T-Square

T-Square Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T-Square, Digital creator, Yangon.

Personal Page of Tun Tun Aye, who is an award-winning photographer, indie documentary film maker in hobby based in Myanmar and contributes his time and efforts in various charities and professional associations like Rotary Club, Marketing Society, Bartenders Association and NTU Alumni Assication.

အသက်ရှူခြင်းက သိပ်စဉ်းစားဖို့မလိုတဲ့ လိုအပ်တဲ့လုပ်ဆောင်မှု တစ်ခုပါ ... ဒါပေမယ့် တွေးကြည့်ရင် အသက်ရှူခြင်းက သင့်ရဲ့ ကိုယ်...
15/09/2023

အသက်ရှူခြင်းက သိပ်စဉ်းစားဖို့မလိုတဲ့ လိုအပ်တဲ့လုပ်ဆောင်မှု တစ်ခုပါ ... ဒါပေမယ့် တွေးကြည့်ရင် အသက်ရှူခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးကို ပြောင်းလဲစေနိုင်ပါတယ် ...

၄-၇-၈ အသက်ရှူခြင်းစနစ်မှာ
4️⃣ အသက်ရှူတာကို ၄ အထိကြာ‌အောင်ရေတွက် ရှုသွင်း
7️⃣ ရှူသွင်းထားတဲ့လေကို ၇ အထိကြာ‌အောင်ရေတွက် ထိန်းထား
8️⃣ ရှူသွင်းထားတဲ့လေကို ၈ အထိကြာ‌အောင်ရေတွက်ပြီး ပါးစပ်ကနေရှူထုတ် ရတာပါ ...

၄-၇-၈ အသက်ရှူခြင်းစနစ်ဟာ စိတ်ဖိစီးမှု၊ သောကတွေကို လျော့ချပေးပြီး ကောင်းမွန်စွာအိပ်မောကျဖို့ အထောက်အကူဖြစ်တာမို့ အသုံးချကြည့်ဖို့ ဝေမျှပေးလိုက်ပါတယ် ...

"ဗုဒ္ဓက ရိုးလွန်းပါတယ်"***********************ဗုဒ္ဓက ရိုးလွန်းပါတယ်...ဝမ်းစာအတွက် မနက်တိုင်းဆွမ်းခံကြွ၊ဆွမ်းမရတဲ့နေ့ အငတ...
06/10/2022

"ဗုဒ္ဓက ရိုးလွန်းပါတယ်"
***********************
ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဝမ်းစာအတွက် မနက်တိုင်းဆွမ်းခံကြွ၊
ဆွမ်းမရတဲ့နေ့ အငတ်ခံသတဲ့။
(ပိဏ္ဍသုတ်၊ သဂါထာဝဂ္ဂသံယုတ်)
ရာသက်ပန် ဆွမ်းပဒေသာပင်
စိုက်ထူရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဝတ်စရာသင်္ကန်း လမ်းဘေးကကောက်ယူ၊
ပံ့သကူ ချည်ကြမ်းထည်ကြီး တဲ့။
(ဝိနည်းမဟာဝါ၊ ပိုဒ်- ၄၄)
စျေးကြီး အကောင်းစား နိုင်ငံခြားဖြစ်သင်္ကန်းကို
အလှူခံဝတ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ခရီးသွားရင်း ညခို၊ မီးဖိုဆောင်မှာ နေ
မြွေရန် ကင်းရန်တွေကြား
ကောက်ရိုးလေး ပါးပါးခင်းအိပ်သတဲ့။
(ဝိနည်းမဟာဝါ၊ပိုဒ်.. ၃၇)
ဟိုတယ် မိုတယ်ကိုရှာ၊ ​ဆိုဖာပေါ်မှေး
ဒေါ်လာပေးပြီး တည်းရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
တိတ်ဆိတ်စွာနေရတာကို
မြတ်နိုးတော်မူသတဲ့။
(သီလက္ခန်၊ ပေါဋ္ဌပါဒသုတ်)
ခုနှစ်ရက်ခုနှစ်လီ အသံမစဲ
ဘာညာရွတ်ပွဲတွေ လုပ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဓမ္မပူဇာအဖြစ်
ဆွမ်းတနပ်စာတောင် လက်မခံဘူးတဲ့။
(ကသိဒွါရဘာဇသုတ်၊ သဂါထာဝဂ္ဂသံယုတ်)
တရားတပွဲကို စျေးဘယ်လောက်လို့
သတ်မှတ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ပွဲသဘင်မှန်သမျှ
ငြင်းဆန် ရှောင်ရှားသတဲ့။
(သီလက္ခန်၊ ပိုဒ်-၁၃)
မွေးနေ့ပွဲ
ဂုဏ်ပြုပွဲ
အဘထွက်ပွဲ
ပွဲတွေပွဲတွေ လုပ်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ကိန်းခန်းမြင့်တဲ့ ပစ္စည်းတွေ
အလှူမခံဘူး၊ မသုံးဘူးတဲ့။
(သီလက္ခန်၊ ပိုဒ်-၁၅)
"ကိုယ့်ဘုန်းကံရှိလို့ သုံးရတာ
ဘယ်သူ့ ဂရုစိုက်ရမလဲ?" လို့
ပြောရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
မင်းစိုးရာဇာ ဒကာဒကာမ တွေကို
ကပ်ဖားရပ်ဖား လုံးဝမလုပ်ဘူး တဲ့။
(သီလက္ခန်၊ ပိုဒ်-၂၀)
ကပ်ဖားရပ်ဖားလုပ်ပြီး
အဘိဓဇဘွဲ့၊ အဂ္ဂမဟာဘွဲ့တွေ
တောင်းရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
တောကြိုတောင်ကြား
နွားကျောင်းသား လယ်သမားထိ
တရားလိုက်ဟောရှာတယ်။
(ပထမဒါရုက္ခန္ဓောပမသုတ်၊ သဠာယတနဝဂ္ဂသံယုတ်)
စခန်းဖွင့် ရိပ်သာထောင်
နေမလောင် မိုးမခ
ဇိမ်ကျကျဟောရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး။

ဗုဒ္ဓက ရိုးလွန်းပါတယ်...
ဓမ္မမြင်မှ ငါ့မြင်မှာတဲ့။
(သင်္ဃာဋိကဏ္ဏသုတ်၊ ဣတိဝုတ်)
ဓမ္မသည်သာ ကိုးကွယ်ရာတဲ့။
(ပဌမဥရုဝေဠသုတ်၊ စတုက္ကနိပါတ်)
စေတီရုပ်ပွား မှိုထက်များအောင်
ဟိုနားတည် ဒီနားတည်
ဘုရားတည်ရကောင်းမှန်း
ဗုဒ္ဓ မသိရှာဘူး...

ဗုဒ္ဓက ရိုးလွန်းပါတယ်၊
ဗုဒ္ဓက ရိုးလွန်းပါတယ်၊
ဗုဒ္ဓက ရိုးကိုရိုးလွန်းပါတယ်လေ...

🙏🙏🙏🙏🙏🙏🙏🙏🙏
Ya Hann
မောင်ရဟန်း (သာသနာ့ရင်ခွင်)
🙏🙏🙏
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ

အရှင်မေဓိယ

မြန်မာနိင်ငံအတွက် အထူးသီးသန့်ဒီဇိုင်းထုတ်လုပ်ထားတဲ့ နာရီပုံစံလေးပါ ... လာမယ့်အချိန်၊ ပျက်မယ့်အချိန် အလွယ်တကူကြည့်လို့ရသလ...
27/05/2022

မြန်မာနိင်ငံအတွက် အထူးသီးသန့်ဒီဇိုင်းထုတ်လုပ်ထားတဲ့ နာရီပုံစံလေးပါ ...

လာမယ့်အချိန်၊ ပျက်မယ့်အချိန် အလွယ်တကူကြည့်လို့ရသလို alarm အသံပေးလို့ရတဲ့စနစ်လည်း ထည့်သွင်းထားပါတယ် ...

အရေအတွက် အကန်အသတ်နဲ့သာ ထုတ်လုပ်ရောင်းချပေးမှာမို့လို့ မရလိုက်မဖြစ်ရအောင် မိမိမိတ်ဆွေများကို share ပေးစေချင်ပါတယ် ...

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိလေးကို ချစ်စရာပုံလေးတွေနဲ့ ဆရာ ပေါ်ဦးသက် ရေးဆွဲခဲ့တာလေးကို စာရွက်အမည်းပေါ် ပြန်လည်ကူးယူ...
12/02/2022

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိလေးကို ချစ်စရာပုံလေးတွေနဲ့ ဆရာ ပေါ်ဦးသက် ရေးဆွဲခဲ့တာလေးကို စာရွက်အမည်းပေါ် ပြန်လည်ကူးယူ မှတ်တမ်းတင်ထားတာလေး ဝေမျှတာပါ ...

တစ်ပုံချင်းစီမှာလည်း သရုပ်ဖေါ်စာသားအတိုလေးတွေ တတ်နိုင်သမျှရှာဖွေရေးသား ဖော်ပြပေးထားပါတယ် ...

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဝေမျှလိုက်ပြီး နှစ်သက်ရင်လည်း လွတ်လပ်စွာ share လို့ ရပါတယ် ....

အရမ်းဆန်းကြယ်ပါတယ် ...နီပေါနိုင်ငံရဲ့ တောင်တန်းဒေသမှာ တိဘက်ဘုန်းတော်ကြီးတစ်ပါး ရှာဖွေတွေ့ရှိပါတယ် ... ဘုန်းတော်ကြီးက သက်...
27/11/2021

အရမ်းဆန်းကြယ်ပါတယ် ...

နီပေါနိုင်ငံရဲ့ တောင်တန်းဒေသမှာ တိဘက်ဘုန်းတော်ကြီးတစ်ပါး ရှာဖွေတွေ့ရှိပါတယ် ... ဘုန်းတော်ကြီးက သက်တော်အားဖြင့် အသက် ၂၀၁ နှစ်ခန့်လို့ ယူဆရပါတယ် ...ဘုန်းတော်ကြီးက နက်ရှိုင်းစွာ ဆိတ်ငြိမ်ခြင်း ဒါမှမဟုတ် တက္ကတကို့ခေါ်တဲ့ တရားထိုင်ခြင်းလို့ ယူဆရတဲ့ အနေအထားမှာ ရှိနေပါတယ် ...

ဘုန်းတော်ကြီးကို တောင်တန်းဂူထဲမှာ စတွေ့တော့ မမ္မီလို့ ခေါ်တဲ့ ရုပ်အလောင်းလို့ ထင်မြင်ခဲ့ကြတာပါ ...

ဒါပေမယ့် သိပ္ပံပညာရှင်တွေ စမ်းသပ်စစ်ဆေးတဲ့အခါ ဘုန်းတော်ကြီးဟာ သက်ရှိထင်ရှား ရှိနေဆဲဆိုတာ လေ့လာတွေ့ရှိရပါတယ် ...

ဘုန်းတော်ကြီးနဲ့အတူ ရှာဖွေတွေ့ရှိရတဲ့အထဲမှာ အခုလိုရေးသားထားတဲ့ စာရွက်တစ်ရွက်လည်း ပါပါတယ် ...

" Facebook မှာ ဖတ်ရသမျှ ပေါက်ပန်းလေးဆယ်တွေကို မယုံကြပါနဲ့ " တဲ့ ...

ဝေမျှသူအပေါင်း ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက်ပါစေ 😀😀😀

သင်ရဲ့ အချိန် နဲ့ ငွေ ကို သင့်ဘဝ အရည်အသွေး တိုးတက် ကောင်းမွန်ရေးအတွက် အသုံးချပါ ...ပိုမို နေထိုင် ကောင်းမွန်စေဖို့💵 ငွေက...
23/11/2021

သင်ရဲ့ အချိန် နဲ့ ငွေ ကို သင့်ဘဝ အရည်အသွေး တိုးတက် ကောင်းမွန်ရေးအတွက် အသုံးချပါ ...

ပိုမို နေထိုင် ကောင်းမွန်စေဖို့
💵 ငွေကြေးကို grooming တကိုယ်ရည် လှပသေသပ်မှု
🕘 အချိန်ကို gym ကိုယ်ကာယကြံ့ခိုင်မှု အတွက် အသုံးချပါ ...

ပိုမို ကြည့်၍ ကောင်းမွန်စေဖို့
💵 ငွေကြေးကို food choices ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက် ရွေးချယ်မှု
🕘 အချိန်ကို meditation စိတ်ဓါတ် ကြံ့ခိုင်မှု တရားထိုင်ခြင်း အတွက် အသုံးချပါ ...

ပိုမို ဝင်ငွေ ကောင်းမွန်စေဖို့
💵 ငွေကြေးကို investment ရင်းနှီးမြှပ်နှံမှု
🕘 အချိန်ကို skill အတတ်/နည်းပညာ ကျွမ်းကျင်မှုအတွက် အသုံးချပါ ...

Covid-19 ကပ်ရောဂါဆိုး ကျရောက်နေတဲ့ကာလအတွင်း e-commerce မှာ စားသုံးသူတွေ အဝယ်အများဆုံး လူသုဲးကုန်ပစ္စည်း ၁၀ မျိုးနဲ့ ဝယ်လ...
28/05/2020

Covid-19 ကပ်ရောဂါဆိုး ကျရောက်နေတဲ့ကာလအတွင်း e-commerce မှာ စားသုံးသူတွေ အဝယ်အများဆုံး လူသုဲးကုန်ပစ္စည်း ၁၀ မျိုးနဲ့ ဝယ်လိုအား အကျဆင်းဆုံး ပစ္စည်း ၁၀ မျိုး စာရင်းပါ ...Stackline၊ Amazon၊ Business Insider နဲ့ CNBC အစရှိတဲ့ သတင်း အရင်းအမြစ်တွေကနေ ရယူထားပြီး မနှစ်က ၂၀၁၉ မတ်လက ဝယ်လိုအားနဲ့ ဒီနှစ် ၂၀၂၀ မတ်လမှာ ဖြစ်လိုတဲ့ ဝယ်လိုအားကို နှိုင်းယှဉ်ဖော်ပြထားတာပါ ...

Novel Corona Virus မှာ နိုင်ငံတော်တော်များများမှာ ထပ်မံ ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ် ... ဒါကတေ...
23/02/2020

Novel Corona Virus မှာ နိုင်ငံတော်တော်များများမှာ ထပ်မံ ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ် ... ဒါကတော့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီဖြစ်တဲ့ AIA က အကြံပြုထားတဲ့ သတိပြုဆင်ခြင်ရမယ့် အချက် ၁၃ ချက် ဖြစ်ပါတယ် ...

Personal Care တကိုယ်ရည် ဂရုစိုက်မှု

၁. Mask ဝတ်ဆင်ရာတွင် အရောင်ပါသည့်ဘက်ကို အပြင်ဘက်တွင်ထားပြီး သတ္တုကြိုးပါသည့်ဘက်ကို အပေါ်ဘက်တွင်ထား၍ ဝတ်ဆင်ပါ
၂. နှာချေသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပုဝါနှင့် အုပ်၍ နှာချေပါ
၃. ကိုယ်အပူချိန် ပုံမှန်တိုင်းတာပါ
၄. လူအများစုဝေးရာ နေရာများသို့ မလိုအပ်ပဲသွားလာခြင်း ရှောင်ကျဉ်ပ့
၅. လူအများနှင့် စားသောက်ရာဟင်းပွဲများတွင် သီးသန့်တည်ခင်းသော ဇွန်း၊ ခရင်းနှင့် တူ တို့ကိုသာ သုံးစွဲပါ

Hand Hygiene လက်နှင့်ဆိုင်သော သန့်စင်ခြင်း

၆. မလိုအပ်ပဲ ထိတွေ့ခြင်းများ ရှောင်ကျဉ်ပါ (လက်ဆွဲနှုတ်ဆက်ခြင်းမှအစ)
၇. သင့်တကိုယ်ရည်သုံး ဖုန်း၊ မှန် စသည့်အရာများကို ပိုးသတ်ပေးသည့် တစ်ခါသုံး အဝတ်များနှင့် မကြာခဏ သန့်စင်ပေးပါ
၈. သင့်လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ခန့် အနည်းဆုံးထားပြီး မကြာခဏ သန့်စင်ပေးပါ

Body Protection ခန္ဓာကိုယ်ဆိုင်ရာ ကာကွယ်ဂရုစိုက်ခြင်း

၉. နေမကောင်းပါက ဆရာဝန်နှင့် သေချာစွာ ပြသဆွေးနွေးပါ
၁၀. အိမ်ပြန်ရောက်တိုင်း လက်နှင့် အဝတ်အစားများကို သေချာစွာ သန့်စင်ဆေးကြောပါ

Living Habit နေထိုင်မှုပုံစံ

၁၁. သင့်အိမ်ကို လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းအောင်ထားပါ
၁၂. အိမ်သာအဖုံးကို အရင်ပိတ်ပြီးမှ ရေဆွဲချပါ

Love & Care ချစ်ခြင်း နှင့် ဂရုစိုက်ခြင်း

၁၃. သင်ချစ်ရသူတွေကို အသေအချာဂရုစိုက်ဖို့ သတိပေးပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်ပါ

၂၀၁၉ ခုနှစ် ဇွန်လအတွင်း ရာသီတုပ်ကွေး သံသယလူနာ ၂၀ ဦးရှိခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ခဲ့ပြီးနောက် ၇ ဦးကတော့ H1N1 pmd 09 လို့ အတ...
19/06/2019

၂၀၁၉ ခုနှစ် ဇွန်လအတွင်း ရာသီတုပ်ကွေး သံသယလူနာ ၂၀ ဦးရှိခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ခဲ့ပြီးနောက် ၇ ဦးကတော့ H1N1 pmd 09 လို့ အတည်ပြုခဲ့ပါတယ်... ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအနက် လူနာ ၃ ဦးဟာ H1N1 တုပ်ကွေးရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်...

ရာသီတုပ်ကွေးရောဂါက ဘယ်လိုလူမျိုးတွေမှာ ပိုအဖြစ်များလဲ
ဘယ်လို ရောဂါလက္ခဏာတွေ ပြလဲ
ဘယ်လို ကျန်းမာအောင် နေထိုင်ရမလဲ ဆိုတာလေးတွေ ဝေမျှပေးထားတာမို့ အများပြည်သူကို ဝေမျှပေးကြပါနော်...

စကားမပြောခင် အရင် T.H.I.N.K စဉ်းစားပါ ... T ...  is it True? သင်ပြောမယ့်စကားက မှန်ကန်ရဲ့လား H ...  is it Helpful? သင်ပြေ...
07/06/2019

စကားမပြောခင် အရင် T.H.I.N.K စဉ်းစားပါ ...

T ... is it True? သင်ပြောမယ့်စကားက မှန်ကန်ရဲ့လား
H ... is it Helpful? သင်ပြောမယ့်စကားက ကူညီရာရောက်ရဲ့လား
I ... is it Inspiring? သင်ပြောမယ့်စကားက ခွန်အားဖြစ်စေရဲ့လား
N ... is it Necessary? သင်ပြောမယ့်စကားက တကယ်ပြောဖို့ လိုအပ်ရဲ့လား
Kind ... is it Kind? သင်ပြောမယ့်စကားက သူတပါးအပေါ် ကြင်နာမှုရှိရဲ့လား ဆိုတာတွေ အရင်စဉ်းစားသင့်ပါတယ်...

တကယ်ကတော့ စကားပြောရာမှာမှ မဟုတ်ပါဘူး... Facebook မှာ post တင်တာ... share တာ... comment ပေးတာတွေမှာပါ အရင် စဉ်းစား T.H.I.N.K သင့်ပါတယ်...

17/04/2019

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာနှစ်သစ်ဖြစ်ပါစေ လို့ T-Square Page က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နှစ်သစ်အခါသမယမှာ ဓာတ်ပုံဆုများပိုင်ရှင် ထွန်းထွန်းအေး ရိုက်ကူးထားတဲ့ ကြည်နူးစရာ ဓာတ်ပုံဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ "မေတ္တာ"ဇာတ်လမ်းကို တင်ဆက်လိုက်ပါတယ်။

မြန်မာနှစ်သစ်တိုင်းမှာ သက်ကြီးရွယ်အို ဘိုးဘွားများကို ခေါင်းလေ ျှာ်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်း စတဲ့ ကောင်းမှုများ ပြုလုပ်ပြီး ကုသိုလ်ယူကြတဲ့ဓလေ့ မြန်မာလူမျိုးတွေမှာ ရှိကြပါတယ်။

မြန်မာလူမျိုး အများစုက ဒီကုသိုလ်ကို တစ်နှစ်မှတစ်ခါ ပြုတတ်ကြပေမည့် ဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ထားတဲ့ ဆည်းဆာရိပ် ဂေဟာမှာတော့ ဘိုးဘွားများကို နေ့စဉ် ပြုစုစောင့်ရှောက်လျက်ရှိပါတယ်။ ေ

မတ္တာဆိုတာ မျှဝေခြင်းပါ။ မေတ္တာဆိုတာ ပြုစုစောင့်ရှောက်ခြင်းပါ။ ကရုဏာ ဟာ သနားကြင်နာတတ်ခြင်းဖြင့် ခန္ဓာဝေဒနာကို
သက်သာစေပြီး စိတ်ဝေဒနာကို လျော့ပါးစေပါတယ်။ မုဒိတာ ဟာ စာနာတတ်ခြင်းဖြင့် ရောင့်ရဲတင်းတိမ်မှု၊ ငြိမ်းချမ်းမှုတို့ပဲ ဖြစ်ပါတယ်။

T-Square Page wish you all an auspicious Myanmar Year!

On this special occasion, we share with you a very positive story named “Metta", by multi-awarded documentary maker Tun Tun Aye. Every New Year, we have a tradition in Myanmar: washing our elderly's hair and cutting their nails as a good deed.

Many people do this only once a year but at See Sar Yeik, a retirement home founded by Daw Than Myint Aung, they do it every single day.

Metta is sharing. Metta is caring. Karuna- compassion- relieves suffering and lightens sorrows. Mudita- sympathetic joy- is filled with peace and contentment

Address

Yangon

Alerts

Be the first to know and let us send you an email when T-Square posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share