Khit Thit Media

Khit Thit Media Your reliable Media in Myanmar. ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်သည်။
(31833)

နမ့်ဆန်မြို့ ၊ အုန်းမစွမ်ကျေးရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၁၆ နှစ်အရွယ် မိန်းက...
14/10/2025

နမ့်ဆန်မြို့ ၊ အုန်းမစွမ်ကျေးရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြို့ ၊ အုန်းမစွမ်ကျေးရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ့်ဆန်မြို့နယ် အုန်းမစွမ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ရော့ကတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံး​ပြီး အသက် ၈ နှစ်၊ အသက် ၁၀ နှစ်နှင့် အသက် ၁၄ နှစ် ကလေး ၃ ဦး အပါအဝင် လူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များ လည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့နယ်၊ ကယားကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၉ နှစ်အရွယ် မောင်အစော ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နှင့် နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့သည်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူလူထု ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အာရှလမ်း ပြန်လည် ဖွင့်မည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် သောင်ရင်းမြစ်ကမ်းဘေးရှိ BGF ဂိတ်နှင့် KNU/KNLA PC ဂိတ်များ...
14/10/2025

အာရှလမ်း ပြန်လည် ဖွင့်မည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် သောင်ရင်းမြစ်ကမ်းဘေးရှိ BGF ဂိတ်နှင့် KNU/KNLA PC ဂိတ်များကို စစ်တပ်နှင့်ဌာနပေါင်းစုံက ဝင်ရောက် စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက်စစ်တပ်က အာရှလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် လုပ်ဆောင်နေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ယမန်နေ့ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ BGF နယ်ခြားစောင့်တပ်ဂိတ်နှင့် KNU/KNLA PC ဂိတ်များကို စစ်တပ်နှင့်ဌာနပေါင်းစုံက ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း မြဝတီ၊နယ်စပ်သောင်ရင်းချောင်းကမ်းနဖူးတွင် အထိုင်ချဖွင့်လှစ်ထားသည့် BGF ဂိတ်၊ KNU/KNLA PC ဂိတ်နှင့် ကျားဖြန့်ရုံများကို စစ်တပ်၊ ထွေ/အုပ်၊ ရဲ အပါအဝင် ဌာနပေါင်းစုံ အဖွဲ့က ဝင်ရောက်စစ်ဆေးကြောင်း၊ စစ်ဆေးရာတွင် နှစ်ဖက်ညှိနှိုင်းပြီးမှ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မည်သည့် ဖမ်းဆီးမှု ၊ အရေးယူမှုမှ မရှိဘဲ ဂိတ်များကို သွားရောက် လှည့်လည် ကြည့်ရှု စစ်ဆေးခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

"BGF ရော PC ကရော ခွင့်ပြုတယ်။ စကမကလည်း လိုက်ကြည့်တာပဲ လုပ်တာ။ ဖမ်းဆီးအရေးယူတာ ဘာမှ မရှိဘူး။ သူတို့ မမြင်ဖူးလို့ လိုက်ကြည့်တဲ့သဘောမျိုးပဲ။ စကမ တွေ လာကြည့်မယ့်အချိန်မှာ ဒီဘက်က လူတွေ အားလုံးရှင်းပေးထားတယ်။ ကြည့်ပြီး ပြန်သွားတော့မှ BGF နဲ့ PC က ပြန် နေရာယူတယ်။ For Show လုပ်တာမျိုးလို့ ထင်ပါတယ်" ဟု မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း အာရှလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ရေး စစ်တပ်က ကြိုးစားနေပြီး BGF ၊ KNU/KNLA PC နှင့် DKBA တို့ကလည်း အာရှလမ်းမကြီး ဖွင့်လှစ်မှုတွင် အကျိုးအမြတ်များ စစ်တပ်က ပေးရန် ရှိနေကြောင်း သိရှိရသည်။

"အာရှလမ်းမကြီး ဖွင့်ဖို့ လုပ်နေတယ်။ အခုကြားတာက အောက်တိုဘာလ ၁၈ ရက်နေ့လိုလို အောက်တိုဘာလ ၁၇ ရက်နေ့လိုလို ကြားတယ်။ အာရှလမ်းမကြီးမှာ BGF ၊ DKBA နဲ့ PC ကို ဂိတ်တွေနဲ့ အပိုင်စားနေရာတွေ ပေးမယ်လို့ သတင်းတွေ ထွက်နေတယ်။ ဖြစ်နိုင်ပါတယ်။ ဒီအာရှလမ်း ပြန်စိုးမိုးအောင် သူတို့က စစ်တပ်ကို အထောက်အကူပေးခဲ့တာပဲ။ ပွင့်ပွင်လင်းလင်းပြောရရင်တော့ စစ်တပ်က သူတို့ လက်လွှတ်ထားရမယ့်အတူ ကရင်လက်နက်ကိုင်တွေကို သွေးခွဲပြီး နယ်မြေ အပိုင်စားနဲ့ စီးပွားရှာခွင့်ပေးလိုက်တာ။ တစ်ဖက်မှာလည်း KNU ကို အင်အားချိနဲ့ အောင် လုပ်တဲ့သဘောလို့ မြင်ပါတယ်" ဟု မြ၀တီ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို BGF နှင့် DKBA အပါအဝင် စစ်တပ်နှင့်အဆင်ပြေနေသည့် ကရင် လက်နက်ကိုင်တချို့က ထောက်ခံပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကူညီမည်ဟု ကြေညာချက်များ ထုတ်ပြန်ထားသည်။

သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU ကမူ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဘဲ ရွေးကောက်ပွဲ ကျင်းပမှုများကို အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ KNU တပ်မဟာများအလိုက် ကြေညာချက်များ အသီးသီးထုတ်ပြန်ထားသည်။

မြန်မာစစ်တပ် ကျင်းပမည့်  ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ  စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေး...
14/10/2025

မြန်မာစစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံတွင် စစ်တပ်က ကမကထပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေး စေလွှတ်ဖွယ်မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ထုတ်ဖော်ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today (FMT) က သတင်းဖော်ပြသည်။

မြန်မာစစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် အာဆီယံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန် သဘောတူသည်ဟု သတင်းထုတ်ပြန်ခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား စစ်တပ်၏ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်၊ မစေလွှတ်ကို ဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ သို့ရာတွင် စေလွှတ်ဖွယ်မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမယ့် အာဆီယံက သဘောတူမယ်လို့တော့ ကျနော် မမျှော်လင့်ပါဘူး” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရှင်းပြသည်။

စစ်ကောင်စီက အောက်တိုဘာလ ၉ ရက်နေ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုကို ဝမ်းသာပြီး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောဆိုကြောင်း လိမ်လည်သတင်းထုတ်ပြန်ခဲ့သည်။

မလေးရှားလွှတ်တော်အမတ်တချို့နှင့် မလေးရှား နိုင်ငံခြားရေး ၀ န်ကြီးဟောင်း Saifuddin Abdullah ကလည်း စစ်တပ်၏ ရွေးကောက်ပွဲကို မလေးရှားက ထောက်ခံသည်ဟု မြန်မာစစ်တပ်က သတင်းထုတ်ပြန်ခဲ့မှုအတွက် ရှင်းလင်းပေးရန် မလေးရှားအစိုးရကို ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဇူလိုင်လအတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ရွေးကောက် ပွဲမှာ ဦးစားပေးမဟုတ်ကြောင်း အာဆီယံက တရားဝင် ကြေညာချက်ထုတ်ပြန် အသိပေးခဲ့သည်။

အကြမ်းဖက်စစ်တပ်က အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာခြင်းမရှိသဖြင့် စစ်ခေါင်းဆောင်နှင့် ဝန်ကြီးများကို အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ခွင့်မပြုဘဲ အာဆီယံက အရေးယူထားသည်။

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ်ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း...
14/10/2025

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပျယ်ပြယ်သွား ပြီဖြစ်လို့ NCA စာချုပ်နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ ဘာမှဖြစ်လာစရာ မရှိတော့ဘူးလို့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အသိပေးပြောဆိုပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ကျောင်းသား ၂ ဦး သေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေတယ်လို့ Chinland Defense Force-ဟားခါးနဲ့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ်ဒီကနေ့ အောက်တိုဘာ ၁၄ ရက် မနက်ပ....

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးဟုဆို၊ ဗန်းမော်တိုက်ပွဲတွင်လည်း  ဗိုလ်မှူး ၁ ဦး ...
14/10/2025

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးဟုဆို၊ ဗန်းမော်တိုက်ပွဲတွင်လည်း ဗိုလ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နံနက်ပိုင်းမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီး တိုက်ပွဲများ ဆက် တိုက်ပြင်း ထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်း၊ စစ်တပ်က အထိနာသဖြင့် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး ဒုတပ်ရင်းမှူး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဖားကန့်မြို့၊ ဖားကန့်အရှေ့ဘက်ခြမ်း၊ မလန်းရွာတဝိုက်မှာ စစ်ကောင်စီက လုံးခင်း၊ ယမ်းချက် ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အတွက် တိုက်ပွဲဖြစ်တာ ဆက်တိုက်ပါပဲ။ စစ်တပ်ဘက်မှ ၃၀ ကျော်သေတယ်။ စစ်တပ်ဘက်မှ ဒုတပ်ရင်းရင်းမှူး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ဖားကန့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိပြီး အဆိုပါ ဖမ်းဆီးရရှိသော တပ်သားမှာ စနိုက်ပါ ကျွမ်းကျင်တပ်သားဖြစ်ကာ နာမည်မှာ အောင်လင်းဦးဖြစ်ကြောင်း၊ တပ်ရင်း ၃၈၄ မှ ဖြစ်ကြောင်း သိရှိရသည်။

ဖားကန့်မြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၄ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ် ကောင်စီ တပ်သား ၊ ပြည်သူ့စစ် ရာဂဏန်း ထိခိုက်သေဆုံးထားကြောင်း၊ ထိုသို့ ထိခိုက်သေဆုံးမှုများ ပြားသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ပြည်သူ ၉၀ နီးပါး သေဆုံးပြီး ၂၇၀ နီးပါး ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၃ ရက်နေ့ ဗန်းမော်တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ကြောင်း သိရှိရသည်။

"မနေ့ ဗန်းမော် တိုက်ပွဲပြင်းထန်တယ်။ စစ်ခွေးတပ်ဘက်က ဗိုလ်မှူး တစ်ယောက် ပြင်းထန်ဒဏ်ရာရသွား တယ်။ အခြေအနေမကောင်းဘူးလို့သိရတယ်။သေဖို့များတယ်" ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အက...
14/10/2025

မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေ၊ အရပ်ဘက်သို့ စစ်ဘက်မှ အရာရှိအများအပြား ဆက်တိုက် ပြောင်းရွှေ့

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို သံအမတ်အဖြစ် ခန့်အပ်လိုက်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့၏ ပြောဆိုချက်၊ စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းများ အရ သိရှိရသည်။

ကြည်းတပ်မှ ဗိုလ်ချုပ်နေမျိုးဦး၊ လေတပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံအမတ်ကြီးအဆင့်ဖြင့် အရပ်ဘက် သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိသော စစ်တပ်အရာရှိကြီးတချို့ကို အရပ်ဘက်သို့ အကြီးအကဲများအဖြစ် ပြောင်းရွှေ့ခြင်းတွင် ပါဝင်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

"တပ်မှာ ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိ၊ မရှိ မေးတယ်။ အဲဒီအထဲက ရွေးကောက်ပွဲ ဝင်ဖို့ ဆန္ဒမရှိရင် အရပ်ဘက်ဌာနဆိုင်ရာ အကြီးအကဲတွေ သံအမတ်တွေ အဖြစ်​ ပြောင်းပေးတယ်။ စစ်တပ်မှာလည်း သူတို့ကို လဲပြီး သွေးသစ်လောင်းတယ်။ အရပ်ဘက်ကို လိုချင်တဲ့နေရာ ရာထူးကိုလည်း အဆိုပြုခွင့်ပေးတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီးအဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ အနားပေးခြင်းနှင့် အပြောင်းအရွှေ့များရှိနေပြီး ဗိုလ်ချုပ်နေမျိုးဦးနှင့် ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့မှာ ရှေ့၍ ရာထူးတိုးရန် မရှိတော့သဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

"ဗိုလ်ချုပ်နေမျိုးဦးကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၄ ကလို့ သိရပါတယ်။ လေတပ်က ဗိုလ်မှူးချုပ်ကတော့ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှာ လုပ်ဖူးတယ်။ ပြီးရင် မကွေးလေတပ်စခန်းဌာနချုပ်မှူးလည်း လုပ်ဖူးတယ်ဆိုတာပဲ တွေ့ရပါတယ်ဗျ။ ကျန်တဲ့ ဟာတော့ မရှိပါဘူး။ ဗိုလ်မှူးချုပ် ၊ ဗိုလ်ချုပ် Level ကတော့ ရှေ့ဆက်ပီ့း မတက်တော့ဘူး။ ဒါ သံအမတ်ပေါ့ အရင်တုန်းကဆိုရင်တော့ စစ်သံမှူးပေါ့ ။ ဒါပေမဲ့ မင်းအောင်လှိုင် စစ်အစိုးရလက်ထက်မှာတော့ သူတို့ရဲ့ Game ball နေရာတွေမှာ စစ်သံမှူးထက်မြင့်တဲ့ သံအမတ်တွေ ဖြစ်သွားတဲ့ အနေအထားပေါ့။ သူတို့ကို ချွေးသိပ်လိုက်တဲ့ နေရာတွေလို့ပဲ ပြောရမှာပေါ့ ။ နောက်မို့ဆို စစ်သံမှူးနဲ့ ဂိမ်း သွားမှာပေါ့ ။ ဒါ အရပ်သား အစိုးရလက်ထက်မှာဆိုရင်တော့ သံအမတ်မခန့်ဘူးပေါ့။ စစ်သံမှူးနဲ့တင် ပြီးသွားတာ။ အခုတော့ ဒီလိုမျိုး သံအမတ်တွေက တောက်လျှောက် သူတို့ အစိုးရ တက်နေသရွေ့ကတော့ သံအမတ်တွေကလည်း သူတို့ လူတွေပဲ ထားသွားမယ့် အနေအထားမျိုးတွေ့ရပါတယ်ဗျ။ အခု ဒီလာဦးမှာ။ အခု ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီးတွေ နောက်ပိုင်း အနားပေးမယ့် လူတွေ အတော်များများက စစ်သံမှူး ၊ သံအမတ်တွေနဲ့ပဲ လွှတ်ပေးလိုက်မှာ။ နိုင်ငံခြားသွားခွင့် တရားဝင်ပေါ့။ အထဲထဲမှာ နေနေရင် လာပြီးတော့ သူတို့အချင်းချင် လာပြောမှာ စိုးလို့ ဝေးဝေးကို တောက်ပေးလိုက်တဲ့ သဘောမျိုးပါ" ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

အလားတူပင် တပ်မတော်(ကြည်း)မှ ဒုတိယဗိုလ်မှူးကြီး ဝင်းလွင်ဦးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ဗိုလ်ကြီး မင်းသူကို မန္တလေးစည်ပင်ဌာနမှူးအဖြစ်လည်းကောင်း၊ အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးမှ ဗိုလ်မှူး ဇေယျာစိုးကို ရွေးကောက်ပွဲကော်မရှင်တွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ စစ်ဘက်မှ အရာရှိကြီးနှင့် အရာရှိငယ် ၄၀၀ ကျော်ကို အရပ်ဘက်ဝန်ကြီးဌာနများတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာရှိများအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးရန်ကုန်၊ အောက်တိုဘာလ ၁၃မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၃ ရက်နေ့ ရ...
13/10/2025

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာလ ၁၃

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၃ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆို ချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်...
13/10/2025

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဝမ်းမလန်းကျေးရွာအပေါ်ဘက် တောင်ကုန်းတစ်ခုတွင် ကာကင်းချထားသော အကြမ်းဖက် စစ်တပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။

ယင်းနေ့တွင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့ နယ် ကရင်နီ-ရှမ်းတောင် နယ်စပ်ရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PNO အဖွဲ့ကို ကရင်နီတော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၇ ရက်နေ့တွင် လွိုင်လင်လေးမြို့နယ် ၊ လင်ဖုံကြီးရွာအနီးကို စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်ကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားခြင်းကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၉ ရက်နေ့တွင် လင်ဖုန်ကြီးကျေးရွာဘက်ရှိ အကြမ်းဖက် စစ်တပ်၏ အင်အား ၆၀ ကျော်ပါ စစ်ကြောင်းက ထပ်မံ ထိုးစစ်ဆင်လာ၍ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ ရက်ကြာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးကျော်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ထံမှ လက်နက် ၄ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ဘက်ရှိ လယ်ထွဲ ၊ ပဒါးညေးကျေးရွာ များဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လူအင်အားဖြည့်တင်း၍ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း၊ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း ၊ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ဘောလခဲ မြို့ နယ် နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်မျက် နှာ ၅ ခုဖွင့်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

"စစ်မျက်နှာအားလုံးပေါင်းရင် စစ်သား ၂၀ ဝန်းကျင်သေဆုံးမှုရှိနိုင်ပါတယ်။ စခတွေဘက်တော့ စစ်မျက်နှာ ၅ ခုလုံးမှာ အင်အားတွေ ထပ်တိုးနေပါတယ်။ အဲဒါ ကြောင့် စစ်ရေးအရှိန်မြင့်လာဖို့ရှိပါတယ်။ အခုလောလောဆယ်တော့ ခုခံ စစ်ကိုပဲ အရင်ဆင်နွှဲနေရတာပါ။ မိဘပြည်သူတွေအနေနဲ့ လုံခြုံရေး သတိရှိကြဖို့ တိုက်တွန်းလိုပါတယ်။" ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင်ကျေးရွာမှတစ်ဆင့် ခေါက်ပလော့ကျေးရွာ ဘက် သို့ စစ်ကောင်စီတပ်များမှ အပြင်းအထန်တိုက်ခိုက်ထိုးဖောက်ကာ တပ်စွဲနိုင်ရေးလုပ်ဆောင်နေ၍ ကရင်နီတော်လှန်ရေးတပ်များက ခုခံကာကွယ်လျက်ရှိရာ နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ အကြမ်းဖက် စစ်တပ်က ၎င်းတို့ တပ်စွဲရန် ကြိုးစားနေသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့်လည်း နေ့စဉ် တိုက်ခိုက်လျက်ရှိကြောင်း၊ ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထား လျက်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေ ကြောင်း သိရှိရသည်။

ဖရူဆိုမြို့နယ်၊ ဒေါညေးခူရွာနှင့် ဒေါကူးခူရွာအကြားရှိ လူနေအဆောက်အဦးများကို ပစ်ကွင်းရှင်းစေရန် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမီးရှို့ခဲ့သည့်အပြင် ဘောလခဲဘက်သို့ မျက်နှာမူ၍ စစ်ကြောင်းထိုးနိုင်ရန် ဖရူဆို-ဘောလခဲကြားရှိ မာခရောရှေ့ကျေးရွာအနီးတွင်လည်း စစ်တပ်က စစ်ရေး လှုပ်ရှားလျှက်ရှိကြောင်း၊ ကရင်နီ- ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် တပ်ဖြန့်ထားသော အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်းတပ်ငလည်း မြောက်စလုံးကျေးရွာသို့ ဝင်ရောက်ကာ လူနေ အိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လက်နက်ကြီး ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကရင်နီပြည်နယ်အတွင်းနှင့် ကရင်နီ-ရှမ်းတောင် နယ်စပ် တစ်လျှောက်တွင် အင်အား အလုံးအရင်းဖြင့် စစ်မျက်နှာများဖွင့်ကာ အပြင်းအထန် တိုက်ခိုက်လျှက်ရှိသောကြောင့် တိုက်ပွဲဖြစ်ပွားသော နေရာဒေသများသို့ သွားလာနေရသော ပြည်သူများနှင့် ကရင်နီပြည်နယ်တဝှမ်းရှိ ပြည်သူများအနေဖြင့် စစ်ရေးအသိ သတိ၊ လုံခြုံရေးသတိ ရှိကြပါရန် KNDF ဗဟိုက အသိပေး ပြောဆိုထားသည်။

ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျရန်ကုန်၊ အောက်တိုဘာ...
13/10/2025

ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေးနဲ့ PNO အဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းမှာ ဘောရန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတာ မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက်များနိုင်တယ်။ နေအိမ် ဘယ်နှလုံး ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ မြောက်စလုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကာ ပြည်သူများ လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နမ့်ဆန်ရှိ ကယားကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ မြိုင်မြို့နယ်ရှိ သပြေညို...
13/10/2025

နမ့်ဆန်ရှိ ကယားကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ မြိုင်မြို့နယ်ရှိ သပြေညိုမှော်ကိုလည်း စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့နယ်၊ ကယားကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၉ နှစ်အရွယ် မောင်အစော ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နှင့် နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူလူထု ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်နှင့် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့် သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိကြောင်း TNLA ကပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သပြေညိုမှော်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် မြိုင်မြို့နယ်၊ သပြေညိုမှော်ကို ဗုံး ၄ လုံး ကျဲချ တိုက်ခိုခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ဝမ်းတွင်းတွင် စစ်တပ်က ပဲနံ့သာရွာကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ကာ ၂ ဦး ပေါ်တာဆွဲ ဖမ်းဆီးသ...
13/10/2025

ဝမ်းတွင်းတွင် စစ်တပ်က ပဲနံ့သာရွာကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ကာ ၂ ဦး ပေါ်တာဆွဲ ဖမ်းဆီးသွား၊ နတ်တလင်း ဖလံပင်ရွာမှ ပြည်သူ ၃ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပဲနံ့သာရွာကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ကာ ၂ ဦး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Wundwin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် ပဲနံ့သာရွာကို ဝင်ရောက်စီးနင်းစဉ် ရွာထဲမှ ထွက်ပြေးသည့် လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုအတွင်း လူငယ်များ ထွက်ပြေးလွတ်မြောက်သွား၍ ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက် စစ်သားများသည် ပင်းတလဲရွာကို ပြန်လည် ဆုတ်ခွာလာစဉ် ရွှေတောင်လမ်းပိုင်းရှိ ကျေးရွာများကိုပါ ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပုလုကုန်းရွာမှ ပြည်သူ ၁ ဦးနှင့် ကံကြီးရွာမှ ပြည်သူ ၁ ဦးကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

"စစ်ခွေးတွေ လိုက်ပစ်တာတော့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ ပြည်သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်။ စစ်ခွေးတွေက ရွာထဲမှာ ကျိမ်းမောင်းသွားသေးတယ်။ နောက်တစ်ခါ ထွက်ပြေးရင်လည်း လိုက်ပစ်မယ်လို့ ပြောသွားတယ်။ ပဲနံ့သာရွာက လူငယ်တွေတော့ ဖမ်းဆီးခံရတာမရှိဘူး။ ပုလုကုန်းရွာနဲ့ ကံကြီးရွာက ပြည်သူ ၂ ဦးကတော့ ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်" ဟု Voice Of Wundwin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဖလံပင်ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေပြည်သူ ကိုအောင်မျိုးကျော်၊ ကိုဝိုင်းမင်းထွန်းနှင့် ကိုသက်ဝေအောင်တို့ ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် ကိုသက်ဝေအောင်ကို ကျောင်းသားဖြစ်နေသောကြောင့် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကချင်ပြည်နယ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန်ကုန်၊ အောက်တိုဘာ...
13/10/2025

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၃

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးလှိုင်ဝင်း၏ ယူကေ ကိုရီးယားခရီစဥ်ရောက်ခိုက်တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ကိုဇော်မိုးအောင်၊ စာရေးဆရာမ မရွှေမိုး(ကိုရီးယား)တော်လှန်ရေးတက်ကြွလှုပ်ရှားသူအင်အားစုများတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နွေးဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းကလည်း "ကိုယ့်အလုပ်ကို တစိုက်မတ်မတ်လုပ်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ဆိုး ကျဆုံးသည့်အထိ ဆက်လက်ပါဝင်ကြရန်" ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားတို့ကို တိုက်တွန်းစကားဆို၍ တွေ့ဆုံဆွေးနွေးပွဲရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Khit Thit Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Thit Media:

Share

ရန်ကုန်ခေတ်သစ် တည်ရှိရကြောင်း အနည်းငယ်

မြန်မာနိုင်ငံတွင် အစိုးရက သတင်းမီဒီယာလုပ်ငန်းကို ပြည်သူ့ဘဏ္ဍာငွေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ဝါဒဖြန့်နေခြင်း၊ ငွေကြေးနှင့်အာဏာအင်အားကြီးမားစွာ ပိုင်ဆိုင်ထားသော မြန်မာစစ်တပ်ကလည်း မီဒီယာများထူထောင်၍ ဝါဒဖြန့်နေခြင်း၊ ဘဏ္ဍာရေးအင်အားတောင့်တင်းသော စီးပွားရေးသမားများက မီဒီယာများထူထောင်၍ သြဇာချဲ့ ဝါဒဖြန့်လာခြင်းတို့ကြောင့် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာ အလွန် အားနည်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက စာပေစိစစ်ရေးဖျက်သိမ်း၍ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးခဲ့သော်လည်း အစိုးရသတင်းစာများက ကြော်ငြာ ဈေးကွက်လက်ဝါးကြီးအုပ်ထားခြင်း၊ သြဇာချဲ့ထွင်သော ခရိုနီသတင်းစာများကို မယှဉ်နိုင်ခြင်း၊ စစ်တပ်ပိုင် သတင်းစာများလည်း ကြီးထွားနေခြင်းတို့ကြောင် ပုဂ္ဂလိက လွတ်လပ်သော သတင်းစာများ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရပ်တန့်နေသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်း Digital Media မှာလည်း အစပျိုးချိန်သာရှိနေပြီး အများစုမှာ စတင်တည်ထောင်ရန် ကြိုးပမ်းနေရင်းဖြင့် ရပ်တည်ရန် ခက်ခဲနေချိန်လည်းဖြစ်ပါသည်။ အလားတူ ပုဂ္ဂလိက ရုပ်သံမီဒီယာများ၊ ရေဒီယိုများမှာလည်း မရှိသလောက်နည်းပါးနေပြီး အများစုသော ရုပ်သံလိုင်းများမှာလည်း ပုဂ္ဂလိက ဟုဆိုသော်လည်း ရှင်သန်ရပ်တည်ရေးအတွက် လုပ်ကိုင်ရင်း လွတ်လပ်သော အယ်ဒီတိုရီရယ် ပေါ်လစီများ ပျောက်ဆုံး လျော့နည်းလာနေပါသည်။ ရေဒီယိုအသံလွှင့်မီဒီယာတွင်လည်း FM အများစုမှာ ပြန်ကြားရေးနှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ဗဏီများ၊ ခရိုနီ စီးပွားရေးသမားကြီးများက ပိုင်ဆိုင်ကြသူများ ဖြစ်ပါသည်။

ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ အပါအဝင် သတင်းမီဒီယာများ ရှင်သန်ရုန်းကန်လာရချိန်တွင် စီးပွားရေး အကျိုးအမြတ်အတွက် အစိုးရ၊ တပ်မတော်၊ ခရိုနီ စီးပွားရေးကုမ္ဗဏီများ၊ အစွန်းရောက်များနှင့် ပဋိပက္ခ မဖြစ်လိုခြင်း၊ ဖမ်းဆီးအရေးယူခံရခြင်းများကို ရှောင်လွဲရန် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ သတင်းများကို ဖော်ပြအားမှုအားနည်းလာပါသည်။ ယင်းသို့ အားနည်းလာခြင်းက မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများထံသို့ သတင်းအချက်အလက် အမှန် ရောက်ရှိရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာပါသည်။

ရန်ကုန်ခေတ်သစ်မီဒီယာသည် အဓိကအားဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုး ကွယ်ခွင့် နှင့် မတူညီသော လူတန်းစားများအကြား အတူ ယှဉ်တွဲနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး ဟူသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ ဘေးဖယ် အထောက်အကူပြုနိုင်သော အွန်လိုင်းသတင်းမီဒီယာအဖြစ် ရည်ရွယ်ထူထောင်ခဲ့ခြင်းဖြစ်သည်။