09/12/2025
Hokkaido မှ Chiba ပြည်နယ်အထိနေနောက်ထပ်ကြီးမားသည့်ငလျင်လှုပ်နိုင် 🚨
၂၀၂၅ ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် Aomori ပြည်နယ် အရှေ့ပိုင်းကမ်းလွန်ကို ဗဟိုပြု၍ မက်ဂနီကျူ့ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး Aomori ပြည်နယ်၊ Hachinohe မြို့တွင် အမြင့်ဆုံး ငလျင်ပြင်းအား ၆+ ကို မှတ်တမ်းတင်ခဲ့သည်။
မိုးလေဝသအေဂျင်စီက နောက်ထပ်ကြီးမားသည့်ငလျင်တစ်ခုလှုပ်ခတ်နိုင်သည့် အလားအလာသည် ပုံမှန်ထက်မြင့်မားနေသည်ဟု ပထမဆုံးအကြိမ်ထုတ်ပြန်ကြေညာခဲ့သည်။
သတိပေးချက် ထုတ်ပြန်သည့် နယ်မြေများမှာ Hokkaido မှ Chiba ပြည်နယ်အထိ မြို့နယ် ၁၈၂ ခု ပါဝင်သည်။ အစိုးရက နောက်လာမည့်တစ်ပတ်ခန့်အတွင်း ငလျင်နှင့် ဆူနာမီအတွက် ပြင်ဆင်ရန် အောက်ပါအတိုင်း တောင်းဆိုထားသည်။
🔺အိမ်တွင်ပင် ချက်ချင်းထွက်ပြေးနိုင်သည့် အဝတ်အစားများ ဝတ်ဆင်နေထိုင်ရန်
🔺အအေးဒဏ်ခံပစ္စည်းများ (防寒具) ကို ပြင်ဆင်ထားရန်
🔺အရေးပေါ်စားနပ်ရိက္ခာများ စသည်တို့ကို လက်လှမ်းမီအောင် ထားရှိရန်
အဆိုးဆုံးအခြေအနေတွင် ၂၀၁၁ မတ်လ ၁၁ ကဲ့သို့ ငလျင်မျိုး ဖြစ်ပွါးနိုင်ပြီး ထိုသို့သော အဖြစ်အပျက်မျိုး ထပ်မံမဖြစ်နိုင်ဟုမဆိုနိုင်သဖြင့်ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်းပြောကြာထားသည်။
ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်သောကြောင့် ရှုပ်ထွေးသွားသူများ ရှိနိုင်သော်လည်း၊ ဤအချက်အလက်သည် နောက်ထပ်ကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်မည်ဟု သေချာပေါက် အတည်ပြုခြင်းမဟုတ်ပဲ စာရင်းအင်းအရ လှုပ်ခတ်နိုင်ခြေ မြင့်မားနေသည်ဟုဆိုလိုခြင်းဖြစ်ပြီး အေးဆေးတည်ငြိမ်စွာနေထိုင်ရန်တိုက်တွန်းထားသည်။
ဒီသတိပေးချက်ကို အကြိမ် ၁၀၀ ထုတ်ပြန်ရင်တောင်မှ တကယ်တမ်း ဧရာမငလျင်လှုပ်ခတ်ဖို့က ၁ ကြိမ်ခန့်ပဲ ရှိနိုင်တာကြောင့် ပစ္စည်းတွေကို အလွန်အကျွံ ဝယ်ယူစုဆောင်းတာ၊ သတင်းမှားတွေနဲ့ လွဲမှားတဲ့အချက်အလက်တွေကို ဖြန့်ဝေတာမျိုး မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ကြိုတင်ပြီး ထွက်ခွာခိုလှုံဖို့ကိုတော့ တိုက်တွန်းမှာမဟုတ်ကြောင်းပြောကြားထားသည်။
📝ယုဇုမေမေ