SFJ Strategy First Journal

SFJ Strategy First Journal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SFJ Strategy First Journal, Media/News Company, Bagaya Street, Yangon.
(1292)

" ထိရောက်မှုရှိပြီး အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့Learning Environment "------------------------------------------------...
09/12/2024

" ထိရောက်မှုရှိပြီး အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့
Learning Environment "
--------------------------------------------------

ယနေ့ခေတ်ကျောင်းသားများက သူတို့ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကို အားပေးတိုးတက်စေနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင်ယူလိုကြပါတယ်။ သူတို့ရဲ့သင်ယူနိုင်စွမ်းကို တိုးတက်စေပြီး အကျိုးရှိစေတဲ့ သင်ကြားမှု နည်းလမ်းများနဲ့ သူတို့ရဲ့အရည်အချင်းကို ကူညီမြှင့်တင်ပေး‌နိုင်တဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ကြပါတယ်။ Learning Journey တစ်ခုလုံးမှာ ကွဲပြားခြားနားမှုများမရှိဘဲ သူတို့ကိုအောင်မြင်မှုပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ပိုမိုလိုလားကြပါတယ်။ Learning Environment တွေက ဆရာတွေရဲ့သင်ကြားနိုင်စွမ်းကို အကောင်းဆုံး ဖြစ်စေဖို့၊ ကျောင်းသားတွေရဲ့ ပညာရေးရည်မှန်းချက်များနဲ့ လိုအပ်ချက်များအပေါ်မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲလာပါတယ်။

လူအများစုက Learning Environment ဆိုတာနဲ့ စာသင်ခန်းတစ်ခုလို့သာ ယူဆကြပါတယ်။ ဒါပေမဲ့ ဆိုလိုရင်းက ဒီထက်ပိုပါတယ်။ စာသင်ခန်းကလည်း အရေးပါတဲ့ Learning Environment တွေထဲကတစ်ခုပါ။ စာသင်ခန်းရဲ့ လုံခြုံမှု၊ ကျောင်းသားတွေအချင်းချင်းဆက်ဆံရေး၊ ဆရာနဲ့ကျောင်းသားဆက်ဆံရေးကလည်း Learning Environment အတွက် ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့အချက်တွေဖြစ်သလို ထိုင်ခုံနေရာ လွတ်လွတ် လပ်လပ်ရှိဖို့ကလည်း အရေးကြီးပါတဲ့အချက်ထဲမှာ ပါပါတယ်။ စာသင်ခန်းဆိုတာ ကျောင်းသားတွေအတွက် လုံခြုံမှုနဲ့ ထောက်ပံ့မှုပေးနိုင်ပြီး Library, Laboratory နဲ့ တခြားသောအထောက်အပံ့တွေကလည်း စာလေ့လာဖို့ တက်ကြွစေပြီး အာရုံစူးစိုက်နိုင်ဖို့အတွက်လည်း အရေးပါပါတယ်။

🔵ထိရောက်မှုရှိတဲ့ Learning Environment တစ်ခုဖြစ်ဖို့အတွက်

✅ကျောင်းသားတစ်ဦးတစ်ယောက်ချင်းရဲ့အကျင့်စရိုက်များ၊
✅သင်ကြားရခြင်းနဲ့ သင်ယူရခြင်းရည်ရွယ်ချက်၊
✅သင်ကြားရေးအထောက်အကူပစ္စည်းတွေနဲ့ လက်တွေ့သင်ခန်းစာများ၊
✅သင်ကြားမှုအပေါ် အကဲဖြတ်တိုင်းတာတဲ့ နည်းစနစ်များ၊
✅ကောင်းမွန်တဲ့ Learning Environment တစ်ခုဖန်တီးနိုင်ဖို့အတွက် ကျောင်းရဲ့လုပ်ဆောင်မှုများ ပေါင်းစပ်ပါဝင်ပါတယ်။

Effective Learning Environment မှာ ယုံကြည်မှုအပေါ်အခြေခံပြီး ဆက်ဆံပြောဆိုသင်ယူရပါတယ်။ လွတ်လပ်စွာ အမေးအဖြေ ပြုလုပ်သင့်ပါတယ်။ အမှားလုပ်မိမှာကို မကြောက်သင့်ပါဘူး။ ဒါမှ စွန့်စားရဲတဲ့ စိတ်ရှိလာပြီး မှားယွင်းမှာကိုမကြောက်ဘဲ နည်းလမ်းအသစ်တွေ ပေါ်ပေါက်လာမှာပါ။ ကျောင်းသားများနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရလာဖို့ ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ဆိုတာ အချိန်တိုအတွင်း မဖြစ်နိုင်ပါဘူး။ ဆရာများအနေနဲ့ ကျောင်းသားတွေရဲ့ စိတ်ဝင်စားတဲ့အချက်တွေနဲ့ အားသာချက်တွေကို သတိထားစောင့်ကြည့်ပြီး ဒီအချက်တွေ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

ကျောင်းသားတွေရဲ့ အားနည်းချက်တွေကိုလည်း သတိပြုစောင့်ကြည့်ပြီး သင်ယူတဲ့နေရာမှာ အခက်အခဲတွေကျော်လွှားနိုင်အောင် ကူညီပေးသင့်ပါတယ်။ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုတိုင်းက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဆရာများကအသိမှတ်ပြုတာကို လိုချင်ကြပါတယ်။ ဆရာများအနေနဲ့ ကျောင်းသားတွေကို Group Project မှာရော Individual Project မှာပါ စိတ်နှစ်ပြီး ကြိုးစားအောင် ပြောဆိုသင့်ပါတယ်။

ကျောင်းသားတွေရဲ့ Learning Environment ကို Motivated Environment ဖြစ်အောင်နဲ့ လုံခြုံမှုရှိအောင် ပြုလုပ်ထားသင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ဆရာများက စည်းကမ်းချက်အတိုင်း မျှတမှုရှိတာကိုသိရှိပါက စိတ်အားတက်ကြွစေပြီး တစ်ယောက်နဲ့တစ်ယောက်ကိုလည်း ကူညီမှုပေးနိုင်စေပါတယ်။ ဆုပေးခြင်းကလည်း စာသင်ခန်းအတွင်း အကောင်းမြင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ကျောင်းသားတွေရဲ့ ပင်ကိုယ်စိတ်အားထက်သန်မှုကလည်း သူတို့ရဲ့ ပန်းတိုင်တွေကိုရောက်ဖို့အတွက် အရေးကြီး တဲ့အတွက် ဆရာများအနေနဲ့ အာရုံစိုက်ပံ့ပိုးသင့်ပါတယ်။

ဆရာတွေရဲ့အပြုအမူတွေက Learning Environment အပေါ် လွှမ်းမိုးမှုများပါတယ်။ စာသင်ပုံသင်နည်း၊ အကောင်းမြင်မှု၊ Feedback မျှဝေမှုနဲ့ စာသင်ခန်းပတ်ဝန်းကျင်ကိုစီမံမှုတို့က သင်ခန်းစာရဲ့အောင်မြင်မှုနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ဒီလိုစာသင်ခန်းပတ်ဝန်းကျင်က ကျောင်းသားတွေအတွက် အာရုံစိုက်နိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။

Effective Learning Environment တစ်ခုကိုဖန်တီးဖို့ဆိုရင် ဆရာရော ကျောင်းသားပါ အချင်းချင်း တန်ဖိုးထားပြီး နားလည်မှုရှိဖို့လိုပါတယ်။ သင်ယူမှုပတ်ဝန်းကျင်က ကျောင်းသားအချင်းချင်း အထောက်အကူ ဖြစ်ဖို့အတွက် ဦးတည်လုပ်ဆောင်သင့်ပါတယ်။ ဒီအချက်တွေပြည့်စုံရင် ကျောင်းသားများအတွက် ပိုမိုအလုပ် ဖြစ်စေမှာပါ။ ကျောင်းသားတွေက သူတို့ကိုအကောင်းမြင်ပေးတာနဲ့ ချီးမွမ်းတာကို နှစ်သက်ကြပါတယ်။ ကျောင်းသားတွေရဲ့ Attitude က ဆရာတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း စူးစမ်းလေ့လာလိုစိတ်ရှိသင့်ပါတယ်။
Learning Environment ကို မြှင့်တင်ပေးဖို့အတွက် မတူညီတဲ့ Resource တွေကို အသုံးပြုပါ။ Inquiry-Based Learning, Project-Based Learning, Peer-to-Peer Learning, School-to-School Learning အစရှိတဲ့ နည်းလမ်းများကိုအသုံးပြုပါ။ စာသင်ခန်းကို နားလည်မှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးထားပါ။ အောင်မြင်မှုရရှိအောင် မျှတပြီးပွင့်လင်းမြင်သာမှုရှိတဲ့ သတ်မှတ်ချက်များထားရှိပါ။ သင်ယူမှု အလေ့အထကောင်းများကို ဖန်တီးပေးပါ။ ကျောင်းသားတွေရဲ့ သင်ယူမှုအခွင့်အလမ်းများကို ရိုးရှင်းသည်မှ ရှုပ်ထွေးသည်အထိ ကြိုစားအားထုတ်ပြီး ထောက်ပံ့ပေးရပါမယ်။

Effective Learning Environment | GESS Education ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing
B.C.Sc, (U.C.S.Y)
B.C.Sc, (Hons) (U.C.S.Y)
M.C.Sc, (U.C.S.Y)

ပညာရေးနဲ့ လေ့ကျင့်ရေးမှာ အရေးပါတဲ့Augmented Reality (AR) နဲ့ Virtual Reality (VR)---------------------------------------...
08/11/2024

ပညာရေးနဲ့ လေ့ကျင့်ရေးမှာ အရေးပါတဲ့
Augmented Reality (AR) နဲ့ Virtual Reality (VR)

-------------------------------------------------

နည်းပညာဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာများကို စဉ်ဆက်မပြတ် ပုံဖော်နေပါတယ်။ ဒီအသွင်ပြောင်းခြင်းကို မောင်းနှင်တဲ့ အထိရောက်ဆုံးနည်းပညာနှစ်ခုကတော့ Augmented Reality (AR) နဲ့ Virtual Reality (VR) တို့ဖြစ်ပါတယ်။ နည်းပညာများဟာ သင်ယူသူများနဲ့ သင်တန်းသားများကို ထိတွေ့ဆက်ဆံဖို့ ဆန်းသစ်တဲ့နည်းလမ်းများကို ပံ့ပိုးပေးကာ
သူတို့ကို အကြောင်းအရာနဲ့ ပိုမိုသွက်လက်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းများဖြင့် အပြန်အလှန်တုံ့ပြန်နိုင်ဖို့ ကူညီပေးပါတယ်။ AR နဲ့ VR ရဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေကတော့ အမြင်အာရုံနဲ့ လက်ဖြင့်သင်ယူမှုအတွေ့အကြုံများအတွက် တံခါးဖွင့်ပေးထားပြီး ပညာရေးနဲ့ အလုပ်ခွင်လေ့ကျင့်ရေးနှစ်ခုလုံးအတွက်
မယုံနိုင်လောက်အောင် အကျိုးကျေးဇူးများ ပေးဆောင်လျက်ရှိပါတယ်။

🔵AR နဲ့ VR အကြား ကွာခြားချက်များ

Augmented Reality (AR) ဟာ ပုံမှန်အားဖြင့် စမတ်ဖုန်း ဒါမှမဟုတ် AR မျက်မှန်ကဲ့သို့ စက်ပစ္စည်းများမှတစ်ဆင့် ရုပ်ပုံများ ဒါမှမဟုတ် 3D မော်ဒယ်တွေလို
ဒစ်ဂျစ်တယ်အကြောင်းအရာများကို လက်တွေ့ကမ္ဘာပတ်ဝန်းကျင်မှာ ထပ်ဆင့်ထားပါတယ်။
Virtual Reality (VR) က VR နားကြပ်များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလေ့ရှိတဲ့ လုံးဝနစ်မြုပ်နေသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒီ virtual world မှာ အသုံးပြုသူများက လက်တွေ့ကျကျ၊ လက်ဖြင့်သင်ယူခြင်းအတွက် အထူးအကျိုးရှိပြီး ဒါက ရုပ်ပိုင်းဆိုင်ရာရှိနေသလို သရုပ်ဖော်မှုများ၊ မြင်ကွင်းများနဲ့ ထိတွေ့နိုင်ပါတယ်။

VR ဟာ ဆေး၊ အင်ဂျင်နီယာနဲ့ လေကြောင်းတို့လို နယ်ပယ်များမှာ ဘေးကင်းပြီး နစ်မြုပ်နေတဲ့ သရုပ်ဖော်မှုများကို ပံ့ပိုးပေးရာမှာ အသုံးဝင်ပါတယ်။ ဥပမာ ဆေးကျောင်းသားများဟာ အမှန်တကယ် လူနာများနဲ့ မတွေ့မီမှာ အရေးကြီးတဲ့ အတွေ့အကြုံများ ရရှိစေမယ့် အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်မှာ ခွဲစိတ်မှုများကို လေ့ကျင့်နိုင်ပါတယ်။

AR နဲ့ VR ကို ကျောင်းသားတစ်ဦးချင်းစီရဲ့ သင်ယူမှုလိုအပ်ချက်များနဲ့ အံဝင်ခွင်ကျဖြစ်စေနိုင်ပြီး ပိုမိုစိတ်ကြိုက်ပြင်ဆင်ထားတဲ့ သင်ယူမှုလမ်းကြောင်းများကို ရရှိစေမှာဖြစ်ပါတယ်။ ကျောင်းသားများဟာ သူတို့ရဲ့ အရှိန်အဟုန်ဖြင့် ထိတွေ့နိုင်ပြီး၊ အံဝင်ခွင်ကျဖြစ်စေတဲ့ virtual မော်ဒယ်များနဲ့ သရုပ်ဖော်မှုများကို စမ်းသပ်နိုင်ပါတယ်။

စက်မှုလုပ်ငန်းအများအပြားမှာ အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်များကို အတုဖန်တီးကာ VR ရဲ့စွမ်းရည်ကနေ အကျိုးကျေးဇူးရရှိကြပါတယ်။ ဥပမာ စက်ပြင်နဲ့ အင်ဂျင်နီယာများက စက်ပစ္စည်းပြုပြင်မှုများကို အတုယူဖို့ VR ကိုအသုံးပြုနိုင်ပြီး ဆောက်လုပ်ရေးလုပ်သားများက ဘေးကင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်ဖို့ virtual job sites များမှာ လေ့ကျင့်နိုင်ပါတယ်။
VR က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆောက်လုပ်ရေးကဲ့သို့ အန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်မှ အလုပ်သမားများအတွက် ဖြစ်နိုင်ခြေရှိတဲ့ အရေးပေါ်အခြေအနေများ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အခြေအနေ များကို လက်တွေ့ကမ္ဘာရဲ့ အကျိုးဆက်များမပါဘဲ ကိုင်တွယ်ဖြေရှင်းလေ့ကျင့်နိုင်ဖို့ ပံ့ပိုးပေးပါတယ်။

နိဂုံး AR နဲ့ VR ဟာ အသက်အရွယ်မရွေး သင်ယူသူများအတွက် ဆွဲဆောင်မှုနဲ့ အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်များကို ပေးဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ပညာရေးနဲ့ လေ့ကျင့်ရေးဆီ ချဉ်းကပ်ပုံကို ပြောင်းလဲလျက် ရှိပါတယ်။ ဒီနည်းပညာများ ဆက်လက်ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့ စာသင်ခန်းများနဲ့ လုပ်ငန်းခွင်များမှာ သူတို့ရဲ့ ပေါင်းစည်းမှုဟာ ကျယ်ပြန့်လာကာ သင်ယူမှုနဲ့ ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အနာဂတ်ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

ကိုးကားချက်

1. Dunleavy, M., & Dede, C. (2014). Augmented reality teaching and learning. Educational Technology Research and Development, 62(2), 105-124.
2. Huang, T. H., & Liaw, S. S. (2018). Exploring the factors influencing students' intention to use augmented reality for learning. Computers & Education, 128, 64-78.
3. Mikropoulos, T. A., & Natsis, A. (2011). Educational virtual environments: A review of the research. Educational Technology & Society, 14(1), 20-33.

Dr. La Wynn Sandi
B.C.Sc, CU (KT), B.C.Sc (Hons), CU (KT)
M.C.Sc, CU (KT), Ph.D (IT), (U.C.S.M)

"AI ကို ပညာရေးမှာ နည်းလမ်းမှန်စွာအသုံးပြုရေးလမ်းညွှန်"-------------------------------ဉာဏ်ရည်တု (AI) နည်းပညာဟာ နိုင်ငံတကာ...
05/11/2024

"AI ကို ပညာရေးမှာ နည်းလမ်းမှန်စွာ
အသုံးပြုရေးလမ်းညွှန်"
-------------------------------

ဉာဏ်ရည်တု (AI) နည်းပညာဟာ နိုင်ငံတကာမှာ
ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် မြင့်မားစွာ ဖွံ့ဖြိုးလာပြီး ပညာရေးနယ်ပယ်မှာလည်း လွန်စွာအသုံးဝင်လာပါတယ်။ AI ကို သုတေသန၊ သင်ယူလေ့လာမှုများအတွက် အကူအညီ အထောက်အပံ့အဖြစ် အသုံးပြုခြင်းက ကျောင်းသားများရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသလို AI ကို မှန်ကန်စွာ သုံးစွဲနိုင်ရေးမှာလည်း အလွန်အရေးကြီးပါတယ်။ ဒါကြောင့် AI ကို ပညာရေးမှာ စနစ်တကျသုံးစွဲနိုင်ရေးနဲ့ ပညာရေးကျင့်ဝတ်များ မဖောက်ဖျက်ဘဲ မှန်ကန်စွာ အသုံးချ နည်းလမ်းများကို တင်ပြသွားပါမယ်။

🔵AI အသုံးပြုခြင်းနဲ့ အကျိုးကျေးဇူးများ

AI ကို သင်ယူလေ့လာမှုမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ ကျောင်းသားများအနေနဲ့ စနစ်တကျ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် သုတေသနလုပ်ငန်းစဉ်များမှာ စာပေများနဲ့ အချက်အလက်များကို ရှာဖွေခြင်း၊ မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်အောင် အကျဉ်းချုပ်ပေးခြင်း၊ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ ပေးနိုင်ခြင်းတို့ဖြင့် သင်ယူမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ နည်းလမ်း များကတော့ AI tools များဖြင့် ဘာသာစကားပြုပြင်ခြင်း၊ သဒ္ဒါအမှားပြင်ဆင်ခြင်း၊ ပိုမိုကောင်းမွန်တဲ့ အကြံပြုချက်များကိုတောင်းခံကာ စနစ်တကျ ပိုမိုကောင်းမွန်အောင် မိမိတို့ရဲ့ ရေးသားတင်ပြချက်များကို ပြင်ဆင်နိုင်ပါတယ်။
AI ရဲ့ အကျိုးကျေးဇူးများမှာ ကျောင်းသားများရဲ့ သင်ယူမှုအား တိုးတက်လာအောင် အမြင်ပိုကျယ်စေတဲ့ လက်နက်အဖြစ် သုံးစွဲနိုင်ခြင်းဖြစ်ပေမယ့်လည်း ပညာရေးဆိုင်ရာကျင့်ဝတ်များနဲ့ မလျော်ကန်စွာ အသုံးပြုမိပါက ကျောင်းသားအတွက် ပညာရေးဆိုင်ရာပြစ်ဒဏ်များ ချမှတ်ခံရပါမယ်။

🔵AI အသုံးပြုရာမှာ လိုက်နာရမယ့် စည်းမျဉ်းများ

၁။ ကိုယ်ပိုင်စဉ်းစားတွေးခေါ်ခြင်းကို ပြုလုပ်ဖို့ AI ကို ကနဦးအသုံးပြု အကြံဉာဏ်တောင်းခံကာ မိမိရဲ့ သင်ယူမှုမှာ အထောက်အကူပြုဖြစ်စေနိုင်ပေမယ့်လည်း AI ဟာ ပြီးပြည့်စုံတဲ့အဖြေကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တင်ပြရမယ့်အရာတွေကို ကိုယ်ပိုင်စဉ်းစားဆန်းစစ်ချက်များဖြင့် AI မှထုတ်ပေးတဲ့ အချက်အလက်များကို ပေါင်းစပ်ကာ ကိုယ်ပိုင်နားလည်မှုဖြင့် ရေးသားဖို့လိုအပ်ပါတယ်။ တချို့ AI-generated content များက လက်တွေ့နဲ့ ကွဲလွဲနိုင်တဲ့အတွက် ကျောင်းသားအနေနဲ့ AI မှ ထွက်လာတဲ့ အချက်အလက်များကို ထပ်မံပြီး သီးခြားသုံးသပ်ခြင်း၊ ပိုမိုနက်ရှိုင်းစွာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဥပမာ - AI က ထုတ်ပေးတဲ့အချက်များကို search engine တစ်ခုခုသုံးကာ ရင်းမြစ်များရှာဖွေပြီး ခိုင်လုံတဲ့ရင်းမြစ်တွေ့ပါက အကိုးအကားအနေနဲ့ ယူသုံးခြင်း၊ ခိုင်မာတဲ့ ရင်းမြစ်မရှိပါက မသုံးခြင်းတို့ကို ထပ်မံ ပြုလုပ်နိုင်ပါတယ်။

၂။ AI မှ ထွက်လာတဲ့ အကြောင်းအရာများကို ကိုးကားခြင်း၊ AI tools များကိုသုံးပြီး မိမိကိုယ်ပိုင် အချက်အလက်များကို ဆန်းစစ်မှုများ ပြုလုပ်ခြင်းဖြင့် ထွက်လာတဲ့ အကြောင်းအရာများက မိမိရဲ့ အချက်အလက်များအပေါ် အခြေခံပေမယ့်လည်း အဲ့ဒီ AI tools ကို အသုံးပြုခဲ့ကြောင်းရည်ညွန်းကာ ကိုးကားချက်ထည့်သွင်းဖော်ပြရပါမယ်။ အဲ့ဒီအပြုအမူက ပညာရေးနယ်ပယ်အတွင်း ကျင့်ဝတ်ထိန်းသိမ်းမှု အတွက် လိုအပ်တဲ့ အခြေခံအချက်ဖြစ်ပါတယ်။ AI tools မှ ထွက်လာတဲ့အကြောင်းအရာများကို ရည်ညွန်း ကိုးကားချက်များပြုလုပ်ပြီး ထည့်သွင်းဖော်ပြခြင်းက သင်ယူမှုမှာ ယုံကြည်စိတ်ချရတဲ့ အချက်အလက်များ ဖြစ်ကြောင်းကို ပေါ်လွင်စေပါတယ်။

၃။ AI တလွဲအသုံးပြုခြင်းမှ ရှောင်ရှားဖို့ AI ဖန်တီးထားတဲ့ အကြောင်းအရာများကို အလုံးစုံ ကူးယူသုံးစွဲခြင်း၊ မိမိရဲ့အတွေးအခေါ်၊ ဆန်းစစ်မှုမပါဝင်ဘဲ AI ဖန်တီးမှုများကို အလုံးစုံအပြည့်အဝအားကိုးကာ တင်ပြခြင်းက ကျောင်းသားအနေနဲ့ ပြစ်ဒဏ်ခံရမယ့် အပြုအမူများ ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ မူဝါဒများအရ AI tools များမှ ထုတ်ပေးတဲ့အကြောင်းအရာများကို စာတမ်းများ၊ သုတေသနများ၊ သင်ခန်းစာများ၊ ရေးသား တင်ပြချက်များမှာ အသုံးပြုတဲ့အခါ တိုက်ရိုက်ကူးချခြင်းမျိုးမပြုလုပ်ဘဲ မိမိအတွေးအခေါ်၊ သုံးသပ်မှု၊ ဆန်းစစ်မှုတို့ဖြင့်ပေါင်းစပ်ကာ တခြားပုံစံဖြင့် ပြုပြင်ပြောင်းလဲရေးသားဖော်ပြခြင်း (paraphrase) ပြုလုပ်ပြီး ရည်ညွန်းကိုးကားချက်များ ထည့်သွင်းရပါမယ်။

🔵AI အသုံးပြုမှုနဲ့ ကျင့်ဝတ်များ

AI tools ကိုသုံးပြီး လေ့လာခဲ့တဲ့ အချက်အလက်များ၊ သီအိုရီစာများ၊ ပြုပြင်ပြောင်းလဲထားတဲ့ စာသားများကို မိမိကိုယ်တိုင် AI ကို အကိုးအကားပြုကာ ရေးသားချက်များဖြစ်ကြောင်း အသိပေးဖော်ပြဖို့အတွက် ရည်းညွန်းကိုးကားချက်ပြုဖို့ လိုအပ်ပါတယ်။ ဘယ် AI tool မဆို Chat conversation များကို မဖျက်ပစ်ရဘဲ ထိန်းသိမ်းထားရှိရမှာဖြစ်ပြီး Appendix မှာ ထည့်သွင်းဖော်ပြဖို့ လိုအပ်ပါတယ်။
AI ကို အလုံးစုံအားကိုးပြီး သုံးမိပါက ကျောင်းသားအနေနဲ့ ပြစ်ဒဏ်များ အရေးယူမှုရှိမှာဖြစ်ကြောင်း SFIC ရဲ့ အကဲဖြတ်စစ်ဆေးမှုများမှာ ဉာဏ်ရည်တု (AI) အသုံးပြုခြင်းဆိုင်ရာမူဝါဒမှာ အသေးစိတ်ဖော်ပြထားပါတယ်။

AI ကို ကိုးကားချက်ဖော်ပြရာမှာ Harvard style ကို အခြေခံကာ လိုက်နာသုံးစွဲရပါမယ်။ AI tools ကို သုံးပြီး ရေးသားခြင်းဖြင့် ထွက်လာတဲ့ အကြောင်းအရာများကို Harvard style ဖြင့် စနစ်တကျ ရည်ညွန်းကိုးကား ချက်ပေးရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ OpenAI ရဲ့ ChatGPT tool မှ ထုတ်ပေးထားတဲ့ အကြောင်းအရာများကို (OpenAI, 2024) လို့ ရည်ညွှန်းကာ ဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရည်ညွန်း ကိုးကားချက်စာရင်းမှာ AI tool ရဲ့ version၊ အသုံးပြုခဲ့တဲ့နေ့ရက်နဲ့ URL link တို့ကို ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်အား AI ကို ရည်ညွှန်းကိုးကားချက်များပြုလုပ်ရာမှာ လိုက်နာရမယ့် လမ်းညွှန်ချက်များမှာ လေ့သာဖတ်ရှုနိုင်ပါတယ်။

Assignment ရေးသားတင်ပြချက်များမှာ AI-generated content ၆၀ ရာခိုင်နှုန်းနဲ့အထက် ကျော်လွန်မှုပါက assignment တင်သွင်းခွင့်ရရှိနိုင်မှာမဟုတ်ဘဲ ပြင်ဆင်ခြင်းများ၊ ထပ်မံစစ်ဆေးခြင်းများ၊ ကိုယ်ပိုင် ရေးသားချက်ဖြစ်ကြောင်း သက်သေပြရခြင်းများ လုပ်ဆောင်ရပါမယ်။ ၆၀ ရာခိုင်နှုန်းမကျော်လွန် ပေမယ့်လည်း AI tools များကို အကျင့်ပျက်စည်းကမ်းလိုက်နာမှုမရှိဘဲ အသုံးပြုမှုများအတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သေးတာကို သတိထားစေလိုပါတယ်။ ဒါကြောင့် ကျောင်းသားများအနေနဲ့ AI ကို အသုံးပြုတဲ့အခါ သေချာစွာရည်ညွှန်းကိုးကားချက်ပေးခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်များထည့်သွင်း ရေးသားခြင်းတို့ကို ဦးစားပေးပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပညာရေးမှာ AI အသုံးပြုခြင်းက အထောက်အကူ ဖြစ်စေတဲ့အရာဖြစ်ပေမယ့်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ အသုံးပြုမှသာ ကျောင်းသားရဲ့ ပညာရေးကောင်းမွန်မှု၊ ကျင့်ဝတ်ကောင်းမွန်မှုတို့ကို ပြသနိုင်မှာပဲ ဖြစ်ပါတယ်။
Comment ပါပုံမှာ ChatGPT ကို အသုံးပြုသင့်/မသင့် သတ်မှတ်ခြင်းအတွက် ဘယ်လို ဆုံးဖြတ်နိုင်မလဲ ဆိုတာကို ဖော်ပြထားပါတယ်။
ကနဦးအစမှာ “ထွက်လာတဲ့ ရလဒ်အမှန်ဖြစ်ဖို့ အရေးကြီးလား” ဆိုတဲ့မေးခွန်းနဲ့ စတင်ပါမယ်။ အဖြေက “မဟုတ်ပါ” ဆိုပါက ChatGPT ကို လုံခြုံစွာအသုံးပြုနိုင်ပါတယ်။ အဖြေ “ဟုတ်ပါသည်” ဆိုပါက နောက်ထပ် မေးခွန်းဖြစ်တဲ့ “ရလဒ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ကျွမ်းကျင်မှု သင့်မှာရှိပါသလား” ဆိုပြီး ဆက်မေးရပါမယ်။ အဖြေက “မရှိပါ” ဆိုပါက ChatGPT ကို အသုံးပြုတာ မလုံခြုံနိုင်ပါဘူး။ "ရှိပါတယ်" ဆိုပါက နောက်ထပ် “ရလဒ်အမှားများအတွက် တာဝန်ယူရန် စိတ်ဆန္ဒရှိပါသလား” ဆိုပြီး မေးပါမယ်။ အဖြေက “မရှိပါ” ဆိုပါကလည်း ChatGPT ကို အသုံးပြုဖို့ မလုံခြုံပါဘူး။ အဖြေက “ရှိပါတယ်” ဆိုပါက ChatGPT ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို စိစစ်ပြီး အမှန်တကယ် ခိုင်လုံတဲ့ ရင်းမြစ်တွေ ရှိ/မရှိ သေချာစွာ စစ်ဆေးဖို့လိုပါဦးမယ်။

source: Aleksandr Tiulkanov (Linkedin)

U Myo Htet Naing
B.Com (Hons), M.Com (YIE)

Turnitin AI Detection ကိုအောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ----------------------------------------- အကြံပြုချက်မျ...
22/10/2024

Turnitin AI Detection ကို
အောင်မြင်စွာဖြတ်သန်းဖို့ အကြံပြုချက်များ
-----------------------------------------

အကြံပြုချက်များမှာ Turnitin ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို ပြောပြပေးမှာတော့ မဟုတ်ပါဘူး။ ရိုးသား ဖြောင့်မတ်ခြင်းကို ချိုးဖောက်တဲ့ဖြတ်လမ်းနည်းများကို ရှာမယ့်အစား မိမိရဲ့စစ်မှန်မှုကို အားကောင်းစေမယ့် နည်းဗျူဟာ များကို ပြသပါမယ်။ ဒါကတော့ Turnitin AI စစ်ခြင်းကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာရယ်၊ တရားမျှတမှုမရှိတဲ့ ခိုးကူးမှုဆိုင်ရာစွပ်စွဲချက်တွေကို ရှောင်ရှားနည်းများပဲ ဖြစ်ပါတယ်။

၁။ Assignment ဆိုင်ရာ
ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

Turnitin စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မကြိုးစားမီ မိမိတာဝန်မှာ assignment ရဲ့ လိုအပ်ချက်ကိုသိဖို့ အရေးကြီး ပါတယ်။ ညွှန်ကြားချက်တွေကို သေချာဖတ်ပါ။ တကယ်လို့ ကျောင်းသားက ဒီအချက်များကို လွဲချော်နေပါက Turnitin ကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင်တောင် ဆိုးရွားတဲ့အဆင့်ကို ရနိုင်ပါသေးတယ်။ Task တစ်ခုစီကိုကြည့်ပြီး မိမိကိုယ်ပိုင်တွေးခေါ်ပုံကို ဘယ်လိုပြသနိုင်မလဲဆိုတာ မိမိကိုယ်ကိုယ်ပြန်မေးပါ။
ဒီနည်းနဲ့ ကိုယ်ပိုင်စကားလုံးများ၊ စိတ်ကူးများကို အသုံးပြုခြင်းဖြင့် turnitin စစ်ဆေးမှုကို ရှောင်နိုင်ရုံသာမက အကြောင်းအရာတွေကို သဘာဝကျကျ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၂။ အကြောင်းအရာကို အကျဉ်းချုံ့ပါ။

ထင်ရှားတဲ့အကြောင်းအရာကို ရှာဖွေဖို့ကအဓိကပါ။ အကြောင်းအရာတစ်ခုကို အများကြီးမရေးထားပါနဲ့။
ဒီလိုလုပ်ဆောင်တာဟာ မိမိရေးထားတဲ့ စာများအတွင်း AI ထောက်လှမ်းခြင်းဆော့ဖ်ဝဲအတွက် ရှာဖွေတွေ့ရှိဖို့ ပိုမိုခက်ခဲစေပါတယ်။ အကြောင်းအရာကို နက်နက်နဲနဲ လေ့လာကြည့်ပါ ဒါမှမဟုတ် မတူညီတဲ့ စိတ်ကူးစိတ်သန်းများကို နည်းလမ်းသစ်များနဲ့ ပေါင်းစပ်ကြည့်ပါ။
မိမိလေ့လာခဲ့ပြီးတဲ့အရာကိုအသုံးပြုကာ ဘောင်အပြင်ဘက်ထွက်ပြီးတွေးပါ။ အရေးအသားမှာ မတူညီတဲ့ ရှုထောင့်များ၊ ကိုယ်ရေးကိုယ်တာထိုးထွင်းသိမြင်မှုများနဲ့ ဆန်းသစ်တဲ့အရာတစ်ခုကို ပြသပါ။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း ဒါမှမဟုတ် တခြားဘယ်သူကမှ မဖြေရှင်းရသေးတဲ့ပြဿနာကိုရွေးချယ်ခြင်းက ခိုးကူးမှုပြဿနာများကို ရှောင်ရှားနိုင်ပါမယ်။ မိမိရဲ့မူရင်းအရေးအသားက Turnitin AI နဲ့ plagiarism မှ စာသားများကို ယှဉ်တိုက်ကြည့်တဲ့အခါမှာ တခြားစာတွေနဲ့ ရောထွေးနေမှာမဟုတ်ပါဘူး။

၃။ သုတေသနနဲ့ ထိရောက်တဲ့ စကားစုများ

စာရေးခြင်းလုပ်ငန်းစဉ်ကိုမစတင်မီ စေ့စေ့စပ်စပ်စူးစမ်းလေ့လာခြင်း ဒါမှမဟုတ် သက်ဆိုင်ရာ အကြောင်းအရာ တွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုပါတယ်။ အဲ့ဒီလိုလုံ့လဝီရိယရှိရှိ လုပ်ခြင်းက ဆန်းသစ်မှုရှိတဲ့ မူရင်းများကိုရနိုင်ပြီး AI ထောက်လှမ်းမှုကို ကျော်လွှားနိုင်စေဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာများများဖတ်လေ၊ စိတ်ကူး စိတ်သန်းတွေ နိုးကြားလာလေလေပါပဲ။ ဒါက Turnitin မှ မမြင်ဖူးတဲ့ ထူးခြားအကြံဉာဏန်များ ရရှိစေဖို့ ကူညီပေးပါတယ်။
"Turnitin ရဲ့ AI ထောက်လှမ်းမှုကို ကျော်လွှားဖို့ မိမိကိုယ်ပိုင်စကားလုံးများနဲ့ အကြောင်းအရာကို ပြန်လည် ရေးသားခြင်းမှလွဲပြီး တခြားကျင့်ဝတ်နည်းလမ်းမရှိပါဘူး။ အချက်တွေပေါ်မှာ ဖော်ပြခြင်း၊ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ဒါမှမဟုတ် ပုံတိုပတ်စများကို ပေါင်းထည့်ခြင်းနဲ့ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်များမှ ကိုးကားချက်များကို ပေါင်းစည်းခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

၄။ အဆင့်မြင့် စာကြောင်းပြန်ရေး Tools
(paraphrasing tools) များကို အသုံးပြုပါ။

Deadlines များဟာ ကျွန်ုပ်တို့ကို ဖိအားပေးတာကြောင့် သူငယ်ချင်းတစ်ဦးထံမှ အကူအညီရယူတာ ဒါမှမဟုတ် AI Tool တစ်ခုအသုံးပြုတာမျိုးက ပုံမှန်လိုပဲဖြစ်ပါတယ်။ ဒီအဆင့်မြင့်နည်းပညာခေတ်မှာ AI-based paraphrasing tools အများအပြားက ခိုးကူးဝါဒကို ဖယ်ရှားနိုင်တဲ့အပြင် မိမိရဲ့ AI ဒါမှမဟုတ် စာသားတွေကို လူသားရေးသားထားတာဆန်အောင် ပြုလုပ်နိုင်ပါတယ်။ “ခိုးကူးမှု ထောက်လှမ်းမှုကို ကျော်လွှားနိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးဖို့ အထိရောက်ဆုံး နည်းလမ်းမှာ အဓိပ္ပာယ်ဖော်ရေးသားခြင်း၊ အကျဉ်းချုပ်ခြင်းနဲ့ ချောမွေ့စွာပေါင်းစပ်ခြင်းတို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

၅။ အကူအညီမပါဘဲ ရေးပါ။

မိမိစိတ်ကူးတွေကို လက်ရေးနဲ့ချရေးပါ။ ဆိုလိုတာက ChatGPT လို AI စာရေးကိရိယာများထံမှ အကူအညီမပါဘဲ စကားလုံးများကို စာရွက်ပေါ်မှာ ကိုယ်တိုင်ချရေးထားပါ။ ဒီနည်းလမ်းနဲ့ ရေးထားတဲ့စာများက မိမိတစ်ဦးတည်း လုပ်ထားတာဖြစ်ကြောင်း ပြသပါတယ်။ လက်နဲ့ရေးခြင်းက အသုံးပြုတဲ့စကားလုံးတိုင်းကို ပိုမိုတွေးတောရစေပါတယ်။ ဦးနှောက်က ပိုမိုအလုပ်လုပ်ရပြီး ဒါက AI ထောက်လှမ်းမှုကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ဖို့နဲ့ မူရင်းအကြောင်းအရာကို ဖန်တီးရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လက်ရေးနဲ့ စာမျက်နှာများကို မြင်တွေ့ရသည်မှာ ကြည်နူးစရာဖြစ်ပြီး မိမိကြိုးစားအားထုတ်မှုရဲ့ ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ "Turnitin ကို ဘယ်လိုအနိုင်ယူမလဲ" လို့မေးရင် အဖြေက ရိုးရှင်းပါတယ်၊ ဖန်တီးမှုရယူပါ။ စကားလုံးတိုင်းကို ကိုယ်တိုင်ရေးဖို့နဲ့ ဘာသာရပ်ကို နက်နက်နဲနဲ စေ့စေ့တွေးပြီး မိမိရဲ့ အရေးအသားစွမ်းရည်ကို အသုံးချပါ။ Turnitin လို Tools တွေက
စမတ်ကျပေမယ့်လည်း မူရင်းအတွေးအခေါ်တွေ မတွေးနိုင်တာကို သတိထားရပါမယ်။ တမူးထူးခြားစွာနဲ့ စာပိုဒ်တိုင်းမှာ မိမိရဲ့စစ်မှန်မှုကို ပေါ်လွင်မှုဖြစ်အောင် ရေးရပါမယ်။

Reference: https://inboundblogging.com/how-to-get-past-turnitin-ai.../

Dr. Thel Seint Aye
B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)
M.C.Sc, CU (MDY) , Ph.D (IT), (U.C.S.M)

ငွေကြေးတစ်ခုတည်းနဲ့ သစ္စာစောင့်သိမှုကိုတည်ဆောက်ဖို့ မလုံလောက်နိုင်ပါ။----------------------------------ယနေ့ခေတ် စီးပွားရ...
10/10/2024

ငွေကြေးတစ်ခုတည်းနဲ့ သစ္စာစောင့်သိမှုကို
တည်ဆောက်ဖို့ မလုံလောက်နိုင်ပါ။
----------------------------------

ယနေ့ခေတ် စီးပွားရေးပတ်ဝန်းကျင်မှာ ဝန်ထမ်းများအတွက် ငွေထက်ပိုပြီး အရေးကြီးလာတဲ့အချက်များ ရှိလာကြပါတယ်။ အလုပ်သမားအစီရင်ခံစာများအရ “ငွေကသစ္စာစောင့်သိမှုကို ဝယ်ယူလို့မရ” ဟူသော အချက်မှာ ဝန်ထမ်းများက သင့်လျော်တဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု၊ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်း တိုးတက်မှုတို့ကို
အာရုံစိုက်လာကြောင်း ဖော်ပြထားပါတယ်။ လုပ်ငန်းအတွက် ပညာရေးနဲ့ တိုးတက်မှုအခွင့်အလမ်းများက လစာနဲ့အကျိုးခံစားခွင့်များထက် အရေးပါလာတာကို တွေ့ရပါတယ်။

လုပ်ခလစာက အရေးကြီးပေမယ့်လည်း လူတစ်ဦးရဲ့ ဝန်ထမ်းအတွေ့အကြုံကို တိုးတက်စေဖို့နဲ့ ပျော်ရွှင်စေဖို့ လစာပိုပေးခြင်းတစ်ခုတည်းနဲ့ လုံလောက်မည်မဟုတ်ပါ။ ဝန်ထမ်းများက သူတို့ရဲ့အလုပ်ကို တန်ဖိုးထား ခံစားရခြင်းနဲ့ တိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိခြင်းကို ပိုပြီးတန်ဖိုးထားကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ ရှေ့ဆက်ဖြစ်နိုင်ခြေအလားအလာများ၊ အခွင့်အလမ်းများကို ကူညီရှာဖွေကာ ကြိုးစားမှုကို အမှန်တကယ် တန်ဖိုးထားပေးခြင်းဖြင့် သစ္စာစောင့်သိမှုနဲ့ စိတ်အားထက်သန်မှုကို ဖော်ဆောင်နိုင်ပါတယ်။

🔵One-Size-Fits-All Career Path ကို လက်လွှတ်လိုက်ပါ။

ယနေ့ခေတ် အောင်မြင်နေတဲ့ ပရောဖယ်ရှင်နယ်ဆန်တဲ့ အဖွဲ့အစည်းများမှာ သမားရိုးကျလမ်းကြောင်းများ၊ တန်းတူသတ်မှတ်ချက်များကို ဆက်လက်အသုံးမပြုကြတော့ပါ။ လက်ရှိခေတ်သစ် အလုပ်အကိုင်ပတ်ဝန်းကျင် များမှာ လူတစ်ဦးချင်းစီရဲ့ ဆန္ဒများ၊ အရည်အချင်းနဲ့ အတွေ့အကြုံများကို အခြေခံထားပြီး ရည်မှန်းချက်နဲ့ ချိတ်ဆက်မှုရှိတဲ့လမ်းကြောင်းအသစ်များ ရှာဖွေဖို့အတွက် စိတ်အားထက်သန်လာကြပြီဖြစ်ပါတယ်။

လမ်းညွှန်ပေးတဲ့ အခွင့်အလမ်းများ၊ အကူအညီပံ့ပိုးမှုများဖြင့် ဝန်ထမ်းများက လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွ လှုပ်ရှားကာ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လစ်လပ်လာတဲ့ရာထူးများနဲ့ ရာထူးတိုးမှုများအတွက် လိုက်လျောညီထွေတဲ့ သင်ယူမှုများဖြင့် အချိန်မီအဆင့်မြှင့်တင်ကာ တိုးတက်စေမယ့် အခွင့်အလမ်းများ ရှိနေပါတယ်။

🔵Personal Motivation ကို ပုံဖော်ပါ။

ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများမှာ ဝန်ထမ်းများကို "သင်ဘာလိုချင်သလဲ" ဟူသောမေးခွန်းကို စဉ်းစားခိုင်းပြီး သူတို့ရဲ့ စိတ်ထဲက အလိုဆန္ဒများကို သိရှိစေနိုင်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်လေ့ရှိပါတယ်။ လူတစ်ဦးရဲ့ စိတ်အားထက်သန်မှုကို စူးစမ်းနိုင်ဖို့ ငွေကြေးဖြစ်စေ၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း ဒါမှမဟုတ် မိသားစုလိုအပ်ချက်များဖြစ်စေ အမျိုးမျိုးသောနည်းလမ်းများဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို တိုင်းတာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုက လူတစ်ဦးရဲ့ဘဝအဆင့်အတန်းပေါ်မူတည်ပြီး မတူညီတဲ့ လှုံ့ဆော်မှုများ ဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေဆီက ဆွေးနွေးပြောဆိုလာတဲ့အရာတွေကို အဖြေမှန်၊ အဖြေမှား မရှိဘဲ သူတို့ရဲ့တန်ဖိုးထားတဲ့အရာများကို ရိုးရိုးစင်းစင်းတွေ့ရခြင်း ဖြစ်ပါတယ်။

လုပ်သက်များတဲ့ ဝန်ထမ်းများက တစ်ခါတလေ သူတို့ရဲ့ ကိုယ်ပိုင်ဦးစားပေးချက်များထက် တခြားသူများရဲ့ အကျိုးစီးပွားအတွက် ဦးစားပေးဆုံးဖြတ်တတ်ကြပါတယ်။ ခေါင်းဆောင်များက ဝန်ထမ်းများရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်အားထက်သန်မှုများကိုနားလည်ကာ သူတို့ရဲ့အရည်အချင်းများကို ကောင်းစွာအသုံးချနိုင်စေဖို့အတွက် ပံ့ပိုးပေးသင့်ပါတယ်။ ဝန်ထမ်းများကို တန်ဖိုးထားမှုခံစားရစေဖို့နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင် တယ်လို့ ယုံကြည်စေဖို့အတွက် ခွန်အားပေးခြင်းက ခေါင်းဆောင်များအတွက် အဓိကကျပါတယ်။

အကျဉ်းချုပ်အားဖြင့် ယနေ့ခေတ်စီးပွားရေးကဏ္ဍမှာ ငွေကြေးကအရေးကြီးပေမယ့်လည်း ဝန်ထမ်းများကို ငွေကြေးမက်လုံးတစ်ခုတည်းနဲ့ ချုပ်ကိုင်ထားလို့ မရနိုင်တော့ပါ။ အဲ့ဒီအစား ယဉ်ကျေးမှု၊ အသက်မွေး ဝမ်းကြောင်း တိုးတက်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုများကို ခေါင်းဆောင်များက ရည်မှန်းပြီးဒ တိုးတက်မှုအတွက် အခွင့်အလမ်းများ ပေးသင့်ပါတယ်။
forbes.com မှ Leaders, Money Doesn’t Build Loyalty (Career Growth Does) ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ?

Daw Zin Lin Htet
BE (Civil-MGTU)
M.Sc (Construction Project Mgt), Heriot-Watt University

ရည်မှန်းချက်တွေ အောင်မြင်ဖို့SOSTAC Model သုံးကြစို့-------------------------SOSTAC Model ဆိုတာက စီးပွားရေးလုပ်ငန်းတွေရဲ...
07/10/2024

ရည်မှန်းချက်တွေ အောင်မြင်ဖို့
SOSTAC Model သုံးကြစို့

-------------------------

SOSTAC Model ဆိုတာက စီးပွားရေးလုပ်ငန်းတွေရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်းတိကျစွာ သတ်မှတ်နိုင်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဥ်တွေကို တည်ဆောက်ကာ လုပ်ငန်းအတွက် အရေးပါတဲ့ Marketing Plan ဆွဲဖို့ လမ်းကြောင်းတွေကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်စေတဲ့ Tool တစ်ခုဖြစ်ပါတယ်။

ဒီ SOSTAC Model ကို Marketing နဲ့ ပတ်သက်တဲ့ International Speaker အဖြစ် နာမည်ကျော်ကြားတဲ့ PR Smith က ၁၉၉၀ လောက်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Chartered Institute of Marketing ကနေပြီးတော့လည်း ကမ္ဘာ့အကောင်းဆုံး စီမံကိန်းနည်းလမ်းတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ LinkedIn, KPMG, RBS တို့ကလည်း SOSTAC model ကို Marketing plan စီမံကိန်းတွေမှာ အသုံးပြုပြီး လက်တွေ့မှာလည်း အောင်မြင်မှုတွေ ရရှိနေကြတာကို တွေ့ရပါတယ်။

အဓိကတော့ SOSTAC model ဟာ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိတဲ့ Marketing Planဆွဲဖို့ နဲ့ ရောင်းချတဲ့နေရာတွေမှာ အသုံးပြုနိုင်တဲ့ marketing strategy တွေထဲက တစ်ခုလည်း ဖြစ်သလို စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်တဲ့ စျေးကွက်တိုးချဲ့ရေးတွေအထိပါ ဆောင်ရွက် လုပ်ကိုင်နိုင်စေပါတယ်။

SOSTAC Model ကို Situation Analysis (အခြေအနေကိုသုံးသပ်ခြင်း)၊ Objectives (ရည်မှန်းချက်များ)၊ Strategy (မဟာဗျူဟာ)၊ Tactics (နည်းဗျူဟာများ)၊ Action (အကောင်အထည် ဖော်လုပ်ဆော်ခြင်း)နှင့် Control (ထိန်းချုပ်မှု) တို့နဲ့ ဖွဲ့စည်းထားပါတယ်။
SOSTAC ရဲ့ အဆင့် (၆) ဆင့်ကို ရှင်းပြသွားပါမယ်။

🔵Situation Analysis

Situation Analysis ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို သုံးသပ်ခြင်းဖြစ်ပါတယ်။ အရင်ဆုံး Marketing Plan စဆွဲမယ်ဆိုရင် မိမိလုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ External factor နဲ့ Internal Factor ကို စတင်သုံးသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခြေအနေကို သုံးသပ်တဲ့နေရာမှာ လုပ်ငန်းရဲ့ အားနည်းချက်များ၊ အားသာချက်များကို လေ့လာဖို့ SWOT Analysis ကိုလည်း အသုံးပြုနိုင် ပါသေးတယ်။ ဥပမာအနေနဲ့ မြန်မာရိုးရာ ကတ္တီပါနဲ့ သားရေဖိနပ်ဆိုင် (၁) ဆိုင်ဖွင့်မယ်လို့ ကျွန်မတို့ စတင် စီစဥ်နေပြီဆိုရင် လက်ရှိမြန်မာဖိနပ်စျေးကွက်ကို ကောင်းကောင်းသိဖို့ လိုအပ်ပြီး စျေးကွက်မှာလက်ရှိ Trend ဖြစ်နေတဲ့ ဖိနပ်ဒီဇိုင်းများ၊ မိမိလုပ်ငန်းရဲ့ အားသာချက်များ၊ အားနည်းချက်များနဲ့ စျေးကွက် တောင်းဆိုမှုများက ဘယ်လိုရှိတယ်ဆိုတာကို သေချာသုံးသပ်လေ့လာသင့်ပါတယ်။ လုပ်ငန်းကို သုံးသပ်တဲ့နေရာမှာလည်း အရှိကိုအရှိအတိုင်း သုံးသပ်ဖို့လည်းလိုပါတယ်။

🔵Objectives

မိမိလုပ်ငန်းအတွက် “ဘယ်လိုရည်မှန်းချက်ကို ရောက်ချင်သလဲ” ဆိုတဲ့ လုပ်ငန်းအတွက် အနာဂတ်ရည်မှန်းချက်များကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ ရည်မှန်းချက်များကို ချမှတ်တဲ့နေရာ မှာလည်း SMART (Specific, Measurable, Achievable, Relevant, Time-bound) ဖြစ်အောင် သတ်မှတ်နိုင်ရပါမယ်။ ၁နှစ်အတွင်း Mandalay မြို့မှာ ဖိနပ်ဆိုင် ၂ ဆိုင်ဖွင့်နိုင်ဖို့ရန် အရောင်းဝင်ငွေ သိန်း ၅၀၀ အနည်းဆုံးရရှိဖို့ ရည်မှန်းချက်ချမှတ်ခြင်းကလည်း အမှန်တကယ်လက်တွေ့မှာဖြစ်နိုင်တဲ့ ရည်မှန်းချက်များဖြစ်ဖို့လည်း လိုပါသေးတယ်။

🔵Strategy

ကိုယ်ချမှတ်ထားတဲ့ Objectives တွေအတွက် "ဘယ်လိုနည်းလမ်းနဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်မလဲ" ရယ် မိမိရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့ မှန်ကန်တဲ့ ဦးတည်ချက်တွေကို သတ်မှတ်ဖို့ နည်းဗျူဟာလည်း လိုပါတယ်။ Customer Segmentation ခွဲတာတွေ၊ Positioning ယူတာတွေ စတာတွေကို ဆောင်ရွက်ရပါမယ်။ အဓိကအားဖြင့် STPD strategy ကို သေချာစွာသတ်မှတ်သင့်ပါတယ်။ ဥပမာ မန္တလေးမြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသူတွေကို အဓိက ထားပြီး ထုတ်မယ့်ဖိနပ်ဒီဇိုင်းတွေကို စျေးသင့်တင့်ပြီး လူငယ်ဆန်ကာ အရည်အသွေးကောင်းတဲ့ ဖိနပ်တွေ ရောင်းချမယ်ဆိုတဲ့ တိကျစွာ သတ်မှတ်ချက်များလည်း ပါရပါမယ်။

🔵Tactics

Tactics ကတော့ လုပ်ငန်းကချမှတ်ထားတဲ့ Strategy ကို အကောင်အထည်ဖော်မယ့် နည်းလမ်းတွေကို အသေးစိတ်ချမှတ်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အရင် Marketing tools တွေထဲက တစ်ခုဖြစ်တဲ့ 4P's (Product, Price, Place, Promotion) ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

🔵Action

Action ကတော့ လက်တွေ့မှာ အမှန်တကယ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ "ဘယ်သူတွေက ဒီလုပ်ငန်းတွေကို လုပ်မှာလဲ?" “ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ” တစ်ခုချင်းစီကို ဘယ်လိုလုပ်မလဲဆိုတာကအစ အကုန်စီစဉ်ရပါမယ်။ ဖိနပ်ဆိုင် ဖွင့်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို သီးသန့်တစ်စုချင်းစီပေါ်မူတည်ပြီး လုပ်ဆောင်ရပါမယ်။ ဥပမာ Facebook နဲ့ Instagram အတွက် post တင်မယ့်သူတွေ၊ website maintenance လုပ်သူများနဲ့ customer service တွေကိုလည်း သေချာစွာစီစဉ်ပြီး အစီအစဉ်နဲ့အညီ အကောင်အထည်ဖော်ရမယ့် အဆင့်ဖြစ်ပါတယ်။

🔵Control

Control ကတော့ အဲ့ဒီရည်မှန်းချက်တွေကို ပြည့်မီရေးအတွက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေကို ထိန်းကွပ်ကြီးကြပ်တာပဲဖြစ်ပါတယ်။ Facebook Ads တွေ, Sales Data တွေကို မကြာခဏ စစ်ဆေးပြီး လုပ်ငန်းရဲ့တိုးတက်မှုကို လိုအပ်သလို ပြင်ဆင်ခြင်းတွေ လုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။

SOSTAC Model ကို ဘယ်လုပ်ငန်းအတွက်မဆို အသုံးပြုနိုင်ပြီး လုပ်ငန်းရဲ့ အခြေအနေ သုံးသပ်ခြင်းမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ လုပ်ငန်းရဲ့ အခြေအနေ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ဖို့ စီမံကိန်းတွေချမှတ်တဲ့ နေရာတွေမှာလည်း အသုံးပြုနေကြပြီး အသုံးပြုတဲ့ လုပ်ငန်းတွေလည်း အောင်မြင်မှုတွေ ရနေကြတာကို လက်တွေ့မှာလည်း မြင်ရမှာဖြစ်ပါတယ်။

Daw Ei Mon Soe
ME-IT (TU Mdy)
MBA Shinawatra University Thailand (International Program)

Basic Computer Science Concepts Part - 2 & 3---------------------------------------------------Part-2 “Hardware and Soft...
06/10/2024

Basic Computer Science Concepts Part - 2 & 3
---------------------------------------------------

Part-2 “Hardware and Software”

‘Hardware and Software’ ဆိုတဲ့ ဒီ terms နှစ်ခုလုံးက ကျွန်ုပ်တို့အားလုံးနဲ့ မစိမ်းဘူးလို့ ထင်ပါတယ်။ ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေတဲ့ smartphones တွေ personal computers တွေဟာဆိုရင် ဒီ terms နှစ်ခုနဲ့ အုတ်မြစ်ချတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီအရာနှစ်ခုလုံးကို ထဲထဲဝင်ဝင် လေ့လာကြည့်မယ်ဆိုရင် သူတို့ဟာ ဘယ်လိုအရေးကြီးလဲဆိုတာကို သိရမှာပါ၊၊
Hardware ဆိုတာက ကျွန်ုပ်တို့ရုပ်ပိုင်းဆိုင်ရာ ကိုင်တွယ်လို့ရတဲ့ အရာဝတ္ထုတွေပေါ့။ ဥပမာ ပြောရရင် computer တစ်လုံးရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ keyboard, monitors တို့လိုပေါ့ ဒါမှမဟုတ်ရင် computer ရဲ့အတွင်းပိုင်းက devices တွေဖြစ်တဲ့ microchips တွေ၊ hard drives တွေပါ၊၊

Software ဆိုတာကတော့ စောစောက hardware တွေကို ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါဆိုပြီး ပြောပေးနေတဲ့အရာတွေပါ။ Computer programs တွေလည်းဖြစ်နိုင်သလို phone ပေါ်က apps တွေလည်း ဖြစ်နိုင်ပါတယ်။ example ပြရမယ်ဆိုရင်တော့ ကျွန်ုပ်တို့ အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ photo editors, video games, web browser တွေပေါ့၊၊
ဆိုတော့ hardware နဲ့ software ကလုံးဝကို မတူတဲ့အရာနှစ်ခုဖြစ်ပေမယ့်လို့ လုပ်ငန်းတာ၀န်တစ်ခု လုပ်ဆောင်ဖို့အတွက်တော့ နှစ်ခုလုံးက မရှိမဖြစ် လိုအပ်နေတာပါပဲ။ ဒီနေရာမှာ example လေး တစ်ခုကို ကြည့်လိုက်ရအောင်။

ကျွန်ုပ်တို့အားလုံး smartphone တွေ သုံးကြတယ်မလား။ ကျွန်ုပ်တို့လက်ထဲမှာ ကိုင်ထားတဲ့ physical phone ကိုယ်တိုင်က hardware ကြီးပါ။ software ကတော့ သူ့ရဲ့ operating system နဲ့ apps တွေပေါ့။
(operating system _ Android, IOS...) တကယ်လို့ ကျွန်ုပ်တို့က software တွေကိုဖယ်ပစ်လိုက်မယ်ဆိုရင် ကျွန်ုပ်တို့လက်ထဲမှာရှိနေတာသည် သေနေတဲ့ phone တစ်လုံးသာ ဖြစ်သွားပါလိမ့်မယ်။ ကျွန်ုပ်တို့လိုအပ်တဲ့ phone call တွေလည်း လုပ်လို့မရသလို text message တွေ
internet တွေကိုလည်း သုံးလို့ရတော့မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် အဲ့ဒီ function တွေကို လုပ်ဆောင်ပေးမယ့် instructio ns တွေ မရှိတော့လို့ပါ။ ဒီအတိုင်းပဲ hardware တွေသာမရှိဘူးဆိုရင် ကျွန်ုပ်တို့တွေဟာ phone ဆိုတာကိုလည်း မြင်ရမှာ မဟုတ်တော့ပါဘူး။ ဒီအချိန်မှာ ကျွန်ုပ်တို့လက်ထဲမှာ ရှိနေတဲ့ programs တွေဟာ ဆိုရင် သိမ်းဆည်းထားတဲ့ instructions တွေသာ ဖြစ်သွားပါလိမ့်မယ်။ ဒီ instructions တွေကို ပေးပြီးလုပ်ခိုင်းမယ့် hardware တွေက မရှိတော့တာပေါ့။
ဒီတော့ hardware တွေက ဦးတည်ချက်တစ်ခုကို လုပ်ဆောင်နိုင်ဖို့အတွက် ဘာလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတဲ့ instructions တွေလာပေးပြီး လုပ်ခိုင်းမယ့် software တွေကို လိုအပ်ပါတယ်၊ အပြန်အလှန်ပဲပေါ့။

Part-3 “Binary”

ကျွန်ုပ်တို့ သမိုင်းတစ်လျှောက် လူ့ယဉ်ကျေးမှုအားလုံးနီးပါးမှာ 0 ကနေ 9 ထိရှိတဲ့ ဒဿမကိန်း စနစ်ကို လိုအပ်သလို ပေါင်းစပ်ပြီး အသုံးပြုနေကြပါတယ်။ ဒါကို digital world မှာ ပုံမှန်အားဖြင့် decimal number system လို့ သိကြပါတယ်။
သို့ပေမဲ့ ကျွန်ုပ်တို့အသုံးပြုနေကြတဲ့ computer တွေကတော့ လုပ်ဆောင်ပုံချင်းမတူပါဘူး။ သူတို့ကတော့ 0 နဲ့ 1 ဂဏန်းနှစ်လုံးသာရှိတဲ့ binary number system ကိုသာ အမြဲတမ်း အသုံးပြုပါတယ်။ Computer တွေက အလုပ်လုပ်ဆောင်ဖို့ဆိုရင် သူတို့ဟာ information တွေကို လိုအပ်ပါတယ်။ ဒီလို digital information နဲ့ data တွေကို bits လို့ခေါ်တဲ့ သေးငယ်တဲ့ အရာလေးတွေနဲ့ ဖွဲ့စည်းထားတာပဲဖြစ်တယ်။ Bit ဆိုတာကတော့ binary digit ရဲ့ အတိုကောက် စာလုံးလို့ ပြောလို့ရပါတယ်။ ဆိုလိုတာကတော့ zero ဒါမှမဟုတ် one တစ်လုံးချင်းစီကို ကိုယ်စားပြုပါတယ်။ (single number ကိုပြောတာပါ။)

ဒီ bit unit အသေးလေးတွေကို စုပေါင်းပြီး ပိုပြီးကြီးတဲ့ larger unit တွေဖြစ်တဲ့ bytes, megabytes လိုမျိုး file size တွေကိုတိုင်းတာလို့ရတဲ့ unit တွေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ File ပိုကြီးရင် bit အရေအတွက် ပိုများပါလိမ့်မယ်။ ပိုမိုကြည်လင်ပြတ်သားမှုရှိတဲ့ video resolution တွေဟာဆိုရင် millions နဲ့ချီတဲ့ bits တွေနဲ့ ဖွဲ့စည်းပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
ဆိုတော့ ဒီ zero တွေ one တွေက ဘယ်လိုစုပေါင်းပြီး computer ကို အလုပ်လုပ်စေတာလဲပေါ့။ ကျွန်ုပ်တို့တွေ ဒီ binary ကို light switch လို မီးခလုတ်တစ်ခုအဖြစ်စဉ်းစားကြည့်ရအောင်။ One က မီးခလုတ်ဖွင့်တာကို ကိုယ်စားပြုပြီး zero က မီးခလုတ်ပိတ်တာကို ကိုယ်စားပြုတယ်ပေါ့။ Binary နဲ့ဆိုရင် မီးက ဖွင့်မယ်ပိတ်မယ်ကလွဲရင် တခြားဖြစ်နိုင်တဲ့ state ထပ်မရှိနိုင်ပါဘူး။ ဒီ zero, one bits လေးတွေကို မတူညီတဲ့ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ code လိုမျိုး ပုံသဏ္ဍာန်ပေါ်လာပါတယ်။ ကျွန်ုပ်တို့ computer က ဒီ code တွေကို အလျင်အမြန် process လုပ်ပြီး data အဖြစ် translate လုပ်လိုက်တာပါပဲ။ အဲ့ဒီနောက်မှာမှ ကွန်ပျူတာက ဘာလုပ်ရမလဲဆိုတဲ့
information ကို ရသွားတာပဲဖြစ်ပါတယ်။

ဆိုတော့ ကျွန်ုပ်တို့အားလုံး နေ့စဉ်ရေတွက် အသုံးပြုနေကျဖြစ်တဲ့ ကိန်းစနစ်ကို computer မှာ အသုံးမပြုတာက အံသြစရာတစ်ခုဖြစ်နေပါလိမ့်မယ်။ Binary လိုမျိုး on /off state နှစ်ခုပဲ ရှိတဲ့ number system အစား decimal ကိုသာ computer က သုံးခဲ့မယ်ဆိုရင် 10 states နဲ့ လုပ်ရမယ့် အလုပ်တွေပိုများပြီး ကွန်ပျူတာကိုယ်တိုင်ကလည်း process လုပ်ရတာ ပိုခက်သွားမှာပါ။ ဒါကြောင့် binary number system က computer အတွက် process လုပ်မို့ ပိုပြီးလွယ်ကူ ရိုးရှင်းစေပြီး space ကိုလည်း သက်သာစေပါတယ်။

ကျွန်ုပ်တို့ လက်တွေ့ကမ္ဘာမှာရှိတဲ့ အရာဝတ္ထုတွေဟာ atoms တွေနဲ့ဖွဲ့စည်းထားသလိုပဲ digital world မှာ ရှိတဲ့ အရာတွေကို ဖြိုခွဲလိုက်ရင် binary အနေနဲ့ ကျန်ရှိနေမယ့်သဘောပါ။ အဲ့ဒါတွေကတော့ ကျွန်ုပ်တို့အားလုံးရဲ့မျက်လုံးနဲ့ မမြင်နိုင်တဲ့ zeros/ones အစုအဝေးတွေပါပဲ။

Daw Pearl Wutt Hmone
B.C.Tech (UCST)

Address

Bagaya Street
Yangon

Telephone

+959250717166

Website

Alerts

Be the first to know and let us send you an email when SFJ Strategy First Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SFJ Strategy First Journal:

Share