May Lay

May Lay genuine service #

တရုတ္ဘက္မွ ေျမထိန္းနံရံ တည္ေဆာက္ျခင္းေၾကာင့္ ျမန္မာ-တ႐ုတ္ နယ္နိမိတ္မွတ္တိုင္မ်ားအား သြားေရာက္စစ္ေဆး :00pm▪️ရွမ္းျပည္နယ္၊...
05/03/2020

တရုတ္ဘက္မွ ေျမထိန္းနံရံ တည္ေဆာက္ျခင္းေၾကာင့္ ျမန္မာ-တ႐ုတ္ နယ္နိမိတ္မွတ္တိုင္မ်ားအား သြားေရာက္စစ္ေဆး

:00pm

▪️ရွမ္းျပည္နယ္၊ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ဟိုပန္ခရိုင္၊ နမ့္တစ္ၿမိဳ့ (“ဝ” အထူး ေဒသ-၂)အတြင္းရွိ နယ္နိမိတ္မွတ္တိုင္ ၁၄၅(၁)အနီး နမ့္တိန္ေခ်ာင္းအတြင္းသို့ တ႐ုတ္ဘက္မွ ေက်ာက္တုံးႀကီးမ်ားခ်၍ တိုးခ်ဲ႕ေျမဖို့ကာ ေျမထိန္းနံရံ တည္ေဆာက္ျခင္း၊ လမ္းေဖာက္လုပ္ ျခင္းႏွင့္ နယ္နိမိတ္မွတ္တိုင္ ၁၅၈(၁) အနီး နမ့္ကြန္ေခ်ာင္းႏွင့္ ေခ်ာင္းလက္တက္ျဖစ္သည့္ နမ့္အစ္ေခ်ာင္းအတြင္း ေျမထိန္းနံရံ တည္ေဆာက္ျခင္းတို့ေၾကာင့္ ျမန္မာဘက္ကမ္းပါးမ်ား ေရတိုက္စားခံရၿပီး ၿပိဳက်ပ်က္စီးျခင္းမွ ကာကြယ္နိုင္ေရးအတြက္ ေျမထိန္းနံရံတည္ေဆာက္မည့္ ေနရာမ်ားႏွင့္ ေျမျပင္အေျခအေနတို့ကို သိရွိနိုင္ရန္ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာဦးစီးဌာန၊ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေအာင္ေက်ာ္ဇံ ဦးေဆာင္သည့္ ကြင္းဆင္းအဖြဲ႕သည္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔မွ မတ္လ ၄ ရက္ေန႔အထိ သက္ဆိုင္ရာနယ္ေျမသို့ သြားေရာက္ကြင္း ဆင္းစစ္ေဆးခဲ့ပါသည္။

ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕သည္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္းဦးစီးအဖြဲ႕၊ ဥကၠ႒ ဦးခြန္ထြန္းလူႏွင့္ လည္းေကာင္း၊ နမ့္တစ္ၿမိဳ့ ဒုတိယၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ဦးလ်ဴေကာ္ရွင္းႏွင့္ လည္းေကာင္းေတြ႕ဆုံ၍ နယ္နိမိတ္ကိစၥအပါအဝင္ နယ္ေျမေဒသ ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္စပ္လ်ဥ္း၍ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကပါသည္။ ကြင္းဆင္းစစ္ေဆးရာတြင္ တ႐ုတ္နယ္ျခားေစာင့္ တပ္ဖြဲ႕မွ နယ္နိမိတ္မွတ္တိုင္ ၁၄၄-၃ ႏွင့္ ၁၄၄-၄ အၾကား ျမန္မာဘက္က စိုက္ထူထားေသာ နိုင္ငံေတာ္အလံအား ဖ်က္ဆီးခဲ့သည့္ ေနရာသို့လည္း သြားေရာက္ၾကည့္ရွုခဲ့ပါသည္။ ထို့ေနာက္ ကြင္းဆင္းအဖြဲ႕သည္ ေလာက္ကိုင္ၿမိဳ့၌ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕၊ ဥကၠ႒ ဦးေက်ာက္တယ္ခ်န္ႏွင့္ေတြ႕ဆုံ၍ ကိုးကန္႔ ေဒသတြင္ အေကာင္အထည္ေဖာ္ရန္ရွိသည့္ နယ္စပ္စီးပြားေရးဇုန္ကိစၥႏွင့္ နယ္နိမိတ္မွတ္တိုင္မ်ား ထိန္းသိမ္းေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရသည္။
-Zawgyi

တရုတ်ဘက်မှ မြေထိန်းနံရံ တည်ဆောက်ခြင်းကြောင့် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များအား သွားရောက်စစ်ဆေး

:00pm

▪️ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ (“ဝ” အထူး ဒေသ-၂)အတွင်းရှိ နယ်နိမိတ်မှတ်တိုင် ၁၄၅(၁)အနီး နမ့်တိန်ချောင်းအတွင်းသို့ တရုတ်ဘက်မှ ကျောက်တုံးကြီးများချ၍ တိုးချဲ့မြေဖို့ကာ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ လမ်းဖောက်လုပ် ခြင်းနှင့် နယ်နိမိတ်မှတ်တိုင် ၁၅၈(၁) အနီး နမ့်ကွန်ချောင်းနှင့် ချောင်းလက်တက်ဖြစ်သည့် နမ့်အစ်ချောင်းအတွင်း မြေထိန်းနံရံ တည်ဆောက်ခြင်းတို့ကြောင့် မြန်မာဘက်ကမ်းပါးများ ရေတိုက်စားခံရပြီး ပြိုကျပျက်စီးခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြေထိန်းနံရံတည်ဆောက်မည့် နေရာများနှင့် မြေပြင်အခြေအနေတို့ကို သိရှိနိုင်ရန် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ ဦးဆောင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ သက်ဆိုင်ရာနယ်မြေသို့ သွားရောက်ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူနှင့် လည်းကောင်း၊ နမ့်တစ်မြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလျူကော်ရှင်းနှင့် လည်းကောင်းတွေ့ဆုံ၍ နယ်နိမိတ်ကိစ္စအပါအဝင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် တရုတ်နယ်ခြားစောင့် တပ်ဖွဲ့မှ နယ်နိမိတ်မှတ်တိုင် ၁၄၄-၃ နှင့် ၁၄၄-၄ အကြား မြန်မာဘက်က စိုက်ထူထားသော နိုင်ငံတော်အလံအား ဖျက်ဆီးခဲ့သည့် နေရာသို့လည်း သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ကွင်းဆင်းအဖွဲ့သည် လောက်ကိုင်မြို့၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့်တွေ့ဆုံ၍ ကိုးကန့် ဒေသတွင် အကောင်အထည်ဖော်ရန်ရှိသည့် နယ်စပ်စီးပွားရေးဇုန်ကိစ္စနှင့် နယ်နိမိတ်မှတ်တိုင်များ ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
-Unicode

Ⓜ4

ျပည္တြင္း၌ အေမရိကန္ေဒၚလာေစ်းဆက္တိုက္က်ဆင္းေန  :00pm▪️ျပည္တြင္း၌ အေမရိကန္ေဒၚလာေစ်းဆက္တိုက္က်ဆင္းေနၿပီး ေစ်းထပ္မံက်ဆင္းရန္...
05/03/2020

ျပည္တြင္း၌ အေမရိကန္ေဒၚလာေစ်းဆက္တိုက္က်ဆင္းေန

:00pm

▪️ျပည္တြင္း၌ အေမရိကန္ေဒၚလာေစ်းဆက္တိုက္က်ဆင္းေနၿပီး ေစ်းထပ္မံက်ဆင္းရန္သာရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ႏိုင္ငံျခားေငြစီမံခန္႔ခြဲမႈဌာနမွ သိရသည္။

ပံုမွန္အားျဖင့္ ျပည္တြင္းႏိုင္ငံျခားေငြလဲလွယ္ေစ်းကြက္၌ အေမရိကန္ေဒၚလာ ၁ ေဒၚလာလွ်င္ ပ်မ္းမွ် ေရာင္း/၀ယ္ေစ်း ၁၅၀၀ က်ပ္၀န္းက်င္ရွိေသာ္လည္း လက္ရွိ(မတ္လ ၄ ရက္)၌ ဝယ္ေစ်းႏႈန္းမွာ ၁၃၉၈ က်ပ္၊ ေရာင္းေစ်းႏႈန္းမွာ ၁၄၁၄ က်ပ္သာရွိေတာ့ေၾကာင္း သိရသည္။

“ႏိုင္ငံရဲ႕စီးပြားေရးအေျခအေနကိုက သိပ္ၿပီးေတာ့မေကာင္းတဲ့အခ်ိန္မွာ ေဒၚလာကိုသံုးဖို႔ သိပ္ၿပီးေတာ့ demand မရွိဘူးေပါ့။ demand မရွိတဲ့အတြက္ေၾကာင့္ေဒၚလာေစ်းက တရိပ္ရိပ္နဲ႔ နည္းနည္းေလး က်ေနတဲ့အခ်ိန္မွာ အသံုးမရွိဘူး။ demand နည္းရင္ေစ်းက်တာ ထံုးစံပဲေလ။ ကမာၻေပၚမွာရွိတဲ့ ႏိုင္ငံတိုင္းအားလံုးရဲ႕ စီးပြားေရးအေျခအေနကေတာ့ အဲဒီအတိုင္းပဲျဖစ္သြားမွာ။ ေငြေရးေၾကးေရးအေျခအေနကေတာ့ အဲဒီအတိုင္းျဖစ္သြားမွာ။ လတ္တေလာအေျခအေနအရဆိုရင္ေတာ့ သိပ္ေကာင္းဖို႔မရွိဘူး။ က်ဖို႔ပဲရွိမယ္”ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ႏိုင္ငံျခားေငြစီမံခန္႔ခြဲမႈဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေဒၚလာေစ်းႏႈန္းက်ဆင္းမႈႏွင့္အတူ ျပည္တြင္းေရႊေစ်းကြက္သည္လည္း အနည္းငယ္က်ဆင္းသြားေၾကာင္း သိရသည္။

“ေရႊေစ်းလည္းက်ပါတယ္။ ကမာၻ႔ေစ်းကေတာ့ မေန႔ကတက္တယ္။ ကမာၻ႔ေစ်းက ေဒၚလာ ၅၀ ေလာက္တက္သြားတယ္။ မနက္ပိုင္းမွာ နည္းနည္းျပန္တက္တယ္။ ညေနပိုင္းမွာ ျပန္က်ပါတယ္။ ေဒၚလာေစ်းကလည္း က်လာပါတယ္။ အက်ရွိ္ပါတယ္။ ကမာၻ႔ေစ်းတအားတက္ရင္သာ နည္းနည္းေလး ျပန္တက္ဖို႔ရွိပါတယ္”ဟု ရန္ကုန္တိုင္းေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာသည္။

လက္ရွိ(မတ္လ ၄ ရက္)၌ ေရႊေစ်းႏႈန္းမွာ အေခါက္ေရႊဆိုပါက တစ္က်ပ္သားလွ်င္ ၁၂၂၂၀၀၀ က်ပ္ျဖစ္ၿပီး ၁၅ ပဲရည္ဆိုပါက တစ္က်ပ္သားလွ်င္ ၁၁၅၀၁၀၀ က်ပ္ျဖစ္ေၾကာင္း သိရသည္။
-Zawgyi

ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးဆက်တိုက်ကျဆင်းနေ

:00pm

▪️ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးဆက်တိုက်ကျဆင်းနေပြီး ဈေးထပ်မံကျဆင်းရန်သာရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ သိရသည်။

ပုံမှန်အားဖြင့် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်ဈေးကွက်၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ပျမ်းမျှ ရောင်း/ဝယ်ဈေး ၁၅၀၀ ကျပ်ဝန်းကျင်ရှိသော်လည်း လက်ရှိ(မတ်လ ၄ ရက်)၌ ဝယ်ဈေးနှုန်းမှာ ၁၃၉၈ ကျပ်၊ ရောင်းဈေးနှုန်းမှာ ၁၄၁၄ ကျပ်သာရှိတော့ကြောင်း သိရသည်။

“နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုက သိပ်ပြီးတော့မကောင်းတဲ့အချိန်မှာ ဒေါ်လာကိုသုံးဖို့ သိပ်ပြီးတော့ demand မရှိဘူးပေါ့။ demand မရှိတဲ့အတွက်ကြောင့်ဒေါ်လာဈေးက တရိပ်ရိပ်နဲ့ နည်းနည်းလေး ကျနေတဲ့အချိန်မှာ အသုံးမရှိဘူး။ demand နည်းရင်ဈေးကျတာ ထုံးစံပဲလေ။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအားလုံးရဲ့ စီးပွားရေးအခြေအနေကတော့ အဲဒီအတိုင်းပဲဖြစ်သွားမှာ။ ငွေရေးကြေးရေးအခြေအနေကတော့ အဲဒီအတိုင်းဖြစ်သွားမှာ။ လတ်တလောအခြေအနေအရဆိုရင်တော့ သိပ်ကောင်းဖို့မရှိဘူး။ ကျဖို့ပဲရှိမယ်”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်လာဈေးနှုန်းကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေးကွက်သည်လည်း အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။

“ရွှေဈေးလည်းကျပါတယ်။ ကမ္ဘာ့ဈေးကတော့ မနေ့ကတက်တယ်။ ကမ္ဘာ့ဈေးက ဒေါ်လာ ၅၀ လောက်တက်သွားတယ်။ မနက်ပိုင်းမှာ နည်းနည်းပြန်တက်တယ်။ ညနေပိုင်းမှာ ပြန်ကျပါတယ်။ ဒေါ်လာဈေးကလည်း ကျလာပါတယ်။ အကျရှိပါတယ်။ ကမ္ဘာ့ဈေးတအားတက်ရင်သာ နည်းနည်းလေး ပြန်တက်ဖို့ရှိပါတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

လက်ရှိ(မတ်လ ၄ ရက်)၌ ရွှေဈေးနှုန်းမှာ အခေါက်ရွှေဆိုပါက တစ်ကျပ်သားလျှင် ၁၂၂၂၀၀၀ ကျပ်ဖြစ်ပြီး ၁၅ ပဲရည်ဆိုပါက တစ်ကျပ်သားလျှင် ၁၁၅၀၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
-Unicode

Ⓜ4

အ႒မအႀကိမ္ နိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္အဖြဲ႕ ဒုတိယအစည္းအေဝး တတိယေန႔က်င္းပ :00pm▪️အ႒မအႀကိမ္ နိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္...
05/03/2020

အ႒မအႀကိမ္ နိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္အဖြဲ႕ ဒုတိယအစည္းအေဝး တတိယေန႔က်င္းပ

:00pm

▪️အ႒မအႀကိမ္ နိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္အဖြဲ႕ ဒုတိယအစည္းအေဝး တတိယေန႔ကို ယေန႔နံနက္ ၈ နာရီတြင္ ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ့နယ္၊ သီရိမဂၤလာ ကမၻာေအးကုန္းေျမရွိ မဟာပါသာဏလိုဏ္ဂူ သိမ္ေတာ္ႀကီး၌ က်င္းပသည္။
အဆိုပါ အစည္းအေဝးသို့ နိုင္ငံေတာ္ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ား၊ နိုင္ငံေတာ္ သံဃမဟာနာယက ဆရာေတာ္ႀကီးမ်ား၊ နိုင္ငံေတာ္ ဗဟိုသံဃာ့ဝန္ေဆာင္ ဆရာေတာ္ႀကီးမ်ား ႂကြေရာက္ေတာ္မူၾကၿပီး၊ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကည္ညိဳ ခဲ႔ၾကသည္။
- Zawgyi

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး တတိယနေ့ကျင်းပ

:00pm

▪️အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြည်ညို ခဲ့ကြသည်။
-Unicode

Ⓜ4

စင္ကာပူႏိုင္ငံက COVID-19 ဗိုင္းရပ္စ္ စမ္းသပ္ကိရိယာမ်ားႏွင့္ (DNA) စစ္ေဆးသည့္ စက္ႏွစ္လုံးအား ျမန္မာႏိုင္ငံထံသို႔ ကူညီမည္ ...
05/03/2020

စင္ကာပူႏိုင္ငံက COVID-19 ဗိုင္းရပ္စ္ စမ္းသပ္ကိရိယာမ်ားႏွင့္ (DNA) စစ္ေဆးသည့္ စက္ႏွစ္လုံးအား ျမန္မာႏိုင္ငံထံသို႔ ကူညီမည္

:30pm

▪️ျမန္မာနိုင္ငံ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ရဲ့ ေတာင္းဆိုခ်က္အရ စင္ကာပူနိုင္ငံ က COVID -19 စစ္ေဆးရာမွာအသုံးျပဳတဲ့ စက္ကိရိယာေတြနဲ႔ (DNA) စစ္ေဆးနိုင္တဲ့ စက္ႏွစ္လုံး ကူညီေထာက္ပံ့ခဲ့တယ္လို့ စင္ကာပူသတင္းဌာန ေတြ က ေဖာ္ျပထားပါတယ္။

အဲဒီ့ စက္ပစၥည္းေတြကို ဒီကေန႔ မတ္လ (၄) ရက္မွာ ပဲ က်န္းမာ‌ေရးႏွင့္ အားပစားဝန္ႀကီးဌာန ကိုလႊဲေျပာင္းရယူခဲ့ပါတယ္။

လက္ရွိျမန္မာနိုင္ငံမွာ ဗိုင္းရပ္စ္ ပိုးရွိသူ‌မေတြ႕ရေသးေပမယ့္ ေစာင့္ၾကည့္ လူနာ (၅၄) ဦးနဲ႔ သံသယလူနာ (၂) ဦးကို က်န္းမာေရးဝန္ႀကီး က ေစာင့္ၾကည့္စစ္ေဆးမွုေတြျပဳလုပ္ေနတယ္လို့လည္း ထုတ္ျပန္ထားပါတယ္။
-Zawgyi

စင်ကာပူနိုင်ငံက COVID-19 ဗိုင်းရပ်စ် စမ်းသပ်ကိရိယာများနှင့် (DNA) စစ်ဆေးသည့် စက်နှစ်လုံးအား မြန်မာနိုင်ငံထံသို့ ကူညီမည်

:30pm

▪️မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ တောင်းဆိုချက်အရ စင်ကာပူနိုင်ငံ က COVID -19 စစ်ဆေးရာမှာအသုံးပြုတဲ့ စက်ကိရိယာတွေနဲ့ (DNA) စစ်ဆေးနိုင်တဲ့ စက်နှစ်လုံး ကူညီထောက်ပံ့ခဲ့တယ်လို့ စင်ကာပူသတင်းဌာန တွေ က ဖော်ပြထားပါတယ်။

အဲဒီ့ စက်ပစ္စည်းတွေကို ဒီကနေ့ မတ်လ (၄) ရက်မှာ ပဲ ကျန်းမာ‌ရေးနှင့် အားပစားဝန်ကြီးဌာန ကိုလွှဲပြောင်းရယူခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ပိုးရှိသူ‌မတွေ့ရသေးပေမယ့် စောင့်ကြည့် လူနာ (၅၄) ဦးနဲ့ သံသယလူနာ (၂) ဦးကို ကျန်းမာရေးဝန်ကြီး က စောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
-Unicode

Ⓜ4

စင္ကာပူက  COVID-19 ဗိုင္းရပ္စ္ စမ္းသပ္ကိရိယာမ်ားႏွင့္ (DNA) စစ္ေဆးသည့္ စက္ႏွစ္လုံးကူညီေထာက္ပံ့ :30pm▪️ျမန္မာနိုင္ငံ က်န္...
05/03/2020

စင္ကာပူက COVID-19 ဗိုင္းရပ္စ္ စမ္းသပ္ကိရိယာမ်ားႏွင့္ (DNA) စစ္ေဆးသည့္ စက္ႏွစ္လုံးကူညီေထာက္ပံ့

:30pm

▪️ျမန္မာနိုင္ငံ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ရဲ့ ေတာင္းဆိုခ်က္ အရ စင္ကာပူနိုင္ငံ က COVID -19 စစ္ေဆးရာမွာအသုံးျပဳတဲ့ စက္ကိရိယာေတြနဲ႔ (DNA) စစ္ေဆးနိုင္တဲ့ စက္ႏွစ္လုံး ကူညီေထာက္ပံ့ခဲ့တယ္လို့ စင္ကာပူသတင္းဌာန ေတြ က ေဖာ္ျပထားပါတယ္။

အဲဒီ့ စက္ပစၥည္းေတြကို ဒီကေန႔ မတ္လ (၄) ရက္မွာ ပဲ က်န္းမာ‌ေရးႏွင့္ အားပစားဝန္ႀကီးဌာန ကိုလႊဲေျပာင္းရယူခဲ့ပါတယ္။

လက္ရွိျမန္မာနိုင္ငံမွာ ဗိုင္းရပ္စ္ ပိုးရွိသူ‌မေတြ႕ရေသးေပမယ့္ ေစာင့္ၾကည့္ လူနာ (၅၄) ဦးနဲ႔ သံသယလူနာ (၂) ဦးကို က်န္းမာေရးဝန္ႀကီး က ေစာင့္ၾကည့္စစ္ေဆးမွုေတြျပဳလုပ္ေနတယ္လို့လည္း ထုတ္ျပန္ထားပါတယ္။
-Zawgyi

စင်ကာပူက COVID-19 ဗိုင်းရပ်စ် စမ်းသပ်ကိရိယာများနှင့် (DNA) စစ်ဆေးသည့် စက်နှစ်လုံးကူညီထောက်ပံ့

:30pm

▪️မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ တောင်းဆိုချက် အရ စင်ကာပူနိုင်ငံ က COVID -19 စစ်ဆေးရာမှာအသုံးပြုတဲ့ စက်ကိရိယာတွေနဲ့ (DNA) စစ်ဆေးနိုင်တဲ့ စက်နှစ်လုံး ကူညီထောက်ပံ့ခဲ့တယ်လို့ စင်ကာပူသတင်းဌာန တွေ က ဖော်ပြထားပါတယ်။

အဲဒီ့ စက်ပစ္စည်းတွေကို ဒီကနေ့ မတ်လ (၄) ရက်မှာ ပဲ ကျန်းမာ‌ရေးနှင့် အားပစားဝန်ကြီးဌာန ကိုလွှဲပြောင်းရယူခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ပိုးရှိသူ‌မတွေ့ရသေးပေမယ့် စောင့်ကြည့် လူနာ (၅၄) ဦးနဲ့ သံသယလူနာ (၂) ဦးကို ကျန်းမာရေးဝန်ကြီး က စောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
-Unicode

Ⓜ4

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတြမ္းၿမိဳ႕နယ္အတြင္း လက္နက္/ခဲယမ္းႏွင့္ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ :30pm▪️ရွမ္းျပည္နယ္(အ...
05/03/2020

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတြမ္းၿမိဳ႕နယ္အတြင္း လက္နက္/ခဲယမ္းႏွင့္ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ

:30pm

▪️ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းတြမ္းၿမိဳ့နယ္အတြင္း လုံျခဳံေရးေဆာင္ရြက္လ်က္ ရွိေသာ တပ္ဖြဲ႕ဝင္မ်ားသည္ မတ္လ(၄) ရက္ေန႔ ၁၁ နာရီ မိနစ္ ၅ဝ ခန႔္တြင္ မိုင္းတြမ္းၿမိဳ့၏ အေရွ႕ဘက္ မီတာ ၁၁ဝဝဝ ခန႔္အကြာသို့ အေရာက္၌ ေျမက်င္းတူး၍ ျမႇုပ္ႏွံထားသည့္ ေသနတ္ သုံးလက္၊ က်ည္အိမ္ ႏွစ္ခု၊ က်ည္မ်ိဳးစုံ ၁၇ ေတာင့္ႏွင့္ WY စာ တန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၆ဝဝဝ ျပား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္း ၁၈ဝဝ ေက်ာ္)အား ပိုင္ရွင္မဲ့ေတြ႕ရွိ သိမ္းဆည္း ရမိခဲ့သည္။

အဆိုပါ သိမ္းဆည္းရမိ လက္နက္/ခဲယမ္းမ်ားႏွင့္ မူးယစ္ေဆးဝါးမ်ားအား မိုင္းတြမ္းနယ္ေျမရဲစခန္းသို့ စနစ္ တက် လႊဲေျပာင္းအပ္ႏွံသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။
-Zawgyi

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတွမ်းမြို့နယ်အတွင်း လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

:30pm

▪️ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် မတ်လ(၄) ရက်နေ့ ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် မိုင်းတွမ်းမြို့၏ အရှေ့ဘက် မီတာ ၁၁ဝဝဝ ခန့်အကွာသို့ အရောက်၌ မြေကျင်းတူး၍ မြှုပ်နှံထားသည့် သေနတ် သုံးလက်၊ ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၁၇ တောင့်နှင့် WY စာ တန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၈ဝဝ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား မိုင်းတွမ်းနယ်မြေရဲစခန်းသို့ စနစ် တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-Unicode

Ⓜ4

COVID-19ေၾကာင့္ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ No Time To Die ဇာတ္ကား႐ုံတင္မည့္ရက္ေရႊ႕ဆိုင္း  :30pm▪️ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမ...
05/03/2020

COVID-19ေၾကာင့္ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ No Time To Die ဇာတ္ကား႐ုံတင္မည့္ရက္ေရႊ႕ဆိုင္း

:30pm

▪️ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမွုေတြေၾကာင့္ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ဇာတ္ကားသစ္ No Time To Die ႐ုံတင္ျပသ မယ့္ရက္ကို အခ်ိန္(၇)လ ေနာက္ဆုတ္လိုက္တယ္လို့ BBC သတင္းအရ သိရပါတယ္။
ကမၻာတစ္ဝန္းက ႐ုပ္႐ုပ္႐ုံေဈးကြက္ရဲ့အေျခအေနေတြကို ဂ႐ုတစိုက္ထည့္သြင္းစဥ္းစားၿပီးမွ ဂ်ိမ္းစ္ ဘြန္းဇာတ္ကားသစ္ No Time To Die ႐ုံတင္ျပသမယ့္ရက္ကို ဧၿပီလ ကေန နိုဝင္ဘာလကို ေရႊ႕ဆိုင္းဖို့ ဆုံးျဖတ္ခဲ့တာလို့ ႐ုပ္ရွင္ထုတ္လုပ္သူေတြက ေျပာပါတယ္။
ဇာတ္ကား႐ုံတင္ခ်ိန္ကို ေနာက္ဆုတ္ေပးဖို့ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ ပရိတ္သတ္ဝက္ဘ္ ဆိုက္တည္ ေထာင္သူေတြက ေတာင္းဆိုခဲ့ၿပီးေနာက္မွာ အခုလို ေၾကညာခ်က္ထြက္ေပၚ လာတာပါ။
ဒါေၾကာင့္ ဧၿပီလ(၃)ရက္ေန႔မွာ ႐ုံတင္ျပသဖို့စီစဥ္ထားတဲ့ ဒီဇာတ္ကားကို ၿဗိတိန္နိုင္ငံမွာ နိုဝင္ဘာ လ(၁၂)ရက္၊ အေမရိကန္မွာ နိုဝင္ဘာလ(၂၅)ရက္ေန႔မွာ ႐ုံတင္ ျပသမယ္လို့ သိရပါတယ္။
No Time To Die ဇာတ္ကားဟာ ဂ်ိမ္းစ္ဘြန္းမင္းသားလို့ လူသိမ်ားတဲ့ မင္းသားႀကီး Daniel Craig ရဲ့ ေနာက္ဆုံး ႐ုပ္ရွင္ဇာတ္ကားျဖစ္ၿပီး၊ ဒီဇာတ္ကားမွာ ၿဗိတိန္လၽွို့ဝွက္ေထာက္လွမ္းေရးေအးဂ်င့္အျဖစ္ ျမင္ေတြ႕ရအုန္းမွာပါ။
No Time To Die ဇာတ္ကား ပြဲဦးထြက္မိတ္ဆက္ပြဲကို လန္ဒန္ၿမိဳ့ရွိ Royal Albert Hall ခန္းမမွာ လာမယ့္ မတ္လ(၃၁)ရက္ေန႔မွာ ျပဳလုပ္ဖို့ စီစဥ္ထားပါတယ္။
-Zawgyi

COVID-19ကြောင့် ဂျိမ်းစ်ဘွန်းရုပ်ရှင် No Time To Die ဇာတ်ကားရုံတင်မည့်ရက်ရွှေ့ဆိုင်း

:30pm

▪️ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုတွေကြောင့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားသစ် No Time To Die ရုံတင်ပြသ မယ့်ရက်ကို အချိန်(၇)လ နောက်ဆုတ်လိုက်တယ်လို့ BBC သတင်းအရ သိရပါတယ်။
ကမ္ဘာတစ်ဝန်းက ရုပ်ရုပ်ရုံဈေးကွက်ရဲ့အခြေအနေတွေကို ဂရုတစိုက်ထည့်သွင်းစဉ်းစားပြီးမှ ဂျိမ်းစ် ဘွန်းဇာတ်ကားသစ် No Time To Die ရုံတင်ပြသမယ့်ရက်ကို ဧပြီလ ကနေ နိုဝင်ဘာလကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ရုပ်ရှင်ထုတ်လုပ်သူတွေက ပြောပါတယ်။
ဇာတ်ကားရုံတင်ချိန်ကို နောက်ဆုတ်ပေးဖို့ ဂျိမ်းစ်ဘွန်းရုပ်ရှင် ပရိတ်သတ်ဝက်ဘ် ဆိုက်တည် ထောင်သူတွေက တောင်းဆိုခဲ့ပြီးနောက်မှာ အခုလို ကြေညာချက်ထွက်ပေါ် လာတာပါ။
ဒါကြောင့် ဧပြီလ(၃)ရက်နေ့မှာ ရုံတင်ပြသဖို့စီစဉ်ထားတဲ့ ဒီဇာတ်ကားကို ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာ လ(၁၂)ရက်၊ အမေရိကန်မှာ နိုဝင်ဘာလ(၂၅)ရက်နေ့မှာ ရုံတင် ပြသမယ်လို့ သိရပါတယ်။
No Time To Die ဇာတ်ကားဟာ ဂျိမ်းစ်ဘွန်းမင်းသားလို့ လူသိများတဲ့ မင်းသားကြီး Daniel Craig ရဲ့ နောက်ဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၊ ဒီဇာတ်ကားမှာ ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်အဖြစ် မြင်တွေ့ရအုန်းမှာပါ။
No Time To Die ဇာတ်ကား ပွဲဦးထွက်မိတ်ဆက်ပွဲကို လန်ဒန်မြို့ရှိ Royal Albert Hall ခန်းမမှာ လာမယ့် မတ်လ(၃၁)ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
-Unicode

Ⓜ4

 :30pm▪️ေဒသအတြင္းရွိ သြားလာရန္ အခက္အခဲမ်ားစြာရွိသည့္ စာေက်ာင္းေတြက ပညာေရးဝန္ထမ္းေတြကို မတ္လ လစာအား ကိုယ္တိုင္လာေရာက္ထုတ္...
05/03/2020

:30pm

▪️ေဒသအတြင္းရွိ သြားလာရန္ အခက္အခဲမ်ားစြာရွိသည့္ စာေက်ာင္းေတြက ပညာေရးဝန္ထမ္းေတြကို မတ္လ လစာအား ကိုယ္တိုင္လာေရာက္ထုတ္ယူရန္ႏွင့္ အပတ္စဥ္ တနလၤာေန႔တိုင္း ပညာေရးမွူး႐ုံးသို့ လာေရာက္လက္မွတ္ထိုးရန္ အသိေပးထားေၾကာင္း သိရွိရသည္။
-Zawgyi

▪️ဒေသအတွင်းရှိ သွားလာရန် အခက်အခဲများစွာရှိသည့် စာကျောင်းတွေက ပညာရေးဝန်ထမ်းတွေကို မတ်လ လစာအား ကိုယ်တိုင်လာရောက်ထုတ်ယူရန်နှင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပညာရေးမှူးရုံးသို့ လာရောက်လက်မှတ်ထိုးရန် အသိပေးထားကြောင်း သိရှိရသည်။
-Unicode

Ⓜ4

ရန္ကုန္-မႏၲေလးအျမန္လမ္း အဆင့္ျမႇင့္တင္ရန္ EOI ေခၚယူမည္ :30pm▪️ရန္ကုန္-မႏၲေလးအျမန္လမ္းကို အဆင့္ျမႇင့္တင္ရန္ အတြက္ မၾကာခင္...
05/03/2020

ရန္ကုန္-မႏၲေလးအျမန္လမ္း အဆင့္ျမႇင့္တင္ရန္ EOI ေခၚယူမည္

:30pm

▪️ရန္ကုန္-မႏၲေလးအျမန္လမ္းကို အဆင့္ျမႇင့္တင္ရန္ အတြက္ မၾကာခင္ကာလတြင္ စိတ္ပါဝင္စားမွု ေဖာ္ျပျခင္း အဆိုျပဳလႊာ (EOI) ေခၚယူသြားမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ
ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၃ ရက္က ရန္ကုန္ၿမိဳ့ ခ်က္ထရီယမ္ ဟိုတယ္၌ က်င္းပသည့္ ၿမိဳ့ေတာ္သာယာလွပေရးႏွင့္ ေရရွည္တည္တံ့သည့္ အေဆာက္အအုံမ်ား ေဟာေျပာပြဲတြင္ ယင္းကဲ့သို့ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

"ဒီလမ္းႀကီးကို အဆင့္ျမႇင့္တင္ဖို့ကို စိတ္ဝင္စားတဲ့ ကုမၸဏီေတြကို ဖိတ္ေခၚဖို့ရွိတယ္ ။မၾကာခင္မွာ EOI ေခၚဖို့ရွိပါတယ္"ဟု ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ကေျပာၾကားခဲ့သည္။

လက္ရွိတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ တာဝန္ယူ၍ နိုင္လြန္ကတၱရာခင္းျခင္းမ်ား လုပ္ေဆာင္ေနေသာ္လည္း ကုန္က်စရိတ္ မ်ားေနျခင္းေၾကာင့္ စိတ္ဝင္စားၿပီး ရင္းႏွီးျမႇုပ္ႏွံမည့္ ပုဂၢလိက ကုမၸဏီမ်ားကို ဖိတ္ေခၚသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို့ျပင္ ယာဥ္ေၾကာပိတ္ဆို့ျခင္းမ်ား ရွိခဲ့မည္ ဆိုပါကလည္း လမ္းခ်ဲ႕သည့္လုပ္ငန္းမ်ားကိုပါ လုပ္ေဆာင္သြားရန္ ရွိေၾကာင္းသိရသည္။ရန္ကုန္-မႏၲေလးအျမန္လမ္းကိုေတာ့ ၿပီးခဲ့သည့္ ၂၀၁၁ ခုႏွစ္ ဒီဇင္ဘာလတြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး မိုင္ေပါင္း ၃၆၅ မိုင္ရွည္လ်ားသည့္ အျမန္လမ္းမႀကီး တစ္ခုျဖစ္ေၾကာင္းသိရသည္။

ရန်ကုန်-မန္တလေးအမြန်လမ်း အဆင့်မြှင့်တင်ရန် EOI ခေါ်ယူမည်

:30pm

▪️ရန်ကုန်-မန္တလေးအမြန်လမ်းကို အဆင့်မြှင့်တင်ရန် အတွက် မကြာခင်ကာလတွင် စိတ်ပါဝင်စားမှု ဖော်ပြခြင်း အဆိုပြုလွှာ (EOI) ခေါ်ယူသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်က ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပသည့် မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သည့် အဆောက်အအုံများ ဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ဒီလမ်းကြီးကို အဆင့်မြှင့်တင်ဖို့ကို စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့ရှိတယ် ။မကြာခင်မှာ EOI ခေါ်ဖို့ရှိပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောကြားခဲ့သည်။

လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ နိုင်လွန်ကတ္တရာခင်းခြင်းများ လုပ်ဆောင်နေသော်လည်း ကုန်ကျစရိတ် များနေခြင်းကြောင့် စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမည့် ပုဂ္ဂလိက ကုမ္ပဏီများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့ခြင်းများ ရှိခဲ့မည် ဆိုပါကလည်း လမ်းချဲ့သည့်လုပ်ငန်းများကိုပါ လုပ်ဆောင်သွားရန် ရှိကြောင်းသိရသည်။ရန်ကုန်-မန္တလေးအမြန်လမ်းကိုတော့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မိုင်ပေါင်း ၃၆၅ မိုင်ရှည်လျားသည့် အမြန်လမ်းမကြီး တစ်ခုဖြစ်ကြောင်းသိရသည်။
-Unicode

Ⓜ4

(ICJ) တြင္ ျမန္မာႏိုင္ငံဘက္မွ ခုခံကာကြယ္ေပးတဲ့ ပါေမာကၡ ေဒါက္တာ ဝီလီယံ ရွာဘတ္စ္ ရန္ကုန္တကၠသိုလ္တြင္ ဥပေဒပညာရပ္ဆိုင္ရာမ်ား...
05/03/2020

(ICJ) တြင္ ျမန္မာႏိုင္ငံဘက္မွ ခုခံကာကြယ္ေပးတဲ့ ပါေမာကၡ ေဒါက္တာ ဝီလီယံ ရွာဘတ္စ္ ရန္ကုန္တကၠသိုလ္တြင္ ဥပေဒပညာရပ္ဆိုင္ရာမ်ားေဟာေျပာ

:30pm

▪️နိုင္ငံတကာ တရား႐ုံး (ICJ) မွာ ျမန္မာဘက္က ခုခံေခ်ပတဲ့ ဥပေဒ ပညာရွင္ ပါေမာကၡ ေဒါက္တာ ဝီလီယံ ရွာဘတ္စ္ဟာ ဒီကေန႔မနက္(၉)နာရီ မိနစ္(၃၀)ေလာက္က ရန္ကုန္တကၠသိုလ္မွာ ဥပေဒပညာရပ္ဆိုင္ရာေတြ လာေရာက္ ေဟာေျပာခဲ့ပါတယ္။

ေဟာေျပာပြဲမွာ ရန္ကုန္တိုင္းေဒသႀကီးရွိတကၠသိုလ္ေတြက ဥပေဒပညာနဲ႔ ဆက္စပ္‌ ေနတဲ့ဘာသာရပ္ဌာန ေတြကေက်ာင္းသား၊ ေက်ာင္းသူ‌ ေတြဆရာ၊ ဆရာမ ေတြတက္ေရာက္လာတာကိုေတြ႕ရပါတယ္။

ဒါအျပင္ အစိုးရအဖြဲ႕ ျပည္ေထာင္စုဝန္ႀကီးေတြ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြ တက္ေရာက္လာတာကိုလည္း‌ေတြရပါတယ္။
-Zawgyi

(ICJ) တွင် မြန်မာနိုင်ငံဘက်မှ ခုခံကာကွယ်ပေးတဲ့ ပါမောက္ခ ဒေါက်တာ ဝီလီယံ ရှာဘတ်စ် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာများဟောပြော

:30pm

▪️နိုင်ငံတကာ တရားရုံး (ICJ) မှာ မြန်မာဘက်က ခုခံချေပတဲ့ ဥပဒေ ပညာရှင် ပါမောက္ခ ဒေါက်တာ ဝီလီယံ ရှာဘတ်စ်ဟာ ဒီကနေ့မနက်(၉)နာရီ မိနစ်(၃၀)လောက်က ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ဆိုင်ရာတွေ လာရောက် ဟောပြောခဲ့ပါတယ်။

ဟောပြောပွဲမှာ ရန်ကုန်တိုင်းဒေသကြီးရှိတက္ကသိုလ်တွေက ဥပဒေပညာနဲ့ ဆက်စပ်‌ နေတဲ့ဘာသာရပ်ဌာန တွေကကျောင်းသား၊ ကျောင်းသူ‌ တွေဆရာ၊ ဆရာမ တွေတက်ရောက်လာတာကိုတွေ့ရပါတယ်။

ဒါအပြင် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ တက်ရောက်လာတာကိုလည်း‌တွေရပါတယ်။
-Unicode

Ⓜ4

Address

Yangon

Telephone

+9595080446

Alerts

Be the first to know and let us send you an email when May Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Lay:

Share