28/04/2025
ငလျင်အကြောင့် သေဆုံးကြသူတွေရဲ့ ရုပ်အလောင်းတွေကို စီမံတဲ့အခါမှာ ကိုင်တွယ်တဲ့ ဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစေဖို့ အရေးကြီးသလိုပဲ သေဆုံးသူရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်ဖို့ လေးစားစွာ ကိုင်တွယ်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၊ ဆေးရုံပြင်ပ အရေးပေါ်ဆိုင်ရာ ကွင်းဆင်းဝန်ထမ်း ဒေါက်တာ ထက်လှိုင်ဝင်းက ရုပ်အလောင်းတွေကို ကိုင်တွယ်စွန့်ပစ်တဲ့အခါမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်စေဖို့ ကိုယ်တွယ်ရမယ့် လမ်းစဉ်တွေနဲ့ လုပ်ဆောင်ရန် အဆင့်ဆင့်တွေကို ပြောပြထားပါတယ်။