Zaw Story

Zaw Story the story of me and my life! the page tries to provide the hidden information of ordinary people of Burma from various places!

15/09/2025

တောင်ပြောင်ပြောင်ကြီးပေါ်က တညအိပ် ခရီးစဉ်

07/09/2025

fall (autumn) ရာသီရောက်လာပြန်ပြီ။ အမြင့်ပိုင်းဒေသတွေမှာ ရာသီဥတု အေးလာပြီး အရောင်တွေ ပြောင်းလာကြပြီ။ ကယ်လီဖိုးနီးယားတောင်ပိုင်းကတော့ အခုမှ နွေခေါင်ခေါင်ရောက်ပြီး ပူကောင်းတုန်းပဲ။ လွမ်းဆွေးရတဲ့ ရာသီတခုပါပဲ---

https://youtu.be/9uaRivbKYpI

04/09/2025

အဆိုတော် တာရာက သူ့မွေးလမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက် ဆို သူထွက်ခွာသွားတာ ၈ နှစ်တိုင်ခဲ့ပြီပေါ့။ တာရာ က တစ်ကိုယ်တော် အယ်လ်ဘမ် ၄ ချပ်ထွက်ခဲ့တယ်။ ကျွန်တော် တာရာကို စနားထောင်ဖူးတာ သူ့ရဲ့ ဒုတိယ အယ်လ်ဘမ် ပုလဲသီတကွဲစီ(၁၉၉၄)မှာ။ ပုလဲသီတကွဲစီကို သီချင်း နာမည်တွေ အကုန်ဖတ်ကြည့်တာတောင် ရှာမတွေ့ခဲ့လို့ တစ်ခွေလုံး နားထောင်ပြီးတော့မှ ထူးအိမ်သင်ရေးတဲ့ တမ်းတခွင့်ပြုပါရဲ့ Chorus က စာသားကို ‌ခေါင်းစီးနာမည် ပေးထားမှန်းသိလိုက်ရတယ်။
တာရာ့သီချင်း တွေထဲမှာ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူရဲ့ တေးရေး ဆရာဘဝ အစောပိုင်းက သီချင်းတွေရှိတယ်။ သူတို့နှစ်ယောက်နဲ့ ညီညီစံနဲ့ တွဲဖက်ပြီး တောင်ကြီးမြို့အကြောင်း ရေးထားတဲ့ ကိုယ်တို့မြို့လေးဆီ သီချင်းကို ကျွန်တော် သိပ်ကြိုက်တယ်။ တာရာရယ်လို့ လူသိများတဲ့ သီချင်းကတော့ ဇော်မိုးသွင်ရေးတဲ့ အစဥ်အမြဲ သီချင်းဖြစ်ပါလိမ့်မယ်။ နှစ်တွေကြာပြီးခဲ့တဲ့အထိ အစဥ်အမြဲကို လူတွေ တခုတ်တရ နားထောင်နေကြတုန်း ပြန်ပြီးသီဆိုနေကြတုန်းပဲ။

ပုလဲသီတကွဲစီ ကို နားထောင်ပြီးတော့မှ တာရာရဲ့ ပထမဆုံးအယ်လ်ဘမ်ကို ပြန်ရှာနားထောင်ရတယ်။
အသည်းကွဲညနေခင်းနဲ့ မျက်စိမှိတ်ထားတယ်ကို တော်တော်ကြိုက်ခဲ့တာ။
အခုစာတွေရေးနေတဲ့ လွင်မောင်မောင် ဆိုတဲ့ နာမည်ကို တာရာ့ သီချင်းတွေမှာ‌ တေးရေး အနေနဲ့ သိခဲ့ရတယ်။
(သူ့စာအုပ်တွေက အလင်းဆိုင်နှစ်များသို့၊ နွေသစ်ကိုင်းတွေငြိတွယ်၊ ဂရင်းဝှစ်ချ်တရုတ်တန်းအမှတ်(၅၁)၊ သတိရခြင်းများ တစိမ့်စိမ့်၊ ခုနောက်ဆုံးထွက်တဲ့ တို့နှစ်ယောက်အချစ်၊ ကျွန်တော်တော့ သူ့ကို တေးရေးအနေနဲ့ရော စာရေးဆရာအနေနဲ့‌ရော သိပ်ကြိုက်ပါတယ်။) သူရေးတဲ့ တာရာ့သီချင်းထဲမှာဆို နာကျဥ်းသွားပြီလား နဲ့ ကျွန်တော့်ရဲ့မိုက်မဲမှုကို ကြိုက်တယ်။

သူ့ တတိယအယ်လ်ဘမ်က မြင့်မိုးအောင် တကိုယ်တော်ရေးတဲ့ ကော်ပီသီချင်းတွေ။ ကျွန်တော့်အကြိုက်ဆုံးက
အချစ်နဲ့သိမ်းပိုက်ခြင်း အယ်လ်ဘမ်ဖြစ်နေခဲ့တာ။ ခုချိန် ဖွင့်နားထောင်ရင်တောင် သီချင်းတွေ အကုန်ရနေတုန်း။ မင်းလက်ထဲမှာ အားလုံးရှိတယ် ဆိုတဲ့ သီချင်းကို နားထောင်တိုင်း Positive Vibe ကို အမြဲရတယ်။ ဖိုးဖန် ပြန်ဆိုတော့လည်း နားထောင်ဖြစ်ပါတယ်။ Queen ရဲ့ Too Much Love Will Kill You ကို အချစ်က ဘဝကိုသတ်တယ် ဆိုတဲ့ နာမည်နဲ့ ဆိုထားတာ။

စတုတ္တ အယ်လ်ဘမ်က ချစ်ခြင်းရဲ့မျက်နှာများ၊ သီချင်းဟောင်းတွေ ပြန်ဆိုတာ ၂ပုဒ်ပါတယ်။ စိုးလွင်လွင် ရဲ့ ဂန္ထ၀င်ဆည်းဆာ နဲ့ ထူးအိမ်သင်နဲ့ ဆိုခဲ့တဲ့ မျက်စိမှိတ်ထားတယ်ကို ပိုးဒါလီသိန်းတန်တဲ့ ပြန်ဆိုထားတဲ့သီချင်း။
ယူမိုးကို တေးရေးဆရာနေရာမှာ သတိထားမိခဲ့တဲ့ အခွေပါပဲ။

ပြန်နားထောင်လိုက်တိုင်း အတိတ်ကို ခရီးပြန်သွားမိတယ်။ သူရဲ့ ပုလဲစီတကွဲစီ အခွေကို ကျွန်တော့် ရဲ့ Panasonic ကက်ဆက်ထဲ ထည့်ပြီး နားထောင်ခဲ့တာ၊ အစဥ်အမြဲသီချင်းကို ရစ်ပြီး အစက ခဏခဏပြန်နားထောင်ခဲ့တာ၊ သိပ်ဆိုးတဲ့ကောင်မလေးကို ချစ်ခဲ့မိတာ၊ အသည်းကွဲခဲ့ရတဲ့ ညနေခင်းများနဲ့ ပြန်မ‌ရောက်ဖြစ်တော့တဲ့ ကိုယ်တို့မြို့လေးဆီရယ်။ လွမ်းရပါတယ် ကိုတာရာရယ်။ ကျွန်တော်နေတဲ့ နယ်မြို့လေးကနေ ရန်ကုန်ကျောင်းကို ပြောင်းလာတော့ တာရာ တက်ခဲ့တဲ့ကျောင်းမှာ တက်ရလို့ စိတ်ထဲကြည်နူးခဲ့ရတာ‌ရော။ တာရာအမေက ဒီကျောင်းက ဆရာမပဲလို့ သိခဲ့ရတာ‌ရော။ ဒီအဖြစ်အပျက်တွေ အားလုံးက ဆယ်စုနှစ်သုံးခုကျော် ကြာခဲ့ပြီဆိုတာ မယုံနိုင်အောင်ပါပဲ။

မောင်ညို
1 September 2025

တာရာ Discography
1992 အလင်းတန်းများ
1994 ပုလဲသီတကွဲစီ
1996 အချစ်နဲ့သိမ်းပိုက်ခြင်း
1997 ချစ်ခြင်းရဲ့မျက်နှာများ
Others
1996 လွန်ပွဲ Duet With ခင်ဦးသစ္စာ မှန်တယ်ရှင်
2010 အာလူးစားသူများအကြောင်း
2014 ပုလဲသီတကွဲစီ ထူးအိမ်သင်ဂီတပွဲတော်

Unreleased Songs

ဂျပ်ဆင်ရှေ့ကသတို့သမီး
အချစ်တစ္ဆေ တာရာ x J-Me
လူမိုက်
အစဉ်အမြဲ(၂)
တနေ့နေ့တော့ချစ်လာလိမ့်မည် x ခေါင်းလောင်းလေးတွေမြည်နေပြီ

#တာရာ

03/09/2025

Senja ဆိုတာ ကားမောင်းရင်း အိမ်တွေကို ရေကြည့်လို့ရတဲ့ Arctic စက်ဝိုင်းထဲက ရွာလေးပဲ။ ရွာသားတွေက ဘာလုပ်စားလည်း မသိပေမယ့် တခုတည်းရှိတဲ့ ဟိုတယ်နဲ့စားသောက်ဆိုင်မှာ နိုင်ငံခြားသား အလုပ်သမားတွေနဲ့။ ထူးခြားတဲ့ တောင်ချွန်ချွန်ကြီးကို ၂ ခါတောင် တက်ကြည့်ခဲ့တယ်။ သူ့ပတ်ဝန်းကျင်မှာ လှတဲ့ တောင်တွေ ကမ်းခြေတွေ ဝိုင်းနေတယ်၊ နေကပူတော့ ထူးခြားတဲ့ ဓာတ်ပုံမရခဲ့ပေမယ့် ခံစားမှု တခုခုတော့ ပေးတဲ့ နေရာပဲ----

23/08/2025

Rivers are amazing part of the nature.

21/08/2025

Lofoten မှာရှိတဲ့ Reine ဆိုတဲ့ မြို့လေးက ပို့စ်ကဒ်မြို့ပဲ။ ခေတ်စကားနဲ့ပြောရင် အင်စတာဂရမ်မာတွေ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ မြို့ပေါ့။ အင်တာနက်မှာ lofoten လို့ ရှာလိုက်ရင် ဒီမြို့ကပုံတွေပဲ ပေါ်လာလိမ့်မယ်။ တံငါအိမ်လေးတွေကို ကျောက်တောင်ကြီးတွေ နောက်ခံနဲ့ အများစုပဲ။ လည်ပတ်သူတွေအတွက် အချက်အချာကျတဲ့ မြို့ဖြစ်ပြီး တောင်တက်၊ လှေစီး ပတ်ဝန်းကျင် စူးစမ်းသူတွေအတွက် အကုန်ရှိတဲ့ မြို့ပဲ။

မြန်မာပြည်ကိုတော့ အသေအချာ လွမ်းပါတယ်---
21/08/2025

မြန်မာပြည်ကိုတော့ အသေအချာ လွမ်းပါတယ်---

20/08/2025

နော်ဝေမှာ သဘောအကျဆုံးက တောင်တွေပြီးရင် မြစ်တွေ ချောင်းတွေပဲ-- တောင်ကျချောင်းတွေက ပိုလှတယ်--

Professional ဓာတ်ပုံဆရာတွေကတော့ အလင်းအမှောင်၊ တည်ဆောက်ပုံ၊ ဓာတ်ပုံက ပြောတဲ့ ခံစားမှုတွေကို ဦးစားပေး ရိုက်ကြ ဖော်ပြကြတယ်။...
09/08/2025

Professional ဓာတ်ပုံဆရာတွေကတော့ အလင်းအမှောင်၊ တည်ဆောက်ပုံ၊ ဓာတ်ပုံက ပြောတဲ့ ခံစားမှုတွေကို ဦးစားပေး ရိုက်ကြ ဖော်ပြကြတယ်။

ကိုယ်တွေအတွက် ဓာတ်ပုံတွေဆိုတာကတော့ စကားပြောတဲ့ အတိတ်တွေပါပဲ။ အမှတ်တမဲ့ ရိုက်ထားတဲ့ ပုံတွေကို ကြည့်လိုက်တာနဲ့ ဆက်စပ်လို့ရတဲ့ အကြောင်းအရာတွေ အများကြီးပေါ်လာတာမျိုး။

အိမ်ရှေ့ လှေဆိပ်ဆိုတာနဲ့ အဲ့ဒီပတ်ဝန်းကျင်မှာ ဘာလုပ်ခဲ့တယ်၊ ဘယ်သူတွေနဲ့ ရှိခဲ့တယ်။ ရေဆိပ်ဆိုလည်း ငါတို့ငယ်ငယ်က ကူးခဲ့တယ်။ သူငယ်ချင်းတွေ ဘယ်သူတွေပါတယ်။ အမေအဖေ အဖိုးအဖွား စတဲ့သူတွေနဲ့ အကြောင်းအရာပေါင်းစုံ အဖြစ်အပျက်ပေါင်းစုံတွေ ဝင်လာတတ်တာမျိုး။

ဓာတ်ပုံတွေဟာ ရိုက်တဲ့သူတွေ အတွက်တော့ ဆက်စပ်နေတဲ့ အတိတ်တွေကို ပြန်လည် အမှတ်ရစေပါတယ်---

လူတွေ ပြောပြောနေတဲ့ အမြင့်ကြီးပဲနော်ဆိုတာ ဒါမျိုးတွေကို ပြောတာလား။ လူ့ဘ၀ဆိုတာ တခါတခါတော့လည်း ထူးဆန်းသား။ နော်ဝေက Lofoten...
03/08/2025

လူတွေ ပြောပြောနေတဲ့ အမြင့်ကြီးပဲနော်ဆိုတာ ဒါမျိုးတွေကို ပြောတာလား။ လူ့ဘ၀ဆိုတာ တခါတခါတော့လည်း ထူးဆန်းသား။ နော်ဝေက Lofoten ကျွန်းတွေဆိုတာ ကြားလည်းမကြားဖူး မြင်လည်း မမြင်ပါဘူး။ အခုနောက်ပိုင်း ဓာတ်ပုံဆရာတွေ ခရီးသွားတဲ့သူတွေရဲ့ ပုံတွေ ဗီဒီယိုတွေမြင်မှ အော် လှလိုက်တာပဲ တွေးမိပြီး သွားရဦးမယ်လို့ တွေးမိတာပဲ ရှိတယ်။ ရောက်မယ့်ရောက်တော့လည်း မထင်မှတ်ပဲ ရောက်သွားပြန်ရော။ စကားမစပ် ညီညီမောင်လည်း Nyi Nyi Maungအဲ့ရောက်ပြီး ယူကျုမှာ ဗီဒီယိုတွေ ဘာတွေ သေချာတင်ထားတာ။ နော်ဝေက လူတွေကတော့ သွားသင့်ပါတယ်။

27/05/2025

မိုးသီချင်းနဲ့ ရွာကို လွမ်း---

26/05/2025

ကျဆုံးသွားတဲ့ စစ်မှုထမ်းတွေအတွက် အမှတ်တရ ဂုဏ်ပြုပေးတဲ့ Memorial Day ပါ။ အမေရိကမှာ ရုံး၊ ကျောင်း၊ အလုပ်တွေ ပိတ်တဲ့ နေ့ဖြစ်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Zaw Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Story:

Share