Seikku Cho Cho

Seikku Cho Cho Seikku Cho Cho is a publishing house.
(300)

📒 ဓမ္မစကြာ အမေးအဖြေ🖋️ လှသမိန်🌻     ဓမ္မစကြာ အမွှန်း၊ ဓမ္မစကြာနေ့ဘွဲ့ တေးထပ်၊ ဓမ္မစကြာ အမေးအဖြေ၊ ဓမ္မစကြာ ပါဠိတော်နှင့် န...
02/10/2026

📒 ဓမ္မစကြာ အမေးအဖြေ
🖋️ လှသမိန်

🌻 ဓမ္မစကြာ အမွှန်း၊ ဓမ္မစကြာနေ့ဘွဲ့ တေးထပ်၊ ဓမ္မစကြာ အမေးအဖြေ၊ ဓမ္မစကြာ ပါဠိတော်နှင့် နိဿယတို့အပြင် ဓမ္မစကြာနှင့် စပ်လျဉ်းသော ဝတ္ထုအချို့၊ ကောသလမင်းအိပ်မက် ၁၆ ချက်တို့ပါရှိသည့် ဆရာလှသမိန် ပြုစုသော စာအုပ်ဖြစ်သည်။ ဓမ္မစကြာ အမေးအဖြေ ဆိုသည့်အတိုင်း ဓမ္မစကြာနှင့်ပတ်သက်သော ဗဟုသုတအထွေထွေဖြစ်သည့် အဘယ်သို့သော တရားတော်ကို ဓမ္မစကြာ ခေါ်ဝေါ်ကြောင်း၊ ဓမ္မစကြာသုတ်ဖြစ်ပေါ်လာပုံ၊ ဓမ္မာစကြာ၏ အမှတ် အသား၊ အမှတ်အသားစက်ဝန်းတွင် ပါရှိသော ဉာဏ်တော်များ၊ အဆူဆူသော ဘုရားစဉ်ဆက် ဓမ္မစကြာတရား ဟောကြားခဲ့ပုံ၊ ဓမ္မစကြာတရား၏ ထူးခြားမှု၊ ဘုရားအဖြစ်သို့ ရောက်တော်မူသော်လည်း တရား ချက်ချင်း မဟောခြင်း၏ အကြောင်းရင်း၊ တရားဦးဓမ္မစကြာ မဟောမီ နာကြားထိုက်သော်လည်း အကြောင်းမသင့်ခဲ့သည့် ပုဂ္ဂိုလ်များ၊ ပဉ္စဝဂ္ဂီငါးဦးအကြောင်း၊ တရားထူး ရပြီးသော ပဉ္စဝဂ္ဂီတို့ကို အနတ္တလက္ခဏာသုတ် ဆက်လက် ဟောကြားခြင်း၊ မိဂဒါဝုန်တော တည်ရှိရာအရပ်၊ ပဉ္စဝဂ္ဂီတို့နှင့်အတူ အကျွတ်တရားရသွားသော နတ်ဗြဟ္မာများ၊ ပိဋကတ်သုံးပုံတွင် ဓမ္မစကြာတရား၏ အခန်းကဏ္ဍ၊ သစ္စာလေးပါးတွင် မဂ္ဂသစ္စာ၏အရေးပါပုံ၊ ဇရာ ဗျာဓိ မရဏတရားများကိုဖွင့်ဆိုခြင်း၊
တဏှာအကြောင်း၊ ဗုဒ္ဓဖွင့်ဆိုခဲ့သော နိရောဓသစ္စာအကြောင်း စသည့်အကြောင်းအရာအသေးစိတ်ကို သိမှတ်ဖွယ် ဖတ်ရပါမည်။
🌻 ထို့ပြင် ဓမ္မစကြာပါဠိတော်နှင့်အတူ ကုန်းဘောင်ခေတ် ဆရာတော်ဦးဗုဒ် ဖွင့်ဆိုခဲ့သည့် ဓမ္မစကြာနိဿယနှင့် ပထမ မဟာဝိသုဒ္ဓါရာမ ဆရာတော်ကြီး ရေးသားခဲ့သော မှတ်သိရလွယ်ကူသည့် ကောသလမင်းအိပ်မက် ၁၆ ချက် အလင်္ကာကို ဆရာလှသမိန်က ရှာဖွေထည့်သွင်းထားရာ ပြည့်စုံကုံလုံသော စာအုပ် ဖြစ်ပေသည်။ လွန်ခဲ့သော နှစ် ၅၀ ကျော်က ပထမအကြိမ်ထွက်ခဲ့ပြီး ရှားပါးပြတ်လပ်နေချိန် ပြန်လည်ရိုက်နှိပ်သည့် စာအုပ် ဖြစ်ပါသည်။

📒 ဘ၀ခရီးသည်၏ အဖော်မွန်🖋️ မောင်ပေါ်ထွန်း( မြန်မာပြန် )"   တွေးတောကြံစည်နေခြင်းသည် အကြံဉာဏ်များ ရရှိနေခြင်း မဟုတ်၊   မိမိ၏...
01/10/2026

📒 ဘ၀ခရီးသည်၏ အဖော်မွန်
🖋️ မောင်ပေါ်ထွန်း( မြန်မာပြန် )

" တွေးတောကြံစည်နေခြင်းသည် အကြံဉာဏ်များ ရရှိနေခြင်း မဟုတ်၊
မိမိ၏စိတ်အာရုံတွင် အကြံဉာဏ်များကို လှည့်ပတ် ကပြနေစေခြင်းဖြစ်၏။ "
လောက်ဇူ(တရုတ်ပညာရှိ)

🌻 အရှေ့တိုင်းအသိပညာနှင့် အယူအဆများကို နှစ် ၂၀ ကျော်ကြာ လေ့လာ ခဲ့သော အမေရိကန် စီမံခန့်ခွဲရေးအတိုင်ပင်ခံနှင့် စာရေးဆရာစတန်လေ၊ အမ်၊ ဟာမန်က တရုတ်တွေးခေါ်ပညာရှိကြီးလောက်ဇူ၏ တောက်တယ်ကျင်းကျမ်းကို အဓိပ္ပါယ် ဖွင့်ဆိုရေးသားသည့် စာအုပ်ဖြစ်သည်။
🌻 လောက်ဇူ(Lao -Tzu) သည် ခရစ်တော်မပေါ်မီ နှစ် ၆၀၀၊ ဘီစီ ၆ ရာစုခန့်က ပေါ်ထွန်းခဲ့သော တရုတ်ပညာရှိဖြစ်ပြီး ၎င်းဖော်ထုတ်ခဲ့သော တောက် အယူအဆသည် တရုတ်နိုင်ငံမှ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ယနေ့တိုင် လူအများ လိုက်နာကျင့်သုံးနေသော အယူအဆတစ်ရပ်လည်း ဖြစ်၏။ တရုတ်ဘာသာစကားအရ တောက် Tao ဆိုသောဝေါဟာရသည် အင်္ဂလိပ်လို Way(လမ်း)ဟူ၍ အဓိပ္ပာယ်ထွက်ရှိရာ မြန်မာပြန်သူဆရာမောင်ပေါ်ထွန်းက ဘ၀ခရီးလမ်းဟု ဖွင့်ဆိုထား၏၊
🌻 စာအုပ်တွင် ထို တောက်အယူအဆ တစ်ချက်ချင်းစီကို မူရင်းရေးသားသူက ၎င်းကြုံတွေ့ခဲ့သော ဖြစ်ရပ်များ၊ မှတ်သားထားသော ဖြစ်စဉ်များနှင့် နှိုင်းယှဉ် ချိန်ထိုးကာ ဖွင့်ဆိုရေးထားရာ စာမျက်နှာတိုင်း အဓိပ္ပာယ်ပြည့်ဝ၍ နေပါသည်။လောက်ဇူ ဖော်ထုတ်ခဲ့သော မူလ တောက်အယူအဆသည်ပင် အစီအစဉ်တကျ ရေးထားခြင်း မရှိလေရာ စာဖတ်သူအနေဖြင့် နှစ်သက်ရာ မည်သည့်စာမျက်နှာ ဖတ်မိသည်ဖြစ်စေ တစ်မုဟုတ်ချင်း ဉာဏ်ပွင့်လင်းသွားပြီး စိတ်အင်အားများ မုချ ရောက်ရှိလာမည် ဖြစ်ပေသည်။
🌻 စာအုပ်နှင့်စပ်လျဉ်း၍ စာရေးသူ စတန်လေဟာမန်၏ အမှာတစ်နေရာ၌ "အချို့သော စာရေးဆရာများက လောက်ဇူ၏ အတွေးအခေါ်များကို အခြားသော အနောက်တိုင်း၊ အရှေ့တိုင်း တွေးခေါ်ရှင်ကြီးများ၏ အတွေးအခေါ်များနှင့် ဆက်နွှယ်၍ ဖွင့်ဆိုကြသည်။ ကျွန်ုပ်ကမူ ယင်းသို့ မဟုတ်ဘဲ မူလအတွေးအခေါ်ကို ပို၍သဘောပေါက်နိုင်အောင် ခေတ်ပြိုင် စီးပွားရေးလုပ်ငန်းများမှ လက်တွေ့ဖြစ်ရပ်များနှင့် ဆက်စပ်၍ ဖွင့်ဆိုထား၏။ အထူးသဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသော ဈေးကွက်ထဲမှ မျက်မြင်ဖြစ်ရပ်များနှင့် လက်တွေ့ယှဉ်ဟပ်၍ ဖွင့်ဆိုထားခြင်းဖြစ်သည်။ အထူးသဖြင့် ဤစာအုပ်သည် လူ့ဘ၀ခရီးလမ်းတွင် စပ်ကူးမပ်ကူး အခြေအနေသို့ ရောက်ရှိနေသူများအတွက် အလွန် အကျိုးရှိနိုင်သည်။ လက်ရှိဘဝအခြေအနေ လက်ရှိလုပ်ငန်းအနေအထား အကျဉ်းအကျပ် တွေ့ကာ စိတ်ဆင်းရဲနေကြ သူများအတွက် အဆိုပါအခြေအနေများကို ဟန်ချက်ညီအောင် ဤစာအုပ်က ကူညီပါလိမ့်မည်" ဟု ဖော်ပြပါရှိ၏။
🌻 စာအုပ်ကို လွန်ခဲ့သော နှစ် ၃၀ က တူဒေးစာအုပ်တိုက်မှ ပထမအကြိမ် ထွက်ရှိခဲ့ပြီး ယခု ပြန်လည်ပုံနှိပ်ခြင်း ဖြစ်ပါသည်။

📒 စိတ်ထားဝတိံ🖋️ မောင်ထွန်းသူ( မြန်မာပြန် )🌻     အ​မေရိကန်ပြည်တွင်းစစ်ကြီးအပြီး ​ကျေးကျွန် အဖြစ်မှ လွတ်ငြိမ်းခွင့်ရသူ၊ အလ...
30/09/2026

📒 စိတ်ထားဝတိံ
🖋️ မောင်ထွန်းသူ( မြန်မာပြန် )

🌻 အ​မေရိကန်ပြည်တွင်းစစ်ကြီးအပြီး ​ကျေးကျွန် အဖြစ်မှ လွတ်ငြိမ်းခွင့်ရသူ၊ အလုပ်ကြမ်းများနှင့် ​ကျောက်မီး​သွေးတွင်းတူး အလုပ်များ လုပ်ခဲ့သူ၊ ဆရာ သင်ကြားမှု မပါဘဲ အက္ခရာစာလုံးများကို ကိုယ်တိုင် ​လေ့လာခဲ့သူ၊ ထိုမှ ပညာသင်ယူခွင့်ရကာ အပတ်တကုတ် ကြိုးစားရာမှ ​ကျောင်းသား ၃၀ ၊ ​မြေ​နေရာကျဥ်း​လေးဖြင့် စတင်ခဲ့​သော ကျောင်းကို ​ကျောင်းသား​ထောင်ချီ၊ ​​မြေဧက နှစ်​သောင်းကျော် အထိ ကျယ်ပြန့်​အောင် စွမ်း​ဆောင်နိုင်ခဲ့ပြီး ဟားဗတ်တက္ကသိုလ် ဂုဏ်ထူး​ဆောင် မဟာဝိဇ္ဇာဘွဲ့ ချီးမြှင့်ခံရ​သော လူမည်းအမျိုးသား ဘွတ်ကာ တီ ဝါရှင်တန်၏ အတ္ထုပ္ပတ္တိကို ဆရာ​မောင်ထွန်းသူ မြန်မာပြန်ဆိုသည့် စာအုပ်ဖြစ်သည်။
🌻 ထူးချွန်သူ အ​မေရိကန် လူမည်းအမျိုးသား ဘွတ်ကာ တီ ဝါရှင်တန်( ၁၈၅၆ - ၁၉၁၅ )သည် ထိုကာလက အ​မေရိကန်သို့ ​ရောင်းချခံရ​သော အာဖရိကန် နီဂရိုးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဆင်းရဲ​သော်လည်း ပညာ အလွန်လိုလားကာ ကိုယ်ထူး ကိုယ်ချွန်ကြိုးစားမှုဖြင့် လူမည်းတို့၏ပညာ​ရေးကို အဆင့်အမြင့်ဆုံးသို့ မြှင့်တင်​ပေးနိုင်ခဲ့သူ ဖြစ်သည်။ ထို့​ကြောင့် ယခုစာအုပ်တွင် ငယ်စဥ်​ ကျေးကျွန် ဘဝ ဖြတ်သန်းမှုများ၊ ကျွန်ဘဝမှလွတ်​သော်လည်း ပညာသင်ယူခွင့် မရဘဲ ​​ကျောက်မီး​သွေးတွင်းတူး ဘဝဖြင့် နိမ့်ကျစွာ​နေရပုံ၊ စာကို ကိုယ်တိုင်လေ့လာသင်ယူရာမှ ည​ကျောင်းတက်ခွင့်ရပြီး ထိုမှ ကူညီ​ စောင့်​ရှောက်သူတစ်ဦး၏ ကျေးဇူးဖြင့် ပညာတတ်ဖြစ်လာကာ ပညာသင်ယူခွင့် မရ​သော လူမည်း က​လေးများအတွက် ​သက်​မွေးပညာကျောင်း ဖွင့်လှစ်နိုင်​ရေး စွမ်းစွမ်းတမံ ကြိုးစားခဲ့ပုံများကို ဖတ်ရ​ပေမည်။ ရည်ရွယ်ချက် ကြီးမားခဲ့သလို ဇွဲလုံ့လသာမက အမြင်ကျယ်ကျယ် သည်းခံစိတ် ကြီးကြီးဖြင့်လုပ်ကိုင်ခဲ့​သော ဆောင်ရွက်ချက်များကို အတ္ထုပ္ပတ္တိ​ကောင်းတစ်ခုအဖြစ် ဖတ်သိရပါမည်။
🌻 လူမည်းဖြစ်ရသော်လည်း ​လောကကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပုံကို စာအုပ်တစ်​​နေရာတွင် " နီဂရိုး လူငယ်တစ်ဦးအဖို့ မထင်မရှား သာမညလူမျိုး တစ်မျိုးနှင့် ဆက်စပ်ယှက်နွှယ်ပြီး နီဂရိုးအဖြစ် ​မွေးဖွားလာရခြင်းသည် သူ့ဘဝကို တိုးတက်​အောင် တွန်းအား ​​​ပေးနေသည့် အကျိုးအမြတ်တစ်ခု ဖြစ်​နေပါသည်။ နီဂရိုးလူငယ်အ​နေဖြင့် နီဂရိုးဖြစ်​​နေရသည့်အတွက် သူ့အား အများက လူရာသွင်းလာ​အောင် လူဖြူတစ်​ယောက်ထက် ပို၍ အပင်ပန်းခံပြီး အလုပ် လုပ်ရသည်။ ပို၍သာ​အောင် ပိုမို၍ ကြိုးစားအားထုတ်ရသည်။ သို့​သော်လည်း သူများနှင့် မတူ​အောင် သူများထက် ပို၍ ရုန်းကန်လှုပ်ရှားရသဖြင့် သူ့တွင် ခွန်အားအပြည့်၊ အားမာန်အပြည့်၊ ယုံကြည်မှုအပြည့် ရှိလာခဲ့ရ၏ " ဟု ဖော်ပြပါရှိသည်။ စာအုပ်ကို လွန်ခဲ့​သော နှစ် ၂၀ ​ကျော်က ပထမအကြိမ် ထုတ်​ဝေခဲ့ပြီး ပြန်လည် ပုံနှိပ်ခြင်း ဖြစ်ပါသည်။

 #ဒီတစ်ပတ်အသစ်ထွက်စာအုပ်များကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ တစ်ပုံချင်းစီမှာစာမျက်နှာ၊ တန်ဖိုးများကိုဖော်ပြထားပါတယ်ရှင့်။ ✨ ...
28/09/2026

#ဒီတစ်ပတ်အသစ်ထွက်စာအုပ်များကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ တစ်ပုံချင်းစီမှာစာမျက်နှာ၊ တန်ဖိုးများကိုဖော်ပြထားပါတယ်ရှင့်။
✨ စာအုပ်မှာယူမှုများအတွက်
✨ စိတ်ကူးချိုချို Online အရောင်းဌာန
Telegram: https://t.me/skccadmin
Viber: +959406300006
✨ Facebook Messenger: http://m.me/skccmyanmarbook
✨ အပါးတော်မြဲOnline အရောင်းဌာန
Telegram: https://t.me/aptmbookhouse
Viber: +959887668558
✨ Facebook Messenger:
http://m.me/aptmbookhouse
များကိုနှိပ်၍ ဖြစ်စေ၊ မှာယူနိုင်ကြပါတယ်ရှင်။
#စိတ်ကူးချိုချိုကို အစဉ်အမြဲအားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ရှင်။

📒 ကြည်ညိုအစဉ်ဗုဒ္ဓဝင်🖋️ ဦးသိန်းအောင်(မြန်မာစာ)🌻     ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝစဥ်တော်ဖြစ်တဲ့ သုမေဓါ ရှင်ရသေ့ဘဝ ဗျာဒိတ်တော် ခံယ...
26/09/2026

📒 ကြည်ညိုအစဉ်ဗုဒ္ဓဝင်
🖋️ ဦးသိန်းအောင်(မြန်မာစာ)

🌻 ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝစဥ်တော်ဖြစ်တဲ့ သုမေဓါ ရှင်ရသေ့ဘဝ ဗျာဒိတ်တော် ခံယူခြင်း၊ ပါရမီ ၁၀ ပါး ဖြည့်ကျင့်ပုံ၊ မာယာဒေဝီ မိဖုရားကြီးမှာ ပဋိသန္ဓေယူခြင်း၊ လုဗ္ဗိနီဥယျာဥ်မှာ ဖွားမြင်ပုံ၊ သိဒ္ဓတ္ထမင်းသားဘဝ လေးအတတ်ပြသပုံ၊ ဘိသိက်ခံ နန်းစည်းစိမ် စံတော်မူခြင်း၊ နိမိတ်ကြီးလေးပါး မြင်တွေ့ပုံ၊ တောထွက်ခြင်း၊ ဒုက္ကရစရိယာကျင့်ကြံခြင်းနဲ့ မဇ္စျိမ ပဋိပဒါလမ်းစဉ် လိုက်ကာ မာရ်နတ်ကို အောင်မြင်ပြီး ဘုရားအဖြစ် ရောက်တော်မူပုံ၊ သတ္တသတ္တာဟ စံနေတော်မူခြင်း၊ ပဥ္စဝဂ္ဂီငါးဦးကို တရားဦး ဓမ္မစကြာ ဟောတော်မူပုံ၊ ရာဇဂြိုဟ်ပြည် ကြွချီခြင်း၊ ကပိလဝတ်ပြည်ကို ကြွချီတော်မူပုံ၊ ဘုရားရှင်ရဲ့ တစ်ရက်တာလုပ်ငန်းနဲ့ ဝါဆိုတော်မူရာ မြို့ရွာများ၊ နတ်ပြည်ကို တက်ရောက်ကာ ခက်ခဲနက်နက်သောအဘိဓမ္မာတရား ဟောကြားခြင်း၊ သုန္ဒေါ ပနန္ဒ နဂါးမင်းနဲ့ တကွ တရားရသင့်သူတွေကို တရားပြ ချေချွတ်ပုံ၊ အာယုသင်္ခါရ လွှတ်ဖို့ မာရ်နတ်က တောင်းပန်ခြင်း၊ ဘုရားရှင် ဝမ်းတော်လားကာ မကျန်းမမာ ဖြစ်လာခြင်း၊ ပရိနိဗ္ဗာန် စံတော်မူခြင်း အစရှိတဲ့ ဗုဒ္ဓဝင်ကို ယနေ့ခေတ် လူငယ် လူရွယ်တွေ အလွယ်တကူ ဖတ်ရှုသိမြင်နိုင်ဖို့ စီစဥ်ရေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။
🌻 နက်နဲတဲ့ ပါဠိပါဌ်သားတွေ ရှောင်ကွင်းကာ မြန်မာစကားပြေသက်သက် ပြုစုရေးထားတာကြောင့် ဗုဒ္ဓဝင်ကို လေ့လာလိုတဲ့ကျောင်းသူကျောင်းသား လူငယ်တွေအတွက် အသင့်လျော်ဆုံး စာအုပ်ဆိုလည်း မမှားပါဘူး။
🌻 ယခုစာအုပ် ရေးသားသူ ဆရာဦးသိန်းအောင် (မြန်မာစာ) အနေနဲ့ မြန်မာစာအပေါ် အလေးအနက်ထားကာ မြန်မာစကားပုံနဲ့ ဆိုရိုးစကားလို စာအုပ်မျိုး ပြုစုရေးသားခဲ့တာမို့ သူ့ရဲ့ ရှင်းလင်း ပြေပြစ်တဲ့ စကားပြေကြောင့် ယခုဗုဒ္ဓဝင်စာအုပ်ကို လူငယ်တွေ လွယ်လွယ်ကူကူ သိရှိ နားလည်နိုင်ပါမယ်။ စာအုပ် ဖတ်ရှုရာမှာလည်း မပျင်းရိစေအောင် သက်ဆိုင်ရာအခန်းအလိုက် သရုပ်ဖော်ပုံနဲ့တကွ ယှဉ်တွဲဖော်ပြထားပါတယ်။

 #ဆည်းဆာချိန်မှာလင်းလက်နေဆဲအနုပညာကြယ်ပွင့်များနှင့်မေတ္တာတရားအိမ် 💕     စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျရောက်မယ့် ဆရာမသန်းမြင့...
25/09/2026

#ဆည်းဆာချိန်မှာလင်းလက်နေဆဲအနုပညာကြယ်ပွင့်များနှင့်မေတ္တာတရားအိမ်

💕 စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျရောက်မယ့် ဆရာမသန်းမြင့်အောင်ရဲ့ အသက် (၇၃) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် “မေတ္တာတရားအိမ်...မှသည် နေမဝင်အနုပညာဆည်းဆာ...” အမည်ရတဲ့ စာအုပ်သစ်လေး ထွက်ရှိလို့ လာခဲ့ပါပြီရှင်။
💕 ဒီစာအုပ်လေးထဲမှာ ဇရာအနုပညာရှင်များ နားခိုအနားယူနိုင်ရန် ရည်ရွယ်ထူထောင်ထားရှိတဲ့ အနုပညာဆည်းဆာရိပ်ဂေဟာမှ သက်ကြီးရွယ်အို အနုပညာရှင်ဘိုးဘွားများရဲ့ ဘဝကောက်ကြောင်းအချို့နဲ့ လျှောက်လှမ်းဆဲ မေတ္တာခရီးစဉ်တွေကို ဆရာမက လေးနက်စွာ ပြုစုရေးသားထားတာ ဖြစ်ပါတယ်။ ဆရာမနဲ့ ဆုံတွေ့ပြီး စာအုပ်လေးပေါ်မှာ အမှတ်တရလက်မှတ် ရေးထိုးရယူချင်သူများအတွက် အောက်ပါအစီအစဉ်အတိုင်း ဆရာမရှိနေမှာ ဖြစ်ပါတယ်ရှင်။

📌 ရက်စွဲ - (၂၇) ရက်၊ စက်တင်ဘာ၊ ၂၀၂၆ (တနင်္ဂနွေနေ့)

📌 အချိန် - နေ့လည် ၁နာရီမှ ၃နာရီ အထိ

📍 နေရာ - The Lantern House@ classic art area W1-16, The Secretariat YGN. Gate(6), Bo Aung Kyaw Rd.

💕 ဆရာမရဲ့ မေတ္တာလက်ရာ စာအုပ်သစ်လေးကို အမြန်ဆုံး ဖတ်ရှုချင်ကြတဲ့ စာချစ်သူများနဲ့ ဆရာမကို ချစ်ခင်လေးစားကြသူများ ဝန်ကြီးများရုံးသို့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
#ဆရာမသန်းမြင့်အောင် #ဝန်ကြီးများရုံး #မေတ္တာတရားအိမ်မှသည်နေမဝင်အနုပညာဆည်းဆာ

 #ဒီတစ်ပတ်အသစ်ထွက်စာအုပ်လေးကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ စာမျက်နှာ၊ တန်ဖိုးများကိုလည်းဖော်ပြထားပါတယ်ရှင့်။ ✨   စာအုပ်မှာယူ...
14/09/2026

#ဒီတစ်ပတ်အသစ်ထွက်စာအုပ်လေးကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ စာမျက်နှာ၊ တန်ဖိုးများကိုလည်းဖော်ပြထားပါတယ်ရှင့်။
✨ စာအုပ်မှာယူမှုများအတွက်
✨ စိတ်ကူးချိုချို Online အရောင်းဌာန
Telegram: https://t.me/skccadmin
Viber: +959406300006
✨ Facebook Messenger: http://m.me/skccmyanmarbook
✨ အပါးတော်မြဲOnline အရောင်းဌာန
Telegram: https://t.me/aptmbookhouse
Viber: +959887668558
✨ Facebook Messenger:
http://m.me/aptmbookhouse
များကိုနှိပ်၍ ဖြစ်စေ၊ မှာယူနိုင်ကြပါတယ်ရှင်။
#စိတ်ကူးချိုချိုကို အစဉ်အမြဲအားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ရှင်။

📒 နှလုံးသည်းပွတ်တို့မည်သည်  ဘာသာပြန်၍ မရနိုင်စကောင်း🖋️ ငြိမ်းကျော် 🌻     ဆွေမျိုးချင်း မသင့်မမြတ်ဖြစ်ရာမှ ဆွေမျိုးနီးစပ်...
10/09/2026

📒 နှလုံးသည်းပွတ်တို့မည်သည် ဘာသာပြန်၍ မရနိုင်စကောင်း
🖋️ ငြိမ်းကျော်

🌻 ဆွေမျိုးချင်း မသင့်မမြတ်ဖြစ်ရာမှ ဆွေမျိုးနီးစပ်တော်သော ချစ်သူမြဝင်းလတ်နှင့် ဝေးရာ တောင်တန်းတစ်နေရာရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းဆီသို့ လွင့်ပါးလာသည့် တက္ကသိုလ်ကျောင်းသား သီဟကျော်၏ဘဝကို အခြေခံသော ဆရာငြိမ်းကျော် ၏ လူငယ်မေတ္တာဖွဲ့ဝတ္ထုဖြစ်သည်။
🌻 ယင်းကောက်ဆိုသော တောင်ပေါ်ရွာလေး၌ အသည်းကွဲဝေဒနာကို ကုစားနေထိုင်ရင်း ရုတ်တရက် ရောက်လာသူတွေက သူငယ်ချင်းအချို့နှင့် ချစ်ရသူ မြဝင်းလတ်၊ သူတို့ ဖျောင်းဖျမှုကြောင့် သီဟကျော် ရန်ကုန်ပြန်လိုက်လာပြီး တက္ကသိုလ်ပြန်တက်စဉ် ချစ်သူချင်း အဆင်ပြေကာမှ သီဟကျော်ဘဝထဲ တိုးဝင်လာသူက
ရီရီစိုးဆိုသော ဆွေမျိုးထဲက မွေးစားသမီးတစ်ဦး ..၊ နဂိုကတည်းက ပြဿနာရှိ၍ ချစ်သူချင်း ကွေကွင်းရမလောက် ဖြစ်နေချိန်တွင် သပွတ်အူလို ထပ်မံ ရှုပ်ထွေးလာသော အခြေအနေက မရိုးသား ..၊ ရီရီစိုး သီဟကျော်ကို ချဉ်းကပ်လာပုံက တစ်မျိုးထူးနေ၏။
🌻 သည်တွင် အထင်အမြင် လွဲမှားချင်သော ချစ်သူ မြဝင်းလတ်နှင့် ရီရီစိုးတို့ကြား ဗျာများလာရသူက သီဟကျော်၊ ဇာတ်လမ်းက သိမ်မွေ့သလို ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာသည်။ အမွေကိစ္စကြောင့် ဆွေမျိုးချင်း မသင့်မတင့်အရေးတွေက လူငယ် စုံတွဲအပေါ် အကြီးအကျယ် ရိုက်ခတ်လာပြန်ကာ အချစ်စစ် အချစ်မှန်တို့မည်သည် ဖြောင့်ဖြူးခြင်း မရှိ ဆိုရိုးအတိုင်း လွမ်းမောဖွယ်ရာ ဖတ်ရှုရပါမည်။ စာအုပ်ကို ၁၉၈၁ ခုက ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ထပ်မံပုံနှိပ်ခြင်း ဖြစ်ပါသည်။

📒 ပေါ်ဦးသက် POT အမှတ်တရ🖋️ ကလောင်စုံ         🌻     ကွယ်လွန်သူ မြန်မာပန်းချီကျော် ပေါ် ဦးသက် ရေးသားခဲ့သော အနုပညာဆိုင်ရာ ဆေ...
09/09/2026

📒 ပေါ်ဦးသက် POT အမှတ်တရ
🖋️ ကလောင်စုံ

🌻 ကွယ်လွန်သူ မြန်မာပန်းချီကျော် ပေါ် ဦးသက် ရေးသားခဲ့သော အနုပညာဆိုင်ရာ ဆောင်းပါးများ၊ သူရေးဆွဲခဲ့သော ပန်းချီလက်ရာများနှင့် စာနယ်ဇင်း ကာတွန်းများ၊ ပန်းချီ၊ ဓါတ်ပုံတို့အပြင် စာပေအနုပညာရှင်များ ဖြစ်ကြသည့် ဦးဘသက်၊ ဘဏ်ဦးခင်မောင်၊ ဦးအောင်ခင်၊ ဦးစံဝင်း၊ ဦးမင်းနိုင်၊ မြန်မာမှု ဦးအေးမြင့်၊ ရွှေချည်ထိုး ဦးစိန်မြင့်၊ မင်းသုဝဏ်၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဦးချစ်ဝိန်၊ ဝင်းဖေ၊ ခင်မောင်ရင်၊ ခင်ဝမ်း၊ မောင်ဒီ၊ မောင်မိုးသူ၊ နန္ဒာသိန်းဇံ အစရှိသော ပုဂ္ဂိုလ်များ၏ ပေါ်ဦးသက်အလွမ်းပြေစာစုများ ပါရှိသည့် စာအုပ်ဖြစ်သည်။
🌻 ဆရာပေါ်ဦးသက် (၁၉၃၆ - ၁၉၉၃) သည် မြန်မာသာမက ကုလသမဂ္ဂ အသိအမှတ်ပြု ကမ္ဘာသိ ပန်းချီကျော် ဖြစ်ခဲ့သလို ရှေးမြန်မာ့ရိုးရာကောက်ကြောင်းနှင့် ခေတ်သစ်ဟန်ပေါင်းစပ်ကာ သီးသန့်ကိုယ်ပိုင် ရေးဟန်တစ်ခုဖြင့် တစ်ခေတ်တစ်ယောက် ဆိုလောက်အောင် အောင်မြင် ထင်ရှားသူဖြစ်ခဲ့သည်။ ပန်းချီသာမက စာပေရေးသားမှုတွင်ပါ အထုံဝါသနာကြီး၍ ပန်းချီလောကအတွေ့အကြုံများ၊ ပန်းချီအယူအဆများနှင့် အနုပညာအပေါ် အလေးအမြတ်ထားမှုများကိုလည်း သူရေးသော ဆောင်းပါးများမှတစ်ဆင့် သိရှိနိုင်ပါသည်။
🌻 စာအုပ်ကို ဆရာပေါ်ဦးသက်ကွယ်လွန်ပြီးနောက် ဇနီးနှင့်မိသားစုက ပထမအကြိမ် စီစဉ် ထုတ်ဝေခဲ့ကာ ယခုပြန်လည်ပုံနှိပ်သော စတုတ္တအကြိမ် စာအုပ်တွင် ယခင်မပါဝင်ခဲ့သည့် သူတော်ကာတွန်း၊ လူထုသတင်းစာကာတွန်း ၃၀ ကျော်တို့အပြင် ဒေါက်တာသန်းထွန်းရေး ကလသာ ( Kalasa ) အိုးအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ဆရာပေါ်ဦးသက်အတွက် ရေးပို့ခဲ့သောစာ၏ နောက်ဆက်တွဲကိုလည်း ရှာဖွေဖြည့်စွက်ချက်အဖြစ် တွေ့ရှိရမည် ဖြစ်ပေသည်။

Address

No. 7/8, Myanmar Sri Linka Ya Ma Kyaung Street (Nat Chaung Lane), Nat Chaung, Tamwe
Yangon
110011

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

+959268690001

Alerts

Be the first to know and let us send you an email when Seikku Cho Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seikku Cho Cho:

Shortcuts

Share

Category