက္ခဏာဖြစ်ပြီး ကြောညာကတဆင့် ပုံဖော်ထားတာပါ။ (၁၉၇၀) နှစ်များမှာ ဘရွတ်ကီရှီးလ်က ကယ်လ်ဗင်ကလိန်းဂျင်းဘောင်းဘီတွေနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် စလုပ်ခဲ့ပါတယ်။ ကြော်ညာစာသားက “ကျွန်မနဲ့ ကျွန်မရဲ့ ကယ်လ်ဗင်ကလိန်းကြား ဘယ်အရာမှ ရှိမနေဘူး” တဲ့။ (၁၉၉၀) နှစ်များမှာတော့ မတ်ခ် ‘မာကီမတ်ခ်’ ဝါးလ်ဘတ်နဲ့ သူ့ရဲ့ဗလတောင့်တောင့်နဲ့ ကယ်လ်ဗင်ကလိန်းဘောင်းဘီတိုတွေကို ရောင်းချခဲ့ပါတယ်။
---------------------------------------------
ကွန်ဗာ့စ် အမွေအနှစ်ဘရန်း

နိုက်ကီတို့၊ အက်ဒီးဒက်စ်တို့၊ ရီးဘာ့ခ်တို့ မပေါ်ခင်ကတည်းက ကွန်ဗာ့စ်ရှိခဲ့ပါတယ်။ (၁၉၀၈) ခုနှစ်မှာ
ကွန်ဗာ့စ်ကို ကွန်ဗာ့စ်ရာဘာဖိနပ်ကုမ္ပဏီအဖြစ် ထူထောင်ခဲ့တာပါ။ သူ့ရဲ့ သင်္ကေတဖြစ်တဲ့ ဘက်စကက်ဘောစီးဖိနပ်တွေဟာ တဖြည်းဖြည်းနဲ့ တစ်ကမ္ဘာလုံးမှာ လူသိများလာပြီး (၁၉၆၀) နှစ်များမှာ ဘတ်စကက်ဘော ဈေးကွက်ရဲ့ရှယ်ယာ (၉၀) ရာခိုင်နှုန်းရယူခဲ့ပါတယ်။ သူ့ကို နိုက်ကီနဲ့ အက်ဒီးဒက်စ်လိုမျိုး အားကစားစွမ်းဆောင်ရည် ဘရန်းအဖြစ် မမြင်ရတော့ပေမယ့် လမ်းပေါ် ဘက်စကက်ဘောပွဲတွေကို စပွန်ဆာပေးပြီး ဘက်စကက်ဘောနဲ့ဆက်နွယ်မှုကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
ဘရန်းဟာ သူ့ရဲ့ မူလဒီဇိုင်းတွေကို ဆက်လက်သစ္စာရှိပြီး ခေတ်ဟောင်းအဝတ်အစားကိုကြိုက်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ပါတယ်။ သူဟာ အဝတ်အထည်လိုင်းဘက်ကို ကူးပြောင်းလာပြီး ဂျွန်ဗာရက်တိုစ်လိုမျိုး ဒီဇိုင်နာတွေနဲ့ ပတ်သတ်လာခဲ့ပါတယ်။ ဘရန်းသမိုင်းမှာ ကွန်ဗာ့စ်ရဲ့ အကြီးဆုံးသြဇာ လွှမ်းမိုးမှုကတော့ ဆယ်လီတွေရဲ့ ထောက်ခံအားပေးမှုပါပဲ။ (၁၉၁၅) မှာ ဘက်စကက်ဘော အကျော်အမော် ချပ်တေလာဟာ မိုက်ကယ်ဂျော်ဒန်နဲ့ တိုက်ဂါးဝုဒ်တို့ရဲ့ နမူနာအဖြစ် အားကစားဖိနပ်တစ်ရံကို ပထမဆုံးကြော်ညာပေးသူ ဖြစ်လာပြီး ကွန်ဗာ့စ်အောစတားရှုးကို စီးပြခဲ့ပါတယ်။
---------------------------------------------
အောင်မြင်မှုဆိုတာပြောင်းလဲခြင်းလည်းဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဘရန်းတချို့ဟာငွေကို ရှေ့တန်းတင်တဲ့ ရည်ရွယ်ချက်မထားကြပါဘူး။ တချို့တွေကလုပ်ငန်းခွင်အခြေအနေကို တော်လှန်ပြောင်းလဲ ပစ်ခဲ့ကြပြီး တချို့ကတော့ သူ့ကာစတမ်မာတွေနဲ့ စီးပွားရေး ဆက်ဆံမှု ပုံစံကိုပြောင်းလဲပစ်ခဲ့ကြပါတယ်။ တချို့တွေက လူသန်းပေါင်းများစွာ နေထိုင်ပြီး အလုပ်လုပ်ကိုင်တဲ့ပုံစံကိုနည်းပညာအသစ်တစ်ခုခုနဲ့ ဖြစ်ဖြစ် ပြောင်းလဲနိုင်ခဲ့ကြတယ်။ (ဟန်နရီဖို့ဒ်က ကားနဲ့ပြောင်းလဲခဲ့ သလိုပေါ့) ဒါမှမဟုတ်သတင်းအချက် အလက်ကိုပိုမိုလွယ်ကူအောင် လုပ်ဆောင် ပေးပြီးဘဝတွေကိုပြောင်းလဲပေးခဲ့ကြတယ် (ရိုက်တာ၊ CNN၊ ဂူဂဲလ် တို့လိုပေါ့)
-------------------------------------------
ယခုစာအုပ်ကို အိမ်အရောက် မှာယူလိုပါက ယခုpage ၏ chat box တွင် လည်းကောင်း၊ ဖုန်းနံပါတ် ‎09 449 448 771 သို့ လည်းကောင်း မှာယူသူ၏ နာမည်၊ ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာ အပြည့်အစုံကို ရုံးချိန်အတွင်းပေးပို့ကာ မှာယူနိုင်ပါသည်။ စာအုပ်တန်ဖိုး ၅၀၀၀ ကျပ် ဖြစ်ပြီး ပို့ခ အခမဲ့ဖြစ်ပါသည်။ စာအုပ်အိမ်ရောက်မှ ငွေရှင်းရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက်မပါ (order confirm လုပ်ပြီး)နေရာ ဒေသပေါ် မူတည်၍ ၃ ရက်မှ ၅ ရက်အတွင်း ပို့ဆောင်ပေးပါမည်။
-------------------------------------------
ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အခြားနိုင်ငံများမှ မှာယူလိုသူများအတွက် Paypal,Master Card, Visa Card, Western Union, DBS Bank (Singapore),Kasikorn Bank (Thailand), စသည့် ငွေပေးချေသည့်နည်းလမ်းများဖြင့်ငွေ ကြိုတင်ပေးချေပြီး မှာယူနိုင်ပါပြီ။ စာအုပ်တန်ဖိုးမှာ မူရင်းဈေးအတိုင်းဖြစ်ပြီး ပို့ခမှာ အလေးချိန်နှင့် ပေးပို့ရမည့်နိုင်ငံအပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင့် မိမိတို့မှာယူလိုသော စာအုပ်အရေအတွက်နှင့် ပေးပို့ရမည့်နိုင်ငံစသည့် အချက်အလက်များကို Chat Box တွင် ပေးပို့ပြီးကျသင့်ငွေအားမေးမြန်းစုံစမ်းနိုင်ပါသည်။ နေထိုင်ရာ နိုင်ငံအလိုက်ပေးပို့သည့် အချိန်အပြောင်းအလဲရှိနိုင်သော်လည်း ပုံမှန်အားဖြင့် (၁၀)ရက်ခန့် ကြာမြင့်နိုင်ပါသည်။

ကျေးဇူးတင်စွာဖြင့်
#အဖြူရောင်စာပေ

(Zawgyi:)

မနောစင်
အောင်မြင်သောစီးပွားရေးလုပ်ငန်းများ
စာအုပ်တန်ဖိုး = ၅၀၀၀ ကျပ်
ပို့ခ = အခမဲ့
---------------------------------------------
ယခုစာအုပ်သည် ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) ၁၀၀ ရဲ့ စံချိန်တင်အောင်မြင်သည့် တကယ့်ဖြစ်ရပ်မှန်အကြောင်းများကို ရေးသားဖော်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဒီစာအုပ်ထဲမှာဆိုရင် နာမည်ကြီးဘရန်းတွေ ဖြစ်တဲ့ အက်ဒီဒက်စ်(Adidas) ၊ ဆိုနီ(Sony)၊ မာစီဒီး-ဘန်ဇ်(Merecedes-Benz) ၊ တိုယိုတာ(Toyota)၊ ဂူချီ((Gucci) စသည့် နာမည်ကြီးကုန်ပစ္စည်း ဘရန်းတွေအပြင် မက်ဒေါ်နယ်(McDonald) ၊ ဟိန်းဇ်(Heinz) ၊ နက်ကဖေး(Nescafe) ၊ ပက်စီကိုလာ(PessiCola) စသည့် အစားအသောက်ဘရန်းများ နှင့် ဒေးဗစ်ဘက်ခမ်း(David Backham) ၊ ဂျနီဖာလိုပက်ဇ်(Jennifer Lopez) ၊ အိုပရာ၀င်ဖရီး(Oprah Winfrey) စသည့် နာမည်ကြီးဘရန်းပေါင်း ၁၀၀ အကြောင်းများကို ယခုစာအုပ်ထဲတွင် ဖတ်ရှုရပါမည်။
(ပါ၀င်သော ဘရန်းများ၏ မာတိကာများကို ယခုပို့စ်၏ Comment Box တွင် ဖတ်ရှုနိုင်ပါသည်။)
---------------------------------------------
ရိုက်ဂလီ အတွေးအခေါ်သစ်နဲ့ဘရန်း

၁၉၁၁ ခုနှစ်မှာ ရိုက်ဂလီဟာ မိန်းမလှလေးတစ်ယောက်ရဲ့ ရုပ်ပုံပေါ်မှာ “ရိုက်ဂလီ မျက်လုံးနဲ့မိန်းကလေး” ဆိုတဲ့စာတန်းနဲ့ ကြောညာကိုဖန်တီးခဲ့ပါတယ်။
ရိုက်ဂလီဟာ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ အလွန်ဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်ပြီး စာအုပ်ကြီးအတိုင်းလုပ်တဲ့နည်းတွေကို ပစ်ပယ်ခဲ့ပါတယ်။ ၁၉၁၅မှာ သူဟာအမေရိကန်ပြည်တွင်းဖုန်းလမ်းညွှန်ထဲမှာ ပါ၀င်တဲ့သူ (၁.၅) သန်းစလုံးကို ပူရှိန်းပီကေတွေ အခမဲ့နမူနာပို့ပေးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ Mother Goose ကဗျာတွေထဲမှာ သူ့ကုမ္ပဏီနာမည်ပါအောင် ရေးသားခဲ့ပြီး အဲဒီကဗျာပေါင်း(၁၄)သန်းကို အခမဲ့ဝေငှခဲ့ပါတယ်။ ရိုက်ဂလီဟာ ၀န်ထမ်းတွေနဲ့ဆက်ဆံရေးကို ပြောင်းလဲခဲ့သူလည်းဖြစ်ပြီး ၀န်ထမ်းတွေကို စနေ၊ တနင်္ဂနွေ နှစ်ရက်အနားပေးတဲ့ ပထမဆုံး အမေရိကန်သူဌေးတွေထဲမှာ ပါ၀င်ခဲ့ပါတယ်။
---------------------------------------
ကယ်လ်ဗင်ကလိန်း လိင်ပိုင်းဆိုင်ရာဘရန်း

ကယ်လ်ဗင်ကလိန်းဟာ လိင်ပိုင်းဆိုင်ရာကို တိုက်ရိုက်မရောင်းပါဘူး။ သူက ဖက်ရှင်ဒီဇိုင်နာပါ။ ပြည့်တန်ဆာခေါင်းမဟုတ်ပါဘူး။ အ၀တ်အစားတွေက သူ့ထုတ်ကုန်တွေပါ။ လိင်ပိုင်းဆိုင်ရာဆိုတာ ဘရန်းစရိုက်လက္ခဏာဖြစ်ပြီး ကြောညာကတဆင့် ပုံဖော်ထားတာပါ။ (၁၉၇၀) နှစ်များမှာ ဘရွတ်ကီရှီးလ်က ကယ်လ်ဗင်ကလိန်းဂျင်းဘောင်းဘီတွေနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် စလုပ်ခဲ့ပါတယ်။ ကြော်ညာစာသားက “ကျွန်မနဲ့ ကျွန်မရဲ့ ကယ်လ်ဗင်ကလိန်းကြား ဘယ်အရာမှ ရှိမနေဘူး” တဲ့။ (၁၉၉၀) နှစ်များမှာတော့ မတ်ခ် ‘မာကီမတ်ခ်’ ဝါးလ်ဘတ်နဲ့ သူ့ရဲ့ဗလတောင့်တောင့်နဲ့ ကယ်လ်ဗင်ကလိန်းဘောင်းဘီတိုတွေကို ရောင်းချခဲ့ပါတယ်။
---------------------------------------------
ကွန်ဗာ့စ် အမွေအနှစ်ဘရန်း

နိုက်ကီတို့၊ အက်ဒီးဒက်စ်တို့၊ ရီးဘာ့ခ်တို့ မပေါ်ခင်ကတည်းက ကွန်ဗာ့စ်ရှိခဲ့ပါတယ်။ (၁၉၀၈) ခုနှစ်မှာ
ကွန်ဗာ့စ်ကို ကွန်ဗာ့စ်ရာဘာဖိနပ်ကုမ္ပဏီအဖြစ် ထူထောင်ခဲ့တာပါ။ သူ့ရဲ့ သင်္ကေတဖြစ်တဲ့ ဘက်စကက်ဘောစီးဖိနပ်တွေဟာ တဖြည်းဖြည်းနဲ့ တစ်ကမ္ဘာလုံးမှာ လူသိများလာပြီး (၁၉၆၀) နှစ်များမှာ ဘတ်စကက်ဘော စျေးကွက်ရဲ့ရှယ်ယာ (၉၀) ရာခိုင်နှုန်းရယူခဲ့ပါတယ်။ သူ့ကို နိုက်ကီနဲ့ အက်ဒီးဒက်စ်လိုမျိုး အားကစားစွမ်းဆောင်ရည် ဘရန်းအဖြစ် မမြင်ရတော့ပေမယ့် လမ်းပေါ် ဘက်စကက်ဘောပွဲတွေကို စပွန်ဆာပေးပြီး ဘက်စကက်ဘောနဲ့ဆက်နွယ်မှုကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
ဘရန်းဟာ သူ့ရဲ့ မူလဒီဇိုင်းတွေကို ဆက်လက်သစ္စာရှိပြီး ခေတ်ဟောင်းအ၀တ်အစားကိုကြိုက်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ပါတယ်။ သူဟာ အ၀တ်အထည်လိုင်းဘက်ကို ကူးပြောင်းလာပြီး ဂျွန်ဗာရက်တိုစ်လိုမျိုး ဒီဇိုင်နာတွေနဲ့ ပတ်သတ်လာခဲ့ပါတယ်။ ဘရန်းသမိုင်းမှာ ကွန်ဗာ့စ်ရဲ့ အကြီးဆုံးသြဇာ လွှမ်းမိုးမှုကတော့ ဆယ်လီတွေရဲ့ ထောက်ခံအားပေးမှုပါပဲ။ (၁၉၁၅) မှာ ဘက်စကက်ဘော အကျော်အမော် ချပ်တေလာဟာ မိုက်ကယ်ဂျော်ဒန်နဲ့ တိုက်ဂါးဝုဒ်တို့ရဲ့ နမူနာအဖြစ် အားကစားဖိနပ်တစ်ရံကို ပထမဆုံးကြော်ညာပေးသူ ဖြစ်လာပြီး ကွန်ဗာ့စ်အောစတားရှုးကို စီးပြခဲ့ပါတယ်။
---------------------------------------------
အောင်မြင်မှုဆိုတာပြောင်းလဲခြင်းလည်းဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဘရန်းတချို့ဟာငွေကို ရှေ့တန်းတင်တဲ့ ရည်ရွယ်ချက်မထားကြပါဘူး။ တချို့တွေကလုပ်ငန်းခွင်အခြေအနေကို တော်လှန်ပြောင်းလဲ ပစ်ခဲ့ကြပြီး တချို့ကတော့ သူ့ကာစတမ်မာတွေနဲ့ စီးပွားရေး ဆက်ဆံမှု ပုံစံကိုပြောင်းလဲပစ်ခဲ့ကြပါတယ်။ တချို့တွေက လူသန်းပေါင်းများစွာ နေထိုင်ပြီး အလုပ်လုပ်ကိုင်တဲ့ပုံစံကိုနည်းပညာအသစ်တစ်ခုခုနဲ့ ဖြစ်ဖြစ် ပြောင်းလဲနိုင်ခဲ့ကြတယ်။ (ဟန်နရီဖို့ဒ်က ကားနဲ့ပြောင်းလဲခဲ့ သလိုပေါ့) ဒါမှမဟုတ်သတင်းအချက် အလက်ကိုပိုမိုလွယ်ကူအောင် လုပ်ဆောင် ပေးပြီးဘဝတွေကိုပြောင်းလဲပေးခဲ့ကြတယ် (ရိုက်တာ၊ CNN၊ ဂူဂဲလ် တို့လိုပေါ့)
-------------------------------------------
ယခုစာအုပ်ကို အိမ်အရောက် မှာယူလိုပါက ယခုpage ၏ chat box တွင် လည်းကောင်း၊ ဖုန်းနံပါတ် ‎09 449 448 771 သို့ လည်းကောင်း မှာယူသူ၏ နာမည်၊ ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာ အပြည့်အစုံကို ရုံးချိန်အတွင်းပေးပို့ကာ မှာယူနိုင်ပါသည်။ စာအုပ်တန်ဖိုး ၅၀၀၀ ကျပ် ဖြစ်ပြီး ပို့ခ အခမဲ့ဖြစ်ပါသည်။ စာအုပ်အိမ်ရောက်မှ ငွေရှင်းရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက်မပါ (order confirm လုပ်ပြီး)နေရာ ဒေသပေါ် မူတည်၍ ၃ ရက်မှ ၅ ရက်အတွင်း ပို့ဆောင်ပေးပါမည်။
-------------------------------------------
ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အခြားနိုင်ငံများမှ မှာယူလိုသူများအတွက် Paypal,Master Card, Visa Card, Western Union, DBS Bank (Singapore),Kasikorn Bank (Thailand), စသည့် ငွေပေးချေသည့်နည်းလမ်းများဖြင့်ငွေ ကြိုတင်ပေးချေပြီး မှာယူနိုင်ပါပြီ။ စာအုပ်တန်ဖိုးမှာ မူရင်းဈေးအတိုင်းဖြစ်ပြီး ပို့ခမှာ အလေးချိန်နှင့် ပေးပို့ရမည့်နိုင်ငံအပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင့် မိမိတို့မှာယူလိုသော စာအုပ်အရေအတွက်နှင့် ပေးပို့ရမည့်နိုင်ငံစသည့် အချက်အလက်များကို Chat Box တွင် ပေးပို့ပြီးကျသင့်ငွေအားမေးမြန်းစုံစမ်းနိုင်ပါသည်။ နေထိုင်ရာ နိုင်ငံအလိုက်ပေးပို့သည့် အချိန်အပြောင်းအလဲရှိနိုင်သော်လည်း ပုံမှန်အားဖြင့် (၁၀)ရက်ခန့် ကြာမြင့်နိုင်ပါသည်။

ကျေးဇူးတင်စွာဖြင့်
#အဖြူရောင်စာပေ

 #မော့ဆက် စာအုပ် ပြန်ရပါပြီ…📦 ပို့ခ-အခမဲ့ ( တပတ်အတွင်းမှာယူသူများအတွက်သာ )✅ မော့ဆက်✅ တင်နွယ်မောင်✅ ပို့ခ-Free✅ ရောင်းစျေ...
11/03/2022

#မော့ဆက် စာအုပ် ပြန်ရပါပြီ…

📦 ပို့ခ-အခမဲ့ ( တပတ်အတွင်းမှာယူသူများအတွက်သာ )

✅ မော့ဆက်

✅ တင်နွယ်မောင်

✅ ပို့ခ-Free

✅ ရောင်းစျေး- ၈၀၀၀ ကျပ်

✅ ဒဿမ အကြိမ်

📖 ဤစာအုပ်သည် အစ္စရေးနိုင်ငံရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် မော့ဆက်အဖွဲ့၏အတွင်းရေးများကို စိတ်၀င်စားဖွယ်ရေးသားထားသော ဖြစ်ရပ်မှန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ နိုင်ငံတကာ၏အရောင်းရဆုံးစာအုပ်တစ်အုပ်လည်းဖြစ်ပြီး မြန်မာဘာသာပြန်ဖြင့် အကြိမ်ကြိမ်ရိုက်နှိပ်ထားရသော စာအုပ်တစ်အုပ် လည်းဖြစ်ပါသည်။

--------------------------------
☎️ ဝယ်ယူလိုပါက Chat Box မှလည်းကောင်း ၊ ဖုန်းနံပါတ် 09 4210 270 81 သို့လည်းကောင်း ဆက်သွယ်မှာယူနိုင်ပါသည်။

📦 စာအုပ်မှာသည့်နေ့မှ စပြီး တပတ်အတွင်း ( ရုံးပိတ်ရက်များမပါ ) အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်ပါသည်။

ကျေးဇူးတင်စွာဖြင့်

#အဖြူရောင်စာပေ

Address

83/16(A) 4th Floor, Pansodan Lower Block, Kyauktada Tsp
Yangon

Telephone

+959421027081

Website

Alerts

Be the first to know and let us send you an email when The White Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The White Sarpay:

Share

Category