14/09/2025
👻 ရယ်စရာတွေနဲ့ရောတဲ့ သရဲကား ကြိုက်တတ်တဲ့သူတွေအတွက် Netflix ကနေ ထွက်ရှိထားတဲ့ ဇာတ်ကားလေး တစ်ကားကို ညွှန်းပေးပါရစေနော်။ သရဲကားရိုးရိုးကြီးမဟုတ်ဘဲ ရယ်စရာကောင်းတဲ့ ကောမဒီအပိုင်းတွေနဲ့ ရောစပ်တင်ဆက်ထားတာမို့ သရဲကြောက်တတ်တဲ့သူတွေတောင် သဘောကျမိမှာအမှန်ပါပဲ။ 😂
ဇာတ်လမ်းထဲက ဂျိုးဆိုတဲ့ကောင်လေးကတော့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်သူပေါ့။ သူ့အဘိုးဆုံးတော့ အမွေတွေပုံအောရတော့မှာပဲဆိုပြီး မျှော်လင့်နေပေမယ့် ကံဆိုးချင်တော့ သူ့နာမည်ရောက်တာနဲ့ သေတမ်းစာက အဆုံးသတ်သွားတာတဲ့လေ။ 🤦♂️ ဒါကိုသနားတဲ့ အစ်ကိုဖြစ်သူက သူ့အမွေထဲက 'ပါထုန်ထာနီ' ဆိုတဲ့ အိမ်ကြီးတစ်လုံးကို ဂျိုး့ကို ခွဲပေးလိုက်ပါရော။
ဘာအလုပ်မှ မလုပ်စားတဲ့ဂျိုးလည်း အမွေရပြီဆိုတော့ ပျော်ပြီး ဒီအိမ်ကြီးကိုရောင်းဖို့ စိတ်ကူးနဲ့ လာအကြည့်မှာတော့... အိမ်ထဲကသရဲတွေနဲ့ ပက်ပင်းတိုးပါလေရော! 😱 တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဓားပြတိုက်လို့ အိမ်ရှင်မလေး 'အနုန်' နဲ့ သူ့အစေခံနှစ်ယောက် လူမသိသူမသိ အသတ်ခံခဲ့ရပြီး မကျွတ်မလွတ်ဘဲ သရဲတွေအဖြစ်နဲ့ စောင့်နေခဲ့ကြတာပါ။
ဒီတော့ အိမ်ရောင်းပြီး အချောင်နေချင်တဲ့ ဂျိုး နဲ့ ဒီအိမ်ထဲကနေ ဘယ်လိုမှ မထွက်ပေးနိုင်သေးတဲ့ သရဲ ၃ ကောင်တို့ကြား ဘယ်လိုအလွဲတွေ၊ အလန့်တကြား အဖြစ်အပျက်တွေနဲ့ ရှေ့ဆက်ကြမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲနော်။ IMDb Rating 6.5 လဲ ရထားတာဆိုတော့ ကြည့်ပျော်ရှုပျော်ရှိမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ 👍
ပိုက်ဆံရမယ်ဆိုရင်များ သရဲခြောက်တဲ့အိမ်မှာ နေရဲကြမလား? ကိုယ့်ရဲ့အမြင်တွေကို ကွန့်မန့်လေးတွေမှာ ပြောပြခဲ့ကြပါဦးနော်။ 🤔💬
-----------------
ဇာတ်ကားကြည့်ရန်လင့်
👇👇👇
🎬 ကော့မန့်မှာထည့်ပေးထားတယ်နော်..
------------------------
#မြန်မာစာတန်းထိုး #ထိုင်းကားကောင်း #သရဲဟာသ #ရုပ်ရှင်အညွှန်း #ဇာတ်ကားကောင်း