Gideon HR

Gideon HR Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gideon HR, North Dagon, Yangon.

We are looking for a manager to hire immediately.- Male or Female (1) post- Age between 30 to 40- Any degree holder with...
24/01/2020

We are looking for a manager to hire immediately.
- Male or Female (1) post
- Age between 30 to 40
- Any degree holder with working experience of management for 5 years and above.
- Good personality, good communication and innovative idea
- Honest and hard working.
- Willing to work under preassure.
- Salary - Negotiate

Office location: Botahtaung Township
Phone 09456335110
Email: [email protected]

အလိုရှိသည်​။Driver (အညို) ၁ ဦးအသက်​ ၄၀ ထက်​မကြီးရ။အတွေကြုံ အနည်းဆုံး ၂နှစ်​ရှိရမည်​။အကျင့်​စာရိတ္တကောင်းမွန်​ရမည်​။အသေ...
05/01/2019

အလိုရှိသည်​။
Driver (အညို) ၁ ဦး
အသက်​ ၄၀ ထက်​မကြီးရ။
အတွေကြုံ အနည်းဆုံး ၂နှစ်​ရှိရမည်​။
အကျင့်​စာရိတ္တကောင်းမွန်​ရမည်​။
အသောက်​စားကင်းရမည်​။

ရန်​ကုန်​မြို့တွင်း/ပြင်​နှင့်​ ဘုရင့်​နောင်​ဝန်း
ကျွမ်းကျင်​ရမည်​။
၁၄ ပေ box truck canter မောင်းရမည်​။
လုပ်​ချိန်​ နံနက်​ ၉၊ ညနေ ၅း၃၀
တနင်္ဂနွေ နှင့်​ အစိုးရရုံးပိတ်​ရက်​များ ပိတ်​သည်​။

စုံစမ်းရန်​~
အမှတ်​ ၁၂၈၊ကနောင်​မင်းသားကြီးလမ်း၊ အရှေဒဂုံစက်​မှုဇုံ၊ ရန်​ကုန်​မြို့။ Ph-0973254727
Mail:[email protected]

27/11/2018

ခိုင်ဇံ (သို့မဟုတ်) တစ်မိနစ်သဘောတရား

ဂျပန်လူမျိုးတွေမှာ ခိုင်ဇံလို့ ခေါ်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ တစ်မိနစ်သဘောတရားလို့လဲ ခေါ် ကြတယ်။ ဒီအလေ့အထရဲ့ အဓိကအနှစ်သာရကတော့ နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ကိုယ်လေ့လာသင်ယူချင်တဲ့အရာ (ဒါမှမဟုတ်) ကိုယ်လုပ်ချင်တဲ့အရာကို တစ်မိနစ်တည်းသာ လုပ်ဖို့ပါပဲ။
သေ ချာတာကတော့ ဘယ်လိုလူမျိုးအတွက်မဆို ဒီလိုလုပ်ဖို့ လွယ်ကူပြီး အရမ်းပျင်းတဲ့လူတွေတောင် တစ်မိနစ် တော့ လုပ်နိုင်ကြတာချည်းပါပဲ။ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ခုကို တစ်နာရီ၊ နာရီဝက် စသဖြင့်လုပ်ဖို့ အခက်အ ခဲရှိနိုင်ပေမယ့် စက္ကန့်(၆၀)လောက်ပဲ လုပ်တဲ့အခါ ဘာအမှားမှမဖြစ်ဘဲ အာရုံစူးစိုက်နိုင်ဖို့ သေချာပါတယ်။
သည်လိုလုပ်ရင်းနဲ့ အရင်က ကျွန်တော်တို့အနေနဲ့ နှစ်သက်ဖွယ်ကောင်းမယ်လို့ မထင်ခဲ့တဲ့ အလုပ်တွေ ဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေ ဖြစ်ပေါ်လာစေကြောင်း တွေ့လာရမှာပါ။ ဒီလိုနဲ့ အချိန်နည်းနည်းချင်းစီတိုးသွားလိုက်ရင် ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး ရလာဒ်ကောင်း တွေရအောင် စွမ်းဆောင်လာနိုင်ကြမှာလဲ ဖြစ်ပါတယ်။
တစ်မိနစ်သဘောတရားဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပေါ် ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်ဖြစ်နေမှုအပေါ် အနိုင်ယူလိုက်ပြီး မလုံမလဲဖြစ်မှုတွေ၊ အကူအညီကင်းမဲ့သလို ခံစားနေရမှုတွေထံမှ ကျွန်တော်တို့ကို လွတ်မြောက်စေမှာ ဖြစ်ပါတယ်။
အဲဒီလိုခံစားလာရပြီဆိုရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချိန်တစ်မိနစ်ကနေ နည်းနည်းချင်းစီတိုးလို့ရပါပြီ။ ဒါပေမယ့် အစပိုင်းမှာ ငါးမိနစ်ခန့်သာ တိုးသွားဖို့ လိုပြီး နောက်ပိုင်းကျမှသာ နာရီဝက်၊ တစ်နာရီ စသဖြင့် တိုးသွားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်မိနစ်သဘောတရား ရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်တို့မျက်စိရှေ့မှာတင် တွေ့မြင်လာရမှာပါ။
ကျွန်တော်တို့လိုအပ်တာက ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက် ဖို့ပါပဲ။ အဲဒီနောက်မှာတော့ ခိုင်ဇံသဘောတရားကို အသုံးပြုပြီး လိုချင်တာရအောင် လုပ်နိုင်ကြပြီဖြစ်ပါတယ်။

ပြီးရင်​ ပြန်​ခိုင်းမယ်​ 🤣🤣🤣
28/10/2018

ပြီးရင်​ ပြန်​ခိုင်းမယ်​ 🤣🤣🤣

  (Walk in interview)Store Incharge M(1)post(25~35yrs)Warehouse experience mini 2yrsGround check & inventory controlRece...
18/10/2018

(Walk in interview)
Store Incharge M(1)post(25~35yrs)
Warehouse experience mini 2yrs
Ground check & inventory control
Receive, issue
leadership
Basic Computer
Mon to Sat (PH holiday off)
9:00am to 5:30pm
Address
No.128, ကနောင်​မင်းသားကြီးလမ်း၊အရှေဒဂုံစက်​မှုဇုံ။ရန်​ကုန်​မြို့။
012585340(ရုံးချိန်​အတွင်း)
Send CV to [email protected]

Go and apply now.
11/10/2018

Go and apply now.

Copy ..." ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ "-------------------------------------------ကျွန်တော်...
07/10/2018

Copy ...
" ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့
လူငယ်တွေကို အကြံပေးချင်တာ "
-------------------------------------------

ကျွန်တော့် ဆီကို လူငယ် တစ်ယောက် စာ ပို့ လာတယ် ။
" ပန်းတိုင် ပျောက်နေလို့ ကူညီ ပါ ဆရာ ရယ် " တဲ့ ။

ကျွန်တော် စာ ပြန်လိုက်ပါတယ် ။
" ကျွန်တော့် ဆီကို ကျွန်တော် အားတဲ့ အချိန် လှမ်းမေးပြီး
ဖုန်းဆက်ပြီး ဖြစ်စေ /လူကိုယ်တိုင် ဖြစ်စေ
လာပြီး သေချာ တိုင်ပင် လို့ ရပါတယ် " လို့ ပေါ့ ။

အခု အချိန် အထိ ဒီလူငယ် လေးဘက်က
ဘာမှ အကြောင်း ပြန် မလာသေးပါဘူး ။
ကိုယ့်ကို ကူညီ ပါမယ် ဆိုတာတောင်
ဒီ လူငယ် လေး အနေနဲ့ ဘာတွေများ တွန့်ဆုတ်နေရတာလဲ ?
ဘာတွေ မဝံ့မရဲ ဖြစ်နေရတာလဲ ?
ဒါမှ မဟုတ် အလေးအနက်မထားပဲ
ဒီလိုပဲ ပေါ့ပေါ့လေး သဘောထားပြီး
ကျွန်တော့် ဆီ စာပို့ လိုက်တာများလား ?

ကျွန်တော် ကိုယ့် အလုပ်တွေ နဲ့ ကိုယ်တောင်
တိုင်တွေ ပတ်နေတဲ့ကြားထဲက
မြန်မာ့ အိပ်မက် Online Magazine ကို ထလုပ်ချင်စိတ် ပေါ်လာတာ
အဲလို လူငယ်တွေ အတွေ့ရ များလာလွန်းလို့ပါ ။
ကျွန်တော်တို့ တုန်းကလည်း အဲလို ပညာယူနိုင်တဲ့ /
တိုင်ပင်နိုင်တဲ့ အသိုင်းအဝိုင်းမျိုး မရခဲ့ဘူးလေ ။
( စာကောင်းပေကောင်းတွေ သာ မဖတ်ဖြစ်ခဲ့ ရင်
ကျွန်တော်လည်း အခု အချိန် ထိ လမ်းပျောက်ဆဲ /
အစွန်းရောက်ဆဲ /
လူ့ အဖွဲ့အစည်းကို စိတ်ပျက်ပြီး
ဘေးထွက် ဘုပြောဆဲ ဖြစ်နေဦးမှာပါပဲ ။ )
သူတို့ ဖြစ်နေတဲ့ အနေအထားတွေကို
ကျွန်တော် ကိုယ်ချင်းစာပါတယ် ။

ဒါကြောင့်
လူငယ်တွေ ပန်းတိုင် ပျောက်နေရတဲ့ အကြောင်းရင်း တွေ ကို
ကျွန်တော် သိသလောက် ပြောပြချင်ပါတယ် ။

တိုးတက် အောင်မြင်ချင်တဲ့ လူငယ် တစ်ယောက် အတွက်
အရေးအကြီးဆုံးက
" ကိုယ့်ကို ကိုယ် သိဖို့ ပါ "
အခု ဒီစာကို ဖတ်မိတဲ့ လူငယ် တစ်ယောက်လောက်က
ကိုယ် ဖြစ်နေတာ နဲ့ တိုက်ဆိုင်လို့
ကိုယ့်အကြောင်းကိုယ် သေချာသိသွားရင်
အကောင်းဆုံး ပြင်ဆင်ဖို့ လမ်းစ ရှာနိုင်တာပေါ့ဗျာ ။

ပန်းတိုင် / ရည်မှန်းချက် ပျောက်ရခြင်း အကြောင်းရင်း ၄ ခု
--------------------------------------------

၁။ သူတို့ ကိုယ်တိုင်က ပန်းတိုင် ဆိုတာ ကို
အရေးကြီးတယ် လို့
တကယ် မခံယူထားသေးလို့ပါ ။
တစ်ခါတလေ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ
ဒီလို ပန်းတိုင် ချမှတ်ပြီး လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တွေ
သိပ် မတွေ့ရတဲ့ အခါ ကျွန်တော်တို့ ကိုယ်တိုင် လည်း
ဒါကို လုပ်သင့်တယ်လို့ တကယ် မယုံကြည်ပါဘူး ။
လာပြောတဲ့လူတွေကိုတောင် စိတ်ထဲ မှာ "
အပိုတွေ လာလုပ်နေတယ် " လို့ တွေးမိတတ်ကြတာမျိုးပါ ။

ပန်းတိုင် ချမှတ် ခြင်း တဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို
အသေအချာ ဆွေးနွေးတာမျိုး ပတ်ဝန်းကျင်မှာ
မတွေ့ဖူး မကြုံဖူးကြတော့
ဒီ နည်း စနစ်ရဲ့ အားသာချက် စစ်စစ် ကို
*** ခံစား သိ နဲ့ မသိဖူးကြပဲ စိတ်သိ လောက်နဲ့
တိမ်တိမ်လေး ပဲ သိနေကြတာမျိုး *** ဖြစ်တတ်ပါတယ် ။

ကိုယ့် ပတ်ဝန်းကျင်မှာ ဒီလို လူတွေ ဘယ်လောက်တောင် များနေလဲ
တစ်ချက်လောက် ကြည့်လိုက် ရင် ပိုပြီး ရှင်းသွားမှာပါ ။

၂။ နောက် တစ်ချက်က ပန်းတိုင် ချမှတ် သင့်မှန်း /
ရည်မှန်းချက် ရှိသင့်မှန်း သိပေမယ့်
ဘယ်ကနေ ဘယ်လို စလုပ် ရမလဲ ကို သေချာ မသိတာပါ ။
သိရင်တောင် အပေါ်ရံလောက် ဖြစ်တတ်ပြီး
တကယ် တိတိကျကျ သေသေချာချာ မလုပ်တတ်ဘဲ
ဝေဝါးနေတာမျိုး ပါ ။
ပိုဆိုးတာက အဲလို ဝေဝါးနေလျက်နဲ့ ကိုယ့်ကိုယ်ကိုတော့ ပန်းတိုင် ရှိနေတယ် လို့ ယုံမှတ်ထားတာမျိုးပါ ။

ဥပမာ ပြောရရင် ဘုမသိ ဘမသိ နဲ့ အိမ်က တိုက်တွန်းလို့
ဒီကျောင်း / ဒီ သင်တန်း တက်လိုက်ရတယ် ။
ဒီကျောင်း / ဒီ သင်တန်း ကို အောင်ဖို့က
ကိုယ့် ပန်းတိုင် ဖြစ်လာတယ် ။
ဒါပေမယ့် ဒါပြီးရင် ဘာလုပ်ရမှန်း သေချာ ကို မသိတာ ။
( သူတို့ကို တိုက်တွန်းတဲ့လူတွေတောင်
တစ်ခါ တလေ သေချာမသိဘဲ
အများယောင်လို့ လိုက် ယောင်ကြတာ များနေတယ် လေ )

ဒီတော့ တစ်ချို့တွေ လမ်းခုလတ် မှာ ရပ်သွားကြတယ် ။

တစ်ချို့လည်း အိမ်က တိုက်တွန်းတာကို
ပြီးဆုံးအောင်လုပ်လိုက်ပေမယ့်
မပျော်တော့ လုပ်ငန်းခွင် ရောက်တဲ့အခါ နဲ့
ဘဝ တစ်လျှောက်လုံး မှာ
*** အလုပ်ကို ဝဋ်ကြွေး ကြီး တစ်ခုလို ခံစားပြီး ***
လုပ်သွားကြရတယ် ။
စေ့စေ့ တွေးကြည့်ရင်
အရမ်း ရင်နာဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေပါ ။

၃။ ဆုံးရှုံး ရမှာ / ကျရှုံး မှာ ကို ကြောက် လို့ လည်း
ပန်းတိုင် ပျောက်တတ်တယ် ။

၎။ ငြင်း ပယ် ခံရမှာ / အပယ် ခံ ဖြစ်ရမှာ ကို
ကြောက် လို့ လည်း ပန်းတိုင် ပျောက်တတ်တယ် ။

ဒီ ၂ ချက်ကို ပေါင်းပြီး ရှင်းပေးသွားပါမယ် ။
အပေါ်က ပြောခဲ့တဲ့ အတိုင်း
သူများ တိုက်တွန်းတာကို မလွန်ဆန်နိုင်လို့
လုပ်ခဲ့ရသူတွေထဲက
တစ်ချို့ လက် တစ်စုပ်စာ လူတွေလောက်ပဲ
အချိန် တစ်ခု ကြာလာတဲ့ အခါ
ကိုယ့်ရဲ့ ပန်းတိုင် အစစ် ကို ပြန် ရှာတွေ့လာကြတယ် ။
( ကိုယ် တကယ် အသွေးအသားထဲက /
နှလုံးသားထဲက ဖြစ်ချင်တာကို သိလာကြတယ် ။ )

ဒါတောင် တစ်ချို့ အခြေအနေ မပေးလို့ /
သတ္တိ မပြည့်သေးလို့ လက်ရှိ လုပ်နေတာကို
မစွန့်ရဲဘဲ ကိုယ် လုပ်ချင်တာကို မလုပ်လိုက်ရတဲ့ ဝဋ်ကြီးကို
ဆက်ခံနေရတာ မျိုး ရှိတတ်သေးတယ် ။
ဆုံးရှုံး ရမှာ / ကျရှုံး မှာ ကို ကြောက် တာပေါ့ ။
သူတို့တိုက်တွန်းတာကို မလုပ်လို့ သူတို့ ပတ်ဝန်းကျင်က
သူတို့ကို ပယ် လိုက်မှာကို ကြောက်တာပေါ့ ။
မရောက်ဖူး / မလုပ်ဖူးတဲ့ ပတ်ဝန်းကျင် သစ် တစ်ခု က လူတွေက
သူတို့ကို ဝိုင်းပြီး တိုက်ခိုက်ကြမှာ /
ငြင်း ပယ် ကြမှာ ကို ကြောက်ကြတယ် ။

တစ်ချို့ သွေးကောင်းလို့ / အခြေအနေပေးလို့
ပန်းတိုင်ကို ရော လမ်းကြောင်းကိုပါ ပြောင်းလိုက်နိုင်ကြတယ် ။
ဒါပေမယ့် သူတို့မှာ ရှေ့ပိုင်းက အချိန်တွေ /
စိတ်ဓာတ်ခွန်အားတွေ အများကြီး နစ်နာသွားရတယ်လေ ။
ဘယ်တော့မှ မလုပ်တာထက် စာရင်
နောက်ကျတာကမှ တော်သေးတယ် ဆိုတဲ့ စိတ်မျိုး မွေးပြီး
လုပ်ကြရတာမျိုး ပါ ။

••••••••••

စကားစပ်မိလို့ ပြောရရင်
ကျွန်တော် ကိုယ်တိုင် ဒီလိုမျိုး ဖြစ်ခဲ့တာပါ ။
ကျွန်တော် ကိုယ်တိုင် ( မိသားစုရဲ့ လိုအပ်ချက် အရ ) ဆုံးဖြတ်ပြီး
ရေကြောင်း တက္ကသိုလ် ( Myanmar Maritime University )
တက် ခဲ့ ရတယ် ။
ကျောင်းမှာ ၄ နှစ် စာသင်ရတယ် ။
ပြီးတော့ မှ သင်္ဘော ၁ နှစ် ကျော် လောက် လိုက်ရတယ် ။
စောင့်ရတာတွေ ထည့်ပေါင်းလိုက်တော့
ရေကြောင်း လုပ်ငန်းအတွက်
အချိန် ၆ နှစ် ခွဲလောက် တောင် ပေးလိုက်ရတယ် ။

ဒါပေမယ့် ဒီအလုပ်ဟာ ကိုယ်နဲ့ မကိုက်ဘူး ။
အခု အချိန်မှ မထွက် ရင်
တစ်ဘဝ လုံး နစ်တော့မယ် ဆိုတာကို တွေးပြီး
သတ္တိမွေးပြီး သင်္ဘော အရာရှိ ဖြစ်မယ့်
စာမေးပွဲတောင်ဝင်မဖြေတော့ဘဲ
လမ်းကြောင်း အတင်း ပြောင်းခဲ့တယ် ။

( ဒီနေရာမှာ ကျွန်တော် ဆိုလိုတာက
ရေကြောင်း အလုပ်က မကောင်းဘူးလို့ ပြောချင်တာမဟုတ်ပါဘူး ။
ရေကြောင်း အလုပ်က ကျွန်တော် တကယ် လိုချင်တဲ့
ဘဝ လူနေမှု စံ ၊ ရည်မှန်းချက် တွေ နဲ့ မကိုက်ညီဘူးလို့ ပြောချင်တာပါ ။ )

အိမ်နဲ့ အတန်အသင့် အတိုက်အခံတွေ လုပ်ခဲ့ရတယ် ။
အိမ်ပေါ်က ဆင်းသွားပေးဖို့လဲ အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး
ကျွန်တော့် မိသားစုကို အချိန် တစ်ခုပေးဖို့ ညှိနှိုင်းခဲ့ရတယ် ။

သူတို့ကတော့ ရိုးရိုးပဲ တွေးတာလေ ။
သင်္ဘော လိုက်တာ ပိုက်ဆံ လွယ်လွယ်ရတယ်ပေါ့ ။
ဒါပေမယ့် ကျွန်တော်နေချင်တဲ့ ဘဝ လူနေမှု စံ တွေနဲ့ ဒီအလုပ်နဲ့ မှ မကိုက်တာ ။
ကျွန်တော် အတော်လေး အတိုက်အခံ လုပ်ခဲ့ရတယ် ။

အခု အဲလို လမ်းကြောင်းပြောင်းခဲ့တာ ၄ နှစ်ကျော် ၅
နှစ် လောက် ရောက်လာပြီ ။
ကျွန်တော့် မှာ
ကိုယ်ပိုင် ဘာသာစကားသင်တန်းကျောင်းလေး တစ်ခုနဲ့
သိန်း ၁၀ ဂဏာန်း ဝင်ငွေ လမ်းကြောင်းလေးတော့ ရထားနေပြီ ။
ကိုယ့် ရေကြောင်း သူငယ်ချင်းတွေလောက် ဝင်ငွေ မများပေမယ့်
ဘဝမှာ နေပျော်တယ် ။
***အလုပ် လုပ်နေရတယ်လို့ တောင် မခံစားရတဲ့
ကျွန်တော့် ဝါသနာ / စိတ်နေသဘောထားနဲ့ ကိုက်တဲ့
အလုပ်မျိုးကို ကျွန်တော် လုပ်ခွင့်ရနေပြီ ။

ကျွန်တော် ကံကောင်းတယ်လို့ပဲ
အလွယ် သတ်မှတ်ချင်လည်း သတ်မှတ်နိုင်ပါတယ်ဗျာ ။

ဒါပေမယ့် ကျွန်တော် ဒီလို ကံကောင်းဖို့
အများကြီး လုပ်ခဲ့ရပါတယ် ။
ခေါင်းမာခဲ့ရပါတယ် ။ စွန့် စရာ ရှိတာတွေ စွန့်ခဲ့ရပါတယ် ။

ငယ်ကတည်းကနေ ဆယ်ကျော်သက် ဘဝ တစ်လျှောက်လုံး ဆော့ဖြစ်ခဲ့တဲ့
ဂိမ်းတွေ ဖြတ်ခဲ့တယ် ။
ငါးနှစ်လောက် လိုက်စားခဲ့တဲ့ ဂီတအနုပညာ ကို
လုံးဝ လှည့်မကြည့်ဖြစ်အောင်
စိတ်ပိုင်း ဆိုင်ရာ ကြီးကြီးမားမား ပြင်ဆင်ခဲ့ရတယ် ။

သိပ်ခင်တဲ့ သူငယ်ချင်းတွေကို ပျော်ရွှင်မှု အတွက် ပေါင်းချင်ပေမယ့်
ကိုယ့် ဘဝ တိုးတက်မှု အတွက် အထောက်အကူ မပေးနိုင်မှာမို့လို့
( အချိန် ကို ထိထိရောက်ရောက် အသုံးမချနိုင်မှာစိုးလို့ )
သူတို့ကို ခင်လျက်နဲ့ တတ်နိုင်သလောက်
အဆက်အသွယ် မလုပ်ဖြစ်ဘဲ
ခပ် ဝေးဝေးမှာ ပဲ နေခဲ့ ရတယ် ... စသဖြင့် ပေါ့ဗျာ ။

တန်ဖိုးရှိတာ တစ်ခုခု လိုချင်ရင်တော့
ကိုယ့်ဘက်က ပေးဆပ်ရတာ ၊ စွန့်လွှတ်ရတာတွေ ရှိကို ရှိမှာပါပဲ ။
ဒါကို လက်ခံ ပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲ နိုင်ဖို့ ပြောင်းလဲ ရဲဖို့ လိုပါတယ် ။

ကျွန်တော်သာ ရေကြောင်းလောကမှာ
ဒီလောက် အချိန်တွေ မကုန်ခဲ့ရင်
ဒီအချိန်လောက်ဆို ဒီထက် ပိုမြင့်တဲ့ နေရာ တစ်ခုမှာ ရောက်နေနိုင်တယ်လို့
တွေးမိတာလည်း အခါခါ ပေါ့ဗျာ ။
လူငယ်တွေကိုဒါတွေ သိစေချင်တာပါပဲ ။

••••••••••

ဒီတော့ ကျွန်တော် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ အရ
ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့
လူငယ်တွေကို အကြံပေးချင်တာက

၁။ ပန်းတိုင် ချမှတ်တာကို
အရေးအကြီးဆုံး အလုပ် တစ်ခု ဖြစ်တယ် လို့
ခိုင်ခိုင်မာမာ ယုံကြည်ထားပါ ။ ဦးစားပေးပါ ။

၂။ ပန်းတိုင် တစ်ခု / ပန်းတိုင် တွေကို
ဘယ်လို စနစ်တကျ ချမှတ်ရမယ်ဆိုတာတွေကို
သေချာ လေ့လာပါ / မေးမြန်းပါ / သင်ယူပါ /
စာတွေ ဖတ်ပါ / ဟောပြောပွဲတွေ တက်ကြည့်ပါ ။

ကိုယ် ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်နှင့်ပြီးသူတွေ နဲ့
စကားပြောကြည့်နိုင်အောင် ကြိုးစားပါ ။
အဲလို လုပ်ဖို့မဖြစ်နိုင်သေးရင် သူတို့ရဲ့ အင်တာဗျူး တွေ /
အတ္ထုပတ္တိ တွေ ရှာဖတ်ပါ ။

ကိုယ်နဲ့ ပန်းတိုင်တူတဲ့ လူတွေကို လိုက်ရှာပြီး စကားပြောကြည့်ပါ ။
တွဲလို့ ရရင် တွဲလုပ်ပါ ။

၃။ ပန်းတိုင် အသစ်တွေအတွက်
ကိုယ့်မှာရှိတာ တစ်ချို့ အဆုံးရှုံးခံရမှာတွေ ရှိတယ် ။
ပန်းတိုင်ကို သွားရာလမ်းမှာလည်း
ကျရှုံးမှုတွေ သေချာပေါက် ရှိနေဦးမယ် ။
အရှုံးကနေ သင်ယူတတ်အောင် ၊
စိတ်ဓာတ် ခိုင်မာ အောင် ပြင်ဆင်ထားပါ ။

၎။ ကိုယ့် ခံယူချက် တွေ ပန်းတိုင်တွေ နဲ့
မကိုက်ညီတဲ့ ပတ်ဝန်းကျင် က
ကိုယ့်ကို ငြင်းပယ်မှာကို မကြောက်ပါနဲ့ ။
တကယ်ဆိုရင်
ကိုယ်ကတောင် သူတို့ကို ငြင်းပယ်နိုင်အောင် ကြိုးစားရမှာပါ ။
ငြင်းပယ် လို့ မရတဲ့ လူတွေကို ဥပေက္ခာ ပြုနိုင်အောင် ကြိုးစားပါ ။

ကိုယ့် ပန်းတိုင် ကို မဖြစ်နိုင်ဘူးလို့
( သေချာမလေ့လာ မစဉ်းစားပေးဘဲ ) ပြောမယ့်လူတွေ /
လှောင် ရယ် ရယ် ချင်တဲ့လူတွေ နေရာတိုင်းမှာ ရှိနေတတ်တယ် ။
သူတို့ကို ရင်ဆိုင် ကျော်လွှားနိုင်မှ / ဥပေက္ခာ ပြုနိုင်မှ
ကိုယ့် ပန်းတိုင်ကို ရောက်မယ် ဆိုတာ ရင်ထဲမှာ အမြဲ ထည့်ထားပါ ။

ဒီ စာကို ထပ်ခါထပ်ခါ ပြန်ဖတ်ပြီး အားမွေးပါ ။
လိုအပ်ရင် ကျွန်တော့် ကို လှမ်းပြီး ဆက်သွယ်မေးမြန်းပါ ။
ကျွန်တော်တတ်နိုင်တာတော့ ကျွန်တော် ကြိုးစားပေးမှာပါ ။

ကဲ ပြောနေ တွေးနေတာ ကြာပါတယ် ။
ဒီ ၄ ချက်ထဲက တစ်ခုခု ကို
အခုပဲ စလုပ်ကြည့်နိုင်ဖို့ ကြိုးစားကြည့်လိုက်စမ်းပါဗျာ ။
ခင်ဗျားတို့ရဲ့ ပျောက်နေတယ်ဆိုတဲ့ ပန်းတိုင်ကြီး ဆီကို
ခင်ဗျားတို့ ကိုယ်တိုင် ဘွားခနဲ ရောက်သွားမှာ မလွဲစတမ်းပါဗျာ ။

" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင်
အရောက် လှမ်းနိုင်ကြပါစေဗျာ "

စေတနာဖြင့်
ကိုဇင်ဇေ
( Founder @ Active English သင်တန်း - ကိုဇင်ဇေ )
( https://sayazin.com/ )

••••••••••

စာကြွင်း ။
အခု ကျွန်တော် ဆွေးနွေးပေးခဲ့တဲ့ အကြောင်းအရာတွေ နဲ့
ဒီထက် ပို အသေးစိတ် သိသင့်တာတွေကို
စာကောင်းပေကောင်းတွေ ဖတ်ရှုတာ ၊
အတွေ့အကြုံရှိတဲ့ လူကြီးတွေ ဆီကနေ မေးမြန်းစူးစမ်းတာ ၊
ဟောပြောပွဲတွေ တက်ရောက် နားထောင်တာတွေကနေလည်း
လေ့လာ သိရှိနိုင်ပါတယ် ။
တကယ်လို့ အဲ့လို နည်းနည်းချင်း လိုက်စုရတာမျိုးထက်
သင်တန်း တက်ပြီး သေချာ နားထောင်လေ့လာလိုက်တာမျိုးကို ပို အားသန်တယ် ဆိုရင်တော့
ကျွန်တော် နဲ့ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ ၊ ဒေါက်တာ သူရိန် လှိုင်ဝင်းတို့ တွဲဖက် သင်ကြားပေးနေတဲ့
လူငယ် ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး သင်တန်း အကြောင်းကို လေ့လာ ကြည့်နိုင်ပါတယ် ။
( ဒီလင့် > https://kozinzae.com/personal-development-class < ကို နှိပ်ပြီး ဖတ်ကြည့်လိုက်ပါဗျာ )
စိတ်ဝင်စားလို့ တက်ချင်ရင် တက်လို့ ရအောင် တွဲထည့်ပေးလိုက်တာပါ ။

လူငယ်တွေ အတွက်မို့လို့ မနက် ၉ နာရီ ကနေ ညနေ ၅ အထိ
၂ ရက် စာ သင်တန်းကို အစားအသောက်ပါ အပြီးအစီး
သင်တန်းကြေး ၃ သောင်း ပဲ ယူထားတာပါ ။
အဲ့ဒီသင်တန်းမှာ ကျွန်တော် အခု ဆွေးနွေးထားတဲ့ ပန်းတိုင် အကြောင်းကို ဒီထက် ပို အသေးစိတ်ပြီး
၂ နာရီလောက် အချိန်ယူ သေချာ ဆွေးနွေးပေးသွားမှာပါ ။

တကယ် စိတ်ဝင်စားလို့ တက်ရောက်ချင်ပေမယ့် ငွေကြေး အခက်အခဲ ရှိနေတယ် ဆိုရင်
ကျွန်တော့် Personal Account ဖြစ်တဲ့
> https://www.facebook.com/zin.zae < ကို စာပို့ပြီး သေချာ ပြောပြပေးပါ ။
ပညာသင်ဆု ပေးသင့်တဲ့လူလို့ ယူဆရင် ပညာသင်ဆု အနေနဲ့ တက်ခွင့်ရစေရပါမယ်ဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ

======

( အောက်မှာ ဆက်ရေးထားတဲ့ စာတွေက
သင်တန်း ကြော်ငြာ မို့လို့ မလိုအပ်သေးရင် ကျော်သွားနိုင်ပါတယ်ဗျာ )

“Personal Development (Batch-9) သင်တန်း”

• နေ့ရက် စက်တင်ဘာလ ၁၅၊ ၁၆ (စနေ၊ တနင်္ဂနွေ)
• အချိန် - နံနက် (၉)နာရီမှ ညနေ (၅)နာရီ
• နေရာ - အမှတ်-၂၈၊ ၁၆၇ လမ်း၊ တာမွေမြို့နယ်၊ Active English သင်တန်း
• သင်တန်းကြေး - ၃၀,၀၀၀ ကျပ် (Tea break ၂ ကြိမ်နဲ့ နေ့လည်စာ ပါဝင်ပြီး)

ဒီသင်တန်းမှာ ကိုဇင်ဇေနဲ့ ဒေါက်တာ ဖြိုးသီဟတို့က အဓိကတာဝန်ယူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဘွဲ့ရပြီးစ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေသူတွေ၊
လုပ်ငန်းခွင်ဝင်စ လူငယ်တွေအတွက် ရည်ရွယ်ထားပေမယ့်လည်း
လုပ်ငန်းခွင်ဝင်နေပြီးသူတွေ၊ လုပ်ငန်းလုပ်နေသူတွေအနေနဲ့လည်း
ခေါင်းစဉ်တွေကို ကြည့်ပြီး စိတ်ဝင်စားတယ်ဆို လာခဲ့လို့ရပါတယ်။

ဒီသင်တန်းမှာ ဘယ်လိုအလုပ်မျိုးအတွက်မဆို မဖြစ်မနေ ရှိထားရမယ့်
ကျွမ်းကျင်မှု (21st Century skill) တွေဖြစ်တဲ့

• Communication skill (ဆက်သွယ်ပြောဆိုခြင်း)
• Presentation skill (ရှင်းလင်းတင်ပြခြင်း)
• Self-management (မိမိကိုယ်မိမိ စီမံခန့်ခွဲမှု)
• Self-motivation (စိတ်ဓါတ်တက်ကြွမှု)
• Effective thinking (ထိရောက်သော တွေးခေါ်မှု)
• Leadership and Management (ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု)
• Emotional Intelligence (စိတ်ပိုင်းဆိုင်ရာ အရည်အသွေး)
• Self-branding (ကိုယ့် Brand ကို တည်ဆောက်ခြင်း)
• Personal goal setting (ကိုယ်ပိုင်ရည်မှန်းချက်တစ်ခု တည်ဆောက်ခြင်း)
စတဲ့ အကြောင်းအရာတွေကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ
ပြောပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဘွဲ့ရပြီးသားချင်းအတူတူတွေထဲမှာ ပိုပြီး တိုးတက်ချင်တဲ့လူငယ်တွေအနေနဲ့
အခုလို "ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး" သဘောတရားတွေကို သိနားလည်ပြီး
လက်တွေ့လည်း အသုံးချနိုင်ကြမယ်ဆိုရင် လုပ်ငန်းခွင် ဝင်ရတာ ပိုပြီးအဆင်ပြေမယ်၊
ဘဝအတွက် တိုးတက်ဖို့ လမ်းကြောင်းရှာရတာမှာလည်း
ပိုပြီး အဆင်ပြေကြမှာ ဖြစ်ပါတယ်။

သင်တန်းသားဦးရေကို အများဆုံး လူ(၄၀)သာ လက်ခံပါမယ်။
ဖုန်းနဲ့စာရင်းပေးပြီး လာမတက်ဖြစ်ရင် တကယ်တက်ချင်သူတွေ နစ်နာနိုင်တာမို့
သင်တန်းကျောင်းမှာ လာအပ်ရတဲ့စနစ်ကို သုံးပါတယ်။
တကယ်လို့ လာရ အဆင်မပြေ ဖြစ်နေရင်တော့
ဖြိုးသီဟ KBZ ATM 999- 3070-1000-935-001 သို့မဟုတ်
CB ATM 95030-8000-3357-014 ကို
သင်တန်းကြေး လွှဲပြီး လွှဲထားကြောင်း Page ကို ပြောပြပေးရင် လုံလောက်ပါတယ်။

"Youth is an opportunity to do something to become somebody in life."

တကယ်တော့ လူငယ်ဆိုတာ ဘ၀မှာ တစ်စုံတစ်ယောက် ဖြစ်လာဖို့အတွက်
တခုခုလုပ်နေရမယ့် အချိန်ကောင်းပါပဲ။
အဲဒီတခုခုလုပ်နိုင်ဖို့အတွက် Power of Passion က အကောင်းဆုံးကူညီပေးနိုင်ပါတယ်။

မှတ်ချက် -

၁။ MLM ကုမ္ပဏီများတွင် ပါဝင်ဆောင်ရွက်နေသူများအား (လုံးဝ) တက်ရောက်ခွင့်မပြုပါ။

၂။ Certificate လုံးဝ မပေးပါ။ အကြောင်းအရာထက်
စာရွက်ကို ပိုလိုချင်နေကြတဲ့ အလေ့အထမျိုး ပျောက်စေချင်လို့ပါ။

မေတ္တာရပ်ခံချက် - မိဘအုပ်ထိန်းသူများအနေနဲ့ လူငယ်တွေက မတက်ချင်တာကို
အတင်းအကြပ်တိုက်တွန်းပြီး တက်ခိုင်းတာမျိုး မလုပ်ကြဖို့ပါပဲ။
လူဟာ ကိုယ်ကမှ မတိုးတက်ချင်ရင် ဘယ်သူကမှလည်း တိုက်တွန်းလို့မရပါဘူး။
ဒါကြောင့် ဒီသင်တန်းရှိတယ်ဆိုတာကို ပြောပြပေးပါ၊
ဒီဆရာတွေဟာ စိတ်အားထက်သန်မှုအပြည့်နဲ့ မမောနိုင်မပန်းနိုင် ပြောကြ၊
ဆွေးနွေးကြမှာမို့ မင်းတို့အကျိုးရှိစေရမယ် ဆိုတာမျိုး အာမခံပေးပါ။
ကျန်တာတော့ သူတို့ဘာသာ ဆုံးဖြတ်ကြပါစေ။

လေးစားစွာဖြင့်
Power of Passion အဖွဲ့သားများ
သင်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်တော်တို့ အဖြစ်ချင်ဆုံးအရာပါ။
Your development is our passion

အလုပ်​ကိုင်​လမ်းညွှန်​⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
03/10/2018

အလုပ်​ကိုင်​လမ်းညွှန်
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

အလုပ်​ကိုင်​လမ်းညွှန်​🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯-   အမြန်အလိုရှိသည် !!!!!!   -   ရန်ကင်းမြို့နယ်ရှိ  Car Showroom တွင်အလုပ်လုပ်ရန် အမျိ...
03/10/2018

အလုပ်​ကိုင်​လမ်းညွှန်
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯
- အမြန်အလိုရှိသည် !!!!!!
- ရန်ကင်းမြို့နယ်ရှိ Car Showroom တွင်အလုပ်လုပ်ရန် အမျိုးသမီး
သန့်ရှင်းရေး ၀န်ထမ်းတစ်ဦး အလိုရှိသည်။
- တစ်ရက် ၂ နာရီခွဲပဲ အလုပ်လုပ်ရမည်
- တစ်လ ၇၀၀၀၀ ကျပ်
- မနက်ဖြန် စဆင်းနိုင်ရမည်
- အလုပ်ချိန် Mon to Sat
- 9AM to 11:30AM
- အတွေ့အကြုံရှိသူပိုစဉ်းစားပေးမည်
ဆက်သွယ်ရန် .... 09-958633271

အလုပ်​ကိုင်​လမ်းညွှန်​📌📌📌📌📌📌📌📌📌📌အထွေထွေ လုပ်သား (အမြန်အလိုရှိသည်)ကျား (5) ဦး interview ချက်ချင်းဝင်နိုင်သူဦးဆုံးပေးမည်...
03/10/2018

အလုပ်​ကိုင်​လမ်းညွှန်
📌📌📌📌📌📌📌📌📌📌
အထွေထွေ လုပ်သား (အမြန်အလိုရှိသည်)
ကျား (5) ဦး
interview ချက်ချင်းဝင်နိုင်သူဦးဆုံးပေးမည်။
နေ/စား/ငြိမ်းစီစဉ်ပေးမည်။
တစ်ပတ်တစ်ရက်ပိတ်သည်။ အလုပ်ချိန် မနက် ၉နာရီ မှ ညနေ ၆နာရီ
လိပ်စာ အမှတ်-(၁၆) လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်း၊ ကမ်းနားလမ်းအောက်ဘလောက်။
ဆက်သွယ်ရန် - 09789655006

အလုပ်​ကိုင်​လမ်းညွှန်​⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️မီးစက်မောင်းနှင့်မီးစက်ကျွမ်းကျင် ကျား (၃) ဦးအမြန်အလိုရှိသည်။အခြေခံလစာ ( 1800...
03/10/2018

အလုပ်​ကိုင်​လမ်းညွှန်
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
မီးစက်မောင်းနှင့်မီးစက်ကျွမ်းကျင် ကျား (၃) ဦးအမြန်အလိုရှိသည်။
အခြေခံလစာ ( 180000 မှ 200000 ) + OT = တလလျှင် အနည်းဆုံး ( 250000 မှ 300000 ) ရမည်။

- အထက်တန်းအောင် ( သက်ဆိုင်ရာ လက်မှတ်ရှိထားသူ ဦးစားပေးမည်) or AGTI (EP, MP)
- Generators အမျိုးမျိုးမောင်းဖူးသူ စက်များအကြောင်းကောင်းမွန်နှံ့စပ်သူဖြစ်ရမည်
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရမည်
- အဆိုင်း (Day - Night - Off )ဖြင့်ဆင်းနိုင်သူ ရေရှည်အလုပ်လုပ်နိုင်သူဖြစ်ရမည်
စိတ်ပါဝင်စားသူများ Tel: 09-799510051, Email: [email protected] သို့ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါတယ်။ (ဘတ်စ်မှတ်တိုင်) ဘုရင့်နောင်တံတားကိုကျော်ဖြတ်ပြီးစက်မှုဇုန်မှတ်တိုင်တွင် ဆင်း၍ ပန်းလှိုင်ဂေါက်ကွင်းအိမ်ယာသို့ဆိုင်ကယ်ဖယ်ရီစီးပါ။ မှတ်ချက် ။ cm/cb/viber တို့တွင် မေးမြန်းသည်များကိုဖြေဆိုနိုင်မည်မဟုတ်ပါ။

Address

North Dagon
Yangon

Telephone

+959973837774

Website

Alerts

Be the first to know and let us send you an email when Gideon HR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share