ZalatPhyu News

ZalatPhyu News justice for humans being...

■ရွှေပြည်သာမြို့နယ်တွင် ယာဉ်လေးစီးတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးရွှေပြည်သာမြို့နယ်တွင် ယာဉ်လေးစီးတိုက်မှုဖြစ...
15/07/2024

■ရွှေပြည်သာမြို့နယ်တွင် ယာဉ်လေးစီးတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး

ရွှေပြည်သာမြို့နယ်တွင် ယာဉ်လေးစီးတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးမှု ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းများအရသိရသည်။

"ယာဉ်တိုက်မှုဖြစ်စဉ်သတင်းရလို့ သွားရောက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဟိုက်ဂျက်ယာဉ်ပေါ်က အမျိုးသမီးတစ်ဦး သေဆုံးပါတယ်"ဟု We Love Care Burma(လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၁၅ ရက်၊ ညနေ ၃ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းဆုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များသွားရောက်ခဲ့ကြောင်း သိရသည်။

"ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပါတယ်။ ကလေးနှစ်ယောက် ဒဏ်ရာရပါတယ်။ဟိုက်ဂျက်ယာဉ်ပေါ်က အမျိုးသမီးတစ်ဦး သေဆုံးတာပါ"ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သည့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားရာသို့ ရွှေပြည်သာမြို့နယ်မီးသတ်တပ်ဖွဲ့၊ကန္တာရမိုးစက်၊စေတနာသုခ၊ရွှေမေတ္တာ ၊ရန်ပိုင် ၄ ခ၊ကနောင်၊ဆန်ရေ၊We love care ၊ကြယ်စင်မေတ္တာစသည့် အဖွဲ့များလာရောက်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

■ဓာတ်ပုံ - We Love Care Burma(လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း)

မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်း ၃၀ ကျော်တန် ဘိန်းဖြူများဖမ်းမိ========၁၅၊ဇူလိုင်လ၊၂၀၂၄Zalenမီဇိုရမ်ပြ...
15/07/2024

မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်း ၃၀ ကျော်တန် ဘိန်းဖြူများဖမ်းမိ
========
၁၅၊ဇူလိုင်လ၊၂၀၂၄
Zalen

မီဇိုရမ်ပြည်နယ် မှာ မြန်မာနိုင်ငံသားတစ်ဦးသယ်ဆောင်လာတဲ့ ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိဘိန်းဖြူများကို မနေ့ ဇူလိုင် ၁၄ ရက်မှာ မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အသာရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ပူးပေါင်းပြီး သူတို့ကြိုတင်သတင်းရရှိချက်အရ ဇိုခေါသာရ်၊ မဲလ်ဘုတ်မှာ စစ်ဆေးရေးစခန်းဖွင့်ထားပြီး မြန်မာနိုင်ငံသား၊ ခေါမွေးရွာ ဒေသခံ လာလ်ရိုလှူအာ(Lalrohlura) အသက် (၃၀) နှစ်ထံကနေ ဘိန်းဖြူများကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုပါဘိန်းဖြူများကို ကားရဲ့အရှေ့ဘက် အင်ဂျင်အပေါ်မှာဖုံးပြီး သယ်ဆောင်လာတာဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ ဘိန်းဖြူများကို ဆပ်ပြာဗူး ၅ ဗူးမှာထည့်ထားပြီး အလေးချိန်အားဖြင့် ၃၈.၅ ဂရမ်ရှိသလို ရူပီး ၃၈ သိန်းပေါက်စျေးရှိတယ်လို့သိရပါတယ်။

တရားမဝင်ဘိန်းဖြူများသယ်ဆောင်လာတဲ့ လာလ်ရိုလှူအာ(Lalrohlura) ကို သူ့ရဲ့ဘိန်းဖြူများနဲ့အတူ ဇိုခေါသာရ် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး လိုအပ်သလိုအရေးယူမှုများဆောင်ရွက်သွားမယ်လို့သိရပါတယ်။

သတင်း -Mickey

14/07/2024

ကိုယ်နဲ့ထိုက်တန်တဲ့အစိုးရပဲရမယ်ဆိုတာ သိပ်မှန်တယ်...
တချို့ပြည်သူတွေက စည်းလုံးဖို့ကိုမတိုက်တွန်းဘဲ
ဟိုအဖွဲ့ပေါ်လည်းအားပေး ဒီအဖွဲ့​ကိုပေါ်လာလည်းအားပေး ကိုယ်မကြိုက်တဲ့အဖွဲ့ကိုဆဲ...ချင်းပြည်သေးသေးလေးမှာ အဖွဲ့ပေါင်းများစွာနဲ့ ရှုပ်ရှက်ခတ်နေမှာတော့ သေချာနေပါပြီ...

Breaking News- အမေရိကန်သမ္မတဟောင်းနှင့် သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချ...
14/07/2024

Breaking News- အမေရိကန်သမ္မတဟောင်းနှင့် သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွား၊ သမ္မဟောင်း ထရမ့် ဘေးကင်းလုံခြုံပြီး ပစ်ခတ်သူကို အသေဖမ်းဆီးရရှိ

ရန်ကုန်၊ ဇူလိုင် ၁၄

အမေရိကန်သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွားကာ ထရမ့်မှာ လတ်တလောဘေးကင်းလုံခြုံကြောင်း သိရှိရသည်။

အမေရိကန်သမ္မတလောင်း Trump က Pennsylvania ပြည်နယ် Butler တွင် ယနေ့ အမေရိကန်ဒေသစံတော်ချိန် ညနေ ၆ နာရီ ရွေးကောက်ပွဲ စည်းရုံးရေးနေစဉ် သေနတ်သံကြားရပြီး ထရမ့်၏ မျက်နှာပေါ်တွင် သွေးစတချို့ မြင်ရကြောင်း၊ လုံခြုံရေးများက သမ္မတလောင်းထရမ့်ကို အကာအကွယ်ပေးခေါ်ဆောင်သွားကြပြီး သမ္မတလောင်း ဘေးကင်းလုံခြုံကြောင်း သိရှိရသည်။

သမ္မတဟောင်း Donald Trump ဘေးကင်းလုံခြုံစွာနေကြောင်း အမေရိကန် လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး သမ္မတလောင်း ထရမ့်၏ ရွေးကောက်ပွဲ စည်းရုံးရေးပွဲအပေါ် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက နိုင်ငံရေး အကြမ်းဖက်မှုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ သမ္မတဟောင်း ထရမ့်ကို ပစ်ခတ်သူကို အသေဖမ်းဆီးရရှိပြီး ပွဲတက်ရောက်လာသူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

Photo Credit- CNN

ဖုန်းဆင်းကတ် သုံးသောင်းကျော် တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲဖမ်းစတားလင့်ခ် အင်တာနက် သုံးလုံး အပါအဝင် ဖုန...
13/07/2024

ဖုန်းဆင်းကတ် သုံးသောင်းကျော် တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲဖမ်း

စတားလင့်ခ် အင်တာနက် သုံးလုံး အပါအဝင် ဖုန်းဆင်းကတ် သုံးသောင်းကျော် တရားမဝင် လက်ဝယ်တွေ့ရှိမှု နဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာန တွေက ရေးသားကြပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်တွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဆီကို ဒီပစ္စည်းတွေ ပို့ဆောင်မှာဖြစ်တယ်လို့ သံသယရှိသူက ဝန်ခံခဲ့ပါတယ်။

#ဖုန်းဆင်းကတ် #ထိုင်း
ဓာတ်ပုံ - Khaosod

 , we'll see you tomorrow night! Which top 10 flyweight do you see coming out on top? 👀
13/07/2024

, we'll see you tomorrow night!

Which top 10 flyweight do you see coming out on top? 👀

Address

Mindat, Chin State
Yangon

Website

Alerts

Be the first to know and let us send you an email when ZalatPhyu News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share