F&B Channel

F&B Channel Who are we? We are simply regular men who enjoy travelling to new places, trying new foods, and making new friends.

Our goal is to create a memorable catered experience through food presentation, personalized service, and customizable menus.

02/09/2025

ဒီဆိုင်လေးကိုဖွင့်ထားတဲ့မိသားစုက စေတနာတော်တော်ကောင်းကြတာဗျ (အပေါ်ယံမဟုတ်ဘူးနော် ဆက်ကြည့်ရင်သိလိမ့်မယ်)။ ဆိုင်မှာလူစားများကြတာက ဇလုံကြီးထမင်းလို့ခေါ်တယ်၊ ငွေကျပ် ၄၀၀၀ နဲ့ အဝကိုမှ တစ်ကယ့်ကိုအဝ အသားဟင်း (၂) မျိုးနဲ့ ရွေးပြီးစားရမှာ။ ထမင်းစားချိန်ဆို ဝန်ထမ်းတွေအများကြီး တကူးတက ကိုဝင်စားကြတာ။ ဟင်းကလဲ တစ်နေကုန် နီးပါး တောက်လျှောက်ကို ချက်နေတာ၊ ပီးရင် ထမင်းကလဲ အလှူချက် ချက်သလို ပေါင်းအိုး အကြီးကြီးတွေနဲ့ချက်တာဆိုတော့ ထမင်းနဲ့တင် စားရတာကောင်းနေပီ။ တို့စရာဆိုလဲ အလျှံအပါယ်ပဲ။ ကျွန်တော်တို့လဲ မျက်စိတွေလည် လမ်းတွေပျောက်ပြီး နောက်ဆုံးမှာတော့ ဒေါ်မမလေးထမင်းဆိုင်ကို ရောက်ခဲ့တာ။

31/08/2025

ရှမ်းမြောက်အရသာစစ်စစ်ရတာကြောင့်လူကြိုက်များခဲ့တဲ့ ရွှေစယ်လန့် ဆိုတဲ့ဒီဆိုင်လေးကတော့ ဒီတစ်ခါမှာလဲ သူတို့ပိုင်နိုင်တဲ့ ယူနန်ဟော့ပေါ့အရသာစစ်ကို စားသုံးသူများထံယူဆောင်လာပြန်ပါပြီ။ ဟော့ပေါ့အရသာ (၅) မျိုးတိတိကို သူတို့ဆိုင်ရဲ့ထုံးစံအတိုင်း အသားများများနဲ့ အရသာရှိရှိစားရမှာဆိုတော့ ...

28/08/2025

ဖွင့်ထားတာ (၃) နေရာ - အရသာက (၁) မျိုးတည်း - အဲ့တာဘာလဲ?

25/08/2025

ကဲ လာပြန်ပါပီဗျာ ... ဒီတစ်ခါတော့ ဘာရယ်ညာရယ်မဟုတ် စံပြစျေးဘက် မိုးလွတ်လေလွတ်လေး ဖုတိုးတစ်ကြောင်းဆွဲထားလိုက်တယ်။ 😎

22/08/2025

ပုံမှန်ဆိုကြည့်ချင်ရင်လဲရတယ် မကြည့်ချင်ရင်လဲရတယ် ... ဒါပေမဲ့ ဒီ vlog လေးကိုတော့ကြည့်စေချင်တယ်ဗျာ။

အခုဆိုရင်တော့ဖြင့်  မြန်မာကျပ်ငွေ ၁၂၀၀၀၀/-ကျပ်တန် တန်ဖိုးရှိ ယူနန်ဟော့ပေါ့အိုး ကို ရုပ်ပြောင်တိုက်ကာ ထိုက်ထိုက်တန်တန်ဆွတ...
21/08/2025

အခုဆိုရင်တော့ဖြင့် မြန်မာကျပ်ငွေ ၁၂၀၀၀၀/-ကျပ်တန် တန်ဖိုးရှိ ယူနန်ဟော့ပေါ့အိုး ကို ရုပ်ပြောင်တိုက်ကာ ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားသူ (၃) ဦးကတော့ 😂🤣🤭

1st - Ko Nay Myo Tun
2nd - Ma May Thu Khaing
3rd - Ma Soe Chit Chit Htay

ကျေးဇူးပြုပီး page messenger မှာ ပို့ရမဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် လေးပို့ပေးပါအုံး။

ပါဝင်ပေးကြသူအားလုံးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်🙏🙏။

ကဲ ကဲ ကဲ … Foodies အပေါင်းသူတော်ကောင်းတို့ရေ၊ ဒီနေ့ည ၈:၀၀ တိတိမှာ ဟော့ပေါ့အိုးပူပူ ဘယ်သူယူသွားမလဲဆိုတာကတော့ ရင်ခုန်ဖို့က...
21/08/2025

ကဲ ကဲ ကဲ … Foodies အပေါင်းသူတော်ကောင်းတို့ရေ၊ ဒီနေ့ည ၈:၀၀ တိတိမှာ ဟော့ပေါ့အိုးပူပူ ဘယ်သူယူသွားမလဲဆိုတာကတော့ ရင်ခုန်ဖို့ကောင်းနေပါပီ။ အနိုင်ရသွားတဲ့သူတွေကိုတော့ ကိုသူရနဲ့ ကိုစံကြီးက ဒီ သောကြောနေမှာတင်ပို့ပေးသွားမှာဆိုတော့ ပိုလို့တောင်မိုက်နေပါပီ။ မိုးရာသီထဲ ယူနန်ဟော့ပေါ့အိုးပူပူ အတွက် ဆက်ပီးပြိုင်လိုက်ကြရအောင် 🙌🙌

ကိုသူရနဲ့ ကိုစံကြီးလို အပြောင်ပုံရိုက်ပီး ဆိုင်ကြီးတစ်ဆိုင်ရဲ့ (၁၂၀၀၀၀) ကျပ်တန် ယူနန်ဟော့ပေါ့အိုး giveaway ယူလိုက်ပါ။ ဟေ...
19/08/2025

ကိုသူရနဲ့ ကိုစံကြီးလို အပြောင်ပုံရိုက်ပီး ဆိုင်ကြီးတစ်ဆိုင်ရဲ့ (၁၂၀၀၀၀) ကျပ်တန် ယူနန်ဟော့ပေါ့အိုး giveaway ယူလိုက်ပါ။ ဟော့ပေါ့အိုးက (၃) အိုးတောင်နော်!

ဒီအစီစဉ်လေးမှာပါဝင်ချင်ရင်တော့ ….

👉ပါဝင်မဲ့အကောင့်ပိုင်ရှင် (အစစ်) ရဲ့ အပြောင်ပုံကို ဒီပို့စ်ရဲ့ comment မှာတင်ပေးရမှာပါ။
👉ရန်ကုန်မှာလက်ရှိနေတဲ့သူဖြစ်ရပါမယ်။
👉Original post ကို like and share လုပ်ပေးရပါမယ်။
👉 ဩဂုတ်လ (၂၁) ရက်၊ ကြာသပတေးနေ့ ည (၈:၀၀) တိတိမှာ Reaction အများဆုံးရတဲ့အပြောင်ပုံ - (၃) ဦးကိုရွေးချယ်ပေးသွားမှာပါ။
👉ရွေးချယ်ခံရမဲ့သူ (၃) ဦးကလဲ F&B vlog မှာပြန်သုံးဖို့၊ ဟော့ပေါ့စားနေစဉ် ရိုက်ထားတဲ့ အရသာအကြောင်းပြန်ပြောပြတဲ့ (၁) မိနစ်စာ video လေးပြန်ပို့ပေးရပါမယ်။
👉ဟော့ပေါ့အိုးကိုတော့ ကိုသူရ နဲ့ ကိုစံကြီးကိုယ်တိုင် အနီးစပ်ဆုံးနေရာကိုလာပို့ပေးပါလိမ့်မယ်။

ကဲ ဘယ်သူအပြောင်ပုံတင်ရဲလဲ ကြည့်ရအောင်။ 🤪🤭

17/08/2025

ဇလုံထမင်းသုပ် ချင်းအတူတူဆိုရင်တောင် ကျွန်တော်တို့ကတော့ ဒီဆိုင်ကအစ်မသုပ်တဲ့ပုံစံကိုပိုကြိုက်တယ်။ ပေါ့ပေါ့ပါးပါးနဲ့စားကောင်းတယ်၊ ပြီးရင် ဇလုံထမင်းသုပ်နဲ့စားလို့အလိုက်ဆုံးလို့တောင်ပြောရမဲ့ ကြာဇံချက်ကောင်းကောင်းလေးလဲရတယ်။ နောက်တစ်ချက်ကတော့ စျေးနှုန်းသင့်တင့်စွာနဲ့ သပ်သပ်ရပ်ရပ်လေးစားရလို့ပါပဲ။

16/08/2025

လာပြန်ပီဟေ့ နောက်တစ်ဆိုင်၊ ဆိုင်နာမည်ကလဲ ခပ်ဆန်းဆန်းပဲ၊ ပြီးရင် ရန်ကုန်မှာ ဒီလိုပုံဆိုင်ရောင်းတဲ့ဆိုင်ကလဲ လက်ချိုးရည်လို့ရတယ်။ ဆိုတော့ပျော်ပျော်ကြီးနဲ့ ထပ်နွှဲခဲ့ပြန်ပီပေါ့ဗျာ။

အရင်တုန်းက ခင်ဗျားတို့လို့ပဲ ဆံပင်အရှည်တွေထားခဲ့ဘူးပါတယ်ဗျာ။ မနာလိုတဲ့သူတွေကတော့ AI နဲ့လုပ်ထားတယ်ပဲပြောကြမှာ😂😉။
14/08/2025

အရင်တုန်းက ခင်ဗျားတို့လို့ပဲ ဆံပင်အရှည်တွေထားခဲ့ဘူးပါတယ်ဗျာ။ မနာလိုတဲ့သူတွေကတော့ AI နဲ့လုပ်ထားတယ်ပဲပြောကြမှာ😂😉။

Address

Yangon

Telephone

+959960339966

Website

Alerts

Be the first to know and let us send you an email when F&B Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to F&B Channel:

Share

Category