မိုးမြင့်ကြယ် စာအုပ်ထုတ်ဝေရေးနှင့် စာပေဖြန့်ချိရေး

  • Home
  • Myanmar
  • Yangon
  • မိုးမြင့်ကြယ် စာအုပ်ထုတ်ဝေရေးနှင့် စာပေဖြန့်ချိရေး

မိုးမြင့်ကြယ် စာအုပ်ထုတ်ဝေရေးနှင့် စာပေဖြန့်ချိရေး နည်းပညာစာအုပ်များကိုသာ အဓိကထုတ်ဝေဖြန့်ချိပါသည်။

 #မြို့ပြအင်ဂျင်နီယာလုပ်ငန်းနယ်ပယ်နှင့်ဆက်စပ်နေသူများဆောင်ထားသင့်သောစာအုပ်၃အုပ်1️⃣  #မြို့ပြအင်ဂျင်နီယာအဘိဓာန်(ဒုတိယအကြိ...
16/12/2025

#မြို့ပြအင်ဂျင်နီယာလုပ်ငန်းနယ်ပယ်နှင့်ဆက်စပ်နေသူများဆောင်ထားသင့်သောစာအုပ်၃အုပ်

1️⃣ #မြို့ပြအင်ဂျင်နီယာအဘိဓာန်(ဒုတိယအကြိမ်)
➡ ကျပ်

2️⃣ #မြို့ပြအင်ဂျင်နီယာဆိုင်ရာ အခြေခံနည်းပညာရပ်များနှင့် အဆောက်အဦဆောက်လုပ်ရေးပညာ (ဒုတိယအကြိမ်)
➡ ကျပ်

3️⃣ #မြို့ပြအင်ဂျင်နီယာလက်စွဲ

#၃အုပ်ပေါင်းမှာယူပါက ➡ ကျပ်

စာအုပ် (၁)
#မြို့ပြအင်ဂျင်နီယာအဘိဓာန်
(ဒုတိယအကြိမ်)

စာရေးသူ ➡ ဆရာစိုင်း (FEG)
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ကျပ်
စာမျက်နှာ ➡ ၄၂၇
စာအုပ်ဆိုဒ် ➡ ၁၃.၂ cm x ၁၈.၅ cm)

#ဖော်ပြချက်

ဤမြို့ပြအင်ဂျင်နီယာအဘိဓာန်စာအုပ်တွင်မြန်မာဘာသာဖြင့် ရှင်းလင်းလွယ်ကူစွာ အဓိပ္ပာယ်ဖွင့်ပြထားသော ပညာရပ်ဆိုင်ရာဝေါဟာရ ၅၀၀၀ ကျော်ကိုထုတ်နှုတ်ဖော်ပြထားပြီး စာလုံးတစ်လုံး၏ အနက်အဓိပ္ပါယ်ကိုသက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းလွယ်ကူစွာ လေ့လာနိုင်ရန် သရုပ်ဖော်ပုံ ၅၇၀ကျော် တွဲဖက်ထည့်သွင်း၍ ကျစ်ကျစ်လစ်လစ်ဖြင့် ဖွင့်ဆို တင်ပြထားပါသည်။

စာအုပ် (၂)
#မြို့ပြအင်ဂျင်နီယာဆိုင်ရာ အခြေခံနည်းပညာရပ်များနှင့် အဆောက်အဦဆောက်လုပ်ရေးပညာ (ဒုတိယအကြိမ်)

စာရေးသူ ➡ Future Engineer Generation သင်တန်းကျောင်း စာပြုအဖွဲ့
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ကျပ်
စာမျက်နှာ ➡ ၅၀၆
စာအုပ်ဆိုဒ် ➡ ၁၈.၂ cm x ၂၅.၅ cm

#ဖော်ပြချက်

မြို့ပြအင်ဂျင်နီယာပညာရပ်သည် လူထုလိုအပ်ချက်များနှင့် ဆက်နွှယ်ပြီး သဘာ၀အရင်းအမြစ်စွမ်းအားများကို လူသားများလွယ်ကူစွာ အသုံးချနိုင်ရန် ဖော်ထုတ်စွမ်းဆောင်ပေးသော ပညာရပ်ဖြစ်ပြီး လုပ်ဆောင်သည့် အဆင့်အမျိုးမျိုးပေါ် မူတည်၍ ကျယ်ပြန့်စွာဖြင့် ကဏ္ဍပေါင်းစုံခွဲခြားသတ်မှတ်ထားပါသည်။

ဤစာအုပ်ကို FEG Institute မှ သင်တန်းဆရာများနှင့် တာ၀န်ရှိသူများ၏ ပြန်ဆိုပြုစုပေးချက်အရ ထုတ်ဝေထားခြင်းဖြစ်ပြီး အထူးသဖြင့် အဆောက်အဦ ဆောက်လုပ်ခြင်း အပိုင်းကို အလေးပေးကာ အခြား သင့်လျော်ရာစာအုပ်များမှ မှီးငြမ်းဖြည့်စွက် ထားခဲ့ပါသည်။ အလားတူပင် ကျန်အခန်းအချို့တွင်လည်း သင့်နိုးရာရာ စာအုပ်များမှ ဖြည့်စွက် ပေါင်းထည့်ထားသော ပြုစုရေးသားချက်များ ပါ၀င်ပါသည်။ စာသားများနှင့်အတူ တွဲဖက်ဖော်ပြထားသော သရုပ်ဖော်ပုံများကိုလည်း မှီငြမ်းရယူသော မူရင်စာအုပ်များမှ ပုံများအပြင် အခြား စာအုပ်များမှလည်းကောင်း၊ အင်တာနက် ၀က်ဘ်ဆိုက်များမှ လည်းကောင်း စာဖတ်သူအတွက် ပို၍ ရှင်းလင်းသဘောပေါက်စေခြင်း အလို့ငှာ ရယူ ထည့်သွင်းပေးထားပါသည်။

ကိုးကားမှီငြမ်းသော စာအုပ်အများစုမှာ မက်ထရစ်စနစ်ကို အသုံးပြုထားသဖြင့် ဤစာအုပ်တွင်လည်း အဓိက အားဖြင့် မက်ထရစ်စနစ်သုံးယူနစ်များဖြင့်သာ ဖော်ပြထားသော်လည်း ဗြိတိသျှယူနစ် အသုံးပြုဖော်ပြထားသည် များကိုလည်း တွေ့နိုင်ပါလိမ့်မည်။ အချို့မူရင်းစာအုပ်များမှာ ဗြိတိသျှယူနစ်များ အသုံးပြုထားပြီး လက်တွေ့ အသုံးပြုဆောက်လုပ်ရာတွင်လည်း ယူနစ်နှစ်မျိုးစလုံးပင် ဆက်လက်သုံးစွဲနေကြသေးသဖြင့် ယူနစ်တစ်မျိုးတည်းကို တစ်ညီတည်း သုံးစွဲထားခြင်း မရှိနိုင်သည်မှာ စာအုပ်အတွက် အားနည်းချက်တစ်ရပ်ဟု ယူဆမိလင့်ကစား ရောနှောအသုံးပြုထားခဲ့ပါသည်။

ယူနစ်သုံးစွဲခြင်း ကိစ္စကဲ့သို့ ပြုစုသူများနှင့် တည်းဖြတ်သူအတွက် ဒွိဟဖြစ်ရသည့် ကိစ္စမှာ ပညာရပ်ဝေါဟာရများ သုံးစွဲခြင်း ဖြစ်ပါသည်။ မီဒီယာသုံး မြန်မာစာများတွင်ပင် အင်္ဂလိပ်ဝေါဟာရများကို အရင်းအတိုင်း ကြားညှပ်သုံးစွဲ သည့် အလေ့အထများ တစ်စတစ်စ များပြားလာသည်ကို သတိပြုမိသော်လည်း ကျောင်းသင်မှတ်စုကဲ့သို့ မဟုတ်ဘဲ မြန်မာဘာသာသုံးစွဲသူ အများ ဖတ်ရှုရန် စာအုပ်ဖြစ်သဖြင့် အတတ်နိုင်ဆုံး အသံလှယ်၊ အနက်ပြန် ဝေါဟာရများကို သုံးစွဲခဲ့ပါသည်။ ဝေါဟာရအများစုမှာ အထက်တန်းပညာဦးစီးဌာနမှ ထုတ်ဝေသည့် ပညာရပ် ဝေါဟာရများ စာအုပ်မှ လည်းကောင်း၊ ဒေသကောလိပ် ပြဋ္ဌာန်းစာအုပ်များတွင် သုံးစွဲထားသည့် ပညာရပ် ဝေါဟာရများမှ လည်းကောင်း ရယူသုံးစွဲထားခြင်း ဖြစ်ပါသည်။ ယင်းမှအပဖြစ်သော ဝေါဟာရများကို လက်တွေ့ လုပ်ငန်းနယ်ပယ်သုံးမှ ယူ၍လည်းကောင်း သင့်လျော်သလို အားထုတ်ပြန်ဆို၍လည်းကောင်း အသုံးပြုပါသည်။ ဆီလျော်မှု အားနည်းချက်များ တွေ့ရှိပါက မိမိတို့၏ အားနည်းချက်သာဖြစ်ပြီး လိုအပ်သလို ပြင်ဆင်တည့်မတ်ပေးကြ ရန် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ မြို့ပြအင်ဂျင်နီယာဆိုင်ရာ အခြေခံနည်းပညာများစာအုပ်နှင့် အထူးပြုအခန်းများဖြစ်သော အဆောက်အဦ ဆောက်လုပ်ခြင်းပညာအခန်းများမှာ မြို့ပြအင်ဂျင်နီယာ ပညာသင်ကျောင်းသားများနှင့် ဆောက်လုပ် ရေး လုပ်ငန်းခွင်ရှိ အဆင့်အသီးသီးသော ကျွမ်းကျင်သူနှင့် အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာ များအတွက် တစ်စုံတစ်ရာသော အထောက်အကူရမည်ဟု မျှော်လင့်ပါသည်။ ဤစာအုပ်၏ အားနည်းချက်၊ အားသာချက်ကို ယင်းရည်ရွယ်ရာပုဂ္ဂိုလ်များကပင် မှတ်ကျောက်တင် အဆုံးအဖြတ်ပြုလိမ့်မည်ဟု ယူဆပါသည်။ တုံ့ပြန်လာသော အကဲဖြတ်ချက်နှင့် အကြံပြုချက်များက ဤစာအုပ်၏ ထပ်မံ တည်းဖြတ်ထုတ်ဝေမူများအတွက် လည်းကောင်း၊ ဆက်လက်စီစဉ်ထုတ်ဝေမည့် မြို့ပြနှင့် အဆောက်အဦလုပ်ငန်းဆိုင်ရာ နည်းပညာစာအုပ်များအတွက် လည်းကောင်း အထောက်အပံ့ကောင်းရနိုင်မည်ဟု ယုံကြည်ပါသည်။

စာအုပ် (၃)

ⒽⒶⓃⒹ ⒷⓄⓄⓀ
of 𝗖𝗜𝗩𝗜𝗟
ENGINEERING

စာရေးသူ ➡ ဆရာစိုင်း (FEG)
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ၃၅,၀၀၀ ကျပ်
စာမျက်နှာ ➡ ၆၁၂
စာအုပ်ဆိုဒ် ➡ 13 cm x 20.5 cm

#ဖော်ပြချက်

♦ အင်ဂျင်နီယာများ
♦ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်လုပ်သားများ
♦ မြို့ပြအင်ဂျင်နီယာကျောင်းသား / ကျောင်းသူများ
♦ မြို့ပြအင်ဂျင်နီယာလုပ်ငန်းနယ်ပယ်နှင့် ဆက်စပ်နေသူများ အားလုံးအတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ အခြေခံသိပ္ပံ၊ သင်္ချာမှသည် လက်တွေ့အသုံးချနိုင်သည့် မြို့ပြအင်ဂျင်နီယာဆိုင်ရာ အချက်အလက်ပေါင်များစွာကို ပြည့်ပြည့်စုံစုံပြုစု၍စုစည်းဖော်ပြပေးထားပါသည်။

🇲🇲 မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါသည်။

🚴‍♀️ မှာယူလိုပါက 🚴‍♀️

🔴 ဤ Page သို့ ဆက်သွယ်မှာယူနိုင်ပါသည်

🏬 FEG သင်တန်းကျောင်းတည်ရှိရာ ၃၈ လမ်း ဈေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
☎ 09401184455

15/11/2025
18/09/2025

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺

𝙏𝙞𝙩𝙡𝙚 – On-grid Solar PV System အကြောင်း တစေ့တစောင်း
𝙏𝙖𝙧𝙜𝙚𝙩 𝘼𝙪𝙙𝙞𝙚𝙣𝙘𝙚 – Installers, Engineers, Factory Owners, etc.
𝘼𝙧𝙧𝙖𝙣𝙜𝙚𝙢𝙚𝙣𝙩 – FEG Vocational College
𝙎𝙥𝙚𝙖𝙠𝙚𝙧 – Dr. Min Zaw Lin (𝐑𝐞𝐧𝐞𝐰𝐚𝐛𝐥𝐞 𝐄𝐧𝐞𝐫𝐠𝐲)

1️⃣ နိဒါန်း

♦️ Solar Energy ၏ အရေးပါမှု
♦️ On-grid, Off-grid နှင့် Hybrid System များ ကွဲပြားချက်
♦️ On-grid System ၏ အဓိကလက္ခဏာရပ်များ

2️⃣ On-grid System ၏ အစိတ်အပိုင်းများ (Components)

♦️ Solar Panel (PV Module)
♦️ Inverter (အဓိကအရေးကြီးသော အစိတ်အပိုင်း)
♦️ Mounting Structure & Cables
♦️ Safety Devices (AC/DC Isolators, Surge Protection, Earthing)
♦️ Metering (Net Meter)

3️⃣ On-grid System ၏ အလုပ်လုပ်ပုံ (Working Principle)

♦️ DC မှ AC သို့ ပြောင်းလဲခြင်း
♦️ Grid နှင့် Synchronization လုပ်ခြင်း
♦️ လျှပ်စစ်ဓာတ်အား စီးဆင်းမှု (Import/Export)

4️⃣ ဒီဇိုင်းဆွဲခြင်းနှင့် တပ်ဆင်ခြင်း (Design & Installation)

♦️ Site Assessment (နေရောင်ခြည်ရရှိမှု၊ မိုးရွာသွန်းမှု၊ နေရာလွတ်)
♦️ Load Calculation (စွမ်းအားတွက်ချက်ခြင်း)
♦️ System Sizing (ဘယ်လောက်စွမ်းအားလိုအပ်သလဲ)
♦️ Installation Best Practices & Safety

5️⃣ စီးပွားရေးအရ အကျိုးကျေးဇူးများ (Economic Benefits)

♦️ လျှပ်စစ်ဘေးလ်လျှော့ချခြင်း
♦️ Net Metering ၏ အဓိပ္ပာယ်
♦️ Return on Investment (ROI) နှင့် Payback Period
♦️ ငွေကြေးဆိုင်ရာ မူဝါဒများ (ချေးငွေ၊ Incentives)

6️⃣ စက်ရုံပိုင်ရှင်များအတွက် အထူးသတိပြုရန်

♦️ စက်ရုံ၏ Load Profile ကိုနားလည်ခြင်း
♦️ စီမံကိန်းချမှတ်ခြင်း
♦️ O&M (လုပ်ငန်းလည်ပတ်မှုနှင့် ထိန်းသိမ်းမှု)

7️⃣ ဖြေရှင်းရမည့်အခက်အခဲများနှင့် အကောင်းဆုံးလုပ်ဆောင်နည်းများ
8️⃣ အနာဂတ်ရှုမြင်ကွင်းနှင့် ကောက်ချက်
9️⃣ မေးခွန်းနှင့်အဖြေအပိုင်း (Q&A)

𝐃𝐚𝐭𝐞 - 21.9. 2025 (Sunday)
𝐓𝐢𝐦𝐞 - 8:00 PM - 9:30 PM
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 𝐒𝐞𝐬𝐬𝐢𝐨𝐧

တက်ရောက်ရန် Register လုပ်လိုပါက အောက်ပါ google form ကို ဖြည့်စွက်ပေးပါ Zoom Link ပို့ပေးပါမယ်

https://docs.google.com/forms/d/e/1FAIpQLSczwTb50jO23avs5r0ia1zDa_uRbkovuguaA6O28gEyr1QIXA/viewform?usp=sf_link

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။


18/09/2025

#အခမဲ့သင်တန်းများအတွက်လျှောက်လွှာခေါ်ယူခြင်း

✅ သင်တန်းလျှောက်ထားခွင့်လိုအပ်ချက်များ

♦️ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မည်သူမဆို လျှောက်ထားနိုင်သည်

♦️ ငလျင်ဒဏ်သင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ အနီးတစ်ဝိုက်ရှိ ဒေသခံများအား ဦးစားပေးလက်ခံမည်

♦️ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်

♦️ သင်တန်းပြီးဆုံးပါက သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူများကို ဦးစားပေးရွေးချယ်ပါမည်။

🎗️ ဤသင်တန်းအား မည်သူမဆို၊ လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းနှင့် မည်သည့်နယ်ပယ်မှမဆို အားလုံးပူးပေါင်းပါဝင်ခွင့်ရှိပါတယ် 🎗️

🛑 ၁ လသင်တန်း

အချိန် - မနက် ၉နာရီမှ ညနေ ၄ နာရီ
( သင်ကြားချိန် ၆ နာရီ)
နေ့ - တနင်္လာမှ သောကြာ (တစ်ပတ် ၅ရက်)
သင်တန်းကာလ - ၁လ
အသက် - ၁၈ နှစ်မှ ၄၅ နှစ်

သင်တန်းစမည့်ရက် - .၁၀.၂၀၂၅

(ကျွမ်းကျင်တတ်မြောက်မှုအတွက် စစ်ဆေးအကဲဖြတ်မည်)

* သင်တန်းတက်ရောက်ခွင့်အတွက် လျှောက်ထားရန် *

➡️ အောက်ပါ Link မှ Google form ဖြည့်၍ လျှောက်ထားနိုင်ပါသည်

https://docs.google.com/forms/d/e/1FAIpQLSeHudJRzIm5uFTOAxghIKfaK3fFw5LpHnRclRlcJquZ_TVXOA/viewform?usp=header

💥အရွေးချယ်ခံရသူများ သင်တန်းကြေး လုံးဝ အခမဲ့ဖြင့် တက်ရောက်နိုင်ပါမည် 💥

မှတ်ချက်

✅ သင်တန်းဆင်းများအတွက် အခမဲ့ဝန်ဆောင်မှုများ -

OJT ဆင်းနိုင်ရန်နှင့် အလုပ်အကိုင်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း

သင်တန်းအကြောင်း အသေးစိတ် သိလိုပါက....

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.feginstitute.com

☎️ Ph.no - 09 - 795 926 255

FEG Mandalay သင်တန်းကျောင်းတည်ရှိရာ -

58Ath Street, Between (22A x 22B), Aungmyaytharsan Township, Mandalay



#ဆိုလာတပ်ဆင်ခြင်းအတတ်ပညာ
#အဆောက်အဦလျှပ်စစ်ဝါယာရင်းအတတ်ပညာ
#အိမ်တွင်းလျှပ်စစ်ပစ္စည်းများပြုပြင်င်နည်းအတတ်ပညာ



#အခမဲ့သင်တန်း
#စာတွေ့လက်တွေ့

02/07/2025

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴

☀️ ဆိုလာတပ်ဆင် အသုံးပြုရာတွင် သိထားသင့်သော အချက်များ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းတွင် စွမ်းအင်သုံးစွဲမှု မြင့်မားလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ချရေး စသည်တို့ကြောင့် ဆိုလာစနစ်များကို အိမ်နှင့် စက်မှုလုပ်ငန်းများတွင် တွင်ကြယ်စွာအသုံးပြုလာကြသည်ကို တွေ့ရှိရပါတယ် ...

သို့သော်ဆိုလာစနစ်တပ်ဆင်ခြင်းသည် စနစ်တကျ မဟုတ်ပါက မျှော်မှန်းချက်အတိုင်း အကျိုးမရှိနိုင်သည့်အတွက် အောက်ပါအချက်များကို သေချာသိရှိထားခြင်း မရှိမဖြစ်လိုအပ်ပါတယ် ...

1️⃣ ဆိုလာပြား (Solar Panel) ရွေးချယ်မှု

✅ အရည်အသွေး – တာရှည်ခံမှု၊ အာမခံနှင့် စက်မှုအဆင့်။

✅ စွမ်းအား (Watt) – မိသားစု/စက်ပစ္စည်းအသုံးအတွက် လိုအပ်ချက်အပေါ်မူတည်၍ ရွေးချယ်ရန်။

✅ အမျိုးအစား – Polycrystalline / Monocrystalline / Thin-film စသည်ဖြင့် သိရှိထားရန်။

2️⃣ ဘက်ထရီနှင့် သိုလှောင်မှုစနစ်

🔋 ဘက်ထရီအမျိုးအစား – Lead-acid, AGM, Gel, Lithium-ion စသည်ဖြင့် ကြာရှည်သုံးနိုင်မှုနှင့် ဈေးနှုန်းကိုနှိုင်းယှဉ်ရွေးချယ်ရန်။

🔋 စွမ်းအား (Ampere-hour) – မိမိသုံးစွဲမည့် Load အပေါ်မူတည်၍ တိတိကျကျတွက်ချက်ရန်။

🔋 Charge Controller – MPPT / PWM ထဲမှ အသုံးပြုမည့်စနစ်ကို သုံးစွဲမှုအပေါ်မူတည်၍ရွေးရန်။

3️⃣ အင်ဗာတာ (Inverter) ရွေးချယ်မှု

⚡ Pure Sine Wave Inverter – Sensitive electronics များအတွက် သင့်တော်သည်။

⚡ Modified Sine Wave Inverter – သာမန်လူသုံးပစ္စည်းများအတွက်အသုံးပြုနိုင်သော်လည်း အနည်းငယ် Noise ရှိနိုင်သည်။

⚡ စွမ်းအား (Watt) – သုံးစွဲမည့် AC Load စုစုပေါင်းထက် များအောင်ရွေးချယ်ရမည်။

4️⃣ တပ်ဆင်မည့်နေရာရွေးချယ်မှု

📍 နေရောင်ခြည်ရရှိမှု – နေရောင်တိုက်ရိုက်ရရှိသောနေရာဖြစ်ရန်။

📍 အရိပ်ကင်းစင်မှု – အဆောက်အအုံ၊ သစ်ပင်စသည်ဖြင့် ကာကွယ်မှုကင်းစင်ရမည်။

📍 Panel Orientation & Tilt – စွမ်းအင်အပြည့်အဝ ရရှိနိုင်မည့် အရပ်မျက်နှာကို ရွေချယ်ရန်။

5️⃣ ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှု

🧼 Panel သန့်ရှင်းရေး – ဖုန်မှုန့်နှင့် အညစ်အကြေးများကြောင့် စွမ်းဆောင်ရည်လျော့နည်းနိုင်သဖြင့် ပုံမှန်သန့်ရှင်းရေးလုပ်ရန်။

🔌 ဝိုင်ယာ/ချိတ်ဆက်မှုစစ်ဆေးခြင်း – Loose connection, short circuit မဖြစ်စေရန်။

🔋 Battery Maintenance – Regular voltage check, electrolyte level ကို ပုံမှန်စစ်ဆေးရန်။

6️⃣ လုံခြုံရေးနှင့် ဥပဒေဖော်ပြမှု

🔒 AC/DC Side Circuit Protection – MCB, SPD, Fuse စနစ်တပ်ဆင်ခြင်း။

⚖️ ဥပဒေရေးရာမူဝါဒများ – Grid-Tie Systems အတွက် မြန်မာနိုင်ငံမူဝါဒများနှင့် လျှပ်စစ်ဌာနလက်ခံချက်များကိုလိုက်နာရန်။

📌 ဆိုလာစနစ်တပ်ဆင်မှုသည် တတ်ကျွမ်းမှုအပြည့်အဝနဲ့လုပ်ဆောင်သင့်ပြီး လိုအပ်ချက်နဲ့အညီ စနစ်တကျတပ်ဆင်မှသာ စွမ်းအင်အထောက်အကူကို ဘေးအန္တရာယ်ကင်းစွာဖြင့် အပြည့်အဝရရှိနိုင်မည်ဖြစ်ပါသည်။

တက်ရောက်ရန် Register လုပ်လိုပါက အောက်ပါ google form ကို ဖြည့်စွက်ပေးပါ Zoom Link ပို့ပေးပါမယ်

https://docs.google.com/forms/d/e/1FAIpQLSczwTb50jO23avs5r0ia1zDa_uRbkovuguaA6O28gEyr1QIXA/viewform?usp=sf_link

𝐃𝐚𝐭𝐞 - 3. 7. 2025 (Thursday)
𝐓𝐢𝐦𝐞 - 8:00 PM - 9:00 PM
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 𝐒𝐞𝐬𝐬𝐢𝐨𝐧

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။


၂၀၂၅ ခုနှစ် မေလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့ အခါသမယတွင် ဗုဒ္ဓ၏ မေတ္တာရိပ်ကြောင့် မ...
10/05/2025

၂၀၂၅ ခုနှစ် မေလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
ကဆုန်လပြည့်နေ့ အခါသမယတွင် ဗုဒ္ဓ၏ မေတ္တာရိပ်ကြောင့် မြန်မာနိုင်ငံသားအားလုံး အစစအရာရာ အဆင်ပြေ၍ ချမ်းမြေ့ပါစေရန်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ညပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကိုရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် ဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်းညစသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည် ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

နှစ်သစ်ကူးအခါသမယမှ စ၍ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အနာဂါတ်မှာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းတဲ့ လူမှုဘဝတွေကို ပိုင်ဆို...
13/04/2025

နှစ်သစ်ကူးအခါသမယမှ စ၍ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အနာဂါတ်မှာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းတဲ့ လူမှုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ...

၃၈လမ်းစျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်း နှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်။

☎ဖုန်း - 𝟎𝟗 5155373

Address

ဒုတိယထပ်၊ ၃၈ လမ်းဈေးပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Yangon

Alerts

Be the first to know and let us send you an email when မိုးမြင့်ကြယ် စာအုပ်ထုတ်ဝေရေးနှင့် စာပေဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မိုးမြင့်ကြယ် စာအုပ်ထုတ်ဝေရေးနှင့် စာပေဖြန့်ချိရေး:

Share

Category