The Muse Creation

The Muse Creation This is a Platform for all music Producers to connect with their Customers.

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
10/02/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

သူတို့ ရောင်းတဲ့ ပုံစံ မျိုးလေးတွေ သဘောကျတယ်mp3 ဆို တစ်စျေး wave ဆို တစ်စျေး consolated wave ဆို တစ်စျေး ဒါတောင် အခြားသူ...
04/04/2019

သူတို့ ရောင်းတဲ့ ပုံစံ မျိုးလေးတွေ သဘောကျတယ်

mp3 ဆို တစ်စျေး wave ဆို တစ်စျေး consolated wave ဆို တစ်စျေး ဒါတောင် အခြားသူကြိုက်ရင် ထပ်ရောင်းခွင့် ရှိသေးတယ်နော် ဘာလို့ဆိုတော့
သူတို့ ကို ပေးလိုက်နဲ့ တီးလုံးက royality တွေ ကို အကုန် ပေးလိုက်တာမဟုတ်ဘူး

ငှားရမ်း အသုံးပြုခွင့် တစ်နည်းပြောရင် ခများတို့ အသံ နဲ့ ကျနော့် music ပေါ်မှာ သီဆိုခွင့် ကို ပဲ ပေးလိုက်တာ

non_commercial အနေ နဲ့ online ပေါ်မှာ mp3 ပဲ တင်တင် MTV အနေ နဲ့ ပဲ တင်တင် lyric video လုပ်ပြီးပဲ တင်တင် publish လုပ်ခွင့်ပြုထားတယ် ( ဒီအချက်လေးမှာ ဒီတီးလုံးနဲ့ တစ်ခြားသူတွေ ဆိုခွင့် ရှိသေးတယ်ဆိုတာလေး မမေ့ပါနဲ့)

အဲ့မှာ ခများတို့က Streamming apps တွေပေါ်မှာ တင်ပြီးရောင်းချတော့မယ်ဆိုရင် ကျနော်တို့ ဆီက ခွင့်ပြုချက်ကို ထပ်ပြီး ယူရမယ်ဆိုတာ မမေ့ ပါနဲ့ဦး

CD Publishing လုပ်ရာမှာလဲ ထပ်ပြီး ရယူရမယ့် publishing liscence တွေ ( Music Producer တွေ Recording Studio တွေ Mixdown engineer တွေ နဲ့ Mastering engineer တွေ ဆီက နေ ) အဲ့လို Step လေးတွေ ကို လဲ ဖြတ်ကျော်ဖို့ လိုသေးတယ်ဗျ

လောလောဆယ် ကျနော်တို့ဆီမှာ တွေ့နေမြင်နေရတာတွေက
Download beat တွေ ကို ရောင်းစားတာတွေ Download beat တွေ နဲ့ စင်ပေါ်မှာ ဆိုနေတာတွေ
သီချင်းကို Produce လုပ်ပေးထားတဲ့ သူရဲ့ Profession ကို စော်ကားနေတဲ့ အလားတူ ကိစ္စ လေးတွေ ကို မြင်နေရတုန်းပဲ

**ဘာလို့ ဒါမျိုးတွေ ဖြစ်နေကြတာလဲ** (ကိုယ်ပိုင်သုံးသပ်ချက်မို့ မှားကောင်းမှားနိုင်သည်)

၁. မသိလို့ ( သီချင်းဆိုတဲ့ သူ 60% လောက်က Eng စာ မြင်ရင် auto ကြောက် လေ့လာဖို့ဆိုတာဝေး )

၂. ဒီနိုင်ငံ ရဲ့ Cultureအရ အဆိုတော်centric ဖျော်ဖြေရေးဖြစ်နေလို့

၃. အဆိုတော်ကိုယ်တိုင်တောင် ပိုက်ဆံ မရတာ ဘယ် Beatmaker ကို ဘယ်က ပိုက်ဆံ နဲ့ ပေးမတုန်း 😅 ( ငယ်ငယ်တုန်းကဆို ခိုးကူးခွေတွေထဲ ကိုယ့်သီချင်းပါလာရင်တောင် ပျော်နေရတာ )

၄. (အန္တရာယ်ကြီး တယ် ငပြည့်😅) သိတယ် မပေးချင်တာ တစ်ခြားသူတွေလိုပဲ မသိချင်ယောင်ဆောင်ပြီး ခွေးစျေးဝက်စျေး လိုက်နှိုက်တာ

နိုင်ငံတကာမှာ ဆိုရင် စင်ရှေ့ထွက် artist ထက် ကို စင်‎နောက်မှာ support ပေးနေကြတဲ့ သူတွေ ကို ပိုပြီးတော့ ကာကွယ်ပေးထားကြတယ်

ဘာလို့ဆိုတော့ သူတို့က ဒီ Product တွေ ရဲ့ Quality တစ်ခု ကို ထိန်းသိမ်းပေးနေတဲ့ ယန္တရားလေးတွေကိုး

တော်သင့်ဘီလေ 😁😁

Mention That Producer!
13/01/2019

Mention That Producer!

11/01/2019

18/11/2018

Check It.. 😉😉

Akai Fire 🔥🔥Credits: Launch Beatz Reocrds
29/09/2018

Akai Fire 🔥🔥

Credits: Launch Beatz Reocrds

29/09/2018

" Hip Hop ".......................
ဒီ Title အောက်မှာပဲ အခြား Branch Titles တွေ ရှိပါတယ် ။ သိသလောက်နဲ့ လူကြိုက်များတဲ့ Types တွေကတော့ ......

၁။Old School Hip Hop
၂။New School Hip Hop
၃။East Coast Hip Hop
၎။West Coast Hip Hop
၅။Mid West Hip Hop
၆။Gangstar Hip Hop
၇။Southern Hip Hop
မသိဘဲ ​လေကျယ်​တာထက်​ ​လေ့လာပြီး လုပ်​ရတာ တန်​ဖီုးရှိပါတယ်

" Hip Hop " ဆိုတာကလဲ ဆင့်ကဲဖြစ်လာတဲ့ ဂီတ အမျိုးအစား တခုပါ ။ ကျွန်တော် လက်လှမ်း မှီသလောက် ဆိုရင် ဒီလောက်ပဲ ရေးပေးနိုင်မယ် ။ အခြေခံ အဆင့် ကို မသိတဲ့လူတွေ တွက် ။ နောက်ပိုင်း မှာလဲ " Hip Hop " က တဆင့်တဆင့် များလာတာ တကြောင်း ပြီးတော့ လူတော်လူတတ်တွေ များလာတာ တကြောင်း ကြောင့် ချဲ့ထွင်ပြီး ပြောလို့ မဖြစ်ဘူးဗျာ ။ အဲ့ကြောင့် ဒီ Types တွေရဲ့ စဖြစ်လာတဲ့ Locate တွေ သီချင်းကို ဖန်တီးခဲ့ ကြတဲ့ လူတချို့ ဖန်တီးလေ့ ရှိကြတဲ့ Tempo လေးတွေကို တချက် ရေးပေးလိုက်ပါတယ် ။.....

" Old School Hip Hop "
..........................................
" Old School Hip Hop " က " Hip Hop " ကို စတင်တဲ့ အမျိုးအစား တခု လို့ပြောရပါတယ် ။ ဒီ Type ကို ၁၉၇၆ ကအစ ၁၉၈၂ အထိ သတ်မှတ်ထားတဲ့ Rap ဂီတ တမျိုးဖြစ်ပါတယ် ။ ဒီဂီတက Dj Kool Herc , Afrika Bambaataa , Besatie Boys , Grandmaster Flesh & Furious Five , Sugarhill Gang , RUN DMC , Public Enemy , တို့လို ပုဂ္ဂိုလ် တွေ ဖန်တီးခဲ့တဲ့ " Hip Hop " ဂီတသီချင်း တွေ ကို ဆိုပါတယ် ။
Tempo အနေအထားအရ ၉၀ နဲ့ ၁၁၀ ကြားမှာ ဖန်တီးလေ့ ရှိပါတယ် ။

" New School Hip Hop "
............................................
‌" New School Hip Hop " ဆိုတာကတော့ ၁၉၈၃ က စပြီး ၁၉၉၉ ခုနှစ်ထိ အောင်မြင်ခဲ့ တဲ့ ဂီတ အမျိုးအစား လဲ ဖြစ်ပါတယ် ။" Old School " နဲ့ " New School " အပြောင်း အလဲ ကြားက အောင်မြင်ပြီးသားနဲ့ အောင်မြင်လာတဲ့ Ice-T , CypressHill , Snoop Dogg , Nutorious B.I.G , Tupac , Eazy-E , Dr.Dre , Nas , Jay -Z , Ice Cube , Wu-Tang Clan , 50 Cent , The Game , LL Cool j , တို့ ကြောင့် " New School " တွေဖြစ်လာတယ် ။ သူတို့ရဲ့ ဂီတသီချင်းတွေက " Old Schvl Clash " ဘက် ရောက်ပေမဲ့ တခြား အနုပညာရှင် တွေ ကတော့ " New Clash " ဘက် ရောက် ကြတယ် ။ " New Clash " တွေက သူတို့ရဲ့ သီချင်းတွေ ကို Tempo ၁၀၀ နဲ့ ၁၂၀ အထိ ဖန်တီးလေ့ရှိကြတယ် ။

" West Coast Hip Hop "
...........................................
1978 နောက်ပိုင်းက စပြီး Amarican အနောက်ဘက် ကမ်းရိုးတန်း ဒေသ တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီတ တခုပါ ။ American နိုင်ငံရှိ အနောက်ဘက် ကမ်းဂိုးတန်း တလွှား က LA (Los Angeles) , Las Vegas , San Diego , Long Beach , San Frarciscos , Oakland , Compton , Phrenix , Seattle စတဲ့ ပြည်နယ် နိုင်ငံ ဒေသ တွေ မှာ ပေါ်ပေါက်ခဲ့ တာပါ ။ West Coast Hip Hop ပေါ်ချိန် က Gangstar Hip Hop တွေနဲ့ ယှဉ်တွဲ ပြီးဖြစ်လာတာ ကြောင့် အချိန်ကသိပ်မကွာခြားပါဘူး ။ ပြီးတော့ West Coast က စကားလုံးတွေ ဗန်းစကားတွေ နဲ့ လက်တန်း ဆိုတာတွေ ထက် အကြောင်းအရာတွေ ဖြစ်တဲ့ နိုင်ငံရေး ၊လူမူရေး ၊လူ ၊ Street , Nature ပေါ် မှာ အခြေ ခံ ပြီး ဆိုတာများတယ် ။ Battle ဆိုတာထက် အကြောင်းအရာကို အဓိက ပေးပြီး ဆိုတယ် ။ West Coast သီချင်းတွေကိုတော့ Tempo 100 နဲ့ 120 အကြားမှာပဲ ဖန်တီးလေ့ရှိပါတယ် ။

" East Coast Hip Hop "
..........................................
1967 လောက်က အရှေ့ဘက် ကမ်းရိုးတန်းဒေသ မှာ အခြေချရွှေ့ ပြောင်း နေထိုင်ခဲ့တဲ့ Musicians တွေရဲ့ စတင်ဖန်တီး လိုက်တဲ့ Type တမျိုးပါ ။ Hip Hop ရဲ့အစ ဦးပိုင်းမှာ ပေါ်ထွတ်ခဲ့လို့ ဂီတရဲ့ အစလို့လဲ ပြောလို့ရပါတယ် ။ စီရင်ချက်ချဒေသ 5 ခုဖြစ်တဲ့ Manhatton , The Bronx , Brooklyn , Queens နဲ့ Stae Island ဒေသတွေ မှာ စတင်ပျံနှံ့ ခဲ့ပြီး ဒီအထဲကမှ Bronx က East Coast rapper တွေရဲ့ Begotten locate တခုဖြစ်ခဲ့ပါတယ် ။ East က Lyric skills ကိုအဓိက ထားပြီး လက်တန်းချိတ်ဆက် ချဲ့ထွင် ဖန်တီးခဲ့ပါတယ် ။ နောက်ပြီး Element ထဲက နှစ်ခုဖြစ်တဲ့ Breaking Dancing နဲ့ Deejaying ကိုလဲ စနစ်ကျကျ rule တွေ regulation တွေ နဲ့ ဦးဆောင်လမ်းပြခဲ့ပါတယ် ။ သီချင်းတွေက African - American လူမျိုးတွေရဲ့ လေယူလေသိမ်း အသံထွတ် တွေနဲ့ပဲ Amrican's Tonality အတိုင်းပဲ ဖွဲ့နွဲ့ ခဲ့ပါတယ် ။ သူတို့ရဲ့ သူချင်းတွေ က အများအားဖြင့် Tempo ၉၀ နဲ့ ၁၂၀ ကြားမှာပဲ ထားတတ်ပါတယ် ။

" Mid West Hip Hop "
..........................................
" Mid West Hip Hop " က ၁၉၉၀ ခုနှစ်နောက်ပိုင်း American ရဲ့ အလယ်ပိုင်း ဒေသ တွေ ဖြစ်တဲ့ Chicago , Detroit , Michigan , Illinois , St.Louis , Columbia တွေမှာ ပေါ်ပေါက်ခဲ့ တဲ့ " Hip Hop " ဂီတတမျိုး ဖြစ်ပါတယ် ။ သူတို့ရဲ့ Tempo Range က အများနဲ့ မတူတာ တွေ့ ရ ပါတယ် ။ မြင့်လဲ မြင့်တယ် ။ Range တွေကို ၉၀ ကနေ ၁၈၀ ထိ ဖန်တီးသုံးစွဲ ကြပါတယ် ။ တခြား Mid West အကြောင်းကတော့ ထပ် ပြောစရာ မလိုလောက်အောင် သိပြီးသားမို့ မရေးတော့ပါဘူး ။

" Gangsta Hip Hop "
.......................................
" Gangsta Hip Hop " ကသီးသန့်ကြီး ခွဲထွတ် နေတာမျိုးမဟုတ်ပါဘူး ။ " West Coast " နဲ့ တပါတည်း တဆင့် ဖြစ်လာတဲ့ ဂီတ တမျိုးပါ ။ ၁၉၈၃ ခုနှစ် ပတ်လည် တဝိုက် မှာ ထွတ်ပေါ် လာတာလဲ ဖြစ်ပါတယ် ။ လမ်းဘေး ဒုစရိုက်ဂိုဏ်းများ နှင့် မူးယစ် ဆေးဝါး ဂိုဏ်း သား များ အကြောင်း ၊ နိုင်ငံရေး အကြောင်း ၊ Street Culture အကြောင်း အရာ တွေကို အဓိကထား စပ်ဆိုတဲ့ " Hip Hop " Branch တခုပါ ။ ပြီးတော့ GangSta Hip Hop ကို တနည်းအားဖြင့် " Hardcore Rap " လို့လဲ ခေါ်ပါတယ် ။ Gangsta Rap တွေကို တော့ West Coast အတိုင်း ၁၀၀ နဲ့ ၁၂၀ ကြားမှာ ဖန်တီးကြပါတယ် ။

" Southern Hip Hop "
........................................
‌" Southern Rap " တွေကို The Geto Boys အဖွဲ့က ၁၉၈၅ ခုနှစ် ဝင်းကျင် လောက်က သယ်ဆောင် လာခဲ့ပါတယ် ။ သူတို့ရဲ့ " Dam It Feels good to be a Gangsta " သီချင်းနဲ့ " My mind playing Trick on me " သီချင်း နှစ်ပုဒ်မှာ " Sourthern Rap " နဲ့ " Gangsta Rap " တွေကို ထည့်သွင်း ရွ:ဆိုရာမှ သိရှိလာပြီး မိုင်ယာမီ မှာလဲ 2 Live Crew အဖွဲ့က လဲ Hip Hop ပုံစံတခု ပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့ တယ် ။ Southern ( Dirty South ) Rap တွေက S*x , Club , Party , စတဲ့ နေရာတွေ အကြောင်း ကို စပ်ဆို တဲ့ " Hip Hop " မျိုးခွဲ တခု လို့ လဲ သတ်မှတ်ထားပါတယ် ။ Southern Rap တွေရဲ့ Tempo အနေထားကတော့ ၈၀ ကနေ ၁၈၀ ထိ ရှိပါတယ်

Crd Street Knowledge GP
အက်​မင်​ CyB

နောက်​ထပ်​ Knowledge ​တွေ ရသ​ရောက်​ အမြဲ Share ​ပေးပါမယ်

28/08/2018

#50

🚨🚨🚨"Get The Strap" offical MV 🚨🚨🚨
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

Address

Building 53, Yangon Insein Road, 3rd Quarter, Mayangone, Yangon
Yangon
11181

Alerts

Be the first to know and let us send you an email when The Muse Creation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Muse Creation:

Share