Century

Century Digital . Printing . Tech

Tasaungdaing wish for the night 🎆Celebrate the Full Moon Day of Tasaungdaing with Century Digital Studio, your design-fo...
04/11/2025

Tasaungdaing wish for the night 🎆

Celebrate the Full Moon Day of Tasaungdaing with Century Digital Studio, your design-focused digital house dedicated to bringing creative ideas to life in Myanmar’s digital sphere.

May this festival of lights inspire new beginnings for your brand, just as lanterns light up the night sky.

At Century Digital Studio, we believe in combining innovative design with powerful digital strategy to create standout visual experiences for our clients. Wishing everyone a safe and happy Tazaungdaing ever!

To our wonderful clients, partners, and friends—We are sending you the brightest wishes this Diwali (Deepavali)!This yea...
19/10/2025

To our wonderful clients, partners, and friends—

We are sending you the brightest wishes this Diwali (Deepavali)!

This year, the Festival of Lights falls on Monday, October 20, 2025. It's all about celebrating the good things in life and letting that light shine through any darkness.

We genuinely wish that this festive season brings you and your family:

🪔 A ton of happiness and good health.

🪔 A flood of success and new ideas for the coming year.

🪔 That beautiful, warm feeling of togetherness and peace.

🪔 May your home be as bright and joyful as your spirit! Thanks for being part of our journey.

Happy Deepavali 2025!
We're looking forward to creating more great things with you.

တိုက်ကြက်တို့ရဲ့ ကျေးဇူး--------------------------Movement တွေမှာ ရိုက်ချက်တွေ တည်ငြိမ်ဖို့ကို အရင်ကဆို Trolly တွေ ခံပြီ...
06/08/2025

တိုက်ကြက်တို့ရဲ့ ကျေးဇူး
--------------------------
Movement တွေမှာ ရိုက်ချက်တွေ တည်ငြိမ်ဖို့ကို အရင်ကဆို Trolly တွေ ခံပြီးရိုက်လာရာက နေ Camera Gimbal တွေ နောက်ပိုင်းမှာ Optical Image Stabilization တို့ ဘာတွေ အထိတိုးတက်ပြီး Video Production Industry ကို တိုးတက်စေခဲ့တာကတော့ တိုက်ကြက်တွေ ကြောင့်ဘဲဖြစ်ပါတယ်...

သတိထားမိကြလား မသိဘူး တိုက်ကြက်တွေကို ဘယ်လိုဘဲ လှုပ်ရှားမှုလုပ်ပါစေ သူတို့ခေါင်းက အမြဲတည်ငြိမ်နေပါတယ်(comment မှာ video ထည့်ပြထားတယ်နော်).. ဘာလို့လဲ ဆိုတော့ သူတို့ ရဲ့အတွင်းဘက်နားတွေကနေ လှုပ်ရှားမှုကို အာရုံခံပြီး သူတို့ရဲ့ လည်ချောင်းကြွက်သားတွေက ခန္တာကိုယ်အတိုင်း ရွေ့လျှားမှုကို ဆန့်ကျင်ပေးနေပြီးတော့ ခေါင်းနဲ့ လည်ပင်းရိုးဟာ အမြဲ ၉၀ဒီဂရီမှာတည့်မတ်နေတာဖြစ်ပါတယ်။ အဲ့တာကို Cocky ဖြစ်တယ်လို့ ..(တထောင်ထောင်လုပ်တယ် )ဆိုပြီး English Dictionary မှာ idiom အဖြစ် ဖော်ပြကြပါတယ် သိပ္ပံပညာရှင်တွေကတော့ အဲ့ဒီဖြစ်စဉ်တွေကို head stabilization reflex , vestibulo-ocular reflex လို့ခေါ်ကြပါတယ်။

သမိုင်းအရဆိုရင် BC280 လောက်ကတည်းက ဂရိတွေက Philo လို့ခေါ်တဲ့ Gimbal လိုမျိုး အရာဝတ္တူကို axis တွေ မှာ ထိန်းထားနိုင်တဲ့ System တစ်မျိုးကို တီတွင်ခဲ့ကြပါတယ်..... နောက်ပိုင်းမှာ ရောမအင်ပါယာ နဲ့ တရုတ် ယဉ်ကျေးမှုတွေမှာ အလားတူ ပုံစံတွေ တွေရှိခဲ့တယ်ဆိုပေမဲ့ Video Industry ကို Breakthrough ဖြစ်သွားစေတဲ့ တီတွင်မှုကိုတော့ ၂၀၁၀ ခုနှစ်အစောပိုင်းမှာ တွေ့တယ်လို့ပြောကြပါတယ်။

တိုက်ကြက်တွေရဲ့ ထူးဆန်းတဲ့ဦးခေါင်းလှုပ်ရှားမှုကို သတိထားမိရာကနေ Video Industry အတွက် Biology နဲ့ Engineering တို့ ရဲ့ပေါင်းစပ်ဖန်တီးမှုတစ်ခု ဖြစ်လာတာပါဘဲ။ ဖန်တီးမှုအကြောင်းကို Patent တွေမှာ Record မလုပ်ထားပေမဲ့ Movi တို့ DJI တို့လို ကုမ္ပဏီတွေက သူတို့ Gimbal တွေရဲ့ တည်ငြိမ်မှုကို Chicken head phenomenon နဲ့တင်စားကြပါတယ်။
ရိုးရှင်းတဲ့ သဘာဝဖြစ်စဉ်တစ်ခုကနေ အင်ဂျင်နီယာပညာရပ်နဲ့ ပေါင်းစပ်ပြီး ကမ္ဘာတစ်ဝန်းက ဗီဒီယိုဖန်တီးသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့တာကတော့ တကယ်ကို အံ့ဩစရာကောင်းတဲ့ ဖန်တီးမှုတစ်ခုပါပဲ။

ဒါကြောင့် Gimbal တွေကို သုံးနေတာကိုမြင်တဲ့အချိန်... ဒီလို တည်ငြိမ်တဲ့ ရိုက်ချက်တွေ ဖန်တီးပေးနိုင်တာဟာ "တိုက်ကြက်တို့ရဲ့ ကျေးဇူး" ကြောင့်ဆိုတာကို သတိရလိုက်ပါ။

မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် Business Profile ဘဲဖြစ်ဖြစ် Professional quality TikTok video တွေဘဲ လိုလို Century Digital Studio မှ Pre-Production ကနေ Post-Productionအထိ ရိုက်ကူးပေးနေတယ် ဆိုတာလေးလဲ ကြော်ငြာဝင်လိုက်ပါရစေနော်

Social Media Marketing အတွက် အသုံးဝင်တဲ့ နည်းလမ်းကောင်းများ---ဒီနေ့တော့မိတ်ဆွေတို့ရဲ့ Social Media ကို ပိုကောင်းအောင်လုပ...
05/08/2025

Social Media Marketing အတွက် အသုံးဝင်တဲ့ နည်းလမ်းကောင်းများ
---
ဒီနေ့တော့မိတ်ဆွေတို့ရဲ့ Social Media ကို ပိုကောင်းအောင်လုပ်ဖို့ အသုံးဝင်မယ့် Tip လေးတွေကို မျှဝေလိုက်ပါတယ် ။ Social Media Marketing က တကယ်တော့ နေရာဒေသ ၊ လုပ်ငန်းအမျိုးအစား၊ ဝယ်ယူသူအမျိုးအစား၊ Brand Tone, Business Size အစရှိသဖြင့် မတူညီတဲ့ ပုံစံတွေမှာ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ သွားရတယ်ဆိုပေမယ့်လို့ အောက်မှာ ဖော်ပြပေးထားတာတွေကတော့ အများစု အသုံးဝင်တဲ့ နည်းလမ်းလေးတွေ ဘဲဖြစ်ပါတယ်။

တစ်ပုံချင်းစီတော့ ကြည့်ပေးကြဦးနော် ...

Century Digital Studio နဲ့ လက်တွဲပြီး ယနေ့ခောတ်မှာ လုပ်ငန်းတိုင်းလိုလို လုပ်နေတဲ့ Social Media Marketing ကို Affordable Budget မျိုးနဲ့ လုပ်ချင်တဲ့ SMEs တွေနဲ့ Startup Founder တွေကို အခမဲ့ အကြံဉာဏ်ပေးခြင်း (Free Consultation) တစ်ကြိမ် ပြုလုပ်ပေးသွားမှာပါ။

အဲ့ဒီတော့ မိတ်ဆွေတို့ လုပ်ငန်းရဲ့ အိပ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ CDS နဲ့ ခုဘဲ လက်တွဲလိုက်ပါတော့နော်။

ကျွန်တော်တို့ Studio ကို အတွေ့အကြုံရှိ Creative Professional များနှင့် တည်ဆောက်ထားတာဖြစ်ပြီးတော့ Visual Design နှင့် ပတ်...
02/08/2025

ကျွန်တော်တို့ Studio ကို အတွေ့အကြုံရှိ Creative Professional များနှင့် တည်ဆောက်ထားတာဖြစ်ပြီးတော့ Visual Design နှင့် ပတ်သတ်သည့် အောက်ပါ Solution များကို ဝန်ဆောင်မှုပေးပါတယ်။

Our studio is built by experienced creative professionals, and we provide the following visual design-related solutions:

(1) Content Marketing

(2) Social Media Marketing

(3) Graphic Design and Motion Design

(4) Website Design and Development

(4) Photo and Video Production များနှင့်

(5) Application (UI/UX) နှင့် System Design

ဆိုင်ဘာ ဥပဒေ အသက်ဝင်တာနဲ့အတူတူပါလာတဲ့ ... User တစ်သန်း ရှိတဲ့ Platform တွေ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ရမယ်... မတင်ရင် သတ...
31/07/2025

ဆိုင်ဘာ ဥပဒေ အသက်ဝင်တာနဲ့အတူတူပါလာတဲ့ ... User တစ်သန်း ရှိတဲ့ Platform တွေ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ရမယ်... မတင်ရင် သတိပေးခြင်း ဒဏ်ရိုက်ခြင်း သုံးစွဲရန်မသင့်ကြေငြာခြင်းဆိုပြီး အဆင့်ဆင့် ပြစ်မှုပြစ်ဒဏ်တွေချမှတ်မယ်လို တွေ့နေရပါတယ်... CDS က ဥပဒေ ပညာရပ်ကို မကျွမ်းကျင်တော့ ပညာရှင်တွေရဲ့ မှတ်ချက်တွေ စကားသံတွေကို နားထောင်နေရတာပေါ့လေ ...
ကျန်တဲ့လူတွေကကော ဒီကိစ္စကို ဘယ်လိုထင်ကြလဲ....

Meta တို့ ByteDance တို့လို့ မီလီယံနာ ကုမ္ပဏီကြီးတွေက မြန်မာစျေးကွက်မှာ အောက်ကျနောက်ကျခံပြီး မှတ်ပုံလာတင်မယ် လို့ထင်ကြလား....?
မြန်မာ့ Digital Landscape ကို ဘယ်လို ဖြစ်သွားမယ် ထင်ကြလဲ...?
မှတ်ချက်လေး ပေးခဲ့ပါဦး🙂

⛳ ပန်းတိုင်ရောက်တဲ့ အထိ အတူတူသွားကြမယ်လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ အမြတ်အစွန်းရဖို့ဆိုတဲ့ Ultimate Goal (အဓိကပန်းတိုင်) ရ...
30/07/2025

⛳ ပန်းတိုင်ရောက်တဲ့ အထိ အတူတူသွားကြမယ်
လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ အမြတ်အစွန်းရဖို့ဆိုတဲ့ Ultimate Goal (အဓိကပန်းတိုင်) ရှိတာက ရှင်းပါတယ်။ ဒါပေမဲ့ အဲဒီပန်းတိုင်ကြီးဆီ ရောက်ဖို့ဆိုတာ လေထဲက တိုက်ဆောက်သလို မဟုတ်ပါဘူး။ အသေးစိတ်၊ တိကျတဲ့ ပန်းတိုင်ငယ်လေးတွေ (Sub-Goals) ကဏ္ဍအလိုက် ချမှတ်ပြီး တစ်ဆင့်ချင်းစီ သွားရမှာပါ။
စဉ်းစားကြည့်ပါ။ ကိုရီးယားက ကမ္ဘာကျော် K-Pop အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာ့ထိပ်တန်းဖြစ်ဖို့ Ultimate Goal ရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို ရောက်ဖို့အတွက် သီချင်းဘယ်နှစ်ပုဒ်ထုတ်မယ်၊ ဖျော်ဖြေပွဲ ဘယ်နှခုလုပ်မယ်၊ ပရိသတ် ဘယ်လောက်ရအောင်လုပ်မယ် စတဲ့ Product Goal (ထုတ်ကုန်ပန်းတိုင်)၊ Service Goal (ဝန်ဆောင်မှုပန်းတိုင်) နဲ့ Sales & Marketing Goal (ရောင်းအားနှင့် မားကတ်တင်းပန်းတိုင်) တွေ အများကြီးကို တိတိကျကျ ချမှတ်ပြီး၊ တကယ်လည်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့လို့ အောင်မြင်တဲ့နေရာကို ရောက်လာတာပါ။ ကျွန်တော်တို့အနေနဲ့ ပန်းတိုင်တွေ ရေးဆွဲထားရုံနဲ့ မပြီးပါဘူး၊ အကောင်အထည်ဖော်ဖို့က ပိုအရေးကြီးပါတယ်။
မိတ်ဆွေတို့ရဲ့ လုပ်ငန်း Product Goal, Service Goal, Sales & Marketing Goal တွေကို တိကျရှင်းလင်းစွာ ဖော်ထုတ်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ Century Digital Studio (CDS) က ကူညီဖို့ အသင့်ရှိနေပါတယ်။
မိတ်ဆွေမှာ သတ်မှတ်ပြီးသား ပန်းတိုင်တွေရှိပေမယ့် အကောင်အထည်ဖော်ဖို့အတွက် အကောင်းဆုံးအဖွဲ့အစည်းကို ရှာဖွေနေတာပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းရဲ့ ပန်းတိုင်အတွက် ဘယ်လိုအဆင့်ဆင့် ချဉ်းကပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေတာပဲဖြစ်ဖြစ်၊ CDS ရဲ့ ဝန်ဆောင်မှုတွေကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင် မိတ်ဆွေ များကို အခမဲ့ အကြံဉာဏ်ပေးခြင်း (Free Consultation) တစ်ကြိမ် ပြုလုပ်ပေးသွားမှာပါ။
☑️ မိတ်ဆွေတို့ လုပ်ငန်းရဲ့ အိပ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ CDS နဲ့ လက်တွဲလိုက်ပါ။

When you start a business, the Ultimate Goal of making a profit is clear. But reaching that grand destination isn't like building a castle in the air. It requires precise, detailed smaller goals (Sub-Goals) for each sector, and a step-by-step journey to achieve them.
Think about a globally renowned K-Pop group from Korea. They have an Ultimate Goal to be world-class. But to get there, they meticulously set and effectively executed numerous Product Goals (how many songs to release?), Service Goals (how many concerts to hold?), and Sales & Marketing Goals (how many fans to reach?). Simply having goals isn't enough; actively implementing them is crucial.
At Century Digital Studio (CDS), we don't just understand goals; we understand the landscape. Having gained extensive experience working with major players in the local market, we possess in-depth knowledge of its unique dynamics. This expertise allows us to help you clearly define and practically implement your business's Product Goals, Service Goals, and Sales & Marketing Goals. We are the agency that will row together with you all the way to your destination.
Whether you have established goals and are seeking the perfect team to help you execute them, or if you're unsure how to approach your business objectives step-by-step, we invite all interested business owners to experience a Free Consultation with CDS.
Let's make your business dreams a tangible reality. Partner with CDS.
________________________________________

ဒီဇိုင်းကောင်းတွေက ရလဒ်ကောင်းတွေယူလာပါတယ် ...၁၉၉၀ ကနေ ၁၉၉၇ ထိက Apple အတွက် ခက်ခဲကြမ်းတမ်းခဲ့တဲ့ နှစ်တွေလို့ ပြောရပါမယ်။ ...
29/07/2025

ဒီဇိုင်းကောင်းတွေက ရလဒ်ကောင်းတွေယူလာပါတယ် ...

၁၉၉၀ ကနေ ၁၉၉၇ ထိက Apple အတွက် ခက်ခဲကြမ်းတမ်းခဲ့တဲ့ နှစ်တွေလို့ ပြောရပါမယ်။ Macintosh ကို LC, Classic, Quadra, Performa, Power ဆိုပြီး Line-up တွေ အများကြီး ခွဲထုတ်ခဲ့တဲ့အပြင်ကို Twentieth Anniversary Macintosh (TAM) ဆိုပြီးပါ ထုတ်လိုက်သေးတဲ့ နှစ်တွေလို့ ပြောရပါမယ်။ Game Console တွေ၊ PDA တွေ၊ Kodak တို့ Fujiflim တို့နဲ့ ပေါင်းပြီး Camera တွေပါ ထုတ်လိုက်သေးတာ။
အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောတဲ့အတိုင်းပါပဲ။ Power series တွေ နည်းနည်းရောင်းရတာကလွဲပြီး ကျန်တာ အကုန် မအောင်မြင်ခဲ့ပါဘူး။
၉၇ ရောက်လာတော့ Steve Jobs ပြန်ရောက်လာပြီးတော့ Jonny Ive ဆိုတဲ့ မထင်မရှား ဒီဇိုင်းနာလေးကို လုပ်ပိုင်ခွင့် အဆုံးစွန်ပေးပြီး iMac တွေရဲ့ အစကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီခေတ်က Jonny Ive ဒီဇိုင်းလုပ်ခဲ့တဲ့ iMac တွေဟာ တခြားကွန်ပျူတာတွေလို မဟုတ်ဘဲ အရောင်အသွေးစုံလင်ပြီး Transparent (ပွင့်လင်းမြင်သာတဲ့) ပုံစံ All-in-one ကွန်ပျူတာတွေပေါ့။
Store က ဝယ်သွား၊ အိမ်ရောက်တာနဲ့ ပလပ်ထိုးပြီး တန်းသုံးရုံပဲ ဆိုတော့ အဲဒီခေတ်အခါက ဈေးကွက်မှာ လွှမ်းမိုးနေတဲ့ အညိုရောင်၊ မီးခိုးရောင် ကွန်ပျူတာပုံးကြီးတွေနဲ့ လုံးဝကို ကွဲထွက်နေတာပေါ့။

အဲဒီ iMac တွေက ထွက်ထွက်ချင်းပဲ ချက်ချင်းကို ပေါက်သွားတာပါပဲ။ Product ရဲ့ ထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ အသုံးပြုရလွယ်ကူမှုကြောင့် ဝယ်သူတွေကို အရမ်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Apple ကိုလည်း အဲဒီအချိန်ကနေ ခုချိန်ထိ တီထွင်ဆန်းသစ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ပြန်လည်ရပ်တည်စေခဲ့ပြီး နည်းပညာနယ်ပယ်မှာ ဒီဇိုင်းဟာ အဓိကထားရမယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီဇိုင်းကောင်းတစ်ခုဟာ လုပ်ငန်းရဲ့ ရေရှည် ကြီးပွားတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခု ဖြစ်လာနိုင်လို့ မိတ်ဆွေလုပ်ငန်းရှင်များအနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု ဒီဇိုင်းကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ သေသေချာချာ အချိန်ပေးပြီး ဖန်တီးရင်းနှီးမြှုပ်နှံသင့်ပါတယ်။

စိတ်ဝင်စားသူ လုပ်ငန်းရှင်များကို Product Design (သို့ ) ဝန်ဆောင်မှုဒီဇိုင်းနဲ့ ပတ်သတ်ပြီး Product Design နယ်ပယ်မှာ အတွေ့အကြုံ (၁၀)နှစ်ကျော်ရှိတဲ့ CDS က Free Consulting တစ်ကြိမ် ပြုလုပ်ပေးပါတယ်။ ပြီးတော့ လူကြီးမင်းတို့ကို အကူအညီပေးနိုင်ဖို့ Century Digital Studio မှာ အတွေ့အကြုံရှိ ဒီဇိုင်နာများက အသင့်ရှိနေပါတယ်။

ဒီနေ့တော့  ပေါက်ကွဲထွက်မဲ့အားမာန်တွေအပြည့်နဲ့ ASC  Boxing Club အတွက် Logo Design နဲ့ Brand Idenity တချို့ကို ဖန်တီးပေးဖြ...
28/07/2025

ဒီနေ့တော့ ပေါက်ကွဲထွက်မဲ့အားမာန်တွေအပြည့်နဲ့ ASC Boxing Club အတွက် Logo Design နဲ့ Brand Idenity တချို့ကို ဖန်တီးပေးဖြစ်ထားတဲ့ Century ရဲ့ Creative Designer Ko Kyaw Oo ရဲ့ လက်ရာလေးတွေ ဘဲ တင်လိုက်ပါရစေ။

နေရာတိုင်းမှာ Appearance ဆိုတာ ရှိပါတယ်တခါခါတချို့ မိတ်ဆွေတွေကပြောကြတယ်... Facebook/Tiktok တင်တာလောက်က ဓာတ်ပုံရိုက်ပြီး၊...
27/07/2025

နေရာတိုင်းမှာ Appearance ဆိုတာ ရှိပါတယ်

တခါခါတချို့ မိတ်ဆွေတွေကပြောကြတယ်... Facebook/Tiktok တင်တာလောက်က ဓာတ်ပုံရိုက်ပြီး၊ ဗီဒီယိုရိုက်ပြီး စာရေးပြီးတင်မှာပေါ့... Canva နဲ့ လုပ်မှာပေါ့... AI နဲ့လုပ်မှာပေါ့... Boost လုပ်တာ ဒေါ်လာထည့်ပြီးလုပ်တာပဲ လွယ်လွယ်လေးပေါ့... စသဖြင့်။ အဲ့ဒါတွေက လုပ်လို့ရပါတယ်၊ ဒီခေတ်မှာ လွယ်ပါတယ်ဗျာ။

ဒါပေမယ့် ဘာကွာလဲဆိုတော့... ကိုယ့်ဖာသာကိုယ် မိတ်ကပ်လိမ်း၊ ဖုန်းနဲ့ ရိုက်တဲ့ ပုံထွက်နဲ့ မိတ်ကပ် Professional နဲ့ လိမ်း၊ Professional Photographer နဲ့ ရိုက်တဲ့ ပုံထွက် ကွာသလိုပဲ ကွာပါတယ်
လုပ်ငန်းတွေမှာ အရေးကြီးဆုံးက Trust ပါ။ အဲ့ဒီ Trust ကြီးရဲ့ ၈၀% က First Impression ကနေ ရတာပါ။ ဒီခေတ်လို အပြိုင်အဆိုင်များတဲ့ခေတ်မှာ ပိုလို့တောင် First Impression က လိုပါတယ်။

အဲ့တော့ First Impression ကို ဗမာငွေနည်းနည်း အကုန်ခံပြီး ဘာမှ ခေါင်းမစားဘဲ Century Digital Studio ရဲ့ Professional Appearance နဲ့ သွားမလား၊ ဒါမှမဟုတ် အဆင်ပြေသလိုပဲ သွားမလားဆိုတာကတော့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲနော်။

ကျွန်တော်တို့ Century Digital Studio မှာဆိုရင် Professional Service တွေက ပုံလေးလုပ်ရုံ၊ စာလေးရေးရုံထက်၊ Design လေးဆွဲ၊ Website လေးတက်ရုံထက် အများကြီးပိုတဲ့ ဝန်ဆောင်မှုတွေ ပေးပါတယ်။ (ဥပမာ- Digital Marketing Strategy ချမှတ်ပေးတာ၊ Content Planning လုပ်ပေးတာ စသဖြင့်) ပေးရတဲ့ ပိုက်ဆံနဲ့ ပြန်ရတဲ့ Result က ထိုက်ထိုက်တန်တန် ဖြစ်အောင် အမြဲလုပ်ပေးပါတယ်။

မယုံရင် တစ်ခေါက်လောက် စမ်းအပ်ကြည့်ပါ! :D"

#စမ်းအပ်ကြည့် #ကြော်ငြာ

ကဆုန်လပြည့်နေ့ မြတ်ဗုဒ္ဓနေ့ထူးနေ့မြတ်တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း  Century Digital Studio  မှ ဆုမွန...
10/05/2025

ကဆုန်လပြည့်နေ့ မြတ်ဗုဒ္ဓနေ့ထူးနေ့မြတ်တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Century Digital Studio မှ ဆုမွန်ကောင်းပို့သအပ်ပါတယ်

#ကဆုန်လပြည့် #ဗုဒ္ဓနေ့

ကောင်းမွန်တဲ့ ထုတ်ပိုးမှုတွေက မိတ်ဆွေရဲ့ ထုတ်ကုန်တွေကို တန်ဖိုးတက်စေပါတယ် မိတ်ဆွေရဲ့ချစ်ရတဲ့ ထုတ်ကုန်လေးတွေ Customers လက...
08/05/2025

ကောင်းမွန်တဲ့ ထုတ်ပိုးမှုတွေက မိတ်ဆွေရဲ့ ထုတ်ကုန်တွေကို တန်ဖိုးတက်စေပါတယ်

မိတ်ဆွေရဲ့ချစ်ရတဲ့ ထုတ်ကုန်လေးတွေ Customers လက်ထဲ ပထမဆုံးရောက်တဲ့အခါ ဘယ်လိုခံစားရစေချင်လဲ? ရိုးရိုးရှင်းရှင်းလေး ပျောက်သွားမလား ဒါမှမဟုတ် 'Wow, လှလိုက်တာ!' ဆိုတဲ့ ခံစားမှုမျိုးနဲ့ ပရီမီယံဆန်နေမလား? 😍

ကောင်းမွန်တဲ့ထုတ်ပိုးမှုဟာ မိတ်ဆွေရဲ့ကုန်ပစ္စည်းကို ပိုပြီးဆွဲဆောင်မှုရှိစေရုံသာမက ထုတ်ကုန်ရဲ့အရည်အသွေးကိုပါ မြင့်တင်ပေးသလို ခံစားရစေပါတယ်။ ပထမဆုံးအတွေ့အကြုံကောင်းက မိတ်ဆွေရဲ့ Brand အပေါ် ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

မိတ်ဆွေရဲ့ Brand အတွက် မှတ်သားစရာကောင်းပြီး တန်ဖိုးတိုးစေမယ့် Packaging Design တွေကို ဖန်တီးဖို့ Century Digital Studio ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 👇

#ထုတ်ကုန်တန်ဖိုးမြှင့်တင်ခြင်း

Address

Manpyae Street
Yangon

Opening Hours

Monday 17:30 - 21:00
Tuesday 17:30 - 21:00
Wednesday 17:30 - 21:00
Thursday 17:30 - 21:00
Friday 17:30 - 21:30
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959973494973

Alerts

Be the first to know and let us send you an email when Century posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Century:

Share

Category

Our Story

ကျွန်တော်တို့ရဲ့ Century Digital Studio သည် အတွေအကြုံပြည့်ဝကာ ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများရှိသည့် ဝါရင့်ဒီဇိုင်းနာများနှင့် ဖွဲ့စည်းထားသည့် Design House တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ Studio မှ အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်းပြုလုပ်တည်ဆောက်မှုများနှင့် ပတ်သတ်သော

ပုံနှိပ်ဒီဇိုင်းများ

လုပ်ငန်းအမှတ်တံဆိပ်များ ( Logo/ Trademarks Design)

အင်တာနက်စာမျက်နှာဒီဇိုင်းများ (Web Designs)