News Watch

News Watch VARIETY OF NEWS! For more news and invaluable articles by well-renowned columnists, please read our weekly publications. Keep following us on Facebook!

News Watch Weekly covers a wide range of topics from politics to entertainment, from insight analysis and commentary of various issues happening around the world of today and yesteryear to interviews with celebrities and public figures. For more news and invaluable articles by well renowned columnists, please read our weekly publications.

မန္တလေးတွင် Earthquake Memorial Wall ဖွင့်လှစ်ပြသ မန္တလေးငလျင်ဖြစ်ရပ်ကို နောက်လာနောက်သားများ လေ့လာစရာနေရာတခုအဖြစ် ထိန်းသ...
26/02/2026

မန္တလေးတွင် Earthquake Memorial Wall ဖွင့်လှစ်ပြသ


မန္တလေးငလျင်ဖြစ်ရပ်ကို နောက်လာနောက်သားများ လေ့လာစရာနေရာတခုအဖြစ် ထိန်းသိမ်းထားသော Earthquake Memorial Wall ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက မင်္ဂလာမန္တလေးရှိ Block 3, Unit 5 တွင် ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ၂၈ ရက်နေ့က အင်အားပြင်း ၇.၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အခက်အခက်များ၊ ဖြစ်ရပ်များကို မှတ်တမ်းတင်ထားရှိခြင်းဖြစ်သည်။

Earthquake Memorial Wall ဖွင့်လှစ်ခြင်းနှင့်အတူ မင်္ဂလာမန္တလေးတည်ထောင်ခြင်း (၁၁)နှစ်ပြည့်အထိမ်းအမှတ် တရုတ်နှစ်ကူးအလှုတော်အဖြစ် မိတ်ဖက်ကုမ္ပဏီ(၁၆) ခုတိုံပူးပေါင်း၍ မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာတွင် တဦးလျှင် ငွေသားအပါအဝင် ငွေကျပ် (၇၅၀၀၀) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို လူဦးရေ (၄၀၀၀) အား စုပေါင်းလှုဒါန်းမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

ဦးရာဇ

Myanmar Art Center နှင့် မင်္ဂလာမန္တလေးတို့ ပူးပေါင်း၍ ပန်းချီအထူးပြပွဲကျင်းပမန္တလေး ဖေဖော်ဝါရီ(၂၀)Myanmar Art Center နှ...
21/02/2026

Myanmar Art Center နှင့် မင်္ဂလာမန္တလေးတို့ ပူးပေါင်း၍ ပန်းချီအထူးပြပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ(၂၀)

Myanmar Art Center နှင့် မင်္ဂလာမန္တလေးတို့ ပူးပေါင်း၍ မင်္ဂလာမန္တလေး (၁၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ​ပန်းချီအထူးပြပွဲကို ဖေဖော်ဝါရီ ၂၀ရက်တွင် ကျင်းပသည်။

ပြပွဲတွင် ​Myanmar Art Center ၏ MD ဒေါ်ခင်သက်ဦးနှင့် ပန်းချီဆရာကြီး ရွှေချီထိုး ဦးစိန်မြင့်တို့က ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းပြောကြားခဲ့ပြီး ပြပွဲအတွင်းခင်းကျင်းပြသထားသည့် နာမည်ကျော်ပန်းချီဆရာ(၅၀)​၏ ပန်းချီကားချပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပန်းချီဆရာ(၅၀)ကျော်၏ ရှားပါးအနုပညာလက်ရာ ပန်းချီကားချပ်(၈၀)ကျော်ကို ခင်းကျင်းပြသထားပြီး ပန်းချီကားများ၏ တန်ဖိုးမှာ အနည်းဆုံး ငွေကျပ်(၈)သိန်းကျော်မှ သိန်းထောင်းဂဏန်းထိရှိကြောင်း သိရသည်။

အဆိုပါပန်းချီပြပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ နှစ်ရက်တာပြသသွားမည်ဖြစ်ပြီး ပန်းချီအနုပညာချစ်မြတ်နိုးသူ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပြီး လွတ်လပ်စွာ ဝယ်ယူစုဆောင်းနိုင်ကြောင်း သိရသည်။

ဦးရာဇ

စာရေးဆရာမ ဒေါ်ခင်သူသူဝင်းရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲစာရေးဆရာမ ဒေါ်ခင်သူသူဝင်းရဲ့ ပထမဆုံးတကိုယ်တော်ပန်းချီပြပွဲကိ...
15/02/2026

စာရေးဆရာမ ဒေါ်ခင်သူသူဝင်းရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ

စာရေးဆရာမ ဒေါ်ခင်သူသူဝင်းရဲ့ ပထမဆုံးတကိုယ်တော်ပန်းချီပြပွဲကို ယနေ့ (ဖေဖော်ဝါရီ ၁၅ရက်) တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း အာက်ဘလောက်ရှိ လောကနတ် ပန်းချီပြခန်းတွင် ပြသလျှက်ရှိသည်။

အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပြသမည်ဖြစ်သည်။

"ပန်းချီကားပေါင်း ၁၈၀ နီးပါးပြသထားပါတယ်။ အချိန်လေးနှစ်လောက်ယူပြီဆွဲခဲ့တာပါ။ ပန်းချီပြပွဲအမည်ကို “အဖော်” လို့ ပေးရတာကတော့ ကျွန်မဘဝမှာ စာပေနဲ့ ပန်းချီအနုပညာဟာ အဖော်မွန်ဖြစ်တဲ့အတွက် ဒီအမည်ကို ပေးရတာဖြစ်ပါတယ်လို့ ဆရာမ ဒေါ်ခင်သူသူဝင်းက ဆိုသည်။

ဆရာမဒေါ်ခင်သူသူဝင်းသည် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားပြီး မဂ္ဂဇင်း၊ ဂျာနယ် စာနယ်ဇင်းလောကတွင် ဆယ်စုနှစ်ပေါင်းများတွင် ကျင်လည်ခဲ့ပြီးနောက် ယခု ပန်းချီပြပွဲသည် သူမအတွက် ပထမဆုံး တကိုယ်တော်ပန်းချီပြပွဲဖြစ်ကြောင်း သိရသည်။

06/02/2026

တင့်တင့်ထွန်းကို အထင်​သေးခဲ့မိတယ်

အဆို​တော် မင်းသမီး တင့်တင့်ထွန်းနဲ့ အတူတွဲ ဖျော်ဖြေခဲ့တဲ့အတွ့အကြုံ၊ တင့်တင့်ထွန်း သာသနာ့ဘောင် ၀င်ရောက်သွားတယ်ဆိုတုန်းက ပေါ်ပင်လုပ်တာလားလို့ ထင်ခဲ့မိခဲ့ကြောင်း လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးတိမ်ညွန့်က ပြောပြထားပါတယ်။

#တင့်တင့်ထွန်း #တိမ်ညွန့်

သြဇာအာဏာ၏ ကြောက်မက်ဖွယ်အဖြစ်အပျက်များအပါအဝင်ဧကရာဇ်ဝါဒနှင့် ဗဟုရာဇ်ဝါဒ၏ ပဋိပက္ခ အကွေ့အကောက်အရှုပ်အထွေးများလွန်းပြီး တွေ့ရ...
01/02/2026

သြဇာအာဏာ၏ ကြောက်မက်ဖွယ်အဖြစ်အပျက်များအပါအဝင်

ဧကရာဇ်ဝါဒနှင့် ဗဟုရာဇ်ဝါဒ၏ ပဋိပက္ခ အကွေ့အကောက်

အရှုပ်အထွေးများလွန်းပြီး တွေ့ရန်ခက်ခဲသော လောကသစ္စာတရား

အတွေးပွားစရာ၊ အငြင်းပွားစရာများနှင့် . . .

စာရေးဆရာမ တင်တင်ဦးရေးသားသည့်

“ဘရူးတပ်စ်သည် သစ္စဖောက်လော”စာအုပ်

30/01/2026

သြဇာအာဏာ၏ ကြောက်မက်ဖွယ်အဖြစ်အပျက်များအပါအဝင်

ဧကရာဇ်ဝါဒနှင့် ဗဟုရာဇ်ဝါဒ၏ ပဋိပက္ခ အကွေ့အကောက်

အရှုပ်အထွေးများလွန်းပြီး တွေ့ရန်ခက်ခဲသော လောကသစ္စာတရား

အတွေးပွားစရာ၊ အငြင်းပွားစရာများနှင့် . . .

စာရေးဆရာမ တင်တင်ဦးရေးသားသည့်

“ဘရူးတပ်စ်သည် သစ္စဖောက်လော”စာအုပ်

တန်ဖိုး - ၇၀၀၀ + ပို့ခ

ဖုန်း - 09740026220 သို့
ဆက်သွယ်မှာယူနိုင်ပါပြီ။

NLD မပါလို့ အချိုအချောင်ရလိမ့်မယ်မထင်နဲ့ ၊ တာဝန်ယူရဲမှရွေးကောက်ပွဲဝင်ပါ (26 July 2024)
28/01/2026

NLD မပါလို့ အချိုအချောင်ရလိမ့်မယ်မထင်နဲ့ ၊ တာဝန်ယူရဲမှရွေးကောက်ပွဲဝင်ပါ (26 July 2024)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲမှာ ယခင်ရွေးကောက်ပွဲအဆက...

27/01/2026

မြန်မာဘက်ဂီယို သို့မဟုတ် မောင်မောင်ဦးနှင့်အင်တာဗျူး (အပိုင်း ၁)

မြန်မာ့ဘောလုံးလောကမှာ ၉၀ ခုနှစ်များကာလတလျှောက် နာမည်ကျော်ပြီး ပရိသတ်ချစ်ကစားသမားတဦးဖြစ်တဲ့ မောင်မောင်ဦးက သူ့ရဲ့ ဖြတ်သန်းမှုနဲ့ပတ်သက်လို့ ပြောပြထားပါတယ်။



#မောင်မောင်ဦး

24/01/2026

MMA လူလေး ရိုင်ယန် | အတောက်ပဆုံး အနာဂတ်ကြယ်ပွင့်

1990s MMA Club က အနာဂတ် မြန်မာပြည်မှာ MMA Fighters တွေ ပေါ်ထွက်လာရေး တဘက်တလမ်းက အထောက်အပံ့ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်ပွဲတွေကို လုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒီအထဲမှာမှ Ryan ဆိုတဲ့ လူငယ်လေးဟာ လက်စွမ်းလက်စရှိပြီး အနာဂတ်မှာ တောက်ပလာမယ် ကြယ်ပွင့်လေးတပွင့်အဖြစ်ရှိနေတာပါ။ သူ့ရဲ့ MMA အိပ်မက်လမ်းဟာ ရှည်လျားလှပေမယ့် အလှမ်းမ‌‌‌‌ဝေးလှဘူးလို့ ဆိုလိုက်ချင်ပါတယ်။


Address

No 199, 1st Floor, Pansodan Street, Middle Block, Kyauktada Township
Yangon
YANGON

Alerts

Be the first to know and let us send you an email when News Watch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to News Watch:

Share

Our Story

News Watch Weekly covers a wide range of topics from politics to entertainment, from insight analysis and commentary of various issues happenning around the world of today and yesteryear to interviews with celebrities and public figures. For more news and invaluable articles by well renowned columists, please read our weekly publications. Keep following us on Facebook!