DBA Myanmar

DBA Myanmar ပြည်သူကြားက ပြည်သူ့ အတွက် ပြည်သူသတင?

ချင်းမိုင်မြို့တွင် ဓားခုတ်မှုကျုးလွန်ခဲ့သူ မြန်မာလူငယ် ၁၅ ဦးပါဂိုဏ်းဖမ်းမိ တစ်ဦးလွတ်မြောက်နေ(DBA) စက်တင်ဘာ - ၁၉ ထိုင်းန...
19/09/2025

ချင်းမိုင်မြို့တွင် ဓားခုတ်မှုကျုးလွန်ခဲ့သူ မြန်မာလူငယ် ၁၅ ဦးပါဂိုဏ်းဖမ်းမိ တစ်ဦးလွတ်မြောက်နေ

(DBA) စက်တင်ဘာ - ၁၉

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သူ မြန်မာ လူငယ် ၁၅ ဦးပါတဲ့ ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ဦးဆောင်ကျုးလွန်သူကိုပြစ်ဒဏ်များချကာ ပြည်နှင်ဒဏ်ပေးမယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၉)ချင်းမိုင်မြို့တွင် ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ တာဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ပရာချွတ် ဦးဆောင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှာ ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူ အသက် ၂၅ နှစ်အရွယ် စိုင်းအိုက်မောင် (ခေါ်) အမ် နဲ့ အသက် ၁၄ နှစ်မှ ၃၁ နှစ်ကြားရှိ မြန်မာလူငယ် ၁၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

မြန်မာလူငယ်များပါဝင်တဲ့ "Black Lotus Gang" နဲ့ "999 Gang" ဟု အမည်ပေးထားပြီး ဂိုဏ်းဝင်များမှာ ဓား လက်နက်များအသုံးပြုကာ ပြင်းထန်တဲ့ ဒဏ်ရာရအောင် အဖွဲ့လိုက်ရိုက်နှက်မှု အခြားပြစ်မှုများဖြင့် တရားစွဲဆို အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလူငယ်များသည် Line application မှတစ်ဆင့် စုဖွဲ့ခဲ့ပြီး အဖွဲ့ဝင်ညီငယ်ကို လူငယ်တစ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် လက်စားချေရန် လူ ၃ဝ ခန့်စုပြီး ချင်းမိုင်မြို့ပတ်လမ်းပေါ်တွင် လှည့်လည်နေခဲ့ကြပါတယ်။

ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်တဲ့ အဝတ်လျှော်ဆိုင်နဲ့စတိုးဆိုက်ရှေ့ အရောက်တွင် လူ ၃ ဦးအား ဓားဖြင့် လက် လက်မောင်း နောက်ကျော တို့ကို ခုတ်ခဲ့ပြီးနောက်လူစုခွဲကာ ထွက်ပြေးခဲ့ကြပါတယ်။

ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ လက်ကောက် ဝတ်ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ပြတ်နေသည့်လက်ကို ဆရာဝန်များက အောင်မြင်စွာ ပြန်လည်ဆက်ပေး နိုင်ခဲ့သော်လည်း အနီးကပ်စောင့်ရှောက်မှု ခံယူနေရသလို ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်းအရေး ပေါ်ခန်းတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ညသန်းခေါင်ယံနဲ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဓားခုတ်မှု ကျုးလွန်ချိန်တွင် ပါဝင်သူများကိုဖမ်းဆီးခဲ့ကြပြီး ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူစိုင်းအိုက်မောင် (ခေါ်) အမ်ကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင်ဖမ်းမိခဲ့ပါတယ်။

အိုက်မောင်နှင့်အတူ ဓားခုတ်မှုကျူးလွန်ခဲ့သော ချိုင်းလင်(ခေါ်)တော့ပ်မှာ လွတ်မြောက်နေဆဲဖြစ်ပြီး အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ကြိုးစားနေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အိုက်မောင်ကို ဥပဒေအရ တရားစွဲမည်ဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးပါက ထိုင်းနိုင်ငံတွင်းမှ နှင်ထုတ်ကာ အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားပါတယ်။

သမီးအရင်းဖြစ်သူကို သားမယားပြုကျင့်ခဲ့သူ ဖခင်ကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်(DBA) စက်တင်ဘာ - ၁၉ ပဲခူးတိုင်း ထန်းတပင်မြို့နယ်...
19/09/2025

သမီးအရင်းဖြစ်သူကို သားမယားပြုကျင့်ခဲ့သူ ဖခင်ကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

(DBA) စက်တင်ဘာ - ၁၉

ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် အရွယ်မရောက်သေးသည့် အသက် ၁၂ နှစ်အရွယ် သမီးအရင်းဖြစ်သူ ကို သားမယားပြုကျင့်ခဲ့သူ ဖခင်ဖြစ်သူအား ထောင်ဒဏ်အနှစ် ၄၀ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အရွယ်မရောက်သေးသူ အသက် ၁၂ နှစ်အရွယ် သမီးအရင်းဖြစ်သူကို သားမယားပြုကျင့်သူ ဖခင်ဖြစ်သူ ကို တောင်ငူခရိုင်တရားရုံးမှ စက်တင်ဘာ ၁၈ ရက်က ထောဏ်ဒဏ်အနှစ် ၄၀ ပြစ်ဒဏ် အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။

ပြစ်မှူကျူးလွန်ခဲ့သူတရားခံမှာ အသက်၃၆နှစ်အရွယ် ကျော်သက် ၃၆ အောက်တင်းကုတ်ကျေးရွာ ဇီးဖြူသောင်ကျေးရွာအုပ်စု ထန်းတပင်မြို့နယ်နေသူဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) အရ အလုပ် ကြမ်းနှင့်ထောင်ဒဏ် (၂၀ နှစ်)၊ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၀ နှစ်) အား သီးခြားစီကျခံစေရန် တောင်ငူခရိုင် တရားသူကြီး ဦးမိုးကြည်မောင်မှချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး နေရာနှစ်ခုတွင် သားမယားပြုကျင့်ခဲ့ခြင်းကြောင့် ပုဒ်မတူသော်လည်း ပြစ်ဒဏ်နှစ်ခုကို သီးခြားစီအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၉ ရက် ည ၁၀ နာရီကျော်အချိန်က အောက်တင်းကုတ်ကျေးရွာ ဇီးဖြူသောင်ကျေးရွာအုပ်စု ထန်းတပင်မြို့နယ်တွင် မိခင်ဖြစ်သူနေအိမ်တွင် ရှိနေစဉ် သမီးဖြစ်သူ အသက် (၁၂)နှစ်မှာ နေအိမ်အိပ် ခန်းအတွင်း ဖုန်းကြည့်နေရာမှ အသံမကြားရတော့သဖြင့် ဝင်ရောက်ကြည့်ရာ ခင်ပွန်းဖြစ်သူ ကျော်သက် မှ သမီးဖြစ်သူကို သားမယားအဖြစ်ပြုကျင့်နေတာကို တွေ့ရှိခဲ့ပါတယ်။

သမီးဖြစ်သူကို တစ်ရွာတည်းနေ အိမ်နီးချင်းသုံးဦး ရှေ့တွင်မေးမြန်းရာ လွန်ခဲ့ သော တစ်လခန့်ကလည်း သမီးဖြစ်သူကို ဖခင်ဖြစ်သူ ကျော်သက်နဲ့အတူ လယ်ထဲတွင် ကစွန်းရွက်ခူးသွားရောက်တိုင်း သားမယား အဖြစ် စုစုပေါင်း ရှစ်ကြိမ်ခန့် ပြုကျင့်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

သမီးဖြစ်သူအား သားမယားဖြစ်ပြုကျင့်ခဲ့သူ ကျော်သက်အား ဥပဒေအရအရေးယူပေးရန် ထန်းတင်မြို့မ ရဲစခန်းတွင် မိခင်ဖြစ်သူမှ တရားလိုလုပ်ကာ ဇူလိုင် ၁၂ ရက်နေ့တွင် အမှူဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ဆီဘောက်ဆာကားကို ဆိုင်ကယ်မှဝင်တိုက် ဆိုင်ကယ်စီးလာသူ G-12 ကျောင်းသား သေဆုံး(DBA) စက်တင်ဘာ - ၁၉ တနင်္သာရီတိုင်း ကော့သောင်းမ...
19/09/2025

ဆီဘောက်ဆာကားကို ဆိုင်ကယ်မှဝင်တိုက် ဆိုင်ကယ်စီးလာသူ G-12 ကျောင်းသား သေဆုံး

(DBA) စက်တင်ဘာ - ၁၉

တနင်္သာရီတိုင်း ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြရည်ပုလဲလမ်း မူးယစ်ကုန်း အနီးတွင် ဆီဘောက်ဆာကားကို ဆိုင်ကယ်ကဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်စီးလာသူ G-12ကျောင်းသား နေရာတွင် သေဆုံးသွားခဲ့ပါတယ်။

ယနေ့ စက်တင်ဘာ၁၉ရက် နံနက် ၈နာရီကျော်အချိန်က မူးယစ်ကုန်းအနီးတွင် ယာဥ်မောင်းကျော်နိုင် လင်း မောင်းနှင်လာတဲ့ ဆီဘောင်ဆာယာဥ်သည် ရွှေပြည်သာရပ်ကွက်ဘက်မှ မြရည်ပုလဲလမ်းအတိုင်း အေးရိပ်ငြိမ်ဘက်သို မောင်းနှင်လာခဲ့ပါတယ်။

အလားတူ အေးရိပ်ငြိမ်ရပ်ကွက်မှ ရွှေပြည်သာရပ်ကွက်သို့ မောင်းနှင်လာတဲ့ Grade - 12 ကျောင်းသား အသက်၁၈နှစ်အရွယ် မောင်ပြည့်ဦးပိုင် ဗန္ဓုလလမ်း ရွှေပြည်သာရပ်ကွက်နေသူ မောင်းနှင်လာတဲ့ Click ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ဆီဘောင်အား ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၁၄ နှစ် အရွယ်မိန်းကလေးကို ဦးလေးဖြစ်သူက မတရားပြုကျင့် ရပ်ကွက်ကဝိုင်းဖမ်း(DBA) စက်တင်ဘာ - ၁၉ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွ...
19/09/2025

၁၄ နှစ် အရွယ်မိန်းကလေးကို ဦးလေးဖြစ်သူက မတရားပြုကျင့် ရပ်ကွက်ကဝိုင်းဖမ်း

(DBA) စက်တင်ဘာ - ၁၉

ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဦးလေးတော်စပ်သူ က မတရားပြုကျင့်သဖြင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ခရမ်းမြို့ အမှတ် (၈) ရပ်ကွက်တွင် ယနေ့ စက်တင်ဘာ ၁၉ရက် မနက် ၂ နာရီ
အချိန်က ဦးလေးတော် စပ်သူ ငစိုးဆိုသူက အတင်းအဓ္ဓမပြုကျင့်ရန်ကြိုးစားခဲ့တာဖြစ်ပါတယ်။

အတင်းအဓ္ဓမ ပြုကျင့်ခံရသူမိန်းကလေးငယ်က အော်ဟစ်အကူအညီတောင်းခဲ့ရာမှ ရပ်ကွက်နေပြည် သူများ နိုးလာကြပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲစခန်း ပို့ဆောင်ထားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ငစိုးဆိုသူမှာ မိန်းကလေးရဲ့ အဒေါ်ယူထားတဲ့ယောကျာ်းဖြစ်ပြီး ည ၂ နာရီလောက်တွင် နေအိမ်မီးပိတ်ပြီး ပြုကျင့်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး မိသားစုကလဲ ခရီးသွားနေတယ်လို့သိရပါတယ်။

မိန်းကလေးငယ်က ငယ်သံပါအောင် အော်လို့ရပ်ကွက်ကလူတွေနိုးပြီး ဝိုင်းဖမ်းခဲ့ကြတာဖြစ်ပြီး ဖမ်းမိပြီး နောက် ရပ်ကွက်ကလူတွေကပဲ တရားခံကို ရဲစခန်းကို ခြေလျင်ပဲ သွားပို့ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ အမှုကိုကျူးလွန်ခဲ့သူကို ခရမ်းမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့်အရေး ယူနိုင်ရန် ဆောင်ရွက်နေပါတယ်။

ဘားအံ မဲဘောင်တံတားထိပ်ကနေ တက္ကသိုလ်ကျောင်းသားတစ်ဦး ခုန်ချ(DBA) စက်တင်ဘာ - ၁၈ကရင်ပြည်နယ် ဘားအံ မဲဘောင်တံတားထိပ်မှာ ယနေ့ညန...
18/09/2025

ဘားအံ မဲဘောင်တံတားထိပ်ကနေ တက္ကသိုလ်ကျောင်းသားတစ်ဦး ခုန်ချ

(DBA) စက်တင်ဘာ - ၁၈

ကရင်ပြည်နယ် ဘားအံ မဲဘောင်တံတားထိပ်မှာ ယနေ့ညနေပိုင်းက တက္ကသိုလ်ကျောင်းသားတစ်ဦး မဲဘောင်တံတားထိပ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦး ခုန်ချခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

ယနေ့စက်တင်ဘာ၁၈ရက် ညနေ (၄)နာရီဝန်းကျင်က ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်တံတားထိပ် က ကြေငြာဆိုင်းဘုတ်အပေါ်ကို တက္ကသိုလ်ကျောင်းသား တယောက် တက်သွားပြီး ကနေခဲ့ပါတယ်။

ကြေငြာဆိုင်းဘုတ်အပေါ်ကို ဘယ်လိုအင်အားနဲ့ ဘယ်လိုတက်သွားလဲ ဆိုတာကိုတော့ ပတ်ဝန်းကျင်ကမသိလိုက်ပေမယ့် ကနဦး သိရတာက အဲဒီတက္ကသိုလ်ကျောင်းသားမှာ ဆေးကြောင်ပြီး ဖြစ်တာလို့တော့ ဒေသခံတွေက ပြောကြပါတယ်။

နားမှာ နားကြပ်တပ်ထားပြီး အဲအပေါ်မှာ တက်ပြီးကနေသလို သူ့ရဲ့ မိခင်နဲ့ သူငယ်ချင်းတွေလဲ အဲဒီ နေရာကို ရောက်ရှိပြီး ချော့ပြောကြပေမဲ့ မရပဲ အဲအပေါ်မှာပဲတက်ကနေတာလို့ သိရပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့တွေ ရောက်ရှိလာပြီး အောက်မှာလေအိပ်တွေခံပြီး ကရိန်းကား နဲ့ တက်ကယ်ပြီး ချပေးဖို့လုပ်ပေမဲ့ အဲကျောင်းသားလေးက အပေါ်ကနေ အောက်ကို တကယ် ခုန်ချသွား ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်မှာ လေအိပ် ကြိုခံထားတဲ့အတွက် လေအိပ်ပေါ်ကျပြီး အသက်မသေပဲ ဆေးရုံကိုပို့ထားရတယ် လို့ ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

လှေကားတင်ယာဉ်ဖြင့် ကယ်တင်ရန် ဆောင်ရွက်စဉ် လှေကားတင်ယာဉ်မှ ဆိုင်းဘုတ်အနီးသို့ ရောက်ရှိ သောအခါ အောက်သို့ခုန်ချခဲ့ရာ အောက်တွင် ကြိုတင်ပြင်ဆင်ထားသော လေမွေ့ယာပေါ်သို့ ခုန်ချမိ၍ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ဖြစ်ပါတယ်။

18/09/2025

ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်

(DBA) စက်တင်ဘာ - ၁၈

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၆ဦးသေဆုံးပြီး သုံပန်းတွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ရက် ညနေ ၃နာရီအချိန်မှာ ကန့်ဘလူမြိုနယ်က ဇီးကုန်းမြိုရဲစခန်းကို တော်လှန်ရေးတပ်ဖွဲတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းအချုပ်ထဲက အကျဉ်းသားသုံးဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး ရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရဲစခန်းကိုမီးရှို့ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲကနေ G3 ၉လက်၊ G4 ၁လက်၊ MA15 ၁လက်နဲ့ ပစ်စတို ၁လက်နဲ့ ခဲယမ်းတွေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ရေးဦး ဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းစီးနင်းခဲ့တာကြတာဖြစ်ပါတယ်။

ဇီးကုန်းမြို့ ကန့်ဘလူမြို့နယ်ထဲမှာပါဝင်ပြီး ပြည်သူ့စစ်တွေ ပျူစောထီးတွေအကူအညီနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ဖြစ်လို့ သိရပါတယ်။

မိတ္တီလာမြို့မှာ စောင်အနီနဲ့ထုပ်ပြီး လူသတ်စွန့်ပစ်ခဲ့တဲ့ အမျိုးသား၂ဦးကို ဖမ်းဆီးရမိ(DBA) စက်တင်ဘာ - ၁၈မန္တလေးတိုင်း မိတ္...
18/09/2025

မိတ္တီလာမြို့မှာ စောင်အနီနဲ့ထုပ်ပြီး လူသတ်စွန့်ပစ်ခဲ့တဲ့ အမျိုးသား၂ဦးကို ဖမ်းဆီးရမိ

(DBA) စက်တင်ဘာ - ၁၈

မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ စောင်အနီနဲ့ထုပ်ပြီး လူသတ်စွန့်ပစ်ခဲ့တဲ့ လူသတ်မှုမှ ကျူးလွန် သူ အမျိုးသားနှစ်ယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်က မကွေးတိုင်း နတ်မောက်မြို့နယ် ရွာတော်ကျေးရွာရှိ တဲ့သူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

လူသတ်မှုမှာ စက်တင်ဘာ ၁၅ ရက် မနက် ၂ နာရီဝန်းကျင်က မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်း တခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို နန်းတော်ကုန်းရပ်ကွက်နယ်မြေ မြောက် ကန်စောင်း ကလေးကစားကွင်း အနီးမှာ သွားရောက် စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။

စောင်အနီနဲ့ထုပ်ပြီး ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ လက်ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား တယောက်ရဲ့ ရုပ်အလောင်းကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူက စက်တင်ဘာ ၁၄ ရက်နေ့က မန္တလေးမှာ ဝက်သွားရောင်းထားသူဖြစ်ပြီး သူနဲ့အတူ တရားခံ နှစ်ယောက်လည်း လိုက်ပါခဲ့ပြီး ဝက်ရောင်းရငွေက သိန်း ၄၇ဝ ကိုလိုချင်တဲ့အတွက် အတူပါသူနှစ် ယောက်က လူသတ်မှု ကျူးလွန်လိုက်တာလို့ ဖြောင့်ချက် ပေးထားပါတယ်။

တရားခံနှစ်ယောက်မှာ ဇော်လှိုင်း ဆိုသူက အွန်လိုင်းဂိမ်း ရှုံးထားလို့ ငွေလိုနေတဲ့အတွက်ကြောင့် နောက်တယောက်ဖြစ်တဲ့ ဇာနည်အောင်နဲ့ တိုင်ပင်ပြီး ဒီအမှုကို ကျူးလွန်လိုက်ကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူနဲ့ ပြစ်မှု ကျူးလွန်သူတွေဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာ MDY 28,6Q/6131 CANDA အဖြူရောင်ကားနဲ့ မန္တလေးကနေ ဝက်ရောင်းရာမှအပြန် ည ၈ နာရီဝန်းကျင်မှာ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ကြတာဖြစ်ပြီး အောင်ဆန်းမြို့သစ်ရှိ တည်းခိုခန်းမှာ ဝင်ရောက် တည်းခိုခဲ့ကြပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ တခန်းတည်း အတူအိပ်ပျော်နေတဲ့ ဇင်မင်းထက်ရဲ့ မျက်နှာကို ဇာနည်အောင်က ခေါင်းအုံးနဲ့ ဖိပေးထားချိန် ဇော်လှိုင်းဆိုသူက သတ္တုရိုးတပ် အရိုးအသွား ၂၁ လက်မခန့်ရှိ ဓားဦးချွန် ဓားမြောင်တချောင်းနဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်အလောင်းကို တည်းခိုခန်း ကုတင်ပေါ်က အနီရောင် ဂွမ်းစောင်နဲ့ပတ်ပြီး မိတ္ထီလာမြောက်ကန်ရဲ့ ရေအစပ်မှာ သွားရောက် စွန့်ပစ်ခဲ့ကာ တည်းခိုခန်းကို မပြန်တော့ဘဲ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ငွေကျပ် သိန်း ၄၇၀ နဲ့အတူ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာကို ကားမောင်းပြန်ခဲ့‌ကြပါတယ်။

လူသတ်ရာမှာ အသုံးပြုတဲ့ ဓားကိုလည်း နတ်မောက်မြို့နယ် ဒီးဒုတ်စံပြကျေးရွာ ကားလမ်းဘေးမှာ စွန့်ပစ်ခဲ့‌ကြပြီး တာဝန်ရှိသူတွေက စက်တင်ဘာ ၁၇ ရက်မှာ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာရှိ တရားခံဇော်လှိုင်းရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့တာမှာ ငွေကျပ် သိန်း ၄၇ဝ အနက် သိန်း ၃၅၀ ကျပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သက်သေခံ ပစ္စည်းဖြစ်တဲ့ ဓားမြောင်ကိုလည်း ပြစ်မှု ကျူးလွန်သူတွေက လိုက်လံ ပြသတဲ့အတွက် ဒီးဒုတ်ကျေးရွာအနီး ကားလမ်းမဘေးမှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ကြပြီး ပြစ်မှု ကျူးလွန်သူတွေကို မိတ္ထီလာမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၉၄/၁၁၄
တို့နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဗိုလ်တထောင်မြို့နယ်တွင် အဓမ္မပြုကျင့်ခံထားရတဲ့ အသက်(၄)နှစ်အရွယ် ကလေးငယ်တွေ့ရှိ(DBA) စက်တင်ဘာ - ၁၈ရန်ကုန်မြို့ ဗိုလ်တထောင...
18/09/2025

ဗိုလ်တထောင်မြို့နယ်တွင် အဓမ္မပြုကျင့်ခံထားရတဲ့ အသက်(၄)နှစ်အရွယ် ကလေးငယ်တွေ့ရှိ

(DBA) စက်တင်ဘာ - ၁၈

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၈) လမ်း အနော်ရထာနဲ့ မဟာဗန္ဓုလလမ်းကြားက ကားပါကင်အနောက် မှာ အဓမ္မပြုကျင့်ခံထားရတဲ့ အသက် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့ စက်တင်ဘာလ၁၈ရက် နေ့လည် ၂နာရီကျော်က အဓမ္မပြုကျင့်ခံထားရတဲ့ အသက် (၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဂါဝန်အင်္ကျီနဲ့ ခြေထောက်များမှာ သွေးများတွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးခဲ့သူတွေဆီက ပြောပါတယ်။

ကားပါကင်အနောက်မှာ (၄)နှစ်သမီးအရွယ်တစ်ဦးရောက်ရှိနေတယ်လို့ အကြောင်းကြားလာတဲ့အတွက် ကြောင့် သွားရောက်ခဲ့ရာ ဝတ်ထားတဲ့ ဂါဝန်အင်္ကျီနှင့်ခြေထောက်များမှာ သွေးများတွေ့ရတာကြောင့် မြို့နယ်ဆရာဝန် နဲ့အဖွဲ့မှလာရောက်စစ်ဆေးခဲ့ပါတယ်။

ကလေးငယ်ကိုစစ်ဆေးခဲ့ရာတွင် မတရားပြုကြင့်မှုခံထားရတယ်လို့ ယူဆရတာကြောင့် ရန်ကုန်ဆေးရုံ ကြီးကို ရှင်သန်ရေးကူညီမှုအသင်းကားနဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှတဆင့် ကလေးငယ်ကို ဟယ်လ်ပင်ကလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင် ကူညီပေးခဲ့ပြီး ဌာနဆိုင်ရာနဲ့မိဘများရောက်ရှိလာတာကြောင့် အပ်နှံပေးခဲ့တယ်လို့ ကူညီရေးတွင်ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဆိုင်းတောင် ကောင်စံရွာသွားလမ်းဟောင်း လက်နက်ကြီးကျကာ ကလေး(၃) ယောက်ထိမှန်(DBA) စက်တင်ဘာ - ၁၇ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင...
17/09/2025

ဆိုင်းတောင် ကောင်စံရွာသွားလမ်းဟောင်း လက်နက်ကြီးကျကာ ကလေး(၃) ယောက်ထိမှန်

(DBA) စက်တင်ဘာ - ၁၇

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် ကောင်စံရွာသွားလမ်းဟောင်း အာဏာသိမ်းစစ်တပ်က ယနေ့ ညနေပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကလေး(၃)ယောက်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ၁၇ရက် ယနေ့ ညနေ (၄) နာရီ‌ဝန်းကျင်လောက်မှာ ဆိုင်းတောင် ယခင်ကောင်စံရွာသွား လမ်းဟောင်း အထက်မှော်ရှန် တောင်ကြားလမ်းဘက်မှာ လက်နက်ကြီးကျကာ ကလေး(၃)ယောက်ထိ မှန်ပြီး တစ်ယောက်မှာ ပွဲချင်းပြီးသေဆုံး၍ ကျန်နှစ်ယောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

လက်နက်ကြီးက ဘယ်ကနေဘယ်လို ပစ်မှန်းမသိရ‌သေးသလို ယနေ့ညနေ ၅ နာရီ ၆ မိနစ်ကလည်း ဖားပြင်ဥရုချောင်းဘေး ရေကန်နားကို လက်နက်ကြီးတစ်လုံကျရောက်ခဲ့သလို ဖားပြင်ရပ်ကွက် (၁) နေအိမ်တစ်လုံးကိုလည်း လက်နက်ကြီး စတွေကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နေပြည်တော်ရှိ ဟိုတယ်များတွင် လုံခြုံရေးဝန်ထမ်းများကို သိုင်းသင်တန်းများပေးနေ(DBA) စက်တင်ဘာ - ၁၇နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟ...
17/09/2025

နေပြည်တော်ရှိ ဟိုတယ်များတွင် လုံခြုံရေးဝန်ထမ်းများကို သိုင်းသင်တန်းများပေးနေ

(DBA) စက်တင်ဘာ - ၁၇

နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေး နိုင်ရန် ရည်ရွယ်ချက်နဲ့ ဟိုတယ်လုံခြုံရေးဝန်ထမ်းများကို မြန်မ့ာရိုးရာ သိုင်းသင်တန်းဖွင့်လှစ်ပေးနေပါတယ်။

ရိုးရာကိုယ်ခံပညာနဲ့ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၁၆) ရက် နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုန် (၁) မှာဖွင့်လှစ်ထားရှိတဲ့ ရွှေနန်းတော်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာ့သိုင်းသင်တန်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေး အဓိကတာဝန်ယူ ထမ်းဆောင်နေကြသူ ဝန်ထမ်းများအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက်ဖွင့်လှစ်ပို့ချပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းဖွင့်ပွဲကိုတော့ အာဏာသိမ်းစစ်တပ်က တက်ရောက်လာသူ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်ခဲ့ပါတယ်။

အဆိုပါ သိုင်းသင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မကြာခင်အချိန်အတွင်း အခြားမြို့မှာလည်း သင်တန်းတွေဆက်လက်ဖွင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး- နေပြည်တော် အစုန်ရထားနဲ့ ထော်လာဂျီ ဝင်တိုက်(DBA) စက်တင်ဘာ - ၁၇နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဲကြီ...
17/09/2025

မန္တလေး- နေပြည်တော် အစုန်ရထားနဲ့ ထော်လာဂျီ ဝင်တိုက်

(DBA) စက်တင်ဘာ - ၁၇

နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာနဲ့ ဝဲကြီး ကျေးရွာ ကျေးရွာချင်းဆက်လမ်း မီးရထားသံလမ်းတွင် ထော်လာဂျီနဲ့ ရထားတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၆ရက်နေ့ နေ့လည်၁၁နာရီဝန်းကျင်အချိန်က ကျောင်းကုန်းကျေးရွာ ရထားသံလမ်းကူး တွင် ယာဥ်အမှတ် ၉ဌ/ ၃၄၀၂၀ ထော်လာဂျီ အစိမ်းရောင်ယာဥ်သည် ကျောင်းကုန်းကျေးရွာဘက်မှ ဝဲကြီး ကျေးရွာဘက်သို့ မီးရထားသံလမ်း ဖြတ်သန်းမောင်းနှင်စဥ် မန္တလေး- နေပြည်တော် အစုန်ရထားနဲ့တိုက်မိ ခဲ့တာဖြစ်ပါတယ်။

ထော်လာဂျီပေါ်တွင် ပိုင်ဦး နွယ်ရစ်ကျေးရွာ တပ်ကုန်းမြို့နယ်နေထိုင်သူ မောင်းနှင်ပြီး မောင်သိန်းဇော် လှိုင်မိုးဦး တို့ လိုက်ပါလာခဲ့ပြီး ရထားတိုက်မှုဖြစ်စဥ်ကြောင့် ထော်လာဂျီမောင်းသူ ပိုင်ဦးမှာ စိုးရိမ်ရတယ် လို့ သိရပါတယ်။

ပိုင်ဦး တွင် ခြေသလုံး ပေါက်ပြဲဒဏ်ရာ ဒူးပွန်းခြစ်ပေါက်ပြဲဒဏ်ရာ ဦးခေါင်းဖူးရောင် ဒဏ်ရာများ ရရှိခဲ့ပြီး မောင်သိန်းဇော်တွင် လက် ဖူးရောင်နာကျင်ဒဏ်ရာနဲ့ လှိုင်မိုးဦးတွင် လက်ပေါက်ပြဲဒဏ်ရာ ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဇေယျာသီရိမြို့နယ် ကုတင်(၅၀)ဆေးရုံသို့ပို့ဆောင်ပေးထားပါတယ်။

မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျ(DBA) စက်တင်ဘာ - ၁၇ရန်ကုန်တိုင်း လသာမြို့နယ် (၈)ရပ...
17/09/2025

မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျ

(DBA) စက်တင်ဘာ - ၁၇

ရန်ကုန်တိုင်း လသာမြို့နယ် (၈)ရပ်ကွက် မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျရာ မီးသတ်တပ်ဖွဲဝင်များမှ ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့ စက်တင်ဘာ၁၇ရက် နံနက်၂ နာရီဝန်းကျင်အချိန်ခန့်က မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်း ထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျရာမှ အောက်ရှိ ဂမုန်းပွင့်အဆောက်အဦးပေါ်တီကိုအမိုးပေါ် ပြတ်ကျခဲ့တာဖြစ်ပါတယ်။

တိုက်ပေါ်ကနေပြုတ်ကျတဲ့ သတင်းရရှိတဲ့အတွက် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေယာဉ် (၁)စီး ထွက်ခွာခဲ့ပြီး နံနက်၂ နာရီခွဲအချိန်တွင် အဆိုပါအမျိုးသားကို ကယ်ဆယ်နိုင်ခဲ့ ကြပါတယ်။

ဘာကြောင့်တိုက်ပေါ်က ပြုတ်ကျရသလဲဆိုတာကိုတော့ မသိရှိရသေးပေမယ့် တိုက်ပေါ်မှ ပြုတ်ကျသူ အမျိုးသားကို လသာမြို့နယ်(၂)ရပ်ကွက် (၁၇)လမ်း(အထက်) ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ပေးထားပါတယ်။

Address

Yangon
1111

Alerts

Be the first to know and let us send you an email when DBA Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share