HLA Gaming Channel

HLA Gaming Channel Hello, It’s Ko Htin

01/10/2025

FYI guys😍

Kirby & Forgotten Land Switch 2 Edition star-Crossed World DLC လေး 100% အောင်သွားပါပြီ။Switch 2 edition upgrade က 20$ ပါ...
01/10/2025

Kirby & Forgotten Land Switch 2 Edition star-Crossed World DLC လေး 100% အောင်သွားပါပြီ။

Switch 2 edition upgrade က 20$ ပါ🥹

Zelda BOTW & TOTK တို့တောင် $10 upgrade ပဲယူတဲ့ချိန်မှာ၊ သူက 20$ တောင်တောင်းတာဆိုတော့ သိပ်မတန်ဘူးလို့တော့ခံစားရတယ်။

Kirby လေးကတော့ ပိုချစ်ဖို့ကောင်းသွားတယ်ဆိုပေမဲ့ gameplay က Mario Odyssey တို့ Luigi mansion 3 တို့နဲ့ယှဉ်ရင် နည်းနည်းလွယ်တယ်။ ကလေးလေးတွေအတွက်ဆိုရင်တော့ အရုပ်လေးတွေကချစ်ဖို့ကောင်းပြီး၊ gameplay ကလဲအရမ်းမခက်တာကတော့ ကွက်တိပါပဲ။ လူကြီးတွေ အတွက်တော့ နည်းနည်းပိုခက်ထားပေးရင် ဆော့လို့ပိုကောင်းမယ်။

ဒီဂိမ်းလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ဂိမ်းလေးတွေဆော့ချင်တဲ့သူတို့၊ Kirby fan တို့ဆိုရင်တော့ ဆော့ကြည့်သင့်ပါတယ်။

နည်းနည်း challenging ဖြစ်တာကြိုက်တဲ့သူမျိုးဆိုရင်တော့ ကျော်လိုက်ပါ။

Switch 2 FC26 က ဘယ်လိုအနေအထားတွေရှိလဲ၊ ဘာတွေ တိုးတက်လာလဲ၊ ဘာတွေ လိုအပ်နေသေးလဲ First Impressions ပြောပြပေးထားပါတယ်✌🏻
28/09/2025

Switch 2 FC26 က ဘယ်လိုအနေအထားတွေရှိလဲ၊ ဘာတွေ တိုးတက်လာလဲ၊ ဘာတွေ လိုအပ်နေသေးလဲ First Impressions ပြောပြပေးထားပါတယ်✌🏻

Nintendo Switch 2 ပေါ်မှာ FC26 က ဘယ်လိုနေလဲ၊ မိုက်လား???

Captain Toad Treasure Tracker လေး 100% ပြီးမြောက်သွားပါပြီ။Hollow Knight silksong 100% အောင်သွားပြီးနောက်မှာ၊ အရင်ကခက်လိ...
25/09/2025

Captain Toad Treasure Tracker လေး 100% ပြီးမြောက်သွားပါပြီ။

Hollow Knight silksong 100% အောင်သွားပြီးနောက်မှာ၊ အရင်ကခက်လို့ မအောင်သေးတဲ့ အခန်းတွေပြန်ဆော့တာ အဲ့လောက်ကြီးမခက်တော့သလိုပဲ🤣

Bonus Episode မှာနောက်ဆုံးကျန်နေတဲ့ Mummy-Me Maza Forever ဆိုတဲ့ အခန်းက အဆင့် 50 ကို ဆက်တိုက်လုပ်ရတာ။ အဲ့ကောင်လေးက အရင်က ၂-၃ ရက်လောက်ဆော့နေတာ မအောင်နိုင်ဘူး။ ၄၃-၄၄ လောက်ရောက်ရင်ကို လူကပြာပြီး ရှုံးသွားတာများတယ်။ ခု Silksong အောင်ပြီးပြန်ဆော့တော့ ၃ ခါလောက်နဲ့ အောင်သွားရော🤣 (ဒီလောက်အခက်ခဲလောက်က မတိုးတော့တာနေမယ်)

ဒီဂိမ်းလေးက Switch 1 မှာတုန်းက Episode 1 ပဲအောင်ထားတာ၊ ခု Switch 2 version free update ရတော့ portable 1080 နဲ့အကုန်ပြီးအောင်ဆော့ဖြစ်သွားတယ်။

Captain Toad ကလဲ Nintendo ရဲ့ iconic character ထဲမှာပါတယ်ဆိုတော့၊ exclusive games တွေအကုန်ဆော့ချင်တဲ့သူဆိုရင် ဆော့သင့်တဲ့ထဲပါပါတယ်။ Gameplays က fun ဖြစ်တယ်ပေါ့ပေါ့ပါးပါးနဲ့ဆိုတော့၊ ကလေးလေး တွေကိုပေးဆော့လို့လဲအဆင်ပြေတယ်။ လူကြီးလေးတွေ ဆော့ရင်လဲ မလောင်ရဘူး။ (100% ပြီးအောင်မဆော့ရင်ပေါ့၊ 100% ဆိုရင်တော့ လောင်ရပါမယ်🥹)

ကဲ နောက်ထပ်ဂိမ်းကြွေးတစ်ခုကျန်သေးတဲ့ Kirby & Forgotten Land Switch 2 DLC လေးဆက်ဖြတ်လိုက်ဦးမယ်😋

အရမ်းကြိုက်တဲ့ ဂိမ်းတစ်ခုအောင်သွားပြီးရင် ၂-၃ ရက်လောက် ဘာဆော့လို့ဆော့ရမှန်းမသိဖြစ်ပြီး၊ ငူငူငေါင်ငေါင်ကြီးဖြစ်နေတာမျိုးက...
24/09/2025

အရမ်းကြိုက်တဲ့ ဂိမ်းတစ်ခုအောင်သွားပြီးရင် ၂-၃ ရက်လောက် ဘာဆော့လို့ဆော့ရမှန်းမသိဖြစ်ပြီး၊ ငူငူငေါင်ငေါင်ကြီးဖြစ်နေတာမျိုးကြုံဖူးကြလား🙄

ကျနော်တော့ ဒီနှစ်ထဲမှာ အဲ့လို feel ကြီးခံစားရတာ ၂ ခါရှိပြီ။ ပထမတစ်ခါက Expedition 33 အောင်သွားတုန်းက၊ အဲ့တုန်းကလဲ တစ်ပတ်လောက် ငေါင်ပြီးကျန်ခဲ့တာ။

ခုလဲ Silksong အောင်သွားပြီးတော့၊ ဟိုဂိမ်းဝင်လဲ ခဏဆော့ကြည့်လိုက်၊ ပြန်ထွက်လိုက်နဲ့ ဆော့လက်စဂိမ်းကြွေးလေးတွေပဲ ဖြတ်ရမလား၊ ဝယ်ထားပြီး မဆော့ရသေးတဲ့ဂိမ်းထဲကပဲ တစ်ခုစဆော့ရမလား လမ်းပျောက်နေတယ်🥶

Hollow Knight silksong လေး 100% ပြီးသွားပြီ😋ဆော့ရတာခက်တဲ့ထဲပါတယ်ဆိုပေမဲ့၊ Boss တစ်ကောင်အောင်သွားတိုင်း လေပေါ်မြောက်တက်သွ...
24/09/2025

Hollow Knight silksong လေး 100% ပြီးသွားပြီ😋

ဆော့ရတာခက်တဲ့ထဲပါတယ်ဆိုပေမဲ့၊ Boss တစ်ကောင်အောင်သွားတိုင်း လေပေါ်မြောက်တက်သွားခံစားချက်က ရှယ်မိုက်ပဲ။ မြောက်တက်ပြီးမကြာခင် ၂ မှတ်တိုင်လောက်လမ်းလျှောက်လိုက်တာနဲ့ နောက်ထပ် Boss တစ်ကောင်နဲ့ ထပ်တိုး၊ ပြန်ရိုက်ချခံရ။ ထပ်နိုင်၊ မြောက်တက်နဲ့ပဲ တစ်ဂိမ်းလုံး နိမ့်တစ်ချီမြင့်တစ်လှည့်နဲ့ ဖြတ်သန်းရတာ။

ရှေ့ဂိမ်း Hollow knight အောင်ထားဖူးရင်၊ တစ်ချို့အကွက်တွေကိုလက်ကအလွတ်ရနေသလိုဖြစ်တော့ နည်းနည်းဆော့ရတာ ပိုအဆင်ပြေမယ်။ ခုမှ Silksong ကို စဆော့ရင်တော့ Learning curve နည်းနည်းပိုကျယ်သွားပြီး နည်းနည်းရုန်းကန်ရတာမျိုးရှိလောက်မယ်။

ကျနော်ကတော့ ဒီဂိမ်းလေးကို Switch 2 ပေါ်မှာဆော့တာ။ OLED မှာလဲ စမ်းကြည့်သလောက်က ဆော့ရတာအဆင်ပြေတယ်။ ဝယ်ဆော့ရင်လဲ $20 ပဲဆိုတော့ ကိုယ့်မှာ Jailed စက်ပဲရှိတာဖြစ်ဖြစ်၊ No jailed စက်ပဲရှိတာဖြစ်ဖြစ်၊ ဘာစက်ပဲရှိရှိ ဒီနှစ်ထဲ ဒီဂိမ်းလေးကတော့ စမ်းဆော့ကြည့်သင့်တယ်ထင်ပါတယ်

Silksong လေး Act 2 ပြီးမြောက် ACT 3 စတင်🥶
19/09/2025

Silksong လေး Act 2 ပြီးမြောက် ACT 3 စတင်🥶

Ko Htin တို့ Social ကောင်းချက်က၊ ကိုယ့်စီမှာ ၁-၂ ခေါက် စျေးဝယ်ပြီးသွားရင်၊ ဂိမ်းအကြောင်းတွေပြောကြဆိုကြရင်းနဲ့ ဘော်ဒါတွေလ...
18/09/2025

Ko Htin တို့ Social ကောင်းချက်က၊ ကိုယ့်စီမှာ ၁-၂ ခေါက် စျေးဝယ်ပြီးသွားရင်၊ ဂိမ်းအကြောင်းတွေပြောကြဆိုကြရင်းနဲ့ ဘော်ဒါတွေလိုဖြစ်သွားကြတာများတယ်🌝

၃-၄ ခေါက်လောက် ကိုယ့်စီက ဆက်ဝယ်ပြီးရင် လင်မယားလိုပါဖြစ်သွားရော😝

ကိုယ့်လူတို့ ဂိမ်းတစ်ခုဝယ်ဆော့ပြီးရင် တန်တယ်မတန်ဘူးဆိုတာကို ဘယ်လို ပေတံနဲ့တိုင်းတာကြလဲ?ကျနော့်ကတော့ များသောအားဖြင့်၊ ဂိမ...
16/09/2025

ကိုယ့်လူတို့ ဂိမ်းတစ်ခုဝယ်ဆော့ပြီးရင် တန်တယ်မတန်ဘူးဆိုတာကို ဘယ်လို ပေတံနဲ့တိုင်းတာကြလဲ?

ကျနော့်ကတော့ များသောအားဖြင့်၊ ဂိမ်းတစ်ခုကို ကျနော်နှစ်သက်စွာ အချိန်ပေးဆော့ရတဲ့ playing hours နဲ့ ချိန်ထိုးပြီး တန်မတန် ဆုံးဖြတ်လေ့ရှိတယ်။

ဥပမာ ဂိမ်းတစ်ခုက ဘယ်လောက်ပဲ Graphics & gameplays က လန်ပြန်ထွက်နေပါစေ၊ $60 လောက်ပေးရပြီး၊ 10 နာရီ လောက်နဲ့ ဂိမ်းကအောင်သွားပြီး၊ ဆက်ဆော့စရာ contents မကျန်တော့ဘူးဆိုရင် ကျနော်ကတော့ ပေးရတဲ့ စျေးနဲ့ မတန်ဘူးလို့ထင်တာပဲ။ (Main story က 10 hours လောက်ပဲဆိုပေမဲ့၊ Extra contents တွေဆော့ရင်း 100% ပြီးဖို့ နာရီ 30-40 ထပ်ဆော့ရတယ်ဆိုရင်တော့ တစ်မျိုးပေါ့။

ခု Hollow Knight Silksong ကိုစထွက်ထဲက ဆက်တိုက်ဆော့နေတာ၊ နာရီ ၅၀ လောက်ရှိသွားပြီ။ Progress က ACT 2 ရဲ့ Final boss ပဲချဖို့ကျန်မယ်၊ အဲ့ကောင်ကိုချပြီးရင် Ending တစ်ခုပြီးပြီ၊ ပြီးရင် Act 3 ဆက်သွားမယ်ပေါ့။ လောလောဆယ် ACT 2 မှာကျန်သေးတဲ့ Side quests တွေလုပ်ပြီး၊ Collectibles တွေလိုက်ကောက်နေတုန်း။ ဆိုတော့ကား ဂိမ်းတစ်ခုလုံးကို 100% ပြီးအောင်ဆော့ဖို့ဆိုရင် နာရီ 70 နီးပါးလောက်တော့ဆော့ရလောက်မယ်ထင်တာပဲ။ အဲ့မှာမှ ဆော့မဝသေးရင် permadeath mode နဲ့နောက်တစ်ခေါက်ထပ်တော့။

ပေးရတဲ့စျေးက $20 ဆိုတော့ Playing hours နဲ့အချိုးပြန်ချရင်တောင် တစ်နာရီ ၁၀၀၀ စွန်းစွန်းလောက်ပဲကျမှာ။ ဒီလိုဂိမ်းမျိုးကတော့ တော်တော် ဝယ်ဆော့ရတန်တဲ့ထဲပါမယ်လို့ထင်တာပဲ🌝

နှစ် ၄၀ တောင်ရှိသွားပြီ😍
13/09/2025

နှစ် ၄၀ တောင်ရှိသွားပြီ😍

Hollow Knight Silksong ထွက်ပြီး တစ်ပတ်အကြာမှာ၊ ကိုယ့်လူတွေ ဘယ်နားမှာ လောင်ပြီးတစ်နေကြပြီလဲဗျို့🤣🤣ကျနော်တော့ Act 2 က High...
12/09/2025

Hollow Knight Silksong ထွက်ပြီး တစ်ပတ်အကြာမှာ၊ ကိုယ့်လူတွေ ဘယ်နားမှာ လောင်ပြီးတစ်နေကြပြီလဲဗျို့🤣🤣

ကျနော်တော့ Act 2 က High Halls မှာ ၂ ညအိပ် ၃ ရက်ရှိနေပြီ၊ ရှေ့မဆက်နိုင်သေးဘူး🤣

10/09/2025

Join us on Sept 12 at 6am PT for a Nintendo Direct! Tune in for roughly 60 minutes of information on upcoming Nintendo Switch 2 and Nintendo Switch games.

Watch here: https://ninten.do/6188siIIk

Address

Yangon

Opening Hours

Monday 09:00 - 00:00
Tuesday 09:00 - 00:00
Wednesday 09:00 - 00:00
Thursday 09:00 - 00:00
Friday 09:00 - 00:00
Saturday 09:00 - 00:00
Sunday 09:00 - 00:00

Alerts

Be the first to know and let us send you an email when HLA Gaming Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share