
09/25/2025
မြန်မာနိုင်ငံက Facebook Monetization ရတဲ့ နိုင်ငံတွေထဲမှာ ပါလာပြီဆိုတာ ဟုတ်လား??
အဲ့တာကို သိချင်ရင်တော့ Facebook Monetization Eligible Countries ဆိုပြီး
ရိုက်ရှာလိုက်ရင် တွေ့ပါလိမ့်မယ်
ဘယ်တုန်းကမှ မြန်မာ နိုင်ငံ ပါလာတယ်ဆိုတာ
မမြင်ဖူးပါဘူး
ဒါဆို ခု မြန်မာက လူတွေရဲ့ အကောင့်တွေ page တွေမှာ Setup တွေ ဘာလို့ ပေါ်လာတာလဲ?
ဒါကို အရင်နေ့က တစ်ယောက် တင်ထားတာ တွေ့ပါတယ်
VPN တွေ ကျော်ခွ သုံးနေကြတာမို့
Invites လာလုပ်မျိုး ဖြစ်နိုင်ပါတယ်
ဒါ့အပြင်
မြန်မာ ဘဏ်တွေ ချိတ်လို့ ရပါတယ်
ဘာညာတွေ လုပ်ပြနေကြတာ တွေ့ပါတယ်
သူများ ယောင်တိုင်း လိုက် မယောင်ကြပါနဲ့
မိတ်ဆွေတို့ သိထားရမှာ တစ်ခုက Facebook က အခြား platform တွေနဲ့ မတူဘူးဆိုတာပဲ
Payout မှာ တစ်ချက် မှားလိုက်ပြီဆိုတာနဲ့
ရာသက်ပန် ငုတ်တုတ် မေ့သွားနိုင်တယ်ဆိုတာပါပဲ
အဲ့တာကို သိထားရင် ရပြီ