Zin Yaw

Zin Yaw တည်ကြည်ခိုင်မာ၊ ဇင်ယော်မီဒီယာ။
http://www.

"မင်္ဂလာပါ မြန်မာပြည်သူပြည်သားအပေါင်းတို့"
ဇင်ယော်မှ ကမ္ဘာ့သတင်း မြန်မာ့သတင်းများကို အချိန်နှင့်တပြေးညီ တင်ပေးနေပါသည်။
ကျေးဇူးတင်ပါသည်။


http://www.facebook.com/ZinYawNews
http://www.zinyawnews.com

09/10/2017
10/05/2017
03/04/2017
20/02/2017

စံပြဖဆပလရပ်ကွက်ရှိ တရားမ၀င် အဆောက်အအုံများ ဖယ်ရှားမှု အချိန်ယူညှိနှိုင်းရန် ဆွေးနွေးထားဟုဆို

20 Feb,2017

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စံပြဖ ဆပလရပ်ကွက် အိမ်ရာစခန်းရှိ ကျူးကျော်အဆောက်အအုံများ နှင့်ကားဂိုဒေါင်များ ဖျက်သိမ်းရာတွင် စနစ်တကျအချိန်ယူပြီး ဖြေရှင်းရန် သက်ဆိုင်ရာဌာနများထံ သို့ အကြံပြုဆွေးနွေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက ပြောသည်။

‘‘တက္ကသိုလ်စာမေးပွဲပြီးရင် နောက်ဆုံးထားပြီး ရွှေ့ခိုင်းမယ် ဆိုရင် စာမေးပွဲပြီးရင် လာဖျက်နေ မှာစိုးရိမ်တာ။ ပြည်သူတွေက နောက်ဆုံး ရွှေ့ရမယ့်ရက်ကို ကြည့်ပြီး လန့်နေမှာစိုးတာ။ အစ် မတို့က အဲဒီလိုဖြစ်မှာ စိုးတဲ့အ တွက် အချိန်ယူပြီးသေချာညှိနှိုင်း ဆောင်ရွက်ပါလို့ အကြံပြုဆွေး နွေးထားတယ်’’ဟုဒေါ်ဖြူဖြူသင်းက ပြောသည်။

စံပြဖဆပလရပ်ကွက်အ တွင်း ကျူးကျော်ဆောက်လုပ် ထားသည့်နေရာတွင် နှစ်ရှည်နေ ထိုင်သူများရှိသကဲ့သို့ ကားဂိုဒေါင် များ၊ ဆိုင်ခန်းများလည်း ပုံစံအ မျိုးမျိုးရှိသဖြင့် သက်ဆိုင်ရာ ဌာနများက အရေးယူဆောင်ရွက်ရာ၌သေချာစိစစ်ပြီးအဆင့်ဆင့်အချိန်ယူဆောင်ရွက်ရန် အကြံပြုထားကြောင်း ၎င်းကပြောကြားသည်။

‘‘ဒါကျူးကျော်မဟုတ်ဘူး။ မူလနေ နေတဲ့လူတွေပဲ။ တကယ် တမ်းကိုယ့်နိုင်ငံသားတွေပဲ။ တ ကယ်အခက်အခဲဖြစ်ရင် အစိုးရ အနေနဲ့ မျက်နှာလွှဲခဲပစ်လုပ်မယ် လို့တော့မထင်ဘူး’’ဟု ယင်းရပ် ကွက်နေဦးညီညီစိုးကပြောသည်။

‘‘နေထိုင်မှုစရိတ်တွေ ကြီး မားလာတဲ့အတွက် အဆောက်အ အုံမှာ အဖီလေးတွေ ထုတ်ပြီးနေ ရတဲ့ဘ၀ရောက်ကြတာပေါ့။ ဦး လေးတို့ရပ်ကွက်တစ်ခုတည်းမ ဟုတ်ပါဘူး။ ရပ်ကွက်တိုင်း၊ မြို့ နယ်တိုင်းမှာ ဒီလိုလေးရှိပါတယ်’’ ဟု ယင်းရပ်ကွက်နေသူ ဦးစန်း အောင်က ပြောသည်။

စံပြဖဆပလရပ်ကွက် အိမ် ရာစခန်းရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုး ရေးဦးစီးဌာနပိုင်မြေပေါ်တွင် တရားမ၀င် ဆောက်လုပ်ထား သော အဖီအဆွယ်၊ ကျူးကျော်တဲ၊ဆိုင်ခန်းနှင့် ကားဂိုဒေါင် စုစုပေါင်း၂၀၀ ကျော်ရှိကြောင်း ယင်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ထွဋ်က ပြောသည်။

‘‘နေရေး၊ ထိုင်ရေး အခက် အခဲရှိလို့ အိမ်ခန်းဘေးမှာ အဖီ ချဲ့ထုတ်တာကို နားလည်ပေးလို့ ရပေမယ့် တချို့တွေကျတော့ နေ ရာတွေ တစ်ဆင့်ပြန်ရောင်းစား တာတို့၊ ပြန်ငှားစားတာတွေ လုပ် တာရှိတော့ မကောင်းဘူးပေါ့ လေ’’ဟု ၎င်းကပြောသည်။

ရပ်ကွက်အတွင်း ဖျက်သိမ်း ရန် နို့တစ်စာများပေးပို့ထားသည့် အထဲတွင် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၊ စာကြည့်တိုက်၊ သမ၀ါယ မအဆောက်အအုံနှင့် ပရဟိတ အခမဲ့ဆေးခန်းများပါဝင်ကြောင်း သတင်းရရှိသည်။

စံပြဖဆပလရပ်ကွက်အိမ် ရာစခန်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင်မြေပေါ်တွင် တရားမ၀င်ဆောက်လုပ်ထားသော အိမ်အဖီများ၊ ကျူးကျော်တဲများ၊ ဆိုင်ခန်းများကို ဖေဖော်ဝါရီ ၂၃ရက်နောက်ဆုံးထား၍ ဖျက်သိမ်းရှင်းလင်းရန် ဖေဖော်ဝါရီ ၁၆ရက်

က နို့တစ်စာများပေးပို့ထား ကြောင်း သိရသည်။

တရားမ၀င်အဆောက်အ အုံအဖီအဆွယ်နှင့် ကားဂိုဒေါင် များ ဖျက်သိမ်းပေးရန် ပေးပို့ထား သော နို့တစ်စာများတွင် အိမ်ခန်း များနှင့် ကပ်လျက် အဖီအဆွယ် ထုတ်ထားသော အခန်းများကို ဖျက်သိမ်းခိုင်းခြင်းထက် ယင်းအဖီရှေ့၌ ကျူးကျော်ဆောက်လုပ် ထားသော ကားဂိုဒေါင်များနှင့် တရားမ၀င် ဆိုင်ခန်းကျူးကျော် တဲများကို ဖျက်သိမ်းရန် ရေးသား ထားသည်ကို တွေ့ရသည်။

# 7 Day Daily

FDA ထောက်ခံချက်လိုင်စင်ရရန် ငွေကြေးလာဘ်ထိုးမှုများကို အရေးယူမည်ဟု ပြည်ထောင်စုဝန်ကြီးဆို20 Feb,2017အစားအသောက်နှင့် ဆေးဝါးမ...
20/02/2017

FDA ထောက်ခံချက်လိုင်စင်ရရန် ငွေကြေးလာဘ်ထိုးမှုများကို အရေးယူမည်ဟု ပြည်ထောင်စုဝန်ကြီးဆို

20 Feb,2017

အစားအသောက်နှင့် ဆေးဝါးများ FDA ထောက်ခံ ချက်လိုင်စင်ရယူရန် ငွေကြေး လာဘ်ထိုးမှုများကို တိုင်ကြားပါ က တရားစွဲဆိုအရေးယူမည်ဖြစ် ပြီး ယင်းလုပ်ရပ်များကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

‘‘ဆေးဝါးပဲဖြစ်ဖြစ်၊ အစား အသောက်ပဲဖြစ်ဖြစ် FDA လိုင် စင်ရအောင် ပိုက်ဆံပေးရတယ်၊ လာဘ်ထိုးရတယ်ဆိုရင် ချက်ချင်း ပြောပါ လုံးဝအရေးယူမယ်။ လုံးဝလက်မခံဘူး။ ကျွန်တော့်ဆီ ကို တိုက်ရိုက်တိုင်ကြားချင်တဲ့ အီးမေးလ်တွေ၊ ဖက်စ်တွေ ပေး ထားပြီးသားပါ။ အထောက် အထားနဲ့သာပြပါ။ ဒီကိစ္စကို အလုပ်မခံပါဘူး’’ဟု ၎င်းကဆိုသည်။ FDA က အစားအသောက်နှင့် ဆေးဝါးထောက်ခံချက်လိုင်စင် ချပေးရာတွင် အချိန်ကြန့်ကြာမှု များရှိနေသည်ဟု ပြောကြားမှုများ ကြောင့် FDA ၏ လုပ်ငန်းလည် ပတ်မှု ပုံစံကို ပြန်လည်စဉ်းစား သုံးသပ်မည်ဖြစ်ကြောင်း၊ သို့သော်အစားအသောက်၊ ဆေးဝါး များ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ လျှော့ချထုတ်လုပ် ခွင့်ပြုမည်မဟုတ်ဘဲ ဈေးကွက် ထောက်လှမ်းကြည့်ရှုခြင်းများကို အမြဲစောင့်ကြပ် ထိန်းသိမ်းနေ ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

‘‘ဆေးဝါးလိုင်စင်ချဖို့၊ အစားအသောက်လိုင်စင်ချဖို့ အရမ်းကြာတယ်ပြောကြတယ်။ ဘယ်လောက်အထိ လျှော့နိုင် မလဲ၊ လုပ်ငန်းလည်ပတ်မှုပုံစံကို ပြန်စဉ်းစားပေးမယ်။ ဒီနေရာမှာ ကြန့်ကြာနေရင် တစ်ပြည်လုံး အတိုင်းအတာနဲ့ မီးခိုးကြွက် လျှောက်သွားတယ်။ ဒါဟာ ကျန်း မာရေးနဲ့ဆိုင်သလို စီးပွားရေးနဲ့ လည်းဆိုင်တယ်။ နောက်တစ်ခု က ဈေးကွက်ထောက်လှမ်းရေးကို သေချာအလေးထားလုပ်တယ်။ လာစစ်တဲ့အခါ ဆေးပဲဖြစ်ဖြစ်၊ အစားအသောက်ပဲဖြစ်ဖြစ် အဲဒီ ကုန်ပစ္စည်းအရည်အသွေးက မြင့်နေတယ်၊ ပြန်ရောင်းတဲ့အခါ ကျ အရည်အသွေးမပြည့်ဘူး။ ဈေးကွက်ထောက်လှမ်းကြည့်လို့ ဒီလိုအရည်အသွေး မပြည့်မီတဲ့ ကုန်ပစ္စည်းကို လုံးဝအရေးယူ မယ်’’ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

FDA သို့ ထောက်ခံချက် လိုင်စင်ရယူရန် တင်ပြလာသော အချိုရည်ထုတ်သည့် ကုမ္ပဏီတစ် ခုက FDA မှ ဝန်ထမ်းနှင့်ပေါင်းပြီး အမှန်တကယ် ပါဝင်သည့် သကြားLevel အချိုးအစားကို လျှော့၍ ဖော်ပြကာ ထောက်ခံချက်ယူခဲ့ သော်လည်း ဈေးကွက်၌ ထောက် လှမ်းသည့်အခါ ကုန်ပစ္စည်း အရည်အသွေး မပြည့်မီသည့်ဖြစ် ရပ် ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ ကြောင့် တရားစွဲဆိုပြီး အရေးယူ ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း သိရသည်။

FDA ၏ ထောက်ခံချက်များ ရယူရာတွင် ကုန်ပစ္စည်းအရည် အသွေးပိုင်းနှင့်ပတ်သက်၍ စစ် ဆေးနေမှုကြောင့် စောင့်ဆိုင်းရ သည့် အခြေအနေအပေါ် လုပ် ငန်းရှင်အချို့က ပွဲစားများအသုံး ပြုကာ လုပ်ငန်းလိုင်စင်ကျရန် နည်းလမ်းရှာဖွေနေမှုများရှိနေ၍ ကြားခံပွဲစား လုပ်ကိုင်နေသူများ ကို တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်း ထွဋ်က ပြောကြားထားသည်။

‘‘FDA ပရဝဏ်အတွင်းမှာ ပွဲစားရှိတာ လက်မခံဘူး။ ရှိရင်၊ သိရင် သတင်းပေးကြပါ။ တိတိ ကျကျ အရေးယူပါမယ်’’ဟု ၎င်း က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ များ အစားအသောက် ဘေးအန္တ ရာယ် ကင်းရှင်းရေး ပြည်သူကို မျက်နှာပြုပြီး လုပ်ဆောင် မည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ် အဖွဲ့အစည်းများ မြန်မာနိုင်ငံ စက်မှုလုပ်မှု ကုန်သည်အသင်း ချုပ်မှ လုပ်ငန်းရှင်များ၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ပြောကြား သည်။

# 7 Day Daily

အိမ်ရာတိုက်ခန်းတွေကို ကျပ်သိန်းတစ်ရာအောက်အထိလျှော့ချရောင်းပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ဆို20 Feb,2017တန်ဖိုးနည်းအိမ်ရာတေ...
20/02/2017

အိမ်ရာတိုက်ခန်းတွေကို ကျပ်သိန်းတစ်ရာအောက်အထိ
လျှော့ချရောင်းပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ဆို

20 Feb,2017

တန်ဖိုးနည်းအိမ်ရာတွေ အကောင်အထည်ဖော်နေပေမယ့် ကျပ်သိန်းတစ်ရာအထက်တွေဖြစ်နေတာကြောင့် ယင်းတန်ဖိုးအောက်လျှောချရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ ဆောက်လုပ်ရးဝန်ကြီးဌာန မြိုပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတာဝန်ရှိသူတွေထံကသိရတာပါ။

ဝင်ငွေနည်းပြည်သူတွေအတွက် ဦးတည်အကောင်အထည်ဖော်နေတဲ့ အိမ်ရာတွေဖြစ်လို့ ရောင်းချတဲ့ဈေးနှုန်း တွေကိုပြည်သူတွေလက်လှမ်းမီအောင် လျှော့ချပေးရာမှာဖြစ်ပြီး ဝန်ကြီးဌာနပိုင်းက ယင်းရည်မှန်းချက်ကို အောင်မြင့်အောင် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးဦးမင်းအောင်အေးက “ ပြည်ထောင်စုဝန်ကြီးကလည်း အိမ်ရာတွေက သိန်းတစ်ရာအထက်တွေဖြစ်လို့ ဒီထက်တန်ဖိုးလျှောချနိုင်ဖို့ လမ်းညွှန်ထားတာလည်းရှိပါတယ်၊ ကျွန်တော်တို့တွေဝင်ငွေနည်းပြည်သူတွေကို လက်လှမ်းမိစေချင်တာဆိုတော့ ဒါကိုဖြစ်အောင်လုပ်ရမှာပါ”လို့ ပြောပါတယ်။

ဝန်းကြီးဌာနအနေနဲ့ လက်ရှိတည်ဆောက်ဆဲတိုက်ခန်းတွေနဲ့ထမ်မံအကောင်အထည်ဖော်မဲ့ အိမ်ရာတိုက်ခန်း ပေါင်းက တစ်သောင်းကျော်အထိရှိနေပြီးေ ဆာက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ် စာရင်းတွေအရ မြို့နယ်အ လိုက် အိမရာလိုအပ်ချက်တွေအတိုင်း တည်ဆောက်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို ဝန်ကြီးဌာနပိုင်းကဦးဆောက်အကောင်အထည်ဖော်နေသလို ပုဂ္ဂလိကဆောက်လုပ် ရေးလုပ်ငန်းတွေကလည်း အကောင်အထည်ဖော်ဖို့ရှိနေပြီး မြေနေရာရရှိပါက တန်ဖိုးနည်းအိမ်ရာတွေအပြိုင်အ ဆိုင်ပေါ်လာဖို့ရှိတယ်လို့လည်း ယင်လုပ်ငန်းရှင်းအသိုင်းအဝိုင်းတာဝန်ရှိသူတွေထံကသိရတာပါ။

# SFJ Strategy First Journal

20/02/2017

လက်ရှိအစိုးရသက်တမ်းတစ်လျှောက် ဘဏ်အတိုးရငွေအပေါ်မှာ
အခွန်ကောက်ခံသွားမှာ မဟုတ်ဘူးလို့ ကြေညာ

20 Feb,2017

ဘဏ်အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံသွားရန် အစီအစဉ်မရှိဘူး
လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံနဲ့
သတင်းစာများမှတစ်ဆင့် အများပြည်သူသိရှိရန်အတွက်
အသိပေးကြေညာလိုက်ပါတယ်။
ဘဏ်များမှာ အပ်နှံထားတဲ ငွေရဲ့ အတိုးရငွေအပေါ်မှာ
အခွန်ပေးဆောင်ရန် ၀င်ငွေခွန်ဥပေဒအရ ပြဌာန်းထားပေမဲ့
လက်ရှိအခြေအနေမှာ အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံရန်
အစီအစဉ်မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယခုရက်ပိုင်းအတွင်း ဘဏ်မှာ အပ်ထားတဲ့ ငွေအတိုးနှုန်းများမှာ
ဝင်ငွေခွန်ကောက်ခံခြင်းနဲ့ ပတ်သက်တဲ့ သတင်းများ
ထွက်ပေါ်လျက်ရှိပြီး ပြည်သူများအကြား ဝေဖန်မှုများ
ထွက်ပေါ်ခဲ့ပါတယ်။
ဝင်ငွေခွန်ဥပဒေမှာ ပြဌာန်းထားသော်လည်း အစိုးရအနေနဲ့
ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်စီးပွားရေး တည်ငြိမ်မှု
တို့ကို ရှေးရှုပြီး လက်ရှိအစိုးရသက်တမ်းကာလတလျှောက်မှာ
ကျင့်သုံးမှာမဟုတ်ဘူးလို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက
ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်၊ ည ၈ နာရီသတင်းမှာ ဘဏ်အပ်ငွေမှ
ရရှိတဲ့ အတိုးငွေအပေါ် အခွန်ပေးဆောင်ရန် ၀င်ငွေခွန်ဥပဒမှာ
ပြဌာန်းထားသော်လည်း အခွန်ကောက်ခံမှာ မဟုတ်ကြောင်း
ကြေညာခဲ့ပါတယ်။

# SFJ Strategy First Journal

ပါကစ္စတန်က ဆူဖီဘုရားကျောင်းကို အသေခံတိုက်ခိုက်၍ လူ ၇၂ သေဆုံး17 Feb,2017ပါကစ္စတန်နိုင်ငံတောင်ပိုင်းက မွတ်စလင်ဆူဖီဘုရားရှိခိ...
17/02/2017

ပါကစ္စတန်က ဆူဖီဘုရားကျောင်းကို အသေခံတိုက်ခိုက်၍ လူ ၇၂ သေဆုံး

17 Feb,2017

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက မွတ်စလင်ဆူဖီဘုရားရှိခိုးကျောင်းတစ်ခုမှာ ၀တ်ပြုသူတွေရှိနေချိန် အသေခံတိုက်ခိုက်၍ လူပေါင်း အနည်းဆုံး ၇၂ သေဆုံးပြီး ၇၀ ကျော်ထက်မနည်း ဒဏ်ရာရတယ်လို့ တာဝန်ရှိသတင်းရင်းမြစ်တစ်ရပ်က EFE သတင်းဌာနကို ပြောပါတယ်။

ရှီဝန်ပြည်နယ်အတွင်းက မွတ်စလင်ဆူဖီသူတော်စင် လာရှဘတ်ကာလန်ဒါဂူဘုရားကျောင်းအတွင်းမှာ လာရောက်ဝတ်ပြုသူတွေအပြည့်ရှိနေချိန် ၀င်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ရဲဌာနပြောခွင့်ရသူ ဇူကာနင်းက ပြောပါတယ်။

ခုလို အသေခံဗုံးခွဲတိုက်ခိုက်ချိန်မှာ ဘုရားကျောင်းအတွင်း အနည်းဆုံး လူ ၅၀၀ ရှိနေပြီး အမျိုးသမီးနဲ့ ကလေးငယ်များပါ သေဆုံးကြောင်း ပြည်နယ်ရဲချုပ် ရာဆူးဘတ်ရှ်က EFE သတင်းဌာနကို ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က သေဆုံးဒဏ်ရာရသူတွေကို ကူညီကြဖို့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ပါကစ္စတန်တစ်ဦးကို တိုက်ခိုက်တာဟာ ပါကစ္စတန်အားလုံးကို တိုက်ခိုက်ခြင်းပဲဖြစ်တယ်လို့လည်း ရှာရစ်က ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ရွှေ့ပြောင်းပေးဖို့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဖြစ်ပွားရာဆီ စေလွှတ်ထားကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အဆစ်ဂါဖိုးက တရားဝင်တွစ်တာအကောင့်မှာ ရေးသားပါတယ်။

အခုတိုက်ခိုက်မှုဟာဆိုရင် ခုသီတင်းပတ်အတွင်း ခြောက်ကြိမ်မြောက် တိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။

# Mizzima Burmese

မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် အကောင်အထည်ဖော်မည့် FMI စီမံကိန်းစတင်17 Feb,2017ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ...
17/02/2017

မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် အကောင်အထည်ဖော်မည့် FMI စီမံကိန်းစတင်

17 Feb,2017

ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကို ရှေးမူမပျက် ပြင်ဆင်၍ ဟိုတယ် အဖြစ် အကောင်အထည်ဖော် ခြင်း အပါအဝင် လူနေအိမ်၊ ရုံးခန်းများ ပါဝင်သောLandmark Development Yoma Central တည်ဆောက်ရေး စီမံကိန်း စတင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

FMI ကုမ္ပဏီက တည် ဆောက်သည့် အဆိုပါစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆောက်အအုံ ပန္နက်တင် အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ မြေ ၁၀ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ မည့် အဆိုပါစီမံကိန်း၌မီးရထားရုံးချုပ်ဟောင်းကို မူလလက် ရာအတိုင်း ပြန်လည် ပြင်ဆင်ပြီး The Peninsula ဟိုတယ်အဖြစ် အကောင်အထည် ဖော်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။ထို့အပြင် စီမံကိန်းတစ်ခုလုံးတွင် ရုံးခန်းများပါရှိသော တာဝါ နှစ်လုံး၊ ဟိုတယ်တစ်လုံးနှင့် လူနေအိမ်ခန်း (Apartment)များ ပါဝင်မည်ဖြစ်သည်။

စတော့အိတ်ချိန်းဝင် FMI ကုမ္ပဏီ၏ ယခုစီမံကိန်းသည် သန်လျင်မြို့နယ် စတားစီးတီး အိမ်ရာစီမံကိန်းကဲ့ သို့ ပမာဏများ ပြားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဖြစ်ပြီး ဟိုတယ်နှင့် အဆောက် အအုံများ တည်ဆောက်မှုတွင် FMI အတွက် ပွဲဦးထွက် စီမံကိန်း ဖြစ်သည်။

‘‘အိမ်ရာဖော်ထုတ်ရေး ကဏ္ဍမှာ ရန်ကုန်အတွက် ဒီစီမံ ကိန်းကတော့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်လာ မယ့် စီမံကိန်း ဖြစ်လာနိုင်ပါတယ်’’ ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦး အောင်နိုင်ဦးက ပြောသည်။

အဆိုပါစီမံကိန်းတွင် မြန်မာ ဘက်မှ FMI က ၁၂ ရာခိုင်နှုန်းနှင့် Yoma Strategic က ၄၈ ရာခိုင် နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင် နှုန်းဖြစ်ပြီး ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC)က ၅ ရာခိုင် နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ၅ ရာခိုင်နှုန်းဖြင့် ပူး ပေါင်းဆောင်ရွက်ထားသည်။ Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI က ၆ရာခိုင်နှုန်း၊ Yoma Strategic က ၂၄ ရာခိုင်နှုန်း၊ Hongkong and ShanghaiHotels Limited က ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။

# 7 Day Daily

17/02/2017

မူဆယ်နယ်စပ်ဂိတ်အဆင့်မြှင့်တင်ရန် ကုမ္ပဏီငါးခု အဆိုပြုလွှာတင်

17 Feb,2017

မူဆယ်နယ်စပ်ကုန် သွယ်ရေးဂိတ်ကို အဆင့်မြှင့်တင် ရန် ပြည်နယ်အစိုးရ၏ ဖိတ်ခေါ်မှု ကြောင့် ကုမ္ပဏီငါးခု လာရောက် လျှောက်ထားကြောင်း သတင်းရရှိ သည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးဂိတ်ကို တရုတ်ဘက်အခြမ်း နှင့်အပြိုင် မြှင့်တင်ရန် ပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် လုပ်ငန်းရှင်များကို ဖိတ်ခေါ် ခဲ့သည်ဟု ရှမ်းပြည်နယ်အစိုးရစီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုး ညွန့်လွင်က ပြောသည်။

‘‘အစိုးရနဲ့ ပေါင်းချင်တဲ့သူ တွေရော၊ ကိုယ်ပိုင်လုပ်ချင်တဲ့ သူတွေရော တင်ပြကြတာပါ။ ရှမ်း ပြည်နယ်အစိုးရက ပြည်သူလူထု နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိ ခိုက်ရင် အကုန်ခွင့်ပြုပေးဖို့ မူဝါဒ ချထားပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းကို အဆင့်မြှင့်တင်ရန် လုပ်ငန်းရှင်များက အဆိုပြုတင် ပြမှုများရှိပြီး အဓိကအားဖြင့် အ အေးခန်းသိုလှောင်ရုံများ၊ အ ခြောက်ခံစက်ရုံများ၊ ကားဝင်းပြင် ဆင်မှုများ၊ စီမံကိန်းတိုးချဲ့မည့် လုပ်ငန်း၊ လမ်းတိုးချဲ့မှုလုပ်ငန်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြစ်သည်ဟု ဝန်ကြီးဦးစိုးညွန့်လွင် က ပြောသည်။

မူဆယ် နယ်စပ်ကုန်သွယ် ရေးစခန်း အဆင့်မြှင့်တင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည် နယ်အစိုးရ၏ သဘောထားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ရယူမည်ဟု ဆိုသည်။ အဆိုပါလုပ်ငန်းများအတွက် ပြုလုပ်မည့်အချိန်ကို သတ်မှတ်ချက် မထားရှိသေးကြောင်း ဦးစိုးညွန့် လွင်က ပြောသည်။

၂၀၁၆ နိုဝင်ဘာအတွင်းက မြောက်ပိုင်း မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် မူဆယ်ကုန် သွယ်ရေးရပ်တန့်ခဲ့ပြီး တရုတ်-မြန်မာကုန်စည်စီးဆင်းမှု နစ်နာ ခဲ့ရသည်။ ထိုတိုက်ပွဲများကြောင့် မူဆယ်ကုန်သွယ်စခန်းတွင် ပြီးခဲ့ သည့်နှစ်ကာလတူထက် တစ်လ အတွင်း အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် နစ်နာခဲ့ရသည်။

‘‘တကယ်တော့ တိုက်ပွဲ ကြောင့် လမ်းပိတ်သွားတယ်။ အ သွားအလာမရှိခဲ့ဘူး။ သွင်းကုန် ရော၊ ပို့ကုန်ရော နှစ်ခုစလုံးရပ် သွားတာ။ သွင်းကုန်ကျတော့ မှောင်ခိုလုပ်တာကြောင့် စာရင်း တွေမပါတာ။ တကယ်တော့ တိုက်ပွဲတွေကြောင့် ကုန်သည် တွေ အဓိကအခက်အခဲဖြစ်ခဲ့ရ ပါတယ်’’ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ကုန်သည်တစ် ဦးက ပြောသည်။

လက်ရှိ မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်း၌ ကုန်သွယ်ရာ တွင်လည်း လမ်းပန်းဆက်သွယ် ရေးအခက်အခဲများကြောင့် ကုန် သွယ်မှုလျော့ကျခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

# 7 Day Daily

17/02/2017

အောင်ဝင်းခိုင်မှာ DSA အပတ်စဉ် ၃၆ ဖြစ်ပြီး အရိုးကျီးပေါင်းရောဂါကြောင့် တပ်မှနုတ်ထွက်ခဲ့ဟုဆို

17 Feb,2017

ဦးကိုနီကို လုပ်ကြံရန် ကျပ်သိန်းတစ်ထောင်ပေး၍ စေ ခိုင်းခဲ့သော ဒုတိယဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်သည် စစ် တက္ကသိုလ် DSA အပတ်စဉ် (၃၆)ဆင်းဖြစ်ပြီး ၎င်းသည် အရိုး ကျီးပေါင်းတက်သော ရောဂါ ကြောင့် တပ်မတော်မှ နုတ်ထွက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် DSA အပတ်စဉ်တူတက်ခဲ့သော လွှတ် တော်အမတ် ဦးလင်းဇော်ထွန်းက BBC သတင်းဌာနအား ဖြေကြား ထားသည်။

အောင်ဝင်းခိုင်သည် ခလရ (၃၂) ၏ တပ်ရင်းမှူးတာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး တပ်မတော်တွင် နောက်ဆုံးထမ်းဆောင်ခဲ့သော ရာထူးမှာ အမှတ် (၁၄) တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း နည်းပြမှူးဖြစ်ကြောင်း BBC ကဖော်ပြထားသည်။၂၀၁၄ တွင် ၎င်း၏ဆန္ဒအရ တပ်မတော် မှ နုတ်ထွက်ခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန် ချက်တွင်ပါရှိသည်။

အောင်ဝင်းခိုင်သည် ယခုကဲ့ သို့လုပ်ရပ်မျိုး လုပ်မည်ဟု ထင် မထားခဲ့ကြောင်း အပတ်စဉ်တူ ဦးလင်းဇော်ထွန်းက ပြောကြားခဲ့ သည်။ ဦးလင်းဇော်ထွန်းသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အရပ်ဘက်သို့ ပြောင်းကာ ရွေး ကောက်ပွဲဝင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ်ဖြစ်သည်။

အိမ်နီးနားချင်းများ၏ အဆို အရ အောင်ဝင်းခိုင်၏မိသားစု သည် စီးပွားရေး တောင့်တင်း ကြောင်း ရပ်ကွက်အတွင်းမှာပင် နေအိမ်နှင့်မြေကွက် ဆယ်နှင့်ချီရှိပြီး အငှားယာဉ်အစီးရေများစွာ၊ကားဝပ်ရှော့တစ်ခုနှင့် အီလက်ထရွန် နစ် ဆိုင်တစ်ဆိုင်လည်း ပိုင်ဆိုင် ကြောင်းပြောသည်။

# 7 Day Daily

16/02/2017

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးအား ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

16 Feb,2017

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးအား ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ရှေးဦးစွာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲကင်းစခန်း သုံးခုအား ပြည်ပနိုင်ငံများရှိ အဖွဲ့အစည်းများက ထောက်ပံ့ အားပေးထားသည့် အကြမ်းဖက်အဖွဲ့ဝင်များနှင့် ယင်းအဖွဲ့မှ လေ့ကျင့်ပေးထားသူ အကြမ်းဖက်သမားများက စနစ်တကျ ကြိုတင်စီစဉ်မှုများ ပြုလုပ်ခဲ့ပြီး တစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးကာ လက်နက်ခဲယမ်း အများအပြားဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အတိအလင်း ချိုးဖောက်ထိပါးလျက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးကို များစွာထိခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရန် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဆောင်ရွက်မှုများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ဆက်လက်၍ မကြာမီရက်ပိုင်းအတွင်းက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အစီရင်ခံစာ (Flash Report) တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေသည့်အတွက် နိုင်ငံတကာစုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းသွားရေး အပါအ၀င် ပြင်းထန်သော အသုံးအနှုန်းများဖြင့် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အစီရင်ခံစာရေးသားရာတွင် အချက်အလက်များကို မြန်မာနိုင်ငံပြင်ပ၌ မေးမြန်းချက်အား ဖော်ပြလျက် သိမ်းကျုံးလွှမ်းခြုံစွပ်စွဲမှုများ ပြုလုပ်ပုံဖော်ခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစပြီး ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများ ကျောထောက်နောက်ခံပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများမှာ ဘင်္ဂါလီအကြမ်းဖက်သမားများဖြစ်သည်ကို အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိခဲ့သည့်အတွက် မိမိ၏ ပြည်တွင်းရေးကိစ္စအား နိုင်ငံတကာမှ ပါဝင်စွက်ဖက် ဖိအားပေးမှုများ ပေါ်ပေါက်လာသည်ကို တွေ့ရှိရကြောင်း၊ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားများကို တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် ပြစ်ဒဏ်ချမှတ်သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကာကွယ်တားဆီးရေးအတွက် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများနှင့်အညီ ပြတ်ပြတ်သားသား အရေးယူသွားသင့်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်သူများနှင့် အဖွဲ့အစည်းများကိုလည်း အကြမ်းဖက်အဖွဲ့များအဖြစ် ပြတ်ပြတ်သားသား ကြေညာသွားရန် လိုအပ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ပြည်တွင်း၌လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အသီးသီးကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ရာ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာ ကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးကိုလည်း ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား တိုက်တွန်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ကြေညာခဲ့သည်။

# Eleven Media Group

Address

Yangon

Alerts

Be the first to know and let us send you an email when Zin Yaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share