02/10/2026
“ကောင်းသောနေ့များဆီသို့” လူမှုအကျိုးပြုအစီအစဉ်၏ လှူဒါန်းမှုတစ်ခုအဖြစ် “ရင်ခွင်မဲ့သူများ ဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်း” သို့ ကျပ် (၁၂၂) သိန်းကျော် တန်ဖိုးရှိ အသုံးအဆောင်နှင့် ပညာသင်ထောက်ကူပစ္စည်းများလှူဒါန်းခဲ့သည့် Apple Authorized Reseller - XtraSure
ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာလ ၁၆ ရက် ၂၀၂၆။ ။ မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure သည် ပဲခူးမြို့ရှိ “ရင်ခွင်မဲ့သူများ ဆုံဆည်းရာ” ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်၍ ကလေး၊ လူငယ် စုစုပေါင်း (၁၆၇) ယောက် အတွက် လိုအပ်သော စာသင်ခုံများ၊ ပညာသင်ထောက်ကူပစ္စည်းများနှင့် ဆေးဝါးများကို လှူဒါန်းပေးအပ်သည့် အခမ်းအနားအား စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် တွင် ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းမှုအခမ်းအနားတွင် XtraSure နှင့်အတူ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါန ကျွေးမွေးပြီး ပညာသင်ထောက်ကူပစ္စည်းများကို အတူတကွ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယခုလှူဒါန်းမှုသည် XtraSure ၏ "ကောင်းသောနေ့များဆီသို့" CSR လူမှုအကျိုးပြုအစီအစဉ်၏ ပညာရေးကဏ္ဍအောက်မှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး XtraSure သည် အရည်အသွေးမြင့် Apple နည်းပညာထုတ်ကုန်များကို ရောင်းချပေးရုံသာမက Customer များ၏ ဝယ်ယူမှုတိုင်းကို မြန်မာ့မျိုးဆက်သစ်လူငယ်များ၏ ပညာရေးနှင့် လူမှုအသိုက်အဝန်းအတွက် အမှန်တကယ်ထိရောက်မှုရှိစေမည့် ရေရှည်အကျိုးရှိသော ပံ့ပိုးမှုတစ်ခုအဖြစ် အတူတကွ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
XtraSure သည် Customer များအနေဖြင့် XtraSure မည်သည့်ဆိုင်ခွဲတွင်မဆို Apple ထုတ်ကုန်များ ဝယ်ယူပြီး လူမှုအကျိုးပြုလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်နိုင်သည့် ကမ်ပိန်းကို ဩဂုတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။ Customer များသည် အဆိုပါ ကမ်ပိန်းမှတစ်ဆင့် Apple Product ဝယ်ယူမှုမှတစ်ဆင့် ရရှိလာသော Sure Benefits ပွိုင့်များကို မျှဝေလိုသည့် ပမာဏ percentage အလိုက် ပြန်လည်လှူဒါန်းပြီး အထောက်အပံ့လိုအပ်သော ကလေး၊ လူငယ်များအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Customer များအား ကလေး၊ လူငယ်များထံ ပေးပို့လိုသည့် ဆုတောင်းဆန္ဒမွန်များကို ကိုယ်တိုင်ရေးသားနိုင်မည့် ဆုတောင်းကတ်များကိုလည်း စီစဉ်ပေးခဲ့သည်။
ယခုအစီအစဉ်တွင် XtraSure ၏ ကနဦး မတည်လှူဒါန်းငွေကျပ် သိန်း (၁၀၀) နှင့်အတူ XtraSure ဝန်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေကျပ် (၁,၅၅၀,၀၀၀) အပါအဝင် Customer များမှ Sure Benefits ပွိုင့်များမှတစ်ဆင့် ပြန်လည်လှူဒါန်းခဲ့သော လှူဒါန်း ငွေကျပ် (၆၉၉,၈၅၄) တို့အား ထပ်မံထည့်ဝင်လှူဒါန်းခဲ့သည်။ စုစုပေါင်း အနေဖြင့် ငွေကျပ် (၁၂,၂၄၉,၈၅၄) သိန်း အား အထောက်အပံ့လိုအပ်သော ကလေးလူငယ်များအတွက် စာသင်ခုံများ၊ ပညာသင်ထောက်ကူပစ္စည်းများနှင့် ဆေးဝါးများအဖြစ် လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Customer များအနေဖြင့် လည်း XtraSure တွင် Apple ထုတ်ကုန်များကို ဝယ်ယူရုံဖြင့် အကောင်းဆုံးသော Apple Experience ကို ရရှိနိုင်ရုံသာမက လိုအပ်နေသော ကလေးငယ်များအတွက် ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်အတွက် XtraSure နှင့်အတူ ဖော်ဆောင်နိုင်ခဲ့ပါသည်။