Aung Phyo Football

Aung Phyo Football Arsenal Fan Page

Thank you 😁😁
14/03/2026

Thank you 😁😁

နွေရာသီဘောလုံးသင်တန်း။မြောက်ဒဂုံမြို့နယ် (၃၉) ရပ်ကွက်
12/03/2026

နွေရာသီဘောလုံးသင်တန်း။
မြောက်ဒဂုံမြို့နယ် (၃၉) ရပ်ကွက်

မသိသေးတဲ့လူတွေအတွက်ပြောပြတာ ရှင်းပြတာပါ။ကစားသမားတွေ ရဲ့ recovery ကို Training မှာပဲ လုပ်လို့လဲရတယ် ဒါမှမဟုတ် မိနစ် ၃၀ လေ...
07/03/2026

မသိသေးတဲ့လူတွေအတွက်ပြောပြတာ ရှင်းပြတာပါ။

ကစားသမားတွေ ရဲ့ recovery ကို Training မှာပဲ လုပ်လို့လဲရတယ် ဒါမှမဟုတ် မိနစ် ၃၀ လောက် ပွဲထည့်ကန်ရင်လဲ Training မှာ recovery လုပ်တာနဲ့ပုံစံတူပါတယ် ပွဲပန်းမှာ နာမှာစိုးလို့ နားနေခိုင်းတယ်ဆိုတာမရှိပါဘူး ဒါကတော့ ဘောလုံးသမားတွေဆို ပိုသိမှာပါ။အဓိကကစားသမားတွေကို မိနစ်၃၀လောက်ထည့်သုံးတာက သရေကျနေလို့မဟုတ်ပါ နိုင်နေလည်း ထည့်သုံးမှာပါ နောက်ပွဲအတွက် recovery ရအောင်ပါ။

အာဆင်နယ်အသင်းရဲ့ တိုးတက်လာတဲ့အပိုင်းတွေမှာ Pressing လုပ်တဲ့အချက်တစ်ချက်လဲ အများကြီးတိုးတက်ပြီးအဲ့ဒီဟာကြောင့်လဲ အသင်းရဲ့က...
09/02/2026

အာဆင်နယ်အသင်းရဲ့ တိုးတက်လာတဲ့အပိုင်းတွေမှာ Pressing လုပ်တဲ့အချက်တစ်ချက်လဲ အများကြီးတိုးတက်ပြီးအဲ့ဒီဟာကြောင့်လဲ အသင်းရဲ့ကစားပုံပါ ကောင်းလာတာလို့မြင်မိပါတယ်။Pressing ကောင်းရင် ဘောလုံးပိုင်ဆိုင်မှု ပြန်ရမယ်၊ဘောလုံးပိုင်ဆိုင်မှုများများရနေတဲ့အသင်းကပဲ ပွဲကိုပိုမိုစိုးမိုးနိုင်တာပါပဲ။

08/02/2026

9 မှတ်ဖြတ်ထားပြီး မန်စီးတီးကို ဖိအားပေးလိုက်တဲ့ အခြေနေတစ်ခုပါပဲ။ညကပွဲ အကြောင်းလေးပြန်ပြောရရင် ဆန်းဒါးလန်းကတော့ ဂိုးမပေးရဖို့ ရနိုင်သလောက် ကြိုးစားအားထုတ်ခဲ့တာပါ။zubimendi ဂိုးမရခင်ထိ အာဆင်နယ်ကို low block ပုံစုံနဲ့ counter attack ကို transition လုပ်သွားခဲ့တာပါ။Trossardရဲ့ အရေးပါမှုကလည်း မေ့ထားလို့မရပါဘူး။video လေးကြည့်ရှူပေးကြပါအုံး။💪

ဒဏ်ရာရသွားတဲ့ Merino နေရာ နယူးကာဆယ် အသင်းကွင်းလယ်ကစားသမား Tonali ကိုခေါ်ဖို့ ကြိုးစားနေကြောင်းသိရပါတယ်။တကယ်ဖြစ်လာမလား ဒီ...
02/02/2026

ဒဏ်ရာရသွားတဲ့ Merino နေရာ နယူးကာဆယ် အသင်းကွင်းလယ်ကစားသမား Tonali ကိုခေါ်ဖို့ ကြိုးစားနေကြောင်းသိရပါတယ်။တကယ်ဖြစ်လာမလား ဒီညမှာသိရမှာပါ။ဒီည ၁နာရီကျော်တာနဲ့ စျေးကွက်ပိတ်မှာပါ။ညထိစောင့်ကြည့်ချင်စရာပါပဲ။

Kai ပြန်လာပြီ🥶🥶ကြံခိုင်မှုပြည့်ဖို့တော့ လိုပါသေးတယ် ဘာပဲဖြစ်ဖြစ်ဒီချိန်မှာ ပြန်လာနိုင်တာ အကောင်းဆုံးပါပဲ။   #အာဆင်နယ်
23/12/2025

Kai ပြန်လာပြီ🥶🥶
ကြံခိုင်မှုပြည့်ဖို့တော့ လိုပါသေးတယ် ဘာပဲဖြစ်ဖြစ်ဒီချိန်မှာ ပြန်လာနိုင်တာ အကောင်းဆုံးပါပဲ။
#အာဆင်နယ်

ထင်သလောက်မလွယ်ပါဘူး....အဲဗာတန်ကွင်းမှာ အနိုင်ရတယ် သုံးမှတ်ရတယ်။ထင်သလောက်မလွယ်ပါဘူး Trossard နဲ့ Saka ရဲ့ chance တွေသာ ဂိ...
21/12/2025

ထင်သလောက်မလွယ်ပါဘူး....

အဲဗာတန်ကွင်းမှာ အနိုင်ရတယ် သုံးမှတ်ရတယ်။ထင်သလောက်မလွယ်ပါဘူး Trossard နဲ့ Saka ရဲ့ chance တွေသာ ဂိုးဝင်ခဲ့ရင် ဂိုးရလဒ် တော့ပြတ်သားမှာပါ။ ၁ ဂိုးနဲ့နိုင်သွားလို့သာ မလုံလောက်ဘူးထင်ပြီး စိုးရိမ်နေကြတာပါ။အမှန်က ၁ ဂိုးနဲ့ နိုင်ရင်တောင် အပြည့်အဝပျော်ရမှာပါ။ဘာလို့ဆို ပွဲတစ်ပွဲကို နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။အဲဗာတန်မှမဟုတ်ပါဘူး အောက်ဆုံးက wolves အသင်းတောင် ဘာလုပ်နိုင်လဲ တွေ့ပြီးသားပါ။အမြဲတမ်း ဂိုးပြတ်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ညကပွဲမှာလည်း တစ်ပွဲလုံးနီးပါး gameကို control လုပ်သွားတာပါ။build up လုပ်ပြီး final zone ထဲထိ သွားနိုင်တဲ့ အခွင့်ရေးတွေ မနည်းပါဘူး ဂိုးမရခဲ့လို့သာ ဂိုးမပြတ်ခဲ့ရတာပါ။နောက်ပွဲတွေအတွက် ပိုအာရုံစိုက်ရပါမယ်။
#အာဆင်နယ်

ဒီပွဲက အာဆင်နယ်အတွက် နိုင်မှကိုဖြစ်မယ့်ပွဲ မနိုင်ရင် အမှတ်က ကပ်သွားမယ့်အနေထား အဲ့ဒီတော့ အာတီတာအနေနဲ့လည်း လူစုံထုတ်ကန်လာတ...
13/12/2025

ဒီပွဲက အာဆင်နယ်အတွက် နိုင်မှကိုဖြစ်မယ့်ပွဲ မနိုင်ရင် အမှတ်က ကပ်သွားမယ့်အနေထား အဲ့ဒီတော့ အာတီတာအနေနဲ့လည်း လူစုံထုတ်ကန်လာတယ် wolves က low block သွားမယ်ဆိုတာလည်း ကြိုတွေးပြီးသား ဆိုတော့ အာဆင်နယ်ရဲ့ အားနည်းချက်ကလည်းအဲ့လိုမျိုးဆို ဂိုးရဖို့ရုန်းကန်ရတယ်။wolvesဆိုတာက အောက်ဆုံးမှာသာရောက်နေတာ တကယ်ခံစစ်ကစားတတ်တဲ့အသင်းထဲပါတယ် ဆိုတော့ပြဿနာက စလာပြီ ဂိုးမရသေးသ၍ ဖိအားကဝင်လေပဲ ဒီကြားထဲ တချက် counter မိသွားလို့ အုပ်လိုက်ကြီး ပြန်လိုက်ရသေးတယ်။မလွယ်ပါဘူး ထင်သလောက် တကယ်တမ်း ဖိအားတွေနဲ့ကန်နေရတော့ ပိုခက်သွားတာပါ။ဘယ်လောက်တောင်ဖိအားရှိလဲဆိုအာတီတာရဲ့ တစ်ဂိုးရပြီးနောက်ပိုင်း game planက safe sideဘက်ရွေးလိုက်တာပါ ပုံမှန်ဆိုအာတီတာက pressure ပေးရတာကြိုက်တဲ့နည်းပြပါ mid block နဲ့သွားတာက ရှားပါတယ်။ဒီပွဲမှာတော့အာတီတာက မိနစ်၈၀ကေျာ်လောက်ထဲက defence ကိုပဲ ဦးတည်လိုက်တာပါ။ဒါကသူကိုယ်တိုင် စိုးရိမ်စိတ်ရှိနေတယ်ဆိုတာပြောချင်တာပါ။ဘာပဲဖြစ်ဖြစ် ၃ မှတ်ရဖို့က မှန်ပါတယ်။နောက်ပွဲတွေကျ ဒီထက်ပိုကောင်းပြီး စိုးရိမ်စိတ်မများအောင်လုပ်ဖို့လိုပါတယ်။
#အာဆင်နယ်

တော်တော်လေး ရင်ခုန်လိုက်ရတာပါ သရေကျပြီလို့တောင်ထင်လိုက်တာပါ။သွားပြီဆိုပြီးတွေးနေတုန်း ဂိုးပြန်ရသွားတာ ကံကောင်းသွားပါတယ်။...
13/12/2025

တော်တော်လေး ရင်ခုန်လိုက်ရတာပါ သရေကျပြီလို့တောင်ထင်လိုက်တာပါ။သွားပြီဆိုပြီးတွေးနေတုန်း ဂိုးပြန်ရသွားတာ ကံကောင်းသွားပါတယ်။ဒီလိုပွဲက ၃ မှတ်ရမှာကို ဖြစ်မယ့်ပွဲတွေပါ။ကစားပုံကတော့ ထုံးစံအတိုင်း low block ကိုကျော်ဖြတ်ဖို့ တော်တော်ခက်ခဲနေတာပါ။နောက်ပြီး ဂိုးပြန်ပေးရတဲ့အနေထားမှာ အာဆင်နယ်က mid block defence ရွေးချယ်လိုက်တာပါ။အဲ့အချိန် wolves အသင်းက ဘောလုံးကိုင်ကစားခွင့်ရသွားတာပါပဲ။အာတီတာအနေနဲ့ ရဲရဲတင်းတင်းပဲ pressing နဲ့သွားရင် ဂိုးတောင်ထပ်ရမှာပါ။safe ဖြစ်ဖို့ရွေးလိုက်ပေမယ့် ပြိုင်ဘက်အသင်းတွက် အခွင့်ရေးဖန်တီးပေးလိုက်သလိုဖြစ်သွားတာပါ။ချက်ချင်းဂိုးပြန်ရလိုက်တာပဲ ကျေးဇူးတင်ရမှာပါ။ဆက်ဆွဲဖို့ အားမလျော့တော့ဘူးပေါ့ဗျာ။🤟
#အာဆင်နယ်

09/12/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aung Phyo Football posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share