30/10/2025
“ဒီတစ်ခါ ဗီဇာပိတ်ပင်မှုပုံစံဟာ ၂၀၁၇ ခရီးသွားလာခွင့် ပိတ်ပင်မှုကနေ သင်ခန်းစာ ယူထားပုံရပါတယ်။ အကြမ်းဖက်မှုတို့၊ ဘာသာရေးခွဲခြားမှုတို့ စသဖြင့် ဒီလို တိုက်ရိုက်စွပ်စွဲချက်တွေထက် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုနှုန်းနဲ့ ပြည်နှင်ဒဏ်ခံရသူတွေကို ပြန်လည်လက်ခံရာမှာ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းလိုမျိုး စီမံခန့်ခွဲရေးဆိုင်ရာအချက်တွေပေါ်မှာ အဓိက အခြေခံထားတာကြောင့် တရားရုံးမှာ စွဲချက်တင်ဖို့ တော်တော်ခက်သွားတာပေါ့”
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ကြောင်း ဇွန်လက ကြေညာခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ကျောင်းတက်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကျောင်းသားများ၏ အစီအစဉ်များ ဖရိုဖရဲဖြစ်သွားခဲ့ရသည်။ ဗီဇာပိတ်ပင်ရခြင်းတွင် အကြောင်းရင်း ၂ ခု ပါဝင်ပြီး ကျောင်းသားဗီဇာနှင့် exchange ဗီဇာ ကိုင်ဆောင်သူများအနက် ၄၂ ရာခိုင်နှုန်းသော မြန်မာနိုင်ငံသားများသည် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ကြခြင်းနှင့် ပြည်နှင်ဒဏ်ခံရသူများကို ပြန်လည်လက်ခံရာတွင် စစ်ကော်မရှင်၏ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းများ ဖြစ်ကြောင်း ဆိုသည်။
ဆောင်းပါးအပြည့်အစုံကို ကွန်မန့်တွင် ဖတ်ပါ။