သတင်းများ

သတင်းများ သတင်းစုံ
(5)

မုံရွာမြို့ပေါ်နှင့်ပတ်ဝန်းကျင်ရွာများမှ လူငယ်များကို စစ်အုပ်စုမှမတရားပေါ်တာဆွဲ ဖမ်းစီးနေပါသည်။ယခုတစ်ပတ်အတွင်းလူငယ်(၁၀၀)...
26/08/2024

မုံရွာမြို့ပေါ်နှင့်ပတ်ဝန်းကျင်ရွာများမှ လူငယ်များကို
စစ်အုပ်စုမှမတရားပေါ်တာဆွဲ ဖမ်းစီးနေပါသည်။
ယခုတစ်ပတ်အတွင်းလူငယ်(၁၀၀)ဝန်းကျင်ခန့်မတရား
ဖမ်းစီးခံထားရပါသည်။

အညာမှာလဲစစ်ပြေးရပါတယ် နွားလှည်းလေးတွေ ဆိုင်ကယ်လေးတွေနဲ့ပြေးရတော့ ဘယ်သူမှလဲ အရေးတယူလုပ်ပြီး ဓာတ်ပုံမရိုက် လိုင်းပေါ်လဲမ​ရ...
11/07/2024

အညာမှာလဲစစ်ပြေးရပါတယ် နွားလှည်းလေးတွေ
ဆိုင်ကယ်လေးတွေနဲ့ပြေးရတော့ ဘယ်သူမှလဲ
အရေးတယူလုပ်ပြီး ဓာတ်ပုံမရိုက် လိုင်းပေါ်လဲမ​ရောက်
အကူညီဆိုတာ​ ဘာမှန်းမသိရတဲ့ဘဝတွေပါ

ဟတ်ပီးဘတ်ဒေးပါအမေစု ဂျပုလက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေနော်😘
19/06/2024

ဟတ်ပီးဘတ်ဒေးပါအမေစု ဂျပုလက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေနော်😘

မြင်းမူ၊ လက်ထုတ္တောကျေးရွာမှာ ပြည်သူ ၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမြင်းမူ၊ မေ ၁၁၊ ၂၀၂၄။စစ်ကိုင်းတိုင်း၊ မြင်းမူမ...
11/05/2024

မြင်းမူ၊ လက်ထုတ္တောကျေးရွာမှာ ပြည်သူ ၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ

မြင်းမူ၊ မေ ၁၁၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ စစ်ရှောင် ပုန်းနေတဲ့ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၁ ရက် ဒီမနက် ၅ နာရီဝန်းကျင်မှာ လက်ထုတ္တောရွာနဲ့ ၁ မိုင်အကွာရှိ ချောင်းဦးမြို့၊ နတ်ရေကန်ရွာက စစ်ကောင်စီစစ်ကြောင်းနဲ့ မြောင်လမ်းခွဲက စစ်ကြောင်း ၂ ခုပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ ရွာကို နှစ်ဖက်ညှပ်ကာ ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ရွာထဲမှာ တောက်လျှောက်ပစ်တော့ ပြေးချိန်မရတော့ဘဲ ဘုန်းကြီးကျောင်းတွေထဲပဲ ပြေးဝင်ရှောင်ကြတာ၊ ဘုန်းကြီးကျောင်းထဲက လူတွေကိုခေါ်ထုတ်ပြီး အပြင်မှာအစုလိုက်အပြုံလိုက် ပစ်သတ်သွားတာ၊ ပြည်သူတွေချည်းပဲ”လို့ CDSOM အဖွဲ့မှ ကိုနွေဦးက ပြောပါတယ်။

အခုလက်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းက ၂၃ လောင်း၊ နောက် ၁ ကျောင်းက ၅ လောင်းနဲ့ ရွာထဲလမ်းမကြီးမှာ ၂ လောင်း စုစုပေါင်း ၃၀ တွေ့ရှိထားပြီး အမျိုးသမီးအလောင်း ၃ လောင်းပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ လက်ထုတ္တောရွာခံတွေအပြင် ဝမ်းပြည့်ရွာကနေ ပန်းရံလာလုပ်တဲ့ လူငယ်တွေပါ ပါဝင်ပြီး ထပ်တိုးသေဆုံးအလောင်းတွေလည်း တွေ့နေဆဲပဲဖြစ်လို့ သေဆုံးအရေအတွက်ကို အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“အကုန်လုံးကို ထိုင်ခိုင်းပြီး ပစ်သတ်သွားတဲ့ ပုံစံမျိုး၊ တချို့ကတော့ ရွာထဲမှာ ပြေးရင်းလွှားရင်း ပစ်သတ်ခံရတာ။”လို့ ကိုနွေဦးက ပြောပါတယ်။

မြေလတ်အသံက ရရှိထားတဲ့ ဓါတ်ပုံတွေမှာတော့ အသတ်ခံထားရတဲ့အလောင်းတွေမှာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသားတွေအများစုပါဝင်တာကို တွေ့ရှိရပါတယ်။

အလောင်းတချို့က ဦးခေါင်းပွင့်ဒဏ်ရာတွေနဲ့ သေဆုံးထားကာ ရာသီဥတုပူပြင်းတဲ့အတွက် ပုပ်မှာစိုးလို့ ဒေသခံတွေက ချက်ချင်းသင်္ဂြိုဟ်ဖို့လုပ်နေကြရပြီး တချို့အလောင်းတွေကိုတော့ သက်ဆိုင်ရာ မိသားစုက လာရောက်ယူဆောင်ပြီး သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြည်သူတွေကို သတ်ဖြတ်ပြီးပြီးချင်းမှာပဲ ရွာကိုမီးရှို့ပြီး သူတို့လာရာ ကျေးရွာအထိုင်စခန်းတွေကို ပြန်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့ ဒေသခံအမျိုးသား၊ အမျိုးသမီးတွေလည်း ရှိနေပြီး သူတို့ရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

လက်ထုတ္တောရွာဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေ ၆ ရက်ကလည်း အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့အနက် ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

သတင်း - ချယ်ရီ၊ စာတည်း - လင်း

စဉ့်ကူးတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၁ ဦး သေဆုံးဟု MDY-PDF ဆို----------------အညံ့ခံသူ ၁၅ ဦးရှိပြီး လက်နက်...
02/05/2024

စဉ့်ကူးတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၁ ဦး သေဆုံးဟု MDY-PDF ဆို
----------------
အညံ့ခံသူ ၁၅ ဦးရှိပြီး လက်နက်အများအပြားလည်း သိမ်းဆည်းနိုင်ခဲ့

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ၂၈) က ဖြစ်ပွားခဲ့သည့် စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီ ဒုဗိုလ်မှူးကြီးအပါအဝင် ၁၁ ဦးသေဆုံး၊ ၁၅ ဦးကို အရှင်မိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

အသေဖမ်းမိသည့် စစ်ကောင်စီအရာရှိမှာ တတက (၁၃) အုပ်ချုပ်မှုဌာန ဌာနမှူး ဒုတိယဗိုလ်မှုးကြီး တင်ကိုဖြစ်ပြီး တေဇ (၂၈) စစ်အရာရှိသင်တန်းဆင်းဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် (၁၉) လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူတွေ ထပ်မံ မသေဆုံးစေဖို့ ရည်ရွယ်ပြီး "အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" ဓာတ်...
02/05/2024

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူတွေ ထပ်မံ မသေဆုံးစေဖို့ ရည်ရွယ်ပြီး "အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" ဓာတ်ပုံကမ်ပိန်းပြုလုပ်...
+++++++++++++++
မေလ ၂ ၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူတွေ ထပ်မံ မသေဆုံးစေဖို့ ရည်ရွယ်ပြီး "အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာတွေကြောင့် ဇန်နဝါရီ ၁ ရက်ကနေ မေလ ၁ ရက်အထိ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအနည်းဆုံး ၂၄ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်ပေါ်စေဖို့ တောင်းဆိုချက် ၄ ချက်နဲ့အတူ ဒီဓာတ်ပုံကမ်ပိန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအချက်တွေကတော့ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနလက်‌အောက်ရှိ အကျဉ်းထောင်တွေအနေနဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကို အပြည့်အဝ လက်ခံဖို့၊ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးတွေ ထားရှိဖို့၊ ထောင်တွင်း ဖျားနာလူနာတွေနဲ့ ဒဏ်ရာရလူနာတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ အရေးကြီးလူနာတွေကို ထောင်ပြင်ပဆေးရုံတွေဆီ အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့ မီးသတ်ရုံးနဲ့ ဘောလုံးကွင်းအနီးက စစ်ကောင်စီအရာရှိတန်းလျားတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...စစ်ကောင်စီတ...
01/05/2024

ချောင်းဦးမြို့ မီးသတ်ရုံးနဲ့ ဘောလုံးကွင်းအနီးက စစ်ကောင်စီအရာရှိတန်းလျားတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

စစ်ကောင်စီတပ်က ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ...
++++++++++++++++
မေလ ၁ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က မီးသတ်ရုံးနဲ့ ဘောလုံးကွင်းအနီးက စစ်ကောင်စီအရာရှိတွေနေတဲ့ အဆောက်အဦးတို့ကို ရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် စစ်ကောင်စီတပ်က ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ) က ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၉ ရက် နေ့ ညနေ ၅ နာရီခွဲခန့်အချိန် ခရီးသွားပြည်သူကားတွေကို တရာမဝင် အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ ချောင်းဦးမြို့ မီးသတ်ရုံးနဲ့ ဘောလုံးကွင်းအနီး စစ်ကောင်စီအရာရှိတွေ နေထိုင်ရာ အဆောက်ဦး တို့ကို မဟာမိတ် တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၂ စီးနဲ့ ‌ဗုံး သီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးတွေချပြီး တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီ တပ်သားများဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒရုန်းတစ်စီးမှာ တော်လှန်းရေးရဲဘော်များနဲ့ အဆက်သွယ်ပြတ်တောက်သွားကာ ပျောက်ဆုံးသွားပြီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦးမှာ နေရာမှာပဲ သေဆုံးပြီး ၃ ဦးမှာ ဒဏ်ရာ အပြင်းထန်ရရှိကာ ချောင်းဦးမြို့ ပြည့်သူ့ဆေးရုံးအတွင်း ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုပြီးဆုံးသွားပေမယ့် ည ၁၁ နာရီခွဲအချိန်ထိ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်နေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဒရုန်းစစ်ဆင်ရေးကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်ဘအမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ် - ၈ တပ်ရင်းတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတဲ့ ရွာသား ၇ ဦး ထွက်ပြေးလွတ်မြောက်မကွေးတိုင်း၊ မြို့သစ်မြို့နယ် ကျေးရွာတွေထဲက  စစ်မှုထမ်းဖို့...
01/05/2024

စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတဲ့ ရွာသား ၇ ဦး ထွက်ပြေးလွတ်မြောက်

မကွေးတိုင်း၊ မြို့သစ်မြို့နယ် ကျေးရွာတွေထဲက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ရွာသား ၅၀ ကျော်ထဲက ရွာသား ၇ ဦး ဧပြီ ၂၆ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။

မြို့သစ်မြို့နယ် မန်ကျည်းချိုကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက လူအင်အား ၁၃ ယောက်နဲ့ ရောက်လာပြီး မေးမြန်းစရာရှိလို့ဆိုကာ ဧပြီ ၂၄ ရက် ည ၈နာရီကျော်လောက်မှာ မြို့သစ်ရဲစခန်း ထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူက ဆိုပါတယ်။

“ကျနော့် အိမ်ကလည်း စျေးရောင်းတဲ့အိမ်ဖြစ်တော့ သူတို့ (စစ်ကောင်စီ)က ကွမ်းဝယ်ချင်လို့ဆိုတော့ ကျနော်ကလည်း အပေါက်ဖွင့်ပေးတာပေါ့၊ အဲဒါကို ကျနော့် နာမည်ကိုခေါ်ပြီးတော့ စခန်းခဏလိုက်ခဲ့ပေး ပြီးကျပြန်ပို့ပေးမယ်တဲ့ အချုပ်ထဲလည်းရောက်ရော ပြန်လွတ်မပေးတော့ဘူး” လို့ သူက ပြောပါတယ်။

အဲဒီနောက် အချုပ်ခန်းထဲ ဖမ်းဆီးထားပြီး ၃ ရက်မြောက်နေ့မှာတော့ အဆိုပါအမျိုးသားနဲ့ အခြားကျေးရွာက လူတွေကို ဆေးစစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက် မြို့သစ်မြို့ ရဲ့ လှိုင်နံ့သာ ဘုရားကျောင်းထဲကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီဘုရားကျောင်းဝင်းထဲမှာလည်း ထပ်မံဖမ်းဆီးလာတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက နေရာချပေးနေစဉ် အခြားကျေးရွာက ဒေသခံ ၆ ဦးနဲ့အတူ ဘုရားကျောင်း အနောက်ပေါက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ အသက် ၃၇ နှစ်အရွယ်တွေဖြစ်ကာ အဲဒီထဲမှာ မသန်စွမ်း အမျိုးသား ၂ ဦးလည်းပါဝင်ပြီး တဦးကိုတော့ ဆေးစစ်တဲ့နေ့မှာ ပြန်လွတ်ပေးခဲ့ပေမယ့်လည်း ကျန်တဦးကိုတော့ ပြန်လွတ်ပေးတာမျိုး မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ထွက်ပြေးလာတော့ အိမ်မှာသွားရှာတယ်။ မိရင်တော့သေချာတယ် အရိုက်ခံရမှာ။ ဖမ်းထားတဲ့ အထဲမှာ ခြေထောက်တဖက် မသန်စွမ်းဖြစ်တဲ့သူ ၂ ယောက်ပါတယ်။ တယောက်ကိုတော့ပြန်လွတ်ပေးတယ်။ ကျန်တ ယောက်ကိုတော့ပြန် မလွတ်ပေးဘူး ” လို့ဆိုပါတယ်။

လက်ရှိမှာ အဆိုပါ ထွက်ပြေးလွတ်မြောက်လာသူ ၇ ဦးဟာ လုံခြုံတဲ့နေရာမှာ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့ရွာရပ်ကွက်တွေထဲမှာ ကျန်နေတဲ့ပြည်သူတွေအနေနဲ့ ဒီစစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပတ်သက်ပြီးတော့ စကစကနေ အချိန်မရွေး ဖမ်းဆီးနိုင်တာကြောင့် ပြည်သူများအနေနဲ့ သတိရှိရှိနေကြဖို့တိုက်တွန်းချင်တယ်”လို့ မြို့သစ်ပကဖ တာဝန်ခံတဦးက ဆိုပါတယ်။

ဧပြီ ၂၄ ရက်ကလည်း လဲလူးကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ကျေးရွာထဲက ပြည်သူတွေကို လိုက်လံဖမ်းဆီးစဉ်ထွက်ပြေးတဲ့အတွက် လက်နက်တွေ ပစ်ခတ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သတင်း-နန်းခမ်း၊ စာတည်း-လင်းဇေ

မဟာဗောဓိမြိုင်ဆရာတော်ကြီး သက်တော် ၈၃ နှစ်တွင် ခန္ဓာဝန်ချ၍ ဘဝနတ်ထံပျံလွန်တော်မူ ဧပြီ ၃၀ ရက်အပူချိန်မြင့်တက်နေသော စစ်ကိုင်...
30/04/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး သက်တော် ၈၃ နှစ်တွင် ခန္ဓာဝန်ချ၍ ဘဝနတ်ထံပျံလွန်တော်မူ

ဧပြီ ၃၀ ရက်

အပူချိန်မြင့်တက်နေသော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်လမ်းဆုံ၊ ဉေယျဓမ်တောရတွင် သီတင်းသုံး‌နေထိုင်သော မဟာဗောဓိမြိုင်ဆရာတော်ကြီး ဝါတော် ၄၅ ဝါ ၊ သက်တော် ၈၃ နှစ် သည် ယနေ ဧပြီ ၃၀ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် တန်ခူးလပြည်ကျော် ၆ ရက်) နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ခန္ဓာဝန်ချ၍ ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

🔴ဖွားမြင်

မဟာ‌ဗောဓိမြိုင်ဆရာတော် ဝနဝါသီ အရှင်ဉေယျဓမ္မသာမိကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာတွင် ဦးဘစံ နှင့် ဒေါ်မေ တို့က မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့ ည ၁ နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့ပြီး ငယ်နာမည်မှာ မောင်ငြိမ်းမောင် ဖြစ်သည်။

🔴ရှင်ရဟန်းပြု

ဆရာတော်ဘုရားသည် အသက် ၁၄ နှစ်အရွယ် ၁၃၁၇ ခုနှစ်တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုပြီး ဘွဲ့အမည် ရှင်ဉေယျအဖြစ်ခံယူကြောင်းသိရသည်။

၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းအဖြစ်ခံယူတော်မူပြီး ရဟန်းဒကာမှာ ဦးဘသန်း နှင့် ဒေါ်စောဉာဏ်တို့ ဖြစ်ကြသည်။

🔴ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း

ဆရာတော်သည် ရှင်သာမဏေဘဝမှစတင်ကာပိဋကတ်စာပေများသင်ယူခြင်း ၊ အစိုးရပထမငယ်တန်း၊ အစိုးရပထမလတ်တန်း၊ အစိုးရပထမကြီးတန်းတို့ကို အောင်မြင်ပြီး ဗုဒ္ဓစာပေ၊ ပိဋကတ်တော်များပြန့်ပွားစေရန်ကြိုးစားလုပ်ဆောင်ခဲ့သည်။

🔴မနေသုံးချက်

မဟာ‌ဗောဓိမြိုင် ဆရာတော်သည် (၁) ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ၊ (၂)ဘယ်နေ ရာရောက်ရောက် လူရှုပ် ၊ လာဘ်ပေါ၊ ကျော်ဇော၊ ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ၊ (၃) ဘယ်နေရာ ရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေဟူသည့် မနေသုံးချက်တွင် တစ်ချက်ချက်တို့ကြောင့် ရွှေ့ပြောင်းခဲ့သော နေရာပေါင်း ၃၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ကိုးကား-Bodhi bank
ဓာတ်ပုံ - မြင့်ခိုင် ၏ လူမှုကွန်ရက် စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ကောလင်းမြို့သိမ်းတိုက်ပွဲ မပြီးသေးဟု NUGပြော-------BVJ/မိုနာ_ဧပြီ ၃၀၊ ၂၀၂၄စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲမပြီ...
30/04/2024

ကောလင်းမြို့သိမ်းတိုက်ပွဲ မပြီးသေးဟု NUGပြော
-------
BVJ/မိုနာ_ဧပြီ ၃၀၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းတိုက်ပွဲမပြီးသေးဘဲ တိုက်နေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်က ဒီနေ့ ဧပြီ ၃၀ရက်မှာ ပြောပါတယ်။

ကောလင်းမြို့နဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေကို BurmaVJက မေးမြန်းရာမှာ အခုလိုပြန်ဖြေကြားလာတာ ဖြစ်ပါတယ်။

“ကောလင်းအနေအထားကိုပြောမယ်ဆိုရင် နံပါတ်တစ်က ကောလင်းတိုက်ပွဲကမပြီးသေးပါဘူး။ တိုက်နေဆဲပါ။ ကောလင်းမြို့ရဲ့ပတ်လည်နေရာတွေမှာလည်း ကျနော်တို့ရဲ့တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်သလို ကောလင်းတိုက်ပွဲ ရလဒ်ပြောဖို့ဆိုတာက တိုက်ပွဲမပြီးသေးတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်နေတဲ့အနေအထားလို့ပဲ ပြောလို့ ရပါတယ်။ ကျနော်တို့ဘက်ကလည်း မဟာဗျူဟာတခုလုံးနဲ့ချိတ်ဆက်ပြီးတော့ ကောလင်းတိုက်ပွဲကို ပုံဖော်ပြီးတော့ တိုက်ပွဲဝင်နေတဲ့အနေအထားမျိုးပါ”လို့ ဒီနေ့ပြုလုပ်တဲ့ NUGသုံးနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဦးနိုင်ထူးအောင်က ပြောခဲ့တာပါ။

ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်KIAနဲ့ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ PDFတို့ပူးပေါင်းကာ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၆ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီး သုံးလနီးပါးအကြာမှာတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလ ၂၇ရက်ကစတင်ပြီး စစ်ကောင်စီက တရစပ်ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ပါတ်အတွင်း တိုက်ပွဲ ၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်အချို့သေဆုံးကာ ဖေဖော်ဝါရီ ၁၀ရက်မှာ ကောလင်းမြို့တခုလုံးကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။
ကောလင်းမြို့ကို စစ်ကောင်စီဘက်ကအလုံးစုံပြန်လည်ထိန်းချုပ်သွားနိုင်ပြီလားဆိုတဲ့ မေးခွန်းကိုတော့ NUGဘက်က ပြန်လည်ဖြေကြားခဲ့တာမရှိပေမယ့် ကောလင်းမြို့မှာဖွင့်လှစ်ဖို့စီစဉ်ထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးအတွင်းဝန်က အခုလိုပြောပါတယ်။

“နွေဦးဘဏ်ဖွင့်မယ်ဆိုတဲကိစ္စက မဖွင့်တော့မယ့်စီမံကိန်းမဟုတ်ပါဘူး။ ခေတ္တလေးရွှေ့ဆိုင်းထားတဲ့ စီမံချက်တစ်ခုသာဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်ခင်ဗျ”

ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်းမှာ NUGက မြို့ကိုထိန်းချုပ်ပြီး နွေဦးဘဏ်ဖွင့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကို ကော်ဘရာ စစ်ကြောင်းမှ နေ့စဉ် တိုက်ခိုက်နေပြည်သူများ စိတ်မပျက်စေရန် အရွေ့တစ်ခုအနေဖြင့် စ...
30/04/2024

စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကို ကော်ဘရာ စစ်ကြောင်းမှ နေ့စဉ် တိုက်ခိုက်နေ

ပြည်သူများ စိတ်မပျက်စေရန် အရွေ့တစ်ခုအနေဖြင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြောင်း Cobra Column Fundraising Teamမှ ရှေ့တန်းရှိ PDFရဲဘော်များ၏ ပုံရိပ်များနှင့်အတူ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီမှ မြဝတီမြို့ကို လက်မလွှတ်ရရေးအတွက် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စိုးဝင်းကိုယ်တိုင်ဦးစီးကာ ဆောင်ရွက်လျှက်ရှိနေပြီး Cobraမှ ရဲဘော်များမှ အောင်ဇေယျစစ်ဆင်ရေးကို ရှေ့တန်းတွင် ဖြိုခွဲလျှက်ရှိကြောင်း Cobra Column Fundraising Teamမှ ထုတ်ပြန်သည်။

“အမဲရောင်နယ်မြေလို့ ကမ္ဘာက သတ်မှတ်ထားတဲ့နေရာမှာ ကျွန်တော်တို့ အလုပ်လုပ်နေရတာပါ။ ဒီနယ်မြေကို လက်မလွှတ်ရရေး စကစနဲ့ အပေါင်းအပါများက အစွမ်းကုန် နည်းမျိုးစုံသုံးကြိုးစားနေကြတုန်းပါ။ ကျနော်တို့လည်း အစွမ်းကုန်ရုန်းနေရတုန်းပါဗျ”ဟု Cobra Column - တပ်ခွဲ(၅)၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ မြဝတီမြို့လက်မလွှတ်ရရေးအတွက် ကော့ကရိတ်ဘက်မှ စစ်ကူအမြောက်အများ ပို့ဆောင်ရန်ကြိုးစားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ သင်္ဃန်းညီနောင်သို့ပင် အရောက်မခံပဲ ဒေါနတောင်တန်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချေမှုန်းတိုက်ခိုက်နေခြင်းဖြစ်သည်။

◼️အရပ်သားတွေဘေးကင်းဖို့ မိုင်း ၁၀၀ ကျော်ကို တယောက်ထဲ ရှင်းလင်းပေးနေတဲ့ မ်ိုင်းမုဆိုး တဦး၂၉ ဧပြီ ||| နွေဦးအသံ |||ကရင်နီပြ...
29/04/2024

◼️အရပ်သားတွေဘေးကင်းဖို့ မိုင်း ၁၀၀ ကျော်ကို တယောက်ထဲ ရှင်းလင်းပေးနေတဲ့ မ်ိုင်းမုဆိုး တဦး

၂၉ ဧပြီ ||| နွေဦးအသံ |||

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်းတနေရာမှာ အကြမ်းဖက်စစ်ကောင်စီမှ ထောင်ထားတဲ့ မိုင်း​တွေကို အရပ်သားတွေဘေးကင်းဖို့ မိုင်းရှင်းပေး‌နေတဲ့ မိုင်းမုဆိုး (သို့) ကိုဖိုးဇော် ဆိုပြီး ဖက်ဒရယ် FM ရဲ့ ဧပြီ ၂၈ ရက် ဖော်ပြချက်အရ သိရပါတယ်။

ရွာထဲမှ နွားနဲ့ ရွာသားအချို့ ဆိုင်ကယ်နဲ့ နင်းမိတာတွေ ရှိတာကြောင့် မိုင်းရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီး အခကြေးငွေ ယူဆောင်ခြင်းမရှိဘဲ ရှင်းလင်းနေတာဖြစ်ကြောင်းနဲ့ ရှေ့ထွက်မိုင်း၊ တိုက်မိုင်း၊ ၁၆ မိုင်း၊ ၁၄ မိုင်း၊ ရှော့တိုက်မိုင်း၊ ကျည်ဘောက်နဲ့ ၇၉ ကျည် စုစုပေါင်း ၁၀၀ ကျော်ထိ ရှင်းလင်းထားပြီး မရှင်းရသေးတဲ့ မိုင်းတွေလဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

၁၄ မိုင်းကို ပထမဆုံးစမ်းဖြုတ်တဲ့အချိန် အနည်းငယ် စိတ်ပူပန်ခဲ့ပေမယ့် အနီးနားရှိ ရဲဘော်အချို့က ​ဖြုတ်နည်းပြောပြတာကြောင့် မိုင်း ၁၀၀ ကျော်ကို တယောက်ထဲ ရှင်းနိုင်ခဲ့တာဖြစ်ပြီး တောင်းဝယ်တဲ့သူတွေကိုလည်း မရောင်းခဲ့ဘဲ အဖွဲ့စည်းတခုမှာ ပြန်လှူဖို့ဆုံးဖြတ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဓားမြောင် တလက်နဲ့ အကာအကွယ်မပါဘဲ မိုင်းရှင်း‌နေတဲ့ အသက် ၄၅ နှစ်အရွယ် ကိုဖိုးဇော် အနေနဲ့ မိုင်းရှာစက်တလုံးသာ မျှော်လင့်ပြီး စက်မရှိလည်း ပြည်သူတွေအတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဖက်ထရယ် FM မှ ဖော်ပြထားတာတွေ့ရပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share