Mobile Guide Journal

Mobile Guide Journal Whatever you want to know about mobile phones, Mobile Guide Journal is just around you.

တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပပြုလုပ်ခဲ့တဲ့ MPT MPT က တန်ဆောင်တိုင်မီးထွန်းပွဲတော် အဖြစ် တန်ဆောင်မုန်းလပြည့်နေ့က ရှမ...
07/11/2025

တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပပြုလုပ်ခဲ့တဲ့ MPT

MPT က တန်ဆောင်တိုင်မီးထွန်းပွဲတော် အဖြစ် တန်ဆောင်မုန်းလပြည့်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရပ်တော်မူဘုရားမှာ ဆီမီးထွန်းညှိပူဇော်ခဲ့သလို နိုဝင်ဘာလ (၆) ရက်မှာ မွန်ပြည်နယ်က ရွှေဗျိုင်းဖြူဘုရားနဲ့ ရန်ကုန်မြို့က စေတီပုထိုး (၃) ဆူဖြစ်တဲ့ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် နဲ့ ဆူးလေစေတီတော် တို့မှာ ဆီမီးထွန်းညှိ ပူဇော်ခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)က ရွှေမောဓောဘုရားမှာတော့ နိုဝင်ဘာလ (၈) ရက်မှာ ဆီမီး ထွန်းညှိ ပူဇော်သွားမှာဖြစ်ပါတယ်။

ဇူကာဘတ်က သူ့အိမ်မှာ စာသင်ကျောင်းကို တရားမဝင် ဖွင့်လှစ်ခဲ့ဇူကာဘတ်ဟာ Palo Alto, California က သူ့နေအိမ်မှာ စာသင်ကျောင်းကို ...
07/11/2025

ဇူကာဘတ်က သူ့အိမ်မှာ စာသင်ကျောင်းကို တရားမဝင် ဖွင့်လှစ်ခဲ့

ဇူကာဘတ်ဟာ Palo Alto, California က သူ့နေအိမ်မှာ စာသင်ကျောင်းကို လိုင်စင်မရှိဘဲ ဖွင့်လှစ်ခဲ့တာဖြစ်ကာ ကျောင်းနာမည်က Bicken Ben School ဖြစ်ပါတယ်။ တရားမဝင် ဖွင့်လှစ်ခဲ့တာကို2021ခုနှစ် မှာ အိမ်နီးချင်းတွေက စတင် သတိထားမိလာခဲ့ပါတယ်။ ကျောင်းသား ၃၀ လောက်တက်ရောက်ခဲ့တာဖြစ်ပြီး ကလေးတွေ အဝင်အထွက်များတာ နဲ့ ဆူညံသံတွေကြောင့် ဘေးပတ်ဝန်းကျင်က သူတွေ သတိထားမိလာခဲ့တာပါ။ တိုင်ကြားတဲ့သူတွေရှိလာတာကြောင့် တရားမဝင် ဖွင့်လှစ်တာကို စုံစမ်းနိုင်ခဲ့ကာကျောင်းကိစ္စ အရေးယူခံရဖို့ ရှိလာခဲ့ပါတယ်။ ဇူကာဘတ်ဘက်က အကြောင်းအမျိုးမျိုးနဲ့ အချိန်ဆွဲပြီး ကျောင်းကို ဆက်လက် ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ဆုံး မြို့တော်က တာဝန်ရှိသူတွေက ကျောင်းကို အခုနှစ် ဇွန်လမှာ ပိတ်သိမ်းမလား ဒါမှမဟုတ် တရားဥပဒေနဲ့ အရေးယူရမလားဆိုပြီး လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒါတောင် ဇူကာဘတ်ဘက်ကသြဂုတ်လလောက်မှ ကျောင်းကို ပိတ်လိုက်တာပါ။ ဇူကာဘတ်ဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ ကျောင်းကို ပိတ်လိုက်တာမဟုတ်ဘဲ နေရာပြောင်းဖွင့်လှစ်တာလို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ပြောင်းရွှေ့ ဖွင့်လှစ်တယ်ဆိုတာ မကြေညာပါဘူး။ အဲဒီ ပြောင်းရွှေ့ ဖွင့်လှစ်တဲ့ နေရာမှာလည်း ကျောင်းကို တရားဝင် ဖွင့်လှစ်တာလားဆိုတာကိုလည်းမသိရပါဘူး။

၂၀၂၆ ဇူလိုင်လကစပြီး Australiaပြည်သူ သိန်းနဲ့ချီ လျှပ်စစ်မီးကို ၃ နာရီလောက် အခမဲ့ သုံးခွင့်ရနိုင်Australia ရဲ့ အချို့နေရာ...
06/11/2025

၂၀၂၆ ဇူလိုင်လကစပြီး Australia
ပြည်သူ သိန်းနဲ့ချီ လျှပ်စစ်မီးကို ၃ နာရီလောက် အခမဲ့ သုံးခွင့်ရနိုင်

Australia ရဲ့ အချို့နေရာတွေမှာ ဆိုလာတပ်ဆင်လာတာ နှစ်ချီ ရှိလာတာကြောင့် လျှပ်စစ်မီး ဖူလုံလာကာ မကြာမီကာလမှာ သြဇီ ပြည်သူ သိန်းနဲ့ချီ လျှပ်စစ်မီးကို ၃ နာရီလောက် အခမဲ့ သုံးခွင့်ရနိုင်ပါမယ်။၂၀၂၆ ဇူလိုင်လကစပြီး New South Wales , South Australia, နဲ့ Queensland ရဲ့ အရှေ့တောင်ဘက်ခြမ်းက ပြည်သူသိန်းချီဟာ
လျှပ်စစ်မီးကိုတစ်နေ့ ၃ နာရီလောက် အခမဲ့ သုံးခွင့်ရနိုင်ပါမယ်။ လျှပ်စစ်မျှဝေခံစားခွင့် ရရှိဖို့ နေအိမ်မှာ ဆိုလာတပ်ဖို့မလိုဘဲ smart meter တပ်ထားဖို့ပဲ လိုပါမယ်။ အစိုးရရဲ့ လျှပ်စစ်အခမဲ့ ပေးသုံးတဲ့ အစီအစဉ်ကို နောက်ပိုင်းမှာ တခြားပြည်နယ်က သူတွေလည်း ခံစားခွင့်ရရှိ
ပါမယ်။

ပက်ကေ့ချ်များကို သုံးစွဲသူတို့ စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်သော MPT ရဲ့ အစီအစဉ်သစ်MPT သည် သုံးစွဲသူများအတွက်  “သင့်အကြိ...
06/11/2025

ပက်ကေ့ချ်များကို သုံးစွဲသူတို့ စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်သော MPT ရဲ့ အစီအစဉ်သစ်

MPT သည် သုံးစွဲသူများအတွက် “သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ် အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါပက်ကေ့ချ်သည် MPT သုံးစွဲသူများအတွက် ၎င်းတို့၏ လိုအပ်ချက်၊ ကြိုက်နှစ်သက်မှုနှင့် ကိုက်ညီသည့် ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ စာတို (SMS) နှင့် ဖျော်ဖြေရေး ပက်ကေ့ချ်များကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်သော အစီအစဉ်သစ် ဖြစ်ပါသည်။
MPT သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်ကာ ဆောင်ရွက်ထားသော အဆိုပါ ပက်ကေ့ချ်များကို အောက်ပါ ဇယားတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
“သင့်အကြိုက် သင့်စတိုင် DIY” ပက်ကေ့ချ်အကြောင်း အသေးစိတ်သိရှိလိုပါက https://mpt.com.mm/mm/diy-package/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT4U အက်ပလီကေးရှင်းမရှိသေးသော MPT သုံးစွဲသူများအနေဖြင့် အန်းဒရိုက်ဖုန်းနှင့် iOS ဖုန်းအသုံးပြုသူများ MPT4U အက်ပလီကေးရှင်းကို https://bit.ly/MPT4Ufree (သို့မဟုတ်) *4040 # ကို ခေါ်ဆိုပြီး ရယူနိုင်ပါသည်။

အာကာသစခန်းထဲ အသားကင်လုပ်စားကြသူများ Tiangong အာကာသစခန်းက ယာဉ်မှူးတွေ ပညာရှင်တွေကတော့ပြီးခဲ့တဲ့ရက်က အသားကင်တွေလုပ်စားကြပါ...
05/11/2025

အာကာသစခန်းထဲ အသားကင်လုပ်စားကြသူများ

Tiangong အာကာသစခန်းက ယာဉ်မှူးတွေ ပညာရှင်တွေကတော့ပြီးခဲ့တဲ့ရက်က အသားကင်တွေလုပ်စားကြပါတယ်။ သေချာထုတ်ပိုးသယ်လာတဲ့ ကြက်တောင်ပံ နဲ့ အသားဖတ် တွေကို အထူးပြုလုပ်ထားတဲ့ မီးဖိုနဲ့ ကင်စားကြတာပါ။ မီးဖိုမှာ အပူချိန်ထိန်းချုပ်မှုစနစ်, မီးခိုးကင်းမှု နှင့် အစအနတွေ မလွင့်စေမယ့် နည်းပညာပိုင်းဆိုင်ရာတွေပါပါတယ်။
အဲဒီ မီးဖိုဟာ အာကာသထဲတွင် အကြိမ် ၅၀၀ လောက်အထိ အသုံးပြုနိုင်ပါမယ်။

ခြေထောက်လှလို့ အသားကပ်ဘောင်းဘီနဲ့ ခြေအိတ်တွေ အွန်လိုင်းမှာ ကြော်ငြာနေရတဲ့ ကလေး အဖေလူမှုကွန်ရက်ပေါ်က ခန္ဓာကိုယ် တ-စ်ပိုင်...
04/11/2025

ခြေထောက်လှလို့ အသားကပ်ဘောင်းဘီနဲ့ ခြေအိတ်တွေ အွန်လိုင်းမှာ ကြော်ငြာနေရတဲ့ ကလေး အဖေ

လူမှုကွန်ရက်ပေါ်က ခန္ဓာကိုယ် တ-စ်ပိုင်-- းတ-စ်ဖြ-တ်ရိုက် ကြော်ငြာတွေမှာ လက်ချောင်းလေးတွေ l ခြေထောက်တွေလှလို့ သွယ်လို့ဆိုပြီး ကြော်ငြာမော်ဒယ်ကိုမိန်းကလေးလို့ မယူဆပါနဲ့ ကလေး အဖေ လည်း ဖြစ်နေနိုင်ပါတယ်။ ဝူဟန်မြို့က အသက် ၃၁ နှစ်အရွယ်Xu လို့ ခေါ်ဆို နိုင်တဲ့ယောကျာ်းလေးဟာအရပ် 177cm ရှည်ကာ ကိုယ်အလေးချိန် 60kg ရှိပါတယ်။ သူ့ရဲ့ ခြေထောက်လေးတွေဟာ မိန်းကလေးနဲ့ တူတဲ့အတွက် အမျိုးသမီးဝတ် ခြေအိတ် l အသားကပ်ဘောင်းဘီ တွေသာမက အခြား အမျိုးသမီး အဝတ်တွေကိုပါ ဝတ်ဆင်ကြော်ငြာခွင့်ရနေပါတယ်။ Xu ရဲ့ ကြော်ငြာအကောင့်ကို သူ့ရဲ့ အမျိုးသမီးကပါ ပူးတွဲအသုံးပြုပါတယ်။ တချို့ followers တွေဆိုရင် Xu လို ခြေထောက် လှချင်လို့ ဘယ်လိုလုပ်ရမလဲ လို့ မေးမြန်းကြပါတယ်။ Xu က သူ့ရဲ့ ခြေထောက်ဟာ ပြုပြင်ထားတာ l app သုံးထားတာမဟုတ်ဘဲ အမေနဲ့ တူတာဖြစ်ကြောင်း ပြောထားပါတယ်။ Xu ဟာ ကျောင်းတက်တုန်းက ခြေထောက်သေးလို့ လူကောင်မထွားလို့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပေမယ့် အခုတော့ အဲဒီ ခြေထောက်တွေနဲ့ပဲ အိမ်နေရင်း ပိုက်ဆံရှာဖွေနိုင်နေပါပြီ။ Xu ဟာ နဂိုတုန်းက ကြော်ငြာကုမ္ပဏီ တစ်ခုမှာ 3D designer တာဝန်ကိုယူခဲ့ပါတယ်။ အဲဒီတုန်းက အသားကပ်ဘောင်းဘီ ကြော်ငြာတစ်ခုအတွက် အလုပ်ရှင်ကပိုက်ဆံ ချွေတာတဲ့အနေနဲ့ မော်ဒယ်မငှားဘဲ Xu ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။Xu က လက်ခံ ကြော်ငြာရိုက်ကူးပေးခဲ့ကာ အလုပ်အပ်တဲ့ လုပ်ငန်းရှင်ဘက်က ကြော်ငြာကိုမြင်ချိန် ယောကျာ်းလေးတစ်ယောက်ရဲ့ ခြေထောက်တွေလို့ မထင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ Xu ရဲ့ ကုမ္ပဏီ လည်းအကြောင်းကြောင်းကြောင့် ပိတ်သိမ်းခဲ့ရကာ Xu လည်း အိမ်မှာ ကလေးထိန်းရတဲ့ အိမ်ထောင်ရှင်ထီး ဘဝကို ရောက်သွားပါတယ်။ အခုတော့ Xu တစ်ယောက် အမျိုးသမီးဝတ် အထည်လုပ်ငန်းတွေနဲ့ လက်တွဲ လုပ်ကိုင်ကာဝင်ငွေရနေပါပြီ။

တောင်ကိုရီးယား သမ္မတ ကို Xiaomi ဖုန်းနှစ်လုံး လက်ဆောင်ပေးပြီး နောက်ပြောင်စကားဆိုတဲ့ တ-ရုတ်သမ္မတ တ-ရုတ်သမ္မတဟာ အေပက် ထိပ်...
03/11/2025

တောင်ကိုရီးယား သမ္မတ ကို Xiaomi ဖုန်းနှစ်လုံး လက်ဆောင်ပေးပြီး နောက်ပြောင်စကားဆိုတဲ့ တ-ရုတ်သမ္မတ

တ-ရုတ်သမ္မတဟာ အေပက် ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားကိုရောက်လာပြီးနောက်
သမ္မတ Lee Jae Myung နဲ့ တွေ့ဆုံကာအပြန်အလှန် လက်ဆောင်ပစ္စည်းတွေ ပေးအပ်ကြပါတယ်။ တ-ရုတ်သမ္မတကတောင်ကိုရီးယား သမ္မတ နဲ့သမ္မတ ကတော်အတွက် Xiaomi ဖုန်းတစ်လုံးစီလက်ဆောင်ပေးပါတယ်။လက်ဆောင်ပစ္စည်းတွေ အကြောင်းပြောရင်း တောင်ကိုရီးယား သမ္မတက ဖုန်းတွေရဲ့ လုံခြုံရေး အကြောင်း ပေါ့ပေါ့ပါးပါး မေးတဲ့အခါ တရုတ် သမ္မတက ရယ်ရယ်မောမောနဲ့ လျှို့ဝှက်ထောက်လှမ်းနိုင်တဲ့စနစ်တွေ ဖုန်းထဲမှာ ပါမပါ စစ်ကြည့်လို့ ရကြောင်း ပြောဆိုခဲ့ပါတယ်။ တ-ရုတ် သမ္မတဟာ လူအများကြားမှာ နောက်ပြောင်စကားတွေ ပြောဖို့ ခဲယဉ်းသလို အခု သမ္မတ အချင်းချင်း ရယ်ရယ်မောမော ပြောဆိုတဲ့စကားဟာလည်းလျှို့ဝှက်ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာဖြစ်နေတဲ့အတွက် ထူးခြားတဲ့ အနေအထားတစ်ရပ်ဖြစ်နေပါတယ်။ အနောက်ကမ္ဘာမှာတော့ တ-ရုတ်နဲ့ ပတ်သက်တဲ့ နည်းပညာပစ္စည်းတွေ ကွန်ရက်စနစ်တွေကို သတိကြီးကြီးထားသုံးစွဲဖို့ ( လုံးဝ မသုံးစွဲဖို့ ) ပြောဆိုထားတာတွေရှိပါတယ်။

တ-ရုတ် တံဆိပ်တစ်ခုကနေ 9000 mAh ဘက်ထရီ အားကိုသုံးနိုင်မယ့် ဖုန်းမျိုး ထွက်ဖို့ရှိ တ-ရုတ်ကလာတဲ့ သတင်းရင်းမြစ်တစ်ခုအရ 9,000...
02/11/2025

တ-ရုတ် တံဆိပ်တစ်ခုကနေ 9000 mAh ဘက်ထရီ အားကိုသုံးနိုင်မယ့် ဖုန်းမျိုး ထွက်ဖို့ရှိ

တ-ရုတ်ကလာတဲ့ သတင်းရင်းမြစ်တစ်ခုအရ 9,000 mAh battery ပါမယ့် ဖုန်းတစ်မျိုး မကြာခင် ထွက်လာနိုင်ကြောင်း အဲဒီဖုန်းဟာ 100W အမြန်အားသွင်းစနစ် ထောက်ပံ့ထားကြောင်းသိရပါတယ်။ ဘယ်ဖုန်းတံဆိပ်လဲ ဆိုတာ အတိအကျ မပြောထားပေမယ့် ခန့်မှန်းချက်တွေအရကတော့ Redmi ဖုန်းတစ်မျိုးမျိုးဖြစ်နိုင်ပါတယ်။ လောလောဆယ် အဲဒီဖုန်းဟာ စမ်းသပ်သုံးစွဲနေတဲ့ အဆင့်မှာ ရှိပါတယ်။ ဘက်ထရီအားအကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်လာမယ့် အဲဒီ ဖုန်းဟာ ဥရောပ နဲ့ တခြားဈေးကွက်တွေ အတွက်တော့ အရည်အသွေး ကွဲခြားတဲ့ အနေအထားနဲ့ ရောင်းချလာဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားကြပါတယ်။

ဒရုန်းက ဖိုက်ဘာကြိုးမျှင် ကို ယူသုံးထားတဲ့ စစ်ပွဲကြားက ငှက်သိုက်လေးငှက်လေးတွေဟာ ဘေးဒဏ်အမျိုးမျိုးကြား သူတို့ရဲ့ အသိုက်အမ...
01/11/2025

ဒရုန်းက ဖိုက်ဘာကြိုးမျှင် ကို ယူသုံးထားတဲ့ စစ်ပွဲကြားက ငှက်သိုက်လေး

ငှက်လေးတွေဟာ ဘေးဒဏ်အမျိုးမျိုးကြား သူတို့ရဲ့ အသိုက်အမြုံလေး လုံခြုံဖို့ သဘာဝ အသိနဲ့ မမောမပန်း တည်ဆောက်ကြပါတယ်။ ယူကရိန်းရဲ့ စစ်ပွဲဖြစ်တဲ့ နေရာတစ်ခုမှာ စစ်သားတွေဟာ ထူးခြားတဲ့ ငှက်သိုက်လေးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ငှက်သိုက်လေးဟာ မြက်တွေကောက်ရိုးမျှင်နဲ့ တခြားအမွှေးအမျှင်တွေအပြင် FPV drone က ဖိုက်ဘာကြိုးမျှင် နဲ့ပါ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ပျက်စီးပြီး သုံးမရတဲ့ စွန့်ပစ် ဒရုန်းတွေ ဟာ ငှက်လေးတွေအတွက် အားကိုးရာတစ်ခု ဖြစ်နေပါတယ်။

MPT သုံးစွဲသူများ (၇) ရက် အတွင်း အသုံးပြုနိုင်မည့် 500 MB ဒေတာ လက်ဆောင်ရရှိမည်ပြီးခဲ့သည့်ရက်ပိုင်းက MPT ရဲ့ နည်းပညာပိုင်...
31/10/2025

MPT သုံးစွဲသူများ (၇) ရက် အတွင်း အသုံးပြုနိုင်မည့် 500 MB ဒေတာ လက်ဆောင်ရရှိမည်

ပြီးခဲ့သည့်ရက်ပိုင်းက MPT ရဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် MPT သုံးသူများ SMS နှင့် အင်တာနက် ဝန်ဆောင်မှု သုံးရာတွင် အခက်အခဲ ဖြစ်ခဲ့ကြရသည်။ ထို့အတွက် MPT မှ သုံးစွဲသူများအား (၇)ရက်အတွင်း အသုံးပြုနိုင်မည့် 500MB ဒေတာလက်ဆောင်ကို မကြာခင် ပြန်လည်ထည့်သွင်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇူကာဘတ်ရဲ့ Meta က ဝန်ထမ်း ၆၀၀ ကျော် အလုပ်ဖြုတ်မယ် အနောက်နိုင်ငံက လုပ်ငန်းအချို့ ဟာ AI , စက်ရုပ် , ငွေရေးကြေးရေး နဲ့ အခြာ...
30/10/2025

ဇူကာဘတ်ရဲ့ Meta က ဝန်ထမ်း ၆၀၀ ကျော် အလုပ်ဖြုတ်မယ်

အနောက်နိုင်ငံက လုပ်ငန်းအချို့ ဟာ AI , စက်ရုပ် , ငွေရေးကြေးရေး နဲ့ အခြား ပြုပြင်စရာ ကိစ္စ တွေကြောင့် ဝန်ထမ်း ရာချီကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်လာကြပါတယ်။ Amazon ဆိုရင် ဝန်ထမ်းတွေကို စတင်အလုပ်ဖြုတ် နေကာ ဇူကာဘတ်ရဲ့ Meta လုပ်ငန်းကလည်း ဝန်ထမ်း ၆၀၀ ကျော် ကို အလုပ်ဖြုတ်ပါမယ်။ AI ဌာန ပြန်လည်ဆန်းသစ်မယ်ဆိုတဲ့ ခေါင်းစဉ် နဲ့ အလုပ်ဖြုတ်မှာဖြစ်ပြီး အဲဒီ ဝန်ထမ်းတွေ အလုပ်သစ်ရဖို့ Meta ဘက်က တတ်နိုင်သမျှ ကူညီပံ့ပိုးပါမယ်။ Meta ရဲ့ ပိုက်ဆံတွေကို AR / VR တွေကို ဖန်တီးပံ့ပိုးပေးနေတဲ့ ဌာန တွေက ဒေါ်လာ ဘီလီယမ်များစွာ ဖြုန်းတီးထားပါတယ်။

တ-ရုတ်က Influencer တွေ အသိအမှတ်ပြု လက်မှတ်ရယူထားမှ တချို့ အကြောင်းအရာတွေ ပြောဆိုနိုင်မယ် အွန်လိုင်းခေတ်မှာ နိုင်ငံအနှံ့ ...
29/10/2025

တ-ရုတ်က Influencer တွေ အသိအမှတ်ပြု လက်မှတ်ရယူထားမှ တချို့ အကြောင်းအရာတွေ ပြောဆိုနိုင်မယ်

အွန်လိုင်းခေတ်မှာ နိုင်ငံအနှံ့ Influencer တွေ အများအပြားပေါ်ထွက်လာကြပါတယ်။ တ-ရုတ်ကတော့ သူ့နိုင်ငံက Influencer တွေကို စည်းလွတ်ဝါးလွတ်ပြောခွင့်မပေးပါဘူး။ ဆေးပညာ l စီးပွားရေး l ပညာရေး နဲ့ ဥပဒေ ကိစ္စ တွေကို ပြောချင်တဲ့ Influencer တွေဟာ အဲဒါတွေ နဲ့ ပတ်သက်တဲ့ဘွဲ့ ဒါမှမဟုတ် အသိအမှတ်ပြု လက်မှတ်တစ်ခုခု ရရှိထားမှသာ ပြောခွင့်ဆိုခွင့် ရှိပါမယ်။ တ- ရုတ်ပိုင် အွန်လိုင်းပလက်ဖောင်းတွေ ဖြစ်တဲ့ Douyin , Bilibili, နဲ့ Weibo တို့ဟာ သက်ဆိုင်ရာ Influencer အကောင့်တွေကိုစစ်ဆေးရမှာဖြစ်ပါတယ်။ Content creator တွေ l Influencer တွေ အနေနဲ့ မိမိ ပြောဆိုရေးသားတဲ့ အကြောင်းအရာပေါ် တာဝန်ခံမှုအပြည့်ယူ ရတော့မှာဖြစ်ပါတယ်။ဒါ့အပြင် တ-ရုတ် ဆိုက်ဘာ ဌာနက အွန်လိုင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေ ဆေးဝါးတွေ ဖြည့်စွက်စာတွေကိုလည်းစိစစ်ပိတ်ပင်ပါမယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Mobile Guide Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobile Guide Journal:

Share